(ကက)
အစက
အောက်တိုဘာ
ဇန်နဝါရီ အဆုံး
မီးတောက်သီအိုရီကို
နှင်းဖုံးခဲ့လေရဲ့...။
ကြွေကျလုဆဲ ရင်ခုန်ရာသီမှာ
ဘာမီတွန်ချည်း ဖိသောက်
ဆောင်းကြောက်လွန်ရောဂါ
ငါနဲ့... အခါခါ
ပြဿနာတက်ရမယ်။
ခေါင်းကိုက်ပျောက်ဆေးပြားနဲ့
လိင်ကိစ္စသာ မရှိခဲ့ရင်
ကမ္ဘာကြီးမှာ နေရထိုင်ရခက်
အသက်ရှု ခပ်ကြပ်ကြပ်နဲ့
နာဖျားခြင်း ဖြစ်လောက်ရဲ့။
(ခခ)
လူကို လူက.... ကြောက်ရ
စစ်နဲ့ အချစ်ကို.... ကြောက်ရ
နူကလီးယားကို.... ကြောက်ရ
အိုဇုန်းလွှာပေါက်မှာ.... ကြောက်ရ
ငလျှင်တုန် မြေပျိုမှာ.... ကြောက်ရ
ရေကြီး လေမီးရန်ကို.... ကြောက်ရ
ကဲ... နောက်ဆုံးတော့
ငါသောက်နေတဲ့ ကော်ဖီတစ်ခွက်တောင်
နှလုံးရောဂါ...ဟဲ့ ဆိုပြီး
ငါ... ပြန်ကြောက်နေရ။
(ဂဂ)
လေပြေကို ငါတို့...စိုက်ပျိုးခဲ့လို
မုန်တိုင်းကို ရိတ်သိမ်းနေရတာပေါ့။
အစကတည်းက...
လေနီကြမ်းတွေသာ
ငါတို့ စိုက်ခဲ့ရင်......
လေးဘက်လေးတန်မှာ
အင်္ဂတေ အုတ်ဖြူဖြူတွေ
မြင်ရမှာ မဟုတ်ဘူး။
ဟိုတစ်စ ဒီတစ်စ ကိုယ်အင်္ဂါများနဲ့
သွေးနီရောင် မြေသားတွေ
မြင်ရမှာ မဟုတ်ဘူး။
အိုးမဲ့အိမ်မဲ့ ဆုံးရှုံးမှု
သိန်းရာထောင်တွေ
မြင်ရမှာ မဟုတ်ဘူး။
ကယ်ပါ..... ယူပါ....
တစာစာနဲ့
အော်ဟစ်တောင်းခံသံတွေ
ကြားရမှာ မဟုတ်ဘူး။
ဆာလောင် ငတ်မွတ်မှု ဒွန်တွဲ
အနာဂတ်မဲ့ ကလေးငိုသံတွေ
ကြားရမှာ မဟုတ်ဘူး။
နရီစည်းချက်နဲ့
ကမ္ဘာမြေ တော်လဲသံ
မင်းရော...
ငါရော...
ဘယ်သူမှရော...
ကြားရမှာ မဟုတ်ဘူး။
ပထမအပိုဒ် သူငယ်ချင်းငြိမ်းဇော်ရဲ့ ကဗျာနဲ့ ကျွန်တော်ကဗျာ နှစ်ပုဒ်ကို Fusion ထားတာပါ။
အစက
အောက်တိုဘာ
ဇန်နဝါရီ အဆုံး
မီးတောက်သီအိုရီကို
နှင်းဖုံးခဲ့လေရဲ့...။
ကြွေကျလုဆဲ ရင်ခုန်ရာသီမှာ
ဘာမီတွန်ချည်း ဖိသောက်
ဆောင်းကြောက်လွန်ရောဂါ
ငါနဲ့... အခါခါ
ပြဿနာတက်ရမယ်။
ခေါင်းကိုက်ပျောက်ဆေးပြားနဲ့
လိင်ကိစ္စသာ မရှိခဲ့ရင်
ကမ္ဘာကြီးမှာ နေရထိုင်ရခက်
အသက်ရှု ခပ်ကြပ်ကြပ်နဲ့
နာဖျားခြင်း ဖြစ်လောက်ရဲ့။
(ခခ)
လူကို လူက.... ကြောက်ရ
စစ်နဲ့ အချစ်ကို.... ကြောက်ရ
နူကလီးယားကို.... ကြောက်ရ
အိုဇုန်းလွှာပေါက်မှာ.... ကြောက်ရ
ငလျှင်တုန် မြေပျိုမှာ.... ကြောက်ရ
ရေကြီး လေမီးရန်ကို.... ကြောက်ရ
ကဲ... နောက်ဆုံးတော့
ငါသောက်နေတဲ့ ကော်ဖီတစ်ခွက်တောင်
နှလုံးရောဂါ...ဟဲ့ ဆိုပြီး
ငါ... ပြန်ကြောက်နေရ။
(ဂဂ)
လေပြေကို ငါတို့...စိုက်ပျိုးခဲ့လို
မုန်တိုင်းကို ရိတ်သိမ်းနေရတာပေါ့။
အစကတည်းက...
