Friday, October 9, 2009

ရွှေကပြောသော ဗမာ


အမိမြန်မာပြည်မှ အကြောင်းအသီးသီးဖြင့် နိုင်ငံရပ်ခြားသို့ ထွက်ခွာလာခဲ့ကြရပေမယ့် နိုင်ငံရပ်ခြားလဲရောက်ရော ဘာသာမတူတာတွေရော၊ တိုင်းရင်းသား ညီအကိုသွေးချင်းတွေရော၊ တစ်ဦးနှင့်တစ်ဦး တစ်ခါမျှ မတွေ့မြင်သေးစေကာမူ ဗမာစကားဟူသော ဘာသာစကား တစ်ခုတူညီစွာ ပြောဆိုတတ်ကြရုံနဲ့ပင် ငါတို့လူမျိုး၊ ငါတို့စကားဆိုတဲ့ "ရွှေ"ဟူသော မျိုးချစ်စိတ်ကလေးနဲ့ပင် တစ်ဦးနှင့်တစ်ဦး ရင်းနှီးကြ၊ စကားပြောဆိုကြနဲ့ ရင်နှီးကျွမ်းဝင်လာကြပါတယ်။

ကျွန်တော်ဆိုလဲ ဒူဘိုင်းကိုရောက်ခါစကဆို အမြဲပဲကြားကြားနေရတာက ကုလားစကား၊ အင်္ဂလိပ်စကား ကိုယ်မိခင်ဘာသာစကားဆို နေစဉ်ကြားရဖို့ နေနေသာသာ ဝေလာဝေး။တခါတလေ ရွှေရွှေချင်း တမူးသာသူတွေက ဘူးယိုချင်ကြသေးတာ။ယိုသာယိုကြပါ ဒီစကားတွေတတ်မှလဲ ဒီနေရာတွေမှာ အလုပ်လုပ်နိုင်ရမှာ မဟုတ်လား။ရွှေရွှေချင်းကြတော့ ကိုယ်စကားကိုယ်ပြောမှ အရသာရှိမှာလေ။နောက်ပြီး အလုပ်ထဲလဲ ဒီကုလားစကား၊ အင်္ဂလိပ်စကား၊ အဆောင်မှာလဲ ဒီစကားတွေ၊ အပြင်သွားလဲ ဒီစကားတွေ ဘယ်နေရာရောက်ရောက် ဒီအသံတွေပဲ ကြားနေရတာ။တခါတလေ ဗမာသူငယ်ချင်းတွေ အခန်းတွေ၊အဆောင်တွေ သွားလည်မှ ဗမာစကားလေး ပြောကြရတာဗျာ။ လျာအရသာရှိလိုက်တာ။ရွှေဆိုလို့ ဒီစကားဘယ်သူစထွင်လဲမသိဘူး။ထွင်သွားတဲ့ နောင်တော်၊ အမတော်တွေကို လေးစားပါတယ်။

တခါကလဲ အလုပ်ထဲက ကုလားတစ်ယောက် သူက ဗမာတွေကို ခင်တယ်ဗျ။ သိတယ်မှတ်လား ရွှေတွေလေ မခိုဘူး၊ မကပ်ဘူး၊ မပျင်းဘူး၊ အလုပ်ဆို သေသေကြေကြေ ပြီးအောင်တော့ လုပ်တယ်ဆိုတော့။နောက် ဒီကောင်က စကားအားကြီးများပြီး ဘာအလုပ်မှ သေချာမလုပ်ချင်တဲ့ ငပျင်းဗျာ့။အလုပ်ထဲမှာ ကျွန်တော်ထက် နဲနဲကြီးတယ်ဗျ(အရင်ဆုံးရောက်တဲ့ စီနီယာလေ)။ရွှေဆိုအသေကြိုက်တယ်လေ ကျွန်တော်က အလုပ်တွေလုပ်နေရင် ဒီကောင်က လေဖမ်းပြီး ဝေလေလေလုပ်တယ်၊ မန်နေဂျာလာရင် စာရွက်လေးကိုင်ပြီး မရောင်ရာဆီလူး အလုပ်တွေများပြနေသေး။ကျွန်တော်ကလဲ ကိုယ့်ကိုဒုက္ခမပေးရင်ပြီးရော ဒီကောင်က အခြားကုလားတွေ ထက်စာရင် လေသာများတာ စိတ်ဓာတ်က အောက်တန်းမကျဘူးလေ။

