Showing posts with label သမိုင်းဝင်မည့် မိန့်ခွန်းများ. Show all posts

Sunday, November 23, 2014

ဒုတိယအကြိမ်မြောက် အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပြောကြားချက်များ

 Photo: မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် အဖြစ် လာရောက်ခဲ့သော အမေရိကန် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မှတ်မှတ်သားသား ပြောကြားချက်များ 
======================================================
အမေရိကန်သမ္မတ ဘားရက် အိုဘားမား အနေဖြင့် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်
မြောက် အဖြစ် နိုဝင်ဘာ၁၂ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာ၁၄ ရက်နေ့ ညနေတွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီး နှစ်ရက်ကြာနေထိုင်ခဲ့သည့် ခရီးစဉ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထုတ်ဖော် ပြောကြားခဲ့သော စကားများ
အနက်မှ လူထုအကြား ရေပန်းစားခဲ့သော စကားစုအချို့နှင့် စိန်ရတုခန်းမတွင် 
ပြောကြားခဲ့သည့် စကားများကို အောက်ပါအတိုင်း ကောက်နုတ် ဖော်ပြလိုက်
ရပါသည်။

“လူတစ်ယောက်က သူ့ရဲ့ ကလေးတွေကြောင့် သမ္မတအဖြစ် ရွေးကောက်ခံဖို့ 
မရှိအောင် တားမြစ်ထားတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးကို လုံးဝနားမလည်ဘူး၊ 
ဒီကိစ္စက ကျွန်တော့် အတွက် အဓိပ္ပာယ် မရှိပါဘူး”
(ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ထားသည့် 
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် မှတ်ချက်ပေးပြောကြားခဲ့ခြင်း)

ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်ဆိုသည့် မြန်မာစကားပုံ တစ်ခုကို သိတယ်။ 
ဒါကြောင့် အမေရိကန်နိုင်ငံ အနေနဲ့ မြန်မာ ပြည်သူများ သဲထဲငုတ်နေရာမှ ထိပ်ဆုံးရောက်သည့်တိုင် ကူညီသွားမယ်။
(စိန်ရတုခန်းမတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပြောကြားချက်
တစ်ချို့ဖြစ်ကာ ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် စကားအား မြန်မာဘာသာ
စကားဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။)

လူငယ်တွေ အနေနဲ့ တိုင်းပြည်နှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်မယ့် 
ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရန် လိုတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့လည်း အပြည့်အ၀ ကူညီသွားမယ်။ လူငယ်
တွေမှာ ကမ္ဘာကိုချပြနိုင်တဲ့ ခွန်အားတွေရှိတယ်။ ဒါဟာ ဒီမိုကရက်တစ် အစိုးရ
အတွက် အလွန် အရေးကြီးတယ်။
(စိန်ရတုခန်းမတွင် ပြောကြားချက်မှ ကောက်နုတ်ချက်တစ်ချို့)

အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို လေးလေးစားစား လုပ်မယ်ဆိုရင် 
သူ့အဖွဲ့အစည်းဟာ ကိုယ့်ဘက်မှာပဲ ရှိမယ်။
(စိန်ရတုခန်းမတွင် ပြောကြားချက်မှ ကောက်နုတ်ချက်တချို့)

ဒီကမ္ဘာကြီးတစ်ခုလုံးကို ကြည့်ရင် ကွဲပြားခြားတဲ့ ယုံကြည်မှုတွေရှိတယ်။ ကွဲပြား
တဲ့ ယဉ်ကျေးမှုတွေ ရှိတယ်။ ဘာသာတရား ကွဲပြားမှုတွေရှိတယ်။ လူတွေအနေနဲ့ အခြားဒေသက အတွေးအခေါ် အသစ်တွေ၊ အမြင်သစ်တွေ ဘယ်လိုရမလဲဆိုတာ တိုင်းပြည်တိုင်း အတွက် အရေးကြီးတယ်။

