Citizen of Burma Award Organization
www.citizenofburma.org
၂၀၁၃ ခုနှစ် စတုတ္ထအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲအခမ်းအနားကို မေလ ၂၆ ရက်နေ့ နေ့လယ်မှ စ၍ တောင်ကိုရီးယားနိုင်ငံ ပူချွန်းမြို့ဆိုးဆာမြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
ပြည်သူ့ဂုဏ်ရည်အသင်းက ယခုနှစ် စတုတ္ထအကြိမ်ပြည်သူ့ဂုဏ်ရည်ဆုရှင်အဖြစ် “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်” ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။
ပြည်သူ့ဂုဏ်ရည်အထူးဆု ၃ ဆုကိုလည်း ရွေးချယ်ချီးမြှင့်ခဲ့ပြီး ဆုရှင်များအဖြစ် မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ဦးနေမျိုးဇင်၊ “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” လူမှုကွန်ရက်လှုပ်ရှားမှုများကို ဦးဆောင်လုပ်ကိုင်ခဲ့သူ ဦးရဲလွင်(မဇ္ဈိမလှိုင်း)၊ တနိုင်တပိုင် သောက်ရေသန့်နည်းပညာဖြန့်ဝေနေသူ ဦးသန်းနိုင် တို့ကို ရွေးချယ်ခဲ့သည်။
ပြည်သူ့ဂုဏ်ရည်ဆုရှင်အနေဖြင့် ဆုတံဆိပ်၊ဂုဏ်ပြုလက်မှတ်နှင့် ငွေသား အမေရိကန်ဒေါ်လာ ၁၀၀၀၀ (တစ်သောင်း) ရရှိမည်ဖြစ်ပြီး ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်များအနေဖြင့်ဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ် နှင့် ငွေသား အမေရိကန်ဒေါ်လာ ၁၀၀၀ (တစ်ထောင်) ရရှိမည်ဖြစ်ပါသည်။
ဆုရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကို ရန်ကုန်မြို့၌လည်းမကြာမီ ကျင်းပသွားမည်ဖြစ်ပါသည်။
၂၀၁၄ ခုနှစ် ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲအခမ်းအနားကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့တွင် ကျင်းပမည်ဖြစ်ပါသည်။
ပြန်ကြားရေးအဖွဲ့
ပြည်သူ့ဂုဏ်ရည်အသင်း

No comments :
Post a Comment
မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။