ပုံ ၁ မှ ၄ အထိ ။ စက်တာဘာလ ၁၉ ရက်နေ့ ၊ National Endowment for Democracy (NED) မှ ကျင်းပတဲ့ Advancing Democracy in Burma: New opportunities and Challenges ဆွေးနွေးပွဲမှ)
ပုံ-၁ |
စက်တာဘာလ ၁၉ ရက်နေ့  မနက်ပိုင်းမှာ၊ ၂၀၁၂ ဒီမိုကရေစီ ဆုရှင်များဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင်
ဦးခွန်ထွန်းဦး၊ US Campaign for Burma မှ ကိုအောင်ဒင်၊ မယ်တော်ဆေးခန်းမှ ဒေါက်တာစင်ဒီယာမောင်၊ နာရေးကူညီမှု
အသင်း မှ ကိုကျော်သူ တို့  က
လက်ရှိမြန်မာ့နိုင်ငံရေး။လူမှုရေး တိုးတက်ပြောင်းလဲမှုများ နဲ့ 
ဆက်လက်လုပ်ကိုင်ရန် လိုအပ်ချက်များ ကို ဆွေးနွေးကြပြီး၊ မေးခွန်းများကို
လက်ခံဖြေကြားခဲ့ပါတယ်။ (နောက်ထပ်ဆုရှင် တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကတော့
ဆုပေးပွဲ ကို မတက်ရောက်ခဲ့ပါဘူး)
ပုံ-၂ ဒေါက်တာစင်ဒီယာမောင် နှင့် ကိုကျော်သူ |
လူမှုရေးလုပ်ငန်းနဲ့  ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အတားအဆီးတွေ နဲ့  ပတ်သက်လို့  ကိုကျော်သူ က ....
သုခဆေးခန်းရဲ့  မျက်စိဆေးခန်း ကို အခမဲ့ ခွဲစိပ်ကုသပေးဖို့ အတွက် ပြင်ဆင်ထားတာ ၂ နှစ်ရှိနေပေမယ့် ဖွင့်ခွင့် မရသေးလို့  လူနာတွေ ကို အခုထိ ကုသမှု မပေးနိုင်သေးတဲ့ အကြောင်း၊ ကချင်ပြည်နယ်ဒေသအချို့ မှာ နယ်မြေ မငြိမ်သက်မှုတွေ ကြောင့် သွားလာခွင့်ပိတ်ပင်ထားလို့  တရုတ်ပြည်ဘက်ကနေ ပတ်ပြီး သွားရောက်ကူညီနေကြတာကို ကြားသိနေရတဲ့ အကြောင်း၊ အောက်ခြေလူထု ကို ဒီထက်ပိုမို ထိထိရောက်ရောက် ကူညီသွားနိုင်ဖို့  အစိုးရဘက်က ပိုမို ပူးပေါင်းပါဝင်မှု လိုအပ်နေကြောင်း ပြောဆိုသွားပါတယ်။
ပုံ- ၃ ဦးခွန်ထွန်းဦး နှင့် ကိုအောင်ဒင် |
မြန်မာပြည်တွင်း မှာ ပြောင်းလဲမှု အချို့ ကို မြင်တွေ့ နေရပြီ ဆိုပေမယ့် .....(၁) တရားဥပဒေစိုးမိုးရေး (၂) စီးပွားရေး နယ်ပယ်မှာ လုပ်ငန်းရှင် တစ်စု က ပဲ ချုပ်ကိုင်ထားနေတာ မြင်တွေ့ နေရဆဲ (၃) တိုင်းရင်းသားဒေသတွေ မှာ ထိုးစစ်ဆင်နေဆဲ ဖြစ်နေတာမို့  အဲဒီ သုံးနေရာမှာ မပြောင်းလဲသေးဘူးလို့  မြင်တဲ့ အကြောင်း ပြောဆိုသွားတဲ့ ကိုအောင်ဒင်။
ပုံ- ၄ |
***********************************************************************************
ပုံ ၅ မှ ၈ (၂၀၁၂ ဒီမိုကရေစီ ဆုပေးပွဲ အခမ်းအနား၊ စက်တင်ဘာ ၂၀ရက်)
ပုံ - ၅ (၂၀၁၂ ဒီမိုကရေစီ ဆုပေးပွဲ ကျင်းပတဲ့ နေရာ ၊ ၀ါရှင်တန်ဒီစီ Capitol ) |
ပုံ - ၈ (နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး လုပ်ငန်းများအတွက် ရဲရဲ ၀ံ့ဝံ့ စွန့် လွတ် အနစ်ခံမှု များကို ၀ိုင်းဝန်းအသိမှတ်ပြုခြင်းခံရပြီ) |
