Thursday, March 14, 2013

NLD ၏ လက်ပံတောင်းတောင်အရေး ပါဝင်ပတ်သက်မှု


 နိုဝင်ဘာ (၂၃) ရက်နေ့မှာ  NLD ပုလဲမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် (မုံရွာသို့သွားရောက်ပြီး မသွဲ့သွဲ့ဝင်းတို့အား လွတ်မြောက်ရန် ကြိုးစားခဲ့သူ) က လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းခဲ့ပါတယ်..။

လက်ရှိလုပ်ဆောင်နေသော  လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အကျိုးသက်ရောက်မှုအပေါ် လွတ်လပ်သော နိုင်ငံတော်အဆင့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းစစ်ဆေးရန် အရေးကြီးအဆို ..။

စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် သတ္တုသိုက်များတွင် ၁၉၇၂-၇၄ ခုနှစ်အတွင်း ဂျပန်အစိုးရ၏ အကူအညီဖြင့် တိုင်းတာချက်အရ ကြေးနီ ၀ ဒသမ ၈၄ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန် ၉၄ သန်းခန့်ရှိကြောင်း၊ လက်ပံတောင် ကြေးနီသတ္တုသိုက်တွင် ၂၀၀၇ ခုနှစ်က မြန်မာ-အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ ကြေးနီလီမိတက်က ထုတ်ပြန်သော တိုင်းတာခန့်မှန်း တွက်ချက်မှုများအရ ကြေးနီ ၀ ဒသမ ၃၈ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန်စုစုပေါင်း ၁၄၇၈ သန်းခန့် ရှိနိုင်ကြောင်းနှင့် သေချာသော ကြေးနီပမာဏ ၀ ဒသမ ၄၄ ရာခိုင်နှုန်းပါဝင်သော ကြေးနီသတ္တုရိုင်း တန်ချိန်စုစုပေါင်း ၅၇၇ သန်းခန့်ရှိကြောင်း၊
စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင်တို့တွင် စီးပွားဖြစ်ကြေးနီထုတ်လုပ်မှုကို ၁၉၉၆ ခုနှစ်တွင် အိုင်ဗင်ဟို သတ္တုတွင်းကုမ္မဏီနှင့် သတ္တုတွင်းဝန်ကြီးဌာန အမှတ်(၁) သတ္တုတွင်းလုပ်ငန်းတို့ ဆတူ (၅၀/၅၀) ပိုင်ဆိုင်သော မြန်မာအိုင်ဗင်ဟို ကော့ပါးကုမ္ပဏီလီမိတက်ကို ထူထောင်ပြီး စတင်ခဲ့ကြောင်း။
၂၀၁၀ ပြည့်နှစ် အစပိုင်းတွင် တရုတ်နိုင်ငံမှ China North Industries Corp (NORINCO) (စစ်လက်နက်ကုမဏီ) က မုံရွာကြေးနီစီမံကိန်းကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း ကြေညာပြီး သဘောတူလက်မှတ် ထိုးခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အမှတ် (၁) သတ္တုတွင်းဝန်ကြီးဌာနက ပိုင်ဆိုင်သော အစုရှယ်ရာ ၅၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်သို့ လည်းကောင်း၊ အိုင်ဗင်ဟိုက ပိုင်ဆိုင်သော အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို (NORINCO) လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်သော ၀မ်ဘိုကုမ္ပဏီသို့ လည်းကောင်း လွှဲပြောင်းခဲ့ကြောင်း။
ထို့နောက် လုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့ရာ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် ကြေးနီသတ္တုစင်များ စတင်ထွက်ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် သြဂုတ်လအထိ ၁၉၁၂၉ ဒသမ ၈၆၉ တန် (အမေရိကန်ဒေါ်လာ ၁၅၃ သန်းဖိုး ခန့်) ထုတ်လုပ်ပြီးဖြစ်ကြောင်း။

လက်ပံတောင်းတောင် စီမံကိန်းတွင် စမ်းသပ်တိုင်းတာမှု လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီး တည်ဆောက်ရေး လုပ်ငန်းများ၊ အပေါ်ယံမြေသား ဖယ်ရှားခြင်း၊ စွန့်ပစ်မြေ စုပုံခြင်းနှင့် တောင်ပတ်လမ်းများ ဖောက်လုပ်ခြင်း လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေကြောင်း ။
Myanmar Yang TSE Copper Ltd (MYTCL) က စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၉၆ ဒသမ ၃၃၇ သန်းနှင့် Myanmar wanbao Mining Copper Ltd (MWMCL) က လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၉၇ သန်းကို ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံသွားဟု ကုမ္ပဏီများက ပြောကြားကြောင်း၊ မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်က အဆိုပါကုမ္ပဏီများနှင့် ထုတ်လုပ်မှုခွဲဝေခြင်း စနစ်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ သည်ဟု သိရကြောင်း ။
သတ္တုတွင်းဝန်ကြီးဌာနက မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်သို့ စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)နှင့် ကြေးစင်တောင် ကြေးနီသတ္တုတွင်းလုပ်ငန်းအတွက် ထုတ်လုပ်ခွင့်ပြုကာလ ၂၅ နှစ်၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းလုပ်ငန်းအတွက် သတ္တုတွင်းထူထောင်မှုကာလ သုံးနှစ်နှစ်နှင့် ထုတ်လုပ်ခွင့်ပြုကာလ ၂၅ နှစ် စုစုပေါင်း ၂၈ နှစ် ထုတ်လုပ်ခွင့် ပြုထားကြောင်းလည်း ပြောကြားခဲ့ပါသည်။

အဆိုပါ သတ္တုတွင်းလုပ်ငန်းများအတွက် ယခင်က စံပယ်တောင်၊ စံပယ်တောင် (တောင်ဖက်)၊ ကြေးစင်တောင် ကြေးနီသတ္တုတွင်းအတွက် စုစုပေါင်း မြေဧရိယာ ၆၂၅၃ ဒသမ ၀၄ ဧက (၂၅ ဒသမ ၃၀၆ စတုရန်းကီလိုမီတာ- သုံးမိုင်ပတ်လည် စွန်းစွန်း) ကို သိမ်းယူထားခဲ့ကြောင်း၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းအတွက် ထပ်မံသိမ်းယူသော စုစုပေါင်းမြေဧရိယာမှာ ၇၈၆၇ ဧက (၃၂ ဒသမ ၁၆ စတုရန်းကီလိုမီတာ -သုံးမိုင်ခွဲ ပတ်လည်) ရှိကြောင်းနှင့် ၎င်းမြေများပေါ်တွင် တည်ဆောက်ရေးလုပ်ငန်းများ စွန့်ပစ်မြေ စုပုံမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း။
ယင်းဧရိယာအတွင်းရှိ ကျေးရွာများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများမှာ ရွှေ့ပြောင်းခံရပြီး ဒေသခံ တောင်သူလယ်သမားများ၏ နှစ်ရှည်ပင်များကို ခုတ်လှဲဈေးဖြင့်လည်းကောင်း၊ လယ်ယာမြေများကို တစ်ဧကအပေါ် ပျမ်းမျှသီးနှံအထွက်နှုန်း၏ သုံးဆလျော်ကြေးသာပေး၍ သိမ်းယူခဲ့ကြောင်း။
“သိမ်းယူမြေများပေါ်တွင် ဘိုးစဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသော ဒေသခံ တောင်သူလယ်သမားတို့မှာ မိမိတို့နားလည်သည့် သုံးနှစ်စာသီးနှံ လျော်ကြေးဟူသော ငွေကြေးနှင့် မိမိတို့ရပ်ရွာကို စွန့်ခွာရမည့် အန္တရာယ်၊ မိမိတို့နှစ်လများစွာ ဖက်တွယ်လုပ်ကိုင် စားသောက်လာခဲ့သော လယ်ယာမြေများကို စွန့်လွှတ်၍ အသက်မွေးဝမ်းကျောင်းဘ၀ နှစ်ရှည်လများ ဖက်တွယ်လုပ်ကိုင် စားသောက်လာခဲ့သော လယ်ယာမြေများကို စွန့်လွှတ်၍  အသက်မွေးဝမ်းကျောင်းဘ၀ ပျက်စီးရမည့် အန္တရာယ်၊ ရိုးရာဓလေ့ နေထိုင်မှု၊ ကိုး ကွယ်မှုများထိခိုက်ရမည့် အန္တရာယ်၊ သတ္တုသန့်စင်လုပ်ငန်းကြောင့် ကြုံ တွေ့နိုင်သည့် ကျန်းမာရေးအန္တရာယ် တို့ကို လဲလှယ်ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရပါကြောင်း၊ လိုအပ်ချက် များကို ဖြည့်ဆည်းမပေး ခြင်းအပြင် တာဝန်မဲ့စွာဆောင်ရွက်ထားသည်ဟု ကန့်ကွက်မှုများရှိနေခြင်းဖြစ်ကြောင်း။

လက်ပံတောင်းတောင် ၀န်းကျင်ဒေသခံ ပြည်သူများမှာ ယခင်စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းမှ အတွေ့အကြုံများနှင့် လက်ရှိကြုံတွေ့နေရမှုများအပေါ် မူတည်၍ ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်နေကြခြင်း ဖြစ်ကြောင်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပါအ၀င် ယင်းစီမံကိန်းများ၏ လူမှုပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု၊ နိုင်ငံတော်၏ အကျိုးစီးပွားတို့နှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးနိုင်ရေးအတွက် အဆိုကိုတင်သွင်းရခြင်း ဖြစ်ကြောင်းလို့ ပြောခဲ့ပါတယ်..။

အဲဒီဆိုဟာ  NLD ရဲ့ လက်ပတောင်းကိစ္စကို လွှတ်တော်ထဲမှာ ရဲရဲဝံ့ဝံ့ ချပြခဲ့တဲ့ အဆိုဖြစ်ခဲ့သလို..လက်ပံတောင်းတောင်ကိစ္စကို ထဲထဲဝင်ဝင် လေ့လာမှုပြုထားတယ်ဆိုတာ ခိုင်မာစေတဲ့ အဆိုဖြစ်ပါတယ်..။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်ကိုယ်တိုင် လာရောက် ရှင်းလင်းဆွေးနွေးခဲ့ရတဲ့အထိ အကျိုးသက်ရောက်မှုရှိလှပါတယ်..။

ထူးခြားတာက ကာကွယ်ရေးဝန်ကြီးဟာ အရေးကြီးအဆို (ချက်ချင်း ရုတ်တရက်တင်လိုက်တဲ့အဆို) ကို Powerpoint persentations နဲ့ Projector အကိုးအကားများဖြင့် (လွှတ်တော်ထဲ တချိန်မှာ ရောက်လာမည်မှန်းသိသဖြင့် ကြိုတင်ပြင်ဆင်ထားသကဲ့သို့) စနစ်တကျ ပြန်လည်ဆွေးနွေးသွားတာပဲဖြစ်ပါတယ်. ..။

ဒါပေမယ့် ဒေါ်ခင်စန်းလှိုင်ရဲ့ အဆိုက ထောင့်စေ့လှတဲ့အတွက် ကာကွယ်ရေးဝန်ကြီးက မကန့်ကွက်ခဲ့ပါဘူး..။ အဲဒါကြောင့် အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်..။

စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးရင် စစ်ဆေးဖို့အတွက် စီမံကိန်းကို ခဏရပ်နားထားရမှာဖြစ်သလို သပိတ်စခန်းတွေကိုလည်း ရုတ်သိမ်းရမှာဖြစ်ပါတယ်..။ အဲဒီမှာ ပြဿနာရှိလာပါတယ်..။ သပိတ်တိုက်ပွဲက ပိုမို ကြီးထွားလာပါတယ်..။ နိုဝင်ဘာ ၂၇ ရက်နေ့မှာ သပိတ်စခန်းတွေ နောက်ဆုံးထာဖယ်ရှားဖို့ အစိုးရက ကြေညာပါတယ်..။

နိုဝင်ဘာ ၂၈ ရက်နေ့မှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း လာရောက်ပါတယ်..။ မသွဲ့သွှဲု့ဝင်းအပါအ၀င် ဒေသခံများနဲ့ စကား အခြေအတင်ဖြစ်ပါတယ်..။ ပြန်သွားပါတယ်...။ နောက်နေ့ နေမထွက်ခင် သံဃာတော်အများစုသာ သီတင်းသုံးတဲ့ သပိတ်စခန်းများကို မီးလောင်တိုက်သွင်းပါတယ်..။

အဲဒီမှာ လေ့လာမိတာက .. ဦးအောင်မင်းနဲ့ စကားပြောဖို့အတွက် ... အတွေ့အကြုံရင့်ကျက်သော အခြား ခေါင်းဆောင် တစ်ယောက်မှ မရှိဘူးလား ဆိုသော မေးခွန်းဖြစ်ပါတယ်..။ performance ပြပေးသူတွေ၊ ခေါင်းစဉ်တပ် ကဗျာဖွဲ့ပေးသူတွေ ဘယ်ရောက်နေကြပါသလဲ..။ ဒေသခံများဖြစ်ချင်သော ဆန္ဒများကို အထောက်အထားတိတိကျကျဖြင့် သမ္မတနားပေါက်မည့်သူအား ပြောကြားရန်အတွက် အကြံပေးသူ၊ ဦးဆောင်သူတွေ ဘာ့ကြောင့် ရှေ့တန်းထွက်မလာကြသနည်း...။ လူကြားထဲ  စကားဖြင့် အဆော်ခံ အတီးခံရသဖြင့် မျက်နှာအီးမှန်သွားသော ထိုဘိုးတော်မှ မတုန့်ပြန်ဟု .. မည်သူအာမခံမည်နည်း....။

လက်ပံတောင်းတောင် အရေးအခင်းအပြီးမှာ စုံစမ်းရေးကော်မရှင်ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်လိုက်ပါတယ်..။ ကျွန်တော် ယခင် note မှာ ရေးခဲ့သလိုပါပဲ .. တနည်းအားဖြင့် ခေါင်းတည် ပေးခြင်းလို့ ပြောလို့ရပါတယ်..။ ဒေါ်စုအတွက် အကြီးမားဆုံးစိန်ခေါ်မှုပါပဲ.။

နောက်တစ်နေ့ မီးလောင်လူနာကိုသွားကြည့်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မုံရွာ ဇက်ဆိပ်သောင်ပြင်မှာ ပြောခဲ့တဲ့စကားရှိပါတယ်..။


မုံရွာကို ယခင်က ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်

အာဏာရှင်လက်ထက်က ပြည်သူ့ဆန္ဒမပါဘဲပေးထားတဲ့ ကတိတွေကို တည်ဖို့လိုသလားမေးမယ်ဆိုရင် နိုင်ငံတကာမှာ ပြန်ကြည့်ပါမယ် နှစ်နိုင်ငံသဘောတူညီချက်တွေကို လေးစားရပါမယ် ပြည်သူ့ဆန္ဒမပါပဲ လုပ်ထားတဲ့ဟာတွေဆိုရင်လဲ တချို့ဟာတွေကို လိုက်နာရပါမယ် ငါတို့ဆန္ဒမပါလို့ ငါမလေးစားဘူး မရပါဘူး ဟိုဖက် ဒီဘက်ကိုကြည့်ရပါမယ်။ ကျမတို့ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့အဆင်ပြေအောင် နေတတ်ရပါမယ် အားလုံးနဲ့အဆင်ပြေအောင်နေတတ်ရပါမယ် အဆင်မပြေရင်ညှိုနှိုင်းရမယ် ဒါမှ နိုင်ငံကြီးပီသပါမယ် အိမ်နီးချင်းနိုင်ငံနဲ့မတည့်လို့နိုင်ငံရွေ့သွားလို့မရပါဘူး ကမ္ဘာတည်သရွေ့ ဒီလူတွေနဲ့နေရမှာဖြစ်တဲ့အတွက် လက်တွေ့ကျကျကြည့်ဖို့လိုပါတယ်။

ဒီပြသနာဖြေရှင်းဖို့ ဘယ်လိုသဘောတူညီချက်တွေနဲ့လုပ်ခဲ့တယ်ဆိုတာကျမတို့ပြည်သူတွေသိရပါမယ်။ ဒါပေါ်မှာအခြေခံပြီးမှမျှတအောင် အပေးအယူလုပ်ဖို့စဉ်းစားရပါမယ် ခုချိန်မှာကုမ္မဏိဘက်ကလည်း ဆွေးနွေးညှိုနှိုင်းချင်တဲ့စိတ်ရှိလာပါတယ် သူများလက်ကမ်းလာရင်ကျမတို့ဘက်ကလည်းလက်ပြန်ကမ်းရပါမယ် စိတ်ကောက်နေလို့မရပါဘူး ရေရှည်ကိုကြည့်ရပါမယ် ကျမကိုတချို့ကဒီစီမံကိန်းလုံးဝရပ်အောင်လုပ်ပေးဖို့ တောင်းဆိုပါတယ် ကျမမှာဒါကိုလုပ်ပေးနိုင်တဲ့အခြေမရှိပါဘူး စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ စုံစမ်းထားတဲ့ အဖြေပေါ်မှာ အခြေခံပြီးအကောင်းဆုံး ဆုံးဖြတ်ချက်ချသင့်တယ်လို့ထင်ပါတယ် အပေးးအးယူလုပ်တဲ့နည်းသာလျင် ယဉ်ကျေးတဲ့နည်းနဲ့ ဖြေရှင်းခြင်းဖြစ်ပါတယ် ကိုယ်နဲ့မတည့်တဲ့သူကို မီးဗုံးနဲ့ပစ်တာ သေနတ်နဲ့ပစ်တာမျိုးတော့ မရပါဘူး။

မနေ့မနက်က သံဃာတော်တွေကို ကြမ်းကြမ်းတမ်းတမ်း နိုမ်နင်းတယ်လို့သိရပါတယ် ကျမ သက်ဆိုင်ရာနဲ့ တွေ့ပါတယ် ဘာကြောင့် ဒီလောက်ကြမ်းကြမ်းတမ်းတမ်းဖြေရှင်းရတာလဲလို့ ပြည်သူအနေနဲ့မေးပိုင်ခွင့်ရှိပါတယ် ဒီလောက်ကြမ်းကြမ်းတမ်းတမ်းရှင်းဖို့လုံးဝမလိုအပ်ပါဘူး မနေ့ကဆေးရုံမှာ သွားကြည့်ပါတယ် ကျမနဲ့တွေ့တဲ့ ရွာသူရဲ့ကိုယ်ပေါ်မှာလည်း မီးလောင်ဒဏ်ရာတွေတွေ့ခဲ့ပါတယ်....။

အဲဒီလိုပြောခဲ့ပြီးနောက်ပိုင်း ၂၀၁၃  မတ်လမှာ  ဒေါ်အောင်ဆန်းစုကြည်ဟာ ယခုလို စနစ်ကျ ပြည့်စုံလှတဲ့ အစီရင်ခံစာကို ကော်မရှင်အဖွဲ့ဝင်များနဲ့အတူ ပြုစုခဲ့ပါတယ်..။ ရုတ်တရက်ကြည့်ရင် ဝေ့နေတယ်ထင်ရပေမယ့် တကယ်တမ်းတော့ ဒီအစီရင်ခံစာဟာ စီမံကိန်းကို ပြင်ဆင်ပြီး ဆက်လုပ်ဖို့ အကြံပြုထားပါတယ်..။ တကယ်တမ်း ပြင်ဆင်မယ်ဆိုရင် ဦးပိုင်နဲ့ ၀မ်ပေါင်ဘက်က ပေးဆပ်မှုတွေ များပြားပြီး ရွာသားတွေအတွက် အကျိုးခံစားခွင့်တွေရလာမှာဖြစ်ပါတယ်..။ ၄င်းတို့ဘက်မှ ကော်မရှင်အကြံပြုချက်များကို တိကျစွာ မဆောင်ရွက်နိုင်လျှင် ပြဿနာ ပိုမိုကြီးထွားလာမှာဖြစ်ပါတယ်..။



=====================================================================================

နိုင်ငံရေးလုပ်ကြံမှု

အခု ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းဒေသက ရွာတွေကို စည်းရုံးရေး ဆင်းနေချိန်မှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်တွေဟာ နိုင်ငံရေးလုပ်ကြံမှုလောဟု သုံးသပ်ကြည့်ပါ့မယ်... ။

ပထမဆုံး စဉ်းစားမိတာက ...
၈၈ မျိုးဆက်တွေကို မနှစ်က စက်တင်ဘာလက ဦးနှမ်းဖြူး လို့ လက်ပံတောင်ဒဒေသမှာ အခေါင်းသွင်း သရုပ်ပြ သဂြိုဟ်ခဲ့တဲ့ ကိစ္စဟာ ပေါ့သေးသေးမဟုတ်ပါဘူး..။

နောက်တစ်ချက်က စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ အဆို လွှတ်တော်မှာ နိုဝင်ဘာ (၂၃) မှာ တင်တယ်..။ နိုဝင်ဘာ ၂၆ ရက်နေ့မှာ  ဒေါ်နော်အုန်းလှတို့ လက်ပံတောင်းတောင်အရေး ဆန္ဒပြလို့ အဖမ်းခံရတယ်..။ ဟန်ဝင်းအောင်အပါအ၀င် လူအချို့ မပါပါဘူး..။ ဒေါ်နော်အုန်းလှတို့ကိုဖမ်းစဉ်က သတင်းတွေထွက်ခဲ့တာက ဖမ်းတုန်းက ပုဒ်မ(၁၈) ၊ ရုံးတင် တရားစွဲတော့ ပုဒ်မ (၅၀၅-ခ)-အာမခံပေးလို့မရတဲ့ပုဒ်မ၊ ဒီဇင်ဘာ (၁၁) မှာ ၄င်းတို့ ပြန်လွတ်လာတော့ ကိုယ်တိုင်ခံဝန်ချက် (အာမခံ) နဲ့လို့ သိရပါတယ်...။ အဲဒီလို လွတ်လာပြီး နောက်တစ်ရက် နှစ်ရက်အတွင်းမှာ ပဲ ပြန် ဆန္ဒပြပါတယ်..။

 
ဒေါ်နော်အုန်းလှတို့ အပေါင်းပါများ..။


၎င်းတို့လွတ်လာပြီးနောက်ပိုင်းမှာ ကော်မရှင်ကို မယုံဘူးဆိုတဲ့အသံတွေ ကြားလာရပါတယ်..။ သပိတ်စခန်းတွေ ပြန်ဖွင့်တယ်ဆိုတာတွေကြားလာရပါတယ်..။ ကော်မရှင်ရဲ့ အစီရင်ခံစာ ထွက်ချိန် တောင်ကြည့်ပွဲတွေ.. တောင်သိမ်းပွဲတွေ အင်အားသုံးဆန္ဒပြတာတွေ များလာပါတယ်.. ။ အဲဒီတော့ .. ဆိုလိုချင်တာက ဒေသခံတွေကို Guide လုပ်နေသူတွေအနေနဲ့ အစီရင်ခံစာကို အစကတည်းက အရေးစိုက်မှု မရှိဘူးဆိုတာ ပေါ်လွင်လာပါတယ်..။ ၄င်းတို့တွေ အစီရင်ခံစာ ထွက်မလာခင်မှာ ရန်ကုန်မှာ အစီရင်ခံစာကို ဆန္ဒပြဖို့ ခွင့်ပြုမိန့် ကြိုတင်ယူထားတာလည်း ပေါ့သေးသေးမဟုတ်သလို အဲဒီခွင့်ပြုမိန့်ကို သက်ဆိုင်ရာက ခွင့်ပြုပေးလိုက်ဟာလည်း ပေါ့သေးသေးမဟုတ်ဘူး..။

အစီရင်ခံစာ ထွက်လာချိန် ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းကိုလာပြီး အစီရင်ခံစာပါအချက်တွေကို ရှင်းပြဖို့ ကြိုးစားတယ်..။ အဲဒီအချိန်မှာ ဖြစ်သင့်တာက ၄င်းတို့ ဆန္ဒပြခေါင်းဆောင်တွေက နေရာတစ်ခုမှာ အတိအကျ ချိန်းပြီး  ဒေါ်အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်း၊ လိုအပ်ချက်ကို ရှင်းပြ၊ အားနည်းချက် အားသာချက်တွေ ထောက်ပြ၊ မကျေနပ်ရင် မကျေနပ်ကြောင်း ဆွေးနွေးရမယ့် ကိစ္စမလုပ်ပဲ ရွာလူထုနဲ့ ထိပ်တိုက်တွေ့ပေးလိုက်တယ်..။ အဲဒီတော့ ရွာလူထုက မိမိတို့ ခံစားချက်တွေ ပေါက်ကွဲလိုက်တယ်..။

