Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Monday, November 17, 2014

သွေးအိုင်ထဲကခွပ်ဒေါင်းတွေ ရုန်းထပျံတက်တောင်ပံခတ်ဟေ့


Photo: သွေးအိုင်ထဲကခွပ်ဒေါင်းတွေ ရုန်းထပျံတက်တောင်ပံခတ်ဟေ့
====================

ဖိရင်ကြွမယ်၊ ထိရင်ချမယ်
နှစ်ငါးဆယ်ကျော် ခဲ့ပြီ
အုပ်မိုးထားတဲ့ အရိပ်မဲကြီးကို
ငါကို့လက်နဲ့ဖယ်ရှားမှရတော့မယ်
တိုင်းတပါးကျွန်၊ စစ်တပ်ကျွန်၊ ခရိုနီကျွန်
ဘယ်ကျွန်မှလက်မခံဘူးဟေ့
ကိုယ့်လမ်းကိုယ်ခင်းကြတော့
သူတို့တတွေခင်းတဲ့လမ်းက မိန်းမရွှင်တွေလျှောက်တဲ့လမ်း
ငါတို့လျှောက်မဲ့လမ်းက ဘယ်သူ့မှမဖား 
အမှန်တရားပေါ်က အမှန်တိုင်းပဲလျှောက်မဲ့လမ်းကွ။
အရေးတော်ပုံစတော့မယ်
ငါတို့ က ခေါင်းဆောင်လုပ်မှာ 
ကျွန်နောက်လိုက် လုပ်ဖို့မဟုတ်
ငါတို့ပညာရေး ကို မချုပ်ချယ်နဲ့
ကျွန်ပညာရေးကိုဆန့်ကျင်မယ်
ကိုယ်လူမျိုးအချင်းချင်း ကျွန်ပြုမဲ့ဥပဒေလဲ  
ဆန့်ကျင်တော်လှန်ပုန်ကန်မယ်။
ကျွန်ပြုမဲ့ ပညာရေးဥပဒေ
ကျွန်ပြုမဲ့ လယ်ယာမြေဥပဒေ
ကျွန်ပြုမဲ့ အလုပ်သမားဥပဒေ
ဆန့်ကျင်တော်လှန်ပုန်ကန်မယ်ဟေ့
သပိတ်သပိတ်    မှောက်မှောက်
မီးတုတ်မီးတုတ်    ရှို့ရှို့
ပုလိပ်ပုလိပ်(police)      အို့အို့
ကျောင်းသားကျောင်းသား   မိုက်မိုက်
ကျောင်းသားလယ်သမား   သွေးစည်းကြ
ကျောင်းသားအလုပ်သမား    သွေးစည်းကြ 

ငါတို့အမိမြေလွတ်လပ်ဖို့အတွက် ငါတို့အရိုးတွေတောင်လိုပုံမယ်။

အရေးတော်ပုံ        အောင်ရမည်
အရေးတော်ပုံ        အောင်ရမည်
အရေးတော်ပုံ        အောင်ရမည်

ဖြိုးဓနဖိရင်ကြွမယ်၊ ထိရင်ချမယ်
နှစ်ငါးဆယ်ကျော် ခဲ့ပြီ
အုပ်မိုးထားတဲ့ အရိပ်မဲကြီးကို
ငါကို့လက်နဲ့ဖယ်ရှားမှရတော့မယ်
တိုင်းတပါးကျွန်၊ စစ်တပ်ကျွန်၊ ခရိုနီကျွန်
ဘယ်ကျွန်မှလက်မခံဘူးဟေ့
ကိုယ့်လမ်းကိုယ်ခင်းကြတော့
သူတို့တတွေခင်းတဲ့လမ်းက မိန်းမရွှင်တွေလျှောက်တဲ့လမ်း
ငါတို့လျှောက်မဲ့လမ်းက ဘယ်သူ့မှမဖား
အမှန်တရားပေါ်က အမှန်တိုင်းပဲလျှောက်မဲ့လမ်းကွ။
အရေးတော်ပုံစတော့မယ်
ငါတို့ က ခေါင်းဆောင်လုပ်မှာ
ကျွန်နောက်လိုက် လုပ်ဖို့မဟုတ်
ငါတို့ပညာရေး ကို မချုပ်ချယ်နဲ့
ကျွန်ပညာရေးကိုဆန့်ကျင်မယ်
ကိုယ်လူမျိုးအချင်းချင်း ကျွန်ပြုမဲ့ဥပဒေလဲ
ဆန့်ကျင်တော်လှန်ပုန်ကန်မယ်။
ကျွန်ပြုမဲ့ ပညာရေးဥပဒေ
ကျွန်ပြုမဲ့ လယ်ယာမြေဥပဒေ
ကျွန်ပြုမဲ့ အလုပ်သမားဥပဒေ
ဆန့်ကျင်တော်လှန်ပုန်ကန်မယ်ဟေ့
သပိတ်သပိတ် မှောက်မှောက်
မီးတုတ်မီးတုတ် ရှို့ရှို့
ပုလိပ်ပုလိပ်(police) အို့အို့
ကျောင်းသားကျောင်းသား မိုက်မိုက်
ကျောင်းသားလယ်သမား သွေးစည်းကြ
ကျောင်းသားအလုပ်သမား သွေးစည်းကြ

