အလင်းကို စမြင်ဖူးကတည်းက
ကျနော်တို့ ဆုံခဲ့ကြတယ်
အခု မျက်စိတွေ မမှိတ်ကြသေးပါဘူး
လက်တွေကတော့ အကြိမ်ကြိမ်ပြခဲ့ရပြီ။
ရင်ဘတ်ချင်းတွေ တူညီကြလို့
ကျနော်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်
အကြောင်းတရားတွေကြားမှာ
အကျိုးတရားကို ကျနော်တို့ အတူဖွာရှိုက်ခဲ့ကြတယ်
မထင်ပါဘူး မေမေရယ်
လျှောက်နေတဲ့ လမ်းတွေ မတူညီရုံနဲ့
ဝေးကြရပြန်ပြီ... တဲ့။
တစ်ယောက်လဲမဟုတ် နှစ်ယောက်လဲမဟုတ်
လမ်းတွေကို ချဲ့ထွင်ရင်းနဲ့ နှုတ်ဆက်ရဖန်များလာတော့
နေ့တွေက အရင်လို မချိုမြိန်ကြတော့ဘူး မေမေ
ဝမ်းသာပါတယ်
ငြိမ်းချမ်းစွာသွားပါ .... လို့
ပြုံးပြီးပြောရတဲ့ အဖြစ်ကို ကျနော်စက်ဆုပ်တယ်။
ကျနော့်ကို ထားသွားတဲ့သူတွေနဲ့
ကျနော်က ထားခဲ့ရမယ့်သူတွေ
တကယ်ပါ မေမေ
စိုစွတ်နေတဲ့ ကျနော့်မျက်ဝန်းတွေ ခြောက်သွေ့ဖို့
သံယောဇဉ်ကို ကျနော်ထင်းစိုက်ချင်တယ်
တွေ့ဆုံကြုံကွဲဆိုတဲ့ ဝေါဟာရကို အကျအနထုပ်ပိုး
ကျနော် မမြင်နိုင်တဲ့ စကြာဝဠာအမှိုက်ပုံးထဲ
သွားလေရော့ဟယ်ဆိုပြီး ပစ်လိုက်ချင်တယ်။
ဟန်ဆောင်ငွေ့တွေ အူနေတဲ့
နှုတ်ဆက် မီးခိုးတွေကြား
ကျနော် ခေါင်းမူးတယ် မေမေ
နဂိုကတည်းက ပူတတ်လွန်းတဲ့ နွေရာသီမှာ
ဒီနေ့အပူဆုံးမို့
ကျနော် မပြုံးချင်တော့ဘူး
ကံကြမ္မာကို ရိုးမယ်ဖွဲ့ဖို့ကျတော့လဲ
ကျနော်က ဘာကောင်မှမဟုတ်ခဲ့တော့
မေမေရယ်
ကျနော့်နာရီကလေးက ကျနော့်ကိုပြောတယ်
နောက်ဆုံးတော့
မင်းနဲ့ငါသာ လက်တွဲမဖြုတ်တာပါကွာ ... တဲ့။
ဇော်။
(ကျွန်တော်တို့အိမ်)
www.latlatzaw.blogspot.com
( ဤကဗျာကို အကိုကြီး ကိုချမ်း ( ဘလော့ဂါ ချမ်းလင်းနေ) နှင့် အမပွင့် တို့အတွက် အမှတ်တရအဖြစ်
မေလ ၁၃ရက် ၂၀၁၁၊ သောကြာနေ့ (ဒူဘိုင်းစံတော်ချိန်) နံနက် ၆နာရီ တွင် ကျနော် ရေးဖွဲ့ခဲ့ပါသည်။)
နှုတ်ဆက်ချိန်ရောက်လာတော့လည်း လက်ပြနှုတ်ဆက်ရတာပေါ့လေ။ ဒါပေမယ့်လည်း ရင်ဘတ်ထဲကိုတော့ သံမှိုထက်တောင် ခိုင်မြဲတဲ့ အမှတ်ရခြင်းများစွာနဲ့ အမှတ်တမဲ့ကနေ အမှတ်တရအသွင် ပျော်ဝင်ခဲ့တာပါ။