အမှန်ဆို ၄င်းတို့က ခေါင်းဆောင်ပီပီ ရှေ့မှာ တာဝန်မယူပဲ ရည်ရွယ်ချက်ရှိရှိ ရွာနဲ့ လွှတ်ပေးလိုက်တာဖြစ်တယ်လို့ ယူဆပါတယ်..။  တနည်းအားဖြင့်ပြောရရင် ကမ္ဘာ့မီဒီယာအလယ်မှာ ဒေါ်စုကို ဒေါသတကြီး တုန့်ပြန်နေကြတဲ့ပုံတွေကို ပါချင်ပုံရပါတယ်..။

နောက်တစ်ချက်က အစီရင်ခံစာကိစ္စ..။ အစီရင်ခံစာကို ၄င်းတို့လည်း သေချာစွာဖတ်မည်မဟုတ်သလို ရွာသားများကိုလည်း ရှင်းပြမည်မဟုတ်ပါ..။ ထူးခြားတာက ဘယ်ပြည်ပ မီဒီယာကမှ ရွာသားတွေ အစီရင်ခံစာ မဖတ်ကြကြောင်း အထူးပြုဖော်ပြခြင်းများ မပြုလုပ်ကြပါ..။
ဗီဒီယိုဖိုင်များတွင် အစီရင်ခံစာ ဖတ်ပြီလားဟု ဒေါ်စု မေးသည်ကို ဖြေသော လူငယ်မှာ ရန်ကုန်မှဖြစ်ကြောင်းသိရသဖြင့် အံ့သြမိပါတယ်..။
အဲဒီတော့ မေးစရာ ရှိလာပါတယ်...။

ဒေါ်အောင်ဆန်းစုကြည့်နှင့်အတူ ရွာတွင်းသို့ လိုက်ပါသွားသော .. အဆိုတော် လင်းလင်းရဲ့ အတွေ့အကြုံကိုလည်း လေ့လာစေချင်ပါတယ်..။
ဆည်တည်း ရွာတွင် အမေနဲ့  လုံခြုံရေး ၅ ယောက်ဘဲ ခွင့်ပြု မယ်ဟုပြောသောကြောင့် ကျွန်တော်ရယ် လုံခြုံရေးအဖွဲ့ မှ ကိုဆန်နီ၊ကိုဘန်နီ၊ကိုမောင်
မောင်ဦး၊ ကိုစိုးဝင်း တို့ အမေ နဲ့  အတူဝင်ရောက်သွားရာတွင် ရွာသူတဦးရုတ်တရက် သေဆုံး ပြီဟု ဆိုကာ အမေနှင့် လုံခြုံရေး အဖွဲ့ အား လွယ်အိတ်ထဲမှ ဓားတိုများကိုင်ပြီး လူစု၍ ခင်များတို့ အကုန်လုံးကို သွေးစွန်း တော့မယ်၊ အပြတ်ရှင်းတော့မယ် ဟုကျွန်တော့်အနား ကပ်လာ ပြီးခြိမ်းခြောက်သူ၊ Internet ပေါ်တွင်ပျံ့ နှံ့ နေသည့်
သွေးထိုးလှုံ့ ဆော်သူ သံသယဖြစ်ဖွယ် လူစာရင်းထဲမှ နာမည်ကြီး ခေါင်းဆောင် တဦး၏ အစွယ်အပွားတဦးပါ၊

https://www.facebook.com/photo.php?fbid=175874562561539&set=a.100837463398583.1422.100004169881362&type=1&relevant_count=1





အထဲကို လူငါးယောက်သာ အ၀င်ခံပြီး နေပူထဲလမ်းလျှောက်ခိုင်းသော ဆန္ဒပြ ခေါင်းဆောင်များ၏ အမျှော်အမြင်ကိုလည်း သတိထားမိပါတယ်..။ တကယ်လို့ မတော်တဆ တစ်ခုခု ဖြစ်ခဲ့သော်.... အစားထိုးမရသော ဆုံးရှုံးမှုအဖြစ် တစ်နိုင်ငံလုံး၏အနာဂတ်နှင့် မိုင်သုံးဆယ်ဝန်းကျင်က လူဦးရေ/ သယံဇာတ များနှင့် အစားထိုးမရပေ..။


အဲဒီတော့ ယခု ဖြစ်စဉ်တွေကို သုံးသပ်ကြည့်ရင်..။

(၁) ခေါင်းရောင်းခဲ့တာဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ..။

(၂) ဒေါ်အောင်ဆန်းစုကြည်မလာခင် သံဃာတွေကို မီးလောင်အောင်လုပ်ခဲ့သူက လုပ်ခဲ့တယ်..။ လာမယ်ဆိုတာ သိရက်နဲ့ သပိတ်စခန်းမီးရှို့ပြီး တက်သိမ်းတာဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ..။

(၃) ချက်ချင်း စုံစမ်းရေးကော်မရှင် ဥက္ကဌ ခန့်တာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ..။

(၄) ဆန္ဒပြသူတွေကို  ထောင်ထဲက ထုတ်ပေးခဲ့တဲ့ သူတွေကို ၂၄ နာရီအတွင်း (အခေါင်းသွင်း နာမည်တပ်) ခါထုတ်လိုက်ခြင်း၊ နေပူထဲ လမ်းလျှောက်ခိုင်းခြင်းဟာလည်း နိုင်ငံရေးလုပ်ကြံမှုပဲ..။ (သက်ဆိုင်သူအမျိုးသမီးများ ရှက်တတ်ပါစ။ NLD ကျေးဇူး ၄င်းတို့ အပေါ်တွင်ရှိပါသည်..။)

(၅) ဒေါ်အောင်ဆန်းစုကြည်ကို ဒေါသထွက်နေတဲ့ ရွာလူ ထုနဲ့ ထိပ်တိုက်တွေ့ပေးတာဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ.။

(၆) ဒီဖြစ်စဉ်တွေကို ကမ္ဘာ့အလယ်မှာ ထင်ပေါ်စေအောင် ရည်ရွယ်ချက်ဖြင့် နှပ်ကျောင်းပေးနေခြင်းဟာလည်း နိုင်ငံရေးလုပ်ကြံမှုပါပဲ ..
ဟု သုံးသပ်ပါသည်..။

အဲဒီတော့က  NLD ၏ လက်ပံတောင်းတောင် စီမံကိန်းကို ဘယ်လောက်အထိ စိတ်ဝင်စားမှုရှိသည်ကို ဖော်ပြခဲ့ပြီးသလို ယခုဖြစ်စဉ်တွင် မည်သူတွေ ပါဝင်နေသည်ကို ရေးရေးလေး တွေးတတ်ရင် ဒီ Note ကို ဖတ်ရကျိုးနပ်ကြမည်ထင်ပါသည်..။

ဘာပဲပြောပြော

လက်ရှိအချိန်တွင်
ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ကြဖို့ လိုပါသည်..။

မည်သူမဆို share နိုင်ပါသည်..။

(ငရဲသား)


ကိုးကား
internet photos
7 days news journal
mizzima news
irrawaddy

လက်ပံတောင်းမှ ပဲ့တင်သံများ


အစီရင်ခံစာကိုဖတ်ပြီး လက်ပံတောင်းတောင်အကြောင်း ဆောင်းပါးရေးဖို့ မလိုတော့ဘူးလို့ စိတ်ကူးမိပေမယ့် မနေ့က ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သွားရောက်ချိန် ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်တွေကိုမြင်ကြားသိရတဲ့နောက်
ဒီဆောင်းပါးကို ရေးသားဖို့ စိတ်ကူးမိပါတယ်..။

ပထမဆောင်းပါးနှစ်ပုဒ်မှာ ..။

အပိုင်း(၁) လက်ပံတောင်းတောင်ဟာ .. မြစ်ဆုံလို မဟုတ်ကြောင်း .... အပေးအယူတွေ မဟာဗျူဟာတွေ ပါဝင်ပတ်သက်နေကြောင်း ဖော်ပြထားပြီးသားပါ...။ ဆန္ဒပြရုံနဲ့ မဖြစ်နိုင်ကြောင်း ဘက်စုံထောင့်စုံက အချိန်ယူရမှာဖြစ်ကြောင်းလည်း ရှင်းပြထားပါတယ်..။

အပိုင်း(၂) မှာ  ဒေါ်စုအနေနဲ့  ပြည်သူကိုချပြလို့မရတဲ့ ကိစ္စတချို့ကို တိတိကျကျ သိခွင့်ရှိခဲ့လို့ ဒီစီမံကိန်းကြီးဟာ ဆက်လက်လုပ်ကိုင်သင့်တယ်ဆိုရင်လည်း ... ပြည်သူ့ရဲ့အငြိုအငြင်ကို ခံရမှာဖြစ်သလို ဒီစီမံကိန်းကြီးကို ရပ်ဆိုင်းသင့်တယ်လို့ ပွင့်လင်းစွာစုံစမ်းဖော်ထုတ်နိုင်ပြန်ရင်လည်း undertable ကိစ္စများ၊ နောက်ပြန်လှည့်ချင်သူများရဲ့ ကြီးမားတဲ့ဖိအား/တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်..။ သေချာတာကတော့ အဲဒီသူတွေရဲ့နောက်ကွယ်မှာ အခြေခံဥပဒေဆိုတာကြီးက ရှိနေသလို မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့အစည်းကြီးကလည်း အခြေခံဥပဒေကို ကာကွယ်ထားတယ်ဆိုတာ.............။
 အားလုံးသဘောပေါက်ကြရင်ဖြင့် .......
ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြပြီး အခြေအနေကို ..စောင့်ကြည့်ကြပါစို့..........။

ဆိုပြီး ကျွန်တော် ရေးထားခဲ့ပါတယ်...။

======================================================================================================================
ဖြစ်စဉ်

အခုအချိန်မှာတော့ မကြာခင်ကဖြစ်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအသိုင်းအ၀ိုင်းတွေနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေ အနေအထားတွေကို  ပြန်သုံးသပ်ကြည့်မှာဖြစ်ပါတယ်..။

၂၀၁၂ စက်တင်ဘာလဆန်းမှာ လက်ပံတောင်းတောင်ဆန္ဒပြပွဲတွေမှာ နာမည်ရလာတဲ့ ဦးဆောင်အမျိုးသမီးသုံးယောက် ဖြစ်တဲ့ မအေးနက်၊ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းတို့ အပါအ၀င် ၁၂ ဦးဟာ ဖမ်းဆီးခံရပါတယ်..။ စက်တင်ဘာ ၁၂ ရက်နေ့မှာ ပုလဲမြို့နယ် NLD လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်နဲ့ ကိုဂျင်မီဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ဟာ မိမိ အစီအစဉ်နဲ့ ရောက်ရှိလာကြပြီး  ဒေသအာဏာပိုင်တွေနဲ့ သွားရောက်ညှိနှိုင်းခဲ့ပါတယ်..။  ၄င်းတို့ရဲ့  ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့် ပထမ ရွာသူကိုးယောက် ပြန်လွတ်လာပြီး စက်တင်ဘာ ၁၄ မှာ မသွဲ့သွဲ့ဝင်းတို့ သုံးယောက် ပြန်လွတ်လာပါတယ်..။


လွတ်မြောက်လာသည့် မသွဲ့သွဲ့ဝင်းတို့အား ကိုဂျင်မီ သွားရောက်ကြိုဆိုစဉ်

လွတ်မြောက်လာသည့် မသွဲ့သွဲ့ဝင်းတို့အား ကိုဂျင်မီ သွားရောက်ကြိုဆိုစဉ်


အဲဒီည ရွာသားတွေနဲ့ တွေ့ဆုံပွဲမှာ  ကိုဂျင်မီက က ဒေသခံများကို  ထိပ်တိုက်ရင်မဆိုင်ရန် နဲ့ ဒီစီမံကိန်းဟာ နိုင်ငံခြင်းပတ်သက်နေတဲ့ စီမံကိန်းဖြစ်တဲ့အတွက် ချက်ချင်း ရပ်တန့်လို့မရကြောင်းလည်း ဖျောင်းဖျပါတယ်...။
ဝက်မှေးရွာကို ဒုတိယအကြိမ် ရောက်ခဲ့ရပြီပါပြီ ။ လက်ပန်းတောင်းတောင်အ
ရေးကို ဆက်လက်တိုက်ပွဲဝင်ဘို့ ရွာသူ/သားတွေနဲ့ လက်တွဲပြီးအတူတူရှိနေ မှာပါလို့ ကိုဂျင်မီ ကဆိုခဲ့ပါသေးတယ်..။



ဒေါ်ခင်စန်းလိုင် လက်ပံတောင်းအရေးအတွက် မုံရွာသို့ လာရောက်စဉ်

NLD လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်ကလည်း လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း အရေးကိစ္စကို လွှတ်တော် ထဲမှာ ဆွေးနွေးဖို့နဲ့ ဆွေးနွေးနေစဉ် စီမံကိန်း ရပ်ဆိုင်းထားဖို့၊ ဖမ်းဆီးထားသူ အမျိုးသမီး သုံးဦးကို ပြန်လွှတ်ပေးဖို့နဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်နေ သူတွေကို နောက်ဆက်တွဲ အရေးယူမှုတွေ မလုပ်ဖို့ စတာတွေကို ဒေသခံတွေကိုယ်စား အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့ပါသေးတယ်၊



အဲဒီလို ဆောင်ရွက်ခဲ့ကြတာကြောင့် လက်ပံတောင်းတောင်ကို နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးအင်အားစုတွေက ပစ်မထားကြဘူးဆိုတာ လေ့လာလို့ရပါတယ်..။

ဒါပေမယ့်  
နောက်တစ်နေ့ စက်တင်ဘာ (၁၅) မှာ .. ၈၈ မျိုးဆက်အဖွဲ့ဟာ ဦးပိုင်လူ အသက် (၈၈) နှစ်၊ ဦးနှမ်းဖြူး(စေ့စပ်ညှိနှိုင်းရေးမှူးကြီး) အသက် (၈၈) နှစ်ဆိုတဲ့  အခေါင်းတွေနဲ့ အသုဘချတဲ့ပုံစံ သရုပ်ပြတာ ခံခဲ့ရပါတယ်..။ အကြောင်းပြချက်က ဒီစီမံကိန်းကို ချက်ချင်းမရပ်ဆိုင်းနိုင်၊ ထိပ်တိုက် ရင်ဆိုင်ဖို့ တားမြစ်တဲ့ အတွက် အစိုးရက ခိုင်းသဖြင့်လာခြင်းဟု ဆိုတာ အခေါင်းဖြင့် ဆန္ဒပြခြင်းပါ..။  
ူထူးခြားတာက မြန်မာလိုဖော်ပြတဲ့ ပြည်ပမီဒီယာအချို့က ၈၈ ရဲ့ ဆောင်ရွက်ချက်တွေကို မီးမောင်းထိုးမပြခဲ့သလို အခေါင်းနဲ့ သရုပ်ပြခဲ့တာကိုလည်း အကျယ်တ၀င့် မဖော်ပြခဲ့ပါဘူး...။







လာရောက်ညှိနှိုင်းပြီး ဒီ ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့အတွက် ကြိုးစားပေးခဲ့သူ..၊ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ကြိုဆိုခေါ်ယူပေးသူတွေဖြစ်တဲ့ ၈၈ မျိုးဆက်တွေကို တစ်ရက်အတွင်း.. ဒီလို အခေါင်းရိုက်ပြီး အမည်တပ် တုန့်ပြန်ခဲ့တဲ့အတွက် အဲဒီကတည်း သွေးရိုးသားရိုးမဟုတ်သော ထူးခြားချက်အဖြစ် သတိထားမိပါတယ်..။

အဲဒီဖြစ်စဉ်တွေနောက်ပိုင်းမှာ သပိတ်စခန်းတွေ တိုးချဲ့ဖွင့်ပါတယ်..။ သံဃာတွေ ရှေ့တန်းက ၀င်လာပါတယ်..။ တောင်ကြည့်ပွဲတွေ လုပ်လာပါတယ်...။ ရန်ကုန်က ဆန္ဒပြနေကျ အင်အားစုတွေ၊ အထက် ဗကသတွေ ပါဝင်လာပါတယ်..။ ဒေသခံတွေအတွက်တော့ ၀မ်းသာစရာပါ..။ ၀မ်းနည်းစရာကောင်းတာက ၈၈ ဟာ အဲဒီကတည်းက လက်ပံတောင်းတောင်ကိစ္စကို တိုက်ရိုက်စွက်ဖက်မှု မရှိတော့တာပဲဖြစ်ပါတယ်..။

နောက်ပိုင်းတော့ အားလုံးသိကြတဲ့အတိုင်းပဲ .. ဒေါ်အောင်ဆန်းစုကြည် မုံရွာမရောက်ခင် တစ်ရက်အလိုမှာ အစိုးရက သပိတ်စခန်းကို မီးလောင်တိုက်သွင်းခဲ့တဲ့အတွက် သံဃာအများပြား ဒဏ်ရာရ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့တဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှုကြီး ဖြစ်ပေါ်ခဲ့ပါတယ်..။

ရက်စွဲအရ ဆိုရင်..။

၂၀၁၂ ခုနှစ် သြဂုတ်လ
အသိမ်းခံမြေများပေါ်တွင် မကျူးကျော်ရ ဆိုင်းဘုတ်များစိုက်ထူ

စက်တင်ဘာ ၅ ရက်
ဒေသခံရွာသားများ ညောင်ပင်ကြီး-ယင်းမာပင်-ပုလဲလမ်းဆုံအနီးတွင် ဆနထုတ်ဖော်

စက်တင်ဘာ ၁၀ ရက်  
စီမံကိန်းများ ရပ်တန့်ရန်အတွက် ဒေသခံများ မုံရွာမြို့သို့ သွားရောက်ဝတ်ပြုဆုတောင်းစဉ် မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်းနှင့် မအေးနက်တို့ အပါအ၀င် ၁၂ ဦး ဖမ်းဆီးခံရပြီးနောက် ပြန်လွှတ်ပေးခဲ့

စက်တင်ဘာ ၃၀ ရက်  
မသွဲ့သွဲ့ဝင်း ဦးဆောင်သော ဒေသခံအချို့ ရန်ကုန်မြို့တွင် လာရောက်၍ လက်ပံတောင်းတောင် ကာကွယ်ထိန်းသိမ်းရေးနှင့် နှီးနှောဖလှယ်ပွဲ လာရောက်ကျင်းပ

နိုဝင်ဘာ ၁၇ ရက်
သပိတ်စခန်းများစတင်ဖွင့်

နိုဝင်ဘာ ၁၉ ရက်
အထွေထွေသပိတ်ကြီးစတင်ဖွင့်

နိုဝင်ဘာ ၂၃ ရက်
လက်ပံတောင်းတောင် စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရန် လွှတ်တော်မှ အတည်ပြု

နိုဝင်ဘာ ၂၅ ရက်
ကော်မရှင်လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဆနထုတ်ဖော်သူအားလုံး သပိတ်စခန်းများမှ ဖယ်ရှားရန်ကြေညာ

နိုဝင်ဘာ ၂၉ ရက်
လုံခြုံရေးတပ်ဖွဲ့ဝင်များက သပိတ်စခန်းများကို ၀င်ရောက်ဖြိုခွဲ၊ သံဃာတော်များ မီးလောင်ဒဏ်ရာရ..။

နိုဝင်ဘာ ၂၉ ရက်
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိ

ဒီဇင်ဘာ ၁ ရက်
စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အဖွဲ့ဝင် ၃၀ ဖြင့် ဖွဲ့စည်း

ဒီဇင်ဘာ ၃ ရက်
အဖွဲ့ဝင် ၁၆ ဦးဖြင့် ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်း

အမေစု လက်ပံတောင်းတောင် မိန့်ခွန်း

Daw Aung San Suu Kyi Speech Lat Pa Daung Taung Case (13.03.2013)