ငါတို့အမိမြေလွတ်လပ်ဖို့အတွက် ငါတို့အရိုးတွေတောင်လိုပုံမယ်။

အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်

ဖြိုးဓန

Thursday, May 30, 2013

ငါ တို့ အို လာ ပြီ လား

လက်ထဲမှာ ဘွဲ့လက်မှတ်တွေ  တစ်သီတစ်တန်းကြီး ကိုင်မိတဲ့အခါ။
ကော်ဖီမသောက်ရရင် မနေနိုင်အောင် ဖြစ်တဲ့အခါ။
မွေးအမျှင်တွေရိပ်တဲ့အခါ ခပ်ကြမ်းကြမ်းဖြစ်လာပြီလို့ထင်တဲ့အခါ။
နှာခေါင်းထဲက အမွှေးတွေ အပြင်ထွက်လာတဲ့အခါ။

အလုပ်လုပ်ရင် နှစ်ခါပြန်လုပ်ရတဲ့အခါ။
ကလေးတွေ အကြောင်းပြန်ပြောဖြစ်တဲ့အခါ။
အတိတ်က အကြောင်း မကြာမကြာပြောဖြစ်မိတဲ့အခါ။
မကောင်းတဲ့အကျင့်တွေကို စွန့်ဖို့ကြိုးစားမိတဲ့အခါ။

အဲ့ဒီနေရာတွေကို ရောက်ဖူးတယ်လို့ပြောမိတဲ့အခါ။
အဲ့ဒီအသက်အရွယ်ကပေါ့ကွာ မကြာမကြာပြောမိတဲ့အခါ။
ငယ်ငယ်ကဓါတ်ပုံတွေ မကြာခဏ ထုတ်ကြည့်မိတဲ့အခါ။
တရေးတမော အိပ်ရတာကို ကြိုက်မိတဲ့အခါ။

အမေက ပြောပြခဲ့တာတွေကို ပြန်ပြောမိတဲ့အခါ။
အားဆေးတွေ သောက်ရတဲ့အခါ။
အကို၊ အမ လို့ အခေါ်ခံရတဲ့အခါ။
ဆော့စရာတွေကို ဆော့လို့မရဘူးလို့ခံစားမိတဲ့အခါ။

ဆူဆူညံညံ ဂီတတွေကို ခံစားလို့မရတော့တဲ့အခါ။
ခေတ်ပေါ်ရုပ်ရှင်တွေကို မကြည့်ချင်တဲ့စိတ်ဖြစ်ပေါ်တဲ့အခါ။
မိန်းမပျိုလေးတွေကိုမြင်ရင် သြော်..ဘာမှ မဆိုင်ပါလားလို့ ဂလုရတဲ့အခါ။
ညမှာ အပြင်သွားစားမယ်လို့ စိတ်ကူးပေမဲ့ သွားမစားဖြစ်တဲ့အခါ။

သန်ခေါင်ယံမှာ သေးပေါက် ထရတဲ့အခါ။
မနက်စောစော နိုးထတတ်တဲ့အခါ။
ကုန်ပစ္စည်း ဈေးနူန်းတွေအကြောင်း ပြောမိတဲ့အခါ။
ကလေးတွေနဲ့ နေထိုင်ရတာကို နှစ်သက်မိတဲ့အခါ။

ကား၊ ဆိုင်ကယ် မြန်မြန်မောင်းရင် ကြောက်လာတတ်တဲ့အခါ။
ဘာလုပ်လုပ် အနည်းဆုံး နှစ်ကြိမ် ကောင်းအောင် ပြန်လုပ်ရတဲ့အခါ။
ဘယ်သူတွေ အခန်းထဲဝင်လာလာ ဗိုက်လေးပေါ် လက်ကလေးတင်ထားမိတဲ့အခါ။
အသားငါးတွေအစား အသီးအနှံတွေ အသီးအရွက်တွေ ပိုစားလာမိတဲ့အခါ။

ခုခေတ်ကြီးကလို့ စကားပြောမိတိုင်းထွက်တဲ့အခါ။
သံစဉ် အေးအေးလေးတွေ နားဆင်မိတဲ့အခါ။
ကို့ မိန်းမက ကမ္ဘာပေါ်မှာကို့အပေါ် အကောင်းဆုံးလို့ ခံစားမိတဲ့အခါ။
စိတ်ရှည်ပြီး အရာရာကို နားလည်ဖို့ကြိုးစားမိတဲ့အခါ။

ကို့အသက်ကို ပြန်မရေတွက်မိတဲ့အခါ။
ငယ်ငယ်လေးတွေကို မြင်ရတာ များတဲ့အခါ။
ပညာသင်နှစ် နဲ့ တနှစ်တည်းမှာပဲ လုပ်ဖော်ကိုင်ဖက်တွေ များပြားလာတဲ့အခါ။
တူတွေ တူမတွေက မုန့်ဖိုးတောင်နေကြတဲ့အခါ။