ကိုပီတာ၊ လင်းကြယ်ဖြူ၊ ကိုဟန်၊ ကိုဗျတ်ဇ၊ လီယို၊ မနှင်း၊ ဇော်၊ မငုံ၊ အိန်ကျယ် (ခ)ဖြူစင်ကြယ်၊ ကောင်းကင်သမီးပျို၊ ဘလောက်မရေးပေမယ့် တကယ့်ကို စာအရေးကောင်းတဲ့ ဘကြီးမိုး၊ အေးဆေးနေတတ်တဲ့ စာရေးဆရာ ကိုဧကံဖြိုး၊ ဘလောက်တွေမှာ စာတွေလိုက်ဖတ်ပြီး အားပေးတတ်တဲ့ ကိုသာယာ တို့နဲ့အတူတူ ဒဒွေးမြေမှာ ရင်ဘတ်ခြင်းတွေတူလို့ စာတွေရေး မိတ်တွေဖွဲ့ရင်း ဆုံတွေခဲ့ရတာလေးတွေ အမှတ်ရနေဆဲပါလေ။
ဟန်ဆောင်မှုကင်း ရိုးသားခြင်းတွေနဲ့ တစ်ဦးပေါ်တစ်ဦး တကယ် မိတ်ရင်းဆွေရင်း ညီအစ်ကိုမောင်နှမ အရင်းတွေလို ချစ်ခင်လေးစားခဲ့ကြတဲ့ ဒဒွေးမြေမှ ဘလောဂါမောင်နှမတွေကို ကျွန်တော် အမြဲသတိရနေမှာပါ။ ဒဒွေးမြေမှ ခွဲရပေမယ့်လည်း ကျွန်တော်တတ်နိုင်သ၍ ဘလော့ဂ်ကိုတော့ အသက်ဆက်သွားဦးမှာပါ။
နောက် ကျွန်တော်ဘလောက်ပေါ် ခြေလှမ်းစရာမှ ယခုအထိ အပြင်မှာ မမြင်ဖူးပေမယ့် သိကျွမ်းရင်းနှီးခဲ့ရတဲ့ ဘလောဂါမောင်နှမတွေအားလုံးကိုလည်း လေးစားခင်မင်စွာဖြင့် မှတ်မှတ်ရရရှိနေမှာပါ။ ကျွန်တော်တင်သမျှပိုစ့်လေးတွေကို ဖတ်မှတ်အားပေးခဲ့သောသူများ၊ ဝင်ရောက်လေ့လာသူများ၊ ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ဗျာ။
ကျွန်တော်ဘလောက်လေးကို ရန်ကုန်မှ ဝင်ရောက်ဖတ်ရှုနိုင်အောင် host ပြောင်းပေးတဲ့ Mandalay Blogger အဖွဲ့မှ ညီညီ အိုင်တီ(မန်း) ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ သူ့ကျေးဇူးကြောင့် ကျွန်တော် ရန်ကုန်ရောက်တော့ ကျွန်တော့် ဘလောက်လေးကို ကျော်ခွစရာမလိုပဲ ဖတ်လို့ရလို့ဗျာ။
ကျွန်တော် ဒဒွေးမြေကသာ အပြီးတိုင် နှုတ်ဆက်ထွက်ခွာမှာပါ။ ဘလောက်လောကကိုတော့ ခြေလှမ်းကြဲရုံလောက်ပဲ ရှိမှာပါ။ ဆက်လက်ပြီး ကျွန်တော်တတ်နိုင်သ၍ ပိုစ့်တွေ တင်နေဦးမှာပါ။
ဘလောက်တွေ အရင်ကလောက် ခြေမချနိုင်ရင်လည်း သူငယ်ချင်းတို့ရေ..... ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်ဗျာ။