Friday, March 1, 2013

မငြိမ်းချမ်းသော ဒေသများအတွက် ငြိမ်းချမ်းရေးခရီးစဉ်

ကျွန်မတို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ လူမှုရေးအကျိုးဆောင် မောင်နှမ သုံးဦး အောက်တိုဘာ ၂၀ ရက်နေ့မှ နိုဝင်ဘာ ၂၈ ရက်အထိ ရက်ပေါင်း ၄၀ ကြာ အမေရိကား ခရီးစဉ်ကလေးက အမှတ်တရပါပဲ။ နိုင်ငံကျော်များဖြစ်ကြတဲ့ တေးရေး/တေးဆို မဇ္ဈိမ ဦးရဲလွင်၊ တေးရေး/တေးဆို ဆောင်းဦးလှိုင်နဲ့အတူ ကျွန်မကို ဖိတ်ကြားတဲ့သူတွေကတော့ “မြန်မာနိုင်ငံသားချင်း ရိုင်းပင်းကူညီ .. ပြည်သူ့ဂုဏ်ရည်” အမည်ခံထားတဲ့ အမေရိကန်နိုင်ငံရောက် မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများပါပဲ။
 ပြည်သူ့ဂုဏ်ရည်အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်းမှာ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးဆောင်ရွက်နေတဲ့ လူမှုရေးသမားတွေကို ဂုဏ်ပြုပြီး ဆုပေးတဲ့အဖွဲ့ပါ။ ယခု ကျွန်မတို့ကို ဖိတ်ကြားတာကတော့ ကချင်ဒေသနဲ့ ရခိုင်ဒေသများမှာ ဖြစ်ပွားနေတဲ့ ငြိမ်းချမ်းရေးပျက်သုဉ်းမှုကြောင့် လူမှုဒုက္ခတွေ ခံစားနေကြရတဲ့ တိုင်းရင်းသားပြည်သူလူထုကို တတပ်တအား ကူညီဖေးမနိုင်ဖို့ ရန်ပုံငွေ ရှာဖွေရေးအတွက်ပါ။
 ပြည်တွင်းမှာ လူမှုရေး လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ကျွန်မတို့ ၃ ဦးကို ပြည်ပက မြန်မာများအနေနဲ့ ဖိတ်ကြားတာဟာ ကျွန်မတို့ကို အမေရိကန်နိုင်ငံကို ရောက်စေချင်ကြတဲ့ စေတနာနဲ့အတူ မြန်မာပရိသတ်ကို ဟောပြောပွဲနားထောင်စေချင်တာရော၊ လှူဒါန်းကြတဲ့ ရန်ပုံငွေများကို ကချင်နဲ့ ရခိုင်ဒေသမှာရှိတဲ့ ဒုက္ခရောက်နေကြသူတွေကို လှူဒါန်းကူညီစေချင်တာရော အားလုံးကို တပြိုင်တည်း ဆောင်ရွက်လိုက်ကြခြင်းပါပဲ။
 ကျွန်မအနေနဲ့ကတော့ အမေရိကန်နိုင်ငံကို တခါမှ မရောက်ဖူးတဲ့အတွက်ရော၊ ကျွန်မ ချစ်မြတ်နိုးတဲ့ အပေါင်းအသင်း ဆရာသမား၊ ညီအစ်ကို မောင်နှမများနဲ့ပါ တွေ့ချင်နေတာမို့ ရှေ့မှာလည်း ကြည်နူးဝမ်းသာ၊ ရက်ရှည်ကြီးမို့ နောက်ပိုင်းလည်း တွေးပူနဲ့ စိတ်လှုပ်ရှားနေရတဲ့ကြားထဲမှာ ကျွန်မတို့သွားတဲ့ ပထမပတ်ထဲမှာပဲ တိုက်တိုက်ဆိုင်ဆိုင် နယူးရော့ခ်မြို့မှာကြုံရတဲ့ စန္ဒီမုန်တိုင်းနဲ့ ၂၀၀၈ ခုနှစ် ကျွန်မတို့မြန်မာနိုင်ငံမှာ ကြုံတွေ့ရတဲ့ နာဂစ်မုန်တိုင်းကို နှိုင်းယှဉ်ကြည့်မိတဲ့ အတွေ့အကြုံတစ်ခုကို ဖြတ်သန်းရတာဟာလည်း မှတ်သားလောက်စရာပါပဲ။
 လေမုန်တိုင်းရဲ့ ဦးတည်ရာလမ်းကြောင်းတွေကို နေ့ညမပြတ် ပြသနေတဲ့ အမေရိကန်နိုင်ငံ ရုပ်မြင်သံကြားအစီအစဉ်ကိုကြည့်ရင်း ဦးရဲလွင်နဲ့ ဆောင်းဦးလှိုင်က ပြည်သူ့ဂုဏ်ရည်အသင်း ဥက္ကဋ္ဌ ကိုဝေလအိမ်နှင့် ကျွန်မက ညီမလေး မူမူအိမ်ထဲကနေ မုန်တိုင်းကို သက်သက်သာသာပဲ ဖြတ်သန်းခဲ့ကြပါတယ်။ မုန်တိုင်းသတိပေးချက်ကြောင့် နယူးရော့ခ်မြို့ရဲ့ ဟောပြောပွဲ ၂၈.၁၀.၂၀၁၂ နေ့ဟာ ပြည်သူ့ဂုဏ်ရည်အဖွဲ့သူ အဖွဲ့သားတွေနဲ့ မြန်မာအစားအစာ ရောင်းချပြီး ရန်ပုံငွေရှာဖို့ ချက်ပြုတ်စီစဉ်ထားတဲ့ မြန်မာမိသားစုတွေနဲ့ စာပေ၀ါသနာကြီးသူ အချို့ပဲ ရောက်လာနိုင်ကြပါတယ်။ မော်တော်ကားလမ်းတွေ၊ စတိုးဆိုင်တွေ၊ ကျောင်းတွေ၊ အလုပ်တွေပိတ်ပြီး လူတွေ အန္တရာယ်ကင်းစေဖို့ စီစဉ်ထားတဲ့ကာလမို့ ဒီပွဲမှာ အားခဲထားသလောက် မနွှဲဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် မုန့်ရောင်းပြီး ရန်ပုံငွေရှာကြတဲ့ မြန်မာမိသားစုတွေထဲမှာ ကျွန်မ အနှစ်သက်ဆုံး အစားအစာတွေကတော့ ညီမလေးမူမူရဲ့ ထောပတ်ထမင်း၊ ငါးပိကြော်၊ ကြက်သားနဲ့ ဆရာမောင်စွမ်းရည်တို့ ဇနီးမောင်နှံရဲ့ ကောက်ညၟင်းပေါင်းပါပဲ။ ကျွန်မတို့ချစ်တဲ့ ဆရာစွမ်းလည်း ကောက်ညၟင်းပေါင်းသည် ဖြစ်လို့နေပါတယ်။
 သည်ပွဲမတိုင်ခင် ၂၄.၁၀.၁၂ မှာ ကိုဝေလ၊ ကိုတင်မောင်အေးနှင့်အဖွဲ့ စီစဉ်တဲ့ New York University မှ ဆွေးနွေးပွဲကတော့ မိတ်ဆွေတွေ ကျောင်းသားတွေနှင့် အေးအေးဆေးဆေး တွေ့ခွင့်ရပြီး ညစာအတူ စားဖြစ်ခဲ့ကြပါတယ်။ နယူးရော့ခ်မှာ တွေ့ရတဲ့ ကိုလှသန်း+မစန္ဒာ၊ ကိုမြစိုး၊ ကိုဝင်းဆိုင်၊ ကိုမျိုးတို့မိသားစု၊ စန္ဒရား ကိုအောင်ဝင်း၊ ကိုဌေးမင်းလှိုင်+မစန္ဒာ၊ မမေသီခ၊ မမြတ်မွန်ခ တို့ ညီအစ်မနှင့် မချောစု အပါအ၀င် မြန်မာမိသားစုတို့ရဲ့ နွေးထွေးမှုများကတော့ တသက် မမေ့နိုင်စရာပါပဲ။
 အဝေးရောက် မြန်မာမိသားစုများအကြောင်း ပြောလျှင်တော့ လွမ်းလို့ဆုံးနိုင်တော့မည် မထင်ပါ။ တစ်မြို့ပြီးတစ်မြို့ ဖိတ်ကြားထားသော နေရာတွေသို့ ကူးပြောင်းသွားလာတိုင်း ၎င်းဒေသအသီးသီးမှာ ရှိကြတဲ့ လူတွေရဲ့ တာဝန်ကျေပွန်မှုတွေက အားနာစရာပင်ကောင်းနေပါတယ်။ ကျွန်မတို့ သွားရောက်ခဲ့ကြတဲ့ ခရီးစဉ်တလျှောက်မှာ ပြည်သူ့ဂုဏ်ရည်အဖွဲ့ ဒေသတာဝန်ခံများဖြစ်ကြတဲ့ ကိုဝေလ၊ ကိုတင်မောင်အေးနှင့်အဖွဲ့ (နယူးရော့ခ်မြို့)၊ ကိုနေလင်း၊ ကိုယဉ်ထွေးနှင့်အဖွဲ့ (မေရီလန်း)၊ ကိုသန်းနိုင်၊ ကိုဂျိမ်းမလင်းထွန်း၊ ကိုစိန်မြင့်မောင်နှင့်အဖွဲ့ (ဖလော်ရီဒါ)၊ ကိုထိန်လင်း၊ ကိုခင်မောင်အေးနှင့်အဖွဲ့ (ဆန်ဖရန်စစ္စကို)၊ ကိုကျော်ဝဏ္ဏ + မိုးချိုသင်း၊ ဦးကိုလေး၊ ဘိုဘိုနှင့်အဖွဲ့ (လော့စ်အင်ဂျလိမြို့)၊ ကိုဝင်းသူအောင်နှင့်အဖွဲ့ (လပ်စ်ဗီးဂက်စ်မြို့)၊ ကိုအေးမြင့်၊ ကိုမြင့်လွင်၊ ကိုဟန်ဝင်းချိုနှင့်အဖွဲ့ (ဖီးနစ်မြို့)၊ ကိုထွန်းထွန်းနှင့်အဖွဲ့ (ပို့ဒ်လန်း၊ အော်ရဂွန်)၊ ကိုမူးသာနှင့်အဖွဲ့ (စီရေတာ) တို့အပြင် ကျွန်မတို့ကို နေရာထိုင်ခင်းပေး၊ ချက်ပြုတ်ကျွေးမွေးဧည့်ခံကြတဲ့ မြန်မာမိသားစုတွေရဲ့ စေတနာကတော့ အနှိုင်းအဆ မရှိပါပဲ။
 အတူတကွ သွားကြတဲ့ တေးရေး တေးဆို မဇ္ဈိမလှိုင်း ဦးရဲလွင်ကလည်း ငြိမ်းချမ်းရေးသမား၊ တေးရေး တေးဆို ဆောင်းဦးလှိုင်နဲ့ ကျွန်မကလည်း မြန်မာနိုင်ငံကို ငြိမ်းချမ်းစေချင်သူတွေ၊ ပြည်သူ့ဂုဏ်ရည်အဖွဲ့ကလည်း မငြိမ်းချမ်းကြတဲ့ မြန်မာပြည်သူလူထုကို ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက်ပါ မြန်မာပြည်သားချင်း ရိုင်းပင်းကူညီကြစေချင်သူတွေမို့ ကျွန်မတို့ခရီးစဉ်ဟာ လိုလေသေးမရှိအောင် အဆင်ပြေပါတယ်။
 အဆင်မပြေမှု အနည်းအကျဉ်းတော့ ရှိပါတယ်။ အဲဒါက ကျွန်မရဲ့ ပေါ့ဆမှုကြောင့်ပါ။ ၂၃-၁၁-၂၀၁၂ နေ့မှာ Las Vegas မြို့ကနေ Portland ကို အကူး၊ ဟိုတယ်က အထွက်မှာ ခရီးဆောင်သေတ္တာတစ်လုံး ပျောက်ကျန်ခဲ့ပါတယ်။ ဟိုတယ်ကအထွက် ၁၁ နာရီကနေပြီး လေယာဉ်ချိန် ၃း၄၅ အတွင်း ပစ္စည်းတွေနဲ့ ကျွန်မတို့ကို ကြိုဆိုပို့ဆောင်ပေးကြသူတွေဖြစ်တဲ့ ပြည်သူ့ဂုဏ်ရည် Las Vegas တာဝန်ခံ ကိုဝင်းသူအောင်နဲ့အဖွဲ့တွေ ကား ၃ စီးနဲ့ ပထမဆုံး ဟိုတယ်က အထွက်မှာ နေ့လယ်စာ ထမင်းစားပြီး မြန်မာဘုန်းတော်ကြီးကျောင်းကနေ လေယာဉ်ကွင်းဆင်းပြီး တန်းပြန်ရင် အချိန်ကိုက်ပါပဲ။ ဖြစ်ချင်တော့ မြန်မာဘုန်းတော်ကြီးကျောင်းမှာ ကျွန်မ စီးထားတဲ့ ခြေညၟပ်ဖိနပ်ကလေးက သဲကြိုးပြတ်သွားပါတယ်။ ဒါနဲ့ ဖိနပ်အပို ၂ ရန် ထည့်ထားတဲ့ ခရီးဆောင်သေတ္တာထဲက ဖိနပ်ထုတ်စီးမယ်လုပ်တော့ အဲဒီသေတ္တာ ပါမလာတော့ပါဘူး။ အဖွဲ့သားတွေအားလုံးရော ဦးရဲနဲ့ ကိုဆောင်းပါ ပျာယာခတ်သွားပါတော့တယ်။ လေယာဉ်ချိန်ကလည်း နီးပြီမို့ လူတွေ သုတ်သုတ်ပျာပျာနဲ့ ဟိုတယ်ကို ပြန်ရှာကြရပါတယ်။
 သေတ္တာက ဟိုတယ်ကအထွက် ပါလာတာသေချာပြီး ဟိုတယ်ရှေ့မှာ စုပုံတဲ့အထိ ရှိနေတော့ ကား ၃ စီးနဲ့အတင်မှာ ကိုယ်စီအလုပ်ရှုပ်နေကြတာမို့ ဟိုတယ်ရှေ့မှာ ကျန်ခဲ့ပုံပေါ်ပါတယ်။ ဒါနဲ့ ဟိုတယ်လုံခြုံရေးနဲ့ စုံစမ်းရေးဌာနမှာ ပြန်ရှာပေမယ့် မရတော့ပါဘူး။ တစ်ဦးဦး တွေ့လို့ မှားယူသွားပုံပေါ်ပါတယ်။ အတွေ့အကြုံထူးတစ်ခုအနေနဲ့ မြန်မာပြည်က နမော်နမဲ့ စာရေးဆရာမတစ်ယောက် ဖိနပ်မပါဘဲ ဘုန်းကြီးကျောင်း၊ ဟိုတယ်နဲ့ Las Vegas လေဆိပ်မှာ ခြေဗလာနဲ့ လျှောက်ခဲ့ရပါတယ်။ အဖွဲ့သားတွေကို ကျွန်မက အမေရိကန်နိုင်ငံတွင်းက မြို့တစ်မြို့ရဲ့ လေဆိပ်မှာ ခင်းထားတဲ့ ကော်ဇောပြင်ရဲ့ နူးညံ့မှုကို ဘယ်သူမှ ကျွန်မလောက် အရသာမသိကြတာကို ဂုဏ်ယူစွာ ပြောပြနိုင်ခဲ့ပါတယ်။ လေဆိပ်အတွင်း လေယာဉ်ပေါ် တက်ခါနီးမှာတော့ ပါလာတဲ့ ညီမလေး ဒေါက်တာ မေချောရှိန်က နောက်ဆင်းမယ့်မြို့ လေဆိပ်က ကော်ဇောအရသာ မခံရအောင် လေယာဉ်ကွင်းထဲမှာရှိတဲ့ စတိုးဆိုင်တွေထဲက ရရာဖိနပ်တစ်ရန် ပြေးဝယ်ပေးလို့ စီးခဲ့ရပါတယ်။
 နောက်အမှတ်တရ တစ်ခုက လွမ်းမောရင်နင့်စရာတစ်ခုပါ။ ကျွန်မတို့ မောင်နှမ ၃ ဦး L.A ရောက်တော့ “ဆေးလိပ်လည်းတို .. နေလည်းညိုပြီ … ငါ့ကို ပြန်ပို့ကြပါလေ” လို့ ဆိုတဲ့ ကျွန်မတို့ချစ်တဲ့ ဆရာတင်မိုးရဲ့သမီး မိုးချိုသင်းနဲ့ ကျော်ဝဏ္ဏတို့အိမ်မှာ နေကြရပါတယ်။ ကျွန်မ အမေရိကားခရီးစဉ်ကို ရင်ခုန်ရတဲ့ သံစဉ်ထဲမှာ ဆရာတင်မိုး၊ ဆရာမောင်စွမ်းရည်နဲ့ စာပေမောင်နှမတွေ၊ ညီအစ်မတွေ ဖြစ်ကြတဲ့ ကိုအောင်ဝေး၊ ကိုသစ်ဆင်း၊ ကိုထိန်လင်း၊ ကိုသန်းဌေးမောင်၊ ကျော်ဝဏ္ဏ၊ မိုးချိုသင်း၊ မစမ်းစမ်းတင်၊ မေငြိမ်း၊ ခက်မာ နဲ့ အခြား ... အခြား .. သော သံယောဇဉ်ရှိသူတွေ အများကြီးပါ။
 L.A မှာ ဆရာ(ဦး)တင်မိုး ဆုံးသွားတဲ့ လက်ဖက်ရည်ဆိုင်ကလေးကို ချိုသင်းက ကျွန်မကို လိုက်ပြပါတယ်။
 “ဖေဖေက သူ့မိတ်ဆွေတစ်ယောက်နဲ့ ဟောဒီဆိုင်က ဒီခုံကလေးမှာထိုင်ပြီး ချိုသင်း အလုပ်ကအပြန်ကို စောင့်နေတာ။ ချိုသင်း အလုပ်က ပြန်လာလို့ ဖေဖေ အပြင်ရောက်နေရင် သမီးရေ .. ဖေဖေ ဘယ်မှာရှိတယ်ဆိုရင် ၀င်ခေါ်နေကျလေ။ ဖေဖေ အဲဒီနေ့က သူ့မိတ်ဆွေတစ်ယောက်နဲ့ လက်ဖက်ရည်သောက်ရင်း ရုတ်တရက် လဲကျပြီး ဆုံးသွားတာ။ မြန်လိုက်တာ အစ်မရယ် ..”
 ချိုသင်းနဲ့အတူ ကျွန်မ အတော်ခံစားရပါတယ်။ မြန်မာပြည်ကို သိပ်ချစ်တဲ့ဆရာ မြန်မာပြည်ကို လွမ်းတဲ့ မြန်မာပြည်ကို ပြန်လာချင်တဲ့ဆရာ .. ခုချိန်မှာ ကျွန်မ ပိုလွမ်းမိပါတယ်။
 အမေရိကန်ခရီးစဉ်မှာ အတုယူစရာတွေလည်း အများကြီးပါပဲ။ သူတို့နိုင်ငံသားတွေရဲ့ နေရာတကာမှာ သူများကို အလှည့်ပေးတတ်တဲ့၊ အမြတ်မထုတ်တတ်တဲ့၊ စည်းကမ်းတကျ တန်းစီတဲ့ အလေ့အကျင့်ကလေးက ကျွန်မတို့ မြန်မာပြည်မှာလို သူ့ထက်ငါ အလုအယက် တိုးဝှေ့နေကြရတဲ့ အခြေအနေနဲ့ ကွာခြားလွန်းပါတယ်။ စတိုးဆိုင်မှာ ဈေးဝယ်တာကအစ ကားမှတ်တိုင်မှာ ကားစောင့်တာအလယ်၊ အများသုံး အိမ်သာ ၀င်ကြတဲ့နေရာအဆုံးပါပဲ။ အလွန် အတုယူသင့်တဲ့ စည်းကမ်းပါပဲ။
 နောက်တစ်ခု စိတ်ကျေနပ်စရာကောင်းတာက ကျွန်မတို့ မြန်မာကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးပါ။ အမေရိကန်နိုင်ငံရဲ့ ပညာရေးစနစ် ဘယ်လောက်မြင့်မားတယ်ဆိုတာ ကျွန်မ ပြောဖို့လိုမယ် မထင်ပါဘူး။ ဒါပေမယ့် အမေရိကန်ကလေးတွေနဲ့အတူ စာသင်နေကြတဲ့ ကျွန်မတို့ မြန်မာကလေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေးဟာ ဘယ်လောက်ထက်မြက်တယ်ဆိုတာ မေငြိမ်းရဲ့ သား၊ သမီး နဲ့ ခက်မာရဲ့ သားတွေက အမြဲတမ်း ကျောင်းမှာ ဆုရနေကြတာက သက်သေပါပဲ။ ကျွန်မဖြင့် မြန်မာပြည်က ကျွန်မတို့ ရင်သွေးတွေကို အဲဒီ ပညာရေးစနစ်ကြီးထဲ တွန်းပို့ချင်လိုက်တာ။
 နောက်သတိပြုမိတာတစ်ခုက သူတို့နိုင်ငံမှာ ကျွန်မတို့ မြန်မာတွေအားလုံးနီးပါး ကားစီးနေကြတာပါပဲ။ ကားစီးနေကြတယ်လို့ ကျွန်မပြောတဲ့အတွက် ဆင်းရဲ ချမ်းသာ ကွာဟမှုနဲ့ ဆိုင်သယောင်ဖြစ်နေပါလိမ့်မယ်။ ချမ်းသာကြလို့ စီးတာတော့ မဟုတ်ပါဘူး။ အမေရိကန်နိုင်ငံမှာ မော်တော်ကားဟာ ကျွန်မတို့ဆီမှာ ဖိနပ်လိုပါပဲ။ ကားမရှိတဲ့လူဟာ ဖိနပ်မရှိတဲ့သူလိုပဲ ခရီးမတွင်ပါဘူး။ အလုပ်သွားလျှောက်ရင် ကားရှိလားလို့ အရင်မေးတာပါတဲ့။ ကားမရှိရင် အလုပ်ကို အချိန်မီ မရောက်နိုင်ဘူး၊ အလုပ်ခွင်စည်းကမ်းကို ချိုးဖောက်နိုင်တဲ့ အခွင့်အလမ်းမို့ အလုပ်မခန့်ချင်ကြပါဘူး။ ဒါကြောင့် မော်တော်ကားနဲ့ နေစရာအိမ်ဟာ သူတို့အတွက် အခြေခံလိုအပ်ချက်ပါပဲ။ ဒါကြောင့် အိမ်တစ်အိမ်မှာ ၂ ယောက် အလုပ်သွားလုပ်နေရရင် များသောအားဖြင့် ကား ၂ စီးရှိကြပါတယ်။ အဲဒီလောက် ၀ယ်နိုင်တဲ့အခြေအနေ ရှိလားလို့ မေးကြည့်မိတော့ အိမ်ရော ကားရော သူတို့ရဲ့လုပ်ငန်း ၀င်ငွေအခြေအနေကို ကြည့်ပြီး အရစ်ကျ ပေးသွင်းကြရပါသတဲ့။ အချို့ဆိုရင် အနှစ် ၂၀၊ ၃၀ အထိကို လစဉ်ဝင်ငွေထဲကနေပြီး အချိုးကျ အကြွေးဆပ်နေကြရပါတယ်။ ဒီတော့ အလုပ်ကို အမြဲတမ်း ကြိုးကြိုးစားစား မနားမနေလုပ်ပြီး အဲဒီကြွေးကို လစဉ် အဖြတ်ခံနေကြရတဲ့သူတွေ အများကြီးပါ။ ကြွေးမြီများဖြင့် တုပ်နှောင်ထားခြင်း ခံရပါသော်လည်း သူတို့ရဲ့ လူနေမှုအဆင့်ကတော့ မြန်မာပြည်က လက်လုပ်လက်စားများ၊ ၀န်ထမ်းများထက်တော့ မြင့်မားတာ အမှန်ပါပဲ။
 ကျွန်မအတွက်ကတော့ အမေရိကန်ခရီးစဉ်မှာ ရောက်တဲ့မြို့တိုင်းရဲ့ အထင်ကရနေရာတွေကို မြို့ခံ ပြည်သူ့ဂုဏ်ရည်တာဝန်ခံတွေက ပို့ပေးကြလို့ တခါတရံ တားတောင်ယူရပါတယ်။
 နေရာအနှံ့ အမှတ်တရ ဓာတ်ပုံတွေရိုက်ကြတဲ့အထဲမှာ UN ရုံးက မြန်မာတွေ ဂုဏ်ယူစရာ ကုလသမဂ္ဂ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ပြီး တတိယကမ္ဘာစစ်ကြီးကို တားနိုင်ခဲ့သူ ဦးသန့်ရဲ့ဓာတ်ပုံရှေ့မှာ မတ်တတ်ရပ် ဓာတ်ပုံအရိုက်ခံရတာကိုလည်း ကျေနပ်နေမိကြပါတယ်။
 ဒီခရီးစဉ်မှာ စာပေသမားတွေ၊ မိတ်ဆွေဟောင်းတွေနဲ့လည်း မမျှော်လင့်ဘဲ တွေ့ခွင့်ရပါတယ်။
 စာရေးဆရာမတွေဖြစ်တဲ့ ညီမ ရီတာအောင်၊ ညီမ ညိုခက်ကျော်နဲ့ စာရေးဆရာ ကိုဆွေအောင်၊ ယောမင်းကြီးစာပေက ဦးကောင်းမြင့်နဲ့ ရှုမ၀ဦးကျော် မိသားစုတွေ၊ ဆရာမကြီး ဒေါ်ဒဂုန်ခင်ခင်လေး မိသားစုတွေနဲ့အတူ ကျွန်မရဲ့ ပရဟိတလုပ်ငန်းတွေကို အမြဲနားစွင့်ပြီး လှူတန်းနေတဲ့ ညီမလေး စန်းစန်းမြင့် နဲ့ အခြား ပရဟိတ အားပေးသူများ၊ စေတနာရှင်များနဲ့လည်း ဆုံစည်းရတာမို့ ရခိုင်နဲ့ ကချင် ရန်ပုံငွေအပြင် အခြား ပရဟိတ လုပ်ငန်းကလေးတွေအတွက်လည်း သီးသန့် နိုင်သလောက် စာအိတ်ကလေးတွေနဲ့ အလှူငွေ ပါးလိုက်ကြပါသေးတယ်။
 ၂၈-၁၁-၂၀၁၂ နေ့မှာတော့ ကျွန်မတို့ လူမှုရေးနဲ့ အနုပညာမောင်နှမ ၃ ဦး ငြိမ်းချမ်းရေးခရီးစဉ် ပြီးဆုံးလို့ မြန်မာနိုင်ငံကို ပြန်လာကြပါတယ်။ အဲဒီခရီးစဉ် ပြီးဆုံးလုဆဲဆဲမှာပဲ အင်တာနက်ပေါ်မှာ နောက်ထပ် မငြိမ်းချမ်းတဲ့ ပဋိပက္ခတစ်ခု စတင်တဲ့ တန်ဆောင်မုန်းလပြည့်ညရဲ့ ဆေးပေါင်းခချိန်က ကြိုဆိုလိုက်ပြန်ပါတယ်။
 ၅-၁၂-၂၀၁၂ နေ့မှာ အမေရိကန်နိုင်ငံရောက် မြန်မာမိသားစုများနဲ့ ပြည်သူ့ဂုဏ်ရည်အသင်းက ပို့ပေးလိုက်တဲ့ ရန်ပုံငွေပွဲက ရရှိတဲ့ အလှူငွေ အမေရိကန်ဒေါ်လာ ၃၄၉၃၆.၃၉ ရဲ့ တန်ဖိုး မြန်မာငွေ သိန်းပေါင်း နှစ်ရာ့ကိုးဆယ်ကျော်ကို ကချင်ဒေသနဲ့ ရခိုင်ဒေသကို တ၀က်စီခွဲပြီး လှူဒါန်းတဲ့ပွဲကလေးကို ကျွန်မတို့ရဲ့ နာရေးကူညီမှုအသင်းမှာ လုပ်ဖြစ်ပါတယ်။
 ကချင်ဒေသအတွက် ၈၈ မျိုးဆက်ကျောင်းသားများက ကိုယ်စားလက်ခံ တာဝန်ယူလှူဒါန်းပေးပြီး ရခိုင်ဒေသအတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)က ကိုယ်စားလက်ခံပြီး တာဝန် ယူလှူဒါန်းပေးကြပါတယ်။
 မငြိမ်းချမ်းတဲ့ ဒေသများအတွက် ငြိမ်းချမ်းရေးခရီးပေါင်းများစွာကိုသာ နေရာဒေသအနှံ့ ပရဟိတသမားများ၊ လူမှုရေးကြိုးပမ်းဆောင်ရွက်ကြသူများ၊ မြန်မာနိုင်ငံကို အမှန်တကယ် ငြိမ်းချမ်းကြစေလိုသူများချည်းသာ ရောက်ရှိ အကျိုးဆောင်နိုင်ကြမည်ဆိုလျှင် … ထပ်မံဖြစ်ပွားလေမည့် ပဋိပက္ခများကို ငြိမ်းချမ်းသော နှလုံးသားများ၊ စာနာထောက်ထားသော ကိုယ်ကျင့်တရားများနှင့် တားဆီးကာကွယ်နိုင်ကြပါလျှင်မူ …။ ။
သန်းမြင့်အောင်
နောက်ဆက်တွဲ
 မမျှော်လင့်ဘဲ ငြိမ်းချမ်းရေးခရီးစဉ်အတွက် ပီတိဖြစ်ရတဲ့ ကိစ္စလေးက ကျွန်မ မြန်မာပြည် ပြန်ရောက်ပြီး ရက် ၂၀ ကျော်အကြာမှာ အမေရိကားကို လူမှုရေးနဲ့အနုပညာကိစ္စတစ်ခုနဲ့ ရောက်သွားတဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ လူမှုရေးသမားအနုပညာရှင် ဒေါ်ဆွေဇင်ထိုက်နဲ့အတူ Las Vegas မှာ ပျောက်ခဲ့တဲ့ ခရီးဆောင်သေတ္တာကြီး ပြန်ပါလာခဲ့တာပါပဲ။
 ကျွန်မ နမော်နမဲ့ ထားခဲ့တာကို မှားယူသွားတဲ့သူက ဟိုတယ်ကို လာပြန်အပ်ပုံပေါ်ပါတယ်။ အဲဒါလည်း အတုယူစရာပါပဲ။ ကျွန်မရဲ့ အဲဒီအိတ်ကြီးကို Las Vegas က ပြည်သူ့ဂုဏ်ရည်အဖွဲ့ တာဝန်ခံ ကိုဝင်းသူအောင်က ဒေါ်ဆွေဇင်ထိုက်နဲ့ လူကြုံပါးပြီး ခရီးဆောင်အိတ်အတွက် ၀န်ဆောင်ခပါ စိုက်ပြီး ကျွန်မဆီကို မြန်မာပြည်အရောက် ပြန်ပို့လိုက်ကြကြောင်းပါ။
 ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလထုတ် ကလျာမဂ္ဂဇင်းပါဆောင်းပါးကို ပြန်လည်ဖော်ပြပါသည်။

Thursday, February 28, 2013

ခေါင်းဆောင်တွေသတ္တိရှိပါ....



