Showing posts with label တိုင်းရင်းသားများသတင်း. Show all posts
Showing posts with label တိုင်းရင်းသားများသတင်း. Show all posts

Friday, June 7, 2013

ထွန်တုံးတိုက်ပွဲ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ခနောင်ရွာမအုပ်စုနှင့် တုံးတင်ကန်(မြောက်) ကျေးရွာအုပ်စု ရခိုင်ချောင်ဒေသမှ လယ်သမား ၄၄ ဦးပိုင် လယ်ဧက ၅၀၀ ကို ၁၉၉၀ ခုနှစ်ကတည်းက ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ သိမ်းယူခဲ့ခြင်းဖြစ်ပါသည်။ အနှစ် ၂၀ ကျော် မည်သည့်စီမံကိန်းမှ မပြုလုပ်ခဲ့ဘဲ ယခုအခါမှ ဆိပ်ခံတံတားများ၊ လမ်းများနှင့် အဆောက်အဦးများဆောက်ရန် လယ်တွေထဲမှာ အုတ်များပုံခြင်း၊ မြောင်းများတူးခြင်း ပြုလုပ်နေသဖြင့် လယ်သမားများမှ ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် မိမိတို့ပိုင် လယ်ယာမြေများတွင် ၀င်ရောက်ထွန်ယက်စိုက်ပျိုးခြင်းများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။ ယခုလို လယ်သမားများ ထွန်ယက်စိုက်ပျိုးနေစဉ် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှ စစ်သားများ ရောက်လာပြီး လယ်သမားများအား စောင့်ကြည့်နေခြင်း၊ မှတ်တမ်းတင်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။ မြန်မာအစိုးရကတော့ ဒီတောင်သူလယ်သမားတွေ တပင်တပန်းစိုက်တဲ့ဆန်ကိုစားပြီးတော့ သူတို့ဘဝတွေကို နစ်နာအောင်လုပ်နေတာတော့ ဘယ်ကောင်းမှာလဲ။ တစ်ခုတော့ သဘောကျလာတာရှိတယ်။ မြန်မာနိုင်ငံအစိုးရပြောပြောနေတဲ့ ဒီမိုကရေစီဆိုတာကို မြန်မာပြည်က ပြည်သူတွေ အထူးသဖြင့် ကျေးလက်ဒေသက မြန်မာတွေဟာ အရင်ကလိုတော့ အစိုးရပြုသမျှ ခေါင်းငုံတော့မခံတောဘူး။ သူတို့ တတ်နိုင်သမျှ သူတို့ရဲ့အခွင့်အရေးကို ပြည့်ပြည့်ဝဝကို အသုံးချတတ်လာတာတွေ့ရတော့ ကျွန်တော်လည်း ဝမ်းသာမိတယ်။ ကျေးလက်နေ မြန်မာပြည်သူပြည်သား တောင်သူလယ်သမားများဟာ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ အစရှိသဖြင့် မြန်မာနိုင်ငံဖြတ်သန်းလာသော ခေတ်အဆက်ဆက်မှာ ဘယ်အစိုးရတွေပဲတက်တက် သူတို့ရဲ့အခွင့်အရေးအတွက်တော့ တိုက်ရဲတာ သဘောကျတယ်ဗျာ။ ဖိနှိပ်မှုတွေ၊ စစ်ဖိနပ်တွေကြောင့်သာ သူတို့ရဲ့ဘဝတွေကို စတေး၊ သူတို့ရဲ့ အသံတွေကို တိတ်ခဲ့ရပေမယ့် ဘယ်တော့မှ အညံ့မခံတတ်တဲ့ သူတို့ရဲ့ တော်လှန်ရေးအတွက်တော့ လေးစားတယ်ဗျာ။

Thursday, March 14, 2013

NLD ၏ လက်ပံတောင်းတောင်အရေး ပါဝင်ပတ်သက်မှု

 နိုဝင်ဘာ (၂၃) ရက်နေ့မှာ  NLD ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် (မုံရွာသို့သွားရောက်ပြီး မသွဲ့သွဲ့ဝင်းတို့အား လွတ်မြောက်ရန် ကြိုးစားခဲ့သူ) က လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းခဲ့ပါတယ်..။

လက်ရှိလုပ်ဆောင်နေသော  လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အကျိုးသက်ရောက်မှုအပေါ် လွတ်လပ်သော နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းစစ်ဆေးရန် အရေးကြီးအဆို ..။

စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် သတ္တုသိုက်များတွင် ၁၉၇၂-၇၄ ခုနှစ်အတွင်း ဂျပန်အစိုးရ၏ အကူအညီဖြင့် တိုင်းတာချက်အရ ကြေးနီ ၀ ဒသမ ၈၄ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန် ၉၄ သန်းခန့်ရှိကြောင်း၊ လက်ပံတောင် ကြေးနီသတ္တုသိုက်တွင် ၂၀၀၇ ခုနှစ်က မြန်မာ-အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ ကြေးနီလီမိတက်က ထုတ်ပြန်သော တိုင်းတာခန့်မှန်း တွက်ချက်မှုများအရ ကြေးနီ ၀ ဒသမ ၃၈ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန်စုစုပေါင်း ၁၄၇၈ သန်းခန့် ရှိနိုင်ကြောင်းနှင့် သေချာသော ကြေးနီပမာဏ ၀ ဒသမ ၄၄ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန်စုစုပေါင်း ၅၇၇ သန်းခန့်ရှိကြောင်း၊
စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင်တို့တွင် စီးပွားဖြစ်ကြေးနီထုတ်လုပ်မှုကို ၁၉၉၆ ခုနှစ်တွင် အိုင်ဗင်ဟို သတ္တုတွင်းကုမ္မဏီနှင့် သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁) သတ္တုတွင်းလုပ်ငန်းတို့ ဆတူ (၅၀/၅၀) ပိုင်ဆိုင်သော မြန်မာအိုင်ဗင်ဟို ကော့ပါးကုမ္ပဏီလီမိတက်ကို ထူထောင်ပြီး စတင်ခဲ့ကြောင်း။
၂၀၁၀ ပြည့်နှစ် အစပိုင်းတွင် တရုတ်နိုင်ငံမှ China North Industries Corp (NORINCO) (စစ်လက်နက်ကုမဏီ) က မုံရွာကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာပြီး သဘောတူလက်မှတ် ထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနက ပိုင်ဆိုင်သော အစုရှယ်ရာ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်သို့ လည်းကောင်း၊ အိုင်ဗင်ဟိုက ပိုင်ဆိုင်သော အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို (NORINCO) လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော ၀မ်ဘိုကုမ္ပဏီသို့ လည်းကောင်း လွှဲပြောင်းခဲ့ကြောင်း။
ထို့နောက် လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ရာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေးနီသတ္တုစင်များ စတင်ထွက်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လအထိ ၁၉၁၂၉ ဒသမ ၈၆၉ တန် (အမေရိကန်ဒေါ်လာ ၁၅၃ သန်းဖိုး ခန့်) ထုတ်လုပ်ပြီးဖြစ်ကြောင်း။

လက်ပံတောင်းတောင် စီမံကိန်းတွင် စမ်းသပ်တိုင်းတာမှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီး တည်ဆောက်ရေး လုပ်ငန်းများ၊ အပေါ်ယံမြေသား ဖယ်ရှားခြင်း၊ စွန့်ပစ်မြေ စုပုံခြင်းနှင့် တောင်ပတ်လမ်းများ ဖောက်လုပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း ။
Myanmar Yang TSE Copper Ltd (MYTCL) က စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၉၆ ဒသမ ၃၃၇ သန်းနှင့် Myanmar wanbao Mining Copper Ltd (MWMCL) က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၉၇ သန်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံသွားဟု ကုမ္ပဏီများက ပြောကြားကြောင်း၊ မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်က အဆိုပါကုမ္ပဏီများနှင့် ထုတ်လုပ်မှုခွဲဝေခြင်း စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်ဟု သိရကြောင်း ။
သတ္တုတွင်းဝန်ကြီးဌာနက မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်သို့ စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် ကြေးနီသတ္တုတွင်းလုပ်ငန်းအတွက် ထုတ်လုပ်ခွင့်ပြုကာလ ၂၅ နှစ်၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းလုပ်ငန်းအတွက် သတ္တုတွင်းထူထောင်မှုကာလ သုံးနှစ်နှစ်နှင့် ထုတ်လုပ်ခွင့်ပြုကာလ ၂၅ နှစ် စုစုပေါင်း ၂၈ နှစ် ထုတ်လုပ်ခွင့် ပြုထားကြောင်းလည်း ပြောကြားခဲ့ပါသည်။

အဆိုပါ သတ္တုတွင်းလုပ်ငန်းများအတွက် ယခင်က စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)၊ ကြေးစင်တောင် ကြေးနီသတ္တုတွင်းအတွက် စုစုပေါင်း မြေဧရိယာ ၆၂၅၃ ဒသမ ၀၄ ဧက (၂၅ ဒသမ ၃၀၆ စတုရန်းကီလိုမီတာ- သုံးမိုင်ပတ်လည် စွန်းစွန်း) ကို သိမ်းယူထားခဲ့ကြောင်း၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းအတွက် ထပ်မံသိမ်းယူသော စုစုပေါင်းမြေဧရိယာမှာ ၇၈၆၇ ဧက (၃၂ ဒသမ ၁၆ စတုရန်းကီလိုမီတာ -သုံးမိုင်ခွဲ ပတ်လည်) ရှိကြောင်းနှင့် ၎င်းမြေများပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စွန့်ပစ်မြေ စုပုံမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း။
ယင်းဧရိယာအတွင်းရှိ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများမှာ ရွှေ့ပြောင်းခံရပြီး ဒေသခံ တောင်သူလယ်သမားများ၏ နှစ်ရှည်ပင်များကို ခုတ်လှဲဈေးဖြင့်လည်းကောင်း၊ လယ်ယာမြေများကို တစ်ဧကအပေါ် ပျမ်းမျှသီးနှံအထွက်နှုန်း၏ သုံးဆလျော်ကြေးသာပေး၍ သိမ်းယူခဲ့ကြောင်း။
“သိမ်းယူမြေများပေါ်တွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသော ဒေသခံ တောင်သူလယ်သမားတို့မှာ မိမိတို့နားလည်သည့် သုံးနှစ်စာသီးနှံ လျော်ကြေးဟူသော ငွေကြေးနှင့် မိမိတို့ရပ်ရွာကို စွန့်ခွာရမည့် အန္တရာယ်၊ မိမိတို့နှစ်လများစွာ ဖက်တွယ်လုပ်ကိုင် စားသောက်လာခဲ့သော လယ်ယာမြေများကို စွန့်လွှတ်၍ အသက်မွေးဝမ်းကျောင်းဘ၀ နှစ်ရှည်လများ ဖက်တွယ်လုပ်ကိုင် စားသောက်လာခဲ့သော လယ်ယာမြေများကို စွန့်လွှတ်၍  အသက်မွေးဝမ်းကျောင်းဘ၀ ပျက်စီးရမည့် အန္တရာယ်၊ ရိုးရာဓလေ့ နေထိုင်မှု၊ ကိုး ကွယ်မှုများထိခိုက်ရမည့် အန္တရာယ်၊ သတ္တုသန့်စင်လုပ်ငန်းကြောင့် ကြုံ တွေ့နိုင်သည့် ကျန်းမာရေးအန္တရာယ် တို့ကို လဲလှယ်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရပါကြောင်း၊ လိုအပ်ချက် များကို ဖြည့်ဆည်းမပေး ခြင်းအပြင် တာဝန်မဲ့စွာဆောင်ရွက်ထားသည်ဟု ကန့်ကွက်မှုများရှိနေခြင်းဖြစ်ကြောင်း။

