Showing posts with label ဘာသာပြန်. Show all posts
Showing posts with label ဘာသာပြန်. Show all posts

Sunday, June 2, 2013

အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (PDF version)


အထူးအဆန်းတော့ မဟုတ်ပါဘူး... အရင်ရေးခဲ့ပြီးသားတွေရော... အဆုံးသပ်အပိုင်းကိုရော ပေါင်းပြီးတစ်ခုတည်း တင်လိုက်တာပါ... ဒီဆောင်းပါးကို ဘာသာပြန်တာ အချိန်အရမ်းပေးရတယ်... တော်တော်လည်း ပင်ပန်းသွားတယ်... စရေးတုန်းက တွေးမိတဲ့အတွေးက "ဪ... ငါတို့နိုင်ငံမှာ လူတွေက ဒီမိုကရေစီအနှစ်သာရ တစ်ချို့တစ်လေကို သိနေ၊ မြင်နေ၊ ခံစားနေနိုင်နေလောက်ပြီ"လို့ တွေးမိရင်း ပိုအဆင့်မြင့်တဲ့ ဒီမိုကရေစီခြေလှမ်းသစ်တွေ လှမ်းနိုင်အောင် တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီခေတ်ကို ရောက်နိုင်အောင် လမ်းပြပေးနိုင်မယ့် ဆောင်းပါးမျိုး ရေးမယ်ဆိုတဲ့ စိတ်နဲ့ရေးတာပါ... ဒါပေမယ့် အခုတော့ မှန်းချက်နဲ့နှမ်းထွက်က တယ်မကိုက်လှပါဘူး... လူတွေက တိုးတက်ဖို့ဆိုတာထက်ကို ယဉ်ကျေးဖို့ကို လိုအပ်နေတုန်းပဲလို့ ထင်နေမိပါတယ်... သူနဲ့ငါနဲ့ မျိုးမတူဘူး... အုပ်စုမတူဘူး... လာကွ... ချကြမယ်ဆိုတဲ့ သမိုင်းဦးဘုံမြေခေတ်ကကို တက်မလာသေးသလိုပါပဲ... ကဲပါလေ... ဆောင်းပါးလေးကို ဖတ်ကြည့်ကြပါဦး... John B Kidd နဲ့ Frank-Jurgen Richter တို့ တည်းဖြတ်ကြတဲ့ Fighting Corruption in Asia : Causes, Effects and Remedies (World Scientific, 2003) ဆိုတဲ့ စာအုပ်က အခန်းတစ်ခန်းဖြစ်တဲ့ Clay G Wescott ရဲ့ Combating Corruption in Southeast Asia ဆိုတဲ့ ဆောင်းပါးကို ထုတ်နှုတ်ပြန်ဆိုတာပါ။ တိုင်းပြည်မှာ နိုင်ငံရေးတံခါးတွေ၊ စီးပွားရေးတံခါးတွေ ဖွင့်လိုက်ရင် ပိတ်ထားတုန်းကထက်ကို လာဘ်ပေးလာဘ်ယူတွေ ပေါများလာတတ်တာ သဘာဝပဲ... အရင်က လာဘ်ပေးလာဘ်ယူဆိုတာက လုပ်လို့ရတဲ့၊ လုပ်ပိုင်ခွင့်ရှိတဲ့ အသိုင်းအဝိုင်း အလွှာမှာပဲ ရှိတယ်... ဒီမိုကရေစီဆိုတာကြီးလည်း ပေါ်လာရော မနေ့က သူတောင်းစားက နက်ဖြန်သမ္မတလည်း တက်ဖြစ်နိုင်နေတော့... လာဘ်ပေးလာဘ်ယူဆိုတာ အလွှာစုံ၊ အသိုင်းအဝိုင်းအစုံကို ရောက်လာတယ်... အရင်ကဆိုရင် အတိုက်အခံနိုင်ငံရေးပါတီတွေမှာ လာဘ်ပေးလာဘ်ယူဆိုတာ မကြားဖူးဘူး... အခုလွှတ်တော်ထဲက အကြီးဆုံးအတိုက်အခံပါတီကြီးမှာ အောက်ခြေပါတီဝင်တွေက ပိုက်ဆံယူပြီး ဘာတွေလုပ်နေတယ်ဆိုတာ မျက်စိနဲ့တပ်အပ်မြင်ရလာတယ်... ပါတီခေါင်းဆောင်တွေက ခရိုနီတွေနဲ့ ပလဲနံပသင့်လာနေတယ်... ဒါကြောင့်လည်း ဒီဆောင်းပါးကို ရေးဖြစ်ပါတယ်...
Giacomo

အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (PDF version)

Wednesday, March 7, 2012

သံဃာတော်တို့ရဲ့အချိန်ကာလ၊ မြန်မာပြည် ၂၀၀၇ ခုနှစ်

Oxford University Press, USA မှနေ ထုတ်ဝေပြီး Adam Roberts နှင့် Timothy Garton Ash တို့ တည်းဖြတ်တဲ့ CIVIL RESISTANCE & POWER POLITICS : The Experience of Non-violent Action from Gandhi to the Present စာအုပ်မှ အခန်းတစ်ခုဖြစ်တဲ့ စာရေးဆရာမ Christina Fink ရေးသားထားတဲ့ The Moment of the Monks: Burma, 2007 ဆောင်းပါးကို မူရင်းအင်္ဂလိပ်ဘာသာကနေ မြန်မာဘာသာကို ဆီလျော်အောင် ပြန်ထားတာဖြစ်ပါတယ်။ 


Friday, February 18, 2011

ဒါဘယ်သူပြောခဲ့တာလဲ?


အပျင်းလည်းပြေ ဗဟုသုတလည်းရစေမယ့် ဥာဏ်စမ်းလေးတစ်ခုလောက် လုပ်ကြည့်ရအောင်ဗျာ။

အခုအောက်ဖက်မှာ ၂၀ရာစုအစောပိုင်းက အလွန့်အလွန်နာမည်ကြီးတဲ့  အနောက်တိုင်း စာရေးဆရာတစ်ယောက်ကနေ သူ့မိတ်ဆွေတစ်ယောက်ကို ပြောပြတဲ့ အဖြစ်အပျက်ကလေးတစ်ခုကို ရေးထားပါတယ်။ ကျွန်တော်သိချင်တာက အဲဒီအဖြစ်အပျက်ကို ပြောပြခဲ့တဲ့ စာရေးဆရာကြီးရဲ့နာမည် ????? ဖြစ်ပါတယ်။ စဉ်းစားပြီး ဘယ်သူဖြစ်နိုင်တယ်ဆိုတာ ဖြေကြည့်ကြပါဦး။ စဉ်းစားလို့မရဘူးဆိုလည်း ဒီအကြောင်းအရာလေးကို ဖတ်ပြီး ပေါ့ပေါ့ပါးပါး ရယ်မောနိုင်ကြပါတယ်။


✽✼✽✼

မနက်တုန်းကဗျာ ကျွန်တော့်ဆီကို မိန်းကလေး သူငယ်ချင်းတစ်ယောက် လာသွားတယ်။ သူက စာရေးဆရာမတစ်ယောက်ဗျ။ ကျွန်တော့်ဆီကနေ သူရေးနေတဲ့ ဝတ္ထုတစ်ပုဒ်နဲ့ ပတ်သက်ပြီး အကြံဥာဏ်လာတောင်းတာဆိုပဲ။ သူမက ပြောပါတယ်။ ကျွန်တော့်ဆီမလာခင်ကိုပဲ သူမတည်းနေတဲ့ ဟိုတယ်က Bell Boy ကောင်လေးတစ်ယောက်ကို အကြံဥာဏ် တောင်းကြည့်ပြီးသွားပြီတဲ့။