ကို့ဆီက အကြံဥာဏ် အတောင်းခံ ရတဲ့အခါ။
ညပိုင်း အပြင်ထွက်လည်ဖို့ ငြင်းမိတဲ့အခါ။
အစီးအဝေးများ၊ ဟောပြောပွဲများ စတဲ့ လူစုလူဝေးနေရာတွေကို သွားရတဲ့အခါ။
တစ်ကိုယ်ရေးနေရသောဘ၀ကို စိုးရိမ်မိလာသောအခါ။

နုပျိုလှပဖို့ ဘာဖြစ်ဖြစ် လုပ်မိတဲ့အခါ...
ကျနော်တို့ အိုလာပြီလို့ သတိပြုနိုင်ပါတယ်။

ps/ ဖီလစ်ပီးက တစ်ယောက်ရေးထားတာကို ကူးယူးထားတာပါ။

ဒီ



လရိပ်တွေ
မနိုးမချင်း
စံပယ်ခင်းဟာ
စောင့်နေရ၊

အပျက်အတိုင်းပင်လယ်
လမ်းထက်နိမ့်
ဘဝမယဉ်ကျေးမှု
အသံဗလံများလှုပ်ယမ်း
နေ့ရက်ဟောင်းစုတ်ဖြဲတဲ့
လေရိုင်းနှယ်
ဒီ ရေ ပြေး ခဲ့၊

အတားအဆီးမဲ့အိမ်
အိပ်ကောင်းတုန်း။    ။

မောင်သိန်းဇော်
၁၉၉၅၊ အောင်ပင်လယ်
(တောင်ကုန်းအဟောင်းများ ကဗျာစာအုပ်မှ...)

Thursday, March 28, 2013

ယာခရိုးမှာချိုးကူသံတွေ ညံစေချင်သည်အိုမြန်မာပြည်


 
လူသူကင်းမဲ့နေတဲ့ရွာတွေ……..

ကလေးတွေဘာသာဘာဝ 
ရယ်သံကင်းဆိတ်တဲ့ကျောင်းကလေး…..

ယာခရိုးကချိုးကလေးတွေကို
တကောင်ချင်းပစ်ချနေတဲ့လုပ်ရပ်တွေ…

တဦးမျက်ရည်ကို တဦးက
သွေးမတိတ်တဲ့ဒဏ်ရာနဲ့ သုတ်ပေးနေရတဲ့မြင်ကွင်းတွေ…..

ဆာလောင်မှု၊နာကျင်မှု၊
ရုန်းကန်မှု၊ထိတ်လန့်မှု၊
မျှော်လင့်ချက်မဲ့ မျှော်လင့်ခြင်းတွေနဲ့တို့ရဲ့သွေးချင်းများ….

ဒီတိုင်းပစ်ထားကြမလား…
တို့တွေဖေးကူကြမလား…

စစ်တလင်းဖြစ်အောင်တိုက်ဦးမလား 
ကဗျာပန်းခင်းဖြစ်အောင်ကြိုးစားကြမှာလား………
 
ချစ်ခင်လေးစားလျက်
ကြယ်နီ

Tuesday, February 5, 2013

အာဇာနည် ဗိမာန်ဘွဲ့

နန်းမြို့တည်ရန်
မှန်းလို့ရည်ကာသန်တဲ့
ညီလာခံ ဗိုလ်ရှုပွဲတွင်မှ
ထိုထိုလူ့ခပဲကိုမကြည်ညိုတဲ့
ဝသီလို တဖြေးဖြေးရူးမဟဲ့လို့
တနွေးနွေး မူးမူးပြီး
ခွေးဘီလူးလိုအကောင်မိုက်တွေက
သြော် အမှောင်စရိုက်ကယ်နှင့်
ပြောင်ပြောင်ဘဲမိုက်မပေါ့လို့
ဗြောင်ကိုက်သဟာမှာ ယာယီတြာအချိန်နဲ့
ဇာတာမှိန်လို့မို့၊ ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့
ဖြေမကြည် နေရီတော့လွမ်းစေဘို့
မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့
အစွမ်းကုန် သည်တခါဖြင့်
ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့
သုဿန် တံခွန်စောင်းရရှာတဲ့
ရုပ်အကျန်ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်
ပါရမီအဓိဋ္ဌာန်တမျိုးရယ်နှင့်
ရှိခိုးကာဆရာကန်တော့ချင်ရဲ့
မြန်မာမတော့ ပူစရာဘို့
တဗျူဟာ အောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့
သောင်ကမ်းမို့မို့ဆီက
ဖောင်နန်းကူးတို့နှင့်
အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့
သြော် တောင်နန်းမြောက်နန်း
အဆောင်ကြငှန်းနဲ့
အခေါင်မမြန်းရခင်က
အောင်ပန်းညို့ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြော။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း

Friday, January 11, 2013

မရေရာခြင်းများ



 ........ မရေရာခြင်းများ .............