တနေ့ ဒီကောင် ကျွန်တော်ဆီလာပြီး ကျွန်တော်တို့ရွှေစကား သူကိုသင်ပေးပါဆိုပြီး ပြောလာတယ်။ဗမာအချင်းချင်း တစ်ဦးကိုတစ်ဦး ဘယ်လိုခေါ်လဲ ဥပမာ သူငယ်ချင်းဆိုရင် ဘယ်လိုလဲ မေးတော့ ကျွန်တော်က "ရွှေ" လိုပြောလိုက်တယ်။ဒါကိုသူက သူတွေ့သမျှ ဗမာတွေကို "ဟောင်းအာယူ...ရွှေ၊ ဟောင်းအာရူး..ရွှေ" ဆိုပြီး လိုက်ခေါ်တော့တာပဲ။သူရဲ့အသံကြားရတဲ့ ဗမာအားလုံးက ပြုံးစိစိနဲ့ လုပ်ပြတော့ ဒီကောင်က ကျွန်တော်ကို ဒီရွှေဆိုတဲ့ အဓိပ္ပါယ်လာပြန်မေးတယ်။ ဘာလဲပေါ့။ ကျွန်တော်ကလဲ အင်္ဂလိပ်လို ဂိုး(Gold)လို့ ရှင်းပြလိုက်တော့ ဘာလို့ဒီလို ရွှေလိုခေါ်တာလဲမေးတော့ ကျွန်တော်လဲ ဘယ်ရမလဲ အာရှလူလည်သား မဟုတ်လား။လက်ကိုင်ဖုံးထဲမှာ သိမ်းထားတဲ့ ရွှေတိဂုံဘုရားပုံတော်ပြပြီး ဒါက ငါတို့တိုင်းပြည်က ရွှေတိဂုံဘုရား။ ရွှေတွေ အများကြီးလှုထားတာတွေ့လား။အေးဒါကြောင့် ငါတို့က ဘုရားတောင် ရွှေနဲ့လှုထားနိုင်လို့ ငါတို့လူမျိုးကိုငါတို့ “ရွှေ”လို့ခေါ်ရတာလို့ ပြောလိုက်တော့မှ ဘသာချောလဲ ခေါင်းတညိမ်ညိမ့်နဲ့ ပါးစပ်ကနေ “ရွှေ...ရွှေ” လိုဆိုပြီး ထွက်သွားပါတော့တယ်။

ဒီကုလားတွေက ဒီလိုတွေပြောထားမှ မဟုတ်ရင် ဒီကောင်တွေက ကျွန်တော်အလုပ်ဝင်စကဆို မင်းဘယ်ကလဲ ဆိုတာအရမ်းမေးတယ်။"ဘာမား"လိုပြောရင် မသိသလိုလ၊ို မကြားဘူးသလိုလို ပုံစံလုပ်ပြပြီး ဒီကောင်တွေက ဘယ်နေရာလဲ၊ဘယ်မှာလဲ စသဖြင့် မေးခွန်းတွေလာပြန်ရော။ဒီတော့ ကျွန်တော်က "မင်းတို့ ကျောင်းတုန်းက ဂျီအိုဂရပ်ဖီ(Geography)မသင်ဘူးလား။မသင်ဘူးရင်လဲ မှတ်ထား မင်းတို့အိန္ဒိယနိုင်ငံရဲ့ အရှေ့ဘက်က အိမ်နီးချင်းက ငါတို့နိုင်ငံလေ။ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်စုကြည်ကို မသိဘူးလား။"လိုမေးတော့မှ "အို ရက်စ်..ရက်စ်။အိုင်စီး" နဲ့ ဘာတွေရက်ပြီး ဘာတွေစီးသွားမှန်းတော့ မသိဘူး တရက်ထဲရက်ပြီး ဖိနပ်ဟောင်းတွေစီးသွားမှ တိုရွှေနိုင်ငံကို ဘယ်ဆီဘယ်ဝယ်က မှန်းသိသွားပါတော့တယ်။

