Showing posts with label ရွှေဝါရောင်တော်လှန်ရေး. Show all posts
Showing posts with label ရွှေဝါရောင်တော်လှန်ရေး. Show all posts

Thursday, March 1, 2012

ဆရာတော်ဦးဂမ္ဘီရမှ ရွှေဝါရောင်အရေး ဦးတိုက်လျှောက်ထားလွှာ

ဆရာတော်ဦးဂမ္ဘီရမှ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်များထံ ရွှေဝါရောင်အရေး ဦးတိုက်လျှောက်ထားလွှာ


Wednesday, January 6, 2010

မြန်မာ့ လွတ်လပ်ရေးမီးရှူး တန်ဆောင် ဆရာတော် ဦးဥတ္တမ


မြန်မာတစ်မျိုးသားလုံး နယ်ချဲ့လက်အောက်၌ ကျွန်သဘောက်အဖြစ် ကျရောက်နေခိုက်တွင် မြန်မာပြည်သားထဲမှ ရှေးဦးစွာ ရဲရဲဝံ့ဝံ့ အမြော်အမြင်ကြီးကြီးဖြင့် နိုင်ငံရေးမျက်စိကို ဖွင့်ပေးခဲ့သူမှာ ဆရာတော် ဦးဥတ္တမ ဖြစ်သည်။ ထို့ကြောင့် ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် အလွန်တရာကျေးဇူးကြီးမားသူ လွတ်လပ်ရေးမီးရှူး တန်းဆောင်အစစ်ဖြစ်ပေသည်။ လွတ် လပ်မှုကင်းမဲ့သော အမှောင်တိုက်ထဲက တိုင်းပြည်ကို အလင်းဆောင်ဆောင်ကာ လမ်းပြခဲ့သူဖြစ်သောကြောင့် ယနေ့မျက်မှောက် ကာလတိုင် အမှန်တရားဘက်က တိုက်ပွဲဝင်သူများအတွက် အာဇာနည်သူရဲကောင်း ဖြစ်တည်လျှက် ရှိနေပါသည်၊ ဆရာတော် ဦးဥတ္တမကို ၁၈၇၉၊ ဒီဇင်ဘာလ(၂၇)ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၊ ရူပရပ် အဖဦးမြ၊ အမိ ဒေါ်အောင်ကျော်သူ တို့မှ မွေးဖွားခဲ့သည်။ သက်တော် (၁၆) နှစ်အရွယ်တွင် မိဘများက ရှင်သာာမဏေဝတ်ပေးသဖြင့် ရှင်ဥတ္တမဟူသော ဘွဲ့အမည်ကို ရရှိခဲ့ သည်။ နက်နဲသော ပိဋ္ဋကတ်စာပေများကို ပခုက္ကူမြို့ ရေစကြိုတိုက်တွင်လည်းကောင်း၊ အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့တွင် လည်း ကောင်း ဆည်းပူး လေ့လာခဲ့သည်။ အိန္ဒိယနိုင်ငံတွင်ရှိခိုက် အမျိုးသားကောလိပ်တစ်ခုတွင် ပါဠိနှင့် ဗုဒ¨ဘာသာ စာပေဆိုင်ရာ ဧည့် ပါမောက္ခအဖြစ် ဝင်ရောက်ဆောင်ရွက်ခဲ့သည်။ အိန္ဒိယတွင် ဟိန္ဒူမဟာဆပ်ဗာအသင်းကြီး၏ ဥက္ကဌအဖြစ် ရွေးကောက် တင်မြှောက် ခံခဲ့ရသည်။ အိန္ဒိယနိုင်ငံတွင် ၈ နှစ်ကြာမျှ နေခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသို့ ပညာသင်သွားလေသည်။ ပြင်သစ်နိုင်ငံတွင် သင်ကြားနေစဉ် ရုရှား-ဂျပန်စစ်ပွဲ (၁၉ဝ၄-ဝ၅) တွင် ဂျပန်က အင်အားကြီးမားသော ပြိုင်ဘက်ရုရှားကို အနိုင်ရလိုက်သည်ကို တွေ့ရပြီး အာရှတိုက်သား ဂျပန်ကို အထင်ကြီးသွားခဲ့သည်။ ထိုသို့ ဂျပန်စစ်နိုင်သည်ကို နိုင်ငံရေးမျက်စိဖြင့် ကြည့်တတ်သော ဆရာတော် ဦးဥတ္တမသည် မြန်မာအမျိုးသားလုံးအား နိုင်ငံရေးမျက်စိ ဖွင့်ပေးရန် ဆန္ဒပြင်းပြနေခဲ့သည်။ ထိုအချိန်က အာရှသားတို့အတွက် ဂျပန်သည် ဂုဏ်ယူစရာဖြစ်သည်ဟု ဆရာတော်ဦးဥတ္တမက ယုံကြည်သည်နှင့်အညီ ၁၉ဝ၇ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ရန်ကုန်မှ ဂျပန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ ဂျပန်တွင် ၂ နှစ်ကြာ ပညာသင်ကြားခဲ့ပြီး ၁၉ဝ၉ ခုနှစ်၌ ဂျပန်တွင် တရုတ်ပြည် လွတ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသော ဒေါက်တာဆွန်ယက်ဆင်က ဆရာတော်ကို လေး စားခဲ့ပြီး တရုတ်ပြည်သို့ သူနှင့်အတူ လိုက်ခဲ့ရန်ပင့်ခဲ့၍ တရုတ်ပြည်သို့ လေ့လာရေးသွားခဲ့သည်။ ထိုအချိန်ကတည်းက ဦးဥတ္တမသည် အာရှအင်အားကြီးနိုင်ငံများ၏ အရေးပါမှုကို လေ့လာသိရှိ သတိပြုနိုင်ခဲ့သည်။ ၁၉ဝ၆ မေလတွင် ဖွဲ့စည်းခဲ့သော ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓွကလျာဏယုဝအသင်း၏ နိုင်ငံရေးလှုပ်ရှားမှုများ အရှိန်အဟုန်ရရန် ဆရာတော်ဦးဥတ္တမက ဝင်ရောက်အားပေးကူညီခဲ့သည်။ ထိုစဉ်အခါက သူရိယသတင်းစာမှာ ဆရာတော်၏ နိုင်ငံရေးဆောင်ရွက်ပုံ များကို အထူးဇောင်းပေဖော်ပြသော သတင်းစာကြီး ဖြစ်ခဲ့သည်။ “ဒီတိုင်းပြည် သူတစ်ပါးလက်အောက်ခံ ကျွန်နိုင်ငံဖြစ်နေရင် ဒီတိုင်းပြည်က လူမျိုးဟာလည်း ကျွန်လူမျိုး၊ ဒီလူမျိုးကိုးကွယ်တဲ့ ဘာ သာကလည်း ကျွန်ဘာသာ၊ ကျွန်သာသနာဖြစ်မယ်။ ဒါကြောင့် ကျွန်ဘာသာ၊ ကျွန်သာသနာအဖြစ်က လွတ်အောင် သံဃာတော် များ ကျောင်းတွင် ကျိန်းအိပ်မနေပဲ သံဃာ့သမဂ္ဂများဖွဲ့ပြီး ဒီတိုင်းပြည်ဒီလူမျိုး လွတ်လပ်အောင် ဆောင်ရွက်သင့်ကြတယ်” ဟု နှိုး ဆော် ဟောကြားခဲ့သည်။ ဆရာတော်ဦးဥတ္တမ၏ အမြင်ကျယ်ပြန့်မှုနှင့် ညဏ်ကြီးမှုကြောင့် ၁၉၂ဝခုနှစ် ဇူလိုင်လတွင် သံဃာ့သမဂ္ဂ အဖွဲ့ပေါင်း (၃ဝ) ကျော်မှ ကိုယ်စားလှယ်များ အစည်းအဝေးကို ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့သည်။ ၁၉၁၂ခုနှစ်တွင် ဦးဥတ္တမသည် ဂျပန်ပြည်သို့ ပေးပို့သော စာသုံးစောင်အနက် မေလ (၂၁)ရက် နေ့စွဲပါ စာတစ်စောင်တွင် “ဂျပန်ကျွန်းတွင် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ၆ နှစ်စေ့၍ “္စမငာမေပှခ့သသူ (မူလတန်းစာသင်ကျောင်း) မှာ သင်လျှင် ထိုလူကလေး၊ မိန်းကလေးတို့သည် ညကို ၁ဝ နာရီ အိပ်၍ မနက် ၅ နာရီကို အိပ်ယာထရမည်ဟူ၍ အစိုးရမင်းများကပင် ဥပဒေ ပြု၍ထားသည်။ ဦးဇင်းတို့ မြန်မာလူမျိုးတို့ကား အအိပ်၊ အနေ၊ အစား၊ အသောက် အနေအထိုင် အစစအရာရာတို့တွင် စည်းကမ်းနည်းလမ်း မရှိသည့်အတွက်ကြောင့် ပျက်စီးခြင်း မူလဖြစ်ဟန်ရှိကြောင်း” မြန်မာလူမျိုးတို့ကို ကမÇာ့အမြင်ကျယ်စေရန် မီးမောင်းထိုးပြခဲ့သည်။ ဦးဥတ္တမသည် သူ၏ ဂျပန်ပြည်အကြောင်း စာအုပ်တွင် “ငါတို့နိုင်ငံ၊ ငါတို့ မြန်မာလူမျိုး ကြီးပွားမှသာလျှင် ငါတို့ကိုးကွယ်သော ရှင် တော်ဘုရား၏ သာသနာတော်သည်လည်း ကြီးပွားကျော်ဇော၍ ကမÇာပေါ်တွင် ပေါ်လွင်ထွန်းတောက်လာလိမ့်မည်ဟု အထင်ရှိ၍၊ ဂျပန်လူမျိုးတို့၏ လုံးလ၊ ဝိရိယ၊ စည်းကမ်း၊ နည်းလမ်း၊ ထုံးစံ ဘာသာအယူဝါဒ၊ အစားအသောက်၊ အနေအထိုင်၊ အသွားအလာ၊ အပြောအဆို၊ ယဉ်ကျေးခြင်းတို့ကို နည်းခံရအောင်အကြံဖြင့် ၁၉ဝ၇ ခုနှစ်တွင် ဂျပန်ကျွန်းကြီးသို့ သွားကြောင်း” ဖော်ပြထားသည်။ ဆရာတော်ဦးဥတ္တမ၏ ကမÇာ့အမြင်ကျယ်မှုသည် ဗုဒ္ဓွသာသနာ ထွန်းပြောင်ရေးကိုသာမက မြန်မာအမျိုးသားလုံးအတွက် နိုင်ငံရေး အသိဉာဏ်နိုးကြားမှုကိုပါ ဖြစ်စေခဲ့သည်။ ၂ဝဝ၇နှစ် စက်တင်ဘာ သံဃာလှုပ်ရှားမှုကို ဦးဆောင်ရာတွင် ပါဝင်ခဲ့ပြီး၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၏ ဦးဆောင် ဆရာတော်တစ်ပါးဖြစ်သော အရှင်ဣဿရိယက “ဆရာတော်ဦးဥတ္တမ၏ မြန်မာ တစ်မျိုးသားလုံးအပေါ်ထားတဲ့ မေတ္တာ၊ စေတနာနှင့် စွမ်းဆောင်ရည်ဟာ အလွန်လေးစားလောက်ပါတယ်။ နယ်ချဲ့ လက် အောက် က မြန်မာတစ်မျိုးသားလုံး ကြောက်ရွံ့ထိတ်လန့်နေချိန်မှာ ဆရာတော်ဟာ နိုင်ငံတကာ လှည့်လည်ပြီး သူရရှိလာတဲ့ အသိ တရား တွေကို လူ့အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ တင်ပြပြောဆိုခဲ့သူ ဖြစ်တယ်။ ဒါကြောင့် မြန်မာတစ်မျိုးသားလုံး နိုင်ငံရေး အသိ တရား နိုးကြားလာခဲ့ကြတာ” ဟုမိန့်ဆိုသည်။ ၁၉၂ဝ ပြည့်နှစ် ဒီဇင်ဘာလတွင် ဦးဥတ္တမ နိုင်ငံရေးမျိုးစေ့ချပေးခဲ့သော အဟုန်ကြောင့် တက္ကသိုလ်ကျောင်းသားများ သပိတ် စတင်မှောက်ကြသည်။ ထိုသို့ မြန်မာပြည်သူများ မကျေမနပ်ဖြစ်နေကြသော်လည်း မိမိတို့၏ ဆန္ဒကို ဖွင့်ဟ ထုတ်ပြခြင်း မပြုဝံ့ ဖြစ်နေချိန်တွင် ဆရာတော်က ဘုရင်ခံ ကရက်ဒေါက်ထံ စာတစ်စောင် ရေးပို့လိုက်သည်။ ထိုစာမှာ “ ဆာရယ် ဂျီနယ် ကရက်ဒေါက် မင်း- မြန်မာပြည်က ထွက်သွား” ( ဃမေိသခု ,ွနအ သကအ ) ဟူ၍ ဖြစ်သည်။ အဆိုပါနှင်စာကို သူရိယ သတင်းစာက ထည့် သွင်းဖော်ပြခဲ့ရာ တစ်တိုင်းပြည်လုံး မျက်လုံးပြူးအံ့အားသင့်ခြဲ့ ကရသည်။ ဆရာတော် ဦးဥတ္တမ သတင်းသုံးခဲ့သော ဂျပန်နိုင်ငံ နဂိုယာမြို့ရှိ အိမ်ကို သွားရောက်လည်ပတ်ခဲ့သော အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်၏ အတွင်းရေးမှုး ဆရာတော်ဖြစ်သော အရှင်သောပါက “ဦးဇင်းအနေနဲ့ အမှတ်တမဲ့ ရောက်ခဲ့တာပါ။ ဒါပေမဲ့ ဒီပြတိုက်အိမ်ကြီးကို တွေ့လိုက်ရတဲ့ အခိုက်မှာ၊ ဘုရင်ခံကရက်ဒေါက် ထွက်သွား (ဃမေိသခွုနအ သကအ) ဆိုတဲ့ မောင်းထုတ်လိုက်တဲ့အသံကြီးကို ပြန်ကြားယောင်မိတယ်။ ဒီတစ်မျိုးသားလုံး ကြောက်ရွံ့နေရတဲ့ ဘုရင်ခံချုပ်ကို မောင်းထုတ်ရဲတဲ့ ဆရာတော်ရဲ့ ရဲရင့်ပြတ်သားလှတဲ့ မိန့်ကြားသံဟာ မြန်မာတစ်မျိုးသားလုံး ကြောက်ရွံ့မှုကြောင့် ငုပ်လျှိုးနေတဲ့စိတ်ကို နိုးထစေ ခဲ့သည်။ အကြောက်တရားဆိုတဲ့ အမှောင်ထုကြားမှာ မကြောက်တရားဆိုတဲ့ အလင်းရောင်ကို ဆောင်ကြဉ်းနိုင်ခဲ့တယ်” ဟု မိန့်ပါသည်။ ဤစာကြောင့် မြန်မာလူမျိုးများအတွင်းတွင် မီးခဲပြာဖုံးဖြစ်နေသည့် လွတ်လပ်ရေးစိတ်၊ အမျိုးသားစိတ်ဓါတ်ကို တပ်လှန်နှိုးဆော် ပေးလိုက်သလို ဖြစ်သွားသလို ဇာတိသွေး၊ ဇာတိမာန်လည်း တတ်ကြွလာသည်။ ဆရာတော် ဦးဥတ္တမသည် ၁၉၂၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ဆူးကလပ်ကျေးတရွာတွင် “လိပ်အခွံ ခွာရမည်” ဟူသော ခေါင်းစဉ် ဖြင့် တရားဟောပြောမှုကြောင့် မတ်လ ၃ဝ ရက်နေ့တွင် အစိုးရအကြည်ညိုပျက်အောင် တရားဟောသည်ဟုဆိုကာ ရာဇသတ် ဥပဒေ ပုဒ်မ ၁၂၄ (က) အရ ကျောင်းကုန်းမြို့နယ်တွင် ဖမ်းခဲ့သည်။ ဆရတ်ာသည် မြန်မာပြည်တွင် နိုင်ငံရေးမှုဖြင့် ပထမဆုံး အပြစ်ပေး ခံရသောသူဖြစ် သည်။ ထိုသို့မြန်မာပြည်သူအားလုံးအတွက် ကိုယ်ကျိုးစွန့်ကာ နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့သူဖြစ်သည်။ ၁၉၂၄ ခုနှစ် အောက်တိုဘာလတွင် မြို့လုံးကျွတ်အစည်းအဝေးကြီးခေါ်၍ “အစိုးရလုပ်တာမကောင်းလျှင် မကောင်းဟု ဝေဖန်ခွင့်ဟာ လူ့အခွင့်အရေးပဲ၊ ဒီအခွင့်အရေး ဟာ ငါတို့မှာရှိတယ်။ ဒါကြောင့် ငုံ့မခံနဲ့”ဲ စသော အစိုးရဆန့်ကျင်ရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး တရားကို ဟောပါတော့ သည်။ ဤသို့ဟောပြောပြီး ၇ ရက်အတွင်းမှာပင် ဆရာတောကို အစိုးရကို ဆန့်ကျင်ပြီး အကြည်ညိုပျက်ပြားအောင် လှုံ့ဆော်သည် ဟုဆိုကာ ရန်ကုန်တွင် ဖမ်းဆီးခဲ့သည်။ ဆရာတော်သည် အလုပ်ကြမ်းနှင့် ထောင်ဒဏ် သုံးနှစ် ဒုတိယအကြိမ် အပြစ်ပေး ခံခဲ့ရ ရှာသည်။ ဦးဥတ္တမသည် ၁၉၂၇ ဖေဖော်ဝါရီလတွင် ၃နှစ်အကျဉ်းကျခံဘဝမှ လွတ်မြောက်လာပြီး မတ်လ (၂ဝ)ရက်နေ့၌ ပဲခူးမြို့တွင် ကျင်းပသော သံဃာတော်များသြဝါဒခံ ဦးစိုးသိမ်းကြီးမှူးသော မြန်မာအသင်းချုပ်ကြီး (ဂျီစီဘီအေ)၏ ၁၄ ကြိမ်မြောက် အစည်း အဝေးသို့ တတ်ရောက်ပြီး သင်္ကန်းရုံကိုဖယ်၍ ထောင်ဝတ်ထောင်စားဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။ ဦးစိုးသိမ်းက “ပရိသတ်များမြင်ရဲ့လား။ မျက်ရည်ကျရုံနှင့် အိမ်ပြန်သွားရော့လား။ အများကြီးအရေးကြီးသည်။ ယခု မျက်ရည်ကျ ခြင်းဟာ အမျိုးသားရေးအတွက် မျက်ရည်ကျခြင်းဖြစ်သည်။ သာသနာတော်ကြောင့် မျက်ရည်ကျခြင်းဖြစ်သည်။ ဘုရားရှင် ခွင့်ပြုသောသင်္ကန်းကို ချွတ်၍ အာဏာတန်ခိုးဖြင့် ဦးဥတ္တမကို ညှဉ်းပမ်းနှိပ်စက်သည်။ ယနေ့ ယခု အချိန်ကစ၍ မိမိအသက်ကို မငဲ့ဘဲ ဆောင်ရွက်ရမည်” ဟု ငို၍ပြောလေသည်ဟု စစ်ကိုင်းဟန်တင်၏ မြန်မာနိုင်ငံတော်မှတ်တမ်း (၃) တွင် ဖော်ပြထားသည်။ ဆရာတော်ဦးဣဿရိယက “ဆရာတော် ဦးဥတ္တမဟာ လောကီ၊ လောကုတ္တရာ နှစ်ဖြာကို သူရရှိထားတဲ့ လောကအမြင်၊ ခေတ်အ မြင်နဲ့ပေါင်းစပ်ပြီး နိုင်ငံသားအားလုံး၏ အကျိုးကိုရှေးရှုပြီး လမ်းညွှန်ဖော်ဆောင်နိုင်ခဲ့တယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ အမြင်ကျယ်ရမယ်။ တာဝန်ယူရဲရမယ်။ ခေတ်ကာလကို လွှမ်းခြုံမြင်ရမယ်၊ ကျဉ်းမြောင်းတဲ့ အစွဲတွေကိုဖယ်ပြီး လက်အောက် ငယ် သားအပေါ် အမြင်တွေကျယ်စေဖို့၊ အသိတရားတွေ ကြွယ်စေဖို့ လုပ်နိုင်ရမယ်။ ယခုဆို သာသနာဟာ စစ်အာဏာစက် အောက် ရောက်နေပြီ။ ဒါကြောင့် ဗုဒ္ဓြွရဲ့ဓမ္မစက်အောက် ပြန်ရောက်ဖို့ ဦးဥတ္တမလို ရဲဝံ့ပြီး အမြင်ကျယ်တဲ့ သံဃာတော်တွေ အများကြီး လိုအပ်တယ်”လို့  မိန်းကြားပါတယ်။ တိုင်းပြည်နှင့် လူမျိုးအတွက် မိမိတွင်ရှိသမျှ ဉာဏ်အား ခွန်အားများကို အစွမ်းကုန်ထုတ်သုံးခဲ့သော ဆရာတော် ဦးဥတ္တမသည် လွတ်လပ်ရေးမရမီ (၉)နှစ်အလို ၁၉၃၉ခုနှစ်တွင် ပျံလွန်တော်မူခဲ့ပေသည်။ ဆရာတော်ပျံလွန်တော်မူသည့်နေ့ကို ထိုစဉ်ကရှိခဲ့သော ပြည်သူ့လွှတ်တော်က “ဦးဥတ္တမနေ့” အဖြစ် တရားဝင် သတ်မှတ်ကြေညာပေးခဲ့သည်။ ရွှေတိဂုံ ခြေတော်ရင်း တော်ဖက်မုခ်အနီးရှိ ကန်တော်မင်ပန်းခြံကိုလည်း “ဦးဥတ္တမ ပန်းခြံ” အဖြစ်သတ်မှတ်ပေးခဲ့သည်။ အလားတူ စစ်တွေမြို့တွင်လည်း ဦးဥတ္တမပန်းခြံ တခု ပြုလုပ်ပေးခဲ့ပါသည်။ သို့သော် ဝမ်းနည်းဖွယ်ကောင်းသည်ကား ကိုလိုနီလက်အောက်ရှိ လွှတ်တော်က “ဦးဥတ္တမနေ့”ဟု သတ်မှတ် ကာ ဂုဏ်ပြုခဲ့ကြသော်လည်း လွတ်လပ်ပြီးနောက် မြန်မာအာဏာရှင်များ လက်ထက်တွင် ဆရာတော်၏ ကျေးဇူးတရားကို အသိ အမှတ်မပြုဘဲ မျက်ကွယ်ပြုထားခြင်းပင်ဖြစ်ပေသည်။ အာဏာရှင်များနည်းတူ ဆရာတော်ချခဲ့သော မျိုးစေ့မှ ဖူးပွင့်လာကြသည့် နိုင်ငံရေးအဝိုင်းအဝန်းတွင်လည်း ဆရာတော်၏ ဂုဏ်ကျေးဇူးကို အောက်မေ့ရမှန်း ဂုဏ်ပြုရမှန်းမသိသူ များနေသည်ကို မယုံကြည် နိုင်ဖွယ် တွေ့မြင်နေရသည်။ မည်သို့ပင်ဆိုစေ ထိုကဲ့သို့ အဓမ္မမှုကို ရဲရဲဝံ့ဝံ့ တော်လှန်ပြီး အမျိုး ဘာသာ၊ သာသနာ အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော ကျေးဇူးရှင် အာဇာနည်ဆရာတော် ဦးဥတ္တမအား နောင်လာနောင်သားအားလုံး အမြဲတစေ သတိရ အားကျဂုဏ်ယူတတ်စေရန် အတွက်လည်းကောင်း။ မြန်မာနိုင်ငံလွတ်လပ်ရေးနှင့် လူ့အခွင့်အရေးအတွက် အနစ်နာခံပြီး နိုင်ငံရေး အသိအမြင် နိုးကြား လာအောင် ဆောင်ရွက်ပေးခဲ့သော ကျေးဇူးကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း။ ဆရာတော်၏ ကျေးဇူးကိုသိတတ်သူများ ကြည်ညိုသူများက စက်တင်ဘာလ (၉)ရက်နေ့ကိုရောက်တိုင်း ပြည်တွင်းပြည်ပတွင် ကျင်းပကြသည်။ အလင်းဆက်

