အန္တိမသစ္စာ
ကျွန်တော့်ရဲ့ အန္တိမမျော်လင့်ချက်
အမေတိုက်တဲ့ ရေတစ်ခွက်သာ သောက်ချင်ရဲ့
နောင်ဘဝ၌
"လူ" ထပ်ဖြစ်ခွင့်ရမည်ဆိုပါလျှင်
ပျုဌာယဉ်ကျေးသော ပန်းများပွင့်သော
ထို အင်ကြင်းတောစပ်၌
အမေရဲ့သား ကျွန်တော်ပြန်ဖြစ်ချင်ပါသည်။
အမေ့သား
မှားခဲ့တယ်….. မတရားမလုပ်ခဲ့ဘူး
ဆိုးခဲ့တယ်….. မယုတ်မာခဲ့ဘူး
မိုက်ခဲ့တယ်….. မရိုင်းခဲ့ဘူး
သား ဗုံးကြဲခဲ့တဲ့မြို့ဟာ
သား ကိုယ်သားပါ အမေရယ်။ ။
တစ်ခါတစ်လေ တရားထိုင်ပြီး
တစ်ခါတစ်လေ ငါးပါးသီလ မလုံခြုံတတ်တဲ့သား
ကုသိုလ် အကုသိုလ်တရား
လူပီသစွာ ပွားစီးမိခဲ့ပါပြီ။ ။
ဤကမ္ဘာမြေကြီး
အပြီးတိုင် ပြိုကွဲသွားပါအံ့
နောင်ဖြစ်လာလတ္တံ ကမ္ဘာ၌
စိတ်နှလုံးကောင်းမွန် မြင့်မြတ်သူ
ဖြစ်ခွင့်ရပါစေသတည်း။ ။
ကဗျာစာသား - ငြိမ်းဇော်
ကဗျာခေါင်းစီးနဲ့ ဒီဇိုင်း - ချမ်းလင်းနေ
ရုပ်ရှင်အမြုတေးမှာ ကဗျာတွေရေးခဲ့တဲ့ သူငယ်ချင်း ငြိမ်းဇော်ရဲ့ကဗျာလေး
"အမေ" ကို ချစ်သူတိုင်းခံစားနိုင်အောင်........
အမေ့သား
ReplyDeleteမှားခဲ့တယ်….. မတရားမလုပ်ခဲ့ဘူး
ဆိုးခဲ့တယ်….. မယုတ်မာခဲ့ဘူး
မိုက်ခဲ့တယ်….. မရိုင်းခဲ့ဘူး
သား ဗုံးကြဲခဲ့တဲ့မြို့ဟာ
သား ကိုယ်သားပါ အမေရယ်။ ။
အဲဒီ ကဗျာစီးဆင်းမှုလေးက ရင်ထဲနက်နက် ထိုးဖောက်သွားတယ်။ တိုက်ဆိုင်မှုကြောင့် ထင်ပါရဲ့။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
ကိုချမ်းလင်းနေရေ...ကဗျာစာသားရော...ခေါင်းစီးပါ...ဒီဇိုင်းမကျန် အကုန်ခိုက်တယ်...ကြိုက်တယ်...သဘောကျတယ်ကွာ...ဘာလို့လဲဆိုတော့ ဦးဇင်းက...ဟိုးငယ်စဉ်ကတည်းက...အမေနဲ့ခွဲခွါခဲ့ရသူမို့...လူတစ်ယောက်ဟ ကုသိုလ်နဲ့အကုသိုလ်ရောနေမှာပဲနော်...ကိုယ်ဗုံးကြဲတဲ့မြို့ဟာ...သူတစ်ပါးပိုင် ဆိုင်တဲ့မြို့မဖြစ်ဖို့ပဲ...လိုတာပါ...ရွှင်လန်းချမ်းမြေ့ပါစေဗျာ
ReplyDeleteတစ်ခါတစ်လေ တရားထိုင်ပြီး
ReplyDeleteတစ်ခါတစ်လေ ငါးပါးသီလ မလုံခြုံတတ်တဲ့သား
ကုသိုလ် အကုသိုလ်တရား
လူပီသစွာ ပွားစီးမိခဲ့ပါပြီ။ ။
--------
ရင်ကိုမှန်တဲ့ မှန်တစ်ချပ်
ခွမ်းကနဲ ခွဲလိုက်တာလည်း
အမေ့သားပါပဲ အမေ..။
------
ကဗျာလေး ထိရှလွန်းလို့ အပိုတစ်ပိုဒ်
လက်ဆောင်ထားပေးခဲ့တယ်။:)
လူပီသ စွာ ....လူပီသ ကြတာပေါ့။
ReplyDeleteကဗျာလေး တော်တော်ကြိုက်တယ်။ အရမ်းကောင်းတာပဲ..
ReplyDeleteသား ဗုံးကြဲခဲ့တဲ့မြို့ဟာ
သား ကိုယ်သားပါ အမေရယ်။ ။
ကဗျာ ဖတ်သွားတယ် သွပ်ပြား အဲ သူများတွေ မန့်သွားတာပါ ကြည့်သွားတယ် သိပ်အထွေအထူး မပြောတော့ဘူးနော်
ReplyDeleteကောင်းပြီးသားဆိုတော့
ဟဲဟဲ
မတွေ့ရတာတောင်ကြာဘီ ကိုရေချမ်း နေကောင်းလား
ကျန်းခန်းသာလို့ မာပါစ
အကိုရေ..ကဗျာလေး အားပေးသွားတယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေ။
ReplyDeleteဤကမ္ဘာမြေကြီး
ReplyDeleteအပြီးတိုင် ပြိုကွဲသွားပါအံ့
နောင်ဖြစ်လာလတ္တံ ကမ္ဘာ၌
စိတ်နှလုံးကောင်းမွန် မြင့်မြတ်သူ
ဖြစ်ခွင့်ရပါစေသတည်း။ ။
..........................
အဲဒီဆုလေး ထပ်တူဆုတောင်းသွားပါတယ်..။
ကဗျာလေးဖတ်ပြီး ခံစားရတယ်
ReplyDeleteအမေ့ကို သတိရမိတယ်..
တစ်ခါတစ်လေ တရားထိုင်ပြီး
ReplyDeleteတစ်ခါတစ်လေ ငါးပါးသီလ မလုံခြုံတတ်တဲ့သား
ကုသိုလ် အကုသိုလ်တရား
လူပီသစွာ ပွားစီးမိခဲ့ပါပြီ။ ။