သမ္မတဦးသိန်းစိန် အော်စလိုမှာ မြန်မာတွေနဲ့ တွေ့ဆုံစကားပြောတယ်။ သူ့အရင် ဒေါ်အောင်ဆန်းစုကြည်လည်း မြန်မာတွေနဲ့စကားပြောတယ်။ ကိုမင်းကိုနိုင်လည်းပြောတယ်။ သမတနဲ့ သူတို့ မတူတာကဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုမင်းကိုနိုင် တို့က ပိရိသတ်နဲ့ အမေးအဖြေ လုပ်တယ်။ တိုက်ရိုက်ခံစားချက်တွေအသံတွေနားထောင်တယ်။ ဒေါ်အောင်ဆန်းစုကြည် လည်း သူ့ရဲ့ ပြည်ပခရီးစဉ်တိုင်း အချိန်လုပြီးတွေ့တယ်၊ မေးခွန်းတွေဖြေတယ်။ ကိုမင်းကိုနိုင်ဆို ကျန်းမာရေးမကောင်းတဲ့ကြား၊ အိပ်ရေးပျက်ပြီးပင်ပမ်းတဲ့ကြားက တတ်နိုင်သလောက် မြန်မာမိသားစုတွေကိုလိုက်လျောတယ်။ သမတဦးသိန်းစိန်ကတော့ ၁၀မိနစ်နီးပါး သူပြောချင်တာပြောပြီး ဘာမေးခွန်းမှ မေးခွင့်မပေးပဲ ထွက်သွားတယ်။ ခေါင်းဆောင်တွေ အလုပ်များတာကျနော်တို့ သဘောပေါက်တယ်။ မူလက သမတနဲ့ တွေ့ရမဲ့အချိန်က ညနေ ၄နာရီခွဲ။သမတကိုတွေ့ဖို့မြန်မာတွေ၁၀၀ကျော်က ညနေ ၃နာရီကတည်းက လုံခြုံရေးရဲ ၃ဆင့်နဲ့  အစစ်ဆေးခံပြီး ထိုင်စောင့်နေကြတာ။
သူနဲ့တွေ့ဖို့ ၊မေးခွန်းထုတ်ဖို့ နော်ဝေးနိုင်ငံမြို့ အနှံ့က မြန်မာတိုင်းရင်းသားတွေရော ကျနော်တို့လို ၈လေးလုံးကျောင်းသားဟောင်းတွေရောလာကြတာ။ ဒါပေမဲ့ ကျနော်တို့သမတက သတ္တိမရှိဖူး။ သမတတင်မကဖူး သမတနဲ့ပါလာတဲ့ ၀န်ကြီးတွေလည်းအတူတူပဲ။ သတင်းသမားတွေလည်းအတူတူပဲ။ ၀န်ကြီးဦးစိုးသိန်းက တနာရီနီးပါးကြာ သူပြောချင်ရာကိုစစ်သားဘ၀တုံးက စက်သေနတ်နဲ့ပစ်နေသလို ဒလစပ်ပစ်နေတယ်။ အခမ်းအနားမှုးကတားတာလည်းမမှုဖူး(ဘယ်မှုမလဲ အခမ်းအနားမှုးက သူ့တို့ကို ကပ်ဖားပြီးအောက်ကျုံ့ဆက်ဆံနေရတဲ့ DVBက ကိုခင်မောင်ဝင်းလေ၊ အဲဒီသမတနဲ့တွေ့တဲ့ အခန်းမှာပဲ တချိန်တုံးက NCGUBညွန့်ပေါင်းအစိုးရခေါင်းဆောင်တွေ၊ NCUBအဖွဲ့တို့နဲ့ အာဏာရှင်တွေကို ဘယ်နည်း ဘယ်ပုံ တိုက်ကြမဟဲ့ဆိုပြီး ပါးစပ်ကအမြှုတ်ထွက်အောင် ပြောဟောခဲ့တာကို ကိုခင်မောင်ဝင်းကိုယ်တိုင် Videoရိုက် အင်တာဗျူးလုပ် ၀ါဒဖြန့်ခဲ့သေးတယ်။ ပုလင်းတူဗူးဆို့ခဲ့ကြသေးတယ်- စကားချပ်) ၀န်ကြီးဦးစိုးသိန်းအာတာကို နားထောင်နေရတဲ့ ပရိဿတ်က စိတ်ပျက်နေပြီ။ မျက်နှာတွေရှုံ့နေပြီ။ ဘယ့်နှယ် အစိုးရကို မေးခွန်းထုတ်ဖို့လာတာ သူတို့ တရားဟောတာနားထောင်ဖို့လာတာကျနေတာပဲတဲ့။ ပွစိပွစိပြောကုန်ပြီ။ ဒီတော့ အများပြည်သူအသံကို အမြဲဂရုစိုက်လေးစားတဲ့ အနေနဲ့ သတင်းထောက် ကျနော်လည်းအသံကျယ်ကျယ်နဲ့  ထပြောလိုက်တယ်။“၀န်ကြီး..သိတ်ပွားတယ်”လို့ သူက “ဗျာ..ဘာပြောတယ်” သူမရှင်းလို့ ကျနော် လက်ဟန်နဲ့ပါ ရှင်းအောင်ပြောတယ်။ဘယ်လက်ချောင်းတွေကို စုလိုက် ကျဲလိုက် (ပွစိပွစိလက်ဟန်) လုပ်ပြပြီး “၀န်ကြီးသိတ်ပွားတယ်လို့ပြောတာပါ။ မေးခွန်းမေးမဲ့လူတွေအများကြီးရှိသေးတယ်”လို့ ပြောတော့ မျက်နှာပျက်ပြီး မေးကြပါ၊ကျနော် ညနေအထိထိုင်စောင့်မယ်လို့ပြန်ပြောတယ်။တကယ်တော့ အခန်းဌားတာ ၆နာရီဆို အချိန်ပြည့်ပြီ။ တကယ့်အရေးကြီးတဲ့ မေးခွန်းတွေမမေးလိုက်ရဖူး။ လူတော်တော်များများမကြေမနပ်။ အားလုံးက သဘောပေါက်တယ်။ ၀န်ကြီးအဖွဲ့ အချိန်ကုန်အောင် အာ သွားတယ်ဆိုတာ။ ကျနော်တို့နိုင်ငံက ခေါင်းဆောင်လုပ်နေသူတွေက သတ္တိမရှိဖူး။ ပြည်သူတွေက မအူပင် မလက်တိုကျေးရွာ က လယ်သမားတွေ အကြမ်းဖက် ရိုက်နှက်ခံရတာ၊ သွေးထွက်သံယို ဖြစ်နေတာကို သမတသိအောင် ပြောပြချင်တယ်။ ပြန်ကြားရေးဒုတိယ၀န်ကြီးဦးရဲထွဋ် သတင်းထုတ်ပြန်တာ ကြားချင်တယ်။ ဒီမေးခွန်းတွေမေးဖို့ အဆင်သင့်ရှိတယ်။ ဒါပေမဲ့ မေးခွင့်မရကြဖူး။ တာဝန်ရှိသူတွေ သတ္တိမရှိဖူး။ အချိန်အကန့်အသတ်၊မေးခွန်းအကန့်အသတ်နဲ့ ပြီးသွားတယ်။သုတ်သုတ်လစ်သွားတယ်။ သူတို့လားဆိုတော့ မဟုတ်သေးဖူး။ သမတခရီးစဉ်မှာလိုက်ပါလာတဲ့ မီဒီယာတွေရောပဲ။ သမတကို ကျနော်တို့ဆန္ဒပြတာကို စကိုင်းနက်၊MRTV နဲ့ ပြန်ကြားရေးဝန်ကြီးသတင်းအဖွဲ့ တွေက ဓာတ်ပုံရော၊ ဗွီဒီယိုရော၊အင်တာဗျူးတွေရော လုပ်တယ်။ သမတ နဲ့ မြန်မာတွေ တွေ့ဆုံပွဲကိုလည်း အင်တာဗျုး တွေလုပ် တယ်။ ဒါပေမဲ့ လွှင့်တာတော့မှုတ်ဖူး။ “ကျနော်တို့ လူကြီးတွေ သဘောအတိုင်းပဲလုပ်ရတာပါ၊ အကိုတို့သတင်းတွေမလွှင့်ဖြစ်ပါဖူး၊ မှတ်တမ်းအနေနဲ့ ယူထားတာပါ” လို့ ကျနော့်ကို သူတို့ မီဒီယာ အဖွဲ့ဝင် တယောက်က ပြောတယ်။ တကယ်တော့ သမတကို ဆန္ဒပြသတင်းတွေ၊ အစိုးရအပေါ် အမြင်သဘောထားတွေကို မီဒီယာတွေက တဆင့် အစိုးရရော ပြည်သူတွေကိုပါ အသိပေးဖို့လိုတယ်။ အခုတော့ တဖက်လှည့် အင်တာဗျူးလုပ်၊ နားလှည့်ပါးလှည့်နဲ့ သတင်းဌာနအမည်ခံပြီး အဲဒီသတင်းကို စိတ်ဝင်စားတဲ့ ပြည်သူတွေကိုအသိ မပေးရဲတာဟာ ရှက်စရာကောင်းတယ်။ အစိုးရလက်ကိုင်တုတ်သတင်းဌာန တွေမို့ သတင်းမှန်ကိုပြည်သူတွေဆီပေးရဲမှာလည်းမဟုတ်ဖူး။ ရီစရာတခုပြောရမယ်။ ၀န်ကြီးဦးစိုးသိန်း အမေးအဖြေ အစီအစဉ်တွေပြီးသွားတော့ လူတော်တော်များများပြန်သွားတဲ့ အချိန် ၀န်ကြီးက သူတို့နဲ့ ပါလာတဲ့ သတင်းမီဒီယာတွေကို “မင်းတို့ သေချာတည်းဖြတ်ပြီး မှလွှင့်နော်၊ ပြောတာတွေအကုန်မထည့်နဲ့၊ အကုန်ဒုက္ခရောက်ကုန်မယ်” ဆိုပြီးပြောတာ ကျနော့ နားနဲ့ဆတ်ဆတ်ကိုကြားခဲ့ ရတာ။ အနားမှာရှိနေတဲ့ ကျနော်ကတောင် “ကျနော်က တည်းဖြတ်ပြီးလုပ်ရမှာလား”လို့ လှမ်းမေးလိုက်တော့ ၀န်ကြီးက မျက်နှာတည်တည်နဲ့ “ ကျနော် သူတို့ကို ပြောနေတာပါ ” လို့ ပြန်ပြောတယ်။ ဒါဆိုရှင်းနေတာပဲ။ ပြည်တွင်း မီဒီယာတွေဟာ သတင်းကို သတင်းအတိုင်း အစိုးရဘက်ကို မလိုက်ပဲ တိတိကျကျမှန်မှန်ကန်ကန် လုပ်ရဲသလား၊ မလုပ်ရဲဖူးလား၊ အဖြေက ရှင်းတယ်။ အစိုးရက သတင်းမီဒီယာတွေကို ချုပ်ကိုင်ထားတယ်။ ကျနော်တို့ဆန္ဒပြသတင်းလည်း သူတို့ မကောင်းတာ ၀ါဒဖြန့်ချင်ရင် ထုတ်သုံးလိမ့်မယ်။ နိုင်ရင်ဖိထောင်းလိမ့်မယ်။
ဆန္ဒပြတုံးက သူတို့မီဒီယာတွေ မေးတဲ့ မေးခွန်းတခုကို ကျနော်ဖြေနေရင်း ထည်ံပြောလိုက်တာတခုရှိတယ်။ “ ပြည်သူတွေရပိုင်ခွင့်က တကျပ်ဖိုးဆို တကျပ်ဖိုးပေးပါ။ တမတ်ဖိုး၊ပေးလိုက် ငါးမူးဖိုးပေးလိုက်နဲ့ ဒီမိုကရေစီကို ပြန်ပေးမဆွဲထားနဲ့၊ ရေကူးတတ်ချင်တဲ့လူကို ရေနစ်မှာစိုးလို့ ရေထဲမဆင်းခိုင်း ရင် ရေကူးတတ်မှာမဟုတ်ဖူး၊ ဒီမိုကရေစီနိုင်ငံလုပ်မယ်ဆို သတ္တိရှိရှိလုပ်ပါ ကျနော်တို့ အားပေးမယ်” လို့ပြောခဲ့တယ်။တကယ်ဆို ကျနော်တို့ မြန်မာလူထုဟာ မရိုင်းဖူး၊ ဒီမိုကရေစီ စနစ်သာကျင့်သုံးခွင့်မရသာ ဘာကိုမလုပ်သင့်ဖူး၊ ဘာကိုလုပ်သင့်တယ်ဆိုတာ ခွဲခြားသိတယ်။ ဘာသာတရားအဆုံးအမတွေမှာ ဒီမိုကရေစီ ကျင့်ထုံးတွေပါပြီးသား။ အစိုးရသာ ဒီမိုကရေစီ တန်ဘိုးကို နားမလည်သေးတာ ပြည်သူလူထုက ဒီမိုကရေစီအနှစ်သာရကို သဘောပေါက်ပြီးသား။ ကျနော်တို့ပြည်သူက မ“အ”ဖူး။ အစိုးရက “အ”နေတာ။ ကျနော်တို့ပြည်သူက ဒီမိုကရေစီလမ်းပေါ်စလျှောက်နေပြီ။ နောက်ပြန်လျှောက်မှာမှုတ်ဖူး၊ ခေတ်ပြောင်းပြီဆိုတာနဲ့ မိမိတို့ လုပ်ရမဲ့ အလုပ်တွေကို သတ္တိရှိရှိလုပ်နေကြတယ်။ အစိုးရက ပြောပြီး တွန့်ဆုတ်ဆုတ်ဖြစ်နေတယ်။ နောက်ပြန်ရောက်နိုင်တယ်လို့ ခြိမ်းခြောက်နေပြန်တယ်။ ဘာမှ သတ္တိရှိရှိ မလုပ်ရဲဖူး။ အကြောက်တရားလွမ်းမိုးတုံး၊ လူထုနဲ့ အတိုက်အခံကို မယုံကြည်တုံး။ ဒီပုံစံနဲ့ မိုးကြီးချုပ်လိမ့်မယ် သမတကြီး။ ဒီမိုကရေစီဖြစ်လာမှာမဟုတ်ဖူး။ ခရိုနီတွေပဲ အလုပ်ဖြစ်သွားမှာ။ သမတကြီးလည်နေတဲ့ ဥရောပ နိုင်ငံတွေက သိတ်လည်တယ်။ သမတကြီးက အခုမှ ဥရောပ ၅နိုင်ငံရောက်တာ သူတို့က တကမ္ဘာလုံးကပထ၀ီမြေပုံတွေကို အပ်ကြောင်းထပ်နေအောင် လိုက်ကြည့်ပြီးပြီ။ သူတို့လိုချင်တာ သူတို့ ပြည်သူတွေ ကိစ္စက ပထမတန်းပဲ။ ကျနော်တို့သမတကြီးက ဘယ်သူ့အတွက် ပထမတန်းဦးစားပေးမလဲ? သမတကြီးရဲ့ ပါတီအတွက်လား? သမတကြီးရဲ့ အစိုးရအတွက်လား? သမတကြီးရဲ့ တပ်မှုးတွေအတွက်လား? ဒါမှမဟုတ် မြန်မာပြည်သူတွေအားလုံး တိုးတက်ဖွံ့ဖြိုးရေးအတွက်လား? မြန်မာ ပြည်သူတွေအတွက် သက်သက်လုပ်မယ်ဆို သမတကြီး သတ္တိရှိဖို့လိုတယ်။ သမတကြီးသတ္တိမွေးပါ။စစ်သားတယောက်လို လက်နက်ကိုင်ပြီး အာကျယ်တဲ့ သတ္တိ မလိုချင်ဖူး။ ပြည်သူတွေက အဲဒီ အာဏာရှင်စိတ်နဲ့ အာကျယ် တွေကို အနိုင်ယူနိုင်တဲ့ သတ္တိမျိုးပဲ သမတကြီးမှာဆီမှာ မြင်ချင်ကြတယ်။  ဒီတော့ သမတကြီးသတ္တိရှိပါ။ ၀န်ကြီးတွေ သတ္တိရှိပါ။ လွှတ်တော်လည်းသတ္တိရှိပါ။ ဒီမိုကရေစီကို မရှောင်ပါနဲ့ ၊ ပြည်သူတွေကို မကြောက်ပါနဲ့။ အစိုးရက သတ္တိရှိရှိ ဒီမိုကရေစီလမ်းကိုချဲ့ထွင်ပါ။ တိုးလျှောက်ပါ။ ခေါင်းဆောင်တွေသတ္တိရှိပါ။
ကိုညို( အော်စလို)

Wednesday, February 27, 2013

အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (အပိုင်း-၃)