Sunday, September 20, 2009

ရွှေဝါရောင်တော်လှန်ရေး ဒုတိယနှစ်ပတ်လည်

2nd Anniversary of Saffron Revolution





The Buddhist monks led the Saffron Revolution took place in Burma in 2007. As the second anniversary of the September Saffron Revolution draws closer, the military regime has beefed up tight security in major pagodas and monasteries in Rangoon.

Tuesday, October 7, 2008

အနာဂတ်မှာပြောမယ့်ကျုပ်တို့သမိုင်း

ဆရာတော်ဘုရားပြောသလိုပဲ
နိုင်ငံလည်း ... အထက်ကပြာပုံ
အောက်ကအမှိုက်ပုံဖြစ်နေပြီ။

သန်းရွှေကဘုရင်ရူး ရူးတယ်
မောင်အေးကအမြဲတမ်းမူးတယ်...
အရူးနဲ့အမူးဖျက်ဆီးလို့
စိတ်ဓါတ်တွေလည်းပျက်စီးကုန်ပြီ။

ပေါင်မုန့်မရှိရင်ကိတ်မုန့်စားလို့ပြောတဲ့
မေရီအင်တွိုင်းနက် ကတောင်
တိုင်းသူပြည်သားတွေကို
စားစေချင်တဲ့စေတနာရှိသေးတယ်...
ကျုပ်တို့မိဖုရားကြီးကြိုင်ကြိုင်ကို
အဲဒီလိုသွားပြောကြည့်
'ငတ်ကြပလေ့စေ' လို့ပြောမှာ။

ဈေးကွက်စီးပွားရေးစနစ်ဆိုတာ
ဗိုလ်ချုပ်ကြီးမိသားစုဝင်တွေနဲ့
သူတို့ရဲ့ပါတနာတွေ
ဝေစုခွဲယူတဲ့စနစ်ကိုပြောတာ။

အဆင့်မရှိတဲ့ခပ်ညံ့ညံ့ပီအိတ်ခ်ျဒီတွေကို
ကျောင်းအုပ်တွေပါမောက္ခတွေခန့်ပြီး
ကျောင်းသားတွေကိုစိတ်ဓါတ်ကင်ဆာဖြစ်စေတဲ့
ပညာရေးစနစ်လည်းရှိတယ်။

လက်ညောင်းခံပြီးလက်ညှိုးထိုးမနေနဲ့
ဘယ်သူတွေတရားခံလဲဆိုတာ
တစ်ကမ္ဘာလုံးကသိတယ်။

ကိုအငဲရဲ့ သီချင်းထဲကလို
အချိန်တိုင်းလူ့သမိုင်းများရေးမှာပဲ...
ကျုပ်တို့ခေတ်သမိုင်းမှ
ရာဇ၀င်ရိုင်းရတော့မှာလား?
အနာဂတ်မှာရေးမယ့်ကျုပ်တို့သမိုင်းကို
ဘယ်လိုအက္ခရာတွေတင်စေချင်လဲ?

ကဲ... ရဲဘော်တို့
ပြောတာ ဖောတာလေးတွေ နဲနဲလျှော့
စစ်မှန်တဲ့ဒီမိုကရေစီပန်းတိုင်ကို
တကယ့်လက်တွေ့ဘ၀ထဲကနေ
ရဲရင့်စွာတိုက်ပွဲဝင်ကြပါစို့။ ။

နွေဆူးအလင်္ကာ

Monday, September 29, 2008

ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်

One Year Anniversary of Saffron Revolution (VOA Burmese)



A year ago, Burmese monks stood up against the military regime, but peacefully and with compassion the country's political conflicts should be resolved. The regime responded violently.

Thursday, February 14, 2008

အင်အာကြီးမားသော ဗုဒ္ဓ၏သံဃာအဖွဲ့အစည်း




ကာမဂုဏ်မခံစားဘဲ တရားအားထုတ်နေသော သူတို့ကို(ဗုဒ္ဓသံဃာ) သူတော်သူမြတ်များ အဖြစ် ယခုခေတ် လူတို့က အသိအမှတ်ပြုကြသော်လည်း ထိုပုဂ္ဂိုလ်တို့၏ ကျင့်စဉ်သည် ဤကမ္ဘာ၊ ဤလူ့ဘုံနှင့် အံမ၀င်၊ ခွင် မကျသော်လည်း သူတို့၏ ၀ါဒသည်လည်း ကြာရှည်လေးမြင့်တည်တံ့မည်ဟု လူတို့ယုံကြည်ကြ၏။ သို့ရာတွင် ဤ ယုံကြည်ချက်မှာ သမိုင်းဖြစ်ရပ်များနှင့် ဆန့်ကျင်လျက်ရှိ၏။

ဗုဒ္ဓသံဃာသည် လူ့သမိုင်း၌ အသက်အရှည်ဆုံးအဖွဲ့ဖြစ်၏။ စစ်တပ်သင်္ဘောနှင့် တရားသူကြီးများဖြင့် ကာ ကွယ်စောင့်ရှောက်ခဲ့သော ကမ္ဘာ့အင်ပါယာ နိုင်ငံကြီးများသည် နှစ်ပေါင်းသုံးရာထက် ပို၍ မတည်တံ့ခဲ့ချေ။ လောဘ၊ ဒေါသနှင့် မောဟ ပေါ်၌တည်ဆောက်ထားသော ထိုအင်ပါယာကြီးများသည် ပျက်စီး ပျောက်ကွယ် ခဲ့ သော်လည်း ခြိုးခြံစွာကျင့်မှု၊ သတ္တ၀ါများကို ကြင်နာသနားမှု၊ စိတ်နှိမ့်ချမှု၊ ဘာဝနာပွားများမှု စသော လူ အများ အထင်အမြင်သေးသည့်ကျင့်စဉ်ဖြင့် မထင်ရှား၊ ဗုဒ္ဓသံဃာသည်ကား နှစ်ပေါင်း ၂၅၀၀ ကျော်တည်မြဲခဲ့ ၏။ ဤအချက်ကို ထောက်ချင့်၍ အင်ပါယာကြီးများ၏ နောက်ကွယ်ရှိ ဒဿန အတွေးအမြင်မှာ အလွန်တိမ် ၍ ဗုဒ္ဓသံဃာ၏ အခြေခံတရားမှာ နက်နဲသည်ဟု ကျွန်ုပ်တို့သိရှိနားလည်ကြရပေမည် ဟု ဥရောပ ဗုဒ္ဓစာပေ ပညာရှင် ဒေါက်တာ Edward Conze ၏ Buddhism – It’s Essence and Development စာအုပ်တွင် ရေး သား ထားသည်။

ဗုဒ္ဓ၀ါဒသည် အာဏာဖြင့် ဦးစီးဆောင်ရွက်မှုစနစ်၊ အမိန့်ပေးစနစ်ကိုပယ်၍ လွတ်လပ်စွာ ဆင်ခြင်သုံးသပ်မှု၊ လွတ်လပ်စွာ ယုံကြည်မှုကို အားပေးသောဝါဒဖြစ်၏။ ဤအယူသည်သာမှန်၍ အခြားအယူအားလုံးသည် အချည်းနှီးဖြစ်သည်ဟု မထင်မှတ်သင့် ဟူသော ဗုဒ္ဓဩ၀ါဒကို လက်ခံထားသောသူ၏ လွတ်လပ်စွာ တွေးခေါ်ယုံကြည်ခွင့်လို လေးစားရပေမည်။

ဗုဒ္ဓ၏သံဃာအဖွဲ့အစည်း ယခုကဲ့သို့ နှစ်ပေါင်းနှစ်ထောင်ကျော်ရှည်ကြာရခြင်းမှာဗုဒ္ဓသည် သံဃာကိစ္စများကို ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် အလေးအနက်ဟော၏။ ဗုဒ္ဓလိုလားသော ညီညွတ်မှုသည် အခုခေတ် လူများ နားလည်သော အများစုညီညွတ်မှုမဟုတ်ပေ။ ရဟန်းဦးရေနည်းပါးသော၊ သံဃာ၏သမိုင်းဦးခေတ်နှင့် ဆီလျော်သော ကျပ်ပြည့်တင်းပြည့် ညီညွတ်မှုမျိုးဖြစ်၍ သံဃာ၏ ဥပုသ်ပြုမှုနှင့် ပတ်သတ်သော ညွှန်ကြားချက်များ၌ အထင်အရှားတွေ့ရ၏။

တသွေး၊ တသံ၊ တမိန့်စနစ်ကို ဆန့်ကျင်၍ လွတ်လပ်စွာ ယုံကြည်မှုကိုအားပေးသော ဗုဒ္ဓသံဃာသည် ဒီမိုကရေစီဝါဒကို ထိန်းသိမ်းစောင့်ရှောက်သောအဖွဲ့ဖြစ်၏။ အာဏာရှင်စနစ်ကြီးစိုးသော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အဖိနှိပ်ခံ နိုင်ငံသားတို့၏ မှီခိုအားထားရာဖြစ်၍ ပုဂ္ဂလိကလွတ်လပ်မှုလွန်ကဲပြီး တဘက်စွန်းရောက်နေ သော နိုင်ငံကြီးများ၌မူ ဗုဒ္ဓ၏ အလယ်လမ်းစဉ်ကို ဖော်ညွှန်းသော အဖွဲ့ဖြစ်၏ ဟု ဦးအေးမောင် ၏ ဗုဒ္ဓ နှင့် ဗုဒ္ဓ၀ါဒ စာအုပ်တွင် ဆိုထားသည်။

ဗုဒ္ဓသံဃာအဖွဲ့၏အခြားထူးခြားသောအကြောင်းတခုမှာ သံဃာအဖွဲ့၌ ရဟန်းတို့၏ ပုဂ္ဂလိကလွတ်လပ်မှုကို ထိပါးချုပ်ချယ်မည့် အာဏာရခေါင်းဆောင်ပုဂ္ဂိုလ်မရှိခြင်းဖြစ်၏။

ဗုဒ္ဓနှင့် သံဃာ၏ဆက်ဆံမှုကို ဘုရင်နှင့် တိုင်းသူပြည်သားတို့၏ ဆက်ဆံမှုနှင့်ပုံခိုင်းခြင်းသည် မှား၏။ အဘယ်ကြောင့်ဆိုသော် ဘုရင်သည် နိုင်ငံလူထု၏ ဦးစီးခေါင်းဆောင်ဖြစ်၍ဗုဒ္ဓသည်ကား သံဃာက မိမိအား ဦးစီးခေါင်းဆောင်အဖြစ် စွဲမှတ်ထားခြင်းကို မလိုလားချေ။
အာနန္ဒာ… ငါသာလျှင် သံဃာကို ဦးစီးခေါင်းဆောင်ပြုအံ့၊ သံဃာသည် … ငါသာလျှင်အားကိုးရန်ရှိလတ္တံ ဟူသော စိတ်ဆန္ဒသည် ငါဘုရား၌မရှိ ဟု မဟာပရိနိဗ္ဗာနသုတ် တွင် ဟောကြားထားသည်။

ပုဂ္ဂိုလ်ကိုးကွယ်မှုစနစ် (သို့) အာဏာရှင်စနစ်သည် ဗုဒ္ဓ၏အလိုဆန္ဒနှင့်လုံးဝဆန့်ကျင်သော စနစ်ဖြစ်၏။ သူမိုက်သည် မိမိ၌မရှိသော ဂုဏ်သတင်းကိုလည်းကောင်း၊ ရဟန်းတို့၏ဦးစီးခေါင်းဆောင်အဖြစ်ကိုလည်း ကောင်း၊ ကျောင်း၌အစိုးရခြင်းကိုလည်းကောင်း၊ လူပရိသတ်၏ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏ - ဟုလည်း ဓမ္မပဒ ဂါထာ ၇၃ တွင် ဟောခဲ့ပါသည်။

ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် ဘိက္ခုသံဃာသည် ဗုဒ္ဓအလိုဆန္ဒ နှင့်အညီခေါင်းဆောင်ပုဂ္ဂိုလ်မရှိသော ဘာသာရေးအဖွဲ့ဖြစ်လာ၏။

ဝဿက၀ရပုဏ္ဍားအား အရှင်အာနန္ဒာ၏ မိန့်ကြားရာတွင် ပုဏ္ဍားကြီး ငါဘုရားကွယ်လွန်သောအခါ ဤရဟန်း သည် သင်တို့၏ ကိုးကွယ်စရာ ဖြစ်လတ္တံဟု ဘုရားရှင် ထားအပ်သော တပါးသော ရဟန်းမျှသည် မရှိ ဟု ဆိုခဲ့သည်။

သို့ဖြစ်၍ ဗုဒ္ဓသံဃာအဖွဲ့၌ သူတပါးအား အမိန့်ပေးနိုင်သောအာဏာရခေါင်းဆောင်ပုဂ္ဂိုလ်မရှိ၊ သံဃာ့ကိစ္စများကို စီမံဆောင်ရွက်ရန် သံဃာက တာဝန်လွှဲအပ်ထားသောပုဂ္ဂိုလ်များရှိသည်မှန်၏။ သို့ရာတွင် ထိုပုဂ္ဂိုလ် သည် မိမိသဘောဆန္ဒအလျောက် ပြုခြင်းမဟုတ်ဘဲ သံဃာ၏ကိုယ်စားပြုမူဆောင်ရွက်ခြင်း ဖြစ်ကြောင်း အထူးသတိပြုရ၏။

ထိုရဟန်းသည် တဖန်သံဃာ၏ အမှုတို့၌ စွမ်းနိုင်၏။ သံဃာ၏ကိစ္စတို့၌ ကောင်းစွာခံယူ၏။ ရဟန်းအပေါင်းက စေသည်ရှိသော် လိုက်နာ၏။ ထိုသို့လိုက်နာသဖြင့် ငါပြု၏ ဟူ၍ မထေမဲ့မြင်မပြုရ ဟု မဟာဝဂ္ဂက္ခန္ဓက သုတ်၌ ဟောကြားခဲ့ပါသည်။

ဗုဒ္ဓသည် စစ်မှန်သော ဓမ္မသဘောကိုသာ လက်ခံကျင့်သုံးသူဖြစ်သည်နှင့်အညီ ဗုဒ္ဓသံဃာအဖွဲ့ကိုလည်း ဓမ္မတရားသဘောအရသာဖွဲ့စည်းထားသည်။ ဥပဇ္ဇျာယ်ဆရာသည် တပည့်ထက် ရဟန်းဝါကြီး၍ တတ်သိလိမ္မာသည်မှန်သော်လည်း စင်စစ်အမြဲအပြစ်ကင်းသောသူ မဟုတ်ရကား လမ်းမှားနေသော ဆရာအား အမှန်ကိုညွှန်ပြရန်မှာ တပည့်၏ ၀တ္တရားဖြစ်ကြောင်း ၀ိနည်းပိဋ္ဋကတ်၌ ပြဆိုထား၏။