ပုံ ၆ ( ၂၀၁၂ ဒီမိုကရေစီ ဆု ကို ပူးတွဲ လက်ခံယူကြစဉ်၊ စက်တင်ဘာ ၂၀ ရက်) |
ပုံ ၇ (US Capitol မှာ အခုလို တိုင်းရင်းသား ၀တ်စုံ တွေ နဲ့  ၊ အပြုံးတွေ ဝေဆာလို့ ) |
ကျွန်မ လေးစားကြည်ညို ရတဲ့ နိုင်ငံရေး၊ လူမှုရေး နယ်ပယ် အသီးသီးက ခေါင်းဆောင်တွေ အားလုံး ကို အခုလို တစုတစည်းတည်း ဆုံတွေ့ ရလိမ့်မယ် လို့  အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ ဂျွန်မက်ကိန်းအပါအ၀င် အမေရိကန်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ က အကြီးအကဲတွေ၊ အခမ်းအနားတက်ရောက်လာသူတွေ ရဲ့ မျက်ဝန်းတွေ မှာ လေးစားတဲ့ အရိပ်အယောင်တွေ နဲ့  အပျော်အပြုံးတွေ ကူးစက်လို့  နေခဲ့ပါတယ်။
မစုဥာဏ်
(NED အကြောင်း အကျဉ်းချုပ်။ ။ ၁၉၈၃ ခု တွင် စတင် ဖွဲ့ စည်းခဲ့သည့် NED အဲန်ဂျီအို အဖွဲ့ သည် US Congress (အမေရိကန်လွှတ်တော်) ၏ ငွေကြေးထောက်ပံ့မှုဖြင့် ရပ်တည်နေသည့် အဖွဲ့  ဖြစ်ပြီး၊ နိုင်ငံပေါင်း ၉၀ ကျော် တွင် ရုံးခွဲများဖွင့်လှစ်ထားရှိကာ နှစ်စဉ် အဖွဲ့ ပေါင်း ၁၀၀၀ ကျော်အတွက် ငွေကြေးထောက်ပံ့ခြင်း၊ ဒီမိုကရေစီ စာစောင်များထုတ်ဝေခြင်း၊ သင်တန်းများပေးခြင်း အပါအ၀င် လှုပ်ငန်းပေါင်းများစွာ ဖြင့် ကမ္ဘာအရပ်ရပ်မှ ဒီမိုကရေစီ လှုပ်ရှားမှုများကို ကူညီပံ့ပိုးပေးနေသည့် အဖွဲ့ ကြီးဖြစ်သည်။ အဲန်ဂျီအို အဖွဲ့ အနေဖြင့် လှုပ်ရှားဆောင်ရွက်နေသော်လည်း၊ US State Department ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် USAID ( U.S.agency for Development Assistance) မှ နှစ်စဉ် အသုံးစားရိတ်များ ခွဲဝေ ပေးခြင်းခံရသည့် အဖွဲ့ ဖြစ်သည်။၂၀၁၁ ဒီမိုကရေစီ ဆု ကို ဒူနီးရှီးယန်း နှင့် အီဂျစ်နိုင်ငံမှ နိုင်ငံရေးလှုပ်ရှားသူ များ အား ပေးအပ်ခဲ့သည်။)
good
ReplyDeleteစာတွေဖတ်ခဲ့ရတယ်...မှတ်လည်းမှတ်ခဲ့ရပါတယ်...အားပေးပါတယ်ဗျာ။
ReplyDeleteGreatе pieces. Keep posting such kind of info οn your sіte.
ReplyDeleteIm rеally impressed by уour blog.
Hey there, You have dome a great job. I'll
certainly digg it and in my opinion recomnеnd to my friends.
I'm confident they will be benefited from this web site.
Here iss my website - hostgator discount code
There's certainly a great deal to know about this
ReplyDeleteissue. I love all the points you made.
My web blog :: Www.youtube.com