ဒီမှာက အပိုင်း ၁ ပါ။
ဒီမှာက အပိုင်း ၂ ပါ။


စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို တိုးမြှင့်ခြင်း

ပြည်သူ့ရဲ့ စီးပွားရေးဆိုင်ရာများကို စီမံခန့်ခွဲတဲ့ လုပ်ငန်းစဉ်တွေကို တိုးမြှင့်လိုက်တာက ခိုင်မာတဲ့စနစ်ကို ထူထောင်ဖို့ တတိယအရေးပါတဲ့ အချက်ဖြစ်လာတယ်။ လာအိုက နိုင် ငံတကာငွေကြေးရံပုံငွေအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံပဲ။ ၁၉၉၈ မှာ နိုင်ငံတကာ ဥပဒေတစ်ရပ် ကို public financial management အတွက် ရည်ရွယ်ပြီးချမှတ်ခဲ့တယ်။ ဒီဥပဒေမှာ broad requirements လေးခုကို လွှမ်းခြုံပေးထားတယ်။ ပထမတစ်ခုက roles and responsibilities တွေကို ထင်ထင်ရှားရှား သတ်မှတ်ပေးဖို့၊ ဒုတိယတစ်ခုက သတင်း အချက်အလက်နဲ့ ပတ်သက်လို့ လူထုကြား ထင်သာမြင်သာရှိဖို့၊ တတိယတစ်ခုက ပွင့် လင်းတဲ့ ဘက်ဂျက်စနစ်ကို ပြင်ဆင်ဖို့၊ အသုံးချဖို့နဲ့ report လုပ်ဖို့၊ စတုတ္ထတစ်ခုက လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ ခိုင်မာမှုကို ထူထောင်ဖို့ဆိုပြီး အချက်လေးချက်ပါ တယ်။ အစိုးရအနေနဲ့ ဒီလိုအပ်ချက်တွေကို ဖော်ဆောင်ဖို့ တစ်ချို့ progress တွေကို လုပ်ပြီးတာတွေ ရှိနေပြီ။
Role clarity ဖြစ်မှုလိုပဲ၊ အခြေခံဥပဒေအရ national assembly ကသာလျှင် ဘက် ဂျက်ကိုရော၊ development plan ကိုပါ အတည်ပြုပေးနိုင်တယ်။ ဒါပေမယ့် ဥပဒေနဲ့ ဆန့်ကျင်နေတာက national assembly အနေနဲ့ ဘက်ဂျက်နဲ့ ပတ်သက်လို့ အသေး စိတ်အချက်အလက်တွေကို သိရှိတာမျိုး မရှိဘူး။ နောက်တစ်ခါ extra-budgetary spending တွေ၊ quasi-fiscal activities တွေ၊ government equity holdings တွေ အပေါ်မှာ national assembly အနေနဲ့ အတည်ပြုပေးဖို့လိုတယ်၊ review ပြန်လုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ indication တွေကိုလည်း မတွေ့ရဘူး။
သတင်းအချက်အလက်တွေကို လူထုထဲထင်သာမြင်သာရှိစေဖို့ လိုအပ်တဲ့ဥပဒေ ကြောင်းအရ ပြဋ္ဌာန်းမှုတွေက လာအိုမှာ ရှိမနေပါဘူး။ ဘက်ဂျက်စာရွက်စာတမ်းတွေ ကို ၁၉၉၇/၉၈ ဘဏ္ဍာနှစ်အတွက် ပထမဦးဆုံးအကြိမ်အဖြစ် ၁၉၉၇ မှာ ထုတ်ပြန်ခဲ့ပေ မယ့် အဲဒီအထဲမှာ extra-budgetary activities တွေ၊ contingent liabilities တွေ၊ tax exemptions တွေ၊ quasi-fiscal activities တွေ မပါဝင်သလို၊ မူရင်း ဒါမှမဟုတ် revised လုပ်ထားတဲ့ နောက်လာမယ့်နှစ်နှစ်အတွက် အကြိုခန့်မှန်းချက်တွေ၊ ဘဏ္ဍာ ရေးအရ ပြန်လည်တင်ပြတဲ့ လုပ်ထုံးလုပ်နည်းတွေ အစရှိတဲ့ ဥပဒေအရလိုအပ်တဲ့ လို အပ်ချက်တွေလည်း မပါဝင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဘက်ဂျက်နဲ့ ပတ်သက်ပြီး ထုတ်ပြန်တာဟာ ရှေ့ကိုတိုးတက်လျော့ပေါ့ပေးလာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လည်း ၁၉၉၈/၉၉ ဘဏ္ဍာနှစ်အတွက် အဲဒီလိုထုတ်ပြန်မှုတွေ ရှိမလာခဲ့ပြန်ပါဘူး။
၁၉၉၇/၉၈ ဘဏ္ဍာနှစ်အတွက် ဘက်ဂျက်ဟာ ပွင့်လင်းတဲ့ ဘက်ဂျက်ပြင်ဆင်မှုအ တွက် ဥပဒေအရလိုအပ်တဲ့ လိုအပ်ချက်တွေကို ပြည့်မီအောင် မဖြည့်ဆည်းပေးနိုင်ခဲ့ ဘူး။ စီးပွားရေးဖြစ်နိုင်ချေတွေကို ခန့်မှန်းယူဆတာတွေ၊ စီးပွားရေးအရ စွန့်စားရမှုတွေ၊ ဘက်ဂျက်မျှခြေခြုံငုံသုံးသပ်ချက်တွေနဲ့ စာရင်းအင်းစံတွေကို လိုက်နာတာမျိုးတွေ လည်း မရှိပါဘူး။
လွတ်လပ်ပြီး ယုံကြည်အားကိုးထိုက်တဲ့ ခိုင်မာတဲ့စနစ်တစ်ရပ်ဖြစ်လာဖို့ အစိုးရရဲ့တာ ဝန်ယူမှုဟာ မပြည့်စုံသလို၊ တသမတ်တည်းလည်း ရှိမနေတဲ့အပြင် နားလည်သဘော ပေါက်ဖို့လည်း ခက်ခဲလှတယ်။ လွတ်လပ်တဲ့ စာရင်းစစ်အဖွဲ့ရယ်လို့ ရှိမနေဘူး။ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စီးပွားရေးပြဿနာတွေ စုံစမ်းစစ်ဆေးတဲ့ ဌာနက ဘဏ္ဍာရေးပြဿနာတွေ ဖြစ်နေတယ်ဆိုတာ သိလာတဲ့အချိန်မှပဲ အစိုးရအဖွဲ့ အစည်းတွေရဲ့ စာရင်းအင်းတွေကို ရယူစစ်ဆေးတာမျိုး လုပ်လေ့ရှိတယ်။ ဝန်ထမ်းအင် အား မလုံလောက်သလို၊ ကျွမ်းကျင်မှုလည်း အားနည်းကြတာမို့ အကန့်အသတ်နဲ့ပဲ ဆောင်ရွက်နိုင်တယ်။ ADB အနေနဲ့ နည်းပညာအထောက်အပံ့တွေပေးပြီး national audit office တစ်ခု ဖြစ်ထွန်းရေး အကူအညီပေးနေပေးခဲ့ပေမယ့် ဒီရုံးကလည်းပဲ ဝန် ကြီးချုပ်ရဲ့ လုပ်အောက်မှာပဲ ရှိနေတာမို့လို့၊ လွတ်လပ်တဲ့အဖွဲ့အစည်းလို့ သတ်မှတ်ဖို့ အနိမ့်ဆုံးအဆင့် လိုအပ်ချက်ကိုတောင်မှ မပြည့်မီပဲ ဖြစ်နေရတယ်။
IMF ရဲ့ ဥပဒေအရလည်း အခွန်ဥပဒေတွေမှာ အုပ်ချုပ်မှု application တွေအနေနဲ့ လုပ်ထုံးလုပ်နည်းအရ အကာအကွယ်ပေးတာမျိုးတွေ လုပ်နိုင်ရမယ်ဆိုပြီး တောင်းဆို တာတွေ ရှိနေတယ်။ ဒီနေရာမှာတော့ လတ်တလောအခြေအနေမှာ UNDP/IMF ပူး ပေါင်းအဖွဲ့ရဲ့ အကူအညီနဲ့ တိုးတက်မှုတွေ ရှိလာနေတယ်။ ပြန်လည်ထူထောင်မှု အ မျိုးမျိုးဟာ filing rate ကို ၃၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေပြီး ကောက် ယူမှုတွေက သိသိသာသာကို တိုးတက်လာတယ်။ အကောက်ခွန်လုပ်ထုံးလုပ်နည်း တွေကလည်း တိုးတက်မှုရှိလာတယ်ဆိုပေမယ့် customs revenues တွေက တိုး တက်မလာဘူး။ ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်က သွင်းကုန်တွေမှာ တန်ဖိုးတွေလျော့ပြ ကြတာတွေ၊ မှောင်ခိုကုန်သွယ်တာတွေ၊ အာဆီယံစည်းမျဉ်းတွေအရ သွင်းကုန်ခွန် လျော့ပေးရတာတွေကြောင့် ဖြစ်နိုင်တယ်။
Revenue side မှာရှိနေတဲ့ ပြဿနာတွေကြောင့်မို့ ဘဏ္ဍာရေးလိုငွေပြမှုဟာ ၁၉၈၀ ခုနှစ်တွေကထက်စာရင် တိုးတိုးပြီးအခြေအနေဆိုးလာနေတယ်။ ၁၉၉၈ မှာဆိုရင် GDP တစ်ခုလုံးရဲ့ ၁၄.၈ ရာနှုန်းကိုတောင် ရောက်နေပြီ။ ဒါတောင် grants တွေမပါသေး ဘူး။ ပထမဦးဆုံးအကြိမ်အနေနဲ့ ဒီလိုငွေပြမှုရဲ့ တစ်စိတ်တစ်ဒေသဟာ နိုင်ငံခြားအကူ အညီတွေ ယူစရာမလိုပဲ ဗဟိုဘဏ်ရဲ့ ထောက်ပံ့မှုနဲ့တင် ဖြေရှင်းလိုက်နိုင်တာပဲ။
အစိုးရက အရေးပါတဲ့အကြောင်းအရာတွေပေါ် အာရုံထားဖို့ ဆုံးဖြတ်ထားပေမယ့် indicative planning တွေ၊ policy formulation တွေ၊ coordination တွေအပါအဝင် ဈေးကွက်ဦးတည်တဲ့ ဖွံ့ဖြိုးမှုစီမံခန့်ခွဲတာမျိုးအတွက် capacity တွေက အကန့်အ သတ် ရှိနေဆဲပဲ။ အခြေအနေတွေ မပြောင်းလဲမခြင်းကတော့ သိသာထင်ရှားတဲ့ တိုး တက်မှုဆိုတာ သံသယဝင်စရာ ကိစ္စတစ်ရပ် ဖြစ်နေဆဲပါပဲ။

ထိုင်း

ထိုင်းမှာတော့ အခြေခံကြတဲ့ နိုင်ငံရေးအပြောင်းအလဲတွေက သက်ဦးဆံပိုင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲလိုက်တဲ့ ၁၉၃၂ ကနေ ဒီနေ့အထိ ဆက်လက်ဖြစ်ပွားနေ ပါတယ်။ အထင်ကရဖြစ်ရတဲ့ အပြောင်းအလဲက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပါ။ ဒီဥပ ဒေသစ်မှာက ပိုကျယ်ပျံ့တဲ့ ထိုင်းမူပြုထားတဲ့ ဒီမိုကရက်တိုက်ဇေးရှင်းနဲ့ ပိုပြီးတုံ့ပြန်မှုရှိ တဲ့၊ ပိုပြီးတာဝန်ယူမှုရှိတဲ့ အစိုးရကို ဖန်တီးနိုင်ဖို့ ရည်ရွယ်ချက်တွေ ပါနေပါတယ်။ ဒီဥပ ဒေသစ်ပေါ်ပေါက်ပြီးကတည်းက အရေးပါတဲ့ reform တွေက စီးပွားပျက်ကပ်ကို တုံ့ ပြန်ဖို့ economic bill ၁၁ ခုကို ထုတ်ပြန်ကြေငြာခဲ့တာပါ။ ဒီ bill တွေက စီးပွားရေး လုပ်ငန်းဆောင်ရွက်ပုံတွေကို တိုးတက်လာစေဖို့နဲ့ reorganization နဲ့ restructuring တွေပါပါဝင်တဲ့ ခေတ်မှီတဲ့ bankruptcy လုပ်ထုံးလုပ်နည်းသစ်တွေ၊ ဘဏ်လုပ်ငန်း တွေနဲ့ အခြားငွေကြေးဆိုင်ရာ institutions တွေအတွက် အားကောင်းတဲ့ လည်ပတ်ပုံ တွေ ထူထောင်ဖို့ အောက်ခံ framework အဖြစ် အသုံးတော်ခံခဲ့ပါတယ်။
ဒီအခြေခံဥပဒေသစ်အောက်မှာပဲ အစိုးရအဖွဲ့အဆင့်တိုင်းမှာ တာဝန်ယူမှုနဲ့ ခိုင်မာမှု တွေကို ရှေ့ဆက်နိုင်အောင် အရေးပါတဲ့အခန်းကဏ္ဍကနေ ဆောင်ရွက်နေတဲ့ institutions ငါးခုကိုလည်း ထူထောင်နိုင်ခဲ့တယ်။ အဲဒါတွေက National Counter Corruption Commission (NCCC) ရယ်၊ the freedom of information commission ရယ်၊ the national audit commission ရယ်၊ judiciary နဲ့ ombudsmen တွေ ဖြစ်ကြပါတယ်။ ဗဟိုချုပ်ကိုင်မှု လျော့ချရေးနဲ့ civil society တွေ၊ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍတိုးမြင့်ရေးတွေက အခြေခံဥပဒေအရ လိုအပ်ချက် တွေ ဖြစ်လာသလို၊ လာဘ်စားမှုကို တိုက်ဖျက်ရာမှာလည်း အကူအညီတွေ ပေးနေပါ တယ်။
ဘယ်လိုပဲဖြစ်ဖြစ် လာဘ်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေဟာ စောင့်ကြည့်မှုစနစ် ဆိုတာထက်ပိုပြီး လိုအပ်တာတော့ အမှန်ပါပဲ။ public organization တိုင်းဟာ လူထု အကျိုးစီးပွားကို ကာကွယ်ဖို့ သူတို့ရဲ့ပေါ်လစီတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့၊ အစီအမံ တွေမှာ ကာကွယ်ရေးအချက်တွေကို တစ်ပါတည်းထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

National Counter Corruption Commission

၁၉၇၅ မတိုင်ခင်က လာဘ်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေဟာ police jurisdiction လက်အောက်မှာ ရှိနေပါတယ်။ တကယ်လို့ အစိုးရအရာရှိတွေဟာ ပြစ်မှု ထင်ရှားရင် ကြီးလေးတဲ့ပြစ်ဒဏ်ခံရဖို့ ဥပဒေအရသတ်မှတ်ထားပေမယ့် စုံစမ်းဖို့မှာ ဟာ ကွက်တွေရှိတာ၊ တရားစွဲဆိုမှုမှာ ခက်ခဲတာ၊ ရဲစုံစမ်းထောက်လှမ်းမှု လုပ်ထုံးလုပ် နည်းတွေက အတားအဆီးဖြစ်နေတာတွေ ရှိခဲ့ပါတယ်။ ခြစားမှုတိုက်ဖျက်ရေးကို အား ကောင်းလာဖို့အတွက် ၁၉၇၅ မှာ Counter Corruption Commission ကို တည် ထောင်ခဲ့ပါတယ်။ ဆောင်ရွက်ချက်တွေကို နယ်ပယ်သုံးခုခွဲထားတယ်။ နှိမ်နင်းခြင်း (တိုင်ကြားမှုတွေကို စုံစမ်းခြင်း)၊ ကာကွယ်ခြင်းနဲ့ လူထုဆက်ဆံရေးဆိုပြီး သုံးခုခွဲထား တယ်။ ဒါပေမယ့် ထိရောက်မှုပိုင်းမှာတော့ ဒီဟာကလည်းပဲ အတားအဆီးတွေ ရှိနေခဲ့ တာပဲ။
NCCC က ဖွဲ့စည်းပုံအသစ်ရဲ့ အဖွဲ့အစည်းပဲ၊ အုပ်ချုပ်ရေးဘက်နဲ့ လုံးဝသီးခြားဖြစ်ပြီး တော့ national assembly ကို တိုက်ရိုက်အစီအရင်ခံရတယ်။ ခြစားမှုတွေကို ဖော် ထုတ်ဖို့ အာဏာရှိသလို၊ ဖွံ့ဖြိုးမှုနဲ့ တိုးတက်ရေးအတွက် အန္တရာယ်ရှိတယ်လို့ ယူဆရ တဲ့အချက်တွေကို ပြောင်းပြန်လှန်ပစ်ရတယ်။ NCCC အနေနဲ့ နိုင်ငံရေးသမားတွေ၊ senior bureaucrats တွေဆီကနေ asset and liability statements (ALS) ကို တောင်းကြည့်ပိုင်ခွင့်ရှိတယ်။ တကယ်လို့အဲဒီစာရွက်စာတမ်းတွေမှာ လိမ်လည်မှုတွေ ရှိနေရင် ဒီပုဂ္ဂိုလ်တွေကို ရာထူးကနေ ဖယ်ရှားနိုင်စွမ်းရှိတယ်။ NCCC အနေနဲ့ လာဘ် စားတာ၊ အာဏာအလွဲသုံးစားလုပ်တာနဲ့ စီစဉ်ညွှန်ကြားပုံ မမှန်ကန်တာတွေကို စုံစမ်း ပြီး တရားစွဲဆိုပိုင်ခွင့်လည်း ရှိတယ်။
လတ်တလော ထိုင်းနဲ့ ADB တို့ရဲ့ governance studies တွေအရ အခြေခံဥပဒေသစ် ရဲ့ အရေးပါတဲ့အချက်တွေက လာဘ်စားမှုတိုက်ဖျက်ရေးမှာ ထိရောက်တယ်ဆိုတာကို ထပ်ပြီးညွှန်ပြပေးနေတယ်။ အစိုးရသစ်က ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာရလာ ပြီး NCCC ကို အားကောင်းအောင် ပံ့ပိုးခြင်းအားဖြင့် ခြစားမှုတွေကို တားဆီးနှိမ်နင်း သွားမယ်လို့ ကတိပြုခဲ့တယ်။ ဥပဒေတွေ ပြင်ဆင်ပေးမယ်၊ စုံစမ်းစစ်ဆေးရာမှာ လွယ် ကူဖို့ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲမယ်၊ အကျိုးစီးပွားကြောင့် အငြင်းအခုန်ဖြစ်ရတာ တွေကို ကာကွယ်သွားမယ်၊ အကျင့်ပျက်အရာရှိတွေကို ဖော်ထုတ်ပေးဖို့ ပြည်သူလူထု ကို တိုက်တွန်းသွားမယ်ဆိုတဲ့ ကတိတွေကိုလည်း ပေးခဲ့တယ်။
NCCC အနေနဲ့ အစိုးရရဲ့ အဝယ်စာရင်း ဘက်ဂျက်ထဲက သုံးဆယ်ရာနှုန်းလောက်ဟာ လာဘ်စားမှုတွေကြောင့် ဆုံးရှုံးနေရတယ်လို့ ခန့်မှန်းထားတယ်။ ၂၀၀၀ ပြည့်နှက်က အချက်အလက်တွေကို အခြေခံပြီးတွက်လိုက်ရင် ဒီပမာဏက စိုက်ပျိုးရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေးဝန်ကြီးဌာန နှစ်ဌာနပေါင်းရဲ့ ဘက်ဂျက်ထက်များနေတယ်။ တကယ် တမ်းပြောရရင် ဒီပမာဏက စိုက်ပျိုးရေးနဲ့ ကျန်းမာရေးအတွက် ကုန်ကျစားရိတ်တွေ ထက်ကို ပိုများနေမှာပဲ။
အစိုးရသစ်ရဲ့ အုပ်ချုပ်မှုသစ်မှာ NCCC အနေနဲ့ ဝန်ကြီးချုပ်ရဲ့ လက်အောက်ခံ ရုံးဌာန တစ်ခုကနေ လူထုအခြေပြု အနှောင်အဖွဲ့ကင်းတဲ့ အဖွဲ့အစည်းအဖြစ် ပြောင်းလဲရမှာ၊ စီမံခန့်ခွဲမှုတွေမှာ ပိုပြီးသစ်လွင်ပြီး၊ ပိုပြုလွယ်ပြောင်းလွယ်တဲ့ နည်းနာတွေ ဖန်တီးရမှာ၊ ဝန်ထမ်းတွေ စီမံခန့်ခွဲရမှာ၊ ဘက်ဂျက်နဲ့ ငွေကြေးတွေကို စီမံခန့်ခွဲရမှာစတဲ့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ရဖို့ရှိတယ်။ NCCC အနေနဲ့ ခြစားမှုတွေကို ကာကွယ်ရေးအ တွက်၊ စုံစမ်းရေးအတွက်၊ တားဆီးဖို့အတွက် Local Level အနေနဲ့ လုံလောက်တဲ့ capacity မျိုး လိုအပ်နေတယ်။ လိုက်လျောညီထွေဖြစ်မယ့် စုံစမ်းမှုနည်းနာတွေ လေ့ ကျင့်သင်ကြားပေးဖို့၊ ငွေကြေးခဝါချမှု၊ ငွေစာရင်းအရ ပြစ်မှုဖော်ထုတ်တာတွေစတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဆိုင်တဲ့နေရာတွေမှာ ဝန်ထမ်းတွေ အသစ်ခန့်ထားဖို့တွေကို လုပ် ရမယ်။ အခုအချိန်မှာ NCCC မှာ ဝန်ထမ်းပေါင်း ၅၇၀ ရှိနေတယ်။ အဖွဲ့ဝင်ကိုးဦးပါတဲ့ ကော်မရှင်နဲ့ ကြီးကြပ်တယ်။ ဒီအဖွဲ့ဝင်တွေကို အစိုးရကရွေးချယ်ပေးပြီး လေးနှစ်ကာ လအထိ တာဝန်ထမ်းဆောင်စေတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက NCCC ကို အစိုးရရဲ့ အဝယ်စာရင်းတွေ၊ တင်ဒါခေါ်ယူမှုတွေမှာ ခြစားမှုပပျောက်ရေးဆောင်ရွက်ဖို့ ဝန်ထမ်း အင်အား ၅၀ ထောက်ပံ့ပေးဖို့ကို သဘောတူထားတယ်။ အထူးသဖြင့်တော့ sub national level မှာပေါ့။ ဝန်ကြီးဌာနတွေရဲ့ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ယူတိုင်ပင် တာမျိုး လုပ်လေ့ရှိပေမယ့် NCCC ရဲ့ သီးခြားလွတ်လပ်မှုကိုတော့ မပျောက်ဆုံးသွားရ အောင် ဂရုတစိုက်ကိုင်တွယ်တတ်ကြတယ်။
NCCC အနေနဲ့ အစောပိုင်းကတည်းက အောင်မြင်မှုတွေရခဲ့တယ်။ ဝါရင့်ဝန်ကြီးတစ် ယောက်ကို ခြစားမှုနဲ့ဆက်နွယ်တယ်ဆိုပြီး forced resignation ပေးတာမျိုးတွေ လုပ် နိုင်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ် ကို တရားစွဲဆိုမှုအပေါ်မှာ ရလဒ်ကျဉ်းမြောင်းစွာနဲ့ပဲ ပလပ်ခဲ့တယ်။ ဒီဝန်ကြီးချုပ်အနေ နဲ့က အာဏာမရယူခင် ပိုင်ဆိုင်မှုတွေကို NCCC ဆီမှာ စစ်ဆေးခံတဲ့အခါမှာ အသေး စိတ်အချက်တွေကို ဖုံးကွယ်ထားခဲ့တယ်ဆိုပြီး စွတ်စွဲခံခဲ့ရတာ။

Freedom of Information Office

NCCC အပြင်ကို အခြား institutions လေးခုကလည်းပဲ အစိုးရအဆင့်တိုင်းမှာ တာဝန် ယူမှုနဲ့ ခိုင်မာမှုရှိလာဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်နေပါတယ်။
ပြန်လည်ထူထောင်ရေးရဲ့ အစောဆုံး အပြောင်းအလဲတွေမှာ freedom of information (FOI) Act ကို implement လုပ်လိုက်နိုင်တာပါပဲ။ နောက်တော့ တိုး တက်မှုတွေ ရှိလာသလို၊ ၁၉၉၇ အခြေခံဥပဒေအတွက်လည်း လမ်းပွင့်သွားအောင် ဆောင်ရွက်နိုင်ခဲ့တယ်။ high-profile cases တစ်ချို့က လူထုထဲမှာ ဒီဥပဒေကို တန်ဖိုး ရှိလာအောင်၊ ဒီဥပဒေရဲ့လွှမ်းခြုံနိုင်စွမ်းကို သိရှိလာအောင်၊ ဥပဒေရဲ့ application အ ပေါ်မှာ အရေးကြီးတဲ့ ကျင့်ထုံးတွေကို တိုးတက်ဖွံ့ဖြိုးလာအောင် Highlight လုပ်ပေး ခဲ့တယ်။ NGO တွေနဲ့ စီးပွားရေးလုပ်ငန်းတွေက အစိုးရရဲ့ လုပ်ငန်းတွေ၊ ဘက်ဂျက် တွေ၊ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို မှန်မှန်ကန်ကန်နဲ့ အချိန်မီသိရှိခွင့်မရတဲ့ အပေါ်မှာ စိတ်ပျက်နေကြတယ်လို့ ပြောနေခဲ့ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် FOI ကော်မရှင်အနေနဲ့ အခြေအနေတွေက တိုးတက်မှုရှိနေတယ်လို့ ထင်မြင်ထားတယ်။ ဥပဒေဆိုင်ရာ ကျင့်ဝတ်ကျင့်ထုံးတွေကို ထိထိရောက်ရောက် နား လည်နိုင်ဖို့ ဝန်ထမ်းတွေကို  capacity development တွေ လုပ်ပေးဖို့တော့ လိုအပ်နေ တုန်းပဲ။ တစ်ခါပထမတန်းစား ရုံးဌာနတစ်ခုအဖြစ်နဲ့ လူထုရဲ့တောင်းဆိုချက်တွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့ လိုအပ်နေသေးတယ်။ လူထုကို အပြန်အလှန် အချက်အလက် မျှဝေရင်း အားကောင်းအောင် လုပ်ဖို့လိုအပ်နေတဲ့ အစိုး ရအေဂျင်စီတွေ အတွင်းမှာလည်းပဲ လုပ်ထုံးလုပ်နည်းတွေကို ဖန်တီးတီထွင်ဖို့ လိုအပ် နေသေးတယ်။