လက်ပံတောင်းတောင် ၀န်းကျင်ဒေသခံ ပြည်သူများမှာ ယခင်စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းမှ အတွေ့အကြုံများနှင့် လက်ရှိကြုံတွေ့နေရမှုများအပေါ် မူတည်၍ ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြခြင်း ဖြစ်ကြောင်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအ၀င် ယင်းစီမံကိန်းများ၏ လူမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု၊ နိုင်ငံတော်၏ အကျိုးစီးပွားတို့နှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးနိုင်ရေးအတွက် အဆိုကိုတင်သွင်းရခြင်း ဖြစ်ကြောင်းလို့ ပြောခဲ့ပါတယ်..။

အဲဒီဆိုဟာ  NLD ရဲ့ လက်ပတောင်းကိစ္စကို လွှတ်တော်ထဲမှာ ရဲရဲဝံ့ဝံ့ ချပြခဲ့တဲ့ အဆိုဖြစ်ခဲ့သလို..လက်ပံတောင်းတောင်ကိစ္စကို ထဲထဲဝင်ဝင် လေ့လာမှုပြုထားတယ်ဆိုတာ ခိုင်မာစေတဲ့ အဆိုဖြစ်ပါတယ်..။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်ကိုယ်တိုင် လာရောက် ရှင်းလင်းဆွေးနွေးခဲ့ရတဲ့အထိ အကျိုးသက်ရောက်မှုရှိလှပါတယ်..။

ထူးခြားတာက ကာကွယ်ရေးဝန်ကြီးဟာ အရေးကြီးအဆို (ချက်ချင်း ရုတ်တရက်တင်လိုက်တဲ့အဆို) ကို Powerpoint persentations နဲ့ Projector အကိုးအကားများဖြင့် (လွှတ်တော်ထဲ တချိန်မှာ ရောက်လာမည်မှန်းသိသဖြင့် ကြိုတင်ပြင်ဆင်ထားသကဲ့သို့) စနစ်တကျ ပြန်လည်ဆွေးနွေးသွားတာပဲဖြစ်ပါတယ်. ..။

ဒါပေမယ့် ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုက ထောင့်စေ့လှတဲ့အတွက် ကာကွယ်ရေးဝန်ကြီးက မကန့်ကွက်ခဲ့ပါဘူး..။ အဲဒါကြောင့် အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်..။

စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးရင် စစ်ဆေးဖို့အတွက် စီမံကိန်းကို ခဏရပ်နားထားရမှာဖြစ်သလို သပိတ်စခန်းတွေကိုလည်း ရုတ်သိမ်းရမှာဖြစ်ပါတယ်..။ အဲဒီမှာ ပြဿနာရှိလာပါတယ်..။ သပိတ်တိုက်ပွဲက ပိုမို ကြီးထွားလာပါတယ်..။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ သပိတ်စခန်းတွေ နောက်ဆုံးထာဖယ်ရှားဖို့ အစိုးရက ကြေညာပါတယ်..။

နိုဝင်ဘာ ၂၈ ရက်နေ့မှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း လာရောက်ပါတယ်..။ မသွဲ့သွှဲု့ဝင်းအပါအ၀င် ဒေသခံများနဲ့ စကား အခြေအတင်ဖြစ်ပါတယ်..။ ပြန်သွားပါတယ်...။ နောက်နေ့ နေမထွက်ခင် သံဃာတော်အများစုသာ သီတင်းသုံးတဲ့ သပိတ်စခန်းများကို မီးလောင်တိုက်သွင်းပါတယ်..။

အဲဒီမှာ လေ့လာမိတာက .. ဦးအောင်မင်းနဲ့ စကားပြောဖို့အတွက် ... အတွေ့အကြုံရင့်ကျက်သော အခြား ခေါင်းဆောင် တစ်ယောက်မှ မရှိဘူးလား ဆိုသော မေးခွန်းဖြစ်ပါတယ်..။ performance ပြပေးသူတွေ၊ ခေါင်းစဉ်တပ် ကဗျာဖွဲ့ပေးသူတွေ ဘယ်ရောက်နေကြပါသလဲ..။ ဒေသခံများဖြစ်ချင်သော ဆန္ဒများကို အထောက်အထားတိတိကျကျဖြင့် သမ္မတနားပေါက်မည့်သူအား ပြောကြားရန်အတွက် အကြံပေးသူ၊ ဦးဆောင်သူတွေ ဘာ့ကြောင့် ရှေ့တန်းထွက်မလာကြသနည်း...။ လူကြားထဲ  စကားဖြင့် အဆော်ခံ အတီးခံရသဖြင့် မျက်နှာအီးမှန်သွားသော ထိုဘိုးတော်မှ မတုန့်ပြန်ဟု .. မည်သူအာမခံမည်နည်း....။

လက်ပံတောင်းတောင် အရေးအခင်းအပြီးမှာ စုံစမ်းရေးကော်မရှင်ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်လိုက်ပါတယ်..။ ကျွန်တော် ယခင် note မှာ ရေးခဲ့သလိုပါပဲ .. တနည်းအားဖြင့် ခေါင်းတည် ပေးခြင်းလို့ ပြောလို့ရပါတယ်..။ ဒေါ်စုအတွက် အကြီးမားဆုံးစိန်ခေါ်မှုပါပဲ.။

နောက်တစ်နေ့ မီးလောင်လူနာကိုသွားကြည့်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မုံရွာ ဇက်ဆိပ်သောင်ပြင်မှာ ပြောခဲ့တဲ့စကားရှိပါတယ်..။

မုံရွာကို ယခင်က ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

အာဏာရှင်လက်ထက်က ပြည်သူ့ဆန္ဒမပါဘဲပေးထားတဲ့ ကတိတွေကို တည်ဖို့လိုသလားမေးမယ်ဆိုရင် နိုင်ငံတကာမှာ ပြန်ကြည့်ပါမယ် နှစ်နိုင်ငံသဘောတူညီချက်တွေကို လေးစားရပါမယ် ပြည်သူ့ဆန္ဒမပါပဲ လုပ်ထားတဲ့ဟာတွေဆိုရင်လဲ တချို့ဟာတွေကို လိုက်နာရပါမယ် ငါတို့ဆန္ဒမပါလို့ ငါမလေးစားဘူး မရပါဘူး ဟိုဖက် ဒီဘက်ကိုကြည့်ရပါမယ်။ ကျမတို့ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့အဆင်ပြေအောင် နေတတ်ရပါမယ် အားလုံးနဲ့အဆင်ပြေအောင်နေတတ်ရပါမယ် အဆင်မပြေရင်ညှိုနှိုင်းရမယ် ဒါမှ နိုင်ငံကြီးပီသပါမယ် အိမ်နီးချင်းနိုင်ငံနဲ့မတည့်လို့နိုင်ငံရွေ့သွားလို့မရပါဘူး ကမ္ဘာတည်သရွေ့ ဒီလူတွေနဲ့နေရမှာဖြစ်တဲ့အတွက် လက်တွေ့ကျကျကြည့်ဖို့လိုပါတယ်။

ဒီပြသနာဖြေရှင်းဖို့ ဘယ်လိုသဘောတူညီချက်တွေနဲ့လုပ်ခဲ့တယ်ဆိုတာကျမတို့ပြည်သူတွေသိရပါမယ်။ ဒါပေါ်မှာအခြေခံပြီးမှမျှတအောင် အပေးအယူလုပ်ဖို့စဉ်းစားရပါမယ် ခုချိန်မှာကုမ္မဏိဘက်ကလည်း ဆွေးနွေးညှိုနှိုင်းချင်တဲ့စိတ်ရှိလာပါတယ် သူများလက်ကမ်းလာရင်ကျမတို့ဘက်ကလည်းလက်ပြန်ကမ်းရပါမယ် စိတ်ကောက်နေလို့မရပါဘူး ရေရှည်ကိုကြည့်ရပါမယ် ကျမကိုတချို့ကဒီစီမံကိန်းလုံးဝရပ်အောင်လုပ်ပေးဖို့ တောင်းဆိုပါတယ် ကျမမှာဒါကိုလုပ်ပေးနိုင်တဲ့အခြေမရှိပါဘူး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ စုံစမ်းထားတဲ့ အဖြေပေါ်မှာ အခြေခံပြီးအကောင်းဆုံး ဆုံးဖြတ်ချက်ချသင့်တယ်လို့ထင်ပါတယ် အပေးးအးယူလုပ်တဲ့နည်းသာလျင် ယဉ်ကျေးတဲ့နည်းနဲ့ ဖြေရှင်းခြင်းဖြစ်ပါတယ် ကိုယ်နဲ့မတည့်တဲ့သူကို မီးဗုံးနဲ့ပစ်တာ သေနတ်နဲ့ပစ်တာမျိုးတော့ မရပါဘူး။

မနေ့မနက်က သံဃာတော်တွေကို ကြမ်းကြမ်းတမ်းတမ်း နိုမ်နင်းတယ်လို့သိရပါတယ် ကျမ သက်ဆိုင်ရာနဲ့ တွေ့ပါတယ် ဘာကြောင့် ဒီလောက်ကြမ်းကြမ်းတမ်းတမ်းဖြေရှင်းရတာလဲလို့ ပြည်သူအနေနဲ့မေးပိုင်ခွင့်ရှိပါတယ် ဒီလောက်ကြမ်းကြမ်းတမ်းတမ်းရှင်းဖို့လုံးဝမလိုအပ်ပါဘူး မနေ့ကဆေးရုံမှာ သွားကြည့်ပါတယ် ကျမနဲ့တွေ့တဲ့ ရွာသူရဲ့ကိုယ်ပေါ်မှာလည်း မီးလောင်ဒဏ်ရာတွေတွေ့ခဲ့ပါတယ်....။

အဲဒီလိုပြောခဲ့ပြီးနောက်ပိုင်း ၂၀၁၃  မတ်လမှာ  ဒေါ်အောင်ဆန်းစုကြည်ဟာ ယခုလို စနစ်ကျ ပြည့်စုံလှတဲ့ အစီရင်ခံစာကို ကော်မရှင်အဖွဲ့ဝင်များနဲ့အတူ ပြုစုခဲ့ပါတယ်..။ ရုတ်တရက်ကြည့်ရင် ဝေ့နေတယ်ထင်ရပေမယ့် တကယ်တမ်းတော့ ဒီအစီရင်ခံစာဟာ စီမံကိန်းကို ပြင်ဆင်ပြီး ဆက်လုပ်ဖို့ အကြံပြုထားပါတယ်..။ တကယ်တမ်း ပြင်ဆင်မယ်ဆိုရင် ဦးပိုင်နဲ့ ၀မ်ပေါင်ဘက်က ပေးဆပ်မှုတွေ များပြားပြီး ရွာသားတွေအတွက် အကျိုးခံစားခွင့်တွေရလာမှာဖြစ်ပါတယ်..။ ၄င်းတို့ဘက်မှ ကော်မရှင်အကြံပြုချက်များကို တိကျစွာ မဆောင်ရွက်နိုင်လျှင် ပြဿနာ ပိုမိုကြီးထွားလာမှာဖြစ်ပါတယ်..။

