Sunday, February 20, 2011

ဆရာအောင်သင်း၏ စာပေဟောပြောပွဲများ

ကျွန်တော်တို့ မြန်မာလူမျိုးများသည် လွန်ခဲ့သောနှစ်ပေါင်း နှစ်ထောင်ကျော်ကပင် ထွန်းကားလာခဲ့သောကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဓလေ့၊ ကိုယ်ပိုင် အစဉ်အလာများဖြင့် ရပ်တည်ရှင်သန်လာခဲ့သော လူမျိုးများ ဖြစ်ကြပေသည်။ ကမ္ဘာပေါ်ရှိ အချို့သောနိုင်ငံများတွင် ကျွန်တော်တို့ကဲ့သို့သော ကိုယ်ပိုင် စာပေအရေးအသား အက္ခရာစာလုံးများ မရှိကြပဲ မွေးစားအသံထွက် စာလုံးများနှင့် ရပ်တည်နေကြသော နိုင်ငံများစွာရှိပေသည်။ ကျွန်တော်တို့ မြန်မာလူမျိုးများအတွက် ထိုကဲ့သို့ ကိုယ်ပိုင်အက္ခရာ ကိုယ်ပိုင်စာပေ အသုံးပြုနိုင်ခြင်းဖြင့် အမိမြေမှ ဝေးကွားနေသော မြန်မာလူမျိုးများအဖို့ ဂုဏ်ယူတတ်လျှင် ဂုဏ်ယူနိုင်ဖွယ်တစ်ရပ် ဖြစ်ပေသည်။

အခုအခြေအနေတွင် ကျွန်တော်တို့ နောင်လာနောက်သားများကလည်း ယို့ယွင်းစပြုလာသော ကျွန်တော်တို့၏ မြန်မာစာပေကို ဆက်လက်ထိန်းသိမ်းရင်း မြန်မာစာပေ မြန်မာယဉ်ကျေးမှုများကို မပျောက်ပျက် မတိမ်းကောသွားစေရန်အတွက် ကျွန်တော်တတ်နိုင်သမျှ ကွန်ယက်ပေါ်မှ ပျံနှံလျှက်ရှိသော မြန်မာစာပေပညာရှင်ကြီးများ၏ စာပေဟောပြောပွဲများကို တတ်နိုင်သလောက် စုဆောင်းပြီး မူရင်းလင့်နေရာများနှင့်တကွ ကျွန်တော် စုဆောင်းထားသော စာပေဟောပြောပွဲ MP3 ဖိုင်များကို ကြိုးစားမျှဝေသွားမှာ ဖြစ်ပါသည်။ မူလပိုင်ရှင်များကိုလည်း ကျွန်တော်၏ စုဆောင်းထားခဲ့သမျှ စာပေဟောပြောပွဲများ ပြန်လည်မျှဝေမှုကို နားလည်ခွင့်လွှတ်ပါဟု တောင်းပန်စကားဆိုပါသည်။

တစ်ချို့စာပေဟောပြောပွဲများ၏ မူရင်းများသည် You Tube တွင် တင်ထားသော ဗီဒီယိုဖိုင်များဖြစ်သောကြောင့် ကျွန်တော်ပေးထားသော မူရင်း Source များတွင် သွားရောက်ကြည့်ရှုနိုင်ပါသည်။ ကျွန်တော်က MP3 ဖြင့်ပြောင်းလဲထားပြီး အလွယ်တကူ ဒေါင်းယူပြီး မိမိတို့ကြိုက်နှစ်သက်ရာ Portable Player များတွင် ထည့်သွင်းပြီး သွားလေရာ အားရပ်ချိန်များတွင် လွယ်လင့်တကူ နားဆင်နိုင်ရန် ဝေမျှခြင်းဖြစ်ပါသည်။

ဆရာအောင်သင်း၏ စာပေထဲမှ လူငယ်သမိုင်း (၁၆.၁၂.၁၉၉၄)

အပိုင်း(၁)



အပိုင်း(၂)



အပိုင်း(၃)



အပိုင်း(၄)



အပိုင်း(၅)


Source: Khin 1978



ဆရာအောင်သင်း၏ ယနေ့လူငယ်နှင့် ယနေ့ရသစာပေ (မကွေး)


(Download)