လူတချို့ရဲ့..........
ဘ၀တွေ၊
အနာဂတ်တွေ ကိုနင်းပြီး........
လူတချို့နန်းတော်တည်ဆောက်တယ်
ကိုယ်ချင်းစာမှုဆိတ်သုဉ်းတဲ့ 

ဒီလိုညစ်ညမ်းတဲ့လောကထဲ
 မေတ္တာတရားဟာယောင်လည်လည်နဲ့ 
သစ္စာတရားဟာလည်း အမှောင်မှာတိတ်ဆိတ်နှုတ်ဆိတ်နေလေရဲ့............. 
နက်ဖြန်တခုမှာ 
အလင်းရောင်တွေဖြာကျဖို့............... 
ဘဝတွေ.......
ဘယ်လောက်စတေးဖို့လိုအပ်နေသေးလဲ။

ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေ
 
 ရေထဲကိုချလိုက်တဲ့ စစ်သင်္ဘောတွေ 
ကုန်းပေါ်ကအလုံးအရင်းနဲ့တင့်ကားတွေ
အဲဒါတွေက 

ကမ္ဘာတ၀ှမ်းမှာရှိနေတဲ့.........
ကလေးတွေရဲ့ မျက်ရည်ကို 
သုတ်ပေးဖို့မဟုတ်ဘူး။
ဆာလောင်မှုကို
ဖြေသိမ့်ပေးဖို့ .........မဟုတ်ဘူး 
နာကျင်မှုလျော့ပါးစေဖို့ ........... မဟုတ်ဘူး
ပျော်ရွှင်မှုကို ဖန်တီးပေးဖို့မဟုတ်ဘူး..........
အနာဂတ်တွေကို ရက်စက်စွာ စတေးပစ်နေတာပါ ...............။

Tuesday, July 10, 2012

ငြိမ်းချမ်းရေးကိုဖန်တီးပိုင်ခွင့်



မှောင်နေရင်မီးထွန်းဖို့မလိုပါဘူး 
အစတည်းကအမှောင်တွေကိုမဖန်တီးဖို့ပဲလိုတာ.....

ဆာလောင်သူကိုကိုယ့်အထဲကဝေမျှဖို့မလိုပါဘူး .. 

သာတူညီမျှမှုတွေရှိခဲ့ဖို့ပဲလိုတာ.....

နာကျင်သူကိုပြုစုစရာမလိုပါဘူး 

နာကျင်မှုတွေမဖြစ်အောင်မပြုမိခဲ့ဖို့ပဲလိုတာ.........

စစ်ပွဲတွေရပ်တန့်ပါလို့အော်နေစရာမလိုပါဘူး
စစ်ပွဲတွေကို မစတင်ခဲ့ဖို့ပဲလိုတာ....

ငြိမ်းချမ်းရေးရချင်ပြီလို့ ကြွေးကြော်နေဖို့မလိုပါဘူး
တဦးနဲ့တဦးကြားမေတ္တာနဲ့ကိုယ်ချင်းစာတရား

လက်ကိုင်ထားကျင့်သုံးခဲ့ကြဖို့ပဲလိုတာ…

တကယ်တော့လူသားတိုင်းဟာ 

ငြိမ်းချမ်းရေးကိုဖန်တီးပိုင်ခွင့်ကိုယ်စီရှိနေပြီးသားပဲလေ........

Saturday, May 26, 2012

ကျော်သူ့အရေခွံထဲမှ ကျော်သူ



တချိန်က..လဲ ကျော်သူ 
ယခု...လဲ ကျော်သူ
သူ့ရဲ့ အရေခွံတွေ လဲလိုက်တာတောင်မှ
သူ့နာမည်က ပြည်သူတွေကြား ရေပန်းစားလေရဲ့။

သူ့ရဲ့ စီးဆင်းမှုက ရေအသွင်လိုပါပဲ
ဘယ်နေရာကပဲပိတ်ပိတ်
စီးမြဲစီးဆဲ.....။
ဘယ်လောက်ပင် ဖြတ်တောက်
ပြတ်တောက်သွားတယ်လို့ မရှိဘူး
စီးမြဲစီးဆဲ.....။
ဘယ်တံတိုင်းတွေပဲကာထား ကာထား
ရပ်တန့်မသွားဘူး
စီးမြဲစီးဆဲ....။

သူ့လုပ်ရပ်တွေက
အလင်းရောင်လိုပဲ
ကိုယ်တိုင်တောက်ပနေဖို့ထက်
အလင်းမျှဝေဖို့သာ ကြိုးစားနေတယ်။

အတ္တ မာန ခဝါချလို့
အတိတ်မှာ ဖြစ်ခဲ့တဲ့ ငါလဲမရှိတော့ဘူး
အနာဂတ်မှာ ဖြစ်မဲ့ ငါလဲ မသိချင်ဘူး
ပစ္စုပ္ပန်တည့်တည့်က ငါ.....
ဘာတွေကို တပါးသူ...အတွက် လုပ်ပေးရမလဲ
ဘာတွေကို တပါးသူ...အတွက် ကူရမလဲ
ဒါတွေကိုပဲ သူခေါင်းထဲမှာ အစီအစဉ်အလိုက်
ဝါးမျိုချရင်းနဲ့ပဲ
အတ္တမဲ့ ပရဟိတတွေကိုပဲ
အစိမ်းလိုက် ဝါးမြိုနေလေရဲ့။

