ဘကုန်းနဲ့ ဘလောက်ဂါများ
ဘလောက်ထဲမှာကြုံ
မာန့်ခဲ့ပေါ့ ခင်မင်မှုရယ်ဖြင့်
ဘလောက်ရှင် မမေ့ရက်လေတဲ့
အားပေးသည့်စာ။
♥♥♥
ဖေ့ဘွတ်မှာဆုံ
ခင်မင်သည့်သူများ
အပြင်မှာ တွေဖို့ခဲလေရဲ့
ဘလောက်ရေးသူများ။
♥♥♥
ရေးအတူတူ
ဖေးကူကာ နားလည်ကြသူမို့
လိုင်းမတူ ကွဲပြားကြပြန်လည်း
တစ်ဦးစေတနာ တစ်ဦးဂါရဝမို့
လင့်ချိတ်ကာ ကွန်ယက်ပေါ်မှဝယ်
ခင်ကြစို့လား။
♥♥♥
အသို့သော်မှ ထိတ်စရာ
ကွန်ယက်ပေါ် "ဝဲ"ခေတ်စမ်းပြန်လို့ရယ်
အသျှိုသျှို ကူးစက်ကုန်ပြန်သမို့
အို ..... သယ်ရင်း ဘလောက်ဂါတို့ရေ
ကိုယ့်ဘလောက် ကိုယ်စီစစ်ကာမို့
ရေပြန်ချိုးစို့လား။
ချမ်းဧအိမ်
ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ
ဟုတ်ပ အစ်ကိုရေ . .ကျွန်တော့်ဆိုဒ်မှာတော့ လင့်တွေ စစ်ပြီးပြန်ချိတ်ထားပြီ . . . သိတဲ့အတိုင်း လူဆိုတာ တစ်ဦးတစ်ယောက်ထဲ
ReplyDeleteနေလို့ မရသလို ဘလောက်ဆိုတာကလည်း တစ်ခုထဲနဲ့ အထီးကျန်ရှင်သန်နိုင်ဖို့ မဖြစ်နိုင်ဘူးမဟုတ်လား အစ်ကိုချမ်းလင်းနေရေ
အစဉ်အားပေးလျက်
လှိုင်ဘွား(သီချင်းအိမ်)
ရေနေ့တိုင်းချိုးတယ်ဗျ။။ဝဲကြောက်လို့....
ReplyDelete"မခွါရက်နိုင်အောင်...ချည်နှောင်မိသည်မို့
ReplyDeleteတစ်ယောက်ကိုတစ်ယောက်က...ဖေးမကူညီ
မဖြုတ်ချင်ပြီ...သံယောဇဉ်နှောင်ကြိုး"
အင်း...
ReplyDeleteကောင်းတယ်၊ ကိုလင်းရေ..
လူချင်းမတွေ့ ရပေမယ့်  ရေးချင်တာခြင်းတူနေတော့ 
လည်း ၊ ခင်မင်မှုတွေ တိုးခဲ့ ရသလို ပါ။
အခု “ ဝဲ ” ကတော့ ၊ ကျွန်တော်တို့ ကမ္ဘာကျော်
မမက စ တယ်ထင်တာပဲ။ သူ့ တော့ မပြောရဲပါဗျာ။
တုတ်မှာစိုးလို့ ၊ အဲ .. သူ စ ဖြစ်တာဗျ။
သိ သလောက် ..။
template အသစ်နဲ့လှနေတယ် အစ်ကို။
ReplyDeleteခုတလော အလုပ်တွေရှုပ်နေလို့ ကိုယ့်အိမ်တောင်
ကိုမရောက်ဖြစ်ဘူးဖြစ်နေတယ်။
လာလည်ပြီး ကွန်မန့်တွေ အများကြီး ပေးသွားတာ
ကျေးဇူးပါ။
မိသားစုအားလုံး သာယာချမ်းမြေ့ပါစေ...
ခွန်
ဟုတ်ပ အစ်ကိုရေ . .ကျွန်တော့်ဆိုဒ်မှာတော့ လင့်တွေ စစ်ပြီးပြန်ချိတ်ထားပြီ . . . သိတဲ့အတိုင်း လူဆိုတာ တစ်ဦးတစ်ယောက်ထဲ
ReplyDeleteနေလို့ မရသလို ဘလောက်ဆိုတာကလည်း တစ်ခုထဲနဲ့ အထီးကျန်ရှင်သန်နိုင်ဖို့ မဖြစ်နိုင်ဘူးမဟုတ်လား အစ်ကိုချမ်းလင်းနေရေ
အစဉ်အားပေးလျက်
လှိုင်ဘွား(သီချင်းအိမ်)
ရေချိုးပြီးပြီး)
ReplyDeleteရေချိုးပြီးလို့ ဆပ်ပြာတောင် တိုက်ထားပါသေးတယ်ဗျာ
ReplyDeleteခင်မင်စွာဖြင့်
ရွှေစင်ဦး
ရေနေ့တိုင်းချိုးတယ်ဗျ။။ဝဲကြောက်လို့....
ReplyDeleteတော်တော်ကောင်းကဗျာလေးပဲ (ပြုံးမိသည်):)
ReplyDeleteရေချိုးတယ် ချပ်ပါ တောင် တိုက်လိုက်သေးတယ်။
ReplyDeleteကဗျာကောင်းလေးပါပဲ..ရေပူနဲ့ ကိုချိုးပစ်တာ...ပိုးတွေအားလုံးရှော.....
ReplyDeleteရေငံနဲ့ချိုးခဲ့ပါတယ်
ReplyDelete၀လုံးနဲ့ဘလောက်ဂါများ...ဆိုရင်ပိုမှန်မယ်ထင်တယ်... :) အခုတလောဘလောက်ဂါတွေအိမ်ပြင်ကြတယ်နော်
ReplyDeleteတကိုယ်ရေ သန့်ရှင်းရေးကို အလေးထားသူတွေလဲ ရှိပါတယ်ဗျား :P
ReplyDeleteဒီကဗျာ စပ်မိမှပဲ ဝဲက ပြန်ကူးလိုက် ပြန်ဖြုတ်လိုက်နဲ့ ရှုပ်နေတာပဲ။ ကျွန်တော်ဆီမှာ ကူးတာက ကွန်မာန့်တွေဆီကနေ လာတာ။ ကွန်မန့်တွေ ပေးသွားချင်ရင် Name/ URl ကနေ အမည်လေးပဲ တပ်ပြီး ပေးကြတော့ ဝဲကူးမှု ကင်းဝေးတာပေါ့ဗျာ။
ReplyDeleteစိတ်ညစ်တယ်ဗျို့း(
ReplyDeleteအတူတူပဲ ကိုချမ်းရ .. ကျွန်တော့်ဆီမှာလည်း ကွန်မန့်ကလာတာ ... ဖျက်ရအုန်းမယ် .. အလုပ်ကို ရှုပ်နေတာပါပဲဗျာ ...း(
ReplyDeleteဖတ်ပြီး ပြုံးမိတယ်...း))
ReplyDelete