ဆရာသည် မမွေ့မလျော်ခြင်းဖြစ်ကြအံ့၊ တပည့်သည် ဆရာအား အရပ်တပါးသို့ကိုယ်တိုင်ခေါ်ဆောင်သွားရမည်။ သူတပါးကိုသော်လည်းကောင်းခေါ်ဆောင်သွားစေရမည်။ ဆရာအား တရားစကားကိုမူလည်း ဟောပြောရမည်။ ဆရာအား တွေးတောမှု သံသယ ကုက္ကုစ္စဖြစ်အံ့၊ တပည့်သည်ပယ်ဖျောက်ရမည်။ ဆရာသည် မှားသောအယူ ယူငြားအံ့၊ တပည့်ကဖြေရှင်းရမည်။ တရားစကားကိုမူလည်း ဟောပြောရမည်ဟု မဟာဝက္က၊ မဟာခန္ဓက သုတ်တွင် ဟောခဲ့သည်။

ဝိနည်းပါဠိတော်များကို ထောက်ချင့်၍ ဗုဒ္ဓသံဃာအဖွဲ့တွင် ဆရာနှင့် တပည့်၏ဆက်ဆံမှုသည်ပင် အထက်နှင့် အောက် ဆက်ဆံမှုမျိုးမဟုတ်ဘဲ အတူနေမိတ်ဆွေနှစ်ဦး၏တန်းတူရည်တူဆက်ဆံမှုမျိုးဖြစ်ကြောင်း သိအပ်၏။ ဤသို့ အဆင့်အတန်းခွဲခြားမှုမရှိခြင်း၊ မည်သူ့ကိုမျှအာဏာအပ်နှင်းမထားဘဲ အဖွဲ့ဝင်အားလုံး လွတ်လပ်မှုရှိခြင်းသည် ဗုဒ္ဓသံဃာ၏ ထူးခြားသော လက္ခဏာ ဖြစ်သည်။

ဘီစီခြောက်ရာစုခေတ် အိန္ဒိယနိုင်ငံ၏ နိုင်ငံငယ်များ၌ခတ္တိယခေါင်းဆောင်တို့သည် မကြာခဏ စည်းဝေး၍ တိုင်ပင်ဆွေးနွေးခြင်း၊ မဲဆန္ဒဖြင့် ဆုံးဖြတ်ခြင်းစသောဒီမိုကရေစီနည်းများဖြင့် တိုင်းရေးပြည်မှုကိစ္စများကို စီမံဆောင်ရွက်ကြ၏။ မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓက၀ဇ္ဇီမင်းတို့သည် မကြာခဏ အညီအညွတ်စည်းဝေး၍ တိုင်းရေးပြည်မှုကိစ္စများကို ဆောက်ရွက်ကြသည့် နည်းတူ ရဟန်းတို့သည်မကြာခဏစည်းဝေး၍ သံဃာကိစ္စများကို အညီအညွတ်ဆောင်ရွက်နေကြသမျှကာလပတ်လုံးကြီးပွားတိုးတက်ရန်ရှိကြောင်း မိန့်ကြား
သောစကားကို သတိပြုအလေးထားသင့်ပေသည်။

ထို့အပြင် ဗုဒ္ဓ၀ါဒနှင့် ဗုဒ္ဓသံဃာအဖွဲ့သည် ဘုရင်များအုပ်စိုးသော ကောသလ၊မဂဓ စသည့် နိုင်ငံကြီးများ၌ လည်းထွန်းကားခဲ့၏။ သို့စဉ်လျက် ဗုဒ္ဓသံဃာ၌ ဘုရင်ကဲ့သို့သော အာဏာပါဝါပိုင်ပုဂ္ဂိုလ်မရှိခြင်းသည် ဗုဒ္ဓကိုယ်တိုင်က လွတ်လပ်မှုကို နှစ်သက်မြတ်နိုး၍ ရဟန်းတို့၏ ပုဂ္ဂလိကလွတ်လပ်မှုကို အားပေးလိုပြီး အာဏာစက်ကို မလိုလားကြောင်း မှတ်ယူလိုက်သည်။

ဗုဒ္ဓသံဃာအဖွဲ့သည် တသွေး၊ တသံ၊ တမိန့် စနစ်ကို ဆန့်ကျင်၏။ ဗုဒ္ဓ၀ါဒသည် လူတိုင်း၏လွတ်လပ်စွာ ယုံကြည်တွေးခေါ်မှုကိုလေးစား၏။ မိမိအယူကိုမြှင့်တင်၍အခြားအယူအားနှိမ့်ချခြင်း၊ ဖိနှိပ်ခြင်းကိုတားမြစ်၏။ ရဟန်းသည် အလိုနည်း၍ သားမယားနှင့် ကိုယ်ပိုင်ပစ္စည်းဥစ္စာ သံယောဇဉ်လည်းမရှိရကား စဉ်းစားတွေးခေါ် ၍ အမှန်တရားကို ရှာကြံရာ၌ များစွာလွတ်လပ်၏။စင်စစ်ကမ္ဘာ့ဘာသာဝါဒသမိုင်း၌ ဗုဒ္ဓသံဃာသည် ဒီမိုကရေစီနှင့် လွတ်လပ်မှုကို အများဆုံး ဦးစားပေးသော ဘာသာရေးအဖွဲ့ဖြစ်ကြောင်းယုံမှားဖွယ်မရှိပေ။

ဗုဒ္ဓအလိုအရ ရဟန်းသံဃာသည် နိုင်ငံအုပ်ချုပ်သော မင်း၊ မှူးမတ်၊၀န်ကြီးတို့နှင့် ဆက်ဆံရာ၌ အထူးဆင်ခြင် ရ၏။ ဗုဒ္ဓသည် မင်း၏ နန်းတော်သို့ ရဟန်းတို့မကြာခဏ သွားလာခြင်း၏အပြစ်ကို ဟောကြားခဲ့၏။ စစ်တပ် များ စစ်ရေးပြခြင်း၊ စစ်ချီတက်ခြင်းကိုကြည့်ရှုသော ရဟန်းသည်ပါစိတ်အာပတ်သင့်၏။ စင်စစ် သံဃာအဖွဲ့ များသည် နိုင်ငံအစိုးရတို့၏ အားပေးကူညီမှုကို မရရှိပါကကြာရှည်တည်တံ့မည်မဟုတ်ချေ။

ရှေးအိန္ဒိယ သက္ကတ ဥပဒေကျမ်းများ၌ သံဃာအဖွဲ့အစည်းတို့၏စည်းမျဉ်းဥပဒေများကို ဘမယဥပဒေဟုခေါ် ၍ ယင်းတို့ကို ဘုရင်များက ကာကွယ်စောင့်ရှောက်ရမည်။ ဖောက်ဖျက်သူများအားအရေးယူမည်ဟုဆို၏။

အုပ်စိုးသူမင်းကောင်းမင်းမြတ်များကသာ သာသနာအကျိုးနှင့်ဗုဒ္ဓသံဃာအဖွဲ့ကြီး စည်ပင်တိုးတက်ပြီးသူတော် ကောင်းတရားများအတွက် ကာကွယ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ထို့ကြောင့် ဗုဒ္ဓသည် အုပ်စိုးသူ အစိုးရ မင်းတို့၏ အကျင့်သီလ ကောင်းမွန်ရေးကိုအလေးပေးသောအားဖြင့် မင်းကောင်းမင်းမြတ်တို့ကျင့်အပ်သော ( ရာဇဓမ္မ ) တရား ၁၀ ပါးကို ဟောကြားခဲ့ပါသည်။

စက္က၀တ္တီသီဟနန္ဒသုတ် တွင် မင်းကောင်းအစိုးရကောင်းတို့မည်သည်မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာသိရှိနားလည်မှုရှိရမည်။ ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့် ပြဌာန်းခြင်းမပြုအပ်။ တရားဥပဒေကို ပြဌာန်းရာ၌အကြောင်းယုတ္တိခိုင်လုံမှုရှိပြီး စိတ်နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည် ဟု မိန့်ဆိုခဲ့၏။

ဗုဒ္ဓသည် ရဟန်းတို့၏ ညီညွတ်မှု၊ လူတို့၏ ညီညွတ်မှုကို လိုလားတော်မူရကားဇနီးမောင်နှံနှစ်ဦးအား လည်းကောင်း၊ အုပ်စုအချင်းချင်းကွဲပြားသောအဖွဲ့များကြား ပြန်လည်သင့်မြတ်အောင်ပြုခြင်းသည် စင်စစ် ဗုဒ္ဓဩ၀ါဒ နှင့် အညီ ဖြစ်၏။ ရဟန်းသည် ကွဲပြားသော သူတို့ကို စေ့စပ်တတ်၏။

ညီညွတ်သူတို့ကို အားပေးတတ်၏။ ညီညွတ်မှု၌ မွေ့လျော်လျော်ပိုက်၏။ ညီညွတ်မှုကို ပြုသောစကားကို ဆိုလေ့ရှိ၏ ဟု မဇ္ဈိမနိကာယ်၊ စူဌပတ္တိ ပဒေါမသုတ်တွင် ဟောထားသည်။ ဤတရားတော်အရ မြတ်ဗုဒ္ဓသည် သူ၏သံဃာများအား ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအတွက် ဆောင်ရွက်ကြရန်အားပေးကြောင်း သတိမူထိုက် သည်။
ဗုဒ္ဓ၏ ရဟန်းသံဃာများအပေါ် ဟောကြားခဲ့သော တရားကို မဟာပရိနိဗ္ဗာနသုတ်တွင် အထင်အရှားတွေ့ရ သည်။ ရဟန်းတို့ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် အစဉ်မပြတ်စည်းရုံးညီညွတ်စွာသံဃာ ကိစ္စကို ပြုလုပ်၍ နေ၏။ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် သံဃာတာဝန် ဟူသမျှကို ဆောင်ရွက်နေ၏။ အကြင်မျှလောက် ကာလပတ်လုံး သံဃာ၏ စည်းကမ်းဥပဒေ တခုခုကို မကျူးလွန်၊ မဖောက်ဖျက်၊ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် မိမိတို့၏ သီတင်းသုံးဖော်အားလုံး၏ ချမ်းသာရေးကို ကြောင့်ကြ၍နေကြ၏။ ထိုမျှလောက်ကာလပတ်လုံး အသင်တို့သည် ဆထက်ထမ်းပိုး တိုးတက်မှု ရှိသွားပေလိမ့်မည်။ ဆုတ်ယုတ်မှုရှိတော့မည် မဟုတ်ပေ ဟု ဟောခဲ့ပါသည်။

ဗုဒ္ဓက ယခုအခါတွင် သင်တို့သည် မိမိကြိုက်ကိုသာလျှင် မိမိ၏မှီခိုအားထားရာ ပြုပြင်လုပ်ကြလော့။ ဤ သံသရာပင်လယ်၌ မိမိကိုယ်ကိုသာလျှင် ကျွန်းပြုလုပ်ကြလော့။ ဓမ္မကို မိမိ၏ကျွန်းပြုလုပ်ကြလော့။ ဓမ္မကို ကိုးစားကြလော့ ဟု လည်း မိန့်ကြားခဲ့သည်။

ဗုဒ္ဓကွယ်လွန်ချုပ်ငြိမ်းပြီးသည့်နောက် ငါတို့၏ ဆရာမရှိတော့ပြီ ဟု သင်တို့ တွေးထင်ကောင်း တွေးထင်ကြ ပေလိမ့်မည်။ စင်စစ်သော်ကား ငါပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းသွားပြီးနောက် ငါညွှန်ပြထားခဲ့သည့် တရားဓမ္မနှင့် ၀ိနည်းအဆုံးအမများသည် သင်တို့၏ ဆရာပင်ဖြစ်ပေလိမ့်မည် ဟုလည်း တရားဓမ္မနှင့် ၀ိနည်းကို စောင့်ထိန်းအားကိုးကြဟု မိန့်ဆိုခဲ့ပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံဖြစ်သည်ဟုမြန်မာဗုဒ္ဓ၀ါဒီတို့ ယုံကြည်ကြ၏။ စင်စစ် ကျောင်း၊ ကန်၊ ဘုရား၊ စေတီ၊ ပုထိုး ပေါမြားခြင်း၊ပိဋ္ဋကတ်စာပေကို အာဂုံဆောင်သောသူများရှိခြင်းသည် သာသနာထွန်းကားသော အစစ်အမှန်လက္ခဏာများဟု ဆိုနိုင်ရန် ခက်ခဲသည်။ဗုဒ္ဓဩ၀ါဒ ကို အမြဲ လိုက်နာကျင့်သုံးသော ပုဂ္ဂိုလ်ပေါများမှသာ ဗုဒ္ဓသာသနာထွန်းကားသည်ဟုဆိုနိုင်ကြောင်း မှတ်သားထားသင့်ပေသည်ဟု ဦးအေးမောင် က သူ၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ စာအုပ်တွင် သတိပေးထားသည်။

ယခုအခါ စစ်အာဏာရှင် မိစ္ဆာဝါဒီများကြီးစိုးချုပ်ကိုင်နေသောမြန်မာနိုင်ငံတွင် ဗုဒ္ဓ၏ သာသနာနှင့် ရဟန်း၊သံဃာ အပါအ၀င် စစ်မှန်သော ဓမ္မတရားအားလုံးတို့သည် စစ်အာဏာစက်အောက်တွင်ညှိုးမှိန်ပြီး ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်းခံနေရသည်။ ထို့ကြောင့် သာသနာကို ရိုသေလေးစားယုံကြည်အားကိုးသော ရဟန်း၊ သံဃာနှင့် လူပုဂ္ဂိုလ်အပေါင်းတို့သည် ဗုဒ္ဓ၏ မွန်မြတ်သောသာသနာအတွက် အဓမ္မတရားတွေ ကို အသက်ပေးကာ ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,ဗုဒ္ဓ၏သံဃာအဖွဲ့အစည်း ယခုကဲ့သို့ နှစ်ပေါင်းနှစ်ထောင်ကျော်ရှည်ကြာရခြင်းမှာဗုဒ္ဓသည် သံဃာကိစ္စများကို ညီညီညွတ်ညွတ် ဆောင်ရွက်ကြရန် အလေးအနက်ဟော၏။ ဗုဒ္ဓလိုလားသော ညီညွတ်မှုသည် အခုခေတ် လူများ နားလည်သော အများစုညီညွတ်မှုမဟုတ်ပေ။ ရဟန်းဦးရေနည်းပါးသော၊ သံဃာ၏သမိုင်းဦးခေတ်နှင့် ဆီလျော်သော ကျပ်ပြည့်တင်းပြည့် ညီညွတ်မှုမျိုးဖြစ်၍ သံဃာ၏ ဥပုသ်ပြုမှုနှင့် ပတ်သတ်သော ညွှန်ကြားချက်များ၌ အထင်အရှားတွေ့ရ၏။

တသွေး၊ တသံ၊ တမိန့်စနစ်ကို ဆန့်ကျင်၍ လွတ်လပ်စွာ ယုံကြည်မှုကိုအားပေးသော ဗုဒ္ဓသံဃာသည် ဒီမိုကရေစီဝါဒကို ထိန်းသိမ်းစောင့်ရှောက်သောအဖွဲ့ဖြစ်၏။ အာဏာရှင်စနစ်ကြီးစိုးသော ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အဖိနှိပ်ခံ နိုင်ငံသားတို့၏ မှီခိုအားထားရာဖြစ်၍ ပုဂ္ဂလိကလွတ်လပ်မှုလွန်ကဲပြီး တဘက်စွန်းရောက်နေ သော နိုင်ငံကြီးများ၌မူ ဗုဒ္ဓ၏ အလယ်လမ်းစဉ်ကို ဖော်ညွှန်းသော အဖွဲ့ဖြစ်၏ ဟု ဦးအေးမောင် ၏ ဗုဒ္ဓ နှင့် ဗုဒ္ဓ၀ါဒ စာအုပ်တွင် ဆိုထားသည်။

ဗုဒ္ဓသံဃာအဖွဲ့၏အခြားထူးခြားသောအကြောင်းတခုမှာ သံဃာအဖွဲ့၌ ရဟန်းတို့၏ ပုဂ္ဂလိကလွတ်လပ်မှုကို ထိပါးချုပ်ချယ်မည့် အာဏာရခေါင်းဆောင်ပုဂ္ဂိုလ်မရှိခြင်းဖြစ်၏။

ဗုဒ္ဓနှင့် သံဃာ၏ဆက်ဆံမှုကို ဘုရင်နှင့် တိုင်းသူပြည်သားတို့၏ ဆက်ဆံမှုနှင့်ပုံခိုင်းခြင်းသည် မှား၏။ အဘယ်ကြောင့်ဆိုသော် ဘုရင်သည် နိုင်ငံလူထု၏ ဦးစီးခေါင်းဆောင်ဖြစ်၍ဗုဒ္ဓသည်ကား သံဃာက မိမိအား ဦးစီးခေါင်းဆောင်အဖြစ် စွဲမှတ်ထားခြင်းကို မလိုလားချေ။
အာနန္ဒာ… ငါသာလျှင် သံဃာကို ဦးစီးခေါင်းဆောင်ပြုအံ့၊ သံဃာသည် … ငါသာလျှင်အားကိုးရန်ရှိလတ္တံ ဟူသော စိတ်ဆန္ဒသည် ငါဘုရား၌မရှိ ဟု မဟာပရိနိဗ္ဗာနသုတ် တွင် ဟောကြားထားသည်။

ပုဂ္ဂိုလ်ကိုးကွယ်မှုစနစ် (သို့) အာဏာရှင်စနစ်သည် ဗုဒ္ဓ၏အလိုဆန္ဒနှင့်လုံးဝဆန့်ကျင်သော စနစ်ဖြစ်၏။ သူမိုက်သည် မိမိ၌မရှိသော ဂုဏ်သတင်းကိုလည်းကောင်း၊ ရဟန်းတို့၏ဦးစီးခေါင်းဆောင်အဖြစ်ကိုလည်း ကောင်း၊ ကျောင်း၌အစိုးရခြင်းကိုလည်းကောင်း၊ လူပရိသတ်၏ပူဇော်ခြင်းကိုလည်းကောင်း အလိုရှိ၏ - ဟုလည်း ဓမ္မပဒ ဂါထာ ၇၃ တွင် ဟောခဲ့ပါသည်။

ဗုဒ္ဓပရိနိဗ္ဗာန်ပြုပြီးနောက် ဘိက္ခုသံဃာသည် ဗုဒ္ဓအလိုဆန္ဒ နှင့်အညီခေါင်းဆောင်ပုဂ္ဂိုလ်မရှိသော ဘာသာရေးအဖွဲ့ဖြစ်လာ၏။

ဝဿက၀ရပုဏ္ဍားအား အရှင်အာနန္ဒာ၏ မိန့်ကြားရာတွင် ပုဏ္ဍားကြီး ငါဘုရားကွယ်လွန်သောအခါ ဤရဟန်း သည် သင်တို့၏ ကိုးကွယ်စရာ ဖြစ်လတ္တံဟု ဘုရားရှင် ထားအပ်သော တပါးသော ရဟန်းမျှသည် မရှိ ဟု ဆိုခဲ့သည်။

