Showing posts with label စာပေဟောပြောပွဲများ. Show all posts
Showing posts with label စာပေဟောပြောပွဲများ. Show all posts
Monday, February 18, 2013
ဆရာဇာဂနာ ၏ သုံးသုံးလီတစ်ဆယ်
ဆရာဇာဂနာ ၏ သုံးသုံးလီတစ်ဆယ်
(၁၃၇၄) ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ်
စာပေဟောပြောပွဲ
မြင်းခြံမြို့။
၂၃၊ ဒီဇင်ဘာလ၊ ၂၀၁၂
တံဆိပ်များ
စာပေဟောပြောပွဲများ
,
ဇာဂနာ
,
နိုင်ငံရေးနှင့်သမိုင်းများ
Tuesday, December 25, 2012
ဇာဂနာ၏ နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန် စာပေဟောပြောပွဲ
၂၁.၁၂.၂၀၁၂ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ဩဘာလမ်း စာပေဟောပြောပွဲတွင် ဇာဂနာ ပြောကြားသော-
"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၁)
"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၂)
"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၃)
"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၄)
"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၅)
"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၁)
"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၂)
"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၃)
"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၄)
"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၅)
တံဆိပ်များ
စာပေဟောပြောပွဲများ
,
ဇာဂနာ
Thursday, June 7, 2012
ဇာဂနာ စာပေဟောပြောပွဲ
တံဆိပ်များ
စာပေဟောပြောပွဲများ
,
ဇာဂနာ
,
နိုင်ငံရေးနှင့်သမိုင်းများ
Sunday, April 29, 2012
ပြည်သူ့ဂုဏ်ရည်မှ ကိုဇာဂနာနှင့် အင်တာဗျူး
ပြည်သူဂုဏ်ရည်မှ တဆင့်ပြန်လည်ဖော်ပြပါသည်။
တံဆိပ်များ
စာပေဟောပြောပွဲများ
,
ဇာဂနာ
,
သမိုင်းအစအန
,
နိုင်ငံရေးနှင့်သမိုင်းများ
Friday, February 24, 2012
ကိုဇာဂနာ နှင့် ဆန်ဖရန်မိသားစုများတွေ့ဆုံပွဲ
တံဆိပ်များ
စာပေဟောပြောပွဲများ
,
ဇာဂနာ
,
နိုင်ငံရေးနှင့်သမိုင်းများ
Monday, February 13, 2012
ကိုဇာဂနာ၏ Struggling Beauty နယူးယောက်
တံဆိပ်များ
စာပေဟောပြောပွဲများ
,
ဇာဂနာ
,
နိုင်ငံရေးနှင့်သမိုင်းများ
Thursday, March 24, 2011
ယူအေအီးနိုင်ငံ ပထမအကြိမ်စာပေဟောပြောပွဲ
ယူအေအီးနိုင်ငံရှိ ကန္တာရဝဿ လူမှု့ရှေ့ဆောင်အသင်းမှ ကြီးမှုးကျင်းပပြုလုပ်သော ပထမအကြိမ် စာပေဟောပြောပွဲကို ၂၂.၀၃.၂၀၁၁ ခုနှစ် အင်္ဂါနေ့ ညနေ (၆)နာရီမှ ည(၁၀)နာရီအထိ ဒူဘိုင်းမြို့ Al Noor Training Center မှာ ပြုလုပ်ကျင်းပ ပြီးစီးခဲ့ပါသည်။ ကန္တာရမြေပေါ်တွင် မြန်မာတို့၏ စာသံပေသံ လက်ခုပ်သြဘာသံများ မိုးလုံးညံ့အောင် ယူအေအီး ပြည်ထောင်အသီးသီးမှ စာပေချစ်မြတ်နိုးသူ မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများက မအားလပ်သည့် ကြားကပင် ကြိုးစာပမ်းစား ကူညီတက်ရောက် အားပေးခဲ့ကြသဖြင့် ကန္ထာရတိုင်းပေါ်တွင် မြန်မာစာပေဟောပြောပွဲကို အောင်မြင်စွာ မှတ်တိုင်စိုက်ထူနိုင်ခဲ့ပေသည်။
