Showing posts with label စာအုပ်များ. Show all posts
Showing posts with label စာအုပ်များ. Show all posts

Monday, November 17, 2014

ကျွန်မနာမည် နူဂျုဒ်ပါ...


ဒီစာအုပ်ကို ရိုးရိုးရှင်းရှင်းလေးပဲ နာမည်ပေးထားပါတယ်... "ကျွန်မနာမည်နူဂျုဒ်ပါ..." ဆိုပြီးတော့ပါ... စာအုပ်နာမည်က ရိုးရှင်းသလောက် စာအုပ်ထဲမှာပါတဲ့ ဇာတ်လမ်းက မရိုးရှင်းပါဘူး... ဇာတ်လမ်းက တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ... ယီမင်နိုင်ငံက အသက် ၁၀ နှစ်ပဲ ရှိသေးတဲ့ ကောင်မလေး တစ်ယောက်ကို အဖေလုပ်တဲ့သူက သူ့ထက်အသက်သုံးဆလောက် ပိုကြီးတဲ့ ယောက်ျားတစ်ယောက်နဲ့ အတင်းလက်ထပ်ထိမ်းမြားစေခဲ့ပါတယ်... အဲဒီကလေးမလေးက သူ့ယောက်ျားနဲ့ ကွာရှင်းခွင့်ရဖို့အတွက် တရားရုံးမှာ အကျိတ်အနယ် ယှဉ်ပြိုင်ရတဲ့ အကြောင်းကို ရေးထားတာပါ... ဒီစာအုပ်မှာ လူကိုလူချင်း ညှင်းပန်းနှိပ်စက်တာတွေ၊ ဘာသာရေးအရေခြုံပြီး လူမဆန်စွာ ပြုမူတာတွေကို ကွက်ကွက်ကွင်းကွင်း မြင်ရအောင် ဖော်ပြထားပါတယ်...

ဒီနူဂျုဒ်ဆိုတဲ့ ကလေးမနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟီလာရီကလင်တန် ပြောခဲ့တဲ့ စကားကို ဒီနေရာမှာ ရေးပြချင်တယ်...

"သူ(နူဂျုဒ်)က ကျွန်မမြင်ဖူးတဲ့ အကြီးမြတ်ဆုံးသော အမျိုးသမီးတွေထဲက တစ်ယောက်ပါ... သူကသူ့ရဲ့ရဲစွမ်းသတ္တိနဲ့ အကောင်းဆုံးဥပမာတစ်ခုကို ပြသနိုင်ခဲ့ပါပြီ"

လို့ နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်၊ လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ သမ္မတဟောင်းကတော်လည်းဖြစ်တဲ့ မစ္စကလင်တန်က ချီးကျူးခဲ့ဖူးပါတယ်...

နူဂျုဒ်ဟာ Glamour အမျိုးသမီးမဂ္ဂဇင်းကြီးရဲ့ ၂၀၀၈ ခုနှစ် Women of the Year ဆုရှင်လည်း ဖြစ်ပါတယ်။

ဘာသာပြန်သူတစ်ယောက်အနေနဲ့ ဒီစာအုပ်နဲ့ ပတ်သက်လို့ သိပ်အများကြီး မပြောချင်ပါဘူး... သုံးခုတည်း ပြောပါမယ်... သုံးခုတည်းပါ အများကြီး မဟုတ်ပါဘူး...

နံပါတ် ၁ ... ကျွန်တော် ဘာသာပြန်တဲ့စာအုပ်ကို ကိုင်ပြီးတော့ သူများဘာသာကို မပုတ်ခတ်ပါနဲ့... အဲဒီလို လက်သီးပုန်းထိုးတဲ့ အလုပ်မျိုးကို ကျွန်တော်မကြိုက်ပါဘူး... ကျွန်တော်က ဘယ်တော့မဆို လူတိုင်းလူတိုင်း ဘာသာလူမျိုးမခွဲပဲ... တစ်ဦးရဲ့ အကျိုးစီးပွားကို တစ်ဦးက မဖျက်ဆီးပဲ... ချစ်ချစ်ခင်ခင် ရှိကြတဲ့ ကမ္ဘာကြီးကို မျှော်လင့်နေသူပါ... ကျွန်တော်တို့ အားလုံးမှာ ဘုံဆိုင်ရာ အကျိုးစီးပွားဆိုလို့ တစ်ခုတည်း ရှိပါတယ်... အဲဒါငြိမ်းချမ်းရေးပါပဲ...

နံပါတ် ၂ ... ဒီကမ္ဘာကြီးကို ခြိမ်းခြောက်နေတဲ့ အန္တရာယ်တွေ အများကြီးရှိပါတယ်... စာဖတ်တဲ့သူဟာ သိပ္ပံပညာ၊ (အထူးသဖြင့် အာကာသသိပ္ပံ၊ ရူပဗေဒနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာသိပ္ပံတွေ)ကို လေ့လာလိုက်စားသူဆိုရင် စက္ကန့်ပိုင်းလောက်အတွင်းကို ကျွန်တော်တို့ ကမ္ဘာကြီးဟာ ရစရာမရှိအောင် ပျက်ဆီးသွားနိုင်တယ်၊ ဒါမှမဟုတ် လူသားမျိုးနွယ်စုဟာ ဒိုင်နိုဆောတွေလို မျိုးသုဉ်းပျောက်ကွယ်သွားနိုင်တယ်ဆိုတာ သိထားပြီးဖြစ်ပါလိမ့်မယ်... ဒါပေမယ့် တကယ်တမ်း ကြောက်စရာဖျက်စီးမှုက လူကိုလူချင်း ညှင်းပန်းနှိပ်စက်လိုစိတ်ကနေလာပါတယ်... ဒီအချက်လောက် မြန်မြန်ဆန်ဆန်နဲ့ များများစားစား လူသားမျိုးနွယ်ကို ထိခိုက်စေခဲ့တဲ့ အကြောင်းအရင်း ကမ္ဘာ့သမိုင်းမှာ မပေါ်ဖူးသေးပါဘူး။ ဒီလိုလူလူချင်း ညှင်းပန်းနှိပ်စက်လိုတဲ့စိတ်ကို ကိုယ့်စိတ်မှာဖြစ်မလာအောင်... အဲဒီလိုစိတ်မျိုးရှိသူတွေရဲ့ အပြုအမူတွေက... ကျန်တဲ့သူတွေကို ထိခိုက်မသွားရအောင်... တားဆီးဖို့... ကာကွယ်ဖို့နဲ့... အသိပညာပေးဖို့ဆိုတာဟာ ကျွန်တော်တို့ လူသားတွေရဲ့ မွေးရာပါ တာဝန်ပါ...