ကျွန်တော်သာ မြန်မာနိုင်ငံမှာ သမ္မတ ဖြစ်ခဲ့ရင်၊ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ 
အများကြီးရှိတယ်။ အရေးကြီးဆုံးကတော့ ဒီမိုအရေစီ အသွင်ကူးပြောင်းရေး ကိစ္စရပ်ပဲ။ နောင်နှစ်မှာ ရွေးကောက်ပွဲကြီး ကျင်းပရမယ်။ ဖွဲ့စည်းပုံ အခြေခံ 
ပြင်ဆင်မှုတွေ ပြုလုပ်ရမယ်။ သူ့ကိုဆိုင်းမထားရဘူး။ နောက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ လုပ်ရမယ်။ ဒါမှ အရပ်သား အစိုးရ လုံးဝဖြစ်သွားအောင်ပေါ့လေ။ 
နောက်ပြီးတော့  ဥပဒေတွေ ပြဋ္ဌာန်းရမယ်။ သတင်းစာ လွတ်လပ်မှု၊ နောက်
ပြီးတော့ နိုင်ငံရေး စည်းရုံးပိုင်ခွင့်တွေရှိမှု အဲဒါတွေကို အာမခံတဲ့ဟာတွေ လုပ်ပေး
ရမယ်။
(စိန်ရတုခန်းမတွင် ဥပဒေ ကျောင်းသား ကျော်သူရဟိန်းက အိုဘားမားသာ မြန်မာ
သမ္မတဖြစ်ခဲ့ရင် ဘယ်ကဏ္ဍတွေ အာရုံစိုက်ပြီး တိုင်းပြည်တိုးတက်အောင်
ပြုလုပ်မလဲဆိုသည့် မေးခွန်းအပေါ် မှတ်ချက်ပြု ဖြေကြားခဲ့ခြင်းဖြစ်သည်။)

လူမျိုးစု တစ်ခုကို ရွေးပြီးတော့မှ  ကာကွယ်လို့လည်း မဖြစ်ဘူး။ ဒီမိုကရေစီစနစ် 
ဆိုတာ လူမျိုးစုများ အားလုံးဟာ သူတို့ဟာသူတို့ စည်းရုံးပြီးတော့ ပြောချင်တာ
ကို ပြောခွင့်ပေးရမယ်။ ကျွန်တော့်အနေနဲ့ အာဖရိကန်နွယ်ဖွား ဖြစ်ရင်ဖြစ်မယ်။ 
အာရှနွယ်ဖွား အမေရိကန် ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ကျွန်တော် ပထမဦးဆုံး
ဖြေမှာက ကျွန်တော် အမေရိကန်သားလို့ပဲ ပြောပါတယ်။

အမျိုးသား စည်းလုံးညီညွတ်မှု မရှိဘူးဆိုရင် အထူးသဖြင့် မြန်မာနိုင်ငံလို နိုင်ငံငယ်
လေးတွေမှာ ကိုယ့်လူမျိုးစုလေးတွေဟာ အမျိုးသားရေး လက္ခဏာ ဆောင်တဲ့ 
သဘောတွေ မရှိဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီတိုင်းပြည်ဟာ 
အစိတ်စိတ် အမွှာမွှာ ကွဲသွားမှာ ဖြစ်တယ်။ ဒီမိုအရေစီ အရေးကလည်း 
ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။

မြန်မာနိုင်ငံမှာ အကြီးမားဆုံး စိန်ခေါ်မှုက ပညာရေးစနစ်ကို ဘယ်လို ပြန်လည်
ထူထောင်မလဲ ဆိုတာပါပဲ။

ဒီတိုင်းပြည်မှာ ယုံကြည်ချက် မျိုးစုံရှိကြတယ်။ ဘာသာကွဲများလည်း ရှိကြတယ်။ 
မွတ်စလင်၊ ဟိန္ဒူ၊ ခရစ်ယာန်၊ ဗုဒ္ဓ အားလုံး ငြိမ်းချမ်းချစ်ကြည်စွာ အတူယှဉ်တွဲ 
နေထိုင်တာကို တွေ့ရတယ်။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တော့လည်း ပါလီမန်မှာ လူထုအခြေပြု 
အဖွဲ့အစည်းတွေ အနေနဲ့ လူ့အခွင့်အရေး ကိစ္စတွေ အပြည့်အ၀ရရှိဖို့၊ လေးစား
လိုက်နာဖို့၊ ဘယ်လိုဆက်သွားဖို့ ဆိုတာတွေ ဆွေးနွေးခဲ့တယ်။