National Audit Commission

စာရင်းစစ်ချုပ်ရဲ့ရုံးဟာ အရင်ကတော့ အုပ်ချုပ်မှုအဖွဲ့ရဲ့ လက်အောက်မှာ ရှိနေပေ မယ့် ၁၉၉၁ ခုနှစ်မှာ လွတ်လပ်တဲ့ public agency တစ်ခု ဖြစ်လာတယ်။ ၂၀၀၀ ခုနှစ် မှာတော့ Office of the National Audit Commission ဆိုပြီး အသစ်ပြန်လည်ဖွဲ့စည်း ခဲ့တယ်။ ဒီဌာနအနေနဲ့ တာဝန်ယူရတာတွေက စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ညှိနှိုင်းမှုတွေကို ညွှန်ကြားရတယ်၊ ဝန်ကြီးဌာနတွေ၊ အစိုးရအေဂျင်စီတွေ၊ ဌာနတွေ၊ SOE တွေနဲ့ sub national government units တွေရဲ့ ငွေရေးကြေးရေးနဲ့ performance ပိုင်းတွေကို စစ်ဆေးရတယ်။
National Audit Commission (NAC) အနေနဲ့ အခုအချိန်မှာ သူတို့ရဲ့စာရင်းအင်းအရ ရှာဖွေတွေ့ရှိမှုတွေကို ပါလီမန်မှာ ပြန်လည်တင်ပြရသလို၊ လူထုကိုလည်း အသိပေးရ တယ်။ ကော်မရှင်ရဲ့ အခန်းကဏ္ဍအနေနဲ့ သူ့အရင်ရှိနှင့်ပြီးသား ကော်မရှင်တွေရဲ့ အ ခန်းကဏ္ဍကနေ သိသိသာသာကို ကွဲလွဲလာတယ်။ အစိုးရအတွက် စစ်ဆေးမှုတွေ လုပ်တဲ့နေရာမှာ နိုင်ငံတကာနဲ့ ကိုက်ညှိပေးရသလို၊ performance auditing ကို လည်း အထူးပြုပြီး လုပ်ပေးရတယ်။ internal controls တွေကိုလည်း ပြည့်မီစုံလင် အောင် development တွေ လုပ်ပေးရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် NAC ဟာ သူတို့ရှာဖွေတွေ့ရှိချက်တွေကို လိုက်နာလာအောင် မောင်းနှင်ပေးမယ့် တွန်းအားတွေ ပျောက်ဆုံးနေပြန်တယ်။ အုပ်ချုပ်ရေးညံ့ဖျင်းတယ် လို့ယူဆရတဲ့ ရာဇဝတ်မှုဖြစ်စဉ်တစ်ချို့မှာ ကော်မရှင်ရဲ့စုံစမ်းမှုတွေဟာ လုပ်ထုံးလုပ် နည်းမှန်ကန်တဲ့ တရားစွဲဆိုမှုတွေဖြစ်ဖို့၊ စည်းကမ်းပိုင်းအရ အပြစ်ပေးနိုင်မှုတွေလုပ်ဖို့ ပါလီမန်ကို လွှဲပြောင်းပေးလိုက်ရတယ်။ အနိမ့်ဆုံးအနေနဲ့ ကော်မရှင်ဟာ ဖြစ်ရပ်တွေ မှာ အစီအစဉ်တကျနဲ့ ဖြောင့်ဖြောင့်တန်းတန်းဖြစ်လာအောင် စီစဉ်ပေးရင်း နောက် ကြောင်းပြန်လိုက်ရာမှာ လွယ်ကူအောင် ကူညီပေးနေသလို၊ ပိုကောင်းမွန်တဲ့ ပွင့်လင်း မြင်သာမှုနဲ့ publicity တွေရလာအောင် အားထုတ်ဆောင်ရွက်နေပါတယ်။ ဒီအပြင်ကို ပဲ စနစ်တွေကို တိုးတက်ကောင်းမွန်အောင် လုပ်တဲ့နည်းနာတွေ၊ လုပ်ထုံးလုပ်နည်း တွေနဲ့ internal controls တွေကိုလည်း တိုးတက်ကောင်းမွန်အောင် လုပ်ပေးရသေး တယ်။ ပိုပြီးစိတ်ဝင်တစား အာရုံစိုက်မှု ရှိလာအောင်လို့ စာရင်းအင်းအရ ရှာဖွေတွေ့ရှိ မှုတွေကို တုံ့ပြန်စေတဲ့နေရာမှာ interagency cooperation တွေကို ပိုအားကောင်း လာဖို့ မြှပ်နှံအားစိုက်ပြီး ဆောင်ရွက်ဖို့တော့ လိုအပ်နေပါဦးမယ်။
နောက်ထပ်အရေးကြီးတဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ပြဿနာက ဗဟိုချုပ်ကိုင်မှုတွေကို ဖယ်ရှားလိုက်တဲ့အခါမှာ ရင်းမြစ်တွေကို တလွဲအသုံးချမှုကနေ ကာကွယ်ဖို့အတွက် စီ မံခန့်ခွဲပုံတွေကို စောင့်ကြည့်ဖို့နဲ့ မှန်ကန်တဲ့ထိန်းကျောင်းမှုတွေ လုပ်နိုင်ဖို့ လုံလောက် သေချာတဲ့ စွမ်းဆောင်ရည် ရှိနေနိုင်ဖို့ပါ။ ကော်မရှင်ရဲ့ဝန်ထမ်းတွေအနေနဲ့ သူတို့မှာ ဒီလိုရင်းမြစ်တွေကို local level မှာ စောင့်ကြည့်နိုင်ဖို့အတွက် လုံလောက်တဲ့စွမ်း ဆောင်ရည်မရှိဘူးလို့ ထင်မြင်နေပြီး ဗဟိုချုပ်ကိုင်မှုတွေ ဖယ်ရှားတာကို ဖြည်းဖြည်း ခြင်းပဲလုပ်သင့်တယ်လို့ ငြင်းချက်ထုတ်နေကြပါတယ်။

Judiciary

အရင်ဖွဲ့စည်းပုံတွေနဲ့ မတူတာက ဒီဖွဲ့စည်းပုံအသစ်မှာ constitutional supremacy အတွက် principle တွေကို လုံလုံလောက်လောက် ပြဋ္ဌာန်းပေးထားတယ်။ အဲဒီတော့ ဘယ်ဥပဒေ၊ act၊ အမိန့်ကြေငြာစာမဆို ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်ရင်ပဲဖြစ်ဖြစ်၊ ကိုက်ညီမှု မရှိရင်ပဲဖြစ်ဖြစ် ဒီဥပဒေ၊ အမိန့်မှန်သမျှကို ပယ်ချလိုက်နိုင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပ ဒေဆိုင်ရာခုံရုံးသစ်က ဥပဒေမှန်သမျှရဲ့ constitutionality ဖြစ်မှုကို သေချာစေရသ လို၊ အစိုးရအဖွဲ့အစည်းတွေရဲ့ လုပ်နည်းလုပ်ဟန်တွေကလည်း ဖွဲ့စည်းပုံနဲ့ ကိုက်ညီ စေဖို့ အားထုတ်ရတယ်။ NCCC က ပေးပို့လာတဲ့ high-level corruption အမှုအခင်း တွေကိုလည်း ကိုင်တွယ်ရတယ်။ ဥပမာ အပေါ်မှာပြောခဲ့တဲ့ ဝန်ကြီးချုပ်ရဲ့ ပိုင်ဆိုင်မှု ဖုံးကွယ်တဲ့ အမှုလိုမျိုးပေါ့။ ဖွဲ့စည်းပုံအသစ်အရ ခုံရုံးဟာ မိမိဖာသာရပ်တည်ပြီး တရား ရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိမနေဘူး။ administrative courts အသစ်တွေ ဟာ အစိုးရအဆောက်အဦတွေ၊ အရာရှိတွေနဲ့ သာမန်ပြည်သူတွေကြားက ပြဿနာ တွေကို ကိုင်တွယ်ဆုံးဖြတ်ရတယ်။ နောက်ဆုံးမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ supreme administrative court နဲ့ administrative tribunals တွေကို ဖွဲ့စည်းပေး ထားသလို အယူခံတွေအတွက် လိုအပ်လာမယ်ဆိုရင် appellate administrative court ကိုပါ ဖွဲ့စည်းနိုင်တယ်။ administrative courts တွေအတွက် လွတ်လပ်တဲ့ judicial commission တွေဖွဲ့စည်းပြီး သူတို့ရဲ့လုပ်ဆောင်ချက်တွေကို လည်ပတ်နိုင် တယ်။

Ombudsman

ထိုင်းနိုင်ငံရဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို မကျေနပ်လို့ရှိရင် တိုင်ကြားနိုင်တဲ့ အရာရှိ (Ombudsman) ကို ပထမဦးဆုံးအနေနဲ့ ၂၀၀၀ ပြည့်နှစ် ဧပြီ လမှာ စတင်ခန့်အပ်ခဲ့တယ်။ ၂၀၀၂ မေလမှာတော့ ဆီးနိတ်ကနေ ဒုတိယအကြိမ် ခန့် အပ်ပေးခဲ့တယ်။ ဒီအရာရှိက တိုင်ကြားမှုတွေရှိလာခဲ့ရင် အစိုးရဝန်ကြီးဌာနတွေ၊ အေ ဂျင်စီတွေ၊ အစိုးရပိုင် enterprise တွေ၊ ဒေသဆိုင်ရာအစိုးရအဆောက်အအုံတွေက ဥပဒေကိုချိုးဖောက်တာတွေရှိသလား၊ ဒါမှမဟုတ် သူတို့ရဲ့တာဝန်တွေကို ထိထိရောက် ရောက် မဆောင်ရွက်ဘူးလား၊ ဒါမှမဟုတ် လူထုကို ထိခိုက်စေသလား၊ တိုင်ကြားသူ ကို နစ်နာဆုံးရှုံးစေသလားဆိုတာတွေကို စုံစမ်းရတယ်။ နောက်သူက ဒီအမှုတွေကို constitutional တရားရုံးတွေကိုရော၊ administrative တရားရုံးတွေကိုပဲ သက်ဆိုင်သ လို ပြန်တင်ပေးရတယ်။  ဒီရုံးကိုစပြီးတည်ထောင်စဉ်ကတည်းက တိုင်ကြားမှုပေါင်း ၂၀၀၀ လောက်ကို လက်ခံခဲ့ရတယ်။ တစ်ဝက်လောက်က ကျေနပ်အောင် ဖြေရှင်းပေး နိုင်တဲ့အတွက် ပြေလည်သွားတယ်။ တိုင်ကြားမှုအများစုက မြေယာကိစ္စတွေ၊ ရဲနဲ့ public utilities တွေနဲ့ပတ်သက်လို့ မကျေနပ်ချက်တွေကို တိုင်ကြားကြတာများတယ်။

Sub-national Institutions, Civil Society, and the Media

တာဝန်ယူမှုနဲ့ဆိုင်တဲ့ ပင်မ institutions လေးခုအပြင်ကို တခြားလာဘ်စားမှုကို တိုက် ဖျက်နေတဲ့ constitutional mechanisms တွေလည်း ရှိနေသေးတယ်။ ဥပမာပြောရ ရင် ဗဟိုချုပ်ကိုင်မှုဖယ်ရှားတဲ့အပေါ်မှာ အထူးပြုစောင့်ကြည့်မှု အသစ်တွေပဲ။ ၂၀၀၁ ခုနှစ်က 8th Plan period အပြီးမှာ ဒေသတွင်း သုံးစွဲမှုရဲ့ ရှယ်ယာက (intergovernmental transfers တွေနဲ့ စုစုပေါင်းအစိုးရ revenues တွေနဲ့ ဆက်စပ် သမျှတွေ အပါအဝင်) ၂၀၀၀ ပြည့်နှစ်က ရှိခဲ့တဲ့ မှန်းခြေ ၁၄ ရာနှုန်းကို ကျော်လွန်ပြီး ၂၀ ရာနှုန်းအထိ တိုးတက်လာခဲ့တယ်။ ၂၀၀၆ ခုနှစ် 9th Plan period အပြီးမှာ ဒေသ တွင်း သုံးစွဲမှုက စုစုပေါင်း အစိုးရရဲ့ revenues တွေရဲ့ ၃၅ ရာနှုန်းအထိ တိုးတက်လာ မယ်လို့ ခန့်မှန်းကြတယ်။
NGO တွေရော၊ ကမ္ဘာ့ဘဏ်ကပါ ထောက်ပံ့ထားတဲ့ social investment fund (SIF) တွေဟာ ဒေသတွင်းကျေးလက်တွေမှာ အတော်အသင့်ကို အတွေ့အကြုံရနေတဲ့ အင် အားစုတွေဖြစ်လာတယ်။ SIF တွေရဲ့ အတွေ့အကြုံက ဒေသတွင်းက အစိုးရရဲ့ ဝယ် ယူမှုတွေ၊ တင်ဒါခေါ်ယူတာတွေကို Local level မှာတင် တာဝန်ပေးဆောင်ရွက်စေ တာက ကုန်ကျစားရိတ်ကို အထိရောက်ဆုံး လျော့ချနိုင်တဲ့နည်းဖြစ်တယ်လို့ ညွှန်ပြနေ တယ်။ ဒေသန္တရနေ့ကလေးထိန်းကျောင်းတစ်ခုကို တည်ဆောက်တဲ့ ဥပမာတစ်ခုကို ထုတ်ပြရရင် တည်ဆောက်မှုမှာ အစိုးရရဲ့စံတွေကို လိုက်နာမယ်၊ ဒေသလူထုကပဲ တင်ဒါခေါ်လိုက်တာ ဒီလိုအဆောက်အဦမျိုးအတွက် ဘတ်သုံးသိန်းပဲ ကုန်ကျတယ်။ အစိုးရကစံသတ်မှတ်ထားတဲ့ ကုန်ကျစားရိတ် ဘတ် ၇ သိန်းနဲ့ ယှဉ်လိုက်ရင် အများ ကြီးကွာသွားတယ်။ Thailand development research institute က ဝန်ထမ်းတွေက ရွာသူရွာသားတွေအနေနဲ့ စံကုန်ကျစားရိတ်ချဉ်းကပ်ပုံနဲ့ လုပ်နေတဲ့ ပရောဂျက်တွေမှာ ပါဝင်ဖို့ စိတ်မဝင်စားကြဘူးလို့ ထောက်ပြကြတယ်။ ရွာသားတွေအနေနဲ့ အဲဒီလို ပရော ဂျက်မျိုးတွေဟာ လာဘ်စားဖို့လုပ်တဲ့ အလုပ်တွေလို့ မြင်ကြတယ်။ ဒီလိုမလုပ်ပဲ ဒေသ တွင်းမှာပဲ ဖြေရှင်းလိုက်ရင် လာဘ်စားဖို့ မလွယ်တော့ဘူးလို့ သူတို့က ယုံကြည်နေကြ တယ်။
SIF management အနေနဲ့ communities တွေ အားလုံးကိုတော့ ဒီလိုချွေတာလိုက် ခြင်းဖြင့် တင်ဒါခေါ်ယူမှုတွေမှာ အကျင့်ပျက်ခြစားမှု အလေ့အထတွေ ပပျောက်သွား မယ်လို့ ယုံကြည်အောင် လုပ်နိုင်မယ်လို့တော့ မပြောကြဘူး။ SIF ရဲ့ အတွင်းပိုင်းက ထွက်လာတဲ့ ဖော်ထုတ်ချက်တွေအရ ဒေသတွင်းခေါင်းဆောင်တွေကလည်းပဲ အမြဲ တမ်းတော့ ပွင့်ပွင့်လင်းလင်း လုပ်ကိုင်ကြတာမဟုတ်ဘူးလို့ ညွှန်ပြနေတယ်။ ပွင့်လင်း မြင်သာမှု အားနည်းတဲ့နေရာတွေမှာ လာဘ်စားမှုတွေက ဆက်ပြီးရှိနေဦးမှာပဲ။ ကျေး ရွာတွေမှာ ပွင့်လင်းမြင်သာမှုအတွက် လုပ်နည်းလုပ်ဟန်တွေကို ကျယ်ကျယ်ပြန့်ပြန့် လူထုကြားရောက်အောင် ဖြန့်ဖြူးပေးနိုင်မယ်ဆိုရင် ဒါကသူတို့အတွက် အားကောင်းတဲ့ အသုံးချစရာတွေ ဖြစ်လာလိမ့်မယ်။ ရှေ့ဆုံးက ဦးဆောင်တဲ့ ရွာတွေရှိလာရင်၊ ဒီအ ချက် တစ်ခုတည်းကိုပဲ ကျေးလက်ဒေသရဲ့ political economy မှာ အဓိကကျတဲ့ အ ပြောင်းအလဲတွေ ဖြစ်လာစေလိမ့်မယ်။ ဒေသတွင်းက “မျက်နှာဖုံး”တွေဆိုတဲ့ သူတွေရဲ့ အခန်းကဏ္ဍကို လျော့ချနိုင်လိမ့်မယ်။ ထိုင်းမှာက “မြို့မျက်နှာဖုံး၊ ရွာမျက်နှာဖုံး”တွေဆို တဲ့ အသုံးအနှုန်းက ဥပဒေကို ကျော်လွှားနိုင်တဲ့အထိ အားကောင်းနေတဲ့ ဒေသခံတွေ ကို ပြောတာပဲ။ များသောအားဖြင့် အဲဒီလိုလူတွေကို ဒေသဆိုင်ရာ၊ ဒါမှမဟုတ် ဗဟိုအ ဆင့်က နိုင်ငံရေးသမားတွေက အကာအကွယ်ပေးထားတယ်။ ဒီနိုင်ငံရေးသမားတွေအ တွက်လည်း ဒီလူတွေက campaign canvassers အနေနဲ့ အပြန်အလှန်အားဖြင့် ဆောင်ရွက်ပေးတတ်ကြတယ်။
လူမှုလူ့အဖွဲ့အစည်းတွေက တခြားနည်းလမ်းတွေနဲ့ အစိုးရကို တာဝန်ယူမှုရှိစေအောင် ဆောင်ရွက်ပေးပါတယ်။ နိုင်ငံသားတွေက NCCC ကို အသနားခံစားပို့ပြီး အရာရှိတစ် ဦးရဲ့ အပြုအမူတွေကို အာရုံစိုက်လေ့လာစေဖို့ စုံစမ်းစစ်ဆေးမှုတွေကို အစပျိုးတိုင် ကြားကြတယ်။ ဝန်ကြီးအဖွဲ့မှာ ပါဝင်တဲ့ ALS တွေရဲ့ မူမမှန်တဲ့ ဆောင်ရွက်ချက်တွေ ကို NCCC အနေနဲ့ စုံစမ်းလို့ရအောင် သတင်းပေးတာတွေ လုပ်ကြတယ်။ အခြားစုံစမ်း စစ်ဆေးမှုဧရိယာတွေထဲမှာတော့ ၁၉၉၉ ခုနှစ် NCCC ဥပဒေမှာပြဋ္ဌာန်းထားတဲ့ ကျင့် ဝတ်စံတွေကို လိုက်နာဖို့လိုအပ်တယ်။ conflict of interest တွေ ဖြစ်ပွားလာနိုင်မယ့် ဘယ်လိုလုပ်ဆောင်မှုမျိုးကိုမဆို အစိုးရအရာရှိတွေကို ပါဝင်ပတ်သက်ခြင်းကနေ ကန့် သတ်ထားတယ်။ ဘယ်အဖွဲ့အစည်းတစ်ခုတည်းကမှ၊ နိုင်ငံသားအစုအဖွဲ့တစ်ဖွဲ့တည်း ကမှ အစိုးရပေါ်လာစီအမျိုးမျိုးနဲ့ အစီအစဉ်တွေကို ထိထိရောက်ရောက် လွှမ်းခြုံမိသည် အထိ ကျွမ်းကျင်လာတယ်ဆိုတာမျိုး မရှိနိုင်ဘူး။
လူမှုအဖွဲ့အစည်းတွေအနေနဲ့ မီဒီယာကနေတဆင့် ပိုကျယ်ပြန့်တဲ့ လူထုတွေနဲ့ ဆက် သွယ်တဲ့နေရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပြန်တယ်။ အချို့အထူးပြု ကိစ္စရပ်တွေမှာ ဂျာနယ်လစ်တွေက နားလည်ထားတာထက် လူမှုအဖွဲ့အစည်းတွေက ပိုနားလည်တယ်။ အစိုးရရဲ့အမြင်ကိုတုံ့ပြန်ဖို့ လူမှုအဖွဲ့အစည်းတွေက အရေးပါတဲ့ အ ချက်အလက်တွေကို ထောက်ပံ့နိုင်တယ်။ တစ်ချို့အဖွဲ့အစည်းတွေနဲ့ NGO တွေက သူ တို့ရဲ့ အဖွဲ့ဝင်တွေရဲ့ concern အပေါ်မှာ မူတည်နေတဲ့ အကြောင်းအရာတွေကို သု တေသနတွေလုပ်ဖို့ လွတ်လပ်တဲ့ capacity တွေ ရှိထားကြတယ်။ အစိုးရရဲ့ သွင်ပြင် အမျိုးမျိုးကို အထူးပြုလေ့လာနေတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ non-partisan network တစ်ခုကို ထူထောင်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အချက်ဖြစ်နေဆဲပါပဲ။ ဒါမှလည်း ထိ ရောက်ပြီး တာဝန်ယူမှုရှိတဲ့ ကြီးကြပ်မှုကို NCCC ရဲ့ အားထုတ်မှုတွေအပေါ်မှာ ထပ် ဆောင်းပေးနိုင်မှာပါ။ အဖွဲ့အစည်းတွေအနေနဲ့ သူတို့ကြီးကြပ်လေ့လာနေတဲ့ အစိုးရ အေဂျင်စီတွေအပေါ်မှာ ပဋိပက္ခမဆန်တဲ့၊ ရင်းနှီးတဲ့ဆက်ဆံရေး ရှိဖို့လိုအပ်သလို၊ NCCC နဲ့လည်း ဒီလိုသဘောရှိတဲ့ ဆက်ဆံရေးရှိထားဖို့ လိုအပ်ပါတယ်။

(Poe C)  


အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (PDF version)

Monday, February 25, 2013

အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (အပိုင်း-၂)

