အသက်ရှင်မှုအတွက်
ဘဝဆိုတာ............
အနှစ်သာရတစ်ခုလား။
ရှင်သန်ခြင်းတစ်ခုလား။
အာဟာရတစ်ခုလား။
ဖန်ဆင်းခြင်းတစ်ခုလား။
မြေကြီးပေါ်ရပ်တည်ဖို့အတွက်တော့
အရှိတွေထဲက အသိ
တစ်ခုခုတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။
သမားရိုးကျ ကမ္ဘာကြီးဆိုရင်ကော....?
ရောင်စုံပန်းချီကားချပ်တစ်ခုပေါ့။
အရှိတွေထဲက အသိ
တစ်ခုခုတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။
သမားရိုးကျ ကမ္ဘာကြီးဆိုရင်ကော....?
ရောင်စုံပန်းချီကားချပ်တစ်ခုပေါ့။
ခေါက်ရိုးကျိုးအချစ်ကို
ရိပ်သိမ်းပြီးခါစမှာ
တစ်စုံတစ်ယောက်က
အပ်နှင်းလာတာခံရရင်ကော......?
ပိရိမစ်တွေထဲက သက်ရှိမာမီများလိုပေါ့။
ကောင်းကင်ရဲ့မျက်ရည်တွေ
မဟာပထဝီကြီးအတွက် အာဟာရဖြစ်မယ်ဆို
မနုဿလူသားတွေ ရှင်သန်ဖို့
ဂန္တဝင်မြောက်အချစ်ရဲ့ ရသကော....?
သာတူညီမျှတဲ့ အရိပ်အာဝါသဖြစ်မှာပေါ့။
မဟာပထဝီကြီးအတွက် အာဟာရဖြစ်မယ်ဆို
မနုဿလူသားတွေ ရှင်သန်ဖို့
ဂန္တဝင်မြောက်အချစ်ရဲ့ ရသကော....?
သာတူညီမျှတဲ့ အရိပ်အာဝါသဖြစ်မှာပေါ့။
ဗလာနတ္ထိနဲ့ ဘာကိုမှ
မရနိုင်တော့ဘူး ဆိုရင်ကော?
တိတ်တိတ်လေးတွေး
ဆိတ်ဆိတ်လေးဆွေး
အေးအေးလေးငေးပြီး
အမှောင်ကွယ်ရာချောင်တချောင်မှာ
တိုးတိုးလေးနဲ့ ငုပ်လျှိုးပြောက်ကွယ်သွားတော့မယ်။
ချမ်းဧအိမ်
ဆိတ်ဆိတ်လေးဆွေး
အေးအေးလေးငေးပြီး
အမှောင်ကွယ်ရာချောင်တချောင်မှာ
တိုးတိုးလေးနဲ့ ငုပ်လျှိုးပြောက်ကွယ်သွားတော့မယ်။
ချမ်းဧအိမ်
ဒီကဗျာလေးကို ငါးခေါက်လောက်ကို ထပ်ထပ်
ReplyDeleteဖတ်မိတယ်ဗျာ ... ဖြစ်ပျက်နေတာတွေ ရှင်းပြ
ပြီး အဓိပာယ် ရှိတဲ. ဖွင်ဆိုချက်တွေ မေးသွားပြီး
နောက်ဆုံး ဘာမှ မရှိ ဘာမှ မေးမရတော.တာအခါ
အရာရာ ဟာ ကွယ်ပျောက်သွားမှာလား ဆိုတာ
တကယ်တော. တစ်ထောင်.တည ပုံပြင်လိုပါဘဲဗျာ
ကဗျာဖတ်ပြီး နောက်ဆုံးမှာ စဉ်းစား စရာကိုနက်နက်
နဲနဲ ပေးပြီး အဆုံးသတ်ထားတယ် ... အကိုမေး
ထားတာ တွေက တကယ်. နက်နဲ ခြင်း ပုစ္စာ နောက်
က ဖြေရှင်းဖို.မရှိတဲ. အဘိဓာန်ပေမဲ. ကိုလိုရာဖြေ
ကြမယ်ဆိုလည်း မမှားဘူးလို.ဘဲ ပြောရတော.မယ်အကိုရေ
တကယ်ကို ရေဆေး ပီသတယ်ဗျာ...အများကြီးကို တွေး
မိသွားစေပါတယ် ဗျာ... အားပေးလျက်...