သမိုင်းဆိုတာ အမြဲတမ်း ရှေ့ကို တက်လှမ်းနေသည့် သဘောရှိတယ်။ 
ယုံကြည်မှု တည်ဆောက်ရာမှာ အချိန်လိုတယ်။ ယခင်က ဖြစ်ခဲ့တဲ့ ကြမ်းတမ်းမှု ဒဏ်ရာဒဏ်ချက်တွေကို မကြည့်ဘဲ ဒီမိုကရေစီနဲ့ ယုံကြည်မှုကို တည်ဆောက်
သည့် နေရာမှာ အားလုံးသော ပြည်သူများကလည်း ပါဝင်ရမယ်။

အစိုးရ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားဖို့ ကျွန်တော်တို့ 
အနေနဲ့ ဂျာနယ်လစ်တွေအပေါ် မှီခိုရပါတယ်။ တကယ်လို့ ဂျာနယ်လစ်တွေကို ထိန်းချုပ်မယ်ဆိုရင် အစိုးရရဲ့ တာဝန်ယူမှုကို ဆုပ်ကိုင်ဖို့အတွက် တိုင်းသူ
ပြည်သားတွေ အခက်အခဲ ရှိလာပါလိမ့်မယ်။
(ဂျာနယ်လစ်ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး 
ပြောကြားချက်များထဲမှ အချို့)

တချို့ ကိုယ့်အားကိုယ်ကိုး မကြိုးစားဘဲ ကျွန်တော်တို့ကို လုပ်ပေးဖို့ 
တောင်းဆိုကြတယ်။

Tomorrow သတင်းအဖွဲ့အမေရိကန်သမ္မတ ဘားရက် အိုဘားမား အနေဖြင့် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်
မြောက် အဖြစ် နိုဝင်ဘာ၁၂ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး နိုဝင်ဘာ၁၄ ရက်နေ့ ညနေတွင် မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာသွားပြီး နှစ်ရက်ကြာနေထိုင်ခဲ့သည့် ခရီးစဉ်တွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ထုတ်ဖော် ပြောကြားခဲ့သော စကားများ
အနက်မှ လူထုအကြား ရေပန်းစားခဲ့သော စကားစုအချို့နှင့် စိန်ရတုခန်းမတွင်
ပြောကြားခဲ့သည့် စကားများကို 
 အောက်ပါအတိုင်း ကောက်နုတ် ဖော်ပြလိုက်
ရပါသည်။

“လူတစ်ယောက်က သူ့ရဲ့ ကလေးတွေကြောင့် သမ္မတအဖြစ် ရွေးကောက်ခံဖို့
မရှိအောင် တားမြစ်ထားတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်မျိုးကို လုံးဝနားမလည်ဘူး၊
ဒီကိစ္စက ကျွန်တော့် အတွက် အဓိပ္ပာယ် မရှိပါဘူး”
(ဒေါ်အောင်ဆန်းစုကြည်အား သမ္မတ ရွေးကောက်ပွဲဝင်ခွင့် တားမြစ်ထားသည့်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေအပေါ် မှတ်ချက်ပေးပြောကြားခဲ့ခြင်း)

ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်ဆိုသည့် မြန်မာစကားပုံ တစ်ခုကို သိတယ်။
ဒါကြောင့် အမေရိကန်နိုင်ငံ အနေနဲ့ မြန်မာ ပြည်သူများ သဲထဲငုတ်နေရာမှ ထိပ်ဆုံးရောက်သည့်တိုင် ကူညီသွားမယ်။
(စိန်ရတုခန်းမတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေးနှင့် ပတ်သက်၍ ပြောကြားချက်
တစ်ချို့ဖြစ်ကာ ငုတ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် စကားအား မြန်မာဘာသာ
စကားဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။)