သေခါနီးလေ ဝေဒနာတွေပေါ်မှပဲ
သူ့နာမည်ခေါ် ကူညီဖို့တောင်းခံနေသူတွေက အများကြီး။
ကျော်သူ..ကျော်သူနဲ့ သူ့နာမည်က
တချိန်က ရုပ်ရှင်မင်းသား
ယခုတော့ သုဘရာဇာတဖြစ်လဲ
သူ့လုပ်ရပ်က မြင့်မြတ်နေတော့လဲ
အာဏာထောင်လွှား ဖောက်ပြားနေကြသူတွေတောင်
အချိန်တန်.... ယမမင်းဆီမရောက်သေးမှီ
သူဆီကိုတော့ အလုပ်အပ်ကြရစမြဲပဲလေ။

ချမ်းဧအိမ်

Tuesday, February 7, 2012

ဧရာဝတီကဗျာ

ကိုစိုးသော်တာဆီမှ ကူးယူဖော်ပြပါသည်။

Sunday, January 29, 2012

အခန်းဆက် အိပ်မက်ရှည်.....


အိပ်မက်ဆိုတာ.....
တကယ်တော့
မသိစိတ်က......
ဌားဖတ်တဲ့ ရုပ်ပြစာအုပ်လိုပါပဲ။

ညက ဌားဖတ်ပြီး
မနက်ကျတော့.....
ဆိုင်ကို ပြန်ပို့လိုက်ရတယ်။

မသိစိတ်က အဲ့ဒီစာအုပ်
ကောင်းတယ်ပြောတော့...
သိစိတ်က ဖတ်ချင်လာတယ်။

ဒါပေမယ့်...
... စာအုပ်ဆိုင်
ဘယ်မှာမှန်းမသိတော့.....????
ခက်လှတယ်လေ။

ဖတ်ချင်လွန်းလို့
လိုက်ရှာဖတ်ကြည့်တော့လည်း
သောက်လေ သောက်လေ...
ငတ်မပြေတဲ့
အခန်းဆက် ဇာတ်လမ်းရှည်လိုပဲ...။

မသိစိတ်က စိတ်ကောက်ပြီး
သိစိတ်နဲ့ ချော့ခိုင်းတာတော့
ခက်လွန်းလှတယ်..... ချစ်သူရယ်။

Thursday, January 26, 2012

ပျောက်ကွယ်လုဆဲ အလင်းများ တဖန်ပြန်တောက်ပချိန်


မှောင်ရီဖြိုးဖြိုးနဲ့ အလင်းမဲ့
ပျိုပျက်နေတဲ့ အမေ့အိမ်....
ယိုင်နဲ့ပြိုလဲနေရာမှ
တခါပြန်လည် နိုးထတော့မည်။

ဟိုနေရာ ဒီနေရာနဲ့
ကျဲပြန့်ခွဲထွက်နေတဲ့
အမေ့သားတွေ
အမေ့အိမ်.... ပြန်တည်ဆောက်ဖို့
မနက်ခင်းရဲ့ အလင်းတွေနဲ့အတူ
အမေ.... တို့ကို ကြိုနေတော့မည်။

မိတ်ဟောင်း ဆွေဟောင်း လူဟောင်းတွေ
ဘယ်ကိုပြေးထွက်ပျောက်ကုန်ကြ
အပြန်အလှန် ကျေးဇူးရှိသူများ....
အလိုရှိသည်။

လှည်းဘီး နွံထဲနှစ်နေသည်။
ကူ၍တွန်းပေးကြပါ။
ပြိုင်တူတွန်းလျှင်
ရွှေ့နိုင်ပါသည်။
သင်ပုန်းကြီးထဲက ဒီ...ဖတ်စာ
အခုတော့ တကယ်လိုအပ်လာပြီ။

အမှန်တကယ်ဆိုရင်....
ကျောက်သင်ပုန်းနဲ့ယက်လုပ်ထားတဲ့ အမိုးကြားမှ
ပျောက်ကွယ်လုဆဲ.... အလင်းများ...
 တဖန်ပြန်လည်
တောက်ပလာချိန်ဖြစ်သည်။

ချမ်းဧအိမ်

Friday, October 14, 2011

အော်ပရေးရှင်း

အချစ်ဆိုတာ...
ထက်ရှတဲ့ဓါးတစ်လက်ပေါ့။
ကောင်မလေးရယ်
မင်းရဲ့သိမ်မွေ့တဲ့လက်တွေနဲ့
ဓါးထက်ထက်ကိုင်ရင်း
ကြေကွဲနေတဲ့နှလုံးသားပိုင်ရှင်
ဒီလူကို
ခွဲစိတ်လို့ပြုပြင်
ကုသလို့ပြင်ဆင်ပါတော့...
ခွဲစိတ်ရင်း... စိတ်ခွဲရင်း...
နောက်ဆုံးမှာတော့
သြော်...ဘရူးတပ်(စ်)... မင်းလည်းပါတာကိုး...
 
