"ခုံတန်းလေးရဲ့ ဘဝ"
နေ့ရယ် ညရယ်
ခေတ်ပြိုင်ပြောင်းလဲ
လူသားအကျိုး
နေ့စဉ်ထမ်းပိုး
ဆောင်ညားသော်လည်း
တစ်စုံတစ်ဦး တစ်ယောက်ကမှ
ကျေးဇူးတင်ကြောင်း
ပြောမသွားကြဘူး။
ချစ်တယ် ကြိုက်တယ်
အဖန်ဖန် ပြောကြား
စုံတွဲများစွာ
ခုံတန်းပေါ်မှာ
ထိုင်ကြ ပြောကြ
သွားကြသော်လည်း
သူတို့လေးတွေ
နီးသွားသောခါ
ဘယ်အတွဲတလေမှ
အဖက်လုပ်ကာ ငုံကြည့်မသွားဘူး။
ပျိုရွယ် အိုငယ်
လူပေါင်းစုံတို့
စက္ကန့် မိနစ်
နာရီမလပ်
လာရောက်ခိုနား
အပန်းဖြေသွားလည်း
စားထားပြီးသား
အမှိုက်ခွံအချို့တောင်
ခုံတန်းလေးပေါ်ကျဲဖြန့်သွားတယ်။
ဆောင်းနဲ့ မိုးရယ်
နွေဥတုရယ်
အလီလီညွတ်ပြောင်း
အကြိမ်ပေါင်းများစွာ
ဖြတ်သန်းသော်လည်း
နေ့နေ့ ညည
ဥတုရဲ့ဒဏ်
ခါးစီးပြီးတောင် ခံခဲရသေးတယ်။
ဖြူလိုက် နီလိုက်
သုတ်လိုက်တဲ့ဆေး
ကျုပ်ရဲ့ကိုယ်ရောင်
လှပစေဖို့
အရေခွံများစွာ
အလဲအဖယ် ဝတ်ရသော်လည်း
လမ်းဖြတ်လျှောက်သူ
လူတစ်စုက
ကွမ်းသွေးနီတောင် ထွေးသွားသေးတယ်။
ထိုင်လိုက် ထလိုက်
ပြန်သွားလိုက်ကြ
ရောက်လာကြနှင့်
မရပ်မနား ကျုပ်ကျောသားပေါ်
ထိုင်ရုံလေးတင် အားမရသေးပဲ
တချို့တချို့ဆို
ရေးလိုက်ချစ်လိုက်
နင်းခြေလိုက်နှင့်
ချိုးဖဲ့လို့တောင် သွားကြသေးတယ်။
ညှင်းသဲ့တိုက်ခတ်
ဖြတ်သန်းလာတဲ့
အင်းယားရေပြင်
လေပြေညင်းကို
ပွေ့ယူနမ်းရှိုက်
အမောပြေဖို့ရာ
လူသားသဘာဝ
လာရောက်အပန်းဖြေ
ခိုနားသော်လည်း
စည်းမရှိသူ
အတွဲအချို့ကြောင့်
ခုံတန်းလေးခမြာ
မျက်လွှာချကာ ရှက်ရသေးတယ်။
အလွှာပေါင်းစုံ
မျိုးပေါင်းများစွာ
အဆင့်ဟူ၍
မခွဲခြားပဲ
အပန်းလဲဖြေ
အနားယူဖို့ရေး
တာဝန်ကိုတော့
အိုမင်းရင့်ရော်
ဟောင်းသွားတဲ့ထိ
ထမ်းသွားရမှာ။
(ခရာလင်း)
အင်းယာကန်သို့ အမှတ်ရလွမ်းမောမှု
နေ့ရယ် ညရယ်
ခေတ်ပြိုင်ပြောင်းလဲ
လူသားအကျိုး
နေ့စဉ်ထမ်းပိုး
ဆောင်ညားသော်လည်း
တစ်စုံတစ်ဦး တစ်ယောက်ကမှ
ကျေးဇူးတင်ကြောင်း