လူငယ်တွေ အနေနဲ့ တိုင်းပြည်နှင့်အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်မယ့်
ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်တို့နဲ့ ပူးပေါင်းဆောင်ရွက်ရန် လိုတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့လည်း အပြည့်အ၀ ကူညီသွားမယ်။ လူငယ်
တွေမှာ ကမ္ဘာကိုချပြနိုင်တဲ့ ခွန်အားတွေရှိတယ်။ ဒါဟာ ဒီမိုကရက်တစ် အစိုးရ
အတွက် အလွန် အရေးကြီးတယ်။
(စိန်ရတုခန်းမတွင် ပြောကြားချက်မှ ကောက်နုတ်ချက်တစ်ချို့)

အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို လေးလေးစားစား လုပ်မယ်ဆိုရင်
သူ့အဖွဲ့အစည်းဟာ ကိုယ့်ဘက်မှာပဲ ရှိမယ်။
(စိန်ရတုခန်းမတွင် ပြောကြားချက်မှ ကောက်နုတ်ချက်တချို့)

ဒီကမ္ဘာကြီးတစ်ခုလုံးကို ကြည့်ရင် ကွဲပြားခြားတဲ့ ယုံကြည်မှုတွေရှိတယ်။ ကွဲပြား
တဲ့ ယဉ်ကျေးမှုတွေ ရှိတယ်။ ဘာသာတရား ကွဲပြားမှုတွေရှိတယ်။ လူတွေအနေနဲ့ အခြားဒေသက အတွေးအခေါ် အသစ်တွေ၊ အမြင်သစ်တွေ ဘယ်လိုရမလဲဆိုတာ တိုင်းပြည်တိုင်း အတွက် အရေးကြီးတယ်။
(စိန်ရတုခန်းမတွင် ပြောကြားချက်မှ ကောက်နုတ်ချက်တချို့)

ကျွန်တော်သာ မြန်မာနိုင်ငံမှာ သမ္မတ ဖြစ်ခဲ့ရင်၊ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုတွေ
အများကြီးရှိတယ်။ အရေးကြီးဆုံးကတော့ ဒီမိုအရေစီ အသွင်ကူးပြောင်းရေး ကိစ္စရပ်ပဲ။ နောင်နှစ်မှာ ရွေးကောက်ပွဲကြီး ကျင်းပရမယ်။ ဖွဲ့စည်းပုံ အခြေခံ
ပြင်ဆင်မှုတွေ ပြုလုပ်ရမယ်။ သူ့ကိုဆိုင်းမထားရဘူး။ နောက်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ လုပ်ရမယ်။ ဒါမှ အရပ်သား အစိုးရ လုံးဝဖြစ်သွားအောင်ပေါ့လေ။
နောက်ပြီးတော့ ဥပဒေတွေ ပြဋ္ဌာန်းရမယ်။ သတင်းစာ လွတ်လပ်မှု၊ နောက်
ပြီးတော့ နိုင်ငံရေး စည်းရုံးပိုင်ခွင့်တွေရှိမှု အဲဒါတွေကို အာမခံတဲ့ဟာတွေ လုပ်ပေး
ရမယ်။
(စိန်ရတုခန်းမတွင် ဥပဒေ ကျောင်းသား ကျော်သူရဟိန်းက အိုဘားမားသာ မြန်မာ
သမ္မတဖြစ်ခဲ့ရင် ဘယ်ကဏ္ဍတွေ အာရုံစိုက်ပြီး တိုင်းပြည်တိုးတက်အောင်
ပြုလုပ်မလဲဆိုသည့် မေးခွန်းအပေါ် မှတ်ချက်ပြု ဖြေကြားခဲ့ခြင်းဖြစ်သည်။)

လူမျိုးစု တစ်ခုကို ရွေးပြီးတော့မှ ကာကွယ်လို့လည်း မဖြစ်ဘူး။ ဒီမိုကရေစီစနစ်
ဆိုတာ လူမျိုးစုများ အားလုံးဟာ သူတို့ဟာသူတို့ စည်းရုံးပြီးတော့ ပြောချင်တာ
ကို ပြောခွင့်ပေးရမယ်။ ကျွန်တော့်အနေနဲ့ အာဖရိကန်နွယ်ဖွား ဖြစ်ရင်ဖြစ်မယ်။
အာရှနွယ်ဖွား အမေရိကန် ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် ကျွန်တော် ပထမဦးဆုံး
ဖြေမှာက ကျွန်တော် အမေရိကန်သားလို့ပဲ ပြောပါတယ်။
(စိန်ရတုခန်းမတွင် ပြောကြားချက်မှ ကောက်နုတ်ချက်တချို့)