ဆရာအောပီကျယ်နှင့် ဆရာချစ်ဦးညိုတို့ကလည်း မြန်မာပြည်မှ ဝေးကွာလှသော ယူအေအီးနိုင်ငံရှိ မြန်မာစာပေ ချစ်မြတ်နိုးသူ မြန်မာများအတွက် အခက်အခဲလေးတွေ ရှိလျှက်ကြားကပင် မဖြစ်မနေ ရောက်ရှိလာကြပြီး စာပေရသ ဗဟုသုတများကို ချီးမြှင့်ဟောပြောသွားတဲ့အတွက်လည်း ယူအေအီးမှ ကန္တာရဝဿ လူမှု့ရှေ့ဆောင်အသင်းနှင့် စာပေချစ်မြတ်နိုးသူ မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများကိုယ်စား ကျွန်တော်ချမ်းလင်းနေမှ ဆရာအော်ပီကျယ်နှင့် ဆရာချစ်ဦးညိုတို့ကို အထူးပင် ဝမ်းသာကြည်နူးမှုများစွာဖြင့် ကျေးဇူးတင်ရှိပါသည်။
ဆရာအော်ပီကျယ် - ပျော်ရာမှာမနေ တော်ရာမှာနေ
(Download)
ဆရာချစ်ဦးညို - အမျိုးသားရေးမို့ ကြိုးပမ်းကြပါ တို့ဗမာ
(Download)
ဒီအသံဖိုင်များကို ဒူဘိုင်း အဖြူရောင်သံစဉ် ရေဒီယိုမှ ရွှေပု၊ သံလုံး၊ TY3 တို့က မေတ္တာဖြင့်ကူညီ အသံဖမ်းယူထားပြီး စာပေဟောပြောနေစဉ်မှာ တကမ္ဘာလုံးမှ မြန်မာများ နားဆင်နိုင်အောင် အဖြူရောင်သံစဉ် ရေဒီယိုမှနေ တိုက်ရိုက်လွှင့်တင်ပေးခဲ့ပါသည်။
ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ
တံဆိပ်များ
စာပေဟောပြောပွဲများ
Saturday, February 26, 2011
ကန္တာရ မိုးသားမိုးရိပ်များ နှင့် မြန်မာစာရေးဆရာ၊ ဆရာမများ၏ စာပေဟောပြောပွဲများ အပိုင်း(၃)
"ကန္တာရ မိုးသားမိုးရိပ်များ"

စာပေဟောပြောပွဲဆိုတာ တကယ့်ကို ပညာဗဟုသုတ စာပေအနှစ်သာရပေးတဲ့ စကားဝိုင်းတစ်ခုပါပဲဗျာ။ သက်ကြီးစကား သက်ငယ်ကြားဆိုတာမျိုးပေါ့ဗျာ။ မြန်မာတွေအကြာင်း၊ မြန်မာတို့၏ သမိုင်းကို မြန်မာလူကြီးများက မြန်မာလူငယ်ကလေးများကို လက်ဆင့်ကမ်းလိုက်တဲ့ အမွေတွေပါပဲ။
ကျွန်တော်ငယ်ငယ်တုန်းက စာပေဟောပြောပွဲဆိုတာ အရမ်းခေတ်စားခဲ့ပါတယ်။ အထူးသဖြင့် စာသင်ကျောင်းတွေ၊ မြို့နယ် ရပ်ကွက်တွေမှာ နတ်တော်လ စာဆိုတော်နေ့ဆိုရင် နာမည်ကျော် စာရေးဆရာကြီးများ၊ ကဗျာဆရာကြီးများ၊ အနုပညာရှင်ကြီးများ လာရောက်ပြီး သူတို့ဖတ်မှတ်ခဲ့သော စာပေဗဟုသုတများ၊ ရသများ၊ သူတို့၏ ဖြတ်သန်းလာခဲ့ကြသော ဘဝအတွေ့အကြုံများ၊ သူတို့သိမှီခဲ့သော ပုဂ္ဂိုလ်ကျော် ပုဂ္ဂိုလ်ထူးများရဲ့အကြောင်းများကို နောင်လာနောက်သား လူငယ်များ သိမြင်အတုယူနိုင်ဖို့ လက်ဆင့်ကမ်းဝေမျှခဲ့ကြပါတယ်။
ယေဘူယျအားဖြင့် စာပေဟောပြောပွဲများတွင် တွေ့ရှိရတာတွေကတော့ အများအားဖြင့် လူငယ်တွေအတွက် ရည်ရွယ်ပြီး ဟောပြောကြတာများပါတယ်။ လူကြီးတွေက နောင်တစ်ချိန်မှာ လူငယ်လူရွယ်တွေရဲ့ အသိပညာ အတတ်ပညာတွေကို အရမ်းကို မျှော်မှန်းထားကြတာပါ။ လူငယ် လူရွယ်တွေပဲ နောင်အနာဂတ်ကို ဦးဆောင်မယ်ဆိုတာ ယုံကြည်ကြလို့ပါ။ လူငယ်လူရွယ်တွေ အနေကလည်း စာပေဟောပြောပွဲတွေကတဆင့် နောင်ဖြစ်လာမည့် ရည်ရွယ်ချက်ပန်းတိုင်တွေ မြင်လာမယ်၊ ရိုးရာအစဉ်အလာမပျက် ထိန်းသိမ်းခဲ့ကြတဲ့ မြန်မာ့ယဉ်ကျေးမှု အနုပညာများကိုလည်း စာပေပညာရှင်တွေကနေတဆင့် သိရှိလာကြပါတယ်။ တကယ့်ကို နှစ်ဦးနှစ်ဘက် အကျိုးရှိတဲ့ ဓလေ့တစ်ခုပါ။