Poe Si

ပိုစ့်တွေမတင်ဖြစ်တာကြာတော့ ကဗျာလေးတစ်ပုဒ် တင်လိုက်ပါတယ်။

Wednesday, October 5, 2011

ဖခင် ဧရာဝတီ၏ ကျိန်စာ

ဖခင် ဧရာဝတီ၏ ကျိန်စာ ကိုကျော်သူ၏ ကဗျာရွတ်ဆိုသံ.....

Friday, September 30, 2011

ထလော့ မြစ်မင်းဧရာ


မြပင်လယ်မှရေတွေ ဘယ်ရောက်နေပြီလဲ
မလိခမှ ရေခဲပွင့်တွေ ဘယ်ရောက်နေပြီလဲ
ရှမ်းရဋ္ဌမှ စိမ့်စမ်းရေတွေ ဘယ်ရောက်နေပြီလဲ
ထင်းရှူးတောင်မှ မွှေးမြရီဝေတွေ ဘယ်ရောက်နေပြီလဲ
မြစ်မင်းဧရာဝတီ   ထလော့   လှလော့   ကလော့
ထလော့ ဧရာဝတီ ရေတွေစီးလော့
ဒဂုန်တာရာ
၁၀-၅-၂၀၁၁
ပိတောက်ပွင့်သစ် စာပေ အနုပညာ မဂ္ဂဇင်း
အမှတ် (၄၀) ဇွန်လ ၂၀၁၁ ခုနှစ်

Wednesday, May 18, 2011

နှုတ်ဆက်ချိန်

အလင်းကို စမြင်ဖူးကတည်းက
ကျနော်တို့ ဆုံခဲ့ကြတယ်
အခု မျက်စိတွေ မမှိတ်ကြသေးပါဘူး
လက်တွေကတော့ အကြိမ်ကြိမ်ပြခဲ့ရပြီ။

ရင်ဘတ်ချင်းတွေ တူညီကြလို့
ကျနော်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်
အကြောင်းတရားတွေကြားမှာ
အကျိုးတရားကို ကျနော်တို့ အတူဖွာရှိုက်ခဲ့ကြတယ်
မထင်ပါဘူး မေမေရယ်
လျှောက်နေတဲ့ လမ်းတွေ မတူညီရုံနဲ့
ဝေးကြရပြန်ပြီ... တဲ့။

တစ်ယောက်လဲမဟုတ် နှစ်ယောက်လဲမဟုတ်
လမ်းတွေကို ချဲ့ထွင်ရင်းနဲ့ နှုတ်ဆက်ရဖန်များလာတော့
နေ့တွေက အရင်လို မချိုမြိန်ကြတော့ဘူး မေမေ
ဝမ်းသာပါတယ်
ငြိမ်းချမ်းစွာသွားပါ .... လို့
ပြုံးပြီးပြောရတဲ့ အဖြစ်ကို ကျနော်စက်ဆုပ်တယ်။

ကျနော့်ကို ထားသွားတဲ့သူတွေနဲ့
ကျနော်က ထားခဲ့ရမယ့်သူတွေ
တကယ်ပါ မေမေ
စိုစွတ်နေတဲ့ ကျနော့်မျက်ဝန်းတွေ ခြောက်သွေ့ဖို့
သံယောဇဉ်ကို ကျနော်ထင်းစိုက်ချင်တယ်
တွေ့ဆုံကြုံကွဲဆိုတဲ့ ဝေါဟာရကို အကျအနထုပ်ပိုး
ကျနော် မမြင်နိုင်တဲ့ စကြာဝဠာအမှိုက်ပုံးထဲ
သွားလေရော့ဟယ်ဆိုပြီး ပစ်လိုက်ချင်တယ်။

ဟန်ဆောင်ငွေ့တွေ အူနေတဲ့
နှုတ်ဆက် မီးခိုးတွေကြား
ကျနော် ခေါင်းမူးတယ် မေမေ
နဂိုကတည်းက ပူတတ်လွန်းတဲ့ နွေရာသီမှာ
ဒီနေ့အပူဆုံးမို့
ကျနော် မပြုံးချင်တော့ဘူး
ကံကြမ္မာကို ရိုးမယ်ဖွဲ့ဖို့ကျတော့လဲ
ကျနော်က ဘာကောင်မှမဟုတ်ခဲ့တော့
မေမေရယ်
ကျနော့်နာရီကလေးက ကျနော့်ကိုပြောတယ်
နောက်ဆုံးတော့
မင်းနဲ့ငါသာ လက်တွဲမဖြုတ်တာပါကွာ ... တဲ့။


ဇော်။
(ကျွန်တော်တို့အိမ်)
www.latlatzaw.blogspot.com

( ဤကဗျာကို အကိုကြီး ကိုချမ်း ( ဘလော့ဂါ ချမ်းလင်းနေ) နှင့် အမပွင့် တို့အတွက် အမှတ်တရအဖြစ်
မေလ ၁၃ရက် ၂၀၁၁၊ သောကြာနေ့ (ဒူဘိုင်းစံတော်ချိန်) နံနက် ၆နာရီ တွင် ကျနော် ရေးဖွဲ့ခဲ့ပါသည်။)