=====================================================================================

နိုင်ငံရေးလုပ်ကြံမှု

အခု ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းဒေသက ရွာတွေကို စည်းရုံးရေး ဆင်းနေချိန်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေဟာ နိုင်ငံရေးလုပ်ကြံမှုလောဟု သုံးသပ်ကြည့်ပါ့မယ်... ။

ပထမဆုံး စဉ်းစားမိတာက ...
၈၈ မျိုးဆက်တွေကို မနှစ်က စက်တင်ဘာလက ဦးနှမ်းဖြူး လို့ လက်ပံတောင်ဒဒေသမှာ အခေါင်းသွင်း သရုပ်ပြ သဂြိုဟ်ခဲ့တဲ့ ကိစ္စဟာ ပေါ့သေးသေးမဟုတ်ပါဘူး..။

နောက်တစ်ချက်က စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အဆို လွှတ်တော်မှာ နိုဝင်ဘာ (၂၃) မှာ တင်တယ်..။ နိုဝင်ဘာ ၂၆ ရက်နေ့မှာ  ဒေါ်နော်အုန်းလှတို့ လက်ပံတောင်းတောင်အရေး ဆန္ဒပြလို့ အဖမ်းခံရတယ်..။ ဟန်ဝင်းအောင်အပါအ၀င် လူအချို့ မပါပါဘူး..။ ဒေါ်နော်အုန်းလှတို့ကိုဖမ်းစဉ်က သတင်းတွေထွက်ခဲ့တာက ဖမ်းတုန်းက ပုဒ်မ(၁၈) ၊ ရုံးတင် တရားစွဲတော့ ပုဒ်မ (၅၀၅-ခ)-အာမခံပေးလို့မရတဲ့ပုဒ်မ၊ ဒီဇင်ဘာ (၁၁) မှာ ၄င်းတို့ ပြန်လွတ်လာတော့ ကိုယ်တိုင်ခံဝန်ချက် (အာမခံ) နဲ့လို့ သိရပါတယ်...။ အဲဒီလို လွတ်လာပြီး နောက်တစ်ရက် နှစ်ရက်အတွင်းမှာ ပဲ ပြန် ဆန္ဒပြပါတယ်..။

ဒေါ်နော်အုန်းလှတို့ အပေါင်းပါများ..။

၎င်းတို့လွတ်လာပြီးနောက်ပိုင်းမှာ ကော်မရှင်ကို မယုံဘူးဆိုတဲ့အသံတွေ ကြားလာရပါတယ်..။ သပိတ်စခန်းတွေ ပြန်ဖွင့်တယ်ဆိုတာတွေကြားလာရပါတယ်..။ ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ချိန် တောင်ကြည့်ပွဲတွေ.. တောင်သိမ်းပွဲတွေ အင်အားသုံးဆန္ဒပြတာတွေ များလာပါတယ်.. ။ အဲဒီတော့ .. ဆိုလိုချင်တာက ဒေသခံတွေကို Guide လုပ်နေသူတွေအနေနဲ့ အစီရင်ခံစာကို အစကတည်းက အရေးစိုက်မှု မရှိဘူးဆိုတာ ပေါ်လွင်လာပါတယ်..။ ၄င်းတို့တွေ အစီရင်ခံစာ ထွက်မလာခင်မှာ ရန်ကုန်မှာ အစီရင်ခံစာကို ဆန္ဒပြဖို့ ခွင့်ပြုမိန့် ကြိုတင်ယူထားတာလည်း ပေါ့သေးသေးမဟုတ်သလို အဲဒီခွင့်ပြုမိန့်ကို သက်ဆိုင်ရာက ခွင့်ပြုပေးလိုက်ဟာလည်း ပေါ့သေးသေးမဟုတ်ဘူး..။

အစီရင်ခံစာ ထွက်လာချိန် ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းကိုလာပြီး အစီရင်ခံစာပါအချက်တွေကို ရှင်းပြဖို့ ကြိုးစားတယ်..။ အဲဒီအချိန်မှာ ဖြစ်သင့်တာက ၄င်းတို့ ဆန္ဒပြခေါင်းဆောင်တွေက နေရာတစ်ခုမှာ အတိအကျ ချိန်းပြီး  ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်း၊ လိုအပ်ချက်ကို ရှင်းပြ၊ အားနည်းချက် အားသာချက်တွေ ထောက်ပြ၊ မကျေနပ်ရင် မကျေနပ်ကြောင်း ဆွေးနွေးရမယ့် ကိစ္စမလုပ်ပဲ ရွာလူထုနဲ့ ထိပ်တိုက်တွေ့ပေးလိုက်တယ်..။ အဲဒီတော့ ရွာလူထုက မိမိတို့ ခံစားချက်တွေ ပေါက်ကွဲလိုက်တယ်..။

အမှန်ဆို ၄င်းတို့က ခေါင်းဆောင်ပီပီ ရှေ့မှာ တာဝန်မယူပဲ ရည်ရွယ်ချက်ရှိရှိ ရွာနဲ့ လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ယူဆပါတယ်..။  တနည်းအားဖြင့်ပြောရရင် ကမ္ဘာ့မီဒီယာအလယ်မှာ ဒေါ်စုကို ဒေါသတကြီး တုန့်ပြန်နေကြတဲ့ပုံတွေကို ပါချင်ပုံရပါတယ်..။

နောက်တစ်ချက်က အစီရင်ခံစာကိစ္စ..။ အစီရင်ခံစာကို ၄င်းတို့လည်း သေချာစွာဖတ်မည်မဟုတ်သလို ရွာသားများကိုလည်း ရှင်းပြမည်မဟုတ်ပါ..။ ထူးခြားတာက ဘယ်ပြည်ပ မီဒီယာကမှ ရွာသားတွေ အစီရင်ခံစာ မဖတ်ကြကြောင်း အထူးပြုဖော်ပြခြင်းများ မပြုလုပ်ကြပါ..။
ဗီဒီယိုဖိုင်များတွင် အစီရင်ခံစာ ဖတ်ပြီလားဟု ဒေါ်စု မေးသည်ကို ဖြေသော လူငယ်မှာ ရန်ကုန်မှဖြစ်ကြောင်းသိရသဖြင့် အံ့သြမိပါတယ်..။
အဲဒီတော့ မေးစရာ ရှိလာပါတယ်...။

ဒေါ်အောင်ဆန်းစုကြည့်နှင့်အတူ ရွာတွင်းသို့ လိုက်ပါသွားသော .. အဆိုတော် လင်းလင်းရဲ့ အတွေ့အကြုံကိုလည်း လေ့လာစေချင်ပါတယ်..။
ဆည်တည်း ရွာတွင် အမေနဲ့  လုံခြုံရေး ၅ ယောက်ဘဲ ခွင့်ပြု မယ်ဟုပြောသောကြောင့် ကျွန်တော်ရယ် လုံခြုံရေးအဖွဲ့ မှ ကိုဆန်နီ၊ကိုဘန်နီ၊ကိုမောင်
မောင်ဦး၊ ကိုစိုးဝင်း တို့ အမေ နဲ့  အတူဝင်ရောက်သွားရာတွင် ရွာသူတဦးရုတ်တရက် သေဆုံး ပြီဟု ဆိုကာ အမေနှင့် လုံခြုံရေး အဖွဲ့ အား လွယ်အိတ်ထဲမှ ဓားတိုများကိုင်ပြီး လူစု၍ ခင်များတို့ အကုန်လုံးကို သွေးစွန်း တော့မယ်၊ အပြတ်ရှင်းတော့မယ် ဟုကျွန်တော့်အနား ကပ်လာ ပြီးခြိမ်းခြောက်သူ၊ Internet ပေါ်တွင်ပျံ့ နှံ့ နေသည့်
သွေးထိုးလှုံ့ ဆော်သူ သံသယဖြစ်ဖွယ် လူစာရင်းထဲမှ နာမည်ကြီး ခေါင်းဆောင် တဦး၏ အစွယ်အပွားတဦးပါ၊

https://www.facebook.com/photo.php?fbid=175874562561539&set=a.100837463398583.1422.100004169881362&type=1&relevant_count=1

အထဲကို လူငါးယောက်သာ အ၀င်ခံပြီး နေပူထဲလမ်းလျှောက်ခိုင်းသော ဆန္ဒပြ ခေါင်းဆောင်များ၏ အမျှော်အမြင်ကိုလည်း သတိထားမိပါတယ်..။ တကယ်လို့ မတော်တဆ တစ်ခုခု ဖြစ်ခဲ့သော်.... အစားထိုးမရသော ဆုံးရှုံးမှုအဖြစ် တစ်နိုင်ငံလုံး၏အနာဂတ်နှင့် မိုင်သုံးဆယ်ဝန်းကျင်က လူဦးရေ/ သယံဇာတ များနှင့် အစားထိုးမရပေ..။

အဲဒီတော့ ယခု ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင်..။

(၁) ခေါင်းရောင်းခဲ့တာဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ..။

(၂) ဒေါ်အောင်ဆန်းစုကြည်မလာခင် သံဃာတွေကို မီးလောင်အောင်လုပ်ခဲ့သူက လုပ်ခဲ့တယ်..။ လာမယ်ဆိုတာ သိရက်နဲ့ သပိတ်စခန်းမီးရှို့ပြီး တက်သိမ်းတာဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ..။

(၃) ချက်ချင်း စုံစမ်းရေးကော်မရှင် ဥက္ကဌ ခန့်တာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ..။

(၄) ဆန္ဒပြသူတွေကို  ထောင်ထဲက ထုတ်ပေးခဲ့တဲ့ သူတွေကို ၂၄ နာရီအတွင်း (အခေါင်းသွင်း နာမည်တပ်) ခါထုတ်လိုက်ခြင်း၊ နေပူထဲ လမ်းလျှောက်ခိုင်းခြင်းဟာလည်း နိုင်ငံရေးလုပ်ကြံမှုပဲ..။ (သက်ဆိုင်သူအမျိုးသမီးများ ရှက်တတ်ပါစ။ NLD ကျေးဇူး ၄င်းတို့ အပေါ်တွင်ရှိပါသည်..။)

(၅) ဒေါ်အောင်ဆန်းစုကြည်ကို ဒေါသထွက်နေတဲ့ ရွာလူ ထုနဲ့ ထိပ်တိုက်တွေ့ပေးတာဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ.။

(၆) ဒီဖြစ်စဉ်တွေကို ကမ္ဘာ့အလယ်မှာ ထင်ပေါ်စေအောင် ရည်ရွယ်ချက်ဖြင့် နှပ်ကျောင်းပေးနေခြင်းဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ ..
ဟု သုံးသပ်ပါသည်..။

အဲဒီတော့က  NLD ၏ လက်ပံတောင်းတောင် စီမံကိန်းကို ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိသည်ကို ဖော်ပြခဲ့ပြီးသလို ယခုဖြစ်စဉ်တွင် မည်သူတွေ ပါဝင်နေသည်ကို ရေးရေးလေး တွေးတတ်ရင် ဒီ Note ကို ဖတ်ရကျိုးနပ်ကြမည်ထင်ပါသည်..။

ဘာပဲပြောပြော

လက်ရှိအချိန်တွင်
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြဖို့ လိုပါသည်..။

မည်သူမဆို share နိုင်ပါသည်..။

(ငရဲသား)