ဒီလို စာပေဟောပြောပွဲ အစဉ်အလာလေးဟာ အင်မတန်မှကို ချစ်စရာကောင်းတဲ့ မြန်မာလူမျိုးတို့၏ လက်ဆင့်ကမ်း အမွေဆက်ခံခြင်းလို့ ကျွန်တော် ယုံကြည်လက်ခံပါတယ်။ အဲဒီလို စာပေဟောပြောပွဲတွေတောင် မဟုတ်ပဲ မိမိတို့ အဘိုးအဘွား၊ သက်ကြီးရွယ်အို၊ ပညာရှိကြီးများက အိမ်မှာ စကားလေးများ စုဖွဲ့ပြီး ပြောပြကြရင်တောင်မှ သူတို့အနားကနေပြီး ကျွန်တော်တို့ကလေးတွေ သွားရောက် နားထောင်ခဲ့ကြရတာ အလွန်ကိုမှ နားထောင်ကောင်းလှပါတယ်။ မြန်မာ့ရိုးရာ ပုံတိုပတ်စများ၊ စကားထာ စကားပုံများ၊ ကဗျာ လင်္ကာများ၊ မြန်မာ့ရှေးခေတ် တေးသီချင်းများ၊ ရှေးဟောင်းနှောင်းဖြစ် သမိုင်း အစဉ်အလာများ၊ ပါးစပ်ရာဇဝင်များ စသဖြင့် ကောင်းနိုးရာရာ ဗဟုသုတဖြစ်ဖွယ် စကားများကို ကြားသိမှတ်သားခဲ့ရတာဟာ အင်မတန်မှ ကောင်းလှတဲ့ အလေ့အကျင့်လေးတစ်ခုပါ။
ရှေးယခင်တုန်းက တောရွာလေးတွေမှာ စာတတ်ပေတတ် လူကြီးတွေက ပညာဗဟုသုတအမွေကို ထိုထိုသော စကားဝိုင်းတွေထဲမှ လူငယ်လူရွယ်များကို မျှဝေခဲ့ကြပါတယ်။ ကျောင်းတွေမှာ စာပေသင်နိုင်ဖို့ အခွင့်အလမ်း မရှိနိုင်ကြတဲ့ ထိုကျေးလက် ဒေသမှ ကလေးလူငယ်တွေအဖို့ လူကြီးစကားဝိုင်းလေးတွေဟာ ပညာပေးရာ နေရာလေးတစ်ခုပါပဲ။
ကျွန်တော်ငယ်ငယ်က စာပေဟောပြောပွဲလေး စနားထောင်ဖူးခဲ့တာကတော့ ရွှေတောင်ကုန်း သာသနာ့ရိပ်သာမှ နှစ်စဉ်ပြုလုပ်ခဲ့တဲ့ ဗုဒ္ဓယဉ်ကျေးမှုသင်တန်းလေးမှ စတင်ပြီး နားထောင်ခဲ့ဖူးတာပါ။ ရွှေတောင်ကုန်း သာသနာ့ရိပ်သာ ဆရာတော်ကြီးမှ ကလေးလူငယ်များကို တစ်လတာမျှ သာသနာ့ဘောင်ကို သွတ်သွင်းပေးပြီး အခြေခံဗုဒ္ဓ ယဉ်ကျေးမှုစာပေများကိုသာ သင်ကြားပေးရုံ သာမက သင်တန်းကာလ တစ်လတာအတွင်း အခါကြီးရက်ကြီး ဥပုသ်နေ့များတွင် လူငယ်များအတွက် စာပေပညာရှင်များကို ဖိတ်ခေါ်ပြီး စာပေဟောပြောပွဲများ ကျင်းပပေးပါတယ်။
အဲဒီတုန်းကဆို (ကျွန်တော် မှတ်မိသလောက်) စာရေးဆရာမ မစန္ဒာ၊ သိပ္ပံမှုးတင်၊ ဒေါ်အောင်ဆန်းစုကြည် စတဲ့ စာတတ်ပေတတ် ပညာကျော်တွေက လာရောက်ပြီး ကိုရင်လေးတွေ၊ သိက္ခာရှင်(သီလရှင်)လေးတွေ အတွက် လာရောက်ပြီး စာပေပညာဗဟုသုတ အဖျာဖျာကို မျှဝေပေးကြပါတယ်။
ဆရာသိပ္ပံမှုးတင်ဆို ကျွန်တော် သုံးနှစ်ဆက်တိုက် ရွှေတောင်ကုန်းမှာ ကိုရင်ဝတ်တဲ့ သုံးနှစ်လုံး သူလာဟောပါတယ်။ သူလာရင်ကို ကိုရင် သိက္ခာရှင်တွေအားလုံး သိကြပါပြီ။ ဆေးလိပ်တိုက်ဖျက်ရေး ဟောတော့မယ်။ နောက် သူထုတ်ပြလေ့ရှိတာက ဆေးလိပ်သောက်လွန်းလို့ ကင်ဆာဖြစ်ခဲ့တဲ့ ဆေးစိမ်ထားတဲ့ အဆုပ်ကြီးပဲ။ အဲဒီတုန်းကဆို ကျွန်တော်တို့ ကလေးတွေက သူ့ကို အစုပ်ဆရာကြီးရယ်လို့ ခေါ်ကြပါတယ်။
ဒီဆရာကြီးနဲ့ ကျွန်တော် အတော်ရေစက်ဆုံသဗျ။ ကျောင်းမှာ ကျန်းမာရေး ဟောပြောပွဲဆိုပြီး သွားကြည့်တော့ ကျွန်တော်တို့ အစုပ်ဆရာကြီးလို့ ခေါ်ခေါ်နေတဲ့ ဆရာသိပ္ပံမှူးတင်ပဲဗျာ။ အင်မတန်လေးစားဖို့ကောင်းပါတယ် သူဟာ မြန်မာပြည်က လူငယ်တွေအတွက် ဆေးလိပ်တိုက်ဖျက်ရေး ပညာပေးကို အစွမ်းကုန် ဟောပြောလှုပ်ရှား သွားတဲ့သူတစ်ယောက်ပါ။ သူ့ကိုမှီဖူး နားထောင်ဖူးသူတွေတော့ သိကြပါလိမ့်မယ်။