ဒါပေမယ့် ပြဿနာက အဲဒီကောင်လေးက ကျွန်တော့်သူငယ်ချင်းမ ရေးတဲ့ဝတ္ထုထဲက အခန်းတစ်ခန်းကို သဘောမကျဖြစ်နေတယ်။

"ဘာကိုသဘောမကျဖြစ်နေတာတုန်း"လို့  ကျွန်တော်က ပြန်မေးတော့ ကျွန်တော့်သူငယ်ချင်းက  သူက အဲဒီကောင်လေးကို ဝတ္ထုထဲက အခန်းတစ်ခန်းကို ပြောပြလိုက်တယ်တဲ့။

အဲဒီအခန်းမှာ ဇာတ်လိုက်မင်းသားက သူ့ချစ်သူကောင်မလေးရဲ့ လော့ကပ်သီးလေး ပျောက်သွားလို့ တောနက်ကြီးထဲမှာ သွားရှာတယ်။ ရှာလို့လည်းတွေ့ရော၊ လော့ကပ်သီးလေးကို မြေကြီးပေါ်ကနေ ကောက်ယူပြီး အမြတ်တနိုးနဲ့ နမ်းလိုက်တယ်ဆိုတဲ့  အကြောင်းပါတယ်။

ဒါနဲ့ကျွန်တော်က "ဟာ...ဒါကောင်းသားပဲ။ တကယ့်ရိုမန့်စ်ဖြစ်တဲ့အခန်းပါဗျာ။ ဒါကို ခင်ဗျားရဲ့မိတ်ဆွေလေးက ဘာကိုမနှစ်သက်နိုင် ဖြစ်ရတာလဲ" လို့ မေးတော့။

"မဟုတ်ပါဘူး၊ သူကသဘောမကျဘူးလို့ ပြောတာမဟုတ်ဘူး။ ဒါပေမယ့်နည်းနည်း လိုနေသေးတယ်လို့ပဲ ပြောတာပါ"လို့ သူငယ်ချင်းစာရေးဆရာမက ပြန်ဖြေတယ်။

"နော့ဖြင့်သူက ဘာအကြောင်းကို ထပ်ဖြည့်ချင်တာတဲ့တုန်း"လို့ ဆက်မေးတော့။

"ချစ်သူအတွက်အရဲစွန့်ပြီး တောနက်ကြီးထဲ လော့ကပ်သီးသွားရှာတာ ကောင်းပါတယ်၊ ရှာတွေ့တဲ့လော့ကပ်သီးကို နမ်းလိုက်တာလည်း ကောင်းတာပါပဲ။ ဒါပေမယ့် ဆရာမရယ် ဇာတ်လိုက်ကိုတော့ဖြင့် လော့ကပ်သီးကို မနမ်းခင် သူ့ရဲ့ရှပ်အင်္ကျီလက်နဲ့ ပေနေတဲ့မြေကြီးတွေ အမှိုက်တွေကို အရင်သုတ်ခိုင်းလိုက်ဖို့ မမေ့စေချင်ဘူး"တဲ့။

ဒါနဲ့ကျွန်တော်လည်း သူငယ်ချင်းစာရေးဆရာမကို ပြောလိုက်ရတယ်။ "ခင်ဗျားဗျာ ဒါနဲ့များ ကျွန်တော်ဆီလာပြီး ခင်ဗျားဝတ္ထုအတွက် အကြံဥာဏ်တောင်းနေရတယ်လို့၊ ခင်ဗျားရဲ့ Bell Boy က သိပ်ကိုစေ့စပ်သေချာတဲ့ တကယ့်ပါရမီရှင် ဝေဖန်ရေးသမားကောင်းဗျ။ ခင်ဗျားဝတ္ထုအတွက် သူပေးတဲ့အကြံဥာဏ်ထက်ပိုတဲ့ အကြံဥာဏ်မျိုး ကျွန်တော်ဖြင့်မပေးတတ်ပါဘူး" ဆိုပြီးတော့။
✽✼✽✼
Source : Poe C

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ
Related Posts Plugin for WordPress, Blogger...