အပိုင်း ၁ ကို ဒီမှာ ဖတ်ပါ။


ကမ်ဘောဒီယား

အခုတလောမှာ လုပ်ခဲ့တဲ့ Study တစ်ခုရှိတယ်။ administrative reform တွေ လုပ်ဖို့ ဆိုပြီး supreme council က တောင်းဆိုလို့ council of ministers ကနေ လုပ်တဲ့ Study ပဲ။ အဲဒီမှာဘာတွေရသလဲဆိုတော့ ကမ်ဘောဒီယမ်းအိမ်ထောင်စုတွေအနေနဲ့ public sector တွေမှာ ရှိနေတဲ့ လာဘ်စားမှုတွေဟာ ကမ်ဘောဒီယားနိုင်ငံရဲ့ အဓိက အကျဆုံး ပြဿနာလို့ ယုံကြည်နေတယ်ဆိုတာနဲ့ အခုလက်ရှိမှာ ဒီပြဿနာက အရင် သုံးနှစ်ကထက် ပိုဆိုးလာနေတယ်ဆိုတာပဲ။ သေချာပြန်ပြီး enterprises တွေကို survey လုပ်ကြည့်တဲ့အခါမှာလည်း လမ်းပေါ်ကရာဇဝတ်မှုတွေပြီးရင် လာဘ်စားမှု ဟာ အဓိကအကျဆုံး ဒုတိယမြောက်ပြဿနာဖြစ်နေပြန်တယ်။ အိမ်ထောင်စုတွေ၊ enterprises တွေနဲ့ အစိုးရအရာရှိတွေကို survey လုပ်ကြည့်တော့ တရားရုံးတွေဟာ သိက္ခာသမာဓိအကင်းမဲ့ဆုံးနေရာတွေလို့ သိလာရတယ်။ သူ့နောက်မှာတော့ အစိုးရ ရှေ့နေတွေနဲ့ အကောက်ခွန်ဝန်ထမ်းတွေဟာ အဆိုးရွားဆုံး အကျင့်ပျက်သူတွေပါတဲ့။ အိမ်ထောင်စုတွေထဲကမှ အဆင်းရဲဆုံးအိမ်ထောင်စုတွေကို survey လုပ်ကြည့်ရာမှာ တော့ သူတို့တတွေရဲ့ ဝင်ငွေထဲက အကြီးမားဆုံးအစိတ်အပိုင်းဟာ တံစိုးလက်ဆောင် တွေ ပေးရရင်း ကုန်ဆုံးသွားရတယ်ဆိုတာကို တွေ့ရသလို၊ ဒီလိုလာဘ်ငွေပေးရတဲ့ အ ထဲမှာမှ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အာဏာပိုင်တွေကို ပေးရတဲ့လာဘ်ငွေက အ များဆုံးဖြစ်တယ်ဆိုတာကို သတိထားမိလာတယ်။
နောက်လေ့လာမှုတွေက အကျင့်ပျက်ခြစားမှုကြောင့် တိုင်းပြည်ထဲမှာ အရည်အချင်း ကို အခြေခံပြီး ဝန်ထမ်းခန့်အပ်တဲ့ စနစ်က အေဂျင်စီတွေမှာ ယုတ်လျော့လာနေတယ် ဆိုတာကို တွေ့လာရတယ်။ ဒါကြောင့်မို့လို့ အရည်အချင်းရှိတဲ့၊ လုပ်ရည်ကိုင်ရည်ရှိတဲ့၊ စွမ်းဆောင်ရည်ကောင်းတဲ့ ဝန်ထမ်းတွေ ရှားပါးလာတယ်။ public sector တွေမှာ လ စာနည်းပါးတာတွေ၊ လစာထုတ်ယူမှုမှာ နှောင့်နှေးနေတာတွေ၊ performance evalu-ation တွေ အားနည်းတာတွေ၊ စည်းကမ်းထိန်းသိမ်းရေး စီမံချက်တွေ အားနည်းတာ၊ အပိုဆောင်းဘက်ဂျက်အတွက် ငွေထုတ်ပေးမှုစနစ်တွေ အားနည်းတာ၊ ဝန်ထမ်းစည်း ကမ်း ကောင်းလာဖို့ မကျေနပ်ချက်၊ တိုင်ကြားချက်တွေကို အရေးယူ ဆောင်ရွက်တဲ့ စ နစ်တွေမရှိတာတွေက ခြစားမှုတွေကို ပိုပိုဆိုးရွားလာစေတယ်။ ဒါကြောင့်လည်း ၁၉၉၉ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်လိုက်ခြင်းရဲ့ အကျိုးအမြတ်အနေနဲ့ အကျင့်ပျက်ခြစားမှုတွေ လျော့ပါးသွားမယ်လို့ အားလုံးက မျှော် လင့်ကြတာ ဖြစ်ပါလိမ့်မယ်။
ဝန်ကြီးချုပ် Samdech Hun Sen က ဦးဆောင်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ADB အနေနဲ့ သူတို့ရဲ့ governance assessment တစ်ခုကို ကမ်ဘောဒီးယားအတွက် စတင်ပေးခဲ့ တယ်။ ADB အနေနဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ assessment တွေကို update တွေ ပြန် လုပ်ခဲ့တယ်။ ဒီတစ်ခါ လုပ်တဲ့ update က ၂၀၀၁ မေလမှာ လုပ်ခဲ့တဲ့ လေ့လာမှု အ သစ်ကို အခြေခံပြီး လုပ်ခဲ့တာ။ ဒီလေ့လာမှုကိုကြတော့ ကမ်ဘောဒီးယား တစ်နိုင်ငံ တည်းကို အာရုံစိုက်ပြီး လုပ်တာမျိုး မဟုတ်တော့ပဲ၊ မဲခေါင်ဒေသတွင်း လေးနိုင်ငံမှာ ကြုံနေရတဲ့ အုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုတွေကို နှိုင်းယှဉ်သုံးသပ်ပြီး လေ့လာခဲ့တာမျိုး။
ဒီလေ့လာမှုက အစိုးရအနေနဲ့ သူတို့ရဲ့ Governance Action Plan (GAP) ကို ရေးဆွဲ တဲ့နေရာမှာ အရမ်းကိုအသုံးဝင်ခဲ့တယ်။ ဒီလေ့လာမှုတွေက လွန်ခဲ့တဲ့နှစ်အနည်းငယ် အတွင်း ကောင်းမွန်တဲ့ အုပ်ချုပ်ပုံ ဖော်ဆောင်ရေး၊ public sector တွေရဲ့ performa-nce တွေ တိုးတက်လာရေးမှာ ကမ်ဘောဒီးယားကို ခြေလှမ်းကောင်းတွေ လှမ်းလာမိ စေတယ်။ ဥပမာအားဖြင့်
  • အခြားဌာနတွေအတွက် အသုံးစားရိတ်တွေကို ချုပ်ထိန်းထားနေတဲ့အချိန်မှာ ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ထားတဲ့ social sectors တွေအတွက် Budget implementation တွေကိုတော့ တိုးမြှင့်ပေးထားတယ်။
  • financial sector  တွေမှာလည်း ဘဏ်စနစ်ကို ပြန်တည်ဆောက်တယ်၊ နောက်အလားအလာမကောင်းတဲ့ ဘဏ်တွေကို ပိတ်ပစ်ဖို့ စပြီးခြေလှမ်းနေပြီ
  • ဝန်ထမ်းဖွဲ့စည်းပုံ အင်အားကောက်ယူတာ၊ လစာစာရင်းထဲပါနေပြီး အမှန်တ ကယ်အလုပ် မလုပ်တဲ့ (Ghost worker) တွေကို identification တွေလုပ် တာ၊ military demobilization အတွက် ကနဦး phase တွေနဲ့ ဦးစားပေး priority mission groups တွေနဲ့ ပတ်သက်တဲ့ concept တွေကို ပုံဖော် ဆောင်ရွက်တာတွေစတဲ့ Public administration reforms တွေကို လုပ်လာ တာ။
  • သဘာဝသယံဇာတတွေနဲ့ ပတ်သက်လို့တော့ National Assembly for Adoption မှာ တင်သွင်းခဲ့တဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းများဥပဒေကို အ တော်များများ အခြေအနေတွေမှာ လိုက်နာညှိနှိုင်းကြတယ်။ သစ်တော၊ ငါး လုပ်ငန်းနဲ့ ရေအရင်းအမြစ် ဥပဒေတွေအတွက် မူကြမ်းတွေကို အခုစတင်ရေး ဆွဲနေကြပြီ။
  • Seila program ဆိုပြီးတော့ ဗဟိုကချုပ်ကိုင်မှု မရှိတဲ့ စီမံကိန်းရေးဆွဲရေး တွေ၊ ငွေကြေးထောက်ပံတာတွေ၊ စီမံခန့်ခွဲတာတွေကို စီရင်စုနယ် ၂၄ ခုအ နက် ၁၇ ခုမှာရှိတဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ငယ်လေးပေါင်း ၁၀၀၀ အတွက် ဖွဲ့စည်းပေးထားတယ်။
  • လွတ်လပ်တဲ့ supreme audit authority ဆိုတာကို ဖွဲ့စည်းပေးပြီး National Assembly ကို တိုက်ရိုက်အစီအရင်ခံစေတယ်။
  • Council of Ministers မှာ လာဘ်စားမှုတိုက်ဖျက်ရေး unit တစ်ခုကို ထည့် ဖွဲ့စည်းပေးထားပြီး လာဘ်စားမှုတိုက်ဖျက်ရေးဥပဒေကိုလည်း မူကြမ်းအဆင့် အထိ ရေးဆွဲပြီးနေပြီ။
  • legal framework တစ်ခုနဲ့ ဥပဒေစိုးမိုးမှုရှိရေး စနစ်တွေကို တည်ထောင်ပေး ထားတယ်။
ဒီလို ကမ်ဘောဒီယားရဲ့ broad-ranging reforms တွေဟာ ပြည့်ပြည့်ဝဝသာ implemented လုပ်နိုင်မယ်ဆိုရင် ခြစားမှုတိုက်ဖျက်ရေး ခရီးရှည်ကြီးကို ပီပီပြင်ပြင် လျှောက်လှမ်းနိုင်မှာပဲ။ ဒါပေမယ့် ဒါကိုပြည့်ပြည့်ဝဝ implemented လုပ်ဖို့ ဘယ်လိုစိန် ခေါ်မှုတွေ ရှိနေမလဲ။ ပြန်လည်ထူထောင်ရေးတွေဟာ ဘယ်လိုအစိုးရမျိုးအတွက်မဆို အမြဲတမ်းလိုလိုပဲ ခက်ခဲတဲ့အမှုကိစ္စ ဖြစ်နေတယ်။ ဒီကိစ္စမှာ implementation လုပ် ငန်းစဉ်ဟာ ပိုပြီးခက်ခဲလာနိုင်တယ်လို့ လက်ခံထားစရာ အဓိကအကြောင်းအရင်းအ နေနဲ့ အနိမ့်ဆုံးတစ်ချက်လောက်တော့ ရှိနေတယ်။ ကမ်ဘောဒီးယားအနေနဲ့ ကြေကွဲစ ရာကောင်းလှတဲ့ civil conflict တွေရဲ့ အကြွင်းအကျန်ဒဏ်ချက်တွေကို ခံနေရတယ်။ ဒါတွေနောင်တစ်ချိန် ထပ်မဖြစ်လာအောင် ကာကွယ်မှုတွေ လိုအပ်နေတယ်။ ကမ် ဘောဒီးယားဟာ မကြာခဏဆိုသလိုပဲ မကြုံစဖူးပြင်းထန်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး regimes အပြောင်းအလဲတွေကို ရင်ဆိုင်ခဲ့ရတယ်။ Kymer Rouge ခေတ်အထွတ်အ ထိပ်ကို ရောက်လာတဲ့ ၁၉၇၅-၇၉ နှစ်တွေအတွင်းမှာ လူတစ်သန်းကျော်လောက် အ သတ်ခံရရင်ခံရ၊ မခံရလည်း ငတ်ပြတ်ပြီးသေရတာတွေကို ကြုံခဲ့ရတယ်။ အဲဒီလူတစ် သန်းဆိုတာ အဲဒီအချိန်က တိုင်းပြည်လူဦးရေရဲ့ ၁၅ ရာနှုန်းတောင် ရှိခဲ့တာ။
ကမ်ဘောဒီယားအတွက် ကုလသမဂ္ဂအသွင်ကူးပြောင်းရေး အာဏာပိုင်အဖွဲ့(UNTAC) က ၁၉၉၂ မတ်လ မှာ တရားဝင်ဝင်ရောက်လာပြီး ဥပဒေကြောင်းအရ တရားဝင်ဖြစ်တဲ့ အစိုးရသစ်တစ်ရပ်ကို အထွေထွေရွေးကောက်ပွဲကနေ ရွေးချယ်နိုင်လိုက်သည်အထိ တိုင်းပြည်ကို ကူညီအုပ်ချုပ်ပေးခဲ့ရတယ်။ UNTAC operation အနေနဲ့ တကယ့်ကို ခက်ခဲရှုပ်ထွေးတဲ့ အခြေအနေတွေမှာ တာဝန်ယူခဲ့ရတာ။ လူဦးရေ ၃ သိန်း ၆ သောင်း လောက်က ဒုက္ခသည်တွေအနေနဲ့ ထွက်ပြေးနေရာကနေ ပြန်ရောက်လာတယ်၊ သူတို့ ကို ပြန်လည်နေရာချပေးရမယ်။ တစ်ခါ Khmer Rouge တွေက ရွေးကောက်ပွဲကို သ ပိတ်မှောက်ပြီး ပြည်တွင်းစစ်ကို တောထဲမှာ ပြန်ဆင်နွှဲနေတယ်။
၁၉၉၃ မေမှာတော့ UNTAC ရဲ့ ဦးဆောင်မှုနဲ့ အထွေထွေရွေးကောက်ပွဲတွေ ပြန်လုပ် တယ်။ ရွေးကောက်ပွဲအပြီး အစိုင်အခဲဖြစ်နေတာတွေ၊ အသည်းအသန် ညှိနှိုင်းရတာ တွေ ရှိနေသော်လည်းပဲ အဓိကပါတီကြီး သုံးခုဖြစ်တဲ့ National United Front for an Independent, Neutral, Peaceful, and Cooperative Cambodia (FUNCINPEC) ရယ်၊ နောက်တစ်ခါ Cambodia People's Party (CPP) ရယ်၊ Buddhist Liberal Democratic Party ရယ်၊ ဒီပါတီသုံးခုက ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့တယ်။ နိုင်ငံရေးညှိ နှိုင်းရတာတွေက တော်တော်လေးကို ခက်ခဲခဲ့တာ။ ဝန်ကြီးချုပ်က ပူးတွဲဖြစ်နေတယ်၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးတွေမှာလည်း ပူးတွဲဝန်ကြီးတွေ။ Khmer Rouge တွေနဲ့ Royal Cambodian Armed Forces တွေကြားက တိုက်ပွဲတွေကလည်း ထုံ့ပိုင်းထုံ့ပိုင်း ဖြစ်နေစဲပဲ။ အဲဒီလိုနဲ့ တကယ့်ကို စိုးရိမ်ရတဲ့ နိုင်ငံရေးတင်းမာမှုတွေက ၁၉၉၇ မှာ CPP နဲ့ FUNCINPEC တို့ ညွှန့်ပေါင်းဖွဲ့ထားတဲ့ အစိုးရအဖွဲ့အတွင်းမှာ ပေါ်ပေါက်လာတယ်။ ဖနွမ်ပင်နားမှာကိုပဲ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ ရှိလာတယ်။ ဝန်ကြီး ချုပ်က တိုင်းပြည်က ထွက်ပြေးရတယ်။ နိုင်ငံခြားအလှူရှင်တွေက အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်တာ၊ ရုတ်သိမ်းသွားတာတွေ လုပ်လာတယ်။ နိုင်ငံခြားပုဂ္ဂလိက ရင်းနှီး မြှုပ်နှံသူတွေကလည်း ယုံကြည်မှုတွေ ကုန်ဆုံးသွားရင်း ကမ်ဘောဒီယားကို စွန့်ခွာ သွားတယ်။ ၁၉၉၇ နဲ့ ၁၉၉၈ တွေမှာ ကမ်ဘောဒီယားရဲ့ ဖွံ့ဖြိုးမှုနှုန်းက သုညဖြစ်သွား တယ်။
၁၉၉၇ နှစ်ကုန်ပိုင်းမှာတော့ အချင်းချင်း သဘောတူညီချက်တွေ ရလာပြီး ၁၉၉၈ မှာ တော့ ကမ်ဘောဒီးယားရဲ့ ဒုတိယအကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲကို ကျင်း ပနိုင်ခဲ့တယ်။ နိုင်ငံရေးပါတီပေါင်း လေးဆယ်လောက် ဝင်ရောက်ယှဉ်ပြိုင်တယ်။ ပါတီ ကြီးသုံးခုဖြစ်တဲ့ CPP၊ FUNCINPEC နဲ့ Sam Rainsy Party တို့က National Assembly မှာ နေရာရခဲ့ကြတယ်။ အသစ်ပြန်စုစည်းတဲ့ CPP-FUNCINPEC ညွန့်ပေါင်း အစိုးရက ၁၉၉၈ နိုဝင်ဘာမှာ ပေါ်ထွက်လာတယ်။ Khmer Rouge စစ်သားတွေ အစု လိုက်အပြုံလိုက် လက်နက်ချကြတာနဲ့ ၁၉၉၈ အစောပိုင်းမှာ ပိုပေါ့သေသွားတာတွေ ကြောင့် နှစ်သုံးဆယ်ကြာခဲ့တဲ့ ပြည်တွင်းစစ်လည်း အဆုံးသတ်သွားတယ်။
ဒီလို conflict တွေရဲ့ အမွေဆိုးတွေကြောင့် အစိုးရပြန်လည်ထူထောင်မှုမှာ အနည်း ဆုံး အချက်နှစ်ချက်မှာ အခက်အခဲတွေ တွေ့ရတယ်။ စီးပွားရေးပျက်သုဉ်းသွားတာနဲ့ အရည်အချင်းရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးလိုက်ရတာက ပြန်လည်ထူ ထောင်ရေးရဲ့ မရှိမဖြစ်အုတ်မြစ်တွေကို တိုက်စားယုတ်လျော့သွားစေတယ်။ Khmer Rouge ခေတ်မှာ မျက်မှန်တပ်ထားတဲ့ သူကိုပဲဖြစ်ဖြစ်၊ တခြား professional အသွင်အ ပြင်မျိုးရှိတဲ့ သူကိုပဲဖြစ်ဖြစ်၊ စနစ်တကျနဲ့ကို လုပ်ကြံသတ်ဖြတ်ခဲ့တာတွေ ရှိတယ်။ အဲဒီ တော့ တော်တော်များများက သေတဲ့သူလည်းသေ၊ မသေတဲ့သူလည်း တိုင်းပြည်က ထွက်ပြေးရတာပဲ။ ဒီတော့ကာ အခုအချိန်မှာ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ ရှားပါး နေတယ်။ ထိရောက်တဲ့ public institutions တွေအတွက် ကျွမ်းကျင်လုပ်သား ရှားပါး နေတယ်။ အဲဒီအပြင်ကို conflict တွေကြောင့် စီးပွားရေးက အတော်ကြီးဆုတ်ယုတ် သွားတာပဲ။ ကမ်ဘောဒီးယားရဲ့ တစ်ဦးချင်းဝင်ငွေဟာ ဒေသတွင်းမှာ အနည်းဆုံးနိုင်ငံ စာရင်းထဲ ရောက်နေတယ်။ ကျွမ်းကျင်လုပ်သား ရှားပါးတာနဲ့ စီးပွားရေးယုတ်လျော့နေ တာတွေ ပေါင်းလိုက်ချိန်မှာတော့ institutional development တွေအတွက် အခက် အခဲတွေ အများကြီးပေါ်ထွက်လာတယ်၊ အခွန်ကောက်ခံရရှိမှုတွေ လျော့နည်းသွား တယ်၊ တခြားအကြောင်းတွေထက် အရေးအကြီးဆုံး ပြဿနာဖြစ်သွားတာက အစိုးရ ဝန်ထမ်းတစ်ယောက်ရဲ့ ပျမ်းမျှလစာက တစ်လကို ၁၈ ဒေါ်လာပဲ ရှိနေတယ်။ ဒီလိုလ စာနည်းရတဲ့အထဲမှာ ဗူးလေးရာဖရုံဆင့်တာက ဖနွမ်ပင်အနီးတဝိုက်မှာနေထိုင်တဲ့ မိ သားစုတစ်စုရဲ့ တစ်လအသုံးစရိတ်က ပျမ်းမျှအနေနဲ့ တစ်လကို ဒေါ်လ ၂၀၀ လောက် အထိ ကြီးမြင့်နေတာပဲ။
ဒီလိုအတားအဆီးတွေရှိနေချိန်မှာ အစိုးရရဲ့ reform capacity ဟာ နိုင်ငံတကာအလှူ ရှင်တွေရဲ့ အကူအညီပေါ် မှီတည်နေတယ်။ ဥပမာပြောရရင် အလှူရှင်တွေအနေနဲ့ ပုံ မှန်အားဖြင့် အလျင်းသင့်သလို extra-budgetary incentive payment တွေကို Cambodian counterparts တွေကို ပေးသွားကြတယ်။ ဒီ counterparts တွေကို survey လုပ်တဲ့အခါမှာ ပျမ်းမျှ donor supplements တွေအနေနဲ့ ၁၉၄ ဒေါ်လာ လောက် ရကြတယ်။ သူတို့ရဲ့ donor projects တွေက အသီးသီးပြီးမြောက်သွားပြီဆို တဲ့အခါမှာ တစ်ချို့ကလည်း supplements ဆက်ရနိုင်မယ့် တခြား project တွေကို ရှာကြတယ်။ အလှူရှင်သစ်၊ project သစ် မရှာနိုင်တဲ့သူတွေက တခြားနေရာတွေက နေ ဝင်ငွေရဖို့ကြိုးစားရတော့တယ်။ အဲဒီမှာတင် အချိန်ပိုင်းအစိုးရဝန်ထမ်းဆိုတာတွေ ပေါ်လာတယ်။ ဝင်ငွေစီးဝင်ပုံက roller-coaster စီးနေရသလို နိမ့်လိုက်မြင့်လိုက်ဖြစ် နေတာ၊ အစိုးရဝန်ကြီးဌာနတွေရဲ့ 'projectizing' လုပ်နေတာ၊ နယ်စွန်နယ်ဖျား ဌာန တွေက အုပ်ချုပ်မှုပြန်လည်ထူထောင်ရေးရဲ့ establishment တွေကို အသည်းအသန် ခုခံနေတာတွေက တခြားတဘက်မှာ capabilities တွေ ထူထောင်ပေးဖို့ လိုအပ်လာ နေတယ်။
ပြန်လည်ထူထောင်ရေးကို implementation လုပ်ယူရာမှာ အဟန့်အတားဖြစ်စေတဲ့ ဒုတိယအချက်က civil conflict တွေရဲ့ ဆိုးမွေတွေ ကိုယ်နှိုက်ပဲ။ Paul Collier ထောက်ပြထားတဲ့ အချက်က conflict ဖြစ်ကြတဲ့ အချိန်တုန်းက ရိုက်သွင်းထားတဲ့ အ မုန်းတရား အယူအဆတွေက အဖွဲ့အစည်းတွေအတွင်းမှာ ဆက်ပြီးကျန်ရှိနေတယ်ဆို တဲ့ အချက်ပဲ။ အဲဒီအတွက် နောင်တစ်ချိန်မှာ conflict တွေ ပြန်ဖြစ်လာဖို့က ကမ်ဘော ဒီးယားလို လူ့အဖွဲ့အစည်းမျိုးအတွက် အရမ်းကိုမြင့်မားနေတယ်။ နိုင်ငံရေးအရ အကွဲ အပြဲတစ်ခုက သူများနိုင်ငံတွေအတွက် ဘာမှမဟုတ်လောက်ပေမယ့် ဒီမှာတော့ အ ကြမ်းဖက်မှုတွေအဖြစ် အလွယ်တကူအသွင်ပြောင်းသွားနိုင်တယ်။ ၂၀၀၀ ပြည့်နှစ် နို ဝင်ဘာမှာ ဖြစ်ခဲ့တဲ့ အာဏာသိမ်းဖို့ ကြိုးစားချက်၊ နောက်တစ်ခါ ၂၀၀၁ ဂျူလိုင်မှာ ဟို တယ်နှစ်လုံး ဗုံးကွဲတဲ့ဖြစ်ရပ်တွေက ဒါကိုသက်သေထူနေတယ်။ ဒီလိုအကြမ်းဖက်မှု တွေ ဖြစ်နိုင်တဲ့ risk တွေကို လျော့ချဖို့က အစိုးရအနေနဲ့ အဓိကဂိုဏ်းကြီးတွေရဲ့ ခေါင်း ဆောင်တွေမှာ ရှိနေတဲ့ နစ်နာမှုတွေ၊ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ပြောတဲ့ဆိုတဲ့နေ ရာမှာ ဂရုတစိုက်ကိုင်တွယ်ဖို့လိုတယ်။ ပြည်နယ်တော်တော်များများမှာက သူ့ဒေသ ဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို စပြီးအ တိုက်အခံလုပ်တာတွေ ရှိတတ်တော့ အစိုးရအနေနဲ့ သတိကြီးကြီးထားပြီး ကိုင်တွယ် သွားဖို့လိုအပ်တယ်။ reform agenda ပေါ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားဖို့ ကြိုးစားရမယ်။ တစ်ဘက်မှာလည်းပဲ အလေးသာနေတဲ့ ပြိုင်ဘက်တွေကို လုံလုံ လောက်လောက် ထောက်ပံ့ပေးနိုင်မယ့် အားကောင်းတဲ့ မဲဆန္ဒနယ်တွေကို ရှိနေဖို့ကို လည်း သေချာအောင် ဆောင်ရွက်ထားရမယ်။ နောက်တစ်ခါ အဲဒီဒေသတွေက ခေါင်း ဆောင်တွေကို အကြမ်းဖက်နည်းတွေသုံးပြီး မဖြေရှင်းကြဖို့ ဖျောင်းဖျထားရဦးမယ်။
ဥပမာပြောရရင် GAP ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုက တစ်နိုင်ငံလုံးအနှံ့ demob-ilization ကို အပြီးသပ်လုပ်နိုင်ဖို့နဲ့ တပ်ဝန်ထမ်းတွေအတွက် reintegration program တွေ လုပ်ပေးရင်း စစ်ဘက်ဆိုင်ရာ အသုံးစားရိတ်တွေကို လျော့ချဖို့၊ ပိုလာမယ့် ငွေ တွေကို တခြားနေရာတွေက လူထုအသုံးစားရိတ်တွေအဖြစ် အသွင်ပြောင်းဖို့ (အဲဒီလို လုပ်တဲ့အထဲမှာ လာဘ်စားမှုတိုက်ဖျက်ရေးအတွက် institutional အပြောင်းအလဲတွေ လုပ်တာတွေလည်း ပါတာပေါ့)၊ နောက်အများပြည်သူလုံခြုံရေးတွေကို တိုးမြှင့်ပေးဖို့ တွေ လုပ်ရမယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်ပိုင်းတွေအနေနဲ့ ဒီ GAP program ဟာ မျှတတယ်လို့ မယူဆမခြင်း အကြမ်းဖက်မှုတွေနဲ့ ထိပ်တိုက်တွေ့ နေရဦးမှာပဲ။ ဒီ risk ကြောင့်မို့လို့ အစိုးရအနေနဲ့ရော၊ အလှူရှင်တွေအနေနဲ့ပါ reform တွေကို implement လုပ်တဲ့နေရာမှာ တုံ့ဆိုင်းနေမှုတွေ ရှိနေမှာပါပဲ။
တန်ဖိုးရှိတဲ့ သဘာဝသယံဇာတတွေ(သဘာဝကြိုးဝိုင်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတွေ အပါအဝင်) ကို စီမံခန့်ခွဲတဲ့နေရာမှာ အဓိကဦးဆောင်ပြီး တာဝန်ယူရတဲ့ institutions တွေရဲ့ ဝန်ထမ်းတွေဟာ လုံလောက်တဲ့ လုပ်ခလစာကို မ ရရှိကြဘူး။ အဲဒီလိုနဲ့ပဲ အာဏာကိုအလွဲသုံးစားလုံးတာတွေ၊ ဝန်ဆောင်မှုတွေအတွက် တရားမဝင်နှုန်းထားတွေ သတ်မှတ်တာတွေ လုပ်ဖို့တွန်းအားဖြစ်လာတယ်။ ဒီအပြင်ကို ပဲ reform တွေကို ထိထိရောက်ရောက် implementation လုပ်ယူဖို့မှာ အစိုးရအနေနဲ့ နိုင်ငံရေး conflicts တွေ၊ လက်နက်ကိုင်တပ်တွေရဲ့ သစ်ထုတ်လုပ်မှု လုပ်ငန်းတွေက နေ စဉ်ဆက်မပြတ် အကျိုးအမြတ်တွေ ရနေတာတွေ၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှု တွေအစရှိတဲ့ sensitive issues တွေအပေါ်မှာ ကိုင်တွယ်ဖို့ လိုအပ်နေတယ်။ ဒီလိုကိုင် တွယ်ရာမှာလည်း ဂိုဏ်းဂဏတွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ ဒီလုပ်ငန်းစဉ်တွေဟာ မျှ တမှုရှိတယ်လို့ ထင်မြင်လာစေဖို့ ဂရုတစိုက်နဲ့ ကိုင်တွယ်ဖို့လိုတယ်။
တခြားသောအရာတွေ အားလုံးထက်စာရင်ကို ကမ်ဘောဒီးယားရဲ့ post conflict situation ကြောင့် reform တွေဟာ တုံ့ဆိုင်းနေမှာပါပဲ။ အဲဒီလိုတုံ့ဆိုင်းနေတဲ့ အခြေ အနေတွေကလည်း ဆက်ပြီးဖြစ်နေဦးမှာပါပဲ။