ဆရာသိပ္ပံမှုးတင်ဆို ကျွန်တော် သုံးနှစ်ဆက်တိုက် ရွှေတောင်ကုန်းမှာ ကိုရင်ဝတ်တဲ့ သုံးနှစ်လုံး သူလာဟောပါတယ်။ သူလာရင်ကို ကိုရင် သိက္ခာရှင်တွေအားလုံး သိကြပါပြီ။ ဆေးလိပ်တိုက်ဖျက်ရေး ဟောတော့မယ်။ နောက် သူထုတ်ပြလေ့ရှိတာက ဆေးလိပ်သောက်လွန်းလို့ ကင်ဆာဖြစ်ခဲ့တဲ့ ဆေးစိမ်ထားတဲ့ အဆုပ်ကြီးပဲ။ အဲဒီတုန်းကဆို ကျွန်တော်တို့ ကလေးတွေက သူ့ကို အစုပ်ဆရာကြီးရယ်လို့ ခေါ်ကြပါတယ်။
ဒီဆရာကြီးနဲ့ ကျွန်တော် အတော်ရေစက်ဆုံသဗျ။ ကျောင်းမှာ ကျန်းမာရေး ဟောပြောပွဲဆိုပြီး သွားကြည့်တော့ ကျွန်တော်တို့ အစုပ်ဆရာကြီးလို့ ခေါ်ခေါ်နေတဲ့ ဆရာသိပ္ပံမှူးတင်ပဲဗျာ။ အင်မတန်လေးစားဖို့ကောင်းပါတယ် သူဟာ မြန်မာပြည်က လူငယ်တွေအတွက် ဆေးလိပ်တိုက်ဖျက်ရေး ပညာပေးကို အစွမ်းကုန် ဟောပြောလှုပ်ရှား သွားတဲ့သူတစ်ယောက်ပါ။ သူ့ကိုမှီဖူး နားထောင်ဖူးသူတွေတော့ သိကြပါလိမ့်မယ်။
အဲဒီတုန်းကဆို ဆရာမကြီး မစန္ဒာဟောပြောချက်ကို အရမ်းသဘောကျခဲ့တယ်။ သူဟာ စာတွေအရမ်းဖတ်၊ ပညာတွေအရမ်းတတ်ပြီး ဘာသာတရား မယုံကြည် ကွန်မြူနစ်ဝါဒပေါ်ရပ်တည်နေတဲ့ သူ၏ခင်ပွန်း အကြောင်းကို သူမ၏ ခင်ပွန်းဘေးနားထားပြီး ဟောပြောခဲ့တာ အမှတ်ရသေးပါတယ်။(သူ့ခင်ပွန်းကလည်း ဘုန်းကြီးကျောင်းကိုသာ လိုက်လာတာ ရဟန်းသံဃာတွေမပြောနဲ့ ဘုရားတောင် ဦးမချဘူးဗျာ။) ဆရာမကြီး၏ ရိုးသားဖြောင့်မှန်သော ပွင့်လင်းတဲ့ စိတ်ဓာတ်ကို တွေ့ရတော့ အရမ်းကို လေးစားမိခဲ့ပါတယ်။
သူပြောတဲ့ အကြောင်းတွေထဲက ကျွန်တော်အပေါ် အမြဲအမှတ်ရစေခြင်းတစ်ခုက လူတွေဟာ စာတွေ ဘယ်လောက်ပင်ဖတ်ဖတ်၊ ပညာတွေ ဘယ်လောက်ပင်တတ်တတ် အများအကျိုးမကြည့် ကိုယ်မှန်ရာစွဲကိုင်တတ်တဲ့ အကျင့်ရှိသူတွေဟာ တစ်ဘက်စောင်းနင်း နိုင်တတ်တယ်ဆိုတာ ဆရာမကြီး ပြောဟောသွားတာ မမေ့ခဲ့ပါဘူး။ မွေးဖွားခြင်းနဲ့စတင်ပြီး သေဆုံးခြင်းနဲ့ အဆုံးသတ်တဲ့ ကြားထဲမှာ လူတွေကို ကောင်းကျိုးပေးဖူးလား ဆိုတာရော၊ မိမိဆိုးကျိုးဖြင့် လောကကြီး အရုပ်မဆိုးစေသင့်ကြောင်း ဟောသွားခဲ့တာပါ။
နောက် ဆရာအောင်သင်း သူကတော့ လူငယ်တွေ အကျိုးအတွက် ဟောပြောတဲ့နေရာမှာတော့ နာမည်ကြီးပဲ။ ကျွန်တော် သူစာပေဟောပြောပွဲ စနားထောင်ဖူးတာ တိတ်ခွေနဲ့ခေတ်က။ လူကိုယ်တိုင် ဟောပြောတာကိုတော့ မနားထောင်ဖူးပါဘူး။ မြို့နယ်အတော် များများမှာတော့ လှည့်ပြီး ဟောပြောနေတာ တော့ကြားတယ်။ သူ့စာပေဟောပြောပွဲတွေက အဲဒီခေတ် ကျွန်တော်တို့ လူငယ်တွေအတွက် အရမ်းကို အဖိုးတန်တဲ့ အားဆေးတစ်ခွက်ဗျာ။
အထက်တန်းကျောင်းတွေ ပြီးလို့ ဝေလေလေနဲ့ ဟိုသင်တန်းယောင်ယောင်၊ ဒီသင်တန်းယောင်ယောင်၊ ဒူဝေဝေနဲ့ လက်ဘက်ရည်ဆိုင်လိုလို၊ အရက်ဆိုင်လိုလို ခြေဦးလှည့်နေကြတဲ့ ကျွန်တော်တို့ လူငယ်တွေကို စိတ်ခွန်အား ပေးစေတဲ့ ဆရာအောင်သင်း၏ စကားများ၊ စာအုပ်များက ရည်ရွယ်ရာမဲ့ ကျွန်တော်တို့၏ ခြေလှမ်းများကို ရပ်တန့်စေခဲ့ပြီး လားရာမဲ့ အရွှေ့များကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ခဲ့တဲ့ စွမ်းပကားများဖြစ်ပါတယ်။
အခုတော့ ကျွန်တော်တို့ဆီမှာက စာပေဟောပြောပွဲတွေဟာ နယ်ဒေသတွေကပဲ အလေးထား လုပ်လာတာကို တွေ့ရတော့ စိတ်ထဲပီတိဖြစ်တာရော၊ စိတ်မကောင်းတာရော ဖြစ်မိတယ်။ စိတ်ထဲပီတိဖြစ်တာက နယ်ဘက်ကလူတွေဟာ စာပေဗဟုသုတကို မြို့ကလူတွေထက် ပိုအလေးထားတာ တွေ့ရလို့ပါ။ မြို့ကလူတွေကတော့ အချိန်မရ၍လော၊ စာအုပ်တွေ အလွယ်တကူ ဝယ်ယူဖတ်ရှုနိုင်၍လော၊ စသည်ဖြင့် သို့လောသို့လော အခြေအနေများဖြင့် စာပေဟောပြောပွဲများ မြို့ကြီးပြကြီးများတွင် နည်းလာတာ စိတ်မကောင်းစရာ တွေ့ရပါတယ်။