ဒီကဗျာလေးကို ကျွန်တော်ညီ.... ကဗျာဆရာမလေး ဇော်က ကျွန်တော့်အတွက် အမှတ်တရ ကဗျာလေးတစ်ပုဒ်ကို အေဖိုးစာမျက်နှာဖြူလွှလွှလေးမှာ သူ့လက်ရေး ဝိုင်းစက်စက်လေးတွေနဲ့ရေးပြီး စာအိတ်နဲ့အသေအချာပိတ် သူကိုယ်တိုင် ကျွန်တော်လက်ထဲကို အသေအချာထည့်ပေးပြီးမှ ကျွန်တော်အတွက် နှုတ်ဆက်တဲ့ကဗျာလေးပါ။ ဒီကဗျာလေးကို ဖတ်ကြည့်ရင်းနဲ့ပဲ ရင်ထဲမှာ စိတ်မကောင်းခြင်း တဖွားဖွားပါပဲ။ 

နှုတ်ဆက်ချိန်ရောက်လာတော့လည်း လက်ပြနှုတ်ဆက်ရတာပေါ့လေ။ ဒါပေမယ့်လည်း ရင်ဘတ်ထဲကိုတော့ သံမှိုထက်တောင် ခိုင်မြဲတဲ့ အမှတ်ရခြင်းများစွာနဲ့ အမှတ်တမဲ့ကနေ အမှတ်တရအသွင် ပျော်ဝင်ခဲ့တာပါ။

ကိုပီတာလင်းကြယ်ဖြူကိုဟန်ကိုဗျတ်ဇလီယိုမနှင်းဇော်မငုံအိန်ကျယ် (ခ)ဖြူစင်ကြယ်ကောင်းကင်သမီးပျို၊ ဘလောက်မရေးပေမယ့် တကယ့်ကို စာအရေးကောင်းတဲ့ ဘကြီးမိုး၊ အေးဆေးနေတတ်တဲ့ စာရေးဆရာ ကိုဧကံဖြိုး၊ ဘလောက်တွေမှာ စာတွေလိုက်ဖတ်ပြီး အားပေးတတ်တဲ့ ကိုသာယာ တို့နဲ့အတူတူ ဒဒွေးမြေမှာ ရင်ဘတ်ခြင်းတွေတူလို့ စာတွေရေး မိတ်တွေဖွဲ့ရင်း ဆုံတွေခဲ့ရတာလေးတွေ အမှတ်ရနေဆဲပါလေ။ 

ဟန်ဆောင်မှုကင်း ရိုးသားခြင်းတွေနဲ့ တစ်ဦးပေါ်တစ်ဦး တကယ် မိတ်ရင်းဆွေရင်း ညီအစ်ကိုမောင်နှမ အရင်းတွေလို ချစ်ခင်လေးစားခဲ့ကြတဲ့ ဒဒွေးမြေမှ ဘလောဂါမောင်နှမတွေကို ကျွန်တော် အမြဲသတိရနေမှာပါ။ ဒဒွေးမြေမှ ခွဲရပေမယ့်လည်း ကျွန်တော်တတ်နိုင်သ၍ ဘလော့ဂ်ကိုတော့ အသက်ဆက်သွားဦးမှာပါ။

နောက် ကျွန်တော်ဘလောက်ပေါ် ခြေလှမ်းစရာမှ ယခုအထိ အပြင်မှာ မမြင်ဖူးပေမယ့် သိကျွမ်းရင်းနှီးခဲ့ရတဲ့ ဘလောဂါမောင်နှမတွေအားလုံးကိုလည်း လေးစားခင်မင်စွာဖြင့် မှတ်မှတ်ရရရှိနေမှာပါ။ ကျွန်တော်တင်သမျှပိုစ့်လေးတွေကို ဖတ်မှတ်အားပေးခဲ့သောသူများ၊ ဝင်ရောက်လေ့လာသူများ၊ ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ဗျာ။ 

ကျွန်တော်ဘလောက်လေးကို ရန်ကုန်မှ ဝင်ရောက်ဖတ်ရှုနိုင်အောင် host ပြောင်းပေးတဲ့ Mandalay Blogger အဖွဲ့မှ ညီညီ အိုင်တီ(မန်း) ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ သူ့ကျေးဇူးကြောင့် ကျွန်တော် ရန်ကုန်ရောက်တော့ ကျွန်တော့် ဘလောက်လေးကို ကျော်ခွစရာမလိုပဲ ဖတ်လို့ရလို့ဗျာ။

ကျွန်တော် ဒဒွေးမြေကသာ အပြီးတိုင် နှုတ်ဆက်ထွက်ခွာမှာပါ။ ဘလောက်လောကကိုတော့ ခြေလှမ်းကြဲရုံလောက်ပဲ ရှိမှာပါ။ ဆက်လက်ပြီး ကျွန်တော်တတ်နိုင်သ၍ ပိုစ့်တွေ တင်နေဦးမှာပါ။

ဘလောက်တွေ အရင်ကလောက် ခြေမချနိုင်ရင်လည်း သူငယ်ချင်းတို့ရေ..... ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်ဗျာ။ 

့ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Tuesday, April 19, 2011

မျက်လုံးနှင့်ရှင်သန်သူများ...

