Saturday, January 8, 2011

စုဆောင်းမိခဲ့သမျှ အဘိဓာန်များ(Online)




ကျွန်တော် စုဆောင်း လေ့လာထားသမျှ Online, Offline, PDF မြန်မာတွေနှင့်သက်ဆိုင်သော အဘိဓာန်များတွေပါ။ ကျွန်တော်က အဘိဓာန်တွေ လေ့လာဆည်းပူးကျမ်းပြုနေတဲ့ လူတစ်ယောက်တော့မဟုတ်ပါဘူး။ ဝါသနာအရ လေ့လာစုဆောင်းသူတစ်ယောက်ပါ။ ပထမတော့  ဒီအတိုင်းလင့်တွေပဲ ပေးပြီးတော့ တင်ထားမလို့ပါပဲ။ ဒီအတိုင်းလင့်တွေပဲ ပေးထားတာထက်စာရင် ဘယ်အဘိဓာန်တွေက ဘာတွေလဲ၊ ဘယ်သူတွေ ရေးသားထုတ်လုပ်ခဲ့တာလဲဆိုကို အကြမ်းဖြင်း ပြောပြရေးထားမယ်ဆိုရင် စိတ်ဝင်စားသူတွေ အနေနဲ့ရော၊ လေ့လာလိုသူတွေ အနေနဲ့ပါ ပိုကောင်းမယ်ထင်လို့ပါ။  ဒီအဘိဓာန်တွေအကြောင်းကိုတော့ အသေးစိတ်ကတော့ သူတို့ရဲ့မူရင်းလင့်တွေမှာ  ရှိပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ဖတ်မှတ်ရသလောက်ပဲ ရေးသားမှာပါ။

မြန်မာတွေနှင့်သက်ဆိုင်သောလို့ နာမဝိသေသနပြုရခြင်းကတော့ အားလုံးလိုလိုကတော့ မြန်မာစာကို အခြေပြုထားကြပေမယ့် တချို့ဟာတွေက မြန်မာစာဖြင့်မဟုတ်လို့ပါ။ မြန်မာအဘိဓာန် လို့သာဆိုရတယ်  တချို့တလေကတော့ မြန်မာစာ၊ မြန်မာလူမျိုးတွေနဲ့  ဆက်စပ်မယ်ထင်တဲ့ဟာလေးတွေပါ တင်ပေးထားပါတယ်။ ဥပမာဆိုရရင် - သက္ကတ အင်္ဂလိပ်  အဘိဓာန် လိုမျိုးဆို ကျွန်တော်လည်း ဒီစကားနားမလည်ပါဘူး။ ဒါပေမယ့်  ဗုဒ္ဓဘုရားရှင်ရဲ့ ဘာသာစကားမို့ပါ။ အဘိဓာန်လို့ ခေါင်းစဉ်နာမပြုထားပေမယ့်လည်း တချို့တွေကတော့ အဘိဓာန်အဆင့် မဟုတ်လောက်ပေမယ့် လေ့လာလိုသူတွေ အကျိုးရှိဖို့ ဒီနေရာ  ဒီခေါင်းစဉ်အောက်မှာပဲ တင်ပေးထားပါတယ်။

မည်သို့ပင်ဆိုစေကာမူ  အသုံးလိုတဲ့သူအတွက်တော့ ကျွန်တော့်ရဲ့ စုဆောင်းမှုကြီးဟာ  အရာရောက်မယ့်လို့ ထင်ပါတယ်။ ကျွန်တော်လည်း စုဆောင်းထားသမျှ  အားလုံးနီးပါးကို မနားလည်ပါဘူး။ လေ့လာရင်း မှတ်သားထားရတာပါ။  နောက်နောင်တွေ့ရှိလာဦးမည့် မြန်မာလူမျိုးတို့နဲ့ ပတ်သတ်ဆက်နွယ်နိုင်တဲ့  အဘိဓာန်တွေဆိုလည်း ထပ်ပြီးမျှဝေသွားမှာပါ။ အမှားပါတာရှိရင်လဲ ကျွန်တော့်  အားနဲချက်မို့ ထောက်ပြပြီး နားလည် ခွင့်လွှတ်ပေးကြပါ ခင်ဗျာ။