ဒါပေမယ့် အမိမြေမှ ဝေးကွာသူများ အဖို့တော့ စာပေဟောပြောပွဲများကို နိုင်ငံရပ်ခြားများတွင် တတ်နိုင်သ၍ လုပ်လာတော့ ကျွန်တော် စာပေချစ်မြတ်နိုးသူ၊ စာသံပေသံ ငတ်မွတ် နေသူအဖို့ တစ်ယောက်အနေနဲ့ ကန္တာရ မိုးသားမိုးရိပ်များ၊ မိုးရေစက်များကဲ့သို့ စာပေဟောပြောပွဲများကို ဟိုမှတစ်စက် ဒီမှတစ်စက် တတ်နိုင်သမျှ ရနိုင်သမျှ လိုက်လံစုဆောင်းကာ ကိုယ်လည်းသောက်၊ အများတကာလည်းသောက် Win-Win သဘောတရားဖြင့် စုဆောင်းတင်ပြလိုက်ပါသည်။
( စာတွေမရေးသေးပဲ ဆားချက်နေတယ်ထင်မှာဆိုးလို့ ကျွန်တော် ဟိုမကျ ဒီမကျ ချရေးလိုက်ရပါတယ်။ နောင်တင်မည့်ပိုစ်ကို ကကြီးခခွေးအိုင်တီ(IT for Kids) လို့တော့ အမည်ပေးထားသည်။ ကလေးငယ်လေးတွေ ကွန်ပျူတာလေ့လာသင်ယူရေး အတွက် သူတို့မိဘတွေ ဘယ်လို ဂိုက်လိုင်းပေနိုင်မည့်အကြောင်း ကွန်ပျူတာဗဟုသုဆောင်းပါးလေးပါ။ မကြာမီ....လာမည်မျှော်။ ကြိုတော့ပြောပါရစေ။ ကျွန်တော် ရေးနေကြ ရသလိုင်းထဲကနေ ကွဲထွက်နေမယ့် ဆောင်းပါးမို့လို့ တင်တဲ့အခါ ပြီးအောင်ဖတ်စေချင်ပါတယ်။)
ကနောင်မြို့စာပေဟောပြောပွဲ (၂၀၁၀)
ဆရာအော်ပီကျယ် - မြန်မာတွေ ပျော်ပါစေ
(Download)
ဆရာမောင်သာချို (ဂျက်ကွမ်းခြံကုန်း) - ရယ်စရာမောစရာ
(Download)
ဆရာအောင်ကျော်ဆန်း - ကနောင်အလွမ်း ထူးဆန်းထွေလာ မြေကမ္ဘာ
(Download)
Los Angeles အမျိုးသားနေ့စာပေဟောပြောပွဲ (၅.၁၂.၂၀၁၀)
ဆရာမခက်မာ - ခံစားမှုကိုမျှဝေခြင်း
(Download)
ဆရာမောင်စွမ်းရည် - ရာပြည့်စာရေးဆရာကြီး
(Download)
ဆရာမမေငြိမ်း - လူငယ်နှင့်အနုပညာ
(Download)
ဆရာဦးဝင်းဖေ - စာပေနှင့် အနုပညာ
(Download)
ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ
တံဆိပ်များ
စာပေဟောပြောပွဲများ
Wednesday, February 23, 2011
မြန်မာ စာရေးဆရာ၊ ဆရာမများ၏ စာပေဟောပြောပွဲများ အပိုင်း(၂)
ဒေါက်တာခင်မောင်ညို - စိတ်ဓာတ်ပြုပြင် ပြောင်းလဲ မြှင့်တင်ရေး ဟောပြောပွဲ
ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်း Albany, New York ၂၀၁၀ ဇွန်လ (၇) ရက်
(Download)
(Download)
(Download)
၁။ဆရာနေဝင်းမြင့်
(Download)
၂။ဆရာမဂျူး
(Download)
၃။ဆရာချစ်ဦးညို
(Download)
Source: ယဉ်သင်းအိမဂ္ဂဇင်း
ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ
ဓမ္မဝါဒီ အောင်မြေမင်္ဂလာကျောင်း Albany, New York ၂၀၁၀ ဇွန်လ (၇) ရက်
(Download)
မာမာအေး အမျိုးသားနေ့အထိမ်းအမှတ် စာပေဟောပြောပွဲ
Los Angeles၂၀၀၉(Download)
ရွှေပြည်ဦးဘတင် ... မြန်မာသံ
(Download)
စင်ကာပူပထမအကြိမ်စာပေဟောပြောပွဲ(၂၀၀၉)
၁။ဆရာနေဝင်းမြင့်
(Download)
၂။ဆရာမဂျူး
(Download)
၃။ဆရာချစ်ဦးညို
(Download)
Source: ယဉ်သင်းအိမဂ္ဂဇင်း
ကျေးဇူးတင်လွှာ