ဒီကဗျာလေးကို ကျွန်တော်ညီ.... ကဗျာဆရာမလေး ဇော်က ကျွန်တော့်အတွက် အမှတ်တရ ကဗျာလေးတစ်ပုဒ်ကို အေဖိုးစာမျက်နှာဖြူလွှလွှလေးမှာ သူ့လက်ရေး ဝိုင်းစက်စက်လေးတွေနဲ့ရေးပြီး စာအိတ်နဲ့အသေအချာပိတ် သူကိုယ်တိုင် ကျွန်တော်လက်ထဲကို အသေအချာထည့်ပေးပြီးမှ ကျွန်တော်အတွက် နှုတ်ဆက်တဲ့ကဗျာလေးပါ။ ဒီကဗျာလေးကို ဖတ်ကြည့်ရင်းနဲ့ပဲ ရင်ထဲမှာ စိတ်မကောင်းခြင်း တဖွားဖွားပါပဲ။
နှုတ်ဆက်ချိန်ရောက်လာတော့လည်း လက်ပြနှုတ်ဆက်ရတာပေါ့လေ။ ဒါပေမယ့်လည်း ရင်ဘတ်ထဲကိုတော့ သံမှိုထက်တောင် ခိုင်မြဲတဲ့ အမှတ်ရခြင်းများစွာနဲ့ အမှတ်တမဲ့ကနေ အမှတ်တရအသွင် ပျော်ဝင်ခဲ့တာပါ။
ကိုပီတာ၊ လင်းကြယ်ဖြူ၊ ကိုဟန်၊ ကိုဗျတ်ဇ၊ လီယို၊ မနှင်း၊ ဇော်၊ မငုံ၊ အိန်ကျယ် (ခ)ဖြူစင်ကြယ်၊ ကောင်းကင်သမီးပျို၊ ဘလောက်မရေးပေမယ့် တကယ့်ကို စာအရေးကောင်းတဲ့ ဘကြီးမိုး၊ အေးဆေးနေတတ်တဲ့ စာရေးဆရာ ကိုဧကံဖြိုး၊ ဘလောက်တွေမှာ စာတွေလိုက်ဖတ်ပြီး အားပေးတတ်တဲ့ ကိုသာယာ တို့နဲ့အတူတူ ဒဒွေးမြေမှာ ရင်ဘတ်ခြင်းတွေတူလို့ စာတွေရေး မိတ်တွေဖွဲ့ရင်း ဆုံတွေခဲ့ရတာလေးတွေ အမှတ်ရနေဆဲပါလေ။
ဟန်ဆောင်မှုကင်း ရိုးသားခြင်းတွေနဲ့ တစ်ဦးပေါ်တစ်ဦး တကယ် မိတ်ရင်းဆွေရင်း ညီအစ်ကိုမောင်နှမ အရင်းတွေလို ချစ်ခင်လေးစားခဲ့ကြတဲ့ ဒဒွေးမြေမှ ဘလောဂါမောင်နှမတွေကို ကျွန်တော် အမြဲသတိရနေမှာပါ။ ဒဒွေးမြေမှ ခွဲရပေမယ့်လည်း ကျွန်တော်တတ်နိုင်သ၍ ဘလော့ဂ်ကိုတော့ အသက်ဆက်သွားဦးမှာပါ။
နောက် ကျွန်တော်ဘလောက်ပေါ် ခြေလှမ်းစရာမှ ယခုအထိ အပြင်မှာ မမြင်ဖူးပေမယ့် သိကျွမ်းရင်းနှီးခဲ့ရတဲ့ ဘလောဂါမောင်နှမတွေအားလုံးကိုလည်း လေးစားခင်မင်စွာဖြင့် မှတ်မှတ်ရရရှိနေမှာပါ။ ကျွန်တော်တင်သမျှပိုစ့်လေးတွေကို ဖတ်မှတ်အားပေးခဲ့သောသူများ၊ ဝင်ရောက်လေ့လာသူများ၊ ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ဗျာ။
ကျွန်တော်ဘလောက်လေးကို ရန်ကုန်မှ ဝင်ရောက်ဖတ်ရှုနိုင်အောင် host ပြောင်းပေးတဲ့ Mandalay Blogger အဖွဲ့မှ ညီညီ အိုင်တီ(မန်း) ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ သူ့ကျေးဇူးကြောင့် ကျွန်တော် ရန်ကုန်ရောက်တော့ ကျွန်တော့် ဘလောက်လေးကို ကျော်ခွစရာမလိုပဲ ဖတ်လို့ရလို့ဗျာ။