လာအို

လာအိုရဲ့ အကျင့်ပျက်ခြစားမှုဟာ အဆင့်တိုင်းမှာ အဓိကကျတဲ့ အတားအဆီးဖြစ်နေ ပါတယ်။ နိုင်ငံရေးအင်အားကို အသုံးချပြီး အခွန်ရှောင်တိမ်းတာတွေ၊ ပရောဂျက်တွေ ကို ချောမွေ့အောင် ဆောင်ရွက်ပေးတဲ့အတွက် ကော်မရှင်ခတွေ ရယူနေတာ (ဒါမှမ ဟုတ်) ကန်ထရိုက်တွေ ပြန်ဆုချတာ၊ အမှန်တကယ်ကုန်ကျရမယ့် စားရိတ်တွေ၊ အ ခွန်တွေ လျော့သွားအောင်လို့ မိသားစုအချင်းချင်း၊ မိတ်ဆွေအချင်းချင်း လာဘ်ထိုးနေ ကြတာတွေက နေရာတိုင်းရှိနေတယ်။
အလှူရှင်တွေရဲ့ ထောက်ပံ့ကြေးနဲ့ ဝယ်ယူမှုတွေမှာ တကိုယ်ရေအသုံးအတွက် ကား တွေဝယ်ဖို့ ပိုက်ဆံကိုပါ ထည့်တောင်းကြတာတွေ ရှိတယ်။ တစ်ခါဝန်ကြီးတွေက အ လှူရှင်ပရောဂျက်တွေအတွက် သုံးဖို့ဝယ်ထားတဲ့ ကားတွေကို သူတို့ကိုယ်ကျိုးအတွက် ချောဆွဲဖို့ ကြိုးစားကြပြန်တယ်။ ဆိုတော့ကာ ဒီဥပမာမှာတင် အောက်ခြေအရာရှိတွေ က သူတို့ရဲ့နည်းပါးတဲ့ ဝင်ငွေကို တိုးလာအောင် ဒီလိုအပြုအမူမျိုးတွေကနေ လုပ်ယူ ကြတာတွေ ရှိလာတယ်။
၁၉၈၀ ခုနှစ်တွေကစလို့ စီးပွားရေးမှာ ပြန်လည်ထူထောင်မှုတွေ လုပ်ရင်းကနေ အ ကျင့်ပျက်ခြစားမှုအတွက် အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာတယ်။ ဥပမာပြောရ ရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုတွေ လုပ်နေတဲ့ ဒေသတစ်ခုမှာဆိုရင် ကုန် သွယ်မှုနဲ့ဆက်နွယ်တဲ့ လာဘ်စားမှုတွေက ပြည့်နှက်နေမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေက အစိုးရပိုင်းနဲ့ ဆက်နွယ်တဲ့ လိုအပ်ချက်တွေရှိလာရင် အဲဒီလိုအပ်ချက်တွေကို လျော့ပေါ့တာဖြစ်ဖြစ်၊ ချောမွေ့စေတာဖြစ်ဖြစ် လုပ်ပေးရင်း ပိုက်ဆံတောင်းလို့ရဖို့ အ ခွင့်အလမ်းတွေ ဖြစ်လာစေတယ်။ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ စစ်တပ်ကို အ ထူးအခွင့်အရေးတွေ ပေးထားတာမို့ မှောင်ခိုမှုတွေကို ပိုဆိုးရွားစေတယ်။ ဝန်ထမ်းခန့် အပ်မှုတွေမှာလည်း လာဘ်စားမှုက လွှမ်းမိုးနေတာကြောင့် ရာထူးကြီးပြီး အာဏာရှိတဲ့ ခေါင်းဆောင်ပိုင်းနဲ့သာ နီးကပ်မှုရှိရင် ရုတ်တရက်ခုန်ပျံပြီး ရာထူးတက်သွားအောင် လုပ်လို့ရတာတွေ ရှိလာနေတယ်။ ဒီအပြုအမူတွေက အစိုးရရဲ့ revenues တွေကို ကျ ဆင်းသွားစေသလို၊ မလိုလားအပ်တဲ့ ကုန်ကျစားရိတ်တွေ တိုးလာစေတယ်၊ နောက် တစ်ခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လျော့သွားတယ်၊ လူထုရဲ့ယုံကြည်မှုကလည်း ပျောက်ဆုံးသွားတယ်။ လူတော်တော်များများ ယုံကြည်ထားတာက နေရာအနှံ့အပြား မှာ ပြန့်နှံ့နေရင်း ပြန်လည်ထူထောင်မှုတွေအတွက် အဓိကအဟန့်အတား ဖြစ်လာနေ တယ်ဆိုတာပါပဲ။ သဘာဝအားဖြင့် အစိုးရအရာရှိတွေအနေနဲ့ သူတို့ရဲ့အပြုအမူတွေ ပေါ်သွားမှာကို စိုးရိမ်တတ်ကြသလို၊ တကယ်လို့သာ လာဘ်စားမှုတွေ လျော့ပါးသွား ရင် သူတို့အခြေအနေ ဘယ်လိုရှိမယ်ဆိုတာကို မရေမရာဖြစ်နေကြရတယ်။
လက်ရှိအစိုးရအနေနဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှုတွေ အများကြီးလုပ်နေ တယ်။ အဲဒီအထဲမှာ ၁၉၉၃ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ ခြစားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ တရားမဝင်သစ်ထုတ်လုပ်မှုတွေကို ထိန်းချုပ်မှုအသစ်တွေ လုပ်ခဲ့တာ၊ တရားလွန်သုံး ဖြုန်းနေတာတွေကို လူသိရှင်ကြားဝေဖန်တာတွေ လုပ်ခဲ့တာတွေကိုလည်း လုပ်ခဲ့ တယ်။
လာအိုဟာလည်းပဲ conflict တွေကို ၁၉၇၅ အထိ ရင်ဆိုင်ခဲ့ရတယ်။ Lao people's democratic republic ဆိုပြီး ဖြစ်လာတဲ့အထိပဲ။ ကမ်ဘောဒီးယားနဲ့ မတူတာက အဲဒီ အချိန်ကစလို့ အာဏာရ Lao people's revolutionary party က အသိအမှတ်ပြုစရာ ကောင်းလောက်အောင်ကို ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့တယ်။ အာဏာလွဲပြောင်းမှုတွေက ညင်သာခဲ့သလို ပြန်လည်ထူထောင်ရေးအတွက် မျိုးဆက်သစ်ခေါင်းဆောင်တွေက ပို ပြီးပွင့်လင်းမှု ရှိခဲ့ကြတယ်။ ပေါ်လစ်ဗျူရိုမှာလည်း လူနည်းစုလူမျိုးတွေ စုံစုံလင်လင်ရှိ လာတယ်။ အတိုက်အခံအဖွဲ့အစည်းတွေက LPRP နဲ့ ယှဉ်လိုက်ရင် အများကြီးအား နည်းတယ်။ သူပုန်အဖွဲ့ငယ်လေးတွေတော့ရှိတယ်၊ မြို့ကိုဝင်စီးတာတွေလည်း အခါအ ခွင့်သင့်တိုင်း ဖြစ်တတ်တယ်၊ အစိုးရဆန့်ကျင်သူအနည်းငယ်က USA နဲ့ ဥရောပအရှေ့ ပိုင်းနိုင်ငံတွေမှာ အခြေစိုက်ကြတာတွေ ရှိတယ်။ မီဒီယာကတော့ အစိုးရက လုံးလုံး လျားလျား ချုပ်ကိုင်ထားတယ်။
နိုင်ငံရေးတည်ငြိမ်မှုက အကျင့်ပျက်ခြစားမှုတွေကို နှိမ်နင်းနိုင်မယ့် institutions တွေ ရဲ့ တဖြည်းဖြည်းခြင်း တိုးတက်လာမှုကို ကျောထောက်နောက်ခံပြုနိုင်အောင် အကူအ ညီပေးနိုင်ပေမယ်လို့ အခုအချိန်အထိတော့ လိုအပ်နေတဲ့ achievements တွေကို ပြီး မြောက်အောင် ဆောင်ရွက်ဖို့ အလှမ်းဝေးနေဆဲပဲ။ နေရာသုံးနေရာလောက်မှာတော့ တိုးတက်မှုတွေကို မြင်နေရတယ်။ ပထမတစ်ခုက rule of law အတွက် အခြေခံအုတ် မြစ်တွေကို ဖွံ့စည်းပုံအခြေခံဥပဒေနည်းလမ်းကျကျ တည်ထောင်ထားနိုင်လိုက်ပြီ။ ဒု တိယတစ်ခုက နိုင်ငံရေးပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေကို တဖြည်းဖြည်းချင်း ကျယ် ပြန့်လာအောင် လုပ်လိုက်နိုင်နေပြီ။ တတိယတစ်ခုက ပြည်သူ့စီးပွားရေးစီမံခန့်ခွဲပုံတွေ မှာ ပိုပြီးတိုးတက်လာနေတယ်။ တရားဥပဒေစိုးမိုးရေးကို ပိုအားကောင်းတဲ့ စနစ်တွေနဲ့ ထောက်ပံ့ရင်း အကျင့်ပျက်ဝန်ထမ်းတွေကို အရေးယူဖို့ စတင်လာနိုင်နေတယ်။ ပူး ပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့လာရင်း ခေါင်းဆောင်တွေကို အကျင့်ပျက်မှုထဲ ရောက်မသွားအောင် ထိန်းသိမ်းဖို့အတွက် မြင်သာထင်သာရှိလာသလို၊ စိန်ခေါ်မှုတွေ လည်း ဖြစ်လာစေတယ်။ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ တိုးတက်လာတာက အ ကျင့်ပျက်ခြစားမှုတွေ ဖြစ်မလာအောင် ကာကွယ်ပေးသလို၊ တကယ်လို့ လာဘ်စားမှု တွေရှိနေရင်လည်း ဖော်ထုတ်ဖို့ ပိုလွယ်ကူလာတယ်။

အခြေခံဥပဒေနည်းကျ အုတ်မြစ်ထူထောင်ခြင်း

လာအိုမှာ တရားဥပဒေစိုးမိုးရေးအတွက် ခိုင်မာတဲ့စနစ်တစ်ခုရဲ့ အခြေခံအုတ်မြစ်အ ဖြစ် ခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုကနေ ၁၉၉၁ ခုနှစ်မှာ အခြေခံဥပဒေကို ပြဋ္ဌာန်း လိုက်တာကနေ အစပြုပေါ်ပေါက်လာပါတယ်။ ဒီတွေ့ဆုံမှုဟာ နိုင်ငံကို people's democratic state ဖြစ်တယ်လို့ ကြေငြာလိုက်တာပါ။ ဒီတွေ့ဆုံမှုဟာ ၁၉၇၅ မှာ မူ ကြမ်းရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကနေတဆင့် ပေါ်ပေါက်လာတယ်ဆိုပေမယ့် ဦးစား ပေးအဆင့် ခပ်နိမ့်နိမ့်ပဲ ရှိပါတယ်။ ဒါပေမယ့်လို့ international development agencies တွေအနေနဲ့ ဘာမှမသိတဲ့၊ တည်ငြိမ်မှုမရှိတဲ့ ဥပဒေတွေအစား ခိုင်မာတဲ့ ဥပ ဒေတစ်ရပ်ပေါ်ပေါက်လာချိန်မှာ လာအိုမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အင်တင်တင်ဖြစ် နေရာကနေ ပြန်စိတ်ဝင်စားလာကြတယ်။
၁၉၉၀ မှာ ပေါ်လစ်ဗျူရိုရဲ့ ခွင့်ပြုချက်နဲ့ အခြေခံဥပဒေမူကြမ်းကို လူထုရှေ့ချပြနိုင်ခဲ့ တယ်။ ဒီမူကြမ်းအပေါ်မှာ ဆွေးနွေးမှုတွေအတွက် တောင်းဆိုမှုတွေက ပါတီထဲမှာ၊ အစိုးရအဖွဲ့ထဲမှာ၊ နောက်တော့ပြည်သူတွေကြားထဲမှာပါ ရှိခဲ့ပေမယ့်လို့ LPRP အနေနဲ့ ပါတီရဲ့မူဝါဒအရ လက်မခံတာမို့လို့ ပါတီစုံစနစ်ဟာ ဖြစ်မလာနိုင်ဘူးလို့ အတိအလင်း ထပ်လောင်းကြေငြာခဲ့တယ်။
၁၉၉၁ အခြေခံဥပဒေမှာ ဟိုးအစောပိုင်းက ရှေးကျတဲ့တော်လှန်ရေးအတွေးအမြင်တွေ ပါနေသေးပေမယ့်လို့ တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး liberalization ဖြစ်စဉ်တွေအ ပေါ် လွှမ်းမိုးမှုရှိတယ်ဆိုတာကို လာအိုနိုင်ငံတွင်းမှာကို ထင်ထင်ရှားရှား ပြသနိုင်ခဲ့သ လို၊ ပိုကျယ်ပြန့်တဲ့ ဆိုရှယ်လစ်ကမ္ဘာအတွက်ပါ အံ့မခန်းပြောင်းလဲမှုအဖြစ် ပြသနိုင်ခဲ့ တယ်။
ဒီအခြေခံဥပဒေမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုပြီး ထုံးတမ်းစဉ်လာ တရားဝင်အုပ်ချုပ်မှုပုံစံတွေကို ထူထောင်ပေးခဲ့တယ်။ အသေးစိတ်အချက်တွေမှာတော့ သူ့အရင်ရှိပြီးသား မော်ဒယ်တွေဖြစ်တယ် ဗီယက်နမ်ပုံစံ၊ ရုရှားပုံစံ၊ ပြင်သစ်ပုံစံစတဲ့ ပုံစံ ဟောင်းတွေကို အတုခိုးတာမျိုး လုပ်မထားဘူး။ ဒါပေမယ့် အခြေခံတာဝန်ယူမှုတွေဟာ သူ့နေရာနဲ့သူ သတ်မှတ်ပေးထားတဲ့ institutions တွေမှာ ရှိနေရမယ်ဆိုတဲ့ အိုင်ဒီယာ မျိုးကို အလေးပေးထားတယ်။
ဒီအခြေခံဥပဒေဟာ လာအိုရဲ့နိုင်ငံရေးစနစ်မှာ ပုံစံကွဲတွေကို ထည့်သွင်းပေးတာပဲဖြစ် ဖြစ် ပါတီရဲ့ဦးဆောင်သူနေရာကို ခြိမ်းခြောက်တာမျိုးပဲဖြစ်ဖြစ် မလုပ်ခဲ့ဘူးဆိုရင် တောင်မှပဲ လူ့အခွင့်အရေးကာကွယ်ဖို့နဲ့ အုပ်ချုပ်သူရော၊ အုပ်ချုပ်ခံတွေပါ ဥပဒေကို လေးစားလိုက်နာဖို့ အလားအလာရှိတဲ့ တွန်းအားတွေ ပါဝင်လာစေခဲ့တယ်။ တခြားဒေ သတွေက ကွန်မြူနစ်စနစ်ပြိုလဲသလိုမျိုး ပြိုလဲလာလိမ့်မယ်လို့ မျှော်လင့်ချက်တွေနဲ့ လေ့လာမှုတွေလည်း ရှိခဲ့တယ်။ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ ပေါ် ပေါက်လာမယ်၊ လာအိုအနေနဲ့ ပိုပြီးမှီခိုအားထားရမယ့် တရားဥပဒေစိုးမိုးမှုအတွက် တိုးတက်တောင်းဆိုလာမှုတွေကို လိုက်လျောလာဖို့ လမ်းညွှန်ပေးနိုင်မယ်လို့ မျှော်လင့် ထားကြတယ်။
ဥပဒေကြောင်းနဲ့ judicial တိုးတက်မှုတွေက အားရစရာကောင်းလောက်အောင် တိုး တက်လာခဲ့တယ်။ ဥပဒေပြုမှုမှာလည်း သတ်သတ်မှတ်မှတ် စနစ်တစ်ခုအဖြစ် တိုး တက်လာနေတယ်။ ဥပဒေတွေ၊ အမိန့်တွေကို လူသိရှင်ကြား ကြေငြာပေးလာတယ်။ ဥ ပဒေပညာတွေကို တိုးချဲ့သင်ကြားပေးလာတယ်။ တရားသူကြီးတွေအတွက် ဥပဒေ ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ဖြည့်စည်းပေးလာတယ်။ ပုဂ္ဂလိကရှေ့နေလုပ်ငန်းက လည်း တိုးတက်မှုတွေ ရှိလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေသစ်တွေထဲက တော် တော်များများဟာ လိုက်နာဖို့အတွက် ဖိအားပေးတာတွေ အားနည်းနေသေးတယ်။
အားလုံးခြုံကြည့်ရင် ဥပဒေစနစ်ရဲ့ စွမ်းဆောင်ရည်ဟာ အားနည်းနေပြီး၊ ပြည်သူ့အ ကျိုးပြုလုပ်ငန်းတွေမှာလိုပဲ စနစ်ပိုင်းဆိုင်ရာ ပြဿနာမျိုးတွေကို ရင်ဆိုင်နေရဆဲပဲ။ ဒီ ပြဿနာတွေကို အလှူရှင်တွေရဲ့ ငွေကြေးနဲ့ လည်ပတ်နေတဲ့ ပရောဂျက်တွေကချည်း ပဲ ခေါ်လာတာမဟုတ်ဘူး၊ နိုင်ငံရေးအရ ကတိကဝတ်ခံယူမှုနဲ့ စီးပွားရေးဆိုင်ရာ အ ထောက်အပံ့တွေလည်း လိုအပ်နေသေးတာပဲ။ စီးပွားရေးတွေက မရေမရာဟိုလိုလို ဒီ လိုလို စည်းမျဉ်းတွေ၊ နားလည်ဖို့ ခက်ခဲတဲ့ နည်းဥပဒေတွေ၊ အစိုးရပိုင်းက ကြားဝင် စွက်ဖက်နိုင်တဲ့ အခွင့်အလမ်းတွေ၊ စိတ်ကူးပေါက်ရင်ပေါက်သလို လုပ်တတ်တဲ့အပြုအ မူတွေရဲ့ ဟန့်တားနှောက်ယှက်မှုကို ခံနေရဖို့ရှိသေးတယ်။ ကိုယ်ကျိုးအတွက် ညောင် ရေလောင်းနေသူတွေကို အကျိုးဖြစ်ထွန်းစေဖို့ ဥပဒေကိုသတ်မှတ်ထားသလိုမျိုး ဖြစ် နေပြန်တယ်။

နိုင်ငံရေးအရ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

ပူးပေါင်းဆောင်ရွက်မှုတွေက တဖြည်းဖြည်းခြင်း တိုးတက်လာနေတာက ခိုင်မာတဲ့စ နစ်ပေါ်ထွန်းရေးအတွက် အရေးပါတဲ့နောက်ထပ်အချက် ဖြစ်လာတယ်။ အကောင်းဆုံး ကို မြင်ယောင်ပြီးပြောရရင် လာအိုဟာအခုအချိန်မှာ ဒီမိုကရေစီကျင့်သုံးစ နိုင်ငံတစ်နိုင် ငံ ဖြစ်လာနေတယ်။ လက်ရှိမှာ လူထုက ရွေးကောက်ပွဲနှစ်မျိုးကို ပါဝင်မဲပေးခွင့်ရနေ တယ်။ National Assembly နဲ့ နောက်တစ်ခုက ရပ်/ကျေးအဆင့် ခေါင်းဆောင်တွေ ကို ရွေးကောက်တဲ့ပွဲ။ ဒါပေမယ့် ပါတီကပဲ ရွေးကောက်ပွဲတွေကို ထိန်းချုပ်နေတယ်။ ကြိုရွေးထားတဲ့ ယှဉ်ပြိုင်သူတွေကို အသုံးချပြီး ရလဒ်ကိုအဆုံးအဖြတ်ပေးနေတယ်။
ဒီဇင်ဘာ ၁၉၉၇ မှာလုပ်ခဲ့တဲ့ national assembly ရွေးကောက်ပွဲမှာဆိုရင် ပါတီကမ ဟုတ်တဲ့သူဆိုလို့ လေးယောက်ပဲ ဝင်အရွေးခံခွင့်ရှိခဲ့တယ်။ အဲဒီအထဲကမှ တစ် ယောက်တည်းကပဲ အနိုင်ရခဲ့တယ်။ အဲဒီအချိန်ကစလို့ ပိုပြီးအကောင်းဘက်ကို မြင်ရ မယ့် အပြောင်းအလဲတွေ ဖြစ်လာတယ်။ ဥပဒေမူကြမ်းတွေကို အမတ်တွေက ဆွေးနွေး နိုင်တယ်၊ မဲပေးနိုင်တယ်။ တင်လိုက်သမျှ ဥပဒေကြမ်းတိုင်း ဥပဒေအဖြစ် ပြဋ္ဌာန်းခံရ တာမျိုး မရှိဘူး။ လျှို့ဝှက်မဲပေးဖို့အတွက် electronic voting system ရှိတယ်၊ အမတ် တွေအနေနဲ့ သူတို့ခုံကနေထပြီး စကားပြောနိုင်ဖို့ မိုက်ကရိုဖုန်းတွေ ထားပေးထား တယ်။ အဲဒီတော့ debate တွေက ပိုအားကောင်းလာတယ်။ လူထုရဲ့တိုင်ကြားမှုနဲ့ အ သနားခံမှုတွေကို တာဝန်ယူမယ့် ဌာနတစ်ရပ် ဖွဲ့စည်းပေးထားတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ national assembly ကို စစ်စစ်မှန်မှန်နဲ့ ထိရောက်တဲ့ ဥပဒေပြုအဖွဲ့ အစည်းဖြစ်လာအောင် လုပ်ဖို့က အလုပ်တွေအများကြီး ကျန်နေသေးတယ်။ အစီအစဉ် တွေ ရေးဆွဲရာမှာ စနစ်တကျဖြစ်ဖို့နဲ့ နိုင်ငံအနှံ့ public consultation တွေကနေ တ ဆင့် validate ဖြစ်လာဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်။ ဥပဒေကြောင်းအရ မူကြမ်း တွေ ပြုစုတာနဲ့ floor deliberation processes တွေကို ထိထိရောက်ရောက် အသုံးချ နိုင်အောင်ရယ်၊ ဥပဒေမူကြမ်းရေးဆွဲသူတွေရဲ့ အရည်အသွေးပိုမိုကောင်းမွန်အောင် လေ့ကျင့်သင်ကြားတာတွေ လုပ်ဖို့လည်း လိုအပ်နေတယ်။ Legislative committees တွေအနေနဲ့ technical skills တွေ ပိုရှိဖို့ လိုအပ်နေတယ်။ session proceedings တွေမှာ စနစ်တကျစာရွက်စာတမ်းပြုစုဖို့ လိုအပ်တယ်။ ဥပဒေသစ်တွေ၊ လုပ်ထုံးလုပ် နည်းသစ်တွေနဲ့ session proceedings တွေကို ပိုကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ဖြန့်ဖြူးပေးဖို့ လိုအပ်နေသေးတယ်။ National Assembly အနေနဲ့ ဒီအချက်တွေအပါ အဝင် တခြားတိုးတက်ရေးလုပ်ဆောင်ချက်တွေကို UNDP project ရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတာတွေ ရှိတယ်။

(Poe C) 

အပိုင်း ၃ ကို ဒီမှာ ဆက်ဖတ်ပါ။ 




အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (PDF version)


Related Posts Plugin for WordPress, Blogger...