အဖြစ်လေးရယ်တဲ့ကြုံ ဆုံရလေတဲ့ အိုဘဲ့ရွှေနိုင်ငံ လို့သာ ဆိုလိုက်ချင်ပါတော့တယ်။

ဆက်လက်ကြိုးစားပါဦးမည်။



25 comments :

  1. အင်း ဟုတ်တယ်..ကာရံလည်း မြန်မာဆိုပြီး အထင်သေးမခံချင်ဘူး..အဲ့လိုမျိုး ပြောထားတာ ကောင်းတယ်..အားပေး ထောက်ခံသွားပါတယ် ကိုချမ်းလင်းနေရေ..ရွှေကွ..

    ReplyDelete
  2. အဲ ၁ ရော ၂ရော ရတယ်..

    ReplyDelete
  3. ၃လည်း ရဦးမလား မသိဘူး..

    ReplyDelete
  4. ၄လည်း လိုချင်သေးတယ်..

    ReplyDelete
  5. အနန္တော အနန္တ ငါးပါး ဦးထိပ်ထားလို့ ..၅

    ReplyDelete
  6. တော်ပြီ နောက်လူတွေ တောက်ခေါက်နေဦးမယ်...ခြောက်ထိပေါ့..:P

    ReplyDelete
  7. အဲ မေ့သွားလို့ ..ရွှေတိဂုံ ဘုရားကြီးကို တစ်ဝကြီး ဖူးသွားတယ်နော်..အရမ်း သပ္ပာယ်တာပဲ...

    ReplyDelete
  8. လာလည်ပါတယ်..နော်
    ရွှေတိဂုံဘုရားပုံတင်ထားတာ
    ကျေးဇူးပါ ဖူးမျှော်လိုက်ရလို့
    အပေါ်က ကာရံဆူး
    တော်တော်ဆိုးပါ့..နော်
    ၇ ထိအောင်သူချည်းပဲ

    ReplyDelete
  9. အကိုရေ ရွှေတိဂုံဘုရားကို တဝကြီးဖူးသွားပါတယ်အကိုရေ
    မြန်မာဆိုတာ ဘယ်နိုင်ငံရောက်ရောက် မြန်မာပါပဲ
    ရွှေမြန်မာတွေပေါ့ :)

    ReplyDelete
  10. ဟုတ်တယ်အကိုရေ။ ကျွန်တော်တို့ ရွှေနိုင်ငံတော်ကြီးကို မသိတာ မဟုတ်ဘူး။ သက်သက်မသိချင်ယောင်ဆောင်ပြီး နှိမ်တာ။ ဘယ်သမိုင်းကိုပဲကြည့်ကြည့် ရွှေရောင်တောက်နေတာကို မနာလိုလို့ပြောတာလို့ပဲ သဘောထားလိုက်ပါ။

    ReplyDelete
  11. ဘယ်ရမလဲ..၁ ၁ နောက်တစ်ခါ ပြန်ယူသွားတယ်.. မချစ်ရတော့ တင်းနေပြီလားမသိ..:P

    ReplyDelete
  12. ဒေါ်ကာရံ အတော် သောင်းကျန်းနေပါလားဟင်။
    တိန် တိန် တိန်။။။ ဟိဟိ
    ကိုချမ်းရေ...
    ဟုတ်ပါ့နော်။ မြန်မာ (ဘားမား)ရှင်းလိုက်ရတာ အကြိမ်ကြိမ် စိတ်တောင် ရှည်နေပြီ။ ဟိဟိ
    ပိန်းကြတယ်နော်။

    ReplyDelete
  13. မှန်ဧ။် မှန်ပါဧ။်...
    ဘုရားပုံတော်က အရမ်းကို ကြည်ညိုဖို့ကောင်းတယ်

    ReplyDelete
  14. သူများ တစ်ခါတစ်လေ ၁ ယူတာကို နာလိုကြဘူး...ကရော် ကရော်..

    ReplyDelete
  15. ကိုဘိုးတော်ချမ်းလင်းရေ...လာရောက်ဖတ်ပါတယ်...

    ReplyDelete
  16. ဘုရားလဲဖူးရင်း...
    ပို့စ်လဲဖတ်ရင်း..
    ရွှေတယောက်လာလည်
    သွားကြောင်းပါ.....