ကိုးကား
internet photos
7 days news journal
mizzima news
irrawaddy

Tuesday, July 10, 2012

အပြစ်မဲ့ ကချင်ပြည်နယ် ယိခူး ရွာသား(၃)ယောက်ကို နှိပ်စက်ထားတာတဲ့ အစိုးရစစ်တပ်

ဇူလိုင်လ (၁) ရက်နေ့တုန်းက အပြစ်မဲ့ ကချင်ပြည်နယ် ယိခူး ရွာသား (၃)ယောက်ကို အစိုးရစစ်တပ် မတရားဖမ်းဆီးသွားပြီး နှိပ်စက်ထားတာတဲ့ ၊ကြည့်ရတာ ထင်းမီးစနဲ့ ဒါမှမဟုတ် ဆေးပေါ့လိပ်မီးနဲ့ တို့ပြီး နှိပ်စက်ထားတာနေမပေါ့။ ဦးဖငြိမ်း နှင့် ဦးကျောင်ဖားယင် တို့၂ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်လို့ ခုလိုဓါတ်ပုံရိုက် မှတ်တမ်းတင်ထားနိုင်တာ။ ဦးဂလောင်းလ ဆိုတဲ့ တစ်ယောက်ကိုတော့ ပြန်မလွှတ်ပေးသေးဘူး။ သေလားရှင်လားတောင် မသိရဘူး။ ဒီလိုခေတ်ကြီးမှာ ဒီလို့ နှိပ်စက် ညှင်းပမ်းတာတွေ လုပ်လို့ရသေးတယ်တဲ့လားကွာ။ တောက် ....။ ရန်ကုန်မှာသာ ဒါမျိုးဖြစ်လိုက်လို့ကတော့ ဝက်ဝက်ကိုကွဲသွားလိမ့်မယ် ။ (ရန်ကုန်မြို့သားတစ်ယောက်ရဲ့ အသက်နဲ့ တောသားတစ်ယောက် အသက် တန်ဖိုးချင်းတူတူပါပဲဗျာ။ ဒီတိုင်းကြည့်မနေကြပါနဲ့။ ပြည်သူ့ဘက်ကဆိုတဲ့သမ္မတကြီးကို ပြောကြပါဦး ၊ တားကြပါဦး။ ဒီပုံကိုလဲ share ပေးကြပါဦး။)

Sunday, April 29, 2012

မွန်ခွဲထွက်ခေါင်းဆောင်နေအိမ်ကို ရဲနှင့်အာဏာပိုင်များအတင်းဝင်ရောက်

ယမန်နေ့ နံနက် ၁၀ ကျော်နာရီခန့်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ မွန်ခွဲထွက်ခေါင်းဆောင် နိုင်စိုက်ချမ်း၏နေအိမ်သို့ ၎င်းမရှိခိုက် ရဲများနှင့်အတူအာဏာပိုင်များ လာရောက်ဝိုင်းရံပြီး နေအိမ်ကိုအတင်း ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း ကာယကံရှင် ပြောပြချက်အရ သိရသည်။
မော်လမြိုင်မြို့၊ အမှတ် (၅၀) ဖက်ခင်းရပ်၊ ငန်းတေးလမ်း၊ ဈေးကြိုရပ်ကွက်ရှိ ၄င်း၏နေအိမ်သို့ မော်လမြိုင်မြို့နယ် တရားရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်လူကြီးအချို့နှင့် ဒု-ရဲမှူးမျိုးသန့် ဦးဆောင်သည့် လုံထိန်းရဲအင်အားပေါင်း ၃၅ ဦးမနည်း နေအိမ်ခြံဝင်းသို့အတင်းဝင်ရောက်ခဲ့ရာတွင် အိမ်တွင်းရှိလူများနှင့် ရုန်းရင်းဆန်ခတ် အနည်းငယ်ဖြစ်ကြကာ ညနေ ၃ နာရီခန့်တွင် ကျူးကျော်ဝင်ရောက် သူအာဏာပိုင်များ ပြန်လည်ထွက်ခွာသွားကြသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။

“တကယ်ဆိုရင် သက်ဆိုင်ရာက ကြိုတင်အကြောင်းကြားပြီးမှ အိမ်ကိုလာသင့်တယ်၊ ခုဟာက ရဲတွေနဲ့ အများကြီး လာတယ်၊ မပြောမဆိုနဲ့ အိမ်တံခါးတွေကို ရိုက်ဖျက်တယ်၊ အခုလိုလုပ်တာ ဥပဒေနဲ့ လုံးဝကိုက် ညီမှုမရှိဘူး” ဟု နိုင်စိုက်ချမ်းက ဆက်ပြောပါသည်။

နိုင်စိုက်ချမ်းအနေဖြင့် ဥပဒေဘောင်အတွင်းဝင်ရောက်ခိုလှုံခဲ့သည်မှာ ဥပဒေကိုလေးစား လိုက်နာသူတစ်ဦး ဖြစ်လိုကြောင်း ၄င်းကအတိအလင်း ပြောသည်။

“ရုန်းရင်းဆန်ခတ် သိပ်ကြီးကြီးကျယ်ကျယ်တော့ မဖြစ်လိုက်ပါဘူး၊ ဒါပေမဲ့ အိမ်မှာရှိနေတဲ့ လူတွေနဲ့တော့ စကားအခြေအတင် အတော်လေးပြောဖြစ်ကြတယ်၊ ရဲတွေကတော့ ဝတ်စုံအပြည့်ပဲ လက်နက်တွေလည်းပါ တယ်၊ သူတိုက တံခါသော့ကိုဖျက်ပြီး အိမ်ထဲကို ဝင်ကြတာ” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူ သံလွင်တိုင်း(မ်) ဂျာနယ်မှ အယ်ဒီတာ မင်းမင်းနွယ်က ပြောသည်။

၎င်းနေအိမ်ပိုင်ဆိုင်မှုနှင့်ပတက်၍ တရားပြိုင် အပ္ပရောင်း (ခေါ်) မောင်အေးနှင့် နိုင်စိုက်ချမ်းတို့ ၄င်းနေအိမ်ကို သူပိုင်ကိုယ်ပိုင်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ်၊ ခရိုင်တရားရုံးတို့၌ အပြန်အလှန်တရားစွဲဆိုထားကြသည်ဟု သိရသည်။

မဆလခေတ် ဒေသပါတီယူနစ်အဖွဲ့ဝင် ဦးသိန်းအောင်တင် ပိုင်ဆိုင်သည့်နေအိမ်ကို ၎င်းကွယ်လွန်ပြီးနောက် သက်ဆိုင်ရာသားသမီးများထံမှ ၂၀၀၈ ခုနှစ်တွင် နိုင်စိုက်ချမ်းဝယ်ယူခဲ့ပြီးနောက် မောင်အေး(ခေါ်)အပ္ပရောင်း ကလည်း အဆိုပါနေအိမ်ကို ဦးသိန်းအောင်တင် မကွယ်လွန်မီကပင် ၀ယ်ယူခဲ့သည်ဟုဆိုကာ နှစ်ဦးနှစ်ဖက် အမှုရင်ဆိုင်ခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း သက်ဆိုင်ရာတရားရုံးများမှ တိကျရှင်းလင်းသည့် ဆုံးဖြတ်ချက်အမိန့် မကျသေးဟု နိုင်စိုက်ချမ်းက ပြောသည်။

အလားတူ လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင်လည်း နိုင်စိုက်ချမ်း အိမ်တွင်မရှိခိုက် တရားပြိုင် မောင်အေးနှင့် မော်လမြိုင်မြို့ခံရဲများ ၄င်းနေအိမ်ကို ပထမအကြိမ်လာရောက်ဝိုင်းခဲ့သေးကြောင်း နိုင်စိုက်ချမ်းက ပြောသည်။

လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ မော်လမြိုင်ခရိုင်ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ ယခုကိစ္စရပ်အား ဖြေကြားမည့်သူမရှိဟု ဖုန်းကိုင်သူ ရဲအရာရှိက ပြန်ပြောသည်။

အဆိုပါယမန်ဖြစ်စဉ်အား မှတ်တမ်းတင် ဗီဒီယို ရိုက်ကူးထားခဲ့ပြီး သမ္မတနှင့် ပြည်နယ်ဝန်ကြီးချုပ်ထံ ဆက်လက်တိုင်ကြား တရားစွဲဆိုသွားမည်ဟု နိုင်စိုက်ချမ်းက ပြောသည်။

နိုင်စိုက်ချမ်းခေါင်းဆောင်သော မွန်ခွဲထွက်အဖွဲ့သည် တနင်္သာရီတိုင်းတွင် အခြေစိုက်သည်။

http://burmese.bnionline.net/index.php/news/imna/10307-2012-04-28-17-55-46.html

Tuesday, March 27, 2012

မွန်ပြည်နယ် မဲစာရင်းမှားယွင်းမှု တစ်သောင်းဝန်ကျင်ရှိဟု မွန်ပါတီပြော

မင်းအဲ – မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ မဲဆန္ဒနယ်မှာ မဲစာရင်းမှားယွင်းမှု တစ်သောင်းဝန်းကျင်ခန့် ရှိသည်ဟု မွန်ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဌက ပြောသည်။
“မဲပေးသူစာရင်းက အနည်းဆုံးတစ်သောင်လောက်မှားယွင်းမှုရှိတယ်၊ သေတဲ့လူလည်း မဲစာရင်းထည့်ထား တယ်။ ရွာမှာမရှိတဲ့လူလည်း မဲစာရင်းပါနေတယ်။ စာရင်းမှာ နာမည်ပိုနေတယ်၊ တချို့မိသားစုတစ်စုဆိုရင် မဲစားရင်ပျောက်တာ အများကြီတွေ့တယ်” ဟု မွန်ပါတီအောင်နိုင်ရေး ဥက္ကဌ နိုင်အောင်ချမ်းက ပြောသည်။

မဲစာရင်း မှားယွင်းမှု ရှိသည်များကို မဲကော်မရှင်ရုံးသို သွားရောက်ပြောဆိုပါက ပြန်လည်ပြင်ဆင်ပေးသော် လည်း မြို့နယ်အုပ်ချူပ်ရေးမှူးနှင့် ကျေးရွာအုပ်ချူပ်ရေးမှူးများမှ လုပ်ဆောင်မှုများ မရှိဟုလည်း ဥက္ကဌ နိုင်အောင်ချမ်းက ဆက်လက်ပြောသွားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲထည့်လို၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သွားရောက်ကြည့်ရှု့ရာမိသားစုဝင် များ၏ နာမည်စာရင်း အားလုံးမပါဝင်ဟု မော်လမြိုင်မြို့ပေါ်ရှိ မဲဆန္ဒရှင်တဦးက ပြောသည်။

“ကျမတို့မှာ မိသားစုအပါအဝင်အားလုံး လူ  ၅ ယောက်ရှိတယ်၊ ကျမ အမေနဲ့ ညီမက NLDပါတီကိုပဲ မဲထည့် ချင် တယ်၊ ကျမက မွန်ပါတီကိုပဲထည့်ချင်တယ် နာမည်မပါလို့ နာမည်သွားထည့်တယ်ရပ်ကွက်အုပ်ချူပ်ရေးမှူး ရုံးကိုရောက်မှ ကျမ အမေနဲ့ည်ီမက နာမည်မပါဘူးလို့ သူတို့ပြောပြတယ်၊ မွန်ပါတီနဲ့အန်အဲလ်ဒီကိုပဲ မဲထည့်ချင်တဲ့ အတွက်ကြောင်း အမည်စာရင်းမလုပ်ပေးချင်တော့ဘူး” ဟုသူကဆက် ပြောသည်။