နံပါတ် ၃ နဲ့ နောက်ဆုံးတစ်ခုကတော့... ဒီစာအုပ်ကို ဖတ်မိလို့ သဘောကျတယ်ဆိုရင်၊ ကြိုက်တယ်၊ နှစ်သက်တယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က ကိုယ်ချစ်တဲ့သူတွေကိုလည်း ဖတ်ခွင့်ရှိအောင် မျှဝေပေးဖို့ပါ... ဒီလိုမျိုး လက်ဆင့်ကမ်းပေးတာက ကျွန်တော့်ကို အကောင်းဆုံး ကူညီတာပါပဲ။ ကျွန်တော်က ဒီလို သုတစာပေ၊ ရသစာပေတွေကို ဘာသာပြန်တာရော၊ ပင်ကိုယ်ရေးအနေနဲ့ပါ ရေးသားရင်း ထမင်းစားသွားဖို့ စိတ်ကူးထားပါတယ်... ဒီအလုပ်ကိုပဲ professional ဖြစ်တဲ့အထိ လုပ်သွားမှာပါ... ဒီစာအုပ်ကိုလည်း ကျွန်တော်ရောင်းတန်းဝင် ပုံနှိပ်စာအုပ် ဖြစ်လာဖို့ ကြိုးစားသွားမှာပါ... ကျွန်တော့်မှာလည်း ကျွန်တော့်စား၊ ဝတ်၊ နေရေးအတွက် ပိုက်ဆံလိုပါတယ်... အဲဒါကြောင့် ဒီမှာ Digital Version နဲ့ ဖတ်ပြီးသွားပေမယ့် စာအုပ်ထွက်လာရင်လည်း ဝယ်ဖတ်ပေးကြပါ... တကယ်လို့ ဒီစာအုပ်ကို ထုတ်ဝေချင်တယ်ဆိုရင်လည်း ကျွန်တော်နဲ့ လာဆက်သွယ်ပေးကြပါ...



သူ့ မူရင်းစာအုပ်ရဲ့ ကာဗာပါ...



ဒီပုံကတော့ ယီမင်ကို နိုင်ငံခြားရေးဝန်ကြီးသွားတုန်းက နူဂျုဒ်ရယ်၊ သူ့ရှေ့နေရယ်နဲ့ တွဲရိုက်ထားတဲ့ပုံပါ...

ဒီစာအုပ်ကို စာအုပ်နာမည်ကြောင့် စိတ်ဝင်စားသွားတာပါ... ဖတ်နေရင်းနဲ့ ငါတော့ ဒီစာအုပ်ကို ဘာသာပြန်မှ ဖြစ်တော့မယ်လို့ တွေးမိလာပါတယ်... ဒီလိုနဲ့ ရေးလက်စ စာမူတွေ ဘေးချပြီး ဒီစာအုပ်ကို ဘာသာပြန်ဖြစ်ပါတယ်... စာအုပ်ကို အစအဆုံး တစ်ခေါက်ဖတ်ပြီးတော့ စပြီးဘာသာပြန်ပါတယ်... ပြန်နေရင်းကိုပဲ စာအုပ်ထဲက အကြောင်းအရာတွေ ဖတ်မိရင်း လူကဒေါသထွက်လာတယ်... နောက်တော့ စိတ်ပျက်လက်ပျက် ဖြစ်ရတယ်... ဒီစာအုပ်မျိုးက ကျွန်တော်တို့ရဲ့နောက်မျိုးဆက်ကိုယ်စား ကျွန်တော်တို့ကို မေးခွန်းတစ်ခုမေးနေတာပါ... ကျွန်တော်တို့တတွေ အခုတည်ဆောက်နေတဲ့ လူ့အဖွဲ့အစည်းဟာ တကယ်ပဲ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းလား၊ ဒါမှမဟုတ် တောထဲတောင်ထဲကလို နိုင်ရာစား၊ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်နေတဲ့ လူ့အဖွဲ့အစည်းလားဆိုတဲ့မေးခွန်းပါ... ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်ကို ဒီမေးခွန်းအတွက် အဖြေပေးတဲ့အခါမှာ ကောင်းမွန်တဲ့အဖြေမျိုး ပေးနိုင်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်...

ဪ... မေ့သွားတယ်ပြောမလို့... ကျွန်တော်က ပြီးချင်ဇောနဲ့ အလောသုံးဆယ် လုပ်လိုက်မိလို့၊ PDF ထုတ်တဲ့အခါမှာ စာမျက်နှာ၊ အခန်းစဉ်၊ စီတာမှန်၊ မှန်လောက်ပဲ စစ်နိုင်လိုက်တယ်... စာလုံးသတ်ပုံမှားတာ၊ ဘာညာ စသဖြင့် အမှားအယွင်း တစ်ခုခု ဖတ်ရင်းနဲ့ တွေ့ခဲ့ရင် ကျွန်တော့်ကို ပြန်အကြောင်းကြားပေးကြပါဦး... ဖတ်ပြီးရင်လည်း ဝေဖန်ချက်... လေကန်ချက်လေးတွေ ပေးဖို့ မမေ့ကြပါနဲ့...

ဒါပေမယ့် အဓိကအကျဆုံး bottom line ကတော့ စာအုပ်အနေနဲ့ ထွက်လာရင်လည်း ဝယ်ဖတ်ပေးကြဖို့ပါပဲ... ခိခိ...

အားလုံးပဲ စာအုပ်ကို ဒီ Link မှာ ဖတ်နိုင်ကြပါပြီ...

LINK

ကျေးဇူးတင်ပါတယ်...
ချစ်ခြင်းအားဖြင့်
Giacomo

Sunday, June 2, 2013

အတွင်းရှိ စီးဆင်းခြင်း စာကြည့်တိုက်...