Source: လမ်းပြကြယ်

ဆရာအောင်သင်း၏ ယနေ့လူငယ်ဘဝ ထူထောင်မှုစာပေ(ပျော်ဖွယ်)



ဆရာအောင်သင်း၏ အမွေ



ဆရာအောင်သင်း၏ ဒီနေ့ လူငယ်တွေ(မြန်အောင်)

အပိုင်း(၁)



အပိုင်း(၂)



အပိုင်း(၃)



ဆရာအောင်သင်း၏ ပညာ(မုံရွာ)



ဆရာအောင်သင်း၏ လက်ခံလိုက်စမ်းပါ(စာပေလောက)



Source: ဆရာအောင်သင်း

ဆရာအောင်သင်း၏ ခေါင်းဆောင်ဆိုတာ


(Download)

မှတ်ချက် ။ ။ ဒေါင်းချင်ယူ နားဆင်လိုပါက ဖိုင်ပေါ်တွင် Right Click နှိပ်ကာ Download ယူသွားနိုင်ပါတယ်ခင်ဗျာ။ နောက်ထပ် မြန်မာစာရေးဆရာ၊ ဆရာမများ၏ စာပေဟောပြောပွဲများလည်း ဆက်လာပါဦးမည်။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

11 comments :

  1. အရမ်း တန်ဖိုး ရှိပါတယ် .. ကျေးဇူး အထူးပါရှင် ..း)

    မိုးခါး

    ReplyDelete
  2. အကို မ သွားတယ်ဗျိုး။ အရင်ရှိတာတွေက ပျောက်ကုန်တာကိုး။း( http://aungthin.com မှာ လည်း ရှိသေးတယ်ဗျ။
    ကျေးဇူးပါ အကို။

    ReplyDelete
  3. ကျေးဇူးတင်ပါတယ်.. ဆရာဦးအောင်သင်းရဲ့ စာတွေကို တအားကို သဘောကျတဲ့ ဆရာတပည့်တစ်ယောက်ပါ

    ReplyDelete
  4. ကျေးဇူးအများကြီးတင်ပါတယ်အကို
    ကောင်းသောနေ့လေးဖြစ်ပါစေ။

    ReplyDelete
  5. လိုချင်တာလေးတွေကို ဒေါင်းသွားတယ်ဗျို့ ...
    ဝေမျှပေးတဲ့ အတွက် ကျေးဇူးပဲ။ နောက်လဲ ကြုံရင် လာဒေါင်းဦးမယ်နော်....

    ReplyDelete
  6. ဆရာအောင်သင်းဆိုတာ ဒီလိုရုပ်ရှိသကိုးခင်ဗျာ၊ နာမည်သာ ကြားဖူးနေတာ၊ စုံလင်စွာ ပညာမရှာခဲ့မိလေတော့ မတွေ့ဖူးလိုက်ရဘူးပေါ့၊ ခုမှမြင်ဖူး ကျေးဇူးတင်တယ်လေ၊ ကိုချမ်းလင်းနေ...
    (ဒေါင်းထားလိုက်တယ်)

    ReplyDelete
  7. တတိယအကြိမ် လာရောက်ပြီး အဆုံးသတ် နားထောင်သွားပါကြောင်း။
    ကျေးဇူးပါ။

    ReplyDelete
  8. wow!!! အများကြီးပဲ ပျော်စရာကြီး .. :D

    မိုးခါး

    ReplyDelete
  9. ကျေးဇူးတင်ပါတယ်အကို နောက်လဲတင်ပေးပါဦးနော်

    ReplyDelete
  10. ဖိုးခွားလေး ကော့မှူးမြို့ January 7, 2013 at 6:53 PM

    လိုချင်လို့ ရှာနေတာကြာပြီဗျ ကျေးဇူးပါ ကိုယ်ါဘာသာ ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှု ထိန်းရတာ ဂုဏ်ယူစရာပါ

    ReplyDelete
  11. ဖိုးခွားလေး ကော့မှူးမြို့ January 7, 2013 at 6:53 PM

    လိုချင်လို့ ရှာနေတာကြာပြီဗျ ကျေးဇူးပါ ကိုယ်ါဘာသာ ကိုယ့်စကား ကိုယ့်ယဉ်ကျေးမှု ထိန်းရတာ ဂုဏ်ယူစရာပါ

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...