ပြောမသွားကြဘူး။
ချစ်တယ် ကြိုက်တယ်
အဖန်ဖန် ပြောကြား
စုံတွဲများစွာ
ခုံတန်းပေါ်မှာ
ထိုင်ကြ ပြောကြ
သွားကြသော်လည်း
သူတို့လေးတွေ
နီးသွားသောခါ
ဘယ်အတွဲတလေမှ
အဖက်လုပ်ကာ ငုံကြည့်မသွားဘူး။
ပျိုရွယ် အိုငယ်
လူပေါင်းစုံတို့
စက္ကန့် မိနစ်
နာရီမလပ်
လာရောက်ခိုနား
အပန်းဖြေသွားလည်း
စားထားပြီးသား
အမှိုက်ခွံအချို့တောင်
ခုံတန်းလေးပေါ်ကျဲဖြန့်သွားတယ်။
ဆောင်းနဲ့ မိုးရယ်
နွေဥတုရယ်
အလီလီညွတ်ပြောင်း
အကြိမ်ပေါင်းများစွာ
ဖြတ်သန်းသော်လည်း
နေ့နေ့ ညည
ဥတုရဲ့ဒဏ်
ခါးစီးပြီးတောင် ခံခဲရသေးတယ်။
ဖြူလိုက် နီလိုက်
သုတ်လိုက်တဲ့ဆေး
ကျုပ်ရဲ့ကိုယ်ရောင်
လှပစေဖို့
အရေခွံများစွာ
အလဲအဖယ် ဝတ်ရသော်လည်း
လမ်းဖြတ်လျှောက်သူ
လူတစ်စုက
ကွမ်းသွေးနီတောင် ထွေးသွားသေးတယ်။
ထိုင်လိုက် ထလိုက်
ပြန်သွားလိုက်ကြ
ရောက်လာကြနှင့်
မရပ်မနား ကျုပ်ကျောသားပေါ်
ထိုင်ရုံလေးတင် အားမရသေးပဲ
တချို့တချို့ဆို
ရေးလိုက်ချစ်လိုက်
နင်းခြေလိုက်နှင့်
ချိုးဖဲ့လို့တောင် သွားကြသေးတယ်။
ညှင်းသဲ့တိုက်ခတ်
ဖြတ်သန်းလာတဲ့
အင်းယားရေပြင်
လေပြေညင်းကို
ပွေ့ယူနမ်းရှိုက်
အမောပြေဖို့ရာ
လူသားသဘာဝ
လာရောက်အပန်းဖြေ
ခိုနားသော်လည်း
စည်းမရှိသူ
အတွဲအချို့ကြောင့်
ခုံတန်းလေးခမြာ
မျက်လွှာချကာ ရှက်ရသေးတယ်။
အလွှာပေါင်းစုံ
မျိုးပေါင်းများစွာ
အဆင့်ဟူ၍
မခွဲခြားပဲ
အပန်းလဲဖြေ
အနားယူဖို့ရေး
တာဝန်ကိုတော့
အိုမင်းရင့်ရော်
ဟောင်းသွားတဲ့ထိ
ထမ်းသွားရမှာ။
(ခရာလင်း)
အင်းယာကန်သို့ အမှတ်ရလွမ်းမောမှု
အဲ့ဒီ ခုံတန်းလေးတွေမှာ ထိုင်ခွင့်မကြုံခဲ့ဘူး အကိုရ ဟိဟိ
ReplyDeleteခုံတန်းလေးလိုပဲ လူ့ဘဝကို တစ်နည်းတစ်ဖုံ အကျိုးပြုနေတဲ့ အရာတွေဟာ အသိအမှတ်ပြုခံရမှု နည်းကြတယ် :(
'ဒို့ဆရာချမ်းရန်ကုန်မှာအင်းယားအလွမ်းပြေ
ReplyDeleteရောက်ခဲ့ပြီထင်တယ်နော်။
ဟုတ်ပ ခုံတန်းလေးတွေ ခမျာ သနားစရာ...