အတွင်းရှိ စီးဆင်းခြင်း စာကြည့်တိုက် မြန်မာပြည်တွင်ရှိသည်။

စီးဆင်းခြင်းတွင် အတားအဆီးမရှိ.....
စီးဆင်းခြင်းတွင် အကန့်အသတ်မရှိ.....
စီးဆင်းခြင်းတွင် အဟန့်အတားမရှိ....
ပကတိ စီးဆင်းခြင်းဖြင့် စီးဆင်းသည်။

Brahmavihara Monastery, Thayargone (Naygyar) Street, Pazundaung Township. 959 5027445, 959 73173946, 959 5053200
Brahmavihara Monastery, Thayargone (Naygyar) Street, Pazundaung Township. 959 5027445, 959 73173946, 959 5053200

အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (PDF version)


အထူးအဆန်းတော့ မဟုတ်ပါဘူး... အရင်ရေးခဲ့ပြီးသားတွေရော... အဆုံးသပ်အပိုင်းကိုရော ပေါင်းပြီးတစ်ခုတည်း တင်လိုက်တာပါ... ဒီဆောင်းပါးကို ဘာသာပြန်တာ အချိန်အရမ်းပေးရတယ်... တော်တော်လည်း ပင်ပန်းသွားတယ်... စရေးတုန်းက တွေးမိတဲ့အတွေးက "ဪ... ငါတို့နိုင်ငံမှာ လူတွေက ဒီမိုကရေစီအနှစ်သာရ တစ်ချို့တစ်လေကို သိနေ၊ မြင်နေ၊ ခံစားနေနိုင်နေလောက်ပြီ"လို့ တွေးမိရင်း ပိုအဆင့်မြင့်တဲ့ ဒီမိုကရေစီခြေလှမ်းသစ်တွေ လှမ်းနိုင်အောင် တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီခေတ်ကို ရောက်နိုင်အောင် လမ်းပြပေးနိုင်မယ့် ဆောင်းပါးမျိုး ရေးမယ်ဆိုတဲ့ စိတ်နဲ့ရေးတာပါ... ဒါပေမယ့် အခုတော့ မှန်းချက်နဲ့နှမ်းထွက်က တယ်မကိုက်လှပါဘူး... လူတွေက တိုးတက်ဖို့ဆိုတာထက်ကို ယဉ်ကျေးဖို့ကို လိုအပ်နေတုန်းပဲလို့ ထင်နေမိပါတယ်... သူနဲ့ငါနဲ့ မျိုးမတူဘူး... အုပ်စုမတူဘူး... လာကွ... ချကြမယ်ဆိုတဲ့ သမိုင်းဦးဘုံမြေခေတ်ကကို တက်မလာသေးသလိုပါပဲ... ကဲပါလေ... ဆောင်းပါးလေးကို ဖတ်ကြည့်ကြပါဦး... John B Kidd နဲ့ Frank-Jurgen Richter တို့ တည်းဖြတ်ကြတဲ့ Fighting Corruption in Asia : Causes, Effects and Remedies (World Scientific, 2003) ဆိုတဲ့ စာအုပ်က အခန်းတစ်ခန်းဖြစ်တဲ့ Clay G Wescott ရဲ့ Combating Corruption in Southeast Asia ဆိုတဲ့ ဆောင်းပါးကို ထုတ်နှုတ်ပြန်ဆိုတာပါ။ တိုင်းပြည်မှာ နိုင်ငံရေးတံခါးတွေ၊ စီးပွားရေးတံခါးတွေ ဖွင့်လိုက်ရင် ပိတ်ထားတုန်းကထက်ကို လာဘ်ပေးလာဘ်ယူတွေ ပေါများလာတတ်တာ သဘာဝပဲ... အရင်က လာဘ်ပေးလာဘ်ယူဆိုတာက လုပ်လို့ရတဲ့၊ လုပ်ပိုင်ခွင့်ရှိတဲ့ အသိုင်းအဝိုင်း အလွှာမှာပဲ ရှိတယ်... ဒီမိုကရေစီဆိုတာကြီးလည်း ပေါ်လာရော မနေ့က သူတောင်းစားက နက်ဖြန်သမ္မတလည်း တက်ဖြစ်နိုင်နေတော့... လာဘ်ပေးလာဘ်ယူဆိုတာ အလွှာစုံ၊ အသိုင်းအဝိုင်းအစုံကို ရောက်လာတယ်... အရင်ကဆိုရင် အတိုက်အခံနိုင်ငံရေးပါတီတွေမှာ လာဘ်ပေးလာဘ်ယူဆိုတာ မကြားဖူးဘူး... အခုလွှတ်တော်ထဲက အကြီးဆုံးအတိုက်အခံပါတီကြီးမှာ အောက်ခြေပါတီဝင်တွေက ပိုက်ဆံယူပြီး ဘာတွေလုပ်နေတယ်ဆိုတာ မျက်စိနဲ့တပ်အပ်မြင်ရလာတယ်... ပါတီခေါင်းဆောင်တွေက ခရိုနီတွေနဲ့ ပလဲနံပသင့်လာနေတယ်... ဒါကြောင့်လည်း ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်...
Giacomo

အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (PDF version)