ကျွန်တော် ဒဒွေးမြေကသာ အပြီးတိုင် နှုတ်ဆက်ထွက်ခွာမှာပါ။ ဘလောက်လောကကိုတော့ ခြေလှမ်းကြဲရုံလောက်ပဲ ရှိမှာပါ။ ဆက်လက်ပြီး ကျွန်တော်တတ်နိုင်သ၍ ပိုစ့်တွေ တင်နေဦးမှာပါ။
ဘလောက်တွေ အရင်ကလောက် ခြေမချနိုင်ရင်လည်း သူငယ်ချင်းတို့ရေ..... ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်ဗျာ။
့ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ
အရင်ကတည်းက ရပ်ဝေးနေသူတွေ ဆိုတော့ လေလှိုင်းပေါ်ကပဲ ခင်ကြရတော့ ဝေးတယ်လို့ မပြောတော့ပါဘူးဗျာ။ အရင်ကတည်းကလည်း မနီးခဲ့ဘူးလေ။ ဘယ်လိုပဲ ဖြစ်ဖြစ် ခြေလှမ်းတွေ ကျဲနေပေမဲ့ လမ်းကြုံရင်တော့ ဘလော့လေးကို အသက်ဆက်ရင်း ဝင်ဝင်လာခဲ့ပါဦးဗျာ။ သတိရနေမှာပါ။
ReplyDeleteလူရွှင်တော်တွေ ပြောသလို ပြောကြည့်မယ်ဗျာ။
“ ရန်ကုန်မှာ ပြန်ဆုံကြမယ်လေ။ ”
ခင်မင်စွာဖြင့်
ကိုဇော်
ဘဝခရီးသည်တွေဆိုတော့လည်း
ReplyDeleteဒီလို တွေ့လိုက်ကြုံလိုက် ဝေးလိုက်ကြ နဲ့ပေါ့။
ဘယ်နေရာ ဘယ်ဒေသရောက်ရောက် အဆင်ပြေပါစေဗျာ။
ကျဲတယ်ဆိုပေမယ့် ရောက်ဖြစ်နေမယ် ဆိုတာ သိရတော့ အတိုင်းမသိ ဝမ်းသာမိပါတယ် အကို။ စာရေးတွေကျဲ လို့ ဘာများ ဖြစ်နေလဲလို့..လေ။..
ReplyDeleteအားပေးလျှက်ပါ...ကောင်းသောနေ့လေး ဖြစ်ပါစေ။
ကန္တာရမြေမှ အပြုံးနဲ့ ထွက်ခွာသွားတဲ့ ကိုချမ်းရေ...
ReplyDeleteနှုတ်ဆက်လိုက်ပါတယ်...
အပိယေဟိ၊ သမ္ပယောဂေါ ဒုက္ခေါ၊
ပိယေဟိ၊ ၀ိပ္ပယောဂေါ ဒုက္ခေါ ...
ဆိုတဲ့ အတိုင်း ...
ရင်ဘတ်ချင်းတူသူ၊ ညီငယ်တစ်ဦး နဲ့ ခွဲခွာရပြန်တော့ လည်း...
ရင်နင့် ရတဲ့ ဒုက္ခတစ်ပါးပါပဲ...
တစ်ချိန်မှာ ပြန်ဆုံကြမယ်လေ...
ပျော်ပျော်ပါးပါးပေါ့ ...
ကိုပီတာ...
အင်း...
ReplyDeleteဟိုရောက်လဲ ဘလော့  နဲ့  အဆက်ပြတ်စရာ မလိုပါဘူးဗျာ၊
ကျွန်တော်တို့ လည်း အချိန်တန် အိမ်ပြန်ကြရမှာပါပဲ။
ကျွန်တော်တို့  မြေကတော့  ကျွန်တော်တို့ ရဲ့  အချုပ်အနှောင်
မဟုတ်လောက်ဖူးထင်တာပဲ။ ဆက်လက် ကြိုးစားစေချင်ပါတယ်ဗျာ..။
ခွင့်ပြုတယ် ၊ ခွင့်လွှတ်တယ်.. ကိုချမ်းရေ...