သို့ဖြစ်၍ ဗုဒ္ဓသံဃာအဖွဲ့၌ သူတပါးအား အမိန့်ပေးနိုင်သောအာဏာရခေါင်းဆောင်ပုဂ္ဂိုလ်မရှိ၊ သံဃာ့ကိစ္စများကို စီမံဆောင်ရွက်ရန် သံဃာက တာဝန်လွှဲအပ်ထားသောပုဂ္ဂိုလ်များရှိသည်မှန်၏။ သို့ရာတွင် ထိုပုဂ္ဂိုလ် သည် မိမိသဘောဆန္ဒအလျောက် ပြုခြင်းမဟုတ်ဘဲ သံဃာ၏ကိုယ်စားပြုမူဆောင်ရွက်ခြင်း ဖြစ်ကြောင်း အထူးသတိပြုရ၏။

ထိုရဟန်းသည် တဖန်သံဃာ၏ အမှုတို့၌ စွမ်းနိုင်၏။ သံဃာ၏ကိစ္စတို့၌ ကောင်းစွာခံယူ၏။ ရဟန်းအပေါင်းက စေသည်ရှိသော် လိုက်နာ၏။ ထိုသို့လိုက်နာသဖြင့် ငါပြု၏ ဟူ၍ မထေမဲ့မြင်မပြုရ ဟု မဟာဝဂ္ဂက္ခန္ဓက သုတ်၌ ဟောကြားခဲ့ပါသည်။

ဗုဒ္ဓသည် စစ်မှန်သော ဓမ္မသဘောကိုသာ လက်ခံကျင့်သုံးသူဖြစ်သည်နှင့်အညီ ဗုဒ္ဓသံဃာအဖွဲ့ကိုလည်း ဓမ္မတရားသဘောအရသာဖွဲ့စည်းထားသည်။ ဥပဇ္ဇျာယ်ဆရာသည် တပည့်ထက် ရဟန်းဝါကြီး၍ တတ်သိလိမ္မာသည်မှန်သော်လည်း စင်စစ်အမြဲအပြစ်ကင်းသောသူ မဟုတ်ရကား လမ်းမှားနေသော ဆရာအား အမှန်ကိုညွှန်ပြရန်မှာ တပည့်၏ ၀တ္တရားဖြစ်ကြောင်း ၀ိနည်းပိဋ္ဋကတ်၌ ပြဆိုထား၏။

ဆရာသည် မမွေ့မလျော်ခြင်းဖြစ်ကြအံ့၊ တပည့်သည် ဆရာအား အရပ်တပါးသို့ကိုယ်တိုင်ခေါ်ဆောင်သွားရမည်။ သူတပါးကိုသော်လည်းကောင်းခေါ်ဆောင်သွားစေရမည်။ ဆရာအား တရားစကားကိုမူလည်း ဟောပြောရမည်။ ဆရာအား တွေးတောမှု သံသယ ကုက္ကုစ္စဖြစ်အံ့၊ တပည့်သည်ပယ်ဖျောက်ရမည်။ ဆရာသည် မှားသောအယူ ယူငြားအံ့၊ တပည့်ကဖြေရှင်းရမည်။ တရားစကားကိုမူလည်း ဟောပြောရမည်ဟု မဟာဝက္က၊ မဟာခန္ဓက သုတ်တွင် ဟောခဲ့သည်။

ဝိနည်းပါဠိတော်များကို ထောက်ချင့်၍ ဗုဒ္ဓသံဃာအဖွဲ့တွင် ဆရာနှင့် တပည့်၏ဆက်ဆံမှုသည်ပင် အထက်နှင့် အောက် ဆက်ဆံမှုမျိုးမဟုတ်ဘဲ အတူနေမိတ်ဆွေနှစ်ဦး၏တန်းတူရည်တူဆက်ဆံမှုမျိုးဖြစ်ကြောင်း သိအပ်၏။ ဤသို့ အဆင့်အတန်းခွဲခြားမှုမရှိခြင်း၊ မည်သူ့ကိုမျှအာဏာအပ်နှင်းမထားဘဲ အဖွဲ့ဝင်အားလုံး လွတ်လပ်မှုရှိခြင်းသည် ဗုဒ္ဓသံဃာ၏ ထူးခြားသော လက္ခဏာ ဖြစ်သည်။

ဘီစီခြောက်ရာစုခေတ် အိန္ဒိယနိုင်ငံ၏ နိုင်ငံငယ်များ၌ခတ္တိယခေါင်းဆောင်တို့သည် မကြာခဏ စည်းဝေး၍ တိုင်ပင်ဆွေးနွေးခြင်း၊ မဲဆန္ဒဖြင့် ဆုံးဖြတ်ခြင်းစသောဒီမိုကရေစီနည်းများဖြင့် တိုင်းရေးပြည်မှုကိစ္စများကို စီမံဆောင်ရွက်ကြ၏။ မဟာပရိနိဗ္ဗာနသုတ်၌ ဗုဒ္ဓက၀ဇ္ဇီမင်းတို့သည် မကြာခဏ အညီအညွတ်စည်းဝေး၍ တိုင်းရေးပြည်မှုကိစ္စများကို ဆောက်ရွက်ကြသည့် နည်းတူ ရဟန်းတို့သည်မကြာခဏစည်းဝေး၍ သံဃာကိစ္စများကို အညီအညွတ်ဆောင်ရွက်နေကြသမျှကာလပတ်လုံးကြီးပွားတိုးတက်ရန်ရှိကြောင်း မိန့်ကြား
သောစကားကို သတိပြုအလေးထားသင့်ပေသည်။

ထို့အပြင် ဗုဒ္ဓ၀ါဒနှင့် ဗုဒ္ဓသံဃာအဖွဲ့သည် ဘုရင်များအုပ်စိုးသော ကောသလ၊မဂဓ စသည့် နိုင်ငံကြီးများ၌ လည်းထွန်းကားခဲ့၏။ သို့စဉ်လျက် ဗုဒ္ဓသံဃာ၌ ဘုရင်ကဲ့သို့သော အာဏာပါဝါပိုင်ပုဂ္ဂိုလ်မရှိခြင်းသည် ဗုဒ္ဓကိုယ်တိုင်က လွတ်လပ်မှုကို နှစ်သက်မြတ်နိုး၍ ရဟန်းတို့၏ ပုဂ္ဂလိကလွတ်လပ်မှုကို အားပေးလိုပြီး အာဏာစက်ကို မလိုလားကြောင်း မှတ်ယူလိုက်သည်။

ဗုဒ္ဓသံဃာအဖွဲ့သည် တသွေး၊ တသံ၊ တမိန့် စနစ်ကို ဆန့်ကျင်၏။ ဗုဒ္ဓ၀ါဒသည် လူတိုင်း၏လွတ်လပ်စွာ ယုံကြည်တွေးခေါ်မှုကိုလေးစား၏။ မိမိအယူကိုမြှင့်တင်၍အခြားအယူအားနှိမ့်ချခြင်း၊ ဖိနှိပ်ခြင်းကိုတားမြစ်၏။ ရဟန်းသည် အလိုနည်း၍ သားမယားနှင့် ကိုယ်ပိုင်ပစ္စည်းဥစ္စာ သံယောဇဉ်လည်းမရှိရကား စဉ်းစားတွေးခေါ် ၍ အမှန်တရားကို ရှာကြံရာ၌ များစွာလွတ်လပ်၏။စင်စစ်ကမ္ဘာ့ဘာသာဝါဒသမိုင်း၌ ဗုဒ္ဓသံဃာသည် ဒီမိုကရေစီနှင့် လွတ်လပ်မှုကို အများဆုံး ဦးစားပေးသော ဘာသာရေးအဖွဲ့ဖြစ်ကြောင်းယုံမှားဖွယ်မရှိပေ။

ဗုဒ္ဓအလိုအရ ရဟန်းသံဃာသည် နိုင်ငံအုပ်ချုပ်သော မင်း၊ မှူးမတ်၊၀န်ကြီးတို့နှင့် ဆက်ဆံရာ၌ အထူးဆင်ခြင် ရ၏။ ဗုဒ္ဓသည် မင်း၏ နန်းတော်သို့ ရဟန်းတို့မကြာခဏ သွားလာခြင်း၏အပြစ်ကို ဟောကြားခဲ့၏။ စစ်တပ် များ စစ်ရေးပြခြင်း၊ စစ်ချီတက်ခြင်းကိုကြည့်ရှုသော ရဟန်းသည်ပါစိတ်အာပတ်သင့်၏။ စင်စစ် သံဃာအဖွဲ့ များသည် နိုင်ငံအစိုးရတို့၏ အားပေးကူညီမှုကို မရရှိပါကကြာရှည်တည်တံ့မည်မဟုတ်ချေ။

ရှေးအိန္ဒိယ သက္ကတ ဥပဒေကျမ်းများ၌ သံဃာအဖွဲ့အစည်းတို့၏စည်းမျဉ်းဥပဒေများကို ဘမယဥပဒေဟုခေါ် ၍ ယင်းတို့ကို ဘုရင်များက ကာကွယ်စောင့်ရှောက်ရမည်။ ဖောက်ဖျက်သူများအားအရေးယူမည်ဟုဆို၏။

အုပ်စိုးသူမင်းကောင်းမင်းမြတ်များကသာ သာသနာအကျိုးနှင့်ဗုဒ္ဓသံဃာအဖွဲ့ကြီး စည်ပင်တိုးတက်ပြီးသူတော် ကောင်းတရားများအတွက် ကာကွယ်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။ထို့ကြောင့် ဗုဒ္ဓသည် အုပ်စိုးသူ အစိုးရ မင်းတို့၏ အကျင့်သီလ ကောင်းမွန်ရေးကိုအလေးပေးသောအားဖြင့် မင်းကောင်းမင်းမြတ်တို့ကျင့်အပ်သော ( ရာဇဓမ္မ ) တရား ၁၀ ပါးကို ဟောကြားခဲ့ပါသည်။

စက္က၀တ္တီသီဟနန္ဒသုတ် တွင် မင်းကောင်းအစိုးရကောင်းတို့မည်သည်မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာသိရှိနားလည်မှုရှိရမည်။ ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့် ပြဌာန်းခြင်းမပြုအပ်။ တရားဥပဒေကို ပြဌာန်းရာ၌အကြောင်းယုတ္တိခိုင်လုံမှုရှိပြီး စိတ်နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည် ဟု မိန့်ဆိုခဲ့၏။

ဗုဒ္ဓသည် ရဟန်းတို့၏ ညီညွတ်မှု၊ လူတို့၏ ညီညွတ်မှုကို လိုလားတော်မူရကားဇနီးမောင်နှံနှစ်ဦးအား လည်းကောင်း၊ အုပ်စုအချင်းချင်းကွဲပြားသောအဖွဲ့များကြား ပြန်လည်သင့်မြတ်အောင်ပြုခြင်းသည် စင်စစ် ဗုဒ္ဓဩ၀ါဒ နှင့် အညီ ဖြစ်၏။ ရဟန်းသည် ကွဲပြားသော သူတို့ကို စေ့စပ်တတ်၏။

ညီညွတ်သူတို့ကို အားပေးတတ်၏။ ညီညွတ်မှု၌ မွေ့လျော်လျော်ပိုက်၏။ ညီညွတ်မှုကို ပြုသောစကားကို ဆိုလေ့ရှိ၏ ဟု မဇ္ဈိမနိကာယ်၊ စူဌပတ္တိ ပဒေါမသုတ်တွင် ဟောထားသည်။ ဤတရားတော်အရ မြတ်ဗုဒ္ဓသည် သူ၏သံဃာများအား ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအတွက် ဆောင်ရွက်ကြရန်အားပေးကြောင်း သတိမူထိုက် သည်။
ဗုဒ္ဓ၏ ရဟန်းသံဃာများအပေါ် ဟောကြားခဲ့သော တရားကို မဟာပရိနိဗ္ဗာနသုတ်တွင် အထင်အရှားတွေ့ရ သည်။ ရဟန်းတို့ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် အစဉ်မပြတ်စည်းရုံးညီညွတ်စွာသံဃာ ကိစ္စကို ပြုလုပ်၍ နေ၏။ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် သံဃာတာဝန် ဟူသမျှကို ဆောင်ရွက်နေ၏။ အကြင်မျှလောက် ကာလပတ်လုံး သံဃာ၏ စည်းကမ်းဥပဒေ တခုခုကို မကျူးလွန်၊ မဖောက်ဖျက်၊ အကြင်မျှလောက် ကာလပတ်လုံး အသင်တို့သည် မိမိတို့၏ သီတင်းသုံးဖော်အားလုံး၏ ချမ်းသာရေးကို ကြောင့်ကြ၍နေကြ၏။ ထိုမျှလောက်ကာလပတ်လုံး အသင်တို့သည် ဆထက်ထမ်းပိုး တိုးတက်မှု ရှိသွားပေလိမ့်မည်။ ဆုတ်ယုတ်မှုရှိတော့မည် မဟုတ်ပေ ဟု ဟောခဲ့ပါသည်။

ဗုဒ္ဓက ယခုအခါတွင် သင်တို့သည် မိမိကြိုက်ကိုသာလျှင် မိမိ၏မှီခိုအားထားရာ ပြုပြင်လုပ်ကြလော့။ ဤ သံသရာပင်လယ်၌ မိမိကိုယ်ကိုသာလျှင် ကျွန်းပြုလုပ်ကြလော့။ ဓမ္မကို မိမိ၏ကျွန်းပြုလုပ်ကြလော့။ ဓမ္မကို ကိုးစားကြလော့ ဟု လည်း မိန့်ကြားခဲ့သည်။

ဗုဒ္ဓကွယ်လွန်ချုပ်ငြိမ်းပြီးသည့်နောက် ငါတို့၏ ဆရာမရှိတော့ပြီ ဟု သင်တို့ တွေးထင်ကောင်း တွေးထင်ကြ ပေလိမ့်မည်။ စင်စစ်သော်ကား ငါပရိနိဗ္ဗာန်ဝင်စံချုပ်ငြိမ်းသွားပြီးနောက် ငါညွှန်ပြထားခဲ့သည့် တရားဓမ္မနှင့် ၀ိနည်းအဆုံးအမများသည် သင်တို့၏ ဆရာပင်ဖြစ်ပေလိမ့်မည် ဟုလည်း တရားဓမ္မနှင့် ၀ိနည်းကို စောင့်ထိန်းအားကိုးကြဟု မိန့်ဆိုခဲ့ပါသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်၌ ဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံဖြစ်သည်ဟုမြန်မာဗုဒ္ဓ၀ါဒီတို့ ယုံကြည်ကြ၏။ စင်စစ် ကျောင်း၊ ကန်၊ ဘုရား၊ စေတီ၊ ပုထိုး ပေါမြားခြင်း၊ပိဋ္ဋကတ်စာပေကို အာဂုံဆောင်သောသူများရှိခြင်းသည် သာသနာထွန်းကားသော အစစ်အမှန်လက္ခဏာများဟု ဆိုနိုင်ရန် ခက်ခဲသည်။ဗုဒ္ဓဩ၀ါဒ ကို အမြဲ လိုက်နာကျင့်သုံးသော ပုဂ္ဂိုလ်ပေါများမှသာ ဗုဒ္ဓသာသနာထွန်းကားသည်ဟုဆိုနိုင်ကြောင်း မှတ်သားထားသင့်ပေသည်ဟု ဦးအေးမောင် က သူ၏ ဗုဒ္ဓနှင့်ဗုဒ္ဓ၀ါဒ စာအုပ်တွင် သတိပေးထားသည်။

ယခုအခါ စစ်အာဏာရှင် မိစ္ဆာဝါဒီများကြီးစိုးချုပ်ကိုင်နေသောမြန်မာနိုင်ငံတွင် ဗုဒ္ဓ၏ သာသနာနှင့် ရဟန်း၊သံဃာ အပါအ၀င် စစ်မှန်သော ဓမ္မတရားအားလုံးတို့သည် စစ်အာဏာစက်အောက်တွင်ညှိုးမှိန်ပြီး ဖိနှိပ်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်းခံနေရသည်။ ထို့ကြောင့် သာသနာကို ရိုသေလေးစားယုံကြည်အားကိုးသော ရဟန်း၊ သံဃာနှင့် လူပုဂ္ဂိုလ်အပေါင်းတို့သည် ဗုဒ္ဓ၏ မွန်မြတ်သောသာသနာအတွက် အဓမ္မတရားတွေ ကို အသက်ပေးကာ ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။

ဘာသာရေးက လူ့အဖွဲ့အစည်းရဲ့ ပြဿနာတွေကို ချဉ်းကပ်ရာမှာ လူ့အဖွဲ့အစည်းရဲ့ကိစ္စတွေကို ဆောင် ကြဉ်းနေတဲ့ လူတဦးချင်းကို ပြုပြင်ပြောင်းလဲဖို့အတွက် လိုအပ်တဲ့ယေဘုယျမူတွေကို အကြံပြုပြီး ဒီမူတွေအရ လူသားတရပ်လုံးရဲ့ ဘ၀သာယာတိုးတက်ကောင်းမွန်ရေး၊ အရင်းအမြစ်တွေကို အညီအမျှ အကျိုးတူခံစား ရ ရေးအတွက် ဖြစ်ပေါ်လာစေဖို့ပဲဖြစ်တယ်။

ဘာသာရေးကို လောကီရေး၊ နိုင်ငံရေးနဲ့ရောထွေးအောင် အားထုတ်ခြင်းဟာ ပြဿနာကိုဖန်တီးခြင်းပဲဖြစ် တယ်။ ဘာသာရေးရဲ့အခြေခံက ကိုယ်ကျင့်သီလပဲဖြစ်တယ်။ သန့်စင် ခြင်း၊ ၀ိသုဒ္ဓိနဲ့ ယုံကြည်ခြင်း သဒ္ဓါ တရားပဲဖြစ်တယ်။ နိုင်ငံရေးဆိုတာက အာဏာမှာ အခြေခံတယ်။ လူ့သမိုင်းတလျှောက်မှာ အာဏာရအုပ်စိုး သူများဟာ မိမိရဲ့အာဏာ အုပ်စိုးခြင်းကို တရားဝင်ကြောင်း၊ ဘုရားအလိုတော်ကျဖြစ်လာတာဖြစ်ကြောင်း၊ လူတွေယုံကြည်အောင်လုပ်ဖို့ ဘာသာရေးကို ဆွဲသုံးတာတွေ ရှိခဲ့ပါတယ်။

ဘာသာရေးကို မိမိတို့နိုင်ငံရေးအကျိုးအတွက် လိုရာဆွဲပြီး အသုံးချခဲ့ကြတယ်။ ဒါကြောင့် ဘာသာတရားရဲ့ မြင့်မားတဲ့ ကိုယ်ကျင့်တရား စံ တွေဟာ နိုင်ငံရေးလောဘတွေကြောင့် ယုတ်ညံ့မှုတွေ ဖြစ်ကုန်ကြတာပဲဟု အရှင် ဒေါက်တာသီရိဓမ္မနန္ဒက What Buddhists Believe စာအုပ်တွင် ရေးသားထားပါတယ်။