အွန်လိုင်း မြန်မာ အဘိဓာန်များ

  • မြန်မာ - အင်္ဂလိပ် အွန်လိုင်းအဘိဓာန်(All Channel Dictionary)
  • All Channel For All Myanmar ကတင်းထားတဲ့ Online အဘိဓာန်လေးပါ။ သူက NyiMyanmar1 ဖောင့်ကို သုံးထားတာပါ။ သူဆီမှာ အင်္ဂလိပ်လို အသံထွက် ပေးတဲ့ Pronunciation Help စနစ်ပါပါတယ်။ မြန်မာ မှ အင်္ဂလိပ်၊ အင်္ဂလိပ်မှ မြန်မာ ရှာဖွေနည်းစနစ်ပါ။

  • မြန်မာ - အင်္ဂလိပ် အွန်လိုင်းအဘိဓာန်(Burmese Dictionary.org)
    Burmese Dictionary.org ကတင်ထားတဲ့ Online မြန်မာ - အင်္ဂလိပ် - မြန်မာ အဘိဓာန်ပါ။ မူပိုင်ကတော့ Praha, Czech Republic မှ Burma Center Prague က တီထွင်ထားတာပါ။ Wwin_Burmese1 ဖောင့်ကို သုံးထားပါတယ်။ သင့်က Firefox Browsers 3.5 အထက်သုံးခဲ့မယ်ဆိုရင် Auto Font Loading စနစ်ပါပါတယ်။ မြန်မာစာရိုက်ဖို့ ခက်နေသူတွေအတွက်လဲ Virtual Keyboard လေးထည့်တားပေးပါတယ်။ သူ့မှာမရှိသေးတဲ့ မြန်မာစာလုံးများ တွေ့ရှိရင်လဲ ထပ်ထည့်ပေါင်းပေးလို့ရတဲ့ Add a new word လေးလုပ်ပေးထားပါတယ်။သူလညိးပဲ မြန်မာ - အင်္ဂလိပ် - မြန်မာ ရှာဖွေနည်းစနစ်ပါ။


  • အင်္ဂလိပ် - မြန်မာ အွန်လိုင်းအဘိဓာန်(အရိုင်းပန်း)
    အရိုင်းပန်းကနေ တင်ထားတဲ့ အင်္ဂလိပ် - မြန်မာ အွန်လိုင်းအဘိဓာန်လေးပါ။ သူ့ရဲ့ထူးခြားချက်ကလေးကတော့ တစ်ချို့ အင်္ဂလိပ်စလုံးတွေဆိုရင် ပုံလေးတွေနဲ့ဖော်ပြပြီး မြန်မာအသံထွက် စာလုံးလေးတွေနဲ့ ဖေါ်ပြလေ့ရှိပါတယ်။ စာလုံးတွေရဲ့ Idiomတွေကိုပါ မြန်မာလို ရှင်းလင်းထားပေးပါတယ်။

  • MMnet မြန်မာ - အင်္ဂလိပ် အွန်လိုင်းအဘိဓာန်
    မြန်မာအင်တာနက် Myanmar-Myanmar.net မှ မြန်မာ - အင်္ဂလိပ် - မြန်မာ အွန်လိုင်းအဘိဓာန်ပါ။ ဒီအဘိဓာန်မှာ စာလုံးပေါင်း ၃၃၀၀၀ ကျော်ပါဝင်ပြီး Myanmar NLP.org.mm ၏ Windows English-Myanmar Translator ဆိုသည့် ဆော့ဖ်ဝဲကို အခြေခံထားပါတယ်။ မြန်မာစာလုံးကို ရိုက်ထည့်ပြီးဖြစ်စေ၊ အင်္ဂလိပ်အဓိပ္ပာယ်သိလိုလျှင်ဖြစ်စေ၊ အင်္ဂလိပ်စာလုံး၏ မြန်မာဘာသာဖြင့် အဓိပ္ပာယ်ကို သိလိုလျှင်ဖြစ်စေ ၂ ဘာသာလုံးကို တစ်နေ့တည်းတွင် ကြိုက်ရာရိုက်ထည့်ရှာနိုင်သော အွန်လိုင်းမြန်မာအဘိဓာန်လေးတစ်ခုပါ။ မြန်မာ Font နဲ့ရှာမယ်ဆိုရင် Unicoad Standard ကသတ်မှတ်ထားတဲ့ Font ပဲရတယ်။ ဇော်ဂျီနဲဆိုရင် စာလုံးတွေ လွဲနေပါတယ်။


