Showing posts with label ဧရာဝတီ. Show all posts
Showing posts with label ဧရာဝတီ. Show all posts

Wednesday, March 21, 2012

မြစ်ဆုံဆည် ဝန်းကျင်မှာ ပြန်လည်အခြေချ နေထိုင်တဲ့ တန်ဖဲရွာသားများအား အာဏာပိုင်များမှ အတင်းအကြပ် ချိန်းခြောက်



မတ်လ (၁၇)ရက်နေ့က မြန်မာစစ်တပ်မှ စစ်ထရပ်ကား(၅)စီးနဲ့ အစိုးရဋ္ဌာန ကားမျိုးစုံ ရောက်ရှိလာပြီး မြစ်ဆုံဆည်စီမံကိန်း ဝန်းကျင်မှာ ပြန်လည် အခြေချနေထိုင်ဖို့ ပြန်လည်ရောက်ရှိလာတဲ့ မူလတန်ဖဲ ရွာသားများအား အတင်းအကြပ် ချိန်းခြောက် နှင်ထုတ်ခဲ့ပြီး တားမြစ် ဧရိယာ ဆိုင်းဘုတ်ကို စိုက်ထူခဲ့ပါတယ်..။ ပြီးခဲ့တဲ့ လပိုင်းများက ရပ်ဆိုင်းသွားပြီ ဆိုတဲ့ မြစ်ဆုံဆည် စီမံကိန်းကြောင့် အတင်းအကြပ် ပြောင်းရွှေ့ခံထားရပြီး တရုတ်ကုမ္ပဏီတွေ ဆောက်လုပ်ပေးထားတဲ့ အောင်မြေသာ စံပြကျေးရွာများမှ မူလ အခြေချ တန်ဖဲရွာသားများဟာ မိမိနေရပ်မှာ ပြန်လည် လုပ်ကိုင်စားသောက် အခြေချ နေထိုင်ဖို့ပြန်လည် ရောက်ရှိလာကြပါတယ်..။ အစိုးရမှ ပြန်လည်ရောက်ရှိလာတဲ့ ဒေသခံ တန်ဖဲရွာသားများအား မတ်လ(၁၇)ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် ပြောင်းရွှေ့ပေးဖို့ ကြေငြာခဲ့ပါတယ်..။ ထို့အတွက်ကြောင့် တန်ဖဲရွာသားများမှ ကချင်ဝန်ကြီးချုပ်ထံ အသနားခံစာအား ပူးတွဲပါစာမှာ ကြည့်ရှူနိုင်ပါတယ်..။ (KDNG)ရဲ့သတင်း ထုတ်ပြန် ကြေငြာချက်ပါ..။
မြစ်ဆုံဆည် စီမံကိန်း အုပ်ချုပ်ရေးဋ္ဌာန မတ်လ(၄)ရက်နေ့ မြင်ကွင်း

ပြီးခဲ့တဲ့ (၂၀၁၁) စက်တင်ဘာ (၃၀)ရက်နေ့ကမြစ်ဆုံဆည် စီမံကိန်းအား ရပ်ဆိုင်းကြောင်း နိုင်ငံတော် သမ္မတမှ ကြေငြာခဲ့ပါတယ်..။
ဒီမိုဝေယံမှ စုံစမ်းသိရှိထားတဲ့ သတင်း၊ ဓာတ်ပုံများအရ လက်ရှိမြစ်ဆုံဆည် စီမံကိန်း အတွင်း တရုတ်ဝန်ထမ်းများနဲ့ အတူ မြန်မာဝန်ထမ်းအချို့ ဆက်လက်တာဝန် ထမ်းဆောင်လျှက်ရှိပြီး ပြီးခဲ့တဲ့ မတ်လ(၃)ရက်နေ့က တရုတ်ဝန်ထမ်းများ စက်ယန္တယားများအား လာရောက်စစ်ဆေးပြီး ဝန်ထမ်းများ ထပ်မံရောက်ရှိနေကြောင်း သိရှိရပါတယ်..။

ထို့အတူ ပြီးခဲ့တဲ့ ရက်ပိုင်းများအတွင်း ကလည်း တရုတ်အစိုးရမှ မြစ်ဆုံဆည်စီမံကိန်းအား ပြန်လည်စတင်ရန် ဖိအားပေးခဲ့ပါတယ်..။ မြစ်ဆုံဆည်အား ရပ်ဆိုင်းထားပေမယ့် မြစ်ညာဒေသမှ ချီဖွေရေအား လျှပ်စစ်စီမံကိန်းအား ဆက်လက် လုပ်ကိုင် ဆောင်ရွက်နေပါတယ်..။
တရုတ် ကုမ္ပဏီတွေ တည်ဆောက်ပေးထားတဲ့ အောင်မြေသာ စံပြကျေးရွာနဲ့
လက်ရှိ ပကတိအခြေအနေ ဖတ်ရှူကြည့်ကြပါ..
မြစ်ဆုံဆည် ဝန်းကျင် ဋ္ဌာနေတန်ဖဲရွာသားများမှ ကချင်ဝန်ကြီးချုပ်ထံ တင်ပြတဲ့ အသနားခံစာ.. မြန်မာစစ်တပ်မှ မြစ်ဆုံစီမံကိန်း ဝန်းကျင်မှ တန်ဖဲရွာသားများအား အတင်းအကြပ်နှင်ထုတ်ခြင်း မူရင်း