Thursday, May 30, 2013

ကွန်ပျုတာနှင့် နည်းပညာ စာအုပ်များ

  1. စေတန်ဂေါ့ - HTML မိတ်ဆက်
  2. မိုးသောက်လုလင် - Gmail အသုံးပြုနည်း
  3. ဂယက် - 3D STUDIO MAX စတင်လေ့လာသူများအတွက်
  4. ဦးသောင်းဝင်း(ပန်းချယ်ရီ) - WEB_Design လက်တွေ့ သင်ခန်းစာများ
  5. ZuLu - Basic Windows  MicrosoftWord
  6. မျိုးသူရ - ကွန်ပျူတာမှကွန်ယက်ဆီသို့ 
  7. PhotoShop မှတ်စုများ-၁
  8. PhotoShop မှတ်စုများ-၂
  9. Gmail၏ လျှို့ဝှက်ချက်များ 
  10. Facebook အကြောင်း သိကောင်းစရာများ 
  11. Cracker လမ်းညွှန် 
  12. i-device များအတွက် လက်တွေ့သုံးနည်းပညာ
  13. ဆန်နီညိမ်း - အခြေခံဒီဇိုင်းပညာ 
  14. Flash Songs လုပ်နည်း 
  15. ကီးကီး၏နည်းပညာစာအုပ်များ
  16. A+ကွန်ပျူတာအကြောင်းအသးစိတ်သိစရာ(ဦးဇော်လင်း) 
  17. A+၏နောက်ကွယ်(ဦးဇော်လင်း)
  18. CPUအပူထိန်းသိမ်းခြင်း(သံလုံငယ်)
  19. HardDiskသန့်ရှင်းရေး(သံလုံငယ်)
  20. ကွန်ပျူတာတစ်လုံးတပ်ဆင်ရန်ရွှေးချယ်ခြင်း(သံလုံငယ်)
  21. ကွန်ပျူတာတစ်လုံးတပ်ဆင်ခြင်း(သံလုံငယ်)
  22. WinVistaအားမြန်စေရန်(သံလုံငယ်)
  23. WinXpအားမြန်စေရန်(သံလုံငယ်)
  24. InstallWin7(ကိုစံငြိမ်း)
  25. InstallWinVista(ကိုစံငြိမ်း)
  26. InstallWinXp (ကိုစံငြိမ်း)
  27. Laptopပြုပြင်နည်းနှင့်သိကောင်းစရာ(သန်းထိုက်)
  28. Window7(ကိုနေ)
  29. Windows7အသုံးပြုနည်းလက်ဆွဲ(ဦးအောင်လင်း)
  30. ကွန်ပျူတာHardware(ရဲမာန်)
  31. ကွန်ပျူတာကိုအကောင်းဆုံးနှင့်အပိုင်နိုင်ဆုံးအသုံးပြုတက်စေရန်(ဦးအေးကိုကို)
  32. ကွန်ပျူတာစတင်အသုံးပြုသူများအတွက်(မျိုးသူရ)
  33. ကွန်ပျူတာတစ်လုံးကိုကိုယ်တိုင်တည်ဆောက်ခြင်း
  34. ကွန်ပျူတာမှပြသနာများဖြေရင်းနည်း(ဥာဏ်ကြွယ်)
  35. ကွန်ပျူတာပြုပြင်ရန်စဉ်းစားနိုင်သည့်အချက်များ(ကိုစံငြိမ်း)
  36. ကွန်ပျူတာလက်စွဲ
  37. ကွန်ပျူတာသိပ္ပံမိတ်ဆက်(ကကကွန်)
  38. ကွန်ပျူတာအဆင့်တိုးမြင့်ခြင်းနှင့်ပြုပြင်ခြင်းနည်းပညာ(ဖိုးနိုင်ဝင်း)
  39. ကွန်ပျူတာရောဂါများနှင့်ကာကွယ်ဆေး(သန်းထိုက်)
  40. ဤစာအုပ်ကိုဖတ်ပြီးမှကွန်ပျူတာပြင်ပါ(ဦးဇော်လင်း)

ဆရာမ ခင်ခင်ထူး၏ စာအုပ်များ

  1. ခင်ခင်ထူး - ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်
  2. ခင်ခင်ထူး - ခမည်းကြိုး
  3. ခင်ခင်ထူး - ဆံရစ်ဝိုင်း ဝတ္ထုတိုများ
  4. ခင်ခင်ထူး - ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ် နားတောင်းဆင်
  5. ခင်ခင်ထူး - ပန်းစည်းကြိုး မဂ္ဂဇင်းဝတ္ထုရှည်များ
  6. ခင်ခင်ထူး - ပန်းကြာဝတ်မှုံ
  7. ခင်ခင်ထူး - မအိမ်ကံ
  8. ခင်ခင်ထူး - ရက္ကန်းလွန်း ဝတ္ထုတိုများ
  9. ခင်ခင်ထူး - လှည်းယဉ်ကြော့ ဝတ္ထုတိုများ
  10. ခင်ခင်ထူး - အညာသူအညာသားကျွန်မဆွေမျိုးများ
  11. ခင်ခင်ထူး - ကြာဆစ်ကြိုး
  12. ခင်ခင်ထူး -ဈေးခြင်းတောင်း ဝတ္တုတိုများ

Saturday, June 9, 2012

အတ္ထုပ္ပတ္တိစာအုပ်များ

  1. ရွှေဘ၏ ဘဝနှင့် အနုပညာရုပ်ပုံလွှာ
  2. ပန်းချီတော်ဆရာချုံ
  3. ဦးသန့် – တက္ကသိုလ်စိန်တင်
  4. ရွှေဥဒေါင်း - တသက်တာမှတ်တမ်းနှင့်အတွေးအခေါ်များ
  5. ရာပြည့်ဦးစိုးညွန့် - ဗန်းမော်တင်အောင် ကိုယ်ရေးအကျဉ်း
  6. ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေးဘဝဇာတ်ကြောင်း
  7. သုသေတီမြင့်ထွန်း - ဗိုလ်ချုပ်အောင်ဆန်း၏အမွိုင်သို့လျှို့ဝှက်ခရီး 
  8. ဥက္ကဋ္ဌကြီးနိုင်ရွှေကျင်နှင့်တော်လှန်ရေးသမား-ဒို့မွန်ကျောင်းသား-ပထမတွဲ – နိုင်ဖေသိန်းဇြာ
  9. အနာဂတ်နိုင်ငံတော်သား – သခင်မြသန်း
  10. ဦးနု - တာတေစနေသား 
  11. မိုးဟိန်းကို - ဂူလီယံနီနှင့်အမေရိကကိုပြောင်းလဲခဲ့သောနေ
  12. မှော်ဘီဆရာသိန်း – တိုက်စိုး
  13. ဦးရွှေအုံး ကိုယ်တိုင်ရေး ကိုယ်ရေးအတ္ထုပ္ပတ္တိ 
  14. ဟိုချီမင်း
  15. ရုပ်ပုံလွှာ-ဒဂုန်တာရာ
  16. ဆရာတော်ဦးဥတ္တမ
  17. လူထုဒေါ်အမာ
  18. သူလိုလူ(ဂျာနယ်ကျော်ဦးချစ်မောင်အကြောင်း)
  19. ဗိုလ်နေဝင်း
  20. သော်တာဆွေ - ကျွန်တော့်ဘဝဇာတ်ကြောင်း
  21. စိန်ပန်းတပွင့်-မိုးမိုး(အင်းလျား)
  22. ဝင်းဝင်းမြင့်(နန်းတော်ရှေ့) - ပန်းတပွင့်ရဲ့ရင်ခုန်သံ(ရုပ်ရှင်မင်းသမီးမေရှင်)
  23. ဆွေမင်း(ဓနုဖြူ) - ဘဝတခုအမှတ်တရ
  24. ပေါ်ဦးသစ် - ကျနော်ဖြတ်သန်းခဲ့သော လေးဖြူ 
  25. ဂျူးလိယက်ဖူးချစ်၏ ကြိုးစင်ပေါ်မှမှတ်တမ်းများ - အိုးဝေထွန်းအောင်နှင့် ဦးစံရွှေ