ReplyDeleteဒီကဗျာကို ဖတ်ပြီး အင်းယားက ခုံတန်းလေးတွေ ပြေးမြင်မိတယ်။
ထိုင်တော့ မထိုင်ဖူးခဲ့ပါဘူးနော်.. ဖြတ်လျှောက်ရုံ လောက်ပါ။ :D
ခုံလေးကသနားစရာ.....
ReplyDeleteအင်းယားကခုံတန်းမှာတော့ မထိုင်ဖူးဘူး။
အစ်ကိုပျော်နေတယ်လား။
ခုံတမ်းလေးအပေါ်ထားရှိတဲ့ သံယောဇဉ်နဲ့ အတွေးက ပြောင်မြောက်တယ် ကိုချမ်းရ...
ReplyDeleteးဝ)
ခုန်တန်းရဲ့ နေရာမှာ ၀င်ခံစားပြီး ရေးထားတဲ့ ကဗျာလေး ဖတ်ရတာ သံဝေဂ ရစရာပါပဲ။ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။
ReplyDeleteဟုတ်တယ်နော်..
ReplyDeleteခုံတန်းရှည်လေးတွေရဲ့ အဖြည့်ခံ ဖြစ်အင် လေးတွေပေါ့
စဉ်းစားစရာတွေအများကြီးပါတယ်
သားနှစ်ယောက် မိခင်ဖခင်များ တို့
မိသားစု
ပျော်ပါစေ....
အစ်ကိုအလွမ်းကဗျာလေးက ကောင်းပါတယ်
ReplyDeleteဒါပေမဲ့  ညီက အလိုမနေဘူးမသွားဘူးတော့
နက်နက်နဲနဲတော့ ခံစားမရဘူးဖြစ်သွားတယ် :D
ကျွန်တော်ထိုင်ဖူးတယ်အစ်ကို
ReplyDeleteချစ်သူနဲ့တော့ဟုတ်တေးဖူးဗျ
မနက်ထပြေးရင်း ထိုင်နားတာ
အပြန်မှချစ်သူနဲ့သွားထိုင်အုံးမယ်
ပြီးမှ သိုင်းကျူးလိုက်မယ်နော်
း)
This comment has been removed by the author.
ReplyDeleteအဲ့ဒီခုံတန်းလျားလေးတွေဘေး ဖြတ်သွားဖြတ်လာ ထိုင်ခွင့်လည်း မကြုံခဲ့ရ ခုံတန်းလေးမှာတော့ ပြောစရာ
ReplyDeleteတွေအပြည့် ခုတော့ခုံတန်းလေးပြောတာကို
လူကိုယ်တိုင် နားထောင်ဖို့
စိတ်နဲ့ပြေးသွားခဲ့ပြီ..
ဒီကဗျာကတစ်မျိုးပဲ .. ဖတ်လို့ကောင်းတယ်
ReplyDeleteဘယ်လိုတစ်မျိုးပဲလဲတော့မပြောပြတတ်ဘူး
ပျော်ရွှင်ပါစေ ။
လူ့ဘ၀ဟာလည်း လောကကြီးမှာ နေတာကြာလေ ဘ၀တွေလည်း အရောင်အသွေး စုံလေဖြစ်နေတာပေါ့။ လူ့လောကကို စတင်ဝင်ရောက်တဲ့ အချိန်က အဖြူရောင်လေးကို ပြန်လိုချင်ပေမယ့် မဖြစ်နိုင်တော့ဘူးနော်။
ReplyDeleteအကို့ကဗျာလေးကို ဖတ်ရင်း သံဝေဂ ရသွားတယ်။
ခင်မင်လေးစားလျှက်