ကျွန်တော် အွန်လိုင်းပေါ်မှာ ရှိနေတဲ့ မြန်မာ စာရေးဆရာ ဆရာမများရဲ့ စာပေဟောပြောပွဲ အသံဖိုင်များကို တတ်နိုင်သလောက် ရှာဖွေစုစည်းပြီး ပြန်လည်မျှဝေနေပါတယ်။ ကျွန်တော် ဒီနေရာကနေပဲ ကျွန်တော်တင်ထားတဲ့ ဟောပြောပွဲများမှ စာရေးဆရာ၊ စာရေးဆရာမများအားလုံးကို ကျေးဇူးတင်ပါတယ်။ အသံဖိုင်များကို မူလတင်ပေးထားခဲ့ကြသော ပိုင်ရှင်အားလုံးကိုလည်း ဒီနေရာမှနေတဆင့် ပြန်လည်မျှဝေခွင့်ပြုလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်ရဲ့ စုဆောင်းမှုတွေကို တဖက်တလမ်းမှ ကူညီပြီး ရှာဖွေပေးတဲ့ ညီငယ် လီယို(ခ) ဇော်မင်းထွန်း ကိုလည်း ကျေးဇူးတင်ပါတယ်။
ကျွန်တော်ရဲ့ စုစည်းမျှဝေထားတဲ့ စာပေဟောပြောပွဲများကိုလည်း စာပေချစ်သူ စာပေမြတ်နိုးသူ၊ စာပေလေးစားသူ မည်သူမဆို ပြန်လည်မျှဝေ လက်ဆင့်ကမ်းပေးကြပါလို့။ ဘာဖြစ်လို့ဆိုရင် ကျွန်တော်တို့ အခုခေတ်မှာ မြန်မာစာပေလောက စာဖတ်ပရိသတ်များဟာ အလွန်နည်းပါးလာကြပါပြီ။ များသောအားဖြင့် စာဖတ်ခြင်းဓလေ့ဟာ အခုခေတ်မှာ သိပ်ခေတ်မစားတော့လို့ပါ။
ယနေ့ခေတ် မြန်မာလူငယ်ကလေးတွေကို ကျွန်တော် လေ့လာကြည့်မိတဲ့အခါ အများစုဟာ ကွန်ပျူတာ ဂိမ်းကစားကြမယ်။ အွန်လိုင်းမှာ ချက်တင်ဝင်မယ်။ ဒါတွေနဲ့ အချိန်ကုန်နေကြတာတွေ့ရပါတယ်။ ဝမ်းနည်းစရာဗျာ။ ကျွန်တော်တို့ ခေတ်တုန်းက အင်တာနက်ကြည့်ဖို့ ဆိုတာ အင်မတန် မလွယ်ပါဘူး။ အခုခေတ်မှာဆိုရင် ကျွန်တော်တို့ခေတ်တုန်းကလို မဟုတ်တော့ပဲ မြန်မာနိုင်ငံမှာ လွယ်လင့်တကူ အင်တာနက်သုံးစွဲနိုင်မှု အခွင့်အလန်းတွေ များလာကြပါပြီ။ ယခင်က ဂိမ်းဆိုင်တွေ နေရာမှာ အင်တာနက်ဆိုင်တွေ အစားထိုး ဝင်ရောက်လာကြပါပြီ။ ယနေ့ခေတ် အင်တာနက် တွေ့ထိမှုဟာ အလွန်ပင် အဆင်ပြေချောမွေ့လာတာ တွေ့နိုင်ကြပါပြီ။ ကျွန်တော်ဒီအကြောင်းလေး နောက်မှ ပို့စ်တစ်ပုဒ်အနေနဲ့ တင်ပါ့မယ်။ နို့မဟုတ်ရင် ကျွန်တော် ရေးချင်တာတွေနဲ့ လွဲကုန်မှာ စိုးလို့ပါ။
ကျွန်တော် ဒီစာပေဟောပြောပွဲ အသံဖိုင်များစုစည်းရခြင်းမှာ ကျွန်တော်ကွန်ပျူတာ အကြည့်များလို့ အခုနောက်ပိုင်း စာတွေ သိပ်လိုက်မဖတ်နိုင်တော့ဘူးဗျာ။ ကျွန်တော်က စာရေးချင်တဲ့စိတ်ရှိနေပေမယ့် ကွန်ပျူတာရှေ့ ကြာကြာထိုင်လို့ သိပ်မရဘူးဗျာ။ ဆိုးကျိုးတွေပေါ့။ နောက် စာအုပ်တွေဖတ်ရင်လည်း ကြာကြာဖတ်ရင် စာလုံးတွေဝါးလာတယ်။ ကျွန်တော်က မျက်မှန်လဲမတက်ချင်ဘူး။ ဒါနဲ့ပဲ ကျွန်တော် အွန်လိုင်းကနေ audio books တွေ၊ ပေါ့ဒ်ကတ်စ်တွေပဲ ရှာပြီး လိုက်နားထောင်တယ်ဗျာ။ တစ်ချို့ကို ဒေါင်းပြီး နားထောင်တယ်။ အဲဒီလိုလုပ်တော့ မျက်စိကို အနားပေးတာဖြစ်လာတော့ နဲနဲသက်သာလာတယ်ပေါ့ဗျာ။
ဒီမှာပဲ ကျွန်တော် အိုင်ဒီယာတစ်ခုရလာတယ်။ ကျွန်တော်မှာ အရင်ထဲက အွန်လိုင်းပေါ်မှာ စာပေဟောပြောပွဲတွေ နားထောင်ခဲ့ဖူးတယ်။ လင့်နေရာတွေလဲ Bookmarks လုပ်ထားပြီး သိမ်းထားလေ့ရှိတယ်။ နောက် အခုခေတ်မှာ mp3 portable player လေးတွေကလည်း ခေတ်စားလာပြီးဆိုတော့ ဒီလို အသံဖိုင်လေးတွေ audio books လေးတွေကို လွယ်လင့်တကူ သယ်ယူပြီး အားလပ်တဲ့အချိန်တိုင်းမှာ နားထောင်လို့ရလာတော့ ဒီလို မြန်မာစာရေးဆရာဆရာမများရဲ့ အသံဖိုင်လေးတွေကို လိုက်စုပေးပြီး တစ်နေရာထဲ စုပေးထားလိုက်မယ်ဆိုရင် .........