Sunday, May 27, 2012

Peoples Vision (New York) စာစောင် May-June 2012

ပြည်သူ့အမြင် (နယူးယောက်) စာစောင် မေ-ဇွန် ၂၀၁၂ 

Wednesday, March 7, 2012

သံဃာတော်တို့ရဲ့အချိန်ကာလ၊ မြန်မာပြည် ၂၀၀၇ ခုနှစ်

Oxford University Press, USA မှနေ ထုတ်ဝေပြီး Adam Roberts နှင့် Timothy Garton Ash တို့ တည်းဖြတ်တဲ့ CIVIL RESISTANCE & POWER POLITICS : The Experience of Non-violent Action from Gandhi to the Present စာအုပ်မှ အခန်းတစ်ခုဖြစ်တဲ့ စာရေးဆရာမ Christina Fink ရေးသားထားတဲ့ The Moment of the Monks: Burma, 2007 ဆောင်းပါးကို မူရင်းအင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကို ဆီလျော်အောင် ပြန်ထားတာဖြစ်ပါတယ်။ 


Tuesday, February 21, 2012

ရူပန္တရဏနှင့်အခြားသောဝတ္ထုတိုများ

Thursday, December 15, 2011

နိုင်ငံရေးစာပေနှင့် စာအုပ်များ


 ၁။ ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး (အောင်ဆန်းစုကြည်)
၂။ အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့
၃။ ပိုမိုအားကောင်းလာသော ပြည်သူ့အင်အား
၎။ မဟာဗျူဟာမြောက်အကြမ်းမဖက်လှုပ်ရှားမှု
၅။ ပြည်သူတို့၏လွတ်မြောက်ရာလမ်း
၆။ လျှို့ဝှက်လုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နည်း
၇။ လူထုတိုက်ပွဲမြေအောက်လက်စွဲ (မိုးသီးဇွန်)
၈။ နာခံမှုကိုစစ်ဆေးခြင်း (မိုးသီးဇွန်)
၉။ ပုန်ကန်သူလေး
၁၀။ ဦးနု၏ တာတေစနေသား
၁၁။ အနာဂတ်မြန်မာနိုင်ငံရေး (သခင်မြသန်း)
၁၂။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ အတ္ထုပ္ပတ္တိ
၁၃။ ကလေးများ၏ဒေါသမာန်
၁၄။ ရှစ်လေးလုံးပြက္ခဒိန်
၁၅။ သားသတ်သမား
၁၆။ ရုပ်သေး
၁၇။ ရန်ကုန်ကိုကိုင်လှုပ်သော ထို(၇)ရက်
၁၈။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ (၁၉၈၈-၂၀၀၂)
၁၉။ (၆)တိုက်မှာလောက်ကိုက်တာခံဖူးသလား နှင့် အခြားထောင်ဝတ္ထုတိုများ (၀င်းတင့်ထွန်း)
၂၀။ လူရှင်သချုင်္ိင်းများအကြောင်း
၂၁။ အရးတော်ပုံ(၄)စောင်တွဲ
၂၂။ ယမမင်းဥယျာဉ်သို့အလည်ရောက်ခြင်း (ဂါမဏိ)
၂၃။ လှပသောသေနတ်သံ (မောင်စိုးချိန်)
၂၄။ ဒီမိုကရေစီလေ့လာရေးဂျာနယ် (၂၀၀ရ၊ ဖေဖော်ဝါရီလ)
၂၅။ ဒီမိုကရေစီလေ့လာရေးဂျာနယ် (၂၀၀၇၊ မတ်လ)
၂၆။ ဒီမိုကရေစီဂျာနယ် (၂၀၀၆၊ အောက်တိုဘာလ)
၂၇။ ဒီမိုကရေစီဂျာနယ် (၂၀၀၇၊ မေလ)
၂၈။ ၇ ဇူလိုင် ကျောင်းသားအရေးတော်ပုံ
၂၉။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)
၃၀။ ဦးသန့်အရေးအခင်း
၃၁။ အာဇာနည်နေ့ (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီး
၃၂။ အောင်ဆန်း-အက်တလီစာချုပ် (၁၉၄၇)
၃၃။ နု-အက်တလီစာချုပ် (၁၉၄၇)
၃၄။ ဒေါမာန်ဟုန်မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲ (Bertil Lintner)
၃၅။ Collection Of Detailed Basic Principles
၃၆။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးအတွက် အာဏာရှင်တို့၏ အခြေခံမူ (၁၀၄)ချက်
၃၇။ မာ့စ်ဝါဒ၏ ရေသောက်မြစ်(၃)သွယ်
၃၈။ အိန်ဂယ်လ်၏ပေးစာများ
၃၉။ ကွန်မြူနစ်ဝါဒ၏မူများ (ဖရက်ဒရစ်အိန်ဂယ်လ်)
၄၀။ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြားနည်းလမ်းများ
၄၁။ ချင်းလဲန်း ဖွဲ့စည်းပုံအခြေခံဥပဒေ
၄၂။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၁)
၄၃။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၂)
၄၄။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၃)
၄၅။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၄)
၄၆။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၅)
၄၇။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၆)
၄၈။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၇)
၄၉။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၈)
၅၀။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၉)
၅၁။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၁၀)
၅၂။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၁၁)
၅၃။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၁၂)
၅၄။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဆိုတာဘာလဲ
၅၅။ မြန်မာပြည်အရှေ့ပိုင်းကျန်းမာရေးနှင့်လူ့အခွင့်အရေး
၅၆။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှတ်တမ်း
၅၇။ ၁၉၃၀ တ၀ိုက် မြန်မာပြည်နိုင်ငံရေးသမိုင်း (သိန်းဖေမြင့်)
၅၈။ မြန်မာနိုင်ငံနှင့်ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု
၅၉။ ချစ်သောမေမေ (လှကျော်ဇော)
၆၀။ ကလေးအခွင့်အရေးဆိုင်ရာစာချုပ်အကြောင်းသိကောင်းစရာ
၆၁။ စစ်ဗိုလ်ချုပ်များ၏ရေကာတာ
၆၂။ မြန်မာနိုင်ငံတွင် ကလေးများကိုစစ်သားများအဖြစ်အသုံးပြုမှုရပ်တန့်ရေး
၆၃။ လွတ်လပ်ရေး၊ အမျိုးသားနိုင်ငံရေးနှင့် ကျောင်းသားလှုပ်ရှားမှု (ဦးခင်မောင်ကြီး - ဗကသခေါင်းဆောင်ဟောင်း)
၆၄။ စစ်အုပ်စုသက်တမ်းရှည်နေသရွေ့ (တိုက်ပွဲဝင်ရဲဘော်တဦး)
၆၅။ မြန်မာနိုင်ငံ၏စီးပွားရေးအသွင်ကူပြောင်းမှုအတွက်အသင့်ပြင်ဆင်ခြင်း
၆၆။ ကျောင်းသား၊ ထောင်၊ တော်လှန်ရေးသမား (ရဲဘော်ဖိုးသံချောင်း)
၆၇။ ယုံကြည်ချက်မိုးကောင်းကင်နှင့် နွေးထွေးသောမနက်ဖြန်
၆၈။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
၆၉။ နိုင်ငံတော် ငြိမ်/ပိ
၇၀။ ပြည်တွင်းရွေးကောက်ပွဲများစောင့်ကြည့်လေ့လာရေးအတွက်လက်စွဲ
၇၁။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း
၇၂။ လူ့အခွင့်အရေးလက်စွဲ (အောင်မျိုးမင်း)
၇၃။ လူ့အခွင့်အရေးဝေါဟာရများ (အောင်မျိုးမင်း)
၇၄။ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ
၇၅။ ကလေးစစ်သားပပျောက်ရေး
၇၆။ CWAတွင် ပိုမိုကောင်းမွန်သောလူသားတစ်ယောက်အဖြစ် ရှင်သန်နေခြင်း
၇၇။ လူ့အခွင့်အရေးမေးခွန်းနှင့်အဖြေများ
၇၈။ ကလေးအခွင့်အရေးဆိုင်ရာစာချုပ်အကြောင်းသိကောင်းစရာ
၇၉။ လူ့အခွင့်အရေးအချက်အလက်စုဆောင်းမှုလက်စွဲ
၈၀။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုင်ရာလမ်းညွှန်ချက်များ