ထို့အပြင် ကတိုး၊ ကော့နှတ် ရွာများတွင် မြို့နယ်အုပ်ချူပ်ရေးမှူးများမှ ပြည်ပသို့ ရောက်ရှိနေသူများ၏နာမည် စာရင်းထည့်ထားခြင်း၊ အခြားမြို့တွင် ကျောင်းတက်နေသော ကျောင်းသူ/သားများ၏ နာမည်စာရင်းများ ထည့်ထားပြီး ကြိုတင်မဲအဖြစ် သတ်မှတ်လိုက်သည်ဟု ဥက္ကဌ နိုင်အောင်ချမ်းက ပြောသည်။

အလားတူ တောင်ငူမြို့ဖက်တွင်လည်း မဲစာရင်းများ ထုတ်ပြန်ကြေညာရာတွင် မဲပေးပိုင်ခွင့်ရှိသူများ ကျန်နေ ခဲ့ခြင်း၊ မှတ်ပုံတင်အမှတ် မှားယွင်းခြင်း၊ မိဘအမည် မှားယွင်းခြင်းစသည့်တို့ ဖြစ်ပေါ်နေကြောင်း မဲဆန္ဒရှင် အများစုက ပြောကြသည်။

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံတစ်ခုလုံ၌ မဲဆန္ဒရှင်စုစုပေါင်း ၆၄၈၄၅၆၂ ဦး (ခြောက်ဆယ်လေးသန်ကျော်) ရှိပြီး မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်တွင်မူ ၁၅၈ ၀၀၀ (တသိန်းငါးသောင်းရှစ်ထောင်) ခန့်ရှိသည်သိရသည်။

မြန်မာတနိုင်ငံလုံးအတွင်းရှိ လစ်လပ်နေရာ ၄၅ နေရာ ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၎င်းအထဲမှ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်းတစ်နေရာပါဝင်သည်။

http://burmese.bnionline.net/index.php/news/imna/10172-2012-03-28-17-00-53.html

Friday, November 11, 2011

စစ်ငွေ့တဝေဝေ ကချင်တို့မြေ

၂၀၁၁ခုနှစ် ဇွန်လအစပိုင်းမှာ ကျွန်တော် ဇနီးသည်နှင့်အတူ သူ့အမျိုးများရှိရာ ကချင်ပြည်နယ် မိုးကောင်းမြို့သို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ရန်ကုန်မှ မန္တလေးကို ကားဖြင့်လည်းကောင်း၊ မန္တလေးမှ ကချင်ပြည်နယ် မိုးကောင်းသို့ တလမ်းတည်းသော မီးရထားဖြင့်လည်းကောင်း ရထားတတန် ကားတတန်ဖြင့် ရောက်ရှိခဲ့ပါသည်။

မန္တလေးမှ မနက် ၄နာရီမှ စထွက်လားခဲ့သော မြစ်ကြီးနားရထားသည် နောက်တနေ့မနက် ၂ နာရီမှ မိုးကောင်းဘူတာသို့ ၂၂ နာရီကြာအောင် စီးပြီးမှ ရောက်ရှိပါသည်။ မိုးညှင်းနှင့် မိုးကောင်းကြားတွင် မြစ်ဆုံစီမံကိန်းကြောင့် တာတမံများကျိုးပျက်ကာ ရထားလမ်းဘေးတစ်လျောက်ရှိ လယ်ကွင်းများ၊ လူနေအိမ်များ ရေလွမ်းမိုးကာ ပျက်စီးနေသည်ကို ညဘက်မှ လအလင်းရောင်ဖြင့် ခြောက်ခြားတုန်လှုပ်ဖွယ် မြင်နေရပါသည်။

၂၀၁၁ခုနှစ် ဇွန်လ ၁၆ရက်နေ့က မနက်လေးနာရီလောက် ထပြီး လိုင်ဇာသို့သွားရန် ပြင်ဆင်နေစဉ် ဒိုင်းကနဲမြည်သောဧရာမ ပေါက်ကွဲသံကြီးကို ကြယ်လောင်စွာကြားလိုက်ရသည်။ ပေါက်ကွဲသံနှင့်အတူ မြေကြီးများပင် တုန်ခါသွားသဖြင့် ပေါက်ကွဲအားပြင်းကြောင်း သိသာလှသည်။  မနက်မိုးစင်စင်လင်းအောင် စောင့်ရင်း မနက် ၇း၀၀ နာရီလောက်တွင် မိုးကောင်း ဘူတာအနီးတဝိုက်စုံစမ်းတော့ နမ္မတီးတံတားဗုံးပေါက် တယ်လို့သိရပါတယ်။ ဒီလိုဗုံးတွေပေါက်လိုက်၊ မြစ်ဆုံစီမံကိန်းကြောင့် ရေတွေကြီးလိုက်၊ စစ်ဖြစ်လိုက် နဲ့ကချင်ပြည်နယ် တခုလုံးရစရာကို မရှိ လောက်အောင်ဖြစ် နေပါပြီ။

ကေအိုင်အေ (KIA) စစ်ဌာနချုပ် လိုင်ဇာမှာ တိုက်ပွဲစဖြစ်နေပါတယ်။ အခုဆိုရင် ပန်ဆိုင်းကြူကုတ် နယ်တဝိုက်မှာ အစိုးရတပ်တွေနဲ့ ကချင်ကေအိုင်အေတပ်(KIA) တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။ ဖားကန့်သို့ သွားသည့်ကားခကို တစ်ယောက်၂သောင်းကျပ်ဖြင့် အစမတန်ပေးပြီး စီးခဲ့ကြရပါသည်။ ဘာကြောင့်ကားခဈေး ကြီးသလဲဆိုတော့ အစိုးရတပ်တွေ ဖားကန့်မှာ အခြေဆိုက်လာယူနေလို့ ဒေသခံ ယာဉ်မောင်းတစ်ဦးကပြောပါသည်။ ဆန်ကြမ်းတစ်ပြည်ကို ၁၄၀၀နဲ့ စားနေကြတာပါ ကချင်တွေစားတဲ့ ထမင်းက ဆန်ကြမ်း ဆီမပါ၊ အချိုမှုန့်မပါ ဟင်းနဲ့ငါးပိထောင်း မှိုထောင်းကို ငြုပ်သီးစပ်စပ် ဖြင့် မြိန်ရေယှက်ရေ စားသောက် ကြပါသည်။

ကချင်ပြည်နယ်  ဗန်းမော်မြို့ ဒေါ့ဖုန်းယန်းမှာ မြန်မာစစ်တပ်နဲ့ KIA တပ်တွေ တိုက်ပွဲတွေဖြစ်နေပါတယ်။ ဒါကိုဘယ်သတင်းငှာနကမှ တိတိကျကျ ဖော်ပြခြင်း မရှိသေးပါ။ ကချင်ဒေသမှာ လျှို့ဝှက်စစ်ပြည်တွင်းစစ်တွေဖြစ်နေတာကို ယနေ့အချိန်အထိ အစိုးရက ငြိမ်းချမ်းအောင် မလုပ်ဆောင်နိုင်သေး ပါဘူး။ သူတို့ရဲ့ တဇွတ်ထိုး စီမံကိန်းလို့ ဆိုရမယ့်မြစ်ဆုံစီမံကိန်းကြောင့် ကချင်ပြည်နယ် လူထုတရပ်လုံး ရေဘေးနဲ့ ဝမ်းရောဂါကပ် ဆိုးကြီးကို ခံစားနေ ရပါတယ်။

ဒီလိုကျွန်တော်တို့ တိုင်းရင်းသားတွေ ဒုက္ခမျိုးစုံကို ရင်စီးပြီး ခံနေရတာဟာ နအဖ အစိုးရရဲ့ လျှစ်လျူရှူမှူ အသုံးမကြမှူ ခွဲခြားဆက်ဆံမှူပဲမဟုတ်ပါလား။ အဲဒီအစိုးရက ဆိုးဝါးတာက အစိုးရတပ်က ကချင်ဆိုရင် ကေအန်အေပဲဆိုပြီး စွပ်စွဲတယ်။ ဖမ်းဆီးတယ်။ ကချင်ပြည်နယ်မှာ ကချင်လူမျိုးတွေကို ဧည့်စာရင်း မပေးဘူး။ ကချင်ပြည်နယ်မှာ ကချင်နာမည်တွေတောင် မသုံးရဲ၊ မခေါ်ရဲကြဘူး။ ဘာလို့လဲ ဆိုတော့ အစိုးရစစ်တပ်က ပေါ်တာစွဲ ခံရမှာကြောက်လို့ ပါတဲ့။ ကချင်ရွာသားတွေရဲ့ ထွေလာဂျီတွေ ၊ ကားတွေကို  စစ်ကြောင်းနဲ့ စစ်ရိက္ခာ၊ စစ်လက်နက်များ သယ်ဆောင်ရန် အတင်းအကြပ် အသုံးပြုကြတယ်။ အပြစ်မဲ့ ရွာသားဒေသခံတွေကိုတော့ စစ်သုန့်ပန့် အဖြစ်အသုံးခြခြင်း ခံရပါတယ်။

 ကျောက်စိမ်းထွက်တဲံ့ မြေမှာမြေသား ရေသားကိုက စိမ်းနေတာပဲ ဘယ်ကျောက်ကို ကောက်လိုက် ကောက်လိုက် စိမ်းဖန့်ဖန့် နဲ့ အဲဒီလောက် ဘုရားသခင် ဖန်းစင်းပေးထားတယ်လို့ တောင်ပြောလို့ရအောင် ကျောက်စိမ်းမြေပါပဲ ဒီလောက်သံယံဇာတတွေကို ရန်ကုန်အထိရောက်အောင် သယ်ယူနိုင်ပြီး ကချင်ပြည်နယ် ကလမ်းတွေကိုလကမ္ဘာ ပေါ်ကမြေသားလိုဂျိုင့်ဝှမ်း ခြောက်ကမ်းပါးတွေနဲ့ အမေဇုံတောထဲ မှာလား ထင်ရလောက်အောင် လမ်းပန်းဆက်သွယ်ရေး ကြမ်းတမ်းအောင်လုပ်ထားတယ်။

အသားကိုယူ အသွေးကိုစားတဲ့ နအဖရဲ့ မတရားတဲ့မှားယွင်းတဲ့ စစ်အုပ်ချုပ်ရေးဟာ ဘောင်းဘီမှပုဆိုးပြောင်းဝတ်တဲ့ ဝါဒကြောင့်မဟုတ်ပါလား။ ဇွန်လ၉ရက်နေ့ကတည်းက စဖြစ်လိုက်တဲံစစ် ဒီနေ့အထိ အတောမသတ်နိုင်သေးဘူး။ ကျွန်တော် အရမ်းသိချင်ပါတယ် ဘယ်သူများဒီ စစ်ပွဲတွေကို ပြီးဆုံးအောင် လုပ်ပေးနိုင်မလဲလို့ ဒီလိုအခြေအနေမှာကျွန်တော်က ဘယ်သူ ဘယ်ဝါကလုပ်နေတယ်ဆိုတာ
တိုက်ရိုက်မပြောချင်ဘူး။ တိုင်းပြည်ကို ငြိမ်းချမ်းအောင် အရင်လုပ်ကြပါ။ မြန်မာနိုင်ငံရဲ့ မြောက်ဘက်မှာ သွေးချောင်းတွေ စီးနေပြီ။ ဘယ်တော့များမှ ငြိမ်းချမ်းမှာလဲ။