အမျိုးသား စည်းလုံးညီညွတ်မှု မရှိဘူးဆိုရင် အထူးသဖြင့် မြန်မာနိုင်ငံလို နိုင်ငံငယ်
လေးတွေမှာ ကိုယ့်လူမျိုးစုလေးတွေဟာ အမျိုးသားရေး လက္ခဏာ ဆောင်တဲ့
သဘောတွေ မရှိဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ အဲ့ဒီတိုင်းပြည်ဟာ
အစိတ်စိတ် အမွှာမွှာ ကွဲသွားမှာ ဖြစ်တယ်။ ဒီမိုအရေစီ အရေးကလည်း
ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။
(စိန်ရတုခန်းမတွင် ပြောကြားချက်မှ ကောက်နုတ်ချက်တချို့)

မြန်မာနိုင်ငံမှာ အကြီးမားဆုံး စိန်ခေါ်မှုက ပညာရေးစနစ်ကို ဘယ်လို ပြန်လည်
ထူထောင်မလဲ ဆိုတာပါပဲ။
(စိန်ရတုခန်းမတွင် ပြောကြားချက်မှ ကောက်နုတ်ချက်တချို့)

ဒီတိုင်းပြည်မှာ ယုံကြည်ချက် မျိုးစုံရှိကြတယ်။ ဘာသာကွဲများလည်း ရှိကြတယ်။
မွတ်စလင်၊ ဟိန္ဒူ၊ ခရစ်ယာန်၊ ဗုဒ္ဓ အားလုံး ငြိမ်းချမ်းချစ်ကြည်စွာ အတူယှဉ်တွဲ
နေထိုင်တာကို တွေ့ရတယ်။
(စိန်ရတုခန်းမတွင် ပြောကြားချက်မှ ကောက်နုတ်ချက်တချို့)

ယနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တော့လည်း ပါလီမန်မှာ လူထုအခြေပြု
အဖွဲ့အစည်းတွေ အနေနဲ့ လူ့အခွင့်အရေး ကိစ္စတွေ အပြည့်အ၀ရရှိဖို့၊ လေးစား
လိုက်နာဖို့၊ ဘယ်လိုဆက်သွားဖို့ ဆိုတာတွေ ဆွေးနွေးခဲ့တယ်။
(စိန်ရတုခန်းမတွင် ပြောကြားချက်မှ ကောက်နုတ်ချက်တချို့)

သမိုင်းဆိုတာ အမြဲတမ်း ရှေ့ကို တက်လှမ်းနေသည့် သဘောရှိတယ်။
ယုံကြည်မှု တည်ဆောက်ရာမှာ အချိန်လိုတယ်။ ယခင်က ဖြစ်ခဲ့တဲ့ ကြမ်းတမ်းမှု ဒဏ်ရာဒဏ်ချက်တွေကို မကြည့်ဘဲ ဒီမိုကရေစီနဲ့ ယုံကြည်မှုကို တည်ဆောက်
သည့် နေရာမှာ အားလုံးသော ပြည်သူများကလည်း ပါဝင်ရမယ်။
(စိန်ရတုခန်းမတွင် ပြောကြားချက်မှ ကောက်နုတ်ချက်တချို့)

အစိုးရ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ရှင်းလင်းပြောကြားဖို့ ကျွန်တော်တို့
အနေနဲ့ ဂျာနယ်လစ်တွေအပေါ် မှီခိုရပါတယ်။ တကယ်လို့ ဂျာနယ်လစ်တွေကို ထိန်းချုပ်မယ်ဆိုရင် အစိုးရရဲ့ တာဝန်ယူမှုကို ဆုပ်ကိုင်ဖို့အတွက် တိုင်းသူ
ပြည်သားတွေ အခက်အခဲ ရှိလာပါလိမ့်မယ်။
(ဂျာနယ်လစ်ကိုပါကြီး အသတ်ခံရမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေး
ပြောကြားချက်များထဲမှ အချို့)