တကယ်တော့ ဘာသာရေးကို နိုင်ငံရေးနဲ့ ခွဲခြားထားရမယ် ဆိုတဲ့အချက်ကို အသိအမှတ်ပြုပြီး နိုင်ငံရေး စနစ် ကို အကန့်အသတ်ထားပြီး ငြိမ်းချမ်းရေးနဲ့ ပျော်ရွှင်ရေးကို ဖော်ဆောင်ပုံနဲ့ပတ်သက်လို့ မြတ်ဗုဒ္ဓရဲ့သင်ကြား ချက် တွေထဲမှာ အချက်အလက်မြောက်မြားစွာရှိပါတယ်။ ဗုဒ္ဓရဲ့ ဒေသနာတော်ထဲမှာ ဒီနေ့ကမ္ဘာကြီးထဲက လူသားတွေအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းစေနိုင်တာတွေ၊ နိုင်ငံရေးအစီအမံတွေအတွက် အသုံးတဲ့ တာ တွေအများကြီး ပါရှိပါတယ်။

အမေရိကန်လွတ်လပ်ရေး ကြေညာစာတမ်းမှာပါတဲ့ သောမတ်စ် ဂျက်ဖာဆင်ရဲ့“လူတိုင်းကိုတူညီမျှတစွာ ဖန် ဆင်း ထားတာဖြစ်တယ်”( All men are created equal )ဆိုတဲ့စကားမျိုးကို မြတ်ဗုဒ္ဓက ရှေးနှစ်ပေါင်း၂၅၀၀ ကျော်ကတည်းက မိန့်ကြားခဲ့တာပါ။ ပြီးတော့ ဇတ်တို့၊ လူတန်းစားတို့ ဆိုတာ လူ့အဖွဲ့အစည်းကြီးထဲမှာ လူ တွေက တမင်ဖန်တီးခဲ့ကြတာတွေသာဖြစ်တယ်။ မြတ်ဗုဒ္ဓက လူတွေကို ခွဲခြားသက်မှတ်ရာမှာ သူတို့ရဲ့ အကျင့်သီလအပေါ်မူ တည်ပြီးမှ အယုတ်၊ အလတ်၊ အမြတ် ခွဲခြားပုံကို ဟောတော်မူခဲ့တာပါ။

လူသားတွေအချင်းချင်း လူ့ဘောင်အကျိုးကိုဆောင်ရွက်ရာမှာ စိတ်ပါလက်ပါ အတူတကွ ရိုင်းပင်းကူညီ လုပ်ဆောင်ကြဖို့ကိုလည်း ဟောတော်မူခဲ့ပါတယ်။ ဆရာဦးရွှေအောင်ရဲ့“ဗုဒ္ဓ (သို့မဟုတ်) လောကသားတို့ ၏ အနှိုင်းမဲ့ကျေးဇူးရှင်” စာအုပ်မှာ “နိုင်ငံဖြစ်စေ၊ လူမျိုးကိုဖြစ်စေ ထူထောင်ရာ၌ စည်းလုံးမှုသည် များစွာ အရေးကြီး၏။ ကျမ်းဂန်များ၌ စည်းလုံးမှုကို ၂ မျိုးပြ၏။ စည်းလုံးမှုတမျိုးကို သမ၀ါယသမ္မန္ဓ ဟု ခေါ်၏။ အခြားစည်းလုံးမှုတမျိုးကို သံယောဂသမ္မန္ဓ ဟုခေါ်၏။ သမ၀ါယသမ္မန္ဓ အရ စည်းလုံးသောအခါ နိုင်ငံသား အားလုံးတို့သည် သူတလူ၊ ငါတမင်း သဘောမျိုးမရှိ၊ အားလုံးတသားတည်းဖြစ်ကြ၏။ တသွေး တသံ တမိန့် တည်းဖြစ်၏။ သံယောဂသမ္မန္ဓအရ စည်းလုံးသောအခါ နိုင်ငံသားအားလုံးတို့သည် တစ်သွေးတစ်သံတစ်မိန့် တည်းမဖြစ်၊ သူတလူ၊ ငါတမင်းဖြစ်ကြ၏။ တသားတည်းဖြစ်သော စည်းလုံးမှုကို ဖြစ်ပေါ်အောင် အားထုတ်ရာ တွင် အမြင်ချင်းတူမှုနှင့် အကျင့်ချင်းတူမှုသည် အရေးကြီးသည်။

မြတ်စွာဘုရားသည် သံဃာ့အဖွဲ့အစည်းကို ဖွဲ့စည်းရာတွင် အမြင်ချင်းတူမှုနှင့် အကျင့်ချင်း တူမှုအပေါ် အခြေ ခံ၍ စည်းရုံးခြင်းဖြစ်၏။ ထို့ကြောင့် သံဃာ့အဖွဲ့အစည်း၏ စည်းလုံးမှုသည် ကျစ်လျစ်၏၊ သိပ်သည်း၏၊ တစ်သွေး တစ်သံ တစ်မိန့်တည်းဖြစ်၏။ သံဃာ့အဖွဲ့အစည်းတွင် ဇတ် အသီးသီးပါဝင်၏။ သို့ရာတွင် သံဃာ့ အဖွဲ့အစည်း၌ ဇတ် သည် မထင်ပေါ်တော့၊ သံဃာ့အဖွဲ့အစည်း အဖွဲ့ဝင်အဖြစ်သာ ထင်ပေါ်၏။”လို့ ရေးသား ထားပါတယ်။

ဒါကြောင့်သာ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက တည်ထောင်ခဲ့တဲ့ သံဃာ့အဖွဲ့အစည်းဟာ ကမ္ဘာပေါ်မှာ ဒီနေ့ထိအောင် ထင်ရှားတည်ရှိနိုင်ခြင်းဖြစ်တယ်။

ဗုဒ္ဓမြတ်စွာဘုရားကို ဆက်ခံသူ မည်သူ့ကိုမှ ကြိုတင်ခန့်ထားခြင်းမရှိပါ။ သံဃာ့အဖွဲ့အစည်းကို ဓမ္မ၀ိနယ ကသာ လမ်းညွှန်တော် မူရမှာဖြစ်ပါတယ်။ ယနေ့ထက်တိုင်အောင် သံဃာတော်များကို ဗုဒ္ဓရဲ့ ၀ိနည်းဥပဒေ များကသာ ချုပ်ကိုင်လမ်းညွှန်ပါတယ်။ မည်သည့် အာဏာကမှ ဖြိုခွင်း ဖျက်ဆီး ခြိမ်းခြောက်နိုင်စွမ်းမရှိပါ။

မြတ်ဗုဒ္ဓက ဒီမိုကရေစီ ဖြစ်စဉ်အရ ညှိနှိုင်း၊ တိုင်ပင်၊ စည်းဝေး၊ ဆုံးဖြတ်၊ လုပ်ကိုင်တာကိုအားပေးပါတယ်။ ဒီအချက်ကို သံဃာတော်များရဲ့အဖွဲ့အစည်းမှာ ပိုပြီးထင်ရှားပါတယ်။ သံဃာ့အဖွဲ့အစည်းထဲမှာ သံဃာနဲ့ ဆိုင်တဲ့ကိစ္စကို သံဃာတော်တိုင်း ပါဝင်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်။ ကြီးကျယ်တဲ့ ပြဿနာပေါ်ပေါက် လာတဲ့အခါကျမှ ပြဿနာ အတိမ်အနက်ကို သံဃာတော်များရှေ့မှောက်တင်ပြပြီး ဒီမိုကရေစီပါလီမန် လွှတ်တော်ရှေ့ ဆွေးနွေးကြသလို ဆွေးနွေးတိုင်ပင်ကြရပါတယ်။

ဗုဒ္ဓဘာသာက နိုင်ငံရေးအာဏာကိုချဉ်းကပ်ရာမှာ ကိုယ်ကျင့်တရား(မင်းကျင့်တရား)နဲ့ ပြည်သူ့အာဏာကို သုံးစွဲရာမှာ တာဝန်ယူမှုအပေါ် အခြေခံပါတယ်။ ဗုဒ္ဓရှင်တော်ဘုရားက အကြမ်းမဖက်ရေးကိုသာ ဟောကြား ဆုံးမတော်မူပါတယ်။ ငြိမ်းချမ်းရေးကိုသာ တလောကလုံးနဲ့ဆိုင်တဲ့တရားအဖြစ်သတ်မှတ်ပါတယ်။ လူ့ အသက် ကို ဖျက်ဆီးခြင်းအကြမ်းဖက်မှုကို မြတ်ဗုဒ္ဓခွင့်ပြုတော်မမူပါ။

တရားတဲ့စစ်ဆိုတာဘယ်တော့မှမရှိဘူးလို့လဲ ပြတ်ပြတ်သားသားကြေညာတော်မူခဲ့ပါတယ်။ မြတ်ဗုဒ္ဓ သင်ကြားချက်က “အောင်နိုင်ခြင်းသည် အမုန်းတရားကိုသာ ပွားစေရာ၏၊ ရှုံးနိမ့်သူကား ဆင်းရဲစွာ နေကြရသည်၊ အနိုင်အရှုံးကို ပယ်သောသူသာလျှင် ပျော်ရွှင်ခြင်းသုခနှင့်ငြိမ်းချမ်းခြင်းကို ရနိုင်သည်”ဟု ဓမ္မပဒ မှာ ဟောတော်မူပါတယ်။

မြတ်ဗုဒ္ဓသည် အကြမ်းမဖက်ရေး ငြိမ်းချမ်းရေးတရားကိုသာ ဟောတော်မူတာမဟုတ်ပါ။စစ်ပွဲဖြစ်ရာနေရာကို ကိုယ်တိုင်ကြွရောက်ပြီး စစ်မဖြစ်ကြဖို့ တားဆီးတော်မူခဲ့တယ်။ ဘာသာရေးခေါင်းဆောင်းဆိုလို့ လူ့သမိုင်း မှာဖြင့် မြတ်ဗုဒ္ဓသည်သာ ပထမဆုံး ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ဖြစ်ပါတယ်။

သကျသာကီဝင်များနှင့် ကောလိယတွေ၊ ရောဟီနီမြစ်က ရေခွဲဝေရေးကိစ္စမှာ မြတ်ဗုဒ္ဓဟာစစ်တလင်းကို ကိုယ်တိုင်ကြွသွားပြီး တရားဓမ္မကို ဟောကြားခဲ့ပါတယ်။ ပြီးတော့ အဇာတသတ်မင်းက ၀ဇ္ဇီတိုင်းကို စစ်မတိုက်ဖြစ်အောင် ဗုဒ္ဓရှင်တော်မြတ်က ဆွဲဆောင်တော်မူနိုင်ခဲ့ပါတယ်။

လောကအကျိုးကိုလိုလားတဲ့ မြတ်ဗုဒ္ဓဟာ အစိုးရကောင်း၊ အုပ်စိုးသူကောင်း ဖြစ်ဖို့အတွက် ကြိုတင်ရှိအပ်တဲ့ အရည်အချင်းတွေကိုလည်း ထုတ်ဖော်ဟောကြားတော်မူခဲ့ပါတယ်။

တိုင်းပြည်တပြည်မှာ အဂတိလိုက်စားမှုတွေ ဘယ်လိုဖြစ်လာနိုင်တယ်ဆိုတာကို ဟောကြားရာမှာ တိုင်းပြည် အုပ်ချုပ်မင်းလုပ်သူ နိုင်ငံအကြီးအကဲက အကျင့်ပျက်ပြီး အဂတိလိုက်စားပြီး မတရားပြုကျင့်ရင် တိုင်းသူပြည် သားများလည်း အကျင့်ပျက်ပြီး အဂတိလိုက်စားတတ်ပုံကို ဟောကြားတော်မူပါတယ်။ အုပ်စိုးသူမင်းက အစ မင်းစေပါမကျန် အဂတိလိုက်စားကြပြီဆိုရင် တိုင်းသူပြည်သား လူအများစိတ်ဆင်းရဲရပုံ၊တိုင်းပြည်ဆုတ်ယုတ်
ပျက်စီးရပုံများကို ထုတ်ဖော်ဟောကြားတော်မူပါတယ်။ တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူအစိုးရဟာ လူသား ချင်း စာနာထောက်ထား၊ သနား၊ ငဲ့ညှာသော မူဝါဒနဲ့ အုပ်ချုပ်သင့်ကြောင်းကိုလည်း ဆုံးမတော်မူပါတယ်။

စက္က၀တ္တှီသီဟနန္ဒသုတ်မှာ မြတ်ဗုဒ္ဓက အကျင့်ပျက်မှု၊ ရာဇ၀တ်များဖြစ်ကြတဲ့ ခိုးမှု၊ လိမ်မှု၊ အကြမ်းဖက် တိုက်ခိုက်မှု၊ မုန်းတီးမှု၊ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဆင်းရဲကြပ်တည်းမှုကြောင့် ဖြစ်လာကြောင်းကို ဟောတော်မူတယ်။ မင်းနဲ့ အစိုးရတွေအနေနဲ့ ရာဇ၀တ်မှုတွေကို အပြစ်ဒဏ်ပေးခြင်းဖြင့် နှိမ်နှင်းကြရတယ်။ ဒါပေမယ့် ရာဇ၀တ်မှုပပျောက်အောင် အင်အားပါဝါကိုသုံးပြီး လုပ်ထားတာကတော့ အကျိုးမဲ့အချည်းနှီးပဲဖြစ် ကြောင်းကို ဟောထားပါတယ်။

ကုတဒန္တသုတ်မှာလည်း ဗုဒ္ဓရှင်တော်ဘုရားက အင်အားသုံးပြီး ရာဇ၀တ်မှုကို နှိမ်နှင်းမယ့်အစား စီးပွားရေး အဆင်ပြေအောင်လုပ်ပေးသင့်ကြောင်းကိုလည်း အကြံပြုဟောကြားတော်မူခဲ့တယ်။ အစိုးရဟာ တိုင်းပြည်နဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး တိုင်းသူပြည်သားတွေ စီးပွားရေး၊ လူမှုရေး တိုးတက်ကောင်းမွန်လာအောင် လုပ်ပေးရမယ်။ ဒီနည်းနဲ့ လူ့ဂုဏ်သိက္ခာမကျဆင်းရအောင် စောင့်ရှောက်ပေးရမယ်လို့ ဟောထားပါတယ်။

ဇာတကနိပါတ်တော်ထဲမှာ မင်းကျင့်တရား ဆယ်ပါးကို အစိုးရတို့လိုက်နာအပ်ကြောင်း ဟောတော်မူထားပါ တယ်။ မင်းကျင့်တရားဆယ်ပါးအား ခုခေတ်ကာလမှာလည်း တိုင်းပြည်ကို ငြိမ်းချမ်းသာယာစွာ အုပ်ချုပ်လိုတဲ့ အစိုးရမင်းများအသုံးချ လိုက်နာကျင့်သုံးထိုက်တယ်။ ဒီမင်းကျင့်တရား(ရာဇဓမ္မ) ဆယ်ပါးကတော့-

၁။ ရက်ရောမှု၊ လွတ်လပ်မှုရှိပြီး တစ်ကိုယ်ကောင်းမဆန်ခြင်း
၂။ တိုင်းသူပြည်သားများရဲ့ ဘ၀သက်သာချောင်ချိရေးအတွက် မိမိရဲ့ ကိုယ်ကျိုးအတ္တကို စွန့်လွှတ် အနစ်နာ ခံခြင်း
၃။ အကျင့်သီလ အဆင့်မြင့်ကောင်းမွန်ခြင်း
၎။ ရိုးသား၊ ဖြောင့်မတ်ပြီး အကြွင်းမဲ့ဂုဏ်သိက္ခာရှိခြင်း
၅။ ကြင်နာ၊ သနားတတ်ခြင်း
၆။ တိုင်းသူပြည်သားများ လေးစား၊ အားကျလောက်အောင် မိမိတို့ရဲ့ဘ၀ အနေအထိုင်
ရိုးသားခြင်း
၇။ အမျက်ဒေါသ ကင်းစင်ခြင်း
၈။ အကြမ်းမဖက်ခြင်း
၉။ သည်းခံတတ်ခြင်း
၁၀။ ပြည်သူလူထုရဲ့ ထင်မြင်ယူဆချက်များကို လေးစားစွာ ငြိမ်းချမ်းရေးနဲ့ ညီညွတ်မှုကို
မြှင့်တင်ခြင်းတို့ဖြစ်ပါတယ်။

အခုခေတ် မြန်မာနိုင်ငံရဲ့စစ်အာဏာရှင်ကြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူ့ရဲ့ လက်မရွံ့နောက်ပါ ၀န်ကြီးများရဲ့ အဓမ္မနည်းတွေနဲ့ တိုင်းသူပြည်သားတွေအပေါ် ကျင့်ကြံပြုမူပုံနဲ့ နှိုင်းယှဉ်ဆင်ခြင်သင့်ပေတယ်။

မင်းတို့ကျင့်အပ်တဲ့ တရားနဲ့ဆက်လျဉ်းပြီး မြတ်ဗုဒ္ဓက စက္က၀တ္ထီသီဟနန္ဒသုတ်မှာ ဟောတော်မူထားတာက -

၁။ အုပ်စိုးသူ အစိုးရကောင်း၊ မင်းကောင်းတို့မည်သည် ဘက်လိုက်ခြင်း၊ အဂတိလိုက်စား
ခြင်း၊ တိုင်းသူပြည်သား၊ လူအများတို့အပေါ် ခွဲခြားဆက်ဆံမှုမရှိခြင်းသည် တရပ်၊
၂။ အုပ်စိုးသူ မင်းကောင်း အစိုးရကောင်းတို့မည်သည် တိုင်းသူပြည်သားတို့အပေါ် အမုန်း
စိတ်ထား၍ ဆက်ဆံခြင်းမပြုခြင်းသည် တရပ်၊
၃။ အုပ်စိုးသူ မင်းကောင်းအစိုးရကောင်းတို့မည်သည် တရားမျှတမှုရှိသော တရားဥပဒေ
ကို ပြဌာန်းရာ၍ ကြောက်ရွံ့ထိတ်လန့်မှု မရှိခြင်းလည်း တရပ်၊
၎။ မင်းကောင်း၊ အစိုးရကောင်းတို့မည်သည် မိမိတို့ပြဌာန်းလိုသော ဥပဒေကို ကောင်းစွာ
သိနားလည်မှုရှိရမည်။ ငါ့မှာ ဥပဒေပြဌာန်းခွင့်အာဏာရှိသည်ဆိုကာမျှ သဘောထားဖြင့်
ပြဌာန်းခြင်းမပြုအပ်၊ တရားဥပဒေကို ပြဌာန်းရာ၌ အကြောင်း ယုတ္တိ ခိုင်လုံမှုရှိပြီး စိတ်
နှလုံးကောင်းဖြင့်သာ ပြဌာန်းရမည်။

အထက်ဖော်ပြပါ အုပ်စိုးသူ၊ မင်းကောင်း၊ အစိုးရကောင်းများရဲ့ သဘောလက္ခဏာများနဲ့ ဗုဒ္ဓလမ်းညွှန် ချက်နဲ့ တက်တက်ဆင် ကွဲလွဲနေတဲ့ မြန်မာစစ်အာဏာရှင်တို့ရဲ့အဓမ္မလုပ်ရပ်များ၊ အာဏာပါဝါကို အလွဲသုံးစားလုပ်မှုတွေကို သတိထားဆင်ခြင်အပ်ပါတယ်။