စာအုပ်ကို ကျွန်တော်ကဲ့သို့ ကိုင်မဖတ်နိုင်တဲ့သူတွေ (တကယ်တော့ ကျွန်တော်က စာအုပ်ဆို လက်ထဲကနေကိုင်ဖတ်မှ အရသာတွေ့တာ။ စာအုပ်တွေရဲ့ အနံအသက်ကလေးတွေကို စာဖတ်ရင်း ရှုရှိုက်ရတာလည်း အရသာတစ်မျိုးပေါ့။ အခုတော့ အဘက အသက်ထောက်လာပြီး ကျန်းမာရေး ဂရုမစိုက်ခဲ့တဲ့ ဆိုးကျိုးတွေကြောင့် မျက်စိမှုန်ဝါးချင်လာလို့ စာအုပ်ကိုင်ဖတ်တဲ့ ဘက်သိပ်မလုပ်နိုင်တော့လို့ပါ။)။
နောက်ပြီး စာပေကို မဖတ်ချင်တဲ့သူတွေ၊ စာဖတ်ချင်လျှက် မဖတ်နိုင်တဲ့သူတွေ အဲဒီလိုမျိုးတွေ အတွက်ပါ နားဆင်လို့ရအောင်ပါ။ အစကတည်းက စာပေမြတ်နိုးတဲ့ စာဖတ်သူတွေကတော့ အထူးပြောစရာမလိုပါဘူး။ စာအုပ်တွေလဲကိုင်ဖတ် စာပေဟောပြောပွဲ အသံဖိုင်လေးတွေလည်းနားဆင် ဘေးနားမှာ ကော်ဖီခွက်ကလေးချ။ ပလက်ကုလားထိုင်လေးမှာ မနက်စောစော လေသင်းနံလေးရှု စာဖတ်.... အို... မမေ့နိုင်စရာကောင်းတဲ့ စာဖတ်ရတဲ့အရသာလေးဗျာ။
နောက်တစ်ခုက ဒီစာရေးဆရာ ဆရာမတွေရဲ့ အသံဖိုင်တွေ ဟိုဆိုဒ်မှာတွေ့၊ ဒီဆိုဒ်မှာတွေ့ နားထောင်နေခဲ့ရပေမယ့် ဒါက အွန်လိုင်းမှာ မွှေနှောက်စီမျောနေတဲ့သူဆိုမှ တွေ့နိုင်နားဆင်နိုင်တာဗျ။ ကျွန်တော်တောင် မသိသေးတဲ့ မြန်မာဆိုဒ်တွေ တနေ့ထက်တနေ့ ပိုတောင်များလာသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်လောက်တုန်းကဆို ကွန်ယက်ပေါ်က မြန်မာစာနဲ့ရေးတဲ့ မြန်မာဝက်ဘ်ဆိုဒ်ဆိုတာ လက်ချိုးရေလို့ရသေး။အခုတော့ မြန်မာဆိုဒ်တွေက အားတက်စရာ များပြားလာပါတယ်။ တိုးတက်ခြင်းပြရုပ်တစ်ခုပေါ့ဗျာ။ ဒီတော့ တစ်နေရာထဲကနေ မြန်မာ စာရေးဆရာ၊ဆရာများ၏ စာပေဟောပြောပွဲများကို နားထောင်လို့ရအောင် တက်နိုင်သလောက် စုပေးတဲ့သဘောပါ။
နောက်တစ်ချက်က မကြာမှီ ကျင်းပလာတော့မည့် ယူအေအီးနိုင်ငံ၏ ပထမဆုံးအကြိမ် စာပေဟောပြောပွဲ ကိုလည်း မြန်မာစာပေမောင်နှမများအတွက် လာရောက်နားဆင်ဖို့ မနှင်း ၊ကိုပီတာ တို့ဖိတ်ကြားထားပြီးပါပြီ။ ကျွန်တော်ကလည်း ထိုစာပေဟောပြောပွဲကျရင်လည်း ယူအေအီး တဝှမ်းမှ လာရောက်နားဆင်ကြမည့် စာပေချစ်သူ မောင်နှမများအတွက်ရော၊ ယူအေအီးရှိ စာပေဟောပြောပွဲကို မအားလပ်လို့ မတက်ရောက်နိုင်ကြတဲ့သူတွေ အတွက်ရော၊ တခြားသောနိုင်ငံများမှ စာပေချစ်မြတ်နိုးသူ မြန်မာညီအစ်ကိုမောင်နှတွေအတွက်ရော၊ ဒူဘိုင်းစာပေဟောပြောပွဲကျရင်လည်း အွန်လိုင်းပေါ်မှ ပြန်မျှဝေ တင်ပေးပါဦးမည်။
ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ
တံဆိပ်များ
စာပေဟောပြောပွဲများ
Tuesday, February 22, 2011
မြန်မာ စာရေးဆရာ၊ ဆရာမများ၏ စာပေဟောပြောပွဲများ အပိုင်း(၁)
| ဆရာမ နုနုရည်(အင်းဝ) |
ဆရာမနုနုရည် (အင်းဝ)၏ လန်ဒန်မြို့မှ စာပေဟောပြောပွဲ
(Download)
Source: ကောင်းကင်မဂ္ဂဇင်း
အောင်လံမြို့စာပေဟောပြောပွဲ (၂၀၁၁)
၁။ ဆရာအော်ပီကျယ် - အသိပညာဖြင့်မောင်းနှင်သော
(Download)
၂။ ဆရာမောင်သာချို(ခ)ဂျက်ကွမ်းခြံကုန်း - နှလုံးသားလှပါစေ
(Download)
၃။ ဆရာနေဝင်းမြင့် - ကျွန်တော်တို့ငယ်ငယ်က
(Download)
Source: စကားဝါမြေ စာကြည့်တိုက်
မော်လမြိုင်မြို့ စာပေဟောပြောပွဲ
၁။ ဆရာမခင်ခင်ထူး
(Download)
၂။ ဆရာနေဝင်းမြင့်
(Download)
၃။ ဆရာဦးလှထွန်း
(Download)
၎။ ဆရာဦးဘုန်း(ဓါတု)
(Download)
၅။ ဆရာကျော်ရင်မြင့်
(Download)
၆။ ဆရာအတ္တကျော်
(Download)
၇။ ဆရာမဂျူး
(Download)
၈။ ဆရာကြည်မင်း
(Download)
၉။ ဆရာကိုတာ
(Download)
၁၀။ ဆရာအော်ပီကျယ်
(Download)
၁၁။ ဆရာဖေမြင့်
(Download)
၁၂။ ဆရာချစ်ဦးညို
(Download)
Source: စကားဝါမြေ စာကြည့်တိုက်
ဆန်ဖရန်စစ္စကို ဘေးဧရိယာ စာပေဟောပြောပွဲ (၂၆ စက်တင်ဘာ ၂၀၀၉)
ဆရာမမေငြိမ်း - စာဖတ်ခြင်းအနုပညာ
အပိုင်း(၁)
အပိုင်း(၂)
ဆရာမခက်မာ - ဘဝထဲကစာများ
အပိုင်း(၁)
အပိုင်း(၂)
Source: မိုးမခ