 ပြီးတော့ ကချင်ပြည်နယ် မိုးရာသီတိုင်း ရေကြီးမှူ ပြဿနာကို နှစ်စဉ် ကြုံတွေ့နေရသည်မှာ မြစ်ဆုံစည်မံကိန်းစတင်ခဲ့တဲ့ ၂၀၀၄ ခုနှစ်လောက်ကတည်းကစပြီး ပစ္စည်းဆုံးရှုံးမှုများ လမ်းပန်းဆက်သွယ်ရေးမကောင်းမှူ မလိုအပ်ဘဲ သေဆုံးမှူ တွေကများနေပါသည်။

ကချင်ပြည်သူတွေက ဆန်ကြမ်းနဲ့ မှိုချိုးမျှစ်ချိုးစား သောက်နေရပါတယ်။ စာသင်ကျောင်းတွေဟာလဲ အမိုးမလုံအကာမရှိနဲ့ ဆင်းရဲချို့တဲ့စွာ ပညာသင်ကြားနေရ ပါတယ်။ ဘာလို့ဒီလိုဒေသဖွင့်ဖြိုးမှူတွေ ကိုမလုပ်ပဲ မြို့တော်သစ် နေပြည်တော်ဆိုပြီး တောခေါင်ခေါင် တစပြင်မှာ ဒေါ်လာသန်းပေါင်း များစွာအကုန်ခံ ပြည်သူ့ဘဏ်နာငွေတွေကို  စစ်အစိုးရ တဖြစ်လဲ နအဖ အစိုးရက အလွဲသုံ့းစားလုပ် နေကြပါတယ်။

ကွက်ကြားမိုး ဆိုတာတကယ် ပဲရှိပါတယ်။ စီးပွားရေးပဲလုပ်လုပ် ပညာရေးပဲဖြစ်ဖြစ် နေရာတကာမှာ အကပ်မပါရင်မပြီးတဲ့ခေတ်ကြီးမှာ ဘယ်သူကိုသွား ကပ်ရမှာလဲ။ ရိုးသားလှတဲ့ကချင်လူမျိုးတွေမှာ ဟိုပြေးဒီပြေးနဲ့ ကေအန်အေကိုလဲ မပြောရဲ။ စစ်တပ်ကိုလဲ ကြောက်ရနဲ့ သနားစရာကောင်းလောက် အောင်ပါဘဲ ပိုက်ဆံလိုချင်ရင်တော့ ဖားကန့်ကိုတက်သွား မှော်ထဲသွား ရေမဆေးကောက်ကြ သည်ကံကောင်းလျှင်တော့ သိန်းသန်းနဲ့ချီပြီး ချမ်းသာသွားနိုင်သည်။ ဒါပေမယ့် အခန့်မသင့်ရင်တော့ ခဲမှန်ပြီးခြေထောက်ကြိုးသွားနိုင်သည်။ ဒီလိုရေမြေကြမ်းတမ်းတဲ့ ဒေသမှာ ပညာကမတတ်တော့ ဒီသဘာဝဘေး အန္တရာယ်ကို ဘယ်လိုကာကွယ်ရမယ် ကိုယ့်ကိုယ်ဘယ်လို ဂရုစိုက်ရမယ်ဆို တဲ့ကျန်းမာရေး အသိပညာအားနည်းမှူတို့ ကြောင့် ငှက်ဖျားရောဂါဆိုးကို ကချင်ပြည်နယ်နေ လူတိုင်းခံစားနေရပေသည်။

ကျွန်တော်လဲ ကချင်ပြည်နယ်မှ အပြန်လမ်းတစ်လျှောက် အတွေးများစွာပြည့်လျှံလျက် ရသများစွာကို ခံစားကာ ဒီစာကိုရေးသားရခြင်းဖြစ်ပါတော့သည်။ ကျွန်တော့်ရဲ့ စာမှာဆောင်းပါးလဲမဟုတ် ဝတ္ထုတိုလဲမဟုတ်တော့ ပရိတ်သတ်ကို ရသအပြည့်မပေးနိုင်တာကိုတော့ တောင်းပန်ပါတယ်။ ဒါတွေဟာတကယ့်ဖြစ်ရပ်တွေပါလို့ ကျွန်တော် ဒီတခုပဲပြောနိုင်ပါတယ်။ ဒီအကြောင်းအရာတွေကို နိုင်ငံခြားမှာအနေများတော့ ကြားဖူးယုံပဲပေါ့ အခုကိုယ်တိုင်ထိတွေ့ခံစားရသော တစ်လကျော်ကျော်မှာ ကျွန်တော့်အတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားကချင်လူမျိုးများရဲ့ လူ့အခွင့်အရေးတွေ အချိုးဖောက်ခံနေရတာ၊ စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရတော့ အလွန်တရားမှပင် ဝမ်းနည်းခံစားရပါသည်။

ကချင်လူမျိုးတွေကဲ့သို့ပင် တခြားသော မြန်မာပြည်သား တိုင်းရင်သားတွေလည်း ပြည်ထောင်စု မြန်မာနိုင်ငံဟူသော အမည်တပ်ထားသော နိုင်ငံထဲတွင် အဆင့်အတန်းနှင့် လူမျိုးရေးခွဲခြားခံနေရမှု၊ ဖိနှိပ်ချုပ်ချယ်မှုများ ဘယ်လောက်တောင်မှ ခံနေရသလဲဆိုတာ သူတို့တွေ ကိုယ်စား ကျွန်တော် ပြန်လည်ခံစားမိပါတော့သည်။

Saturday, March 7, 2009

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အထူးသဖြင့် အမျိုးသမီးများ လူကုန်ကူးခံနေရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းတို့ကို အခိုင်အမာ သက်သေပြနေသည့် ကြေကွဲဖွယ်ရာ ဇာတ်လမ်းတပုဒ်ကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများ ဘလော့ခ်မှ မူရင်းအတိုင်း ကူးယူဖော်ပြပါသည်။
ဤကိစ္စမှာ မင်းမဲ့စရိုက်ကဲ့သို့ ပြောင်ပြောင်တင်းတင်းဖြင့်  လူ့အခွင့်အရေးများကို ချိုးဖောက်နေခြင်းဖြစ်၍ မြန်မာနှင့် ထိုင်းအစိုးရများသာမက နှစ်နိုင်ငံစလုံးမှ ပြည်သူများ၊  ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတို့တွင် တာဝန်ရှိနေပါသည်။  အားလုံးက အလေးအနက်ထား၍ ပူးပေါင်းဖြေရှင်းလျှင် နောက်နောင် မဖြစ်ပေါ်အောင် တားဆီးနိုင်ပါမည်။
လူ့အခွင့်အရေးများကို လေးစားကြောင်း၊ မတရားမှုများကို စက်ဆုပ်ရွံရှာကြောင်း ပြသသည့်အနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီကြပါရန် နှိုးဆော်လိုက်ပါသည်။
————