မိလိန္ဒပဥှာမှာလည်း“မင်းကြီး ဥပမာသော်ကား ယောက်ျားသည် အစွမ်းသတ္တိမရှိ၊ အမျိုးယုတ်၏၊ နည်းသော ပညာရှိ၏၊ ကြီးကျယ်စွာသောမင်း၏ အဖြစ်ကို ရသော် တခဏခြင်းဖြင့်ဖောက်ပြန်၏၊ ပရိသတ်ကို ဖျက်ဆီး၏၊ ထိုသို့ မထိုက်တန်သော မင်းဆိုးမင်းညစ်အား ပြည်သူတို့က ညှဉ်းဆဲ နှိပ်စက်ရာသည်။ ပြည်သူတို့က အပြစ် ဒဏ်ခတ်ရသည်။ ပြည်သူပြည်သားတို့သည် ဥပဒေနှင့်အညီ မအုပ်ချုပ်သော အုပ်စိုးသူ မင်းတို့ကို အပြစ်ဒဏ် ပေးရမည်။ထို့အပြင် မင်းကဲ့သို့မကျင့်၊ ဓားပြကဲ့သို့ကျင့်သော မင်းဆိုးမင်းယုတ်အားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ”ဟု ဟောတော်မူခဲ့ပါတယ်။

မဇ္ဈနိမနိကာယ်မှာ အပြစ်မရှိတဲ့ တိုင်းသူပြည်သားတွေကိုသာ အပြစ်ဒဏ်ပေးပြီး တကယ့်လက်သည် တရားခံ ကို တော့ အပြစ်မပေးဘဲ ထားတဲ့မင်းဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ မသင့်တဲ့မင်းဖြစ်ကြောင်းကို ဖော်ပြထားပါ တယ်။

ကောက်ကျစ်စဉ်းလဲတဲ့မင်းဟာ မတရားသဖြင့် အပြစ်ဒဏ်စီရင်ခြင်း၊ မတရားသဖြင့် အခွန်အတုပ်ကောက်ခံ ခြင်း၊ အဓမ္မနည်းများဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း၊ အဂတိအမျိုးမျိုးလိုက်စား ခြင်းတို့ကြောင့် ပြည်သူများက အဲဒီမင်း ကို တနည်းမဟုတ်၊ တနည်းအားဖြင့် တုံ့ပြန်လာကြလိမ့်မယ်လို့ မိန့်ကြားခဲ့ပါတယ်။ မြတ်ဗုဒ္ဓရဲ့ကောင်းမြတ်တဲ့ မင်းတို့အတွက် လမ်းညွှန်ချက်ကို ကျင့်သုံးခဲ့တဲ့ ဧကရာဇ်ဘုရင်ကြီး အာသောကမင်းဟာ BC ၃၀၀ လောက် က စပြီး ဂုဏ်သတင်းကျော်ဇောပြီး လူ့သမိုင်းမှာ ထွန်းပခဲ့ပါတယ်။

ဗုဒ္ဓရှင်တော်မြတ်ဟာ အလွန်မြင့်မြတ်တဲ့ လူမှုပြုပြင်ပြောင်းလဲရေးသမားကြီးလဲ ဖြစ်ပါတယ်။ အိန္ဒိယပြည်မှာ အရိုးစွဲနေတဲ့ ဇတ်စနစ်ကို ဗုဒ္ဓက ရှုတ်ချပြီး လူအချင်းချင်းတန်းတူ အခွင့်အရေးကို အရေးထားခဲ့ပါတယ်။ ဆင်းရဲ၊ ချမ်းသာ အလွန်အမင်းမကွာခြားရေးနဲ့ အမျိုးသမီးများရဲ့ လူမှုဘ၀အဆင့်အတန်းမြင့်မားရေးကိုလဲ အားပေးခဲ့ပါတယ်။

လူ့အဖွဲ့အစည်းကို အုပ်ချုပ်ရာမှာ လောဘတဏှာဦးစီးပြီးမလုပ်ကြဖို့၊ မေတ္တာဂရုဏာနဲ့ စာနာထောက်ထား စိတ်နဲ့ သာ အုပ်ချုပ်နေထိုင်ကြဖို့ကိုလည်း တိုက်တွန်းဆုံးမတော်မူပါတယ်။ မြတ်ဗုဒ္ဓက ပြုပြင်ပြောင်းလဲရေး ကို အပြင်ပန်း ဗဟိန္ဓအားဖြင့် လုပ်တာဟာ ရေတိုပဲရမယ်၊ တကယ်တမ်းပြုပြင်ပြောင်းလဲရေးလုပ်ချင်ရင် စိတ်ပြောင်းတော်လှန်ရေးလုပ်မှရမယ်ဆို တာကို ထုတ်ဖော်မိန့်ကြားခဲ့ပါတယ်။

အင်အားပါဝါကိုအသုံးပြုပြီးလုပ်တဲ့ပြုပြင်ပြောင်းလဲရေးဟာ ခဏပဲခံတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီပြုပြင် ပြောင်းလဲရေးမှာ စွဲစရာအဖြစ်မပါဘူး။ တကယ်တမ်းပြုပြင်ပြောင်းလဲရေးဖြစ်ဖို့ကတော့ ပြုပြင်ပြောင်းလဲ လို တဲ့ စိတ်ဓာတ်အမှန် အဆင်သင့်ဖြစ်နေမှသာ ဖြစ်နိုင်မယ်။ လူသားတိုင်းမိမိကိုယ်တိုင် အမှန်တရားချစ်မြတ်နိုး မှု၊ လူအချင်းချင်းတရားမျှတစေလိုမှု စတဲ့ တရားများဆီက ရှင်သန်အားကို ရရှိနေသရွေ့ ရပ်တည်ရှင်သန် နေကြမှာပဲ ဖြစ်တယ်လို့ မိန့်ခဲ့ပါတယ်။

စစ်အာဏာရှင် မိစ္ဆာဝါဒီသမားတွေရဲ့ လက်အောက်ကျရောက်နေတဲ့ မြန်မာနိုင်ငံမှာ ဗုဒ္ဓရဲ့ မွန်မြတ် မှန်ကန် တဲ့ သြ၀ါဒ အမြုတေကို ယုံကြည်အားကိုးပြီး လူ့အခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ အဓမ္မတရားများကို ဖယ်ရှား ရေးတို့အတွက် တမျိုးသားလုံး အသက်ပေး ဆောင်ရွက်ရမှာဖြစ်တယ်။

အာကာမိုး

Tuesday, December 18, 2007

စစ်အစိုးရက ဖမ်းဆီးခံသံဃာအချို့ ပြန်လွှတ်ပေးလိုက်သည့်အပေါ် ပြည်ပရောက် သာသနာ့ဥသျှောင်အဖွဲ့၏ တုံ့ပြန်ပြောဆိုချက်

ပြီးခဲ့တဲ့ စက်တင်ဘာလ သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီဆန္ဒပြမှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေထဲက တချို့ကိုယ်တော်တွေကို မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခဲ့တာရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ သံဃာတော်တချို့ ပြန်လွတ်လာတာနဲ့ပတ်သက်ပြီး ပြည်ပမှာ မကြာခင်က ဖွဲ့စည်းထားတဲ့ သာသနာ့ဥသျှောင်အဖွဲ့က အတွင်းရေးမှူး ကိုယ်တော်တပါးဖြစ်တဲ့ ဦးဂုဏိသရကို လျှောက်ထားမေးမြန်းပြီး ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။
အခုလိုမျိုး သံဃာတော်တွေ ပြန်လွတ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး သာသနာ့ဥသျှောင်အဖွဲ့က ဘယ်လို သဘောထားရှိပါသလဲ၊ ဘယ်လိုမြင်ပါသလဲဘုရား။
“ပြန်လွှတ်လိုက်တဲ့အတွက် ဦးဇင်းတို့အနေနဲ့ လက်ခံပါတယ်။ ထောင်ထဲမှာရှိတဲ့ သံဃာတော်တွေအားလုံး လွှတ်ပေးဖို့အထိကို ဦးဇင်းတို့ မျှော်လင့်ထားပါတယ်။ အခု လွှတ်ပေးတာက သံဃာအပါး ၅၀ လောက် ဆိုတာ အနည်းအကျဉ်းပဲရှိပါသေးတယ်။ သူတို့ဖမ်းထားတဲ့ရာခိုင်နှုန်းနဲ့စာရင် ဘာမှမရှိသေးပါဘူး။ အဲတော့ အခုလွှတ်ပေးတာ အပြင်ကို နောက်ထပ် အားလုံးကိုလွှတ်ပေးဖို့ ဦးဇင်းတို့အနေနဲ့ တိုက်တွန်းပါတယ်။
ထို့အတူပဲ သံဃာတော်များအပြင် အဖမ်းခံထားရတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေး သမားတွေအားလုံးကို လွှတ်ပေးဖို့ ဦးဇင်းတို့အနေနဲ့ မျှော်လင့်ပါတယ်”
အခု မြန်မာပြည်တွင်းက သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သာသနာ့ဥသျှောင် အဖွဲ့က ပဓာနစရိယဆရာတော်ကြီး၊ မစိုးရိမ်ဆရာတော် ဦးကောဝိဒဟာ အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်း၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းမှာ မြန်မာပရိသတ်တွေကို တရားဟောပွဲတွေ တပွဲပြီးတပွဲကျင်းပနေတယ်လို့ ကြားရပါတယ်။ မစိုးရိမ်ဆရာတော်ဘုရားက အဓိက ဘယ်လို အကြောင်းတွေကို ဟောတယ်၊ တရားနာပရိသတ်တွေဘက်က ဘယ်လိုတုံ့ပြန်မှုတွေရှိတယ်၊ ဒီလို တရားဟောပွဲတွေကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်ဆိုတာ အကျဉ်းချုံး ရှင်းပြပေးပါဘုရား။
“ဦးဇင်းတို့ ပဓာနစရိယဆရာတော်တပါးဖြစ်တဲ့ ဦးကောဝိဒဟာ အခု အမေရိကန် ပြည်ထောင်စု အနောက်ပိုင်းမှာ ပထမဆုံးခရီးအဖြစ် မြန်မာတွေရှိတဲ့မြို့တွေမှာလိုက်ပြီး တရားဟောပွဲတွေ လုပ်နေပါတယ်။ တဖက်မှာလည်း ပီနန်ဆရာတော်ကြီး ဦးပညာဝံသကလည်း ဂျပန်ကိုကြွပြီး ဂျပန်မှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ မြန်မာ့အရေးစိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊ မြန်မာပြည်သူတွေကို တရားဟော၊ သြ၀ါဒပေးတဲ့အစီအစဉ်တွေ လုပ်နေပါတယ်။
“အမေရိကန်အနောက်ဘက်ခြမ်းမှာ ကြွလာတဲ့ ဆရာတော်ဦးကောဝိဒရဲ့ သြ၀ါဒခံယူပွဲ၊ ဆရာတော် ချီးမြှောက်တဲ့ပွဲတွေကိုပြောမယ်ဆိုရင် လူတော်တော်များများ တက်ရောက်ခဲ့ကြပါတယ်။ သူ့ရဲ့သြ၀ါဒပွဲမှာ ကံကြီးထိုက်သူဆိုတဲ့အမည်နဲ့ ဆရာတော်က ဟောကြားပေးခဲ့ပါတယ်။ သီလရှိ၊ သမာဓိရှိ၊ မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ကံကြီးထိုက်မယ်ဆိုတဲ့သဘောကို ဆရာတော်က ပရိသတ်ကို ဟောကြားသွားပါတယ်။ အာဏာရှင်တို့ဇာတ်သိမ်းဆိုတာ ဖြစ်ပါတယ်။ အဲဒီမှာ
ကောသလမင်းဟာ အာဏာရှင်ဖြစ်ပြီးတော့ အာဏာရှင်ဘ၀ရဲ့ ဇာတ်သိမ်းကို ဆရာတော်က မီးမောင်းထိုး၊ သြ၀ါဒပေးပြီး ဆုံးမသွားပါတယ်။
“မြန်မာပြည်ဆင်းရဲခြင်းအကြောင်းရင်းဆိုတဲ့ သြ၀ါဒခံယူပွဲမှာ ဆရာတော်က ဘာတွေနဲ့ ဥပမာပေးပြီး ဟောသွားလဲဆိုတော့ ဇာတ်တူသားစားတဲ့ ဟင်္သာကိုးသောင်းတို့၊ လူသားစားတဲ့ ပေါရိသာဒတို့၊ ငါးကြီးအာနန်ဒါတို့ ဥပမာထားပြီး ဆရာတော်က ရှင်းလင်းပြတ်သားစွာ ဟောကြားသွားပါတယ်။
“နောက်တပွဲကတော့ ဘာ့ကလေမှာဟောသွားပါတယ်။ အဲဒီမှာဟောတာက မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊ ဗုဒ္ဓဘာသာအရေးကို စိတ်ဝင်စားတဲ့ နိုင်ငံ ခြားသားတွေကို ဦးစားပေးပြီးတော့ ဟောပါတယ်။ အဲဒီပွဲမှာတော့ လူမျိုးခြားတွေပါ။ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး ရဟန်းတွေ အဖမ်းခံရ၊ နှိပ်စက်ခံရတဲ့အခါမှာ ဆရာ တော်ကြီးတွေဆိုရင် နည်းနည်းသက်သာတယ်။ တချို့နာမည်မရှိတဲ့ ဆရာတော်လေးတွေဆိုရင် ဘာမှမသိဘဲ နှိပ်စက်ခံရတယ်၊ ပြန်လွန်တော်မူသွားတာတွေရှိတယ်ဆိုပြီး။ ဟိုတုန်းကဆိုရင် ရဟန်းနာမည်နဲ့ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နဲ့ ရပ်တည်နိုင်တယ်။ အခုဆိုရင် ရဟန်းရဲ့ ဘွဲ့နာမည်နဲ့တောင် မဟုတ်တော့ဘူး၊ ထောင်ကျပြီဆိုရင် လူနာမည်ပေးပြီးနေရတဲ့ အခြေအနေမျိုးကိုရောက်နေပြီ ဆိုတဲ့အကြောင်း ဆရာတော်က အဲဒီပွဲမှာ ဟောမှာဖြစ်ပါတယ်။
“နောက်တပွဲကတော့ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ဆရာတော်ကြွပြီး ဟောမှာပါ။ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်ကိုပြန်လာပြီး ဓမ္မဇောတိကျောင်းမှာ ဟောမှာဖြစ်ပါတယ်။ ဆရာတော် ဟောမယ့်တရားတွေ ဦးဇင်း အကြမ်းဖျဉ်းသိထားတာက ရဲသော်မသေ၊ သေသော်ငရဲမလားနဲ့ ဆရာတော်နဲ့ ထောင်ဆိုတဲ့ သူ့ရဲ့အတွေ့အကြုံတွေကို ဟောမှာဖြစ်ပါတယ်”
အခုလိုမျိုး ဆရာတော်ကြီးက မြန်မာမိသားစုအသိုင်းအ၀ိုင်းမှာ ဟောပြောတဲ့အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရတယ်လို့ အရှင်ဘုရားတို့ တွေ့ရပါသလဲဘုရား။
“ဆရာတော်ရောက်တဲ့အရပ်မှာ မြန်မာပရိသတ်၊ နိုင်ငံခြားသား အမေရိကန် ပရိသတ်တွေဟာ သာသနာ့ ဥသျှောင်အဖွဲ့ကြီးကနေ ပြည်တွင်းပြည်ပမှာရှိတဲ့ လူထုတွေ၊ ဆရာတော် သံဃာတော်တွေ စည်းရုံးပြီးတော့ မြန်မာ့အရေးကို စွမ်းစွမ်းတမံဆောင်ရွက်နေပြီဆိုတာကို သူတို့က လက်တွေ့မြင်လိုက်ရ၊ သိလိုက်ရပါတယ်။ အဲဒီအတွက် သူတို့က ကျေနပ်ဝမ်းသာပြီး ဆရာတော်တွေအတွက် လိုအပ်တာ သူတို့တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းတာ လုပ်ပါတယ်။ လူထုရဲ့ ၀မ်းမြောက်ဝမ်းသာထောက်ခံချက်ကို ဦးဇင်းတို့ ရှေ့မှာတင် မျက်ဝါးထင်ထင် တွေ့ရပါတယ်၊ ၀မ်းသာစရာအဖြစ် မြင်ရပါတယ်”
တပည့်တော်တို့သိရသလောက် အမေရိကန်နိုင်ငံမှာ သီတင်းသုံးနေကြတဲ့ မြန်မာ သံဃာတော်တွေအားလုံး အရှင်ဘုရားတို့ရဲ့ သာသနာ့ဥသျှောင်မှာ မပါဝင်ဘူးလို့ သိထားပါတယ်ဘုရား။ ဒီလိုမပါဝင်တဲ့ သံဃာတော်တွေဟာ အရှင်ဘုရားတို့နဲ့ ဘယ်လိုသဘောထားမတိုက်ဆိုင်မှုတွေ ရှိနေလို့ပါလဲဘုရား။
“ဦးဇင်းတို့အနေနဲ့ သဘောထားမတိုက်ဆိုင်မှုရှိတယ်လို့ လုံးဝပြောလို့မရပါဘူး။ သူတို့တွေက ဦးဇင်းတို့ သံဃာတွေပါပဲ၊ ဦးဇင်းတို့မိတ်ဆွေတွေပါပဲ။ သူတို့အနေနဲ့ မပါဝင်ချင်တဲ့ဆန္ဒက ဦးဇင်းတို့ကို ကန့်ကွက်တာမဟုတ်ပါဘူး။ သူတို့ ကိုယ်ရေးကိုယ်တာအတွက်ပါ။ သာသနာ့ဥသျှောင်ကို ဆန့်ကျင်လို့၊ မထောက်ခံလို့ မဟုတ်ပါဘူး။ သူတို့ စိတ်အားဖြင့် ဦးဇင်းတို့ သံဃာ့ဥသျှောင်အဖွဲ့ကို ထောက်ခံပြီးသားပါ၊ ဆန္ဒပေးပြီးသားတွေ ဖြစ်ပါတယ်။ အများစု ၉၉ ရာခိုင်နှုန်းလောက်က အဲလိုဖြစ်ပါတယ်။
“ဒါပေမယ့် တခြားတဖက်မှာ သူတို့ရဲ့ မူရင်းစွဲကြောက်စိတ်လေးတွေက မြန်မာပြည် အစိုးရများ သူတို့ သိလို့ရှိရင် ပြန်လို့မရဘူး၊ သူတို့ရဲ့ အမေတွေ၊ အဖေတွေနဲ့ သေတာတောင်မှ သူတို့တွေ့ခွင့်မရဘူးဆိုတဲ့ အဲဒီစိုးရိမ်စိတ် လွန်ကဲမှုတွေက သူတို့ ဦးဇင်းတို့နဲ့ အတူတကွ ပါဝင်ဖို့ သိပ်ခက်နေပါတယ်။ အဲဒါကိုလည်း ဦးဇင်းတို့က နားလည်ပေးပါတယ်။ သာသနာ့ဥသျှောင်အဖွဲ့ကို မပါတာနဲ့ဘဲ သူတို့ကို ဦးဇင်းတို့က ရန်သူလည်း မဟုတ်ပါဘူး၊ မိတ်ဆွေတွေပါပဲ။ သာသနာ့ဥသျှောင်မှာ ရန်သူသံဃာရယ်လို့ တပါးမှ
မရှိပါဘူး။ ဦးဇင်းတို့နဲ့ သဘောထားကွဲလွဲတယ်လို့လည်း မယူဆပါဘူး”
မကြာခင်တုန်းက ပြည်ပမှာဖွဲ့စည်းခဲ့တဲ့ သာသနာ့ဥသျှောင်အဖွဲ့က အတွင်းရေးမှူး ကိုယ်တော်တပါးဖြစ်တဲ့ ဦးဂုဏိသရ မိန့်ကြားခဲ့တာဖြစ်ပါတယ်။