Tuesday, February 7, 2012

ဧရာဝတီကဗျာ

ကိုစိုးသော်တာဆီမှ ကူးယူဖော်ပြပါသည်။

Monday, January 2, 2012

သက်ရှိမြစ် ဧရာဝတီ သီချင်းအက်ဆေး ၂၀၁၁

သက်ရှိမြစ် ဧရာဝတီ သီချင်းအက်ဆေး ၂၀၁၁ မြင့်မိုးအောင်စီစဉ်သည်။
ရာဇ၀င်များရဲ့သတို့သမီး -
(ဆို) ဂီတမိတ်အဖွဲ့(ရေး) ထူးအိမ်သင်
 မျှော်လင့်ချက်ကမ်းခြေ - (ဆို) ဇော်ဝင်းထွဋ်၊ (ရေး) မြင့်မိုးအောင်
သက်ရှိမြစ် - (ဆို)လေးဖြု၊ (ရေး) မြင့်မိုးအောင်
စကားပြော - မြင့်မိုးအောင်

 Audio: Credit to mmcybermedia.com Images: Credit to everyone who owned or created the images that I used in this music essay. Disclaimer: I do not own original music essay audio. Copyright @ Myint Moe Aung, Song composers & other rightful owner(s). No copyright infringement intended. This is "Personal & Non-Commercial Use Only". Here let me say something about the original "Irrawaddy" music essay CD. I am not sure that original music essay audio CD came out commercially or not but what I know is that the CD is included in Padauk Pwint Thit Magazine June issue which was published dedicated to "Irrawaddy River". I just got mp3 versions from mmcybermedia.com and made that video clip to share on online without knowledge of original music essay CD producers to get more awareness about "Save Irrawaddy Cause" among Burmese FB's users. Please forgive me for not being able to ask owners' permission first. Now some people are also sharing this clip in their own blog or other media like Facebook or YouTube. That's good to promote the cause. As a creator of the video clip, I feel a bit guilty as it was done without any consent from original owners of the CD which they created greatly with their heart and soul. And worst of all, I did cut some audio parts to make it short enough to upload online. Here I'd like to ask the favour to anyone who knows Sayar Myint Moe Aung and the Producer personally. Please do give my "Big Thanks with great appreciation" for the original music essay audio CD and ask them to accept my late permission request to reproduce their works. Please do it for me if you have a chance. Like I said earlier, my pure and sole purpose is "To Promote Irrawaddy Cause" but I'd like to reach my permission request to owners if I can so that I'll be most grateful if you all are kind enough to convey my message and request to Sayar Myint Moe Aung and the producer.

Thank you for watching!
NCA Sep 2011

Wednesday, October 5, 2011

ဖခင် ဧရာဝတီ၏ ကျိန်စာ

ဖခင် ဧရာဝတီ၏ ကျိန်စာ ကိုကျော်သူ၏ ကဗျာရွတ်ဆိုသံ.....

Friday, September 30, 2011

ထလော့ မြစ်မင်းဧရာ


မြပင်လယ်မှရေတွေ ဘယ်ရောက်နေပြီလဲ
မလိခမှ ရေခဲပွင့်တွေ ဘယ်ရောက်နေပြီလဲ
ရှမ်းရဋ္ဌမှ စိမ့်စမ်းရေတွေ ဘယ်ရောက်နေပြီလဲ
ထင်းရှူးတောင်မှ မွှေးမြရီဝေတွေ ဘယ်ရောက်နေပြီလဲ
မြစ်မင်းဧရာဝတီ   ထလော့   လှလော့   ကလော့
ထလော့ ဧရာဝတီ ရေတွေစီးလော့
ဒဂုန်တာရာ
၁၀-၅-၂၀၁၁
ပိတောက်ပွင့်သစ် စာပေ အနုပညာ မဂ္ဂဇင်း
အမှတ် (၄၀) ဇွန်လ ၂၀၁၁ ခုနှစ်

Monday, August 22, 2011

Wednesday, August 17, 2011

ရေကာတာဖြစ်တော့မည့် မြစ်ဧရာဝတီ



Chinese companies are funding a multi-billion dollar project to dam the Irrawaddy river in Myanmar.

The river, the longest one left undammed in southeast Asia, is important to the Kachin people, and millions of people up and down its length would be affected by the changes, experts say.

When it is dammed, it will leave an area the size of New York City submerged.

There are now concerns over who is to benefit from the river's riches.

Al Jazeera's special correspondent in Myanmar, who we cannot name for security reasons, filed this exclusive report.
Related Posts Plugin for WordPress, Blogger...