မူရင်း

Friday, January 21, 2011

မင်းသိင်္ခ၏ စာအုပ်များ


  1. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် တပွဲစား ဦးနှော (ဝတ္တုတိုများ)
  2. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ပျားဆွဲမုတ်ဆိတ်
  3. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ဘမျိုးဘိုးတူဘယ်သန်ဘမှန် ၁
  4. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် ဘမျိုးဘိုးတူဘယ်သန်ဘမှန် ၂
  5. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် မမင်းဖြူ မှန်မှန်ပြော
  6. မင်းသိင်္ခ - ဆားပုလင်း နှင်းမောင်နှင့် မြိုင်မဟာ မမြလေး
  7. မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်နှင့် ပိတုန်းသုံးကောင်
  8. မင်းသိင်္ခ - ဆားပုလင်းနှင်းမောင်က စိန်ခေါ်ခြင်း
  9. မင်းသိင်္ခ - စနေမောင်မောင်ပါဝင်သည့်မဟူရာ
  10. မင်းသိင်္ခ - ပျော်ပါတယ်မောင်ပြည်သိမ်း
  11. မင်းသိင်္ခ - မြင်းကပါအကျဉ်းသား
  12. မင်းသိင်္ခ - ဘဝဝင်္ကပါ
  13. မင်းသိင်္ခ - မြေလျှောက်ဝိဇ္ဇာရွှေမြသာ-၁
  14. မင်းသိင်္ခ - မြေလျှောက်ဝိဇ္ဇာရွှေမြသာ-၂
  15. မင်းသိင်္ခ - မြေလျှောက်ဝိဇ္ဇာရွှေမြသာ-၃
  16. မင်းသိင်္ခ - ပုဏ္ဏားဘကွန်း-၁
  17. မင်းသိင်္ခ - ပုဏ္ဏားဘကွန်း-၂
  18. မင်းသိင်္ခ - မတတ်ပါ့
  19. မင်းသိင်္ခ - မြနန်းနွယ်
  20. မင်းသိင်္ခ - မြရည်ကံသာ
  21. မင်းသိင်္ခ - မြိုင်ဟေဝန်
  22. မင်းသိင်္ခ - မဃဝါဇိတ်
  23. မင်းသိင်္ခ - မိုးနဲ့မြေ
  24. မင်းသိင်္ခ - မိုးနှင့်အတူ
  25. မင်းသိင်္ခ - မနောမယ ကိုပီတာ
  26. မင်းသိင်္ခ - မနောမယ ထမင်းဝိုင်း
  27. မင်းသိင်္ခ - မနောမယ မြသက်လည်
  28. မင်းသိင်္ခ - မအောင်ရင်
  29. မင်းသိင်္ခ - မင်းနန်သူနှင့်ဂမ္ဘီရလောကဝတ္ထုတိုများ
  30. မင်းသိင်္ခ - ဖြစ်ချင်တာဖြစ် မောင်ဘချစ် ၁
  31. မင်းသိင်္ခ - ဖြစ်ချင်တာဖြစ် မောင်ဘချစ် ၂
  32. မင်းသိင်္ခ - ရာဇဝင်ထဲကလို မင်းသား
  33. မင်းသိင်္ခ - သူတော်စင်မလေးပုဏ္ဍရိက
  34. မင်းသိင်္ခ - ပေတလူ
  35. မင်းသိင်္ခ - ရေမျောကမ်းတင် အောင်ဘဒင်
  36. မင်းသိင်္ခ - မင်းဘာသိလို့ လဲ
  37. မင်းသိင်္ခ - ဘဝစာမျက်နှာအပိုင်းအစများ
  38. မင်းသိင်္ခ - ယတြာများ
  39. မင်းသိင်္ခ - တားရော့ဟောနည်း
  40. မင်းသိင်္ခ - တူသောဝတ္ထုတိုများ
  41. မင်းသိင်္ခ - ဝတ္ထုတိုပေါင်းချုပ် ၃
  42. မင်းသိင်္ခ - မင်းမေးတိုင်းငါကဖြေရမှာလား
  43. မင်းသိင်္ခ - မမကြီးနှင့် စာချုပ်တစ်စောင်(ဝတ္ထုတို)

Saturday, January 15, 2011

စုဆောင်းမိခဲ့သမျှ အဘိဓာန်များ (PDF)