Tuesday, December 4, 2007

အဓမ္မတရားကို အသက်ပေးအာခံခဲ့သူ အာဇာနည်အရှင်မြတ် ဦးဝိစာရ





မိမိယုံကြည်သက်ဝင်ရာ ဘာသာ၊ သာသနာအတွက် အသက်ပေးဆပ်ဝံ့သူ မိမိလူမျိုးတို့ မ
တရားမင်းလက်အောက်တွင် ဘာသာ၊ သာသနာ အပါအ၀င် လူနေမှုဘ၀ အဖက်ဖက်မှ
နိမ့်ပါးဆိုးရွားနေချိန်တွင် မိမိ၏ သီလ၊ သိက္ခာကို စောင့်ထိန်းပြီး သာသနာနှင့်လူမျိုးအ
တွက် အစာငတ်ခံကာ အဓမ္မတရားကို အသက်ပေးအာခံခဲ့သူမှာ အာဇာနည်အရှင်မြတ်
ဦးဝိစာရပင်ဖြစ်သည်။

အကျင့်ထူးရှိသူ ဟု အဓိပ္ပာယ်ရသော ရဟန်းဘွဲ့ပိုင်ရှင် ဦးဝိစာရကို ဦးပြားနှင့် ဒေါ်ဇလပ်တို့
မှ မုံရွာခရိုင်၊ ချောင်းဦးမြို့အပိုင် ကမ်းနိမ့်ရွာတွင် မြန်မာသက္ကရာဇ် ၁၂၅၀ (ခရစ်နှစ် ၁၈၈၈)
တန်ခူးလပြည့်ကျော် ၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။

ဉာဏ်ရည်ထက်မြတ်ခြင်း၊ လုပ်ရည်ကိုင်ရည်ရှိခြင်း၊ အများအကျိုးဆောင်ရွက်တတ်ခြင်းတို့
ကြောင့် ဦးဝိစာရလောင်းလျာ မောင်လှကျော်သည် အသက် ၁၈ နှစ်အရွယ်တွင် ပထမ
အိမ်ထောင်ကျခဲ့သည်။ အဆင်မပြေဖြစ်ပြီးနောက် ဒုတိယအိမ်ထောင်ပြုခဲ့ပြန်သည်။ သို့
သော် လူ့လောက၊ လူ့ဘ၀ကြီးကို ငြီးငွေ့လျှက် ရဟန်းခံလိုသော မောင်လှကျော်သည် အ
သက် ၂၃ နှစ်အရွယ်တွင် မိဘများနှင့် ဇနီးသည်တို့ကို ခွင့်တောင်းကာ ရဟန်းဘောင်သို့
ဝင်ခဲ့သည်။

ဦးဝိစာရ၏ အမျိုးသားရေးစိတ်ဓါတ်သည် ၁၂၈၀ ( ၁၉-- ) ပြည့်တွင် မန္တလေးအိမ်တော်ရာ
ဘုရားပွဲတော်ကြီးသို့ အင်္ဂလိပ်လူမျိုး၊ မန္တလေးရာဇ၀တ်ဝန် မစ္စတာ စတီးဝပ်ဆိုသူသည်
နောက်ပါပုလိပ်များခြံရံကာ ဘုရားရင်ပြင်ပေါ်သို့ ဖိနပ်ခြေနင်းများစီး၍ တတ်ရောက်သည်
ကိုကြုံရပြီး နိုးကြားခဲ့ရသည်။

ဦးဝိစာရသည် ၁၂၈၂ ( ၁၉-- ) လောက်တွင် ပခုက္ကူမှနေ၍ သံဃာ့သမဂ္ဂအဖွဲ့သို့ဝင်ပြီး မ
လှိုင်၊ ပန်းအိုင် နယ်တွင် အစိုးရတို့၏ မြေအခွန်တော်သစ်နှင့်ပတ်သက်ပြီး နိုင်ငံရေးတရား
ဟောကြားခဲ့သည်။ အစိုးရအကြည်အညိုပျက်အောင် ဟောပြောမှုကြောင့်ဆိုကာ ဦးဝိစာရ
နှင့် ဦးပုည ကိုယ်တော်နှစ်ပါးအား ထောင်ဒဏ် ( ၆ ) လစီ အပြစ်ပေးခဲ့ကြသည်။

ဆရာတော်ဦးဝိစာရသည် ၁၉၂၆ မှ စတင်ကာ အင်္ဂလိပ်အစိုးရ၏ အာဏာဖီစံမှု ဥပဒေပုဒ်မ
ဖြင့် ထောင်ဒဏ်အကြိမ်ကြိမ်အပြစ်ပေး ခံခဲ့ရသည်။ သာယာဝတီထောင်နဲ့အကျဉ်းကျနေ
စဉ် ဦးဝိစာရက ၁ ၊ ၂ ၊ ၁၉၂၇ ဥပုဉ်နေ့တွင် ဗုဒ္ဓဘာသာရဟန်းတော်တို့၏ ၀ိနည်းသိက္ခာပုဒ်


နှင့်အညီ သိမ်တစ်ခုခုသို့ ကြွရောက်ဥပုဉ်ပြုနိုင်ရန် စီစဉ်ပေးစေလိုကြောင်း အရေးပိုင်ထံသို့
စာတစ်စောင်ရေးသားပေးပို့လိုက်သည်။ အာဏာပိုင်တို့က ခွင့်မပြုခဲ့သဖြင့် ဆွမ်းဘုန်းမပေး
ပဲ အစာငတ်ခံ ဆန္ဒပြ အရေးဆိုတော့သည်။

အာဏာပိုင်တို့က ရန်ကုန်ထောင်ကြီးသို့ ပို့ဆောင်ခဲ့ပြီး ဦးဝိစာရသည် ဆက်လက်အစာငတ်
ခံ ဆန္ဒပြခဲ့ရာ ရက်ပေါင်း ( ၄၀ ) မြောက်နေ့တွင်မှ ထောင်အာဏာပိုင်တို့က ဥပုဉ်ပြုခွင့်ကို
အလျော့ပေးလိုက်သဖြင့် ဆွမ်းပြန်စားခဲ့သည်။ ၁၉၂၇ မေလ တွင် အင်းစိန်ရုံးက ဆရာ
တော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်နဲ့ ၉ လ အပြစ်ပေးကာ ရန်ကုန်ထောင်ကြီးသို့
ပို့လိုက်သည်။ အကျဉ်းသားဖြစ်သည်နှင့်တပြိုင်နက် သင်္ကန်းများချွတ်၍ ထောင်ဝတ်လဲရ
မည်ဟု ထောင်အာဏာပိုင်များက ဆိုသောအခါ ငြင်းဆန်ခဲ့သည်။ နောက်ဆုံးအင်္ဂလိပ်အ
ရာရှိ ၄ ယောက်၏ သင်္ကန်းဆွဲချွတ်ခြင်းကို ခံခဲ့ရသော်လည်း ထောင်အ၀တ်အစားကို မ
ဝတ်ပဲ ဗလာကိုယ်လုံးတီးသာ သီတင်းသုံးခဲ့သည်။


ဤကဲ့သို့ သင်္ကန်းချွတ်ခံလိုက်ရသောအခါ ဦးဝိစာရသည် မိစ္ဆာအစိုးရတို့ကား ဗမာပြည်နှင့်
လူမျိုးတို့ကို ၎င်းတို့၏ခြေထောက်အောက် ထားရုံအားမရသေးပဲ ဗုဒ္ဓဘုရားရှင်တို့၏ သာသ
နာတော်ကြီးကိုပါ လက်တွေ့ဖျက်ဆီးကြလေသည် တကားဟုဆိုကာ မျက်ရည်မဆယ်နိုင်
ချုန်းပွဲချ ငိုကြွေးတော်မူခဲ့သည်။

သို့ရာတွင် မိစ္ဆာအစိုးရတို့သည် ထောင်အပ၍ အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေပုဒ်
မများဖြင့် ရဟန်းတော်များအား တရားမဲ့ ဖမ်းဆီး၊ အပြစ်ပေးရုံမက ထောင်အတွင်း၌လည်း
မြတ်စွာဘုရား ခွင့်ပြုသတ်မှတ်ပေးအပ်တော်မူသော ၀တ်ရုံသင်္ကန်းကို အတင်းအဓမ္မချွတ်၍
ထိပါးစော်ကားခံနေရခြင်းကြောင့် သာသနာတော်ကြီးသည် မကြာခင် ပျက်ဆီးရတော့မည်။
ငါတို့သည် ဤသို့ငိုကြွေးနေရုံဖြင့် သာသနာ့ဆူးရန်များသည် သူု့အလိုအလျောက်ကင်းစင်
ကွယ်ပျောက်သွားလိမ့်မည်မဟုတ်ပေ။


ရှေးသရောအခါက ပါဋလိပုတ်ပြည်သား ရဟန်းသူမြတ်များသည် သာသနာ့ဘေးရန် အန္တ
ရာယ်ကြီး ဆိုက်ရောက်လာသောအခါ အသက်အသေခံကာ သာသနာတော်အတွက် အ
သက်ပေးလှူတော်မူခဲ့ကြသည့် ထုံးဟောင်း သာဓကကို များစွာသတိရ ဆင်ခြင်မိသဖြင့်
ငါသည်လည်း ထိုနည်းတူစွာ အမျိုးဘာသာ၊ သာသနာတော်ကြီးအတွက် အသက်စွန့်လွှတ်
တော့မည်။ ရန်သူ့အလိုကျ လူဖျင်း၊ လူညံ့တို့၏ ဓလေ့စရိုက်ကဲ့သလို့ အဓမ္မမင်းတို့အား ၀န်
ချတောင်းပန်ခြင်း၊ သာသနာ့တံခွန်သင်္ကန်းချွတ်၍ ထောင်အ၀တ်လဲလှယ်ခြင်းကိုလည်း
ကောင်း အလျော့ပေးအညံ့ခံ၍ ငါတစ်ကိုယ်တည်းအတွက် လုံးဝမရှာကြံလို။ မည်သို့ပင်
ညှင်းပန်းနှိပ်စက်ကြ၍ ကာယဒုက္ခဝေဒနာကို ခံစားရပါစေ၊ ခန္တီပါရမီကို ဆောက်တည်၍
ဆွမ်းဘုန်းမပေးပဲ အသက်ဇီဝိန်ချုပ်သည်အထိ အားလုံးသော ထောင်တွင်းရောက် သံဃာ
တော်များနှင့် သာသနာတော်ကြီး၏အကျိုးစီးပွားကို ရှေ့ရှု၍ အစာငတ်ခံရန် အဓိဌာန်ပြုအံ့
ဟု စိတ်ပိုင်းဖြတ်ကာ ဆွမ်းမစားတော့ပေ။

အစားမစားပဲ ရက်ပေါင်း ၄၀ ကျော်လာသည့်အတွက် ဦးဝိစာရခင်ဗျာ ဂုံနီခင်းအိပ်ရာပေါ်
တွင် ဗုန်းဗုန်းလဲတော့သည်။ ထို့နောက်ဆရာတော်ကို တံတားလေးစိတ်ရောဂါအထူးကု
ဆေးရုံသို့ ၁၉၂၈ နေ့တွင် ပို့လိုက်ပြီး နည်းပေါင်းစုံဖြင့် နှိပ်စက်ညှင်းပန်း ဆဲရေးကြသည်။
ထို့နောက်ဆရာတော်အား သင်္ကန်းပြန်ပေးအပ်လိုက်ပြီး ၁၉၂၈ တွင် အိန္ဒိယပြည် မေဒနီ
ထောင်သို့ပို့ခဲ့သည်။ ၁၈ ရက် ၂ လ ၁၉၂၉ တွင် ရန်ကုန်ထောင်သို့ ပြန်ပို့ပြီး နောက်ပိုင်း ဆ
ရာတော်အား လွှတ်လိုက်သည်။

မဟတ္တမဂန္နီကြီး၏ အကြံပေးတိုက်တွန်းချက်နှင့် အိန္ဒိယအမျိုးသားကွန်ဂရက်ကြီးမှ ဆေး
ဝါးကုသပေးရန် စီစဉ်ဖိတ်ကြားချက်အရ ဦးဝိစာရသည် ၆ ရက် ၄ လ ၁၉၂၉ တွင် အိန္ဒိယ
သို့ကြွရန် သင်္ဘောဆိပ်အဆင်းတွင် သုံးခွမြို့၌ ဟောပြောသောတရားများသည် အစိုးရ
အကြည်ညိုပျက်စေသောကြောင့် ပုဒ်မ ၁၂၄ ( က ) အရ တတိယအကြိမ် အဖမ်းခံရပြန်
သည်။

ရန်ကုန်ထောင်တွင် အကျဉ်းကျခိုက် နိုင်ငံရေးသမားများကိုထားလေ့ရှိသော အထူးခန်း၌
နေခွင့်ပြုရန်တောင်းဆိုရာမရသဖြင့် အစာငတ်ခံဆန္ဒပြခဲ့ပြန်သည်။ ထောင်အာဏာပိုင်များ
မှတစ်ဆင့် မြန်မာပြည်ဘုရင်ခံထံသို့ ထပ်မံ၍တောင်းဆိုချက် ၃ ချက်ကို တောင်းဆိုလိုက်
သည်။ ၎င်းတို့မှာ - - -
( ၁ ) ထောင်ဒဏ်အပြစ်ပေးခံရသော ရဟန်းတော်များအား သင်္ကန်းဝတ်ခွင့်ပေးရန်
( ၂ ) ထောင်အတွင်း၌ ၀ိနည်းတော်အရ တစ်လ ၂ ကြိမ် ဥပုဉ်နေ့တိုင်း ဥပုဉ်ပြုခွင့်ပေးရန်
( ၃ ) နိုင်ငံရေးရာကိစ္စများနှင့်ပတ်သက်၍ ထောင်အတွင်းရောက် ရဟန်းများအား ထိုက်



တန်သောသတင်းသုံးခွင့်ပြုရန်$
တို့ဖြစ်သည်။

သို့သော်အာဏာပိုင်တို့က မလိုက်လျောခဲ့သဖြင့် ဆရာတော်သည် ရဟန်းတို့ဆောက်
တည်အပ်သော ပါတိမောက္ခသံဝရသီလ ပျက်ဆီးမည်ကို စိုးရိမ်၍ အသက်ကို အသေခံခြင်း
ကသာ မြတ်သည်ဟု ဆုံးဖြတ်ပြီး အစာငတ်ခံကာ သပိတ်မှောက်ခြဲ့ပန်သည်။

ဆရာတော်အမှုကို ရုံးတင်သောနေ့ ၁၈ ရက် ၆ လ ၁၉၂၉ တွင် ဆရာတော်ဆွမ်းဘုန်းမပေး
သည်မှာ ၈၁ ရက်ရှိပြီဖြစ်၍ မထနိုင်သောကြောင့် ဟံသာဝတီစက်ရှင် တရားသူကြီးသည်
ထောင်အတွင်းသို့ ၀င်ရောက်ကာ ဦးဝိစာရအား တစ်ကျွန်းပို့အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆
နှစ် အပြစ်ပေးလိုက်သည်။ သင်္ကန်းကိုအတင်းချွတ်ယူကြသဖြင့် ခါးတွင်အ၀တ်မရှိသာ ပက်
လက်သာ သတင်းသုံးနေခဲ့ရရှာသည်။

ဦးဝိစာရနှင့်ပတ်သက်၍ သိရှိရန် ၁၇ ရက် ၈ လ ၁၉၂၉ နေ့တွင် ၀ံသာနုသတင်းစာတိုက်မှ
ကိုယ်စားလှယ်များသည် ထောင်အတွင်းသို့ ၀င်ရောက်ဖူးမျှော်ကြသောအခါ အရိုးနှင့်အရေ
မျှသာကျန်၍ အားအင်လုံးဝကုန်ခမ်းနေသော ဆရာတော်ဦးဝိစာရကို တွေ့ရ၍ အလွန် စိတ်
ထိခိုက် တုန်လှုပ်ခဲ့ရသည်။

ဝံသာနုသတင်းစာတိုက်မှတကာများကို ဆရာတော်က ပက်လက်နေရာမှမိန့်ကြားရာတွင် -
သာသနာတော်အရေးအခွင့်အတွက် ပါဋလိပုတ်ပြည် ရဟန်းတော်များ အသက်စွန့်လွှတ်
တော်မူခဲ့ကြဖူးသည့် လမ်းစဉ်အတိုင်း ငါတို့သည်လည်း အသက်စွန့်လွှတ်၍ မြတ်သော
အဓိဌာန်ပါရမီကို ပြည့်မြောက်အောင် ဆောက်တည်လျက်နေခြင်းဖြစ်ကြောင်း၊ ယခုအ
တိုင်းဆိုလျှင် ဥပုသ် ၂ ပတ်မျှသာ ငါ၏အသက်နှင့်ခန္ဓာတွဲရှိနေနိုင်တော့မည်။ သာသနာ
တော်၏ မျက်နှာကိုထောက်ထား၍ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာအတွက် ကြိုးစား
ဆောက်ရွက်ကြပါ - ဟု မိန့်တော်မူခဲ့လေသည်။

ဝံသာနုသတင်းစာမှ ၎င်းတို့တွေ့မြင်ကြားသိခဲ့ရသမျှကို တိုင်းပြည်သို့ ပြန်လည်အသိပေး
ရေးသားတင်ပြခဲ့သဖြင့် လွှတ်တော်အပါအ၀င် ရဟန်းရှင်လူများအားလုံး မခံမရပ်ဖြစ်လာ
ကြသည်။

ရန်ကုန်အကျဉ်းထောင်အတွင်း ဆွမ်းမသုံးဆောင်ပဲ နေခဲ့သည်မှာ ရက်ပေါင်း ၁၄၀ ကျော်
ကြာပြီးဖြစ်၍ ဝေဒနာအပြင်းအထန် ခံစားရသည်ဟု သတင်းရ၍ အထူးသံဃာ့အကျိုး



ဆောင် တာဝန်ခံ တွံတေးကျောင်းဆရာတော် ဦးကေတုနှင့်အတူ ဦးစိုးသိန်း ( ဂျီစီဘီအေ )
နှင့် အာလံဦးလာဘတို့သည် ထောင်အတွင်း ၀င်ရောက်ကြည်ညိုခွင့်ရခဲ့သည်။
ဦးကေတုနှင့် ဦးလာဘတို့သည် မမြင်ရက် မကြည့်ရက်နိုင်အောင် ပုံပန်းသဏ္ဍာန် ယိုယွင်း
ပျက်ဆီးနေရှာပြီဖြစ်သော ဦးဝိစာရ၏ နားအနီးကပ်၍ တပည့်တော်တို့ လာရောက်ကြည့်ရှု


ပါသည်ဟု လျှောက်ထားရာ မျက်လုံးအိမ်ကို အနိုင်နိုင်ဖွင့်ကာ အားယူ၍ လေသံတိုးတိုးဖြင့်
မျက်…. မှန်… အ… လှူ… ခံ …. ပါ။ သဗ္ဗအာပတ္တိ …. ယော … အာ …. ရော …. စ …
ယာ…. မိ ...။ တိုင်း …. ပြည် … ကို …. လိမ် …. မာ … ရစ် … ကြ …. ပါ … လို့ …. မှာ…
ကြား… လိုက် … ပါ … တယ် - ဟု နောက်ဆုံးမိန့်ကြားခဲ့ပါတယ်။