  • G-talk က English - Myanmar Bot Online အဘိဓာန် (or) Project (or) Facebook
    မိမိရဲ့ Gtalk ဖြစ်ဖြစ်၊ Gmail ကဖြစ်ဖြစ် တစ်ခုခုကနေ en2mm8@mmgeeks.org ကို add လိုက်ပါ။ သုံးရတာအဆင်ပြေလို့ ကျွန်တော် ဒါကိုလဲ သုံးတယ်။

    • Light Ehglish Myanmar Dictionary for Zawgyi 2009
      English My Myanmar.org တင်ထားတဲ့ Online အင်္ဂလိပ် - မြန်မာ အဘိဓာန် ပါ။ ရိုးရှင်းပြီး လွယ်ကူပေါ့ပါးစွာ သုံးလိုရအောင် တည်ထွင်တားတာပါ။ ဇော်ဂျီ user တွေအကြိုက် Zawgyi 2009 ဖောင့်ကို သုံးထားပါတယ်။ Version 0.9 ပါ။ အင်္ဂလိပ် - အင်္ဂလိပ် - မြန်မာ ရှာဖွေနည်းကို သုံးထားတာပါ။

    • မြန်မာ - ဂျာမနီ အွန်လိုင်း အဘိဓာန်
    • ဒီတခါတော့ ဂျာမနီစကားလေ့လာတတ်မြောက်သူတွေအတွက် Online မြန်မာ-ဂျာမနီ အဘိဓာန်လေးပါ။ Birmanisch-Deutsh မှ Jan Wahoff ဆိုတဲ့လူ တီထွင်ထားတာပါ။ ဆိုဒ်တစ်ခုလုံးကို ဂျာမန်လို ရေးထားပေမယ့်လဲ အင်္ဂလိပ်လို အသွင်ပြောင်းလို့ရပါတယ်။ မြန်မာ - ဂျာမန် ရှာဖွေနည်းစနစ်ပါ။

    • Norwegian- Burmese - English Online Dictionary
      ဒီတစ်ခုကတော့ နော်ဝေး မြန်မာ အင်္ဂလိပ် အွန်လိုင်းအဘိဓာန်ပါ။ Khen Solomon ဆိုသူက တီထွင်ထားတာပါ။ နော်ဝေးစာလုံးများကို မြန်မာအနက်အဓိပ္ပါယ်ဖြင့် ရှာဖွေတဲ့နည်းပါ။ ဇော်ဂျီအပါအဝင် မြန်မာဖောင့် အတော်များများနဲ့ ရပါတယ်။

    • အွန်လိုင်း မြန်မာစကားသင်ခန်းစာ
      မြန်မာစကားလေ့လာလိုတဲ့ နိုင်ငံခြားသားတွေအတွက် သင့်တော်ပါတယ်။ မြန်မာအသံထွက်ရယ်၊ မြန်မာအသံထွက် အင်္ဂလိပ်စာရယ်၊ မြန်မာစာနဲ့ပါ ဖော်ပြထားပါတယ်။