မှတ်ချက်။ ဒေါင်းမရ နားဆင်းမရသော ဖိုင်များရှိရင် စီဘောက်မှာ အော်ခဲ့ပါ။ တစ်ချို့ဖိုင်တွေက နဲနဲလေး စောင့်ပြီးနားဆင်ပေးကြပါ။ အွန်လိုင်းပေါ်မှာ ပြန့်ထွက်နေတဲ့ မြန်မာ စာရေးဆရာ၊ ဆရာမများ၏ စာပေဟောပြောပွဲ အသံဖိုင်များကို ကျွန်တော် စုဆောင်းရှာဖွေရသမျှ တင်ပေးလိုက်ပါသည်။ မူလပိုင်ရှင်များကိုတော့ အတတ်နိုင်ဆုံး ပြန်လည်မျှဝေ ခွင့်တောင်းခဲ့ပါသည်။ ခွင့်မတောင်းမိခဲ့သည်ရှိသော် ကျွန်တော်၏ ချို့ယွင်းအားနည်းချက်ကြောင့် ဒီနေရာမှပဲ ထပ်မံ ခွင့်တောင်းအပ်ပါသည်။ အချို့ကျန်ရှိနေသော ဖိုင်များရှိသေးရင်လည်း မျှဝေပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါသည်။
© ချမ်းလင်းနေ
တံဆိပ်များ
စာပေဟောပြောပွဲများ
Sunday, February 20, 2011
ဆရာအောင်သင်း၏ စာပေဟောပြောပွဲများ
ကျွန်တော်တို့ မြန်မာလူမျိုးများသည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်ကပင် ထွန်းကားလာခဲ့သောကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့၊ ကိုယ်ပိုင် အစဉ်အလာများဖြင့် ရပ်တည်ရှင်သန်လာခဲ့သော လူမျိုးများ ဖြစ်ကြပေသည်။ ကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများတွင် ကျွန်တော်တို့ကဲ့သို့သော ကိုယ်ပိုင် စာပေအရေးအသား အက္ခရာစာလုံးများ မရှိကြပဲ မွေးစားအသံထွက် စာလုံးများနှင့် ရပ်တည်နေကြသော နိုင်ငံများစွာရှိပေသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများအတွက် ထိုကဲ့သို့ ကိုယ်ပိုင်အက္ခရာ ကိုယ်ပိုင်စာပေ အသုံးပြုနိုင်ခြင်းဖြင့် အမိမြေမှ ဝေးကွားနေသော မြန်မာလူမျိုးများအဖို့ ဂုဏ်ယူတတ်လျှင် ဂုဏ်ယူနိုင်ဖွယ်တစ်ရပ် ဖြစ်ပေသည်။
အခုအခြေအနေတွင် ကျွန်တော်တို့ နောင်လာနောက်သားများကလည်း ယို့ယွင်းစပြုလာသော ကျွန်တော်တို့၏ မြန်မာစာပေကို ဆက်လက်ထိန်းသိမ်းရင်း မြန်မာစာပေ မြန်မာယဉ်ကျေးမှုများကို မပျောက်ပျက် မတိမ်းကောသွားစေရန်အတွက် ကျွန်တော်တတ်နိုင်သမျှ ကွန်ယက်ပေါ်မှ ပျံနှံလျှက်ရှိသော မြန်မာစာပေပညာရှင်ကြီးများ၏ စာပေဟောပြောပွဲများကို တတ်နိုင်သလောက် စုဆောင်းပြီး မူရင်းလင့်နေရာများနှင့်တကွ ကျွန်တော် စုဆောင်းထားသော စာပေဟောပြောပွဲ MP3 ဖိုင်များကို ကြိုးစားမျှဝေသွားမှာ ဖြစ်ပါသည်။ မူလပိုင်ရှင်များကိုလည်း ကျွန်တော်၏ စုဆောင်းထားခဲ့သမျှ စာပေဟောပြောပွဲများ ပြန်လည်မျှဝေမှုကို နားလည်ခွင့်လွှတ်ပါဟု တောင်းပန်စကားဆိုပါသည်။
တစ်ချို့စာပေဟောပြောပွဲများ၏ မူရင်းများသည် You Tube တွင် တင်ထားသော ဗီဒီယိုဖိုင်များဖြစ်သောကြောင့် ကျွန်တော်ပေးထားသော မူရင်း Source များတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။ ကျွန်တော်က MP3 ဖြင့်ပြောင်းလဲထားပြီး အလွယ်တကူ ဒေါင်းယူပြီး မိမိတို့ကြိုက်နှစ်သက်ရာ Portable Player များတွင် ထည့်သွင်းပြီး သွားလေရာ အားရပ်ချိန်များတွင် လွယ်လင့်တကူ နားဆင်နိုင်ရန် ဝေမျှခြင်းဖြစ်ပါသည်။
ဆရာအောင်သင်း၏ စာပေထဲမှ လူငယ်သမိုင်း (၁၆.၁၂.၁၉၉၄)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
အပိုင်း(၄)
အပိုင်း(၅)
Source: Khin 1978
ဆရာအောင်သင်း၏ ယနေ့လူငယ်နှင့် ယနေ့ရသစာပေ (မကွေး)
(Download)
Source: လမ်းပြကြယ်
ဆရာအောင်သင်း၏ ယနေ့လူငယ်ဘဝ ထူထောင်မှုစာပေ(ပျော်ဖွယ်)
ဆရာအောင်သင်း၏ အမွေ
ဆရာအောင်သင်း၏ ဒီနေ့ လူငယ်တွေ(မြန်အောင်)
အပိုင်း(၁)
အပိုင်း(၂)
အပိုင်း(၃)
ဆရာအောင်သင်း၏ ပညာ(မုံရွာ)
ဆရာအောင်သင်း၏ လက်ခံလိုက်စမ်းပါ(စာပေလောက)
Source: ဆရာအောင်သင်း
ဆရာအောင်သင်း၏ ခေါင်းဆောင်ဆိုတာ
(Download)
မှတ်ချက် ။ ။ ဒေါင်းချင်ယူ နားဆင်လိုပါက ဖိုင်ပေါ်တွင် Right Click နှိပ်ကာ Download ယူသွားနိုင်ပါတယ်ခင်ဗျာ။ နောက်ထပ် မြန်မာစာရေးဆရာ၊ ဆရာမများ၏ စာပေဟောပြောပွဲများလည်း ဆက်လာပါဦးမည်။
ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ
တံဆိပ်များ
စာပေဟောပြောပွဲများ
Subscribe to:
Posts
(
Atom
)