အရှင်မြတ်ဦးဝိစာရသည် ဗုဒ္ဓဘာသာရဟန်းတော်များ၏ ၀ိနည်းသိက္ခာပုတ်နှင့်အညီ ရသင့်
ရထိုက်သော ထောင်တွင်း အခွင့်အရေးများကို အာဇာနည်ပီပီ ဇွဲကြီးကြီးဖြင့် ရက်လ ရှည်
ကြာစွာ အစာငတ်ခံတိုက်ပွဲဝင်နေရာမှ ၁၆၆ ရက်မြောက်သော ၁၉ ရက် ၉ လ ၁၉၂၉ ၊
ကြာသပတေးနေ့ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်ထောင်ကြီးအတွင်း၌ ပြန်လွန်
တော်မူခဲ့သည်။

သက်တော် ၄၁ နှစ်အရွယ်တွင် ရဟန်းတော်များထောက်တွင်းအခွင့်အရေးအတွက် အစာ
ငတ်ခံကာ ဆန္ဒပြရင်း ကံတော်ကုန်ရှာသော ဆရာတော်ဦးဝိစာရ၏ ရုပ်ကလာပ်ကို ၈ ရက်
၂ လ ၁၉၃၀ ညနေ ၄ နာရီခွဲတွင် ရွှေတိဂုံဘုရားအနီး ကန်တော်မင် ပန်းခြံ၌ သင်္ဂြုံလ်ပူဇော်
ခဲ့ရာ ရဟန်းရှင်လူ ၁ သိန်းကျော် လာရောက်ဂါဝရပြုခဲ့ကြသည်။

ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်တည်ဆောက်ထားပုံမှာ ဦးဝိစာရ၏ အလိုဆန္ဒနှင့်
အညီ အမျိုးသားစည်းလုံးညီညွတ်ရေးသင်္ကေတအဖြစ် ပေါ်လွင်ထင်ရှားစေမည့် စုစည်း
ချည်နှောင်ထားသော ထင်းစည်းပုံသဏ္ဍာန်ပင်ဖြစ်သည်။ ၁၉၄၃ ခုနှစ် အောက်တိုဘာလ ၂
ရက်နေ့တွင် ကျင်းပခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်
နှင့် ကြေးရုပ်ဖွင့်ပွဲအခမ်းအနားသို့ ထိုစဉ်က စစ်ဝန်ကြီးဖြစ်နေသော အမျိုးသားခေါင်း
ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တတ်ရောက် ဂုဏ်ပြုဂါဝရပြုခဲ့သည်။

စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ပြုမိန့်ခွန်းတွင် - ကျွန်ုပ်တို့သည် မင်္ဂလာတရားတော်
အရ ပူဇော်ထိုက်သူကိုပူဇော်ရမည်ဆိုသည့်အတိုင်း ပူဇော်သကာယပြုကြခြင်းသာဖြစ်
ကြောင်း၊ ကျွန်ုပ်တို့၏ ဤသို့လာရောက်ပူဇော်ခြင်းမှာလည်း အာဇာနည်ပုဂ္ဂိုလ်၏ အနိုင်မခံ




အရှုံးမပေးလိုစိတ်၊ မျိုးချစ်စိတ် အမြုတေစိတ်များကို ချီးကျုးပူဇော်နေခြင်းပင် ဖြစ်ကြောင်း၊
အရှင်ဦးဝိစာရသည် အသက်စွန့်လွှတ်စဉ်အခါက အဖော်မပါ တစ်ကိုယ်တည်းသာဖြစ်
ကြောင်း။

အင်္ဂလိပ်လူမျိုးတို့ အုပ်စိုးမှုကို ယခုကဲ့သို့ ပျက်ဆီးဆုံးပါးသွားလိမ့်မည်ဟု မည်သူမျှ မထင်
ကြ၍ အင်္ဂလိပ်များအား မည်သို့မျှ ဆန့်ကျင်ဘက်မပြုဝံ့သောအချိန်အခါတွင် အရှင်ဦးဝိစာရ
ကိုယ်တော်ကြီးတစ်ပါးတည်း ပေါ်ပေါက်လာခဲ့ပြီး မည်သူချီးမွမ်းချီးမွမ်း၊ မည်သူကဲ့ရဲ့ကဲ့ရဲ့


ဘာကိုမျှ ဂရုမစိုက်ပဲ ငါလိုချင်တာမရရင် အသက်အသေခံမယ်ဆိုတဲ့ အာဇာနည်စိတ်ကို
ချီးကျူးဂုဏ်ပြုရမည်ဖြစ်ကြောင်း။

ယခုအခါမှာလည်း ကျွန်ုပ်တို့ရှေ့လုပ်ငန်းစဉ်အတွက် အရှင်ဦးဝိစာရကဲ့သို့ စိတ်ဓါတ်မျိုး
မွေးမြူကြဖို့ အလွန်အရေးကြီးကြောင်း၊ ယခုအခါ အစစအရာရာရှားပါးကြောင်း နေရေး၊
စားရေး၊ သွားရေး၊ လာရေး အလွန်ခက်ခဲကြောင်း။

သို့သော်လည်း ၎င်းအခက်အခဲများကို ဂရုမစိုက်ပဲ လွတ်လပ်ရေးကြီးအတွက် အရိုးကြေ
ကြေ အရေခမ်းခမ်း တစ်ယောက်တည်းကျန်ကျန် အသက်အသေခံကြိုးစားကြရမည်ဟု
စိတ်နှလုံးဒုန်းဒုန်းချပြီး အရှင်ဦးဝိစာရကဲ့သို့ အာဇာနည်အမြုတေစိတ်ဓါတ်ကို ယနေ့မှစ၍
မွေးမြူကြစေလိုကြောင်း မိန့််ကြားခဲ့ပါသည်။

အမျိုးဘာသာ၊ သာသနာအတွက် ဇွဲသတ္တိရှိရှိဖြင့် အသက်အသေခံကာ ဆန္ဒဖော်ထုတ်ရဲပြီး
တိုက်ပွဲဝင်ခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရ၏ စိတ်ဓါတ်မျိုး၊ ဓိတ်ဓါတ်ကား ယနေ့
ခေတ် အဓမ္မအာဏာရှင်တို့အုပ်စိုးရာ မြန်မာနိုင်ငံအတွင်းရှိ ရဟန်း၊ ရှင် ၊ လူ၊ ကျောင်းသား
အားလုံးအတွက် အာဇာနည်အမြုတေစိတ်ဓါတ်နှင့်ပတ်သက်၍ နမူနာယူဖွယ်၊ ဂုဏ်ယူဖွယ်
ပင်ဖြစ်ပါတော့သည်။

အလင်းဆက်

Tuesday, November 27, 2007

ပံ့သကူမထေရ်မြတ် ( သို့ ) အဓမ္မမင်းကို တော်လှန်ဝံ့သူ












မြန်မာသမိုင်းတစ်လျှောက်တွင်ရဟန်းသံဃာများသည် နိုင်ငံအရေး၊ နိုင်ငံသားတို့အရေးအတွက် ဟိုးယခင် ပုဂံခေတ်ဦးမှသည် ယခုခေတ် မိစ္ဆာဝါဒီကို လက်ကိုင်ပြုနေသော နအဖစစ်အာဏာရှင်ခေတ်အထိ သူတို့၏အသက်၊ လာဘ်လာဘတွေကို ပေးဆပ်ခဲ့ကြသည်။ရဟန်းသံဃာတော်များသည် မြတ်စွာဘုရား၏လမ်းစဉ်ဖြစ်သော လောကလူသားအပါအ၀င် သတ္တ၀ါအားလုံးငြိမ်းချမ်းပြီး ချစ်ကြည်စွာနေထိုင်ရန် အလို့ဌာ ၎င်းတို့၏ အသိညဏ်ပညာအပါအ၀င် လိုအပ်လျှင် အသက်၊ သွေးပါစတေးပြီး မြင့်မြတ်သော နှလုံးသားပိုင်ရှင်များပီပီ အဓမ္မမှုများ၊ မတရားမှုများကို အများအကျိုးအတွက် ရဲရဲဝင့်ဝင့်ရှေ့ဆောင်နိုင်သူများဖြစ်သည်။
မြန်မာ့သမိုင်းတွင် အမျိုးဘာသာ၊ သာသနာနှင့် ပြည်သူပြည်သားများအကျိုးအတွက် မင်းကျင့်တရားနှင့်မညီသော ရှင်ဘုရင်ကို မိမိ၏အသက်ခန္ဓာ၊ ရာထူး လာဘ်လာဘကို စွန့်ရဲပြီး အမှန်တရားကို မြတ်ဗုဒ္ဓ၏တရားနှင့်အညီ ထုတ်ဖော်၊ ထောက်ပြခဲ့သော သာသနာ့အာဇာနည်တစ်ပါးရှိခဲ့ဖူးသည်။ အလောင်းစည်သူမင်းလက်ထပ် ရှင်အရဟံမထေရ် ပျံလွန်တော်မူသောအခါ ပုဂံပြည်၏သာသနာ့ဦးဆောင်အဖြစ် ဆက်ခံရသူ ပံ့သကူမထေရ် (ခေါ်) ပံ့သကူငစွယ်ရှင်မထေရ်မြတ်ဖြစ်သည်။ ဆရာတော်သည် အကျင့်သိက္ခာနှင့်ပြည့်စုံပြီး သုသာန်တွင် စွန့်ပစ်ထားသော လူသေကောင်တို့အား ဖုံးလွှမ်းသောအ၀တ်ကိုသာ ကောက်ယူလျှက် သင်္ကန်းအဖြစ် ၀တ်ရုံသူဖြစ်သည်။ ထို့ကြောင့်လဲ ပံ့သကူမထေရ်အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သို့အကျင့်သိက္ခာနှင့်ပြည့်စုံသည်နှင့်အမျှ ပြည်သူတို့ကိုလည်း လွန်စွာချစ်မြတ်နိုးသည်။ မတရားမှု၊ ကောက်ကျင့်စဉ်းလဲမှု၊ ဖိနှိပ်ညှင်းပန်းမှုတို့ကို စိုးစဉ်းမျှ မလိုလား။ ထိုသို့ကြုံလာပါကလည်း တော်လှန်သည်သာဖြစ်သည်။
တစ်ခါသော် အလောင်းစည်သူမင်းသည် သားတော် ၃ ပါးအနက်ရက်စက်ကောက်ကျစ်ယုတ်မာသော သားတော် နရသူက ရွှေကူဘုရားသို့ပို့ကာ မျက်နှာကို အ၀တ်တို့ဖြင့် ဖိသတ်၍ ကံတော်ကုန်ခဲ့သည်။ ခမည်းတော် မရှိပြီကြသော် သားတော်ကြီး မင်းရှင်စောသည် ထီးနန်းကိုယူရန် ပုဂံသို့ အလုံးအရင်းဖြင့် ချီတတ်လာခဲ့သည်။ နောင်တော်၏ အင်အားကို မယှဉ်နိုင်သဖြင့် နရသူသည် အကောက်ကြံတော့သည်။ ပုဂံပြည်၏ သာသနာ့ ဦးလျှောင် ဖြစ်သော ပံသကူမထေရ်ထံ ချဉ်းကပ်၍ နောင်တော်ကို နန်းတင်ပါမည်။ နောင်တော်တစ်ယောက်တည်း ကြွရောက်လာရန် မိန့်ခေါ်ပေးပါဟု လျှောက်ထားခဲ့သည်။ ငြိမ်းချမ်းရေးကို လိုလားပြီး စစ်မက်ရေးကြောင့်ဖြစ်လာမည့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုကိုမလိုလားသော ပံ့သကူ အရှင်မြတ်က မင်းဆိုးမင်းယုတ်၏ သစ္စာကို ယုံကြည်လိုက်မိသည်။မင်းရှင်စောသည် ဆရာတော်၏ မိန့်ကြားချက်ကြောင့် ရောက်ရှိလာခဲ့သည်။နရသူကလည်း ကတိအတိုင်းနန်းတင်ခဲ့သည်။ သို့သော် ဘိတ်သိတ်သွန်းပြီးညမှာပင် နောင်တော်ကို အဆိပ်ကျွေးသတ်ကာ နန်းကို ယူလိုက်သည်။
ပံ့သကူမထေရ်မြတ်သည် အဓမ္မမင်းနရသူထံကြွရောက်ပြီး ထိုမင်းကို မင်းဆိုးမင်းညစ်ဟူ၍လည်းကောင်း၊ ဆိုးရွားသူ/ ညစ်ညမ်းသူဟူ၍လည်းကောင်း ခေါ်ခဲ့သည်။ မင်းပျက်တကာတို့တွင် အပျက်ဆုံးသော မင်းပျက်ဖြစ်သည်ဟု၍လည်း ပြစ်တင်ခိုင်းနှိင်းသည်။ ဆရာတော်သည် နှုတ်ရေးဖြင့်တော်လှန်ဆန့်ကျင်ရုံမျှမက မင်းဆိုးမင်းယုတ် နရသူမင်းပြုရာအရပ်ကို စွန့်ပစ်လျှက် သီဟိုရ်သို့ပြောင်းရွှေ့သတင်းသုံးခြင်းဖြင့်လည်း ဆန္ဒပြတော်လှန်ခဲ့သည်။ ထိုသို့ ရဟန်းမြတ်က မင်းဆိုးမင်းယုတ်အပေါ် နှုတ်ရေးဖြင့် ရဲရဲဝင့်ဝင့် ဆန့်ကျင်ဝေဖန်တော်လှန်ခဲ့ပုံကို ဦးကုလားက မဟာရာဇ၀င်တော်ကြီးတွင် ယခုလို ချယ်မှုန်းထားသည်။
“ ဟဲ့.. မင်းဆိုးမင်းညစ်၊ နင်က သံသရာဝယ် ခံရတန့်သော မကောင်းမှုကို မကြောက်။ ဤစည်းစိမ်ကိုသင်ရလျှင် နင်၏ကိုယ်ခန္ဓာသည် မအိုမသေသည်ဟူ၍ မှတ်သည်လော။ လောကတွင် နင့်ထက်ပျက်သော မင်းမည်သည်ကာမရှိ” …. ဟူ၍မိန့်တော်မူ၏။အရှင်မြတ်လဲ ( လူ့ပြည်တွင် နင့်ထက်ဆိုးရွားညစ်ညမ်းသောသူမရှိ ) … ဟူ၍ မိန့်တော်မူပြီး သိမ်းခိုကျွန်းသို့ ကျွတော်မူလေ၏ဟု ချယ်မှုန်းထားသည်။
ပံ့သကူမထေရ်မြတ် ဘုရင့်အပေါ် အယုံအကြည်ကင်းပြီး တော်လှန်ကြွသွားပြီးနောက် တိုင်းသူပြည်သားတို့ကလည်း ဘုရင့်အပေါ်အယုံအကြည်ကင်းမဲ့လာသည်။ မကြာမီပင် နရသူသည် ကုလားတို့လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ( ကုလားကျမင်း) ဟူ၍ သမိုင်းတွင်နာမည်ဆိုးတွင်ခဲ့သည်။
ပံ့သကူမထေရ်မြတ် သီဟိုရ်ကျွန်းတွင် နှစ်၊ လ အတန်ကြာ သတင်းသုံးနေထိုင်ပြီး နရပတိစည်သူမင်းလက်ထပ်တွင် ပုဂံပြည်သို့ ပြန်လည်ကြွလာခဲ့သည်။ ဆရာတော်၏ ဒုတိယတော်လှန်ရေးသည် အရင်က ပြည်သူတို့ကို အာဏာနှင့် အတင်းအဓမ္မ ဖိနှိပ် ညှင်းပန်းသောကြောင့် ပေါ်ပေါက်ခဲ့ရပြန်သည်။
နရပတိစည်သူမင်းသည် စူရာမဏိစေတီတည်ရန် ကြီးမားလှသော ချောက် ( ဂျောက် )ကြီးတစ်ခုကို ပြည်သူတို့အား မြေဖို့ရန် အတင်းအဓမ္မ မင်းမိန့်ဖြင့်စေခိုင်းခဲ့သည်။ ဘုရင်၏ ဖိနှိပ်မှုအောက်မှာ ပြည်သူအများမှာ အလွန်ပင်ပန်းဆင်းရဲပြီး အလုပ်အကိုင်ပြတ်ကြသည်။သာသနာတော်အတွက်ပြုသော ကုသိုလ်ကောင်းမှုဖြစ်သော်လည်း ဆရာတော်မြတ်ကပြည်သူတို့၏ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဖြစ်စေလျှက် ပြုသောအလှူမျိုးသည် အနှစ်သာရကင်းမဲ့သည်ဟု ရဲဝင့်စွာမြင်ပြီး တော်လှန်ခဲ့သည်။
ဆရာတော်သည် မင်းကြီးထံ ကိုယ်တိုင်ကြွပြီး မင်းကြီး၏ အလှူသည် ကောင်းမှုမဟုတ်၊ မကောင်းမှုသာဖြစ်သည်ဟု ဆိုခဲ့လေသည်။ ထိုအနှစ်သာရမဲ့သော အလှူကို နှုတ်ရေးဖြင့်တော်လှန်ရုံမက မင်းကြီးလှူသော ဆွမ်းကို မခံယူပဲ သပိတ်မှောက်ဆန္ဒပြ၍ တော်လှန်ခဲ့သည်။
အာဏာရစ်မူးနေသော နရပတိစည်သူမင်းသည် ပံ့သကူမထေရ်မြတ်ကို ပုဂံပြည်မှ နှင်ထုတ်ခဲ့သည်။ ထိုအခါ ပြည်သူတို့ မခံမရပ်နိုင်ဖြစ်ကာ ဘုရင်ရဲ့မိုက်မဲရိုင်းဆိုင်းသော ပြုမူချက်အပေါ် ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည်။ တိုင်းပြည်ဆူပူမှာကိုကြောက်သော ဘုရင်လည်း အာဏာလက်လွှတ်ရမည်ကို စိုးရိမ်လာကာ အမတ်တို့အား မထေရ်မြတ်ကိုလိုက်၍ပင့်ခေါ်စေရသည်။
သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ပံ့သကူရဟန်းမြတ်သည် အမတ်တို့ အကြိမ်ကြိမ်လာပင့်သော်လည်း မလိုက်ခဲ့ပေ။ နောက်ဆုံး တုရင်္ဂဂပစ္စည်းအမတ်က လှေပေါ်တွင် ဘုရားရုပ်ထုတစ်ဆူပင့်ဆောင်ပြီး ညဏ်ဆောင်၍ ပင့်ပြီး ဘုရင်ကိုယ်တိုင် တောင်းပန်ဝင်ချခဲ့ရသည်။
ထိုသို့ အမျိုးဘာသာ သာသနာအတွက် ပြည်သူပြည်သားများအကျိုးအလို့ဌာ ရဲရဲဝင့်ဝင့်ဆောင်ရွက်ပြီး အဓမ္မကို တော်လှန်ရဲသော ဆရာတော်မထေရ်မြတ်များ ယခုအခါတွင်လည်း အများကြီးပေါ်ထွန်းရန် လိုအပ်ပေသည်။ သို့မှသာ ဘာသာ၊ သာသနာ အဆင်း တိုးပွား၍ ငြိမ်းချမ်းသော လူမှုအသိုင်းအ၀ိုင်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ဆရာကြီးမင်းယုဝေ အား ဤဆောင်းပါးဖြင့် ဦးညွတ်လိုက်ပါသည်။
၂၁ . ၈ . ၀၉ ၊ ည ၁၁း ၂၄
အလင်းဆက်
( ဆရာတော် ဦးဣဿရိယ မွေးနေ့မင်္ဂလာအတွက် ရည်ရွယ်ပူဇော်ပါသည်။ )

Related Posts Plugin for WordPress, Blogger...