Friday, July 31, 2009

To Verse

သို့ ..... လင်္ကာ

ပြာယာခတ် ငါ့ကမ္ဘာမှာ
ဘာတွေမှ မရပ်တည်နိုင်တာ
ကြာရှည်မှ သိခဲ့ရပြီ......လင်္ကာ။


ရာစုနှစ်တခုစာ
နင်နဲ့ ငါရဲ့ခြားနားခြင်းဟာ
ရုပ်ကြွင်းသစ်အဘိဓာန်အတွက်
မှော်ဝင်ခြင်း ရှိနေခဲ့တဲ့
လက်ဝဲဝါဒ တစ်ခုကြောင့်ပါ.....လင်္ကာ။

မုသားမဲ့ သစ္စာအတွက်
ကျိန်ဆိုမှုကတော့
သုခ ဒုက္ခ
ဗျာပါဒတွေကြောင့်
ဖက်တွယ်လို့မနေ
ရွတ်ဆိုမှုကင်း
ဝေးလွှင့်လို့ နေခဲ့ရခြင်းပါ.......လင်္ကာ။

ရင်ဘတ်စစ်စစ်တွေနဲ့ သွန်းလုပ်
ကြိမ်ထောင်မက
ရယ်သွမ်းသွေးဖူးပေမယ့်
အလှထက် ဘဝက
စစ်အောင်လို့ သွားပြီလေ....လင်္ကာ။

ဝါသနာတွေ ကျဆုံး
လူလုံးတော့ မလှပေမယ့်
ကဗျာဆရာတွေရဲ့ ရင်တွင်း
ပျို့ဆင်းကာထွက်လာတဲ့
ကာရံသစ်တွေနဲ့ မင်းကို
ချဉ်ချင်းတက် မက်မောဖူးခဲ့ပါရဲ့။

ခရာလင်း

10 comments :

  1. ဒီဇိုင်းလေးနဲ့ ကဗျာကိုလုပ်ထားတာရှယ်ပဲ ...

    ReplyDelete
  2. မိုက်တယ် ။ ကိုချမ်း ကဗျာလေးကောင်းတယ်။

    ReplyDelete
  3. ကောင်းမှကောင်း။ ဘာမှ မပြောတော့ဘူး။

    ReplyDelete
  4. ကိုချမ်း ကဗျာလေးလဲကောင်းတယ်..
    ပြီးတော့ Creation လေးလဲ လှတယ်...
    ကိုချမ်းတစ်ယောက် လက်စွမ်းတွေပြနေတာပေါ့လေ...

    နှင်း

    ReplyDelete
  5. ကဗျာလေးက အရမ်းလှတယ်နော်။

    ပျော်ရွှင်ပါစေကွယ်။

    ReplyDelete
  6. အိမ်ဒီဇိုင်း နဲ. ကဗျာက စားသားတွေက
    တော.ဟပ်နေတာဘဲဗျာ ... ဂွတ်တယ်...

    ReplyDelete
  7. အဲအဲ
    ချဉ်ချင်းတက်ရမှာက ကိုဝင်းကြည်မုတ်ဖူးလား။
    ဘယ့်နှယ် မောင်ဝင်းကြည်က ချဉ်ချင်းတတ်နေရတာတုန်း။ ဟီးဟီး။
    ချစ်ရို့ချယာ။


    တကယ် အတော်ကို မိုက်တဲ့ကဗျာ။ လက်ဖျားခါသွားတယ် ကျနော့်အကို မောင်ဝင်းကြည်ကို။ အဟီး။ =)

    ReplyDelete
  8. တခါတလေတော့လဲ ကိုဝင်းကြည်လဲ ချဉ်ချင်းတက်ပါရစေဦး။

    ReplyDelete
  9. ကဗျာကောင်းလေးလည်းဖတ်သွားတယ်
    နာမည်လည်းသိသွားတယ်း)

    ReplyDelete
  10. “ဝါသနာတွေ ကျဆုံး
    လူလုံးတော့ မလှပေမယ့်
    ကဗျာဆရာတွေရဲ့ ရင်တွင်း
    ပျို့ဆင်းကာထွက်လာတဲ့
    ကာရံသစ်တွေနဲ့ မင်းကို
    ချဉ်ချင်းတက် မက်မောဖူးခဲ့ပါရဲ့”

    အဲဒီအပိုဒ်ကို အရမ်းကြိုက်တယ်ဗျာ...
    ကဗျာတခုလုံး မိုက်တယ်...

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...