    ReplyDelete
  17. ဟဲဟဲ အဲဒီအကြောင်းဆိုရင် ကျွန်တော်သင်ပေးတဲ့
    ကုလားက မေးတယ် အစ်ကိုလို့ခေါ်ရင်ဘယ်လိုပြောရလဲ
    တဲ့ ငါ့နှမလင် လို့သင်ပေးလိုက်ရော
    ကုလားခေါ်နေတာ အခုထိပဲဗျို့
    လူကြားထဲလဲ ငါ့နှမလင် တဲ့ဗျာ သူမြန်မာစကားတတ်
    တယ်ဆိုတာကြွားချင်သေးတယ် ကြားတဲ့ဗမာတွေက
    တော့ပြုံးစိစိပေါ့ဗျာ
း)

    ReplyDelete
  18. oh!! I see , that's why shwe !!!


    ဟဲဟဲ...ဟုတ်တယ်နော်...

    ReplyDelete
  19. ကိုရေချမ်းရေ ဟိဟိ ရီရတယ်နော်
    ဒီမှာ ဒီလိုပဲ ဘယ်ကလဲ ဆိုရင် ဘားမား ဆို သိဘူးတဲ့ ဒါနဲ့ near Thailand and China ဆိုမှ အိုးးးးး သိပြီ သိပြီဖြစ်နေတာ သူတို့သိတာ တရုတ်နဲ့ ယိုးဒယားသိတာလေ မြန်မာကိုသိတာဟုတ်ဘူးရယ် သိပ်မျက်နှာငယ်တာပဲသိလား ညီမကို ဆိုသိပ်မေးတယ် ယိုးဒယားကလား ဖလစ်ပိုင်ကလားနဲ့ ဟုတ်ဘူး မြန်မာကဆို သိတော့ဘူး သိလား သိပ်အသည်းနာတာပဲ တော်ပြီ ပြောတော့ဘူး

    တာ့တာ ဘိုင်

    ReplyDelete
  20. ဟုတ်ပါ့ခင်ဗျာ..
    တစ်ချိန်တုန်းက စင်္ကာပူနိုင်ငံကတောင် အတုယူရတယ်ဆိုပဲ
    ကြားဖူးတာနော်....
    အဲ့ဒါ..အဲ့ဒါ...အဲ့ဒါ
    ဘ၀သံသရာပေါ့နော...ခုများတော့ ...ပြောချင်ဘူး
    ပျော်ပါစေ

    ReplyDelete
  21. အိုး အိုင်စီး ကိုချမ်းလင်းနေ.. ဟဲဟဲ... ကောင်းတယ် အဲ့လိုလေး ပြောပေးထားမှ

    ReplyDelete
  22. တချို့နိင်ငံတွေက မြန်မာနိင်ငံကို သေသေချာချာ မသိပေမယ့် အမေစုကိုတော့ သိကြတယ်...။

    ဒီနိင်ငံမှာ အမေစု ပုံတွေ ချိတ်ထားတဲ့ ဆိုင်တောင် ရှိတယ် ။

    ReplyDelete
  23. လူလည်ကလည်း ကျတတ်ပါပေ့ ကိုချမ်းရယ်...း)

    တော်သေးတာပေါ့ ရွှေဆိုပြီး "ငရွှေ့" ပုံကိုထုတ်မပြလို့... အဲဒါဆို ဒီငနဲ တခါထဲ ထိုးအန်သွားအုန်းမယ်...

းဝ)

    ReplyDelete
  24. မြန်မာပြည်သာဘယ်နားရှိမှန်းမသိတာ၊
    ရွှေတွေကိုတော့အလုပ်ကိုမခိုကပ်ဘဲလုပ်
    တဲ့အပြင်ခိုင်းတာကိုတာဝန်ကြေကြေလုပ်
    ကြလို့ဒီကငပြင်းအမဲတွေကမြန်မာကို
    သဘောကျကြတယ်ရှင့်။

    ReplyDelete
  25. ရွှေတိဂုံစေတီတော်ကိုတွေ့လိုက်တိုင်း သတိရမိတယ်၊ ကျမလည်း ရွှေတိဂုံဘုရားကို တစ်ခေါက်ရောက်ဖူးတယ်။

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...