လောကမှာနှာခေါင်းနဲ့အသက်မရှုပဲ
တစ်ယောက်နဲ့တစ်ယောက်
တစ်ယောက်ကဘာလုပ်နေတယ်ဆိုတာကိုကြည့်ပြီး
တစ်ယောက်ကဝေဖန်ရင်း
မျက်လုံးတွေနဲ့အသက်ရှုကြတယ်...

အဟာရပြည့်တဲ့နို့တစ်ခွက်အစား
အမြင်ကောင်းအောင်လုပ်ထားတဲ့
အမှိုက်သာသာမုန့်ပဲသရေစာတွေနဲ့တင်းတိမ်လို့
ပသာဒနဲ့အဟာရလဲလှယ်ကြတယ်...

မူလီတစ်လုံးလောက်တောင်မှ
အသုံးမဝင်တဲ့သတ္ထုတွေကို
လည်ပင်းမှာဆွဲပြီး
ခေါင်းမငြိမ့်တတ်တော့လောက်အောင်ကို
မျက်လုံးတွေနဲ့တန်ဖိုးသတ်မှတ်ကြတယ်...

အားနည်းတဲ့လက်တစ်စုံကိုငြင်းပယ်လို့
အရေပြားတစ်ထောက်စာအလှအတွက်
ဘဝကိုအရောင်းအဝယ်လုပ်လို့
မျက်လုံးကိုအစာကျွေးတတ်ကြတယ်...

ကဗျာတစ်ပုဒ်ဖတ်ဖို့ထက်
မဲပြာပုဆိုးခိုးခိုးခစ်ခစ်ကိုမှ
ရင်ခုန်အောင်ကြည့်ပြီးအလွမ်းတွေဝေနေအောင်ခံစားရင်း
မျက်လုံးကိုမျက်ရည်ကျခိုင်းတတ်ကြတယ်...

ခုန်နေတဲ့နှလုံးသားရဲ့အသံကိုနားထောင်ဖို့ထက်
သော့တွဲနဲ့နတ်ရုပ်တွေကိုပဲရှာဖွေရင်းနဲ့
တစ်ချို့တစ်ချို့တွေက
မျက်လုံးတွေနဲ့မြင်ရင်း...
အကြည့်တွေနဲ့ရင်ဆိုင်ရင်း...
အသက်ရှင်တယ်....။

Poe C
5.7.2010(9:57 PM)

Tuesday, March 1, 2011

အန္တိမသစ္စာ




အန္တိမသစ္စာ

ကျွန်တော့်ရဲ့ အန္တိမမျော်လင့်ချက်
အမေတိုက်တဲ့ ရေတစ်ခွက်သာ သောက်ချင်ရဲ့

နောင်ဘဝ၌
"လူ" ထပ်ဖြစ်ခွင့်ရမည်ဆိုပါလျှင်
ပျုဌာယဉ်ကျေးသော ပန်းများပွင့်သော
ထို အင်ကြင်းတောစပ်၌
အမေရဲ့သား ကျွန်တော်ပြန်ဖြစ်ချင်ပါသည်။

အမေ့သား
မှားခဲ့တယ်….. မတရားမလုပ်ခဲ့ဘူး
ဆိုးခဲ့တယ်….. မယုတ်မာခဲ့ဘူး
မိုက်ခဲ့တယ်….. မရိုင်းခဲ့ဘူး
သား ဗုံးကြဲခဲ့တဲ့မြို့ဟာ
သား ကိုယ်သားပါ အမေရယ်။ ။

တစ်ခါတစ်လေ တရားထိုင်ပြီး
တစ်ခါတစ်လေ ငါးပါးသီလ မလုံခြုံတတ်တဲ့သား
ကုသိုလ် အကုသိုလ်တရား
လူပီသစွာ ပွားစီးမိခဲ့ပါပြီ။ ။

ဤကမ္ဘာမြေကြီး
အပြီးတိုင် ပြိုကွဲသွားပါအံ့
နောင်ဖြစ်လာလတ္တံ ကမ္ဘာ၌
စိတ်နှလုံးကောင်းမွန် မြင့်မြတ်သူ
ဖြစ်ခွင့်ရပါစေသတည်း။ ။

ကဗျာစာသား - ငြိမ်းဇော် 
ကဗျာခေါင်းစီးနဲ့ ဒီဇိုင်း - ချမ်းလင်းနေ

ရုပ်ရှင်အမြုတေးမှာ ကဗျာတွေရေးခဲ့တဲ့ သူငယ်ချင်း ငြိမ်းဇော်ရဲ့ကဗျာလေး 

"အမေ" ကို ချစ်သူတိုင်းခံစားနိုင်အောင်........
Related Posts Plugin for WordPress, Blogger...