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ

၇ရက်ဇူလိုင် ၂၀၀၇ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ်ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာမိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါ မနိုင်လို့ လက်လျှော့ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁၀ ယောက်က လိုက်လံ ဖမ်းဆီးရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက်သွားပြီး အလုပ်သမားလက်မှတ် တရားဝင် လက်ဝယ်ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံခဲ့ရပါတယ်။
သူမကို ဖမ်းမိရာလယ်ကွင်းထဲမှာပင် အဓမပြုကျင့်ခဲ့ကြပြီးနောက် သူတို့ဂိုဏ်းတည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သား လေးယောက် က ထပ်မံ စော်ကားကြပြန်သည်။ သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီး ထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင် တက်ရောက် ဆေးကုသ ခံနေခဲ့ ရသည်။
သူမကို ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ တိုက်ခန်းတွင် မိန်းကလေး အယောက် ၂၀ ခန့်လည်း ဖမ်းဆီးခံထားရကြောင်း၊ သူမအဖမ်းခံ ထားရ ချိန် တိုတောင်းသောကြောင့်
ထိုမိန်းကလေးများ မည်သည့်လူမျိုးများ ဖြစ်သည်ကို မသိခဲ့သော်လည်း အ များစုမှာ မွန်နှင့် မြန်မာမလေးများ ဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အ၀တ်ဆင် မပေးထားကြောင်း၊ ထိုမိန်းကလေးများနှင့် သူမကို လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီး လူမဆန်စွာ အနိုင်ကျင့်ခဲ့ကြောင်း၊ အနိုင်ကျင့်ရင်းလည်း နင်တို့ ခွေးမတွေ ငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေးလောက်ပဲ သဘောထားတယ် စသည်ဖြင့် ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်းခဲ့ကြောင်း၊ နင်တို့ကို လေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်း ရဲသို့အကြောင်း ကြားခဲ့သော်လည်း မည်သည့်အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်း သတင်းကြား သိရပါသည်။
မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်းကားပြီး စက်ရုံပိုင်ရှင် သူဌေးများသည် ကိုယ်ပိုင် ငါးဖမ်းစက်လှေ များလည်း ရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင်လေ့ရှိကြသည်။ ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေများတွင် လှေသားများ ပိုမို အလုပ်လုပ်ချင်စေရန် ပျော်ပါးရန် အပြီးရောင်းစား ပေးလေ့ရှိပြီး ထိုလှေသားများကလည်း စိတ်တိုင်းကျ ပျော်ပါးပြီးသောအခါ ၀န်ဆောင်မှု မပေးနိုင်တော့သော ထိုမိန်းကလေး များကို ကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန်သော အကြမ်းဖက် လူကုန်ကူးမှုတွင် ထိုင်းရဲများ ကိုယ်တိုင် တရားမ၀င် ပါဝင် ပတ်သက် နေကြောင်း သိရှိရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကို အဓိကထားကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊ ထိုင်းစစ်ထောက်လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနသို့ တိုင်ကြားခြင်း အစရှိသည်တို့ကို ဆက်တိုက် ဆောင်ရွက်ရာ အရေးယူမှု စတင်ခဲ့ပါသည်။
လူဆိုးများ ထွက်မပြေးနိုင်ရန် ထိုမာဖီးယားဂိုဏ်း တည်ရှိရာ ဌာနချုပ်ကို ရဲများက ၀န်းရံထားနေ စဉ် ဘီဘီစီ သတင်းဌာနမှ သတင်းကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းကလေးများ၏ အသက် အန္တရာယ် စိုးရိမ်ရမှု အတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့် ရအောင် သတင်းပေးသလို ဖြစ်ခဲ့သည့်အတွက်ကြောင့်ပါ သက်ဆိုင် ရာ လှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။
ထို့ပြင် နာမည်သာလိုချင်ပြီး ခေါင်းရှောင်တတ်သော တာဝန်ရှိသူများကြောင့် ဇူလိုင် ၁၃ရက် ထိ ထိုမာဖီးယားဂိုဏ်းကို သူစီးနိုး ငါစီးနိုးနှင့် ၀င်မဖမ်းရဲဘဲ ဖြစ်နေရာ မနေနိုင်သော မြန်မာအချို့ကြောင့် ဂိုဏ်းဝင် ၃ယောက်ကို လိုက်လံဖမ်းဆီးရာ ထို၃ယောက်ကို ဒေသခံ ရဲတစ်ဦး၏ နေအိမ်ဟောင်းအတွင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအရေးကို လိုက်လံဖော်ထုတ် ကူညီသူ မြန်မာတစ်ဦး၏ နေအိမ်ကိုဖောက်ထွင်း ခံခဲ့ရပြီး နောက်တစ်ဦး၏ ချွေးမဖြစ်သူ အသတ်ခံခဲ့ရပါသည်။
ဖောက်ထွင်းသူသည် တအိမ်လုံး အပြောင်သိမ်းသွားရာ လက်ကိုင်ဖုန်းပါ ပါသွားပြီး ထိုလက်ကိုင်ဖုန်း နံပါတ် ကို ဆက်သွယ်ရာတွင် ဖောက်တာငါပဲ.. ဘာလုပ်ချင်လဲ.. ဘာဖြစ်ချင်လဲ စသည်ဖြင့် ပြန်လှန် ခြိမ်းခြောက်သွားကြောင်း သတင်းရရှိပါသည်။ ထို့ပြင် ဆက်ကြေးငွေ ပေးထားသောကြောင့် ဖမ်းရိုးမရှိသော နယ်တွင် လက်မှတ် မရှိဘဲ တရားမ၀င်အလုပ်လုပ်သူများကို ဖမ်းသည်ဟုဆိုကာ အိမ်ခန်းများအတွင်း ဓာတ်ငွေ့သုံးပြီး အတင်းဖမ်းဆီးမှုကို ထူးခြားတိုက်ဆိုင်စွာ ပထမဆုံး ဖမ်းဆီးမှု ပြုခဲ့ရာ တမင် လက်စားချေ ဖမ်းဆီးခြင်းဟု မြန်မာများက သတ်မှတ် အခဲမကြေ ဖြစ်နေကြပါသည်။
ထို့ကြောင့် မြန်မာ့အရေး ဆောင်ရွက်သူများက နောက်ဆုံး ကြိုးစားသည့် အနေဖြင့် Pavena foundation သို့ဆက်သွယ်တိုင်ကြားခဲ့ရာ ထိုအသင်း မှ တည်ထောင်သူ ကိုယ်တိုင် ထိုင်းရဲချုပ်သို့ တိုက်ရိုက်စာတင်အရေးယူမှု ပြုလုပ်ပေးခြင်း၊ ထွက်ပြေးလွတ်မြောက် တိုင်ကြားသူ မြန်မာမိန်းကလေးကိုလည်း အန္တရာယ် ကင်းစေရန် ခေါ်ယူ စောင့်ရှောက်ပေးထားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုအသင်းရဲ့ ခေါင်းဆောင်မှုကြောင့် နောက်ထပ် မာဖီးယား ဂိုဏ်းသား ၄ ယောက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း နောက်ထပ်လည်း လိုက်လံဖမ်းဆီးမှုများကို ထိထိရောက်ရောက် ပြုလုပ်ပေးနေကြောင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့်ကြေညာခဲ့ရာ သတင်းကြားသိရသဖြင့် ပါဗီးနား အသင်းကြီးကို လွန်စွာ ကျေးဇူး တင်ဖွယ်ရှိလေသည်။
သို့သော် စေ့စပ်သေချာလိုသူ မြန်မာပညာတတ် အလုပ်သမားများက ကိုယ့်အားကိုယ်ကိုး ဆက်လက် စုံစမ်းရာ ထိုအဖမ်းခံထားရသော ၄ယောက်မှာ ထိုးကျွေးခံ ဘာအဆင့်မှ မရှိသော သူများဖြစ်ပြီး ထိုမာဖီးယားဂိုဏ်းတွင် အမှန်တကယ် ထိပ်ပိုင်းမှ လူများမှာ ထိုင်းနိုင်ငံရှိ ထိုဒေသရှိထိပ်တန်းအာဏာပိုင်များ ဖြစ်နေပြီး ထိုဂိုဏ်းသည် အတော်ကို အင်အားကြီးမား သည်ကို တွေ့ရလေသည်။ ထိုမျှမကသေးဘဲ မိန်းကလေးတစ်ဦး ထွက်ပြေး လွတ်မြောက်ခဲ့ရာ တိုက်ခန်းတွင် ကျန်ရစ်ခဲ့သူ မိန်းကလေး ၂၀ ယောက် မှာ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး ကျန် မာဖီးယား ဂိုဏ်းသားများကိုလည်း ရှာမတွေ့တော့ပေ။
ဖမ်းမိသူ ၄ယောက်မှလည်း သူတို့လေးယောက်သာ ထိုမိန်းကလေးကို ဖမ်းသည်ဟု ၀န်ခံပြီး အမှုမှန် ကို ကွယ်ဝှက် သေးသိမ်စေခဲ့သည်။
လာမည့် ဇူလိုင် ၁၄ရက်နေ့တွင် အဆိုပါ လေးယောက်ကို ရုံးထုတ်မည် ဖြစ်ရာ ထိုင်းများ၏ ကူညီမှုသည် နိုင်ငံရေး အမြတ်ထုတ်ရန် သက်သက်သာ ဖြစ်ပြီး အမှုမှန်ကို သေးသိမ် ကွယ်ဝှက် သလို ဖြစ်နေခဲ့လေသည်။
ပင်လယ်စာ လုပ်ငန်းသည် ထိုင်း နိုင်ငံ၏ အဓိက နိုင်ငံခြားပို့ကုန် ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပြည်တွင်း ထုတ်ကုန်ကို ဒေါ်လာ သန်းထောင်ချီ ထောက်ပံ့နေသော လုပ်ငန်းဖြစ်ရာ ထိုလုပ်ငန်းအတွက် မြန်မာမိန်းကလေးများကို သည်လို လူမဆန်လွန်းစွာ အသုံးချပြီး လှေသမားများကို ပျော်တော်ဆက်စေပြီး သက်ဆိုင်ရာ အစိုးရ ကိုယ်တိုင်က တိုင်ကြားမှုကို ဂရုမပြုဘဲသည်လို မသိချင်ဟန်ဆောင်ကာ ဖုံးဖိမှုကို ကန့်ကွက်သည့်အနေဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကို တွန်းအားပေးရန် အတွက် သက်ဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အဖွဲ့အစည်းများမှ၎င်း မြန်မာ့လူမျိုးရေးကို စိတ်ဝင်စား စာနာသော ပြည်ပရောက် မြန်မာများမှ၎င်း online petition များကို ပြင်ဆင်ကန့်ကွက် တွန်းအားပေး တောင်းဆိုပေးကြပါရန် ပန်ကြားအပ်ပါသည်။
ရည်ညွှန်းချက် ။
http://burmesemigrantwatch.blogspot.com/2007/10/blog-post_1880.html
အီးမေးလ်ဖြင့် ဤသတင်းပေးပို့သူ တဦးအား ကျေးဇူးတင်ရှိပါသည်။
အောက်တွင် Pavena Foundation  အကြောင်းကို ဆက်လက်ဖော်ပြထားပါသည်။

Link: http://www.humantrafficking.org/organizations/247

Pavena Foundation for Children and Women

Address

Pavena Foundation for Children and Women
1047 – 51 Pon Luang Complex
Soi AmpornPhan 12, Moo 7
Phaholythin Road, Klong Tanon, BangKhen
Bangkok 10220
Thailand

Contact Information

If calling from Thailand:
Tel: 972 5489 90
If calling from overseas:
Tel: +66 972 5489 90

Website

Email

Activities

Pavena Foundation for Children and Women - founded by Mrs. Pavena Hongsakul, Bangkok Member of Parliament - is a non-profit organization that was established to help children and women who are in need of help.
Objectives:
  • To help children and women who have been abused by providing a suitable physical and mental rehabilitation program for victims
  • To help children and women who are poor, unfortunate OR homeless, to be able to live normal lives
  • To help to promote and develop new income opportunities for victims through skills training
  • To promote Thai cultural activities throughout the world

Tuesday, April 29, 2008

Ethnic Groups Reject ‘Ammunition for Rebels’ Report

Burma’s ethnic groups operating along Thai-Burma border have rejected a Thai newspaper report suggesting a cache of ammunition found in Northern Thailand could have been intended for their forces.

The report, in Wednesday’s issue of the English-language daily Bangkok Post, said 800 rounds of ammunition had been found near Chiang Mai, hidden in fertilizer sacks.

Leaders of the Karen National Union (KNU), the Karenni National Progressive Party (KNPP) and the Shan State Army-South (SSA-S) all rejected the report. SSA-S spokesman Hseng Murng, said it was unethical and accused the Bangkok Post writer of “fawningly reporting for Burma military junta.”

Burmese political commentator Aung Naing Oo suggested the “baseless report” linked the discovery of the ammunition and the visit to Bangkok by Burmese Prime Minister Gen Thein Sein.

Thai military experts told the Bangkok Post that the ammunition was of a caliber previously used by the Thai army but now employed by armed ethnic minorities in operations along the Thai-Burmese border.

The discovery of the ammunition follows two bomb incidents in Chiang Mai this month. On April 25, army experts defused an explosive device found on a city street. Two weeks earlier, a bomb was used in a raid on a bank on the same street.

Thursday, October 18, 2007

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အထူးသဖြင့် အမျိုးသမီးများ လူကုန်ကူးခံနေရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းတို့ကို အခိုင်အမာ သက်သေပြနေသည့် ကြေကွဲဖွယ်ရာ ဇာတ်လမ်းတပုဒ်ကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများ ဘလော့ခ်မှ မူရင်းအတိုင်း ကူးယူဖော်ပြပါသည်။
ဤကိစ္စမှာ မင်းမဲ့စရိုက်ကဲ့သို့ ပြောင်ပြောင်တင်းတင်းဖြင့်  လူ့အခွင့်အရေးများကို ချိုးဖောက်နေခြင်းဖြစ်၍ မြန်မာနှင့် ထိုင်းအစိုးရများသာမက နှစ်နိုင်ငံစလုံးမှ ပြည်သူများ၊  ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတို့တွင် တာဝန်ရှိနေပါသည်။  အားလုံးက အလေးအနက်ထား၍ ပူးပေါင်းဖြေရှင်းလျှင် နောက်နောင် မဖြစ်ပေါ်အောင် တားဆီးနိုင်ပါမည်။
လူ့အခွင့်အရေးများကို လေးစားကြောင်း၊ မတရားမှုများကို စက်ဆုပ်ရွံရှာကြောင်း ပြသသည့်အနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီကြပါရန် နှိုးဆော်လိုက်ပါသည်။
————