ကျွန်တော် ဖော်ပြထားတဲ့ အခု အဘိဓာန်(PDF) စာအုပ်တွေထဲက တစ်ချို့စာအုပ်တွေက စာရေးသူမူလပိုင်ရှင်များက ခေါင်းစဉ်တပ်ယူထားတဲ့ အဘိဓာန် စာအုပ်များဖြစ်ပါတယ်။ တချို့စာအုပ်တွေကလည်း အဘိဓာန်အဆင့် မဟုတ်ပေမယ့်လည်း လေ့လာသင့် လေ့လာကောင်းတဲ့ စာအုပ်ကောင်းတွေအနေနဲ့ ကျွန်တော်ဒီမှာပဲ လင့်မှတ်တမ်းတင်ထားတာပါ။

ဒီစာအုပ်တွေအကုန်လုံးကို Google ထဲကနေ တူးဆွထားတာတွေပါ။ တကယ်ဆိုရင် Google ကြီးဟာလည်း
ကျွန်တော်တို့ လေ့လာစုဆောင်းလိုသူတွေအတွက် အမှန်တကယ်ကောင်းမွန် ပြည့်စုံတဲ့ အဘိဓာန်တစ်ခုလိုပါပဲ။ လေ့လာမှုမဆုံးနိုင်တဲ့ နေရာကောင်းတစ်နေပါပဲ။

တချို့စာအုပ်တွေကိုတော့ စာအုပ်များ ဆိုတဲ့နေရာမှာပဲ လင့်ပေးထားပါသေးတယ်။ လေလာလိုချင်ရင်တော့ သွားပြီးလေ့လာနိုင်ပါသေးတယ်။ စာအုပ်တွေဟာ အများအားဖြင့် ရှေးကြပြီး ရှားပါးစာအုပ်တွေပါ။ ကျွန်တော် စုဆောင်းလေ့လာရင်းနဲ့မှ အနောက်တိုင်းသားတွေရဲ့ အဓိက အကြောင်းအရာကို လေ့လာမိပါသေးတယ်။ သူတို့တွေ ဘာကြောင့်များ ဒီလို တိုင်းတပါးသားတွေရဲ့စာပေတွေကို လေ့လာဆည်းပူး ရေးသားထားခဲ့ကြရလဲ ဆိုတဲ့အကြောင်းပါ။

အနောက်တိုင်းသားတွေဟာ သူတို့ ကိုလိုနီ နယ်မြေချဲ့ထွင်ခြင်း၊ သူတို့ရဲ့ ခရစ်ယာန်ဘာသာ သာသနာပြုလိုခြင်း၊ သူတို့ ရောက်ရှိ ပိုင်ဆိုင်ခဲ့ နယ်မြေချဲ့ထွင်ခဲ့သော နေရာဒေသများရှိ လူမျိုးတွေရဲ့အကြောင်း၊ စကား၊ စာပေများကို အရင်လေ့လာကြပါတယ်။ တကယ့် တကယ်တမ်းကြတော့ ဒေသခံတိုင်းရင်းသားလူမျိုးတွေ အပေါ်မှာ ဒီလိုစာပေလေ့လာပြုစုခြင်းတွေဟာ အကျိုးရှိသယောင်နှင့် သူတို့အနောက်တိုင်းသားတွေ အတွက်တော့ တကယ်ကို နောင်တချိန်မှာ သူတို့အကျိုးအတွက် စွန့်ဦးလေ့လာမှုတွေပါပဲ။

ဒါပေမယ့်လည်း အခြားတဖက်က ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာစာပေ၊ မြန်မာသဒ္ဒါ၊ မြန်မာယဉ်ကျေးမှုတွေဟာ ၁၈ရာစုအလယ်ပိုင်း အနောက်တိုင်းသားတွေ လေ့လာမှတ်တမ်းပြုခဲ့ကြလို့လဲ အခုခေတ် ကျွန်တော်တို့ သူတို့ရဲ့ အင်္ဂလိပ်ဘာသာကို လေ့လာသင်ယူတဲ့အခါမှာ အတော်ကိုအကျိုးပြု အထောက်အကူပေးတယ်ဆိုတာတော့ ငြင်းစရာမရှိပါဘူး။

Monday, January 10, 2011

မိုးမိုး (အင်းလျား)၏ စာအုပ်များ



  1. မိုးမိုး (အင်းလျား) - ဂျိုး
  2. မိုးမိုး (အင်းလျား) - စိန်တပွင့်
  3. မိုးမိုး (အင်းလျား) - ညီမလေးကအချစ်ကိုကိုးကွယ်သတဲ့လား
  4. မိုးမိုး (အင်းလျား) - ဘယ်သူလာကူပါ့မယ်
  5. မိုးမိုး (အင်းလျား) - မသုဓမ္မစာရီ
  6. မိုးမိုး (အင်းလျား) - မီးရောင်အောက်ကိုဝင်လျှင်
  7. မိုးမိုး (အင်းလျား) - မှတဆင့်
  8. မိုးမိုး (အင်းလျား) - မြူမှောင်ဝေကင်း
  9. မိုးမိုး (အင်းလျား) - ပျောက်သောလမ်းမှာစမ်းတဝါး
  10. မိုးမိုး (အင်းလျား) - မေတ္တာကမ်းနား အချစ်သစ်ပင်
  11. မိုးမိုး (အင်းလျား) - ဝေဒနာကြာနှီပွင့်
  12. မိုးမိုး (အင်းလျား) - မဂ္ဂဇင်းဝတ္တုရှည်များ
  13. မိုးမိုး (အင်းလျား) - မြန်မာပြည်မှာနေကြသည် ဝတ္ထုတိုများ
  14. မိုးမိုး (အင်းလျား) - ဝတ္ထုတိုများ- ၎
  15. မိုးမိုး (အင်းလျား) - သဇင်ပန်းသုံးခက် ဝတ္ထုတို
  16. မိုးမိုး (အင်းလျား) - ပိုစ်စကဒ်လေးတစ်စောင် ဝတ္ထုတို
  17. မိုးမိုး (အင်းလျား) - မီးရထားဖြင့်ခရီးသွားရခြင်း ဝတ္ထုတို
  18. မိုးမိုး (အင်းလျား) - သိက္ခာရှိတဲ့မုန့် ဟင်းခါး ဝတ္ထုတို

