Posts

Showing posts from April, 2011

မျက်လုံးနှင့်ရှင်သန်သူများ...

လောကမှာနှာခေါင်းနဲ့အသက်မရှုပဲ တစ်ယောက်နဲ့တစ်ယောက် တစ်ယောက်ကဘာလုပ်နေတယ်ဆိုတာကိုကြည့်ပြီး တစ်ယောက်ကဝေဖန်ရင်း မျက်လုံးတွေနဲ့အသက်ရှုကြတယ်... အဟာရပြည့်တဲ့နို့တစ်ခွက်အစား အမြင်ကောင်းအောင်လုပ်ထားတဲ့ အမှိုက်သာသာမုန့်ပဲသရေစာတွေနဲ့တင်းတိမ်လို့ ပသာဒနဲ့အဟာရလဲလှယ်ကြတယ်... မူလီတစ်လုံးလောက်တောင်မှ အသုံးမဝင်တဲ့သတ္ထုတွေကို လည်ပင်းမှာဆွဲပြီး ခေါင်းမငြိမ့်တတ်တော့လောက်အောင်ကို မျက်လုံးတွေနဲ့တန်ဖိုးသတ်မှတ်ကြတယ်... အားနည်းတဲ့လက်တစ်စုံကိုငြင်းပယ်လို့ အရေပြားတစ်ထောက်စာအလှအတွက် ဘဝကိုအရောင်းအဝယ်လုပ်လို့ မျက်လုံးကိုအစာကျွေးတတ်ကြတယ်... ကဗျာတစ်ပုဒ်ဖတ်ဖို့ထက် မဲပြာပုဆိုးခိုးခိုးခစ်ခစ်ကိုမှ ရင်ခုန်အောင်ကြည့်ပြီးအလွမ်းတွေဝေနေအောင်ခံစားရင်း မျက်လုံးကိုမျက်ရည်ကျခိုင်းတတ်ကြတယ်... ခုန်နေတဲ့နှလုံးသားရဲ့အသံကိုနားထောင်ဖို့ထက် သော့တွဲနဲ့နတ်ရုပ်တွေကိုပဲရှာဖွေရင်းနဲ့ တစ်ချို့တစ်ချို့တွေက မျက်လုံးတွေနဲ့မြင်ရင်း... အကြည့်တွေနဲ့ရင်ဆိုင်ရင်း... အသက်ရှင်တယ်....။ Poe C 5.7.2010(9:57 PM)

မြန်မာပြည်တွင်းရှိ ရဟန်းသံဃာများကို ကူညီအားပေးကြပါ။

Image
Inside Myanmar The Crackdown 10 Oct 07 Part 1

နဖူးမှာမတို့လိုက်တဲ့ ပြာတစ်တို့ရဲ့ နောက်ကွယ်

Image
(၁) အရာအားလုံးပြီးသွားပေမယ်လို့ တစ်ချို့က အခုမှစတယ်။ သွားနှင့်တဲ့သူကို အကောင်း ဆုံး လိုက်ပါပို့ဆောင်လို့ ပြန်လာတဲ့သူတွေက ပြန်လာကြတယ်။ တစ်ချို့အတွက်တော့ ဇာတ်လမ်းက အခုမှစတယ်။ (၂) မဒေါနတစ်ယောက် အလုပ်တွေရှုပ်နေတယ်။ အိပ်လို့တောင်မပျော်ဘူး။ နက်ဖြန်ခါကျရင် ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားရင်း နဖူးပေါ်လက်တင်တော့ ပက်လက်၊ လက် ပေါ်နဖူးတင်တော့ မှောက်ရက်ဖြစ်လို့နေတယ်။ အစီအစဉ်တွေလည်း ခေါင်းထဲမှာ ပြည့် နှက်လို့နေတယ်။ နောက်ဆုံးမျက်စိကိုစုံမှိတ်ပြီး စိတ်နှလုံးဒုံးဒုံးချလို့ ငါကကောင်းစေချင် တဲ့စေတနာနဲ့ လုပ်တာပဲလို့ တွေးရင်းနဲ့ပဲ ညတစ်ညကို ကုန်ဆုံးစေလိုက်တယ်။ မနက်မိုးလင်းချိန်မှာတော့ မဒေါနက သူ့လုပ်ငန်းစဉ်ကို စတင်တယ်။ လူနိုင်ဖြစ်တဲ့ အစ်မလတ်ရဲ့ယောက်ျားခဲအို ကိုမောင်နိုင်နဲ့ တူအငယ်ကောင်ခေါ်ပြီး သေလို့မှရက်မ လည်သေးတဲ့ အစ်မကြီးအိမ်ကို သွားတယ်။ အိမ်လည်းရောက်ရော၊ တံခါးခေါက်ကြည့် တော့ အတော်ပဲဖြစ်သွားတယ်။ လောလောလတ်လတ် မုဆိုးဖိုဖြစ်နေတဲ့ အစ်မကြီးရဲ့ ယောက်ျားက အိမ်မှာရှိမနေဘူး။ တူအကြီးကောင်ကပဲ တံခါးလာဖွင့်ပေးတယ်။ တူတွေ ကတော့ အကြီးကောင်ကကိုးတန်း၊ အငယ်ကောင်က ခုနှစ်တန်းပဲရှိသေးလို့ သူပြောသမျှနာခံရမှာပဲ။ ဒီလိုနဲ့ ဟိုအကြောင်းပြော...