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ

၇ရက်ဇူလိုင် ၂၀၀၇ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ်ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာမိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါ မနိုင်လို့ လက်လျှော့ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁၀ ယောက်က လိုက်လံ ဖမ်းဆီးရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက်သွားပြီး အလုပ်သမားလက်မှတ် တရားဝင် လက်ဝယ်ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံခဲ့ရပါတယ်။
သူမကို ဖမ်းမိရာလယ်ကွင်းထဲမှာပင် အဓမပြုကျင့်ခဲ့ကြပြီးနောက် သူတို့ဂိုဏ်းတည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သား လေးယောက် က ထပ်မံ စော်ကားကြပြန်သည်။ သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီး ထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင် တက်ရောက် ဆေးကုသ ခံနေခဲ့ ရသည်။
သူမကို ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ တိုက်ခန်းတွင် မိန်းကလေး အယောက် ၂၀ ခန့်လည်း ဖမ်းဆီးခံထားရကြောင်း၊ သူမအဖမ်းခံ ထားရ ချိန် တိုတောင်းသောကြောင့်
ထိုမိန်းကလေးများ မည်သည့်လူမျိုးများ ဖြစ်သည်ကို မသိခဲ့သော်လည်း အ များစုမှာ မွန်နှင့် မြန်မာမလေးများ ဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အ၀တ်ဆင် မပေးထားကြောင်း၊ ထိုမိန်းကလေးများနှင့် သူမကို လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီး လူမဆန်စွာ အနိုင်ကျင့်ခဲ့ကြောင်း၊ အနိုင်ကျင့်ရင်းလည်း နင်တို့ ခွေးမတွေ ငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေးလောက်ပဲ သဘောထားတယ် စသည်ဖြင့် ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်းခဲ့ကြောင်း၊ နင်တို့ကို လေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်း ရဲသို့အကြောင်း ကြားခဲ့သော်လည်း မည်သည့်အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်း သတင်းကြား သိရပါသည်။
မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်းကားပြီး စက်ရုံပိုင်ရှင် သူဌေးများသည် ကိုယ်ပိုင် ငါးဖမ်းစက်လှေ များလည်း ရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင်လေ့ရှိကြသည်။ ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေများတွင် လှေသားများ ပိုမို အလုပ်လုပ်ချင်စေရန် ပျော်ပါးရန် အပြီးရောင်းစား ပေးလေ့ရှိပြီး ထိုလှေသားများကလည်း စိတ်တိုင်းကျ ပျော်ပါးပြီးသောအခါ ၀န်ဆောင်မှု မပေးနိုင်တော့သော ထိုမိန်းကလေး များကို ကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန်သော အကြမ်းဖက် လူကုန်ကူးမှုတွင် ထိုင်းရဲများ ကိုယ်တိုင် တရားမ၀င် ပါဝင် ပတ်သက် နေကြောင်း သိရှိရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကို အဓိကထားကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊ ထိုင်းစစ်ထောက်လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနသို့ တိုင်ကြားခြင်း အစရှိသည်တို့ကို ဆက်တိုက် ဆောင်ရွက်ရာ အရေးယူမှု စတင်ခဲ့ပါသည်။
လူဆိုးများ ထွက်မပြေးနိုင်ရန် ထိုမာဖီးယားဂိုဏ်း တည်ရှိရာ ဌာနချုပ်ကို ရဲများက ၀န်းရံထားနေ စဉ် ဘီဘီစီ သတင်းဌာနမှ သတင်းကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းကလေးများ၏ အသက် အန္တရာယ် စိုးရိမ်ရမှု အတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့် ရအောင် သတင်းပေးသလို ဖြစ်ခဲ့သည့်အတွက်ကြောင့်ပါ သက်ဆိုင် ရာ လှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။
ထို့ပြင် နာမည်သာလိုချင်ပြီး ခေါင်းရှောင်တတ်သော တာဝန်ရှိသူများကြောင့် ဇူလိုင် ၁၃ရက် ထိ ထိုမာဖီးယားဂိုဏ်းကို သူစီးနိုး ငါစီးနိုးနှင့် ၀င်မဖမ်းရဲဘဲ ဖြစ်နေရာ မနေနိုင်သော မြန်မာအချို့ကြောင့် ဂိုဏ်းဝင် ၃ယောက်ကို လိုက်လံဖမ်းဆီးရာ ထို၃ယောက်ကို ဒေသခံ ရဲတစ်ဦး၏ နေအိမ်ဟောင်းအတွင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအရေးကို လိုက်လံဖော်ထုတ် ကူညီသူ မြန်မာတစ်ဦး၏ နေအိမ်ကိုဖောက်ထွင်း ခံခဲ့ရပြီး နောက်တစ်ဦး၏ ချွေးမဖြစ်သူ အသတ်ခံခဲ့ရပါသည်။
ဖောက်ထွင်းသူသည် တအိမ်လုံး အပြောင်သိမ်းသွားရာ လက်ကိုင်ဖုန်းပါ ပါသွားပြီး ထိုလက်ကိုင်ဖုန်း နံပါတ် ကို ဆက်သွယ်ရာတွင် ဖောက်တာငါပဲ.. ဘာလုပ်ချင်လဲ.. ဘာဖြစ်ချင်လဲ စသည်ဖြင့် ပြန်လှန် ခြိမ်းခြောက်သွားကြောင်း သတင်းရရှိပါသည်။ ထို့ပြင် ဆက်ကြေးငွေ ပေးထားသောကြောင့် ဖမ်းရိုးမရှိသော နယ်တွင် လက်မှတ် မရှိဘဲ တရားမ၀င်အလုပ်လုပ်သူများကို ဖမ်းသည်ဟုဆိုကာ အိမ်ခန်းများအတွင်း ဓာတ်ငွေ့သုံးပြီး အတင်းဖမ်းဆီးမှုကို ထူးခြားတိုက်ဆိုင်စွာ ပထမဆုံး ဖမ်းဆီးမှု ပြုခဲ့ရာ တမင် လက်စားချေ ဖမ်းဆီးခြင်းဟု မြန်မာများက သတ်မှတ် အခဲမကြေ ဖြစ်နေကြပါသည်။
ထို့ကြောင့် မြန်မာ့အရေး ဆောင်ရွက်သူများက နောက်ဆုံး ကြိုးစားသည့် အနေဖြင့် Pavena foundation သို့ဆက်သွယ်တိုင်ကြားခဲ့ရာ ထိုအသင်း မှ တည်ထောင်သူ ကိုယ်တိုင် ထိုင်းရဲချုပ်သို့ တိုက်ရိုက်စာတင်အရေးယူမှု ပြုလုပ်ပေးခြင်း၊ ထွက်ပြေးလွတ်မြောက် တိုင်ကြားသူ မြန်မာမိန်းကလေးကိုလည်း အန္တရာယ် ကင်းစေရန် ခေါ်ယူ စောင့်ရှောက်ပေးထားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုအသင်းရဲ့ ခေါင်းဆောင်မှုကြောင့် နောက်ထပ် မာဖီးယား ဂိုဏ်းသား ၄ ယောက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း နောက်ထပ်လည်း လိုက်လံဖမ်းဆီးမှုများကို ထိထိရောက်ရောက် ပြုလုပ်ပေးနေကြောင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့်ကြေညာခဲ့ရာ သတင်းကြားသိရသဖြင့် ပါဗီးနား အသင်းကြီးကို လွန်စွာ ကျေးဇူး တင်ဖွယ်ရှိလေသည်။
သို့သော် စေ့စပ်သေချာလိုသူ မြန်မာပညာတတ် အလုပ်သမားများက ကိုယ့်အားကိုယ်ကိုး ဆက်လက် စုံစမ်းရာ ထိုအဖမ်းခံထားရသော ၄ယောက်မှာ ထိုးကျွေးခံ ဘာအဆင့်မှ မရှိသော သူများဖြစ်ပြီး ထိုမာဖီးယားဂိုဏ်းတွင် အမှန်တကယ် ထိပ်ပိုင်းမှ လူများမှာ ထိုင်းနိုင်ငံရှိ ထိုဒေသရှိထိပ်တန်းအာဏာပိုင်များ ဖြစ်နေပြီး ထိုဂိုဏ်းသည် အတော်ကို အင်အားကြီးမား သည်ကို တွေ့ရလေသည်။ ထိုမျှမကသေးဘဲ မိန်းကလေးတစ်ဦး ထွက်ပြေး လွတ်မြောက်ခဲ့ရာ တိုက်ခန်းတွင် ကျန်ရစ်ခဲ့သူ မိန်းကလေး ၂၀ ယောက် မှာ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး ကျန် မာဖီးယား ဂိုဏ်းသားများကိုလည်း ရှာမတွေ့တော့ပေ။
ဖမ်းမိသူ ၄ယောက်မှလည်း သူတို့လေးယောက်သာ ထိုမိန်းကလေးကို ဖမ်းသည်ဟု ၀န်ခံပြီး အမှုမှန် ကို ကွယ်ဝှက် သေးသိမ်စေခဲ့သည်။
လာမည့် ဇူလိုင် ၁၄ရက်နေ့တွင် အဆိုပါ လေးယောက်ကို ရုံးထုတ်မည် ဖြစ်ရာ ထိုင်းများ၏ ကူညီမှုသည် နိုင်ငံရေး အမြတ်ထုတ်ရန် သက်သက်သာ ဖြစ်ပြီး အမှုမှန်ကို သေးသိမ် ကွယ်ဝှက် သလို ဖြစ်နေခဲ့လေသည်။
ပင်လယ်စာ လုပ်ငန်းသည် ထိုင်း နိုင်ငံ၏ အဓိက နိုင်ငံခြားပို့ကုန် ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပြည်တွင်း ထုတ်ကုန်ကို ဒေါ်လာ သန်းထောင်ချီ ထောက်ပံ့နေသော လုပ်ငန်းဖြစ်ရာ ထိုလုပ်ငန်းအတွက် မြန်မာမိန်းကလေးများကို သည်လို လူမဆန်လွန်းစွာ အသုံးချပြီး လှေသမားများကို ပျော်တော်ဆက်စေပြီး သက်ဆိုင်ရာ အစိုးရ ကိုယ်တိုင်က တိုင်ကြားမှုကို ဂရုမပြုဘဲသည်လို မသိချင်ဟန်ဆောင်ကာ ဖုံးဖိမှုကို ကန့်ကွက်သည့်အနေဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကို တွန်းအားပေးရန် အတွက် သက်ဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အဖွဲ့အစည်းများမှ၎င်း မြန်မာ့လူမျိုးရေးကို စိတ်ဝင်စား စာနာသော ပြည်ပရောက် မြန်မာများမှ၎င်း online petition များကို ပြင်ဆင်ကန့်ကွက် တွန်းအားပေး တောင်းဆိုပေးကြပါရန် ပန်ကြားအပ်ပါသည်။
ရည်ညွှန်းချက် ။
http://burmesemigrantwatch.blogspot.com/2007/10/blog-post_1880.html
အီးမေးလ်ဖြင့် ဤသတင်းပေးပို့သူ တဦးအား ကျေးဇူးတင်ရှိပါသည်။
အောက်တွင် Pavena Foundation  အကြောင်းကို ဆက်လက်ဖော်ပြထားပါသည်။

Link: http://www.humantrafficking.org/organizations/247

Pavena Foundation for Children and Women

Address

Pavena Foundation for Children and Women
1047 – 51 Pon Luang Complex
Soi AmpornPhan 12, Moo 7
Phaholythin Road, Klong Tanon, BangKhen
Bangkok 10220
Thailand

Contact Information

If calling from Thailand:
Tel: 972 5489 90
If calling from overseas:
Tel: +66 972 5489 90

Website

Email

Activities

Pavena Foundation for Children and Women - founded by Mrs. Pavena Hongsakul, Bangkok Member of Parliament - is a non-profit organization that was established to help children and women who are in need of help.
Objectives:
  • To help children and women who have been abused by providing a suitable physical and mental rehabilitation program for victims
  • To help children and women who are poor, unfortunate OR homeless, to be able to live normal lives
  • To help to promote and develop new income opportunities for victims through skills training
  • To promote Thai cultural activities throughout the world
Related Posts Plugin for WordPress, Blogger...