လေနီကြမ်းတွေသာ
ငါတို့ စိုက်ခဲ့ရင်......
လေးဘက်လေးတန်မှာ
အင်္ဂတေ အုတ်ဖြူဖြူတွေ
မြင်ရမှာ မဟုတ်ဘူး။
ဟိုတစ်စ ဒီတစ်စ ကိုယ်အင်္ဂါများနဲ့
သွေးနီရောင် မြေသားတွေ
မြင်ရမှာ မဟုတ်ဘူး။
အိုးမဲ့အိမ်မဲ့ ဆုံးရှုံးမှု
သိန်းရာထောင်တွေ
မြင်ရမှာ မဟုတ်ဘူး။
ကယ်ပါ..... ယူပါ....
တစာစာနဲ့
အော်ဟစ်တောင်းခံသံတွေ
ကြားရမှာ မဟုတ်ဘူး။
ဆာလောင် ငတ်မွတ်မှု ဒွန်တွဲ
အနာဂတ်မဲ့ ကလေးငိုသံတွေ
ကြားရမှာ မဟုတ်ဘူး။
နရီစည်းချက်နဲ့
ကမ္ဘာမြေ တော်လဲသံ
မင်းရော...
ငါရော...
ဘယ်သူမှရော...
ကြားရမှာ မဟုတ်ဘူး။
ငြိမ်းဇော် & ချမ်းဧအိမ်
ပထမအပိုဒ် သူငယ်ချင်းငြိမ်းဇော်ရဲ့ ကဗျာနဲ့ ကျွန်တော်ကဗျာ နှစ်ပုဒ်ကို Fusion ထားတာပါ။
© ချမ်းလင်းနေ
ကဗျာလေးအရမ်းကောင်းတယ် ကိုချမ်း...
ReplyDeleteကမ္ဘာကြီးရဲ့ကလူကျီစယ်မှုအောက်မှာ အတုန်းအရုန်းဖြစ်နေကြတဲ့ လူတွေအတွက်ပါပဲ....။
ခင်တဲ့
မိုးငွေ့
ကဗျာလေး ခံစားသွားတယ်
ReplyDeleteအံမယ်လေး ကိုချမ်းရယ်... အဲဒီကဗျာကို ဟစ်ဟော့ပ် ဆိုကြည့်လိုက်တာ အတော်မိုက်ဗျ... (ဆရာတွေတော့ ကန်တော့ပါဗျာ) အချိန်ရရင် ဆိုပြီး ပို့ပေးလိုက်ဦးမည်။ :D
ReplyDeleteပေါင်းစပ်ထားတဲ့ ကဗျာလေးကို ခံစားအားပေးသွားလျှက်ပါအကိုရေ
ReplyDeleteကောင်းသောနေ့လေးဖြစ်ပါစေ။
ကိုချမ်းရေ ကဗျာလေးက ကောင်းတယ်ဆိုတဲ့စကားလုံးနဲ့တောင် မလုံလောက်ချင်တော့ဘူး။ အရမ်းကောင်းတယ်လို့ပဲ ပြောလိုက်ချင်တယ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
ReplyDeleteအကိုချမ်း ကဗျာလေး ဂွတ်တယ်ဗျာ .. အကို့ကဗျာတွေ ဖတ်ရတာ နည်းနေပြီ .. ရေးပါအုန်းဗျ ...း)
ReplyDeleteအင်း..
ReplyDeleteအစကတည်းက...
လေနီကြမ်းတွေသာ
ငါတို့ စိုက်ခဲ့ရင်......
လေးဘက်လေးတန်မှာ
အင်္ဂတေ အုတ်ဖြူဖြူတွေ
မြင်ရမှာ မဟုတ်ဘူး။
အဲ့ ဒီ အပိုဒ်လေးမှာ ခဏ ရပ်နေပြီး
တော်တော်စဉ်းစားမိခဲ့ ပါတယ်။
မာန်တွေ၊ ထန်တွေ ပါနေတဲ့  ကဗျာတစ်ပုဒ်ပါ။
ကဗျာကောင်းလေး ဖတ်သွားပါတယ်ရှင့်။
ReplyDeleteတော်လဲသံ ရှင်လဲသံတွေ ကြောက်လှပါပြီဗျာ။
ReplyDeleteဟုတ်တယ်။ အစကထဲက လေပြေကို မစိုက်ပျိုးသင့်ခဲ့ဘူး။ ဒါကြောင့် ခံနိုင်ရည်မရှိကြတာ။ ကောင်းလိုက်တဲ့ကဗျာလေးဗျာ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)