      • မြန်မာ့ပုဂ္ဂိုလ်ကျော်များ၏ အတ္ထုပ္ပတ္တိအဘိဓာန်   (Portal:Biography)
        မြန်မာ့သတင်းနှင့် ဆက်သွယ်ရေးနည်းပညာအဖွဲ့မှ တင်ဆက်ရေးသားထားတဲ့ အွန်လိုင်း မြန်မာ့ပုဂ္ဂိုလ်ကျော်များ၏ အတ္ထုပ္ပတ္တိအဘိဓာန် ဖြစ်ပါတယ်။ Bit Font ကိုသုံးထားတဲ့အတွက် ဒီအဘိဓာန်ကို လေ့လာလိုသူများအနေနဲ့ သူတို့ရဲ့ဆိုဒ်မှာ ဖောင့်ဒေါင်းယူပါ။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ သိသင့် သိထိုက်တဲ့ နိုင်ငံရေးသမားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ စာရေးဆရာတွေ၊ အနုပညာရှင်တွေ၊ လူမှု ပြုပြင်ရေးသမားတွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေ စတဲ့ ပုဂ္ဂိုလ်ကျော်တွေရဲ့ အတ္ထုပ္ပတိတွေကို မြန်မာစာ အက္ခရာဝလိစဉ်ပြီး စုဆောင်း လွှင့်တင် ပေးထားတဲ့ အတ္ထုပ္ပတ္တိ အဘိဓာန် ဖြစ်ပါတယ်။ သတိပြုရန်မှာ စာရေးဆရာတွေကို သူတို့ရဲ့ ကလောင် အမည်အတိုင်း စဉ်ထားပြီး၊ (ဥပမာ - "လူထု ဒေါ်အမာ" ဆိုပါက "လ" မှာ ရှာဖွေပါ။ "သူကြီး ဂေဇက် ဦးခင်မောင်" ဆိုပါက "သ" မှာ ရှာဖွေပါ။ "ဦးရွှေအောင်" ဆိုပါက "အ" မှာ ရှာဖွေပါ)၊ အခြား ပုဂ္ဂိုလ်တွေကိုတော့ သူတို့ အမည် အစ စာလုံးအတိုင်း စဉ်ထားပါတယ်။ (ဥပမာ - "ဗိုလ်ချုပ် အောင်ဆန်း" ဆိုပါက "အ" မှာ ကြည့်ပါ၊ "ဂီတလုလင် မောင်ကိုကို" ဆိုပါက "မ" မှာကြည့်ပါ)။ 

      နောက်ထပ် Offline နှင့် PDF အဘိဓာန်များ ဆက်ရန်ရှိပါသေးသည်။

        ဆက်လက်ကြိုးစားပါဦးမည်။
        © ချမ်းလင်းနေ

        7 comments :

        1. ကျေးဇူးအများကြီးတင်ပါတယ်ဗျာ...မှတ်သားသွားပါတယ်...

          ReplyDelete
        2. ဒီပို့စ် က စေတနာ တော်တော်ပါတာပဲ။ မှတ်သား သွားပါတယ်။ ဝေမျှတဲ့ အတွက် ကျေးဇူးပါ ဗျာ။

          ReplyDelete
        3. ကျေးဇူးပါ.. ဒီထဲက Dictionary တွေ မသိသေးတာတွေ ပါနေတယ်
          မှတ်သွားပါပြီ..
          ခုလိုဝေမျှတာ ကျေးဇူးအထူးကိုတင်ပါတယ်..

          ReplyDelete
        4. ခုလို မျှဝေတာကျေးဇူးပါ အစ်ကိုရေ..... :)

          ReplyDelete
        5. ကိုချမ်းလင်းနေရဲ့ email လိပ်စာသိပါရစေ။ ဘလော့မှာရေးထားတဲ့ အကြောင်းတချို့ မေးချင်လို့ပါ။
          sumyatmonvoa@gmail.com

          ReplyDelete
        6. ဒီစာုအပ်တွေငတ်နေတာနှစ်သုံးဆယ်လေးဆယ်ရှိပါပီ။
          ဘုန်းကြီးပါစေ၊သက်ရှည်ပါေ။

          ReplyDelete

        မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

        Related Posts Plugin for WordPress, Blogger...