Sunday, December 26, 2010

မြန်မာဝတ္ထုတို(၁၉၁၂ - ၁၉၆၄) ပထမအုပ်

ဒီစာအုပ်ကို မူရင်းတင်ထားတာက Burmese Classic ကပါ။ သူတို့က ဖိုင်တွေခွဲတင်ထားတာပါ။

ကျွန်တော်လဲ အားလုံးကိုဖတ်ရင်းနဲ့မှ တစ်စုတဝေးထဲ ဖြစ်အောင်ပေါင်းလိုက်မယ်ဆိုတဲ့ဆန္ဒနဲ့ ဝတ္တုတိုတွေအားလုံးစုပေါင်းပြီး PDF ထုတ်လိုက်တာပါ။ မူရင်းတင်သူတွေအနေနဲ့ နားလည်မယ်လို့ထင်ပါတယ်။ ရေးသားသူတွေကတော့ -

Thursday, December 23, 2010

ဖေမြင့် - မရဏနုဿတိနှင့် အခြားဝတ္ထုတိုများ

ဖေမြင့် - မရဏနုဿတိနှင့် အခြားဝတ္ထုတိုများ စာအုပ်အသစ်ကလေးပါ။ အွန်လိုင်းမှာ မရှိသေးလို့ ကျွန်တော်ဘာသာ scan ဆွဲပြီး PDF လုပ်ထားတာပါ။

ဒီမှာ ဒေါင်းယူသွားနိုင်ပါတယ်။


Mediafire

Multiupload

Google Docs

ဆက်လက်ကြိုးစားပါဦးမည်။


Saturday, December 18, 2010

အီးဘွတ်လိုက်ဘရီလေး (Offline Ebooks Libery)

ကျွန်တော်မှာရှိတဲ့ သိပ္ပံမောင်ဝ၏ ဝတ္ထုဆောင်းပါးများစာအုပ်လေးကို ဖတ်ချင်သူများအတွက် တင်ပေးလိုက်ပါတယ်။ လိုချင်သူများ ဒေါင်းသွားကြပါ။


ဒီစာအုပ်ပိုင်ရှင် ကျွန်တော်အဒေါ်ဆီက မနည်းတောင်းလာရတာ။ အတော်ကို ဟောင်းနေပြီ။ ကျွန်တောစာတွေ ဖတ်ချင်လာတာကလည်း သူကြောင့်ပါ။ သူက စာအရမ်းဖတ်တယ်။ စာအုပ်တွေစုတာလဲ ဝါသနာပါတယ်။ ဘယ်လောက်ပါသလဲဆို အိမ်ထောင်မပြု အပျိုကြီးဘဝ ရောက်သွားတာသာကြည့်ဗျာ။ တနေ့တနေ့ စာအုပ်နဲ့ မျက်နှာမခွာဘူး။ အလုပ်နားတာနဲ့ စာအုပ်ချည်းဖတ်နေတော့တာပဲ။

သူဆီမှာဆို ဟိုအရင်က စာအုပ်တွေအများကြီးရှိတယ်။ ကျွန်တော်ငယ်ငယ်ကဆို စာအုပ်တွေ ဝယ်မဖတ်ခဲ့ရဘူး။ အဘိုးစုထားခဲ့တာရော၊ အဒေါ်စုဆောင်းထားတဲ့ စာအုပ်တွေရော မနည်းရှိခဲ့တာ။ အခုတော့ အဒေါ်လဲ သူအသက်ကြီးပြီဆိုတော့ သူ့စာအုပ်တွေအပေါ် မခင်တွယ်နိုင်တော့ဘူးလေ။ ဒါကြောင့် သူစာအုပ်အကုန်လုံးကို အဖိုးရဲ့ဇာတိမြေ ညောင်ရမ်းမြို့က အဘိုးကိုယ်တိုင်ထူထောင်ထားခဲ့တဲ့ စာကြည့်တိုက်မှာ အကုန်သွားလှုခဲ့တယ်ဗျာ။

အခုဒီစာအုပ်တောင် မနည်းတောင်းလာရတာ။ အင်တာနက်ပေါ်မှာလဲ မရှိသေးဘူး။ ဒါကြောင့် သူများတွေလဲဖတ်စေချင်လို့ စကန်ဆွဲပြီး တင်လိုက်တာ။ စာတော့ မရိုက်နိုင်လို့ဗျာ။ ကျွန်တော် နောက်ဆို ဖရီးအီးဘွတ် လိုက်ဘရီလေးတစ်ခု လောက်လုပ်ချင်သေးတယ်ဗျာ။

အမိမြေက ဒေါင်းလုပ်လုပ်ဖို့ ခက်နေတဲ့သူတွေကို သူတို့လိုချင်တဲ့စာအုပ်တွေ၊ သူတို့ဖတ်ချင်တဲ့ စာအုပ်တွေကို PDF ဖိုင်အဖြစ်နဲ့ ကျွန်တော့် လိုက်ဘရီလေးဆီကနေ လာရောက်ကူးယူလို့ရအောင်ပေါ့။ အခုလောလောဆယ် ကွှန်တော်ဆီမှာ အွန်လိုင်းကနေ စုထားတဲ့စာအုပ် ၂၀၀၀ ကျော်သွားပြီ။ အခုလောလောဆယ် မြန်မာ EBook တွေပဲ ဦးစားပေးစုဆောင်းနေသေးတယ်။ နောက်မှ အင်္ဂလိပ်စာအုပ်တွေ ဆက်စုမယ်။ ကျွန်တော်လုပ်နိုင်သ၍၊ စုဆောင်းနိုင်သ၍ပေါ့။

ကျွန်တော်ဆီမှာ အခုလောလောဆည်ရှိသမျှ မြန်မာEbook စာအုပ်တွေကို အားတဲ့အချိန်လေးမှာ စာရင်းလုပ်နေတာ။ အတော်ပြီးနေပြီ။ နောက်မှ စာအုပ်စာရင်းကို ပို့တင်တော့မယ်။ မိတ်ဆွေတို့ဆီမှာ ရှိရင်လဲ ရှိတဲ့ အင်္ဂလိပ်၊ မြန်မာPDF Ebookတွေ ဝေမျှချင်ရင် ဝေမျှလို့ရပါတယ်ဗျာ။ chanlinnayblog@gmail.com ဆီသာ ပို့လိုက်ပါနော်။ ကျေးဇူးတင်နေမှာပါ။ လိုချင်သူများရှိလဲ မှာနော်။ ကျွန်တော်မှာရှိတဲ့စာအုပ်ဆို ပို့ပေးလိုက်မယ်။ မေးလ်လေးသာ ပေးခဲ့ပါဗျာ။
Related Posts Plugin for WordPress, Blogger...