တချို့ ကိုယ့်အားကိုယ်ကိုး မကြိုးစားဘဲ ကျွန်တော်တို့ကို လုပ်ပေးဖို့
တောင်းဆိုကြတယ်။
(စိန်ရတုခန်းမတွင် ပြောကြားချက်မှ ကောက်နုတ်ချက်တချို့)

Tomorrow သတင်းအဖွဲ့

Tuesday, April 30, 2013

AUNG SAN SUU KYI SPEECH Geremek Award MONGOLIA

MONGOLIA Geremek Award ဒေါ်အောင်ဆန်းစုကြည်၏ Geremek Award ဆုယူပွဲ မိန့်ခွန်း (29-4-2013)

Wednesday, January 30, 2013

Aung San Suu Kyi Special Speech Korea

Special Speech (Yuna KIM & Aung San Suu Kyi) LiveStream Version 2013 PyeongChang Special Olympics Opening Ceremony

Thursday, December 13, 2012

NLD ပညာရေးကွန်ရက် ၂နှစ်ပြည့် ရံပုံငွေပွဲတော် ဖွင့်ပွဲ

ပညာရေး ရံပုံငွေ ပွဲတော်မှာ မိန့်ခွန်း ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင်ကျင်းပပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် ၂နှစ်ပြည့် ရံပုံငွေပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့် လှစ် ပေးခဲ့ပါတယ်။

Saturday, September 29, 2012

အမေစု၏ ဆန်ဖရန်စစ္စကို မိန့်ခွန်း

Harvard University by Daw Aung San Suu Kyi 29 9 2012

The Edwin L. Godkin Lecture Constituency မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Harvard တက္ကသိုလ်တွင် ကြာသပတေးနေ့ကပြောကြားသော မိန့်ခွန်း၌ မြန်မာနိုင်ငံသားများအနေဖြင့် လွတလပ်သောလူ့အဖွဲ့အစည်းအတွက် တာဝန်ယူမှုရှိသော နိုင်ငံသားများဖြစ်ရေးပြင်ဆင်ရန် ထည့်သွင်းပြောကြားခဲ့ သည်။ Introduction by Drew Gilpin Faust President, Harvard University Moderated by David T. Ellwood Dean, Harvard Kennedy School

Friday, September 28, 2012

Yale University speech 27 9 2012 USA

အမေရိကန် ပြည်ထောင်စု ယေးတက္ကသိုလ်မှာ မြန်မာ့ဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကြီးတဲ့ ဒီပဲယင်းအစစ်ခံထွက်ဆိုချက်များ ။

Thursday, September 20, 2012

Aung San Suu Kyi's Address to U.S. Congress

Nobel Laureate and Burmese Opposition leader, Aung San Suu Kyi received the Congressional Gold Medal for her commitment to democracy, peace and human rights on Wednesday. The medal is the U.S. Congress' highest honor. Suu Kyi is on a 17-day U.S. tour and met with Secretary of State Hillary Clinton at the State Department on Tuesday. In 1991, she was under house arrest when awarded the Nobel Peace prize. She accepted the award in person June 16, 2012 in Oslo, Norway. Full Version

Wednesday, September 19, 2012

အမေစု အာရှအဖွဲ့အစည်း ဝါရှင်တန်မှာ ပြောကြားသောမိန့်ခွန်း

Aung San Suu Kyi Addresses Asia Society in Washington D.C

WASHINGTON, September 18, 2012 — In her first visit to the U.S. in more than 40 years, Myanmar democracy icon and parliamentarian Aung San Suu Kyi discusses the progress of reform in her country and calls for an easing of U.S. sanctions. Introduced by U.S. Secretary of State Hillary Clinton.

Friday, June 22, 2012

Aung San Suu Kyi's address to both Houses of Parliament

Aung San Suu Kyi's address (in full) to both the House of Commons and the House of Lords. With an introductory speech from the Speaker of the House of Commons and a speech of thanks from the Speaker of the House of Lords. Given in Westminster Hall, which dates from 1097 AD. BBC Parliament, 21st June, 2012. Aung San Suu Kyi is the Leader of Burma's National League for Democracy.
Related Posts Plugin for WordPress, Blogger...