ReplyDeleteကျွန်တော်ကရော အရင်လို ဟောပြောပွဲဖိုင်တွေ လာဒေါင်းလိုက် မရရင် ကိုချမ်းကို မေးလ်ပို့ခိုင်းလိုက် လုပ်လို့ရပါ့ဦးမလားဟင်..
ကိုးနတ်ရှင်ကြည်ဖြူရင်တော့.. ပို့စ်တွေ တင်ပါဦးဗျာ။
ကိုချမ်းကအခုရန်ကုန်ပြန်ရောက်နေပြီလား......
ReplyDeleteသတိရပါတယ်နော်။ အားလုံးအဆင်ပြေပါစေ။
နှုတ်ဆက်ချိန် ......
ReplyDeleteသံယောဇဉ်ကို ကျနော်ထင်းစိုက်ချင်တယ်
တွေ့ဆုံကြုံကွဲဆိုတဲ့ ဝေါဟာရကို အကျအနထုပ်ပိုး
ကျနော် မမြင်နိုင်တဲ့ စကြာဝဠာအမှိုက်ပုံးထဲ
သွားလေရော့ဟယ်ဆိုပြီး ပစ်လိုက်ချင်တယ်။
အဲဒီစာသားလေးကိုကြိုက်တယ်။ ။
ဒါပေမယ့်အားလုံးလဲကောင်းပါတယ်။
ချမ်းမြေ့ပါစေရှင်။
သံယောဇဉ်ကို ကျနော်ထင်းစိုက်ချင်တယ်
ReplyDeleteတွေ့ဆုံကြုံကွဲဆိုတဲ့ ဝေါဟာရကို အကျအနထုပ်ပိုး
ကျနော် မမြင်နိုင်တဲ့ စကြာဝဠာအမှိုက်ပုံးထဲ
သွားလေရော့ဟယ်ဆိုပြီး ပစ်လိုက်ချင်တယ်။
အဲဒီစာသားလေးကိုကြိုက်တယ်....
အစကနေ အဆုံးထိအောင်ကောင်းပါတယ်။
ဟန်ဆောင်ငွေ့တွေ အူနေတဲ့
ReplyDeleteနှုတ်ဆက် မီးခိုးတွေကြား
ကျနော် ခေါင်းမူးတယ်,,,,,တူတူပဲခံစားမိတယ်
နေရာတိုင်းလိုလို ဟန်ဆောင်မှုတွေပေါနေတယ်နော်....
ကောင်းတယ် အကိုရာ ကဗျာ လေး
ReplyDeleteရင်ဘက်တည့်တည့် ကို ထိတယ် (ကျနော့်နာရီကလေးက ကျနော့်ကိုပြောတယ်
နောက်ဆုံးတော့
မင်းနဲ့ငါသာ လက်တွဲမဖြုတ်တာပါကွာ ... တဲ့။) ဒါလေး ပိုကြိုက်တယ်
..
စာတွေ ကဗျာတွေကို နှစ်သက်သလို အစ်ကိုနဲ့လဲ ခင်မင်ချင်ပါတယ် အားလပ်ချိန်ရရင် ကျေးဇူးပြုပြီးစာပြန်ပါ။
ReplyDeleteဘယ်နေရာရောက်ရောက် အဆင်ပြေချမ်းမြေ့ပါစေရှင်
စာတွေ ကဗျာတွေကို နှစ်သက်တတ်တဲ့ မိန်းကလေးတစ်ယောက်ပါ အများလိုပဲ ခင်မင် ဖို့ မျှော်လင့်ပါတယ်။
ReplyDeleteဖတ်မိသမျှတွေကိုလဲ နှစ်သက် တန်ဖိုးထားပါတယ်။
ဘယ်နေရာပဲ ရောက်ရောက် အေးချမ်းပျော်ရွှင်ပြီး အဆင်ပြေပါစေရှင် :)