အရမ်း ကောင်းတယ် ဆက်ကြိုးစားနော်
ReplyDeleteထာဝရ
ပွင့်ဖြူ
တွေးစရာတွေ အများကြီးသယ်သွားပြီ။
ReplyDeleteတန်ဖိုးရှိတဲ့ ကဗျာလေးအတွက် ကိုချမ်းရေ ကျေးဇူးကမ္ဘာ။
အဲလောက် ဥာဏ်မမှီဘူးဗျာ
ReplyDeleteအသက်ရှင်သန်မှုအတွက်ဘဝဆိုတာအနှစ်သာရတစ်ခုလား။
ReplyDeleteရှင်သန်ခြင်းတစ်ခုလား။အာဟာရတစ်ခုလား။ဖန်ဆင်းခြင်းတစ်ခုလား။
ကဗျာကောင်းလေးတစ်ပုဒ်ပါ။ အဓိပ္ပါယ်အများကြီးရှိပါတယ်။ ခံစားပြီးတော့ ဖတ်သွားပါတယ်နော်။
ရေဆေးကာလာတဲ့လား အကို
ReplyDeleteရေဆေးက ရေစီးကြောင်းအလိုက် စီးသွားသလိုမျိုး
ဒီကဗျာလေးကလဲ စိတ်ကူးသလောက် တွေးတောမိသွားတယ်
ကဗျာကောင်းလေးနဲ့အတူ တွေးတောမှုလေးတွေပါ သယ်သွားပါတယ်ဗျို့
နေ့ခင်းကတင် အဲ့ဒီ ငြိမ်ငြိမ်လေးတွေးနေမိတဲ့ အကြောင်းကို စာတပုဒ်ရေးဖြစ်သေးတယ်
အခုတလော အတွေးတွေတူနေကြတယ် ထင်ရဲ့ :P
မိုက်တယ်ဗျာ။
ReplyDeleteကဗျာလေးရော ပန်းချီလေးရော။ အတော်ကို မိုက်တာ။ လန်းတယ်ဗျာ။
ကဗျာလေးတွေကို ပုံလေးတွေနဲ့ တွဲတွဲပြီး ရေးလေ့ရှိတဲ့
ReplyDeleteကိုချမ်း...
ဒီဇိုင်း ကလည်း လန်း..
ကဗျာ ကလည်း လန်း...
မပွင့် လိုပဲ မန့်တော့မယ်
အရမ်းကောင်းတယ် ဆက်ကြိုးစားနော်...
ထာဝရ
ကြယ်ဖြူ
ဟဲ..ဟဲ..
ပျော်ပါစေခင်ဗျ
ကွန်ပျူတာနဲ့ ပတ်သက်လို့ နားပူနားဆာ လုပ်တိုင်း စိတ်ရှည်ရှည် ကူညီတဲ့မိတ်ဆွေ IT ဆရာကို အထူးကျေးဇူးနော...
နောက်လည်း လုပ်ဦးမယ်..း )
ဗလာနတ္ထိနဲ့ ဘာကိုမှ
ReplyDeleteမရနိုင်တော့ဘူး ဆိုရင်ကော?
တိတ်တိတ်လေးတွေး
ဆိတ်ဆိတ်လေးဆွေး
အေးအေးလေးငေးပြီး
အမှောင်ကွယ်ရာချောင်တချောင်မှာ
တိုးတိုးလေးနဲ့ ငုပ်လျှိုးပြောက်ကွယ်သွားတော့မယ်။။။
ကိုချမ်းရေ
အဲဒီစာသားလေးကို ကြိုက်တယ်...
ကဗျာလေးကလဲ အနှစ်ရှိတယ်...
ကိုချမ်းအတွေးလေးတွေကလဲ အရမ်းလန်းတယ်..
နှင်း