Monday, February 14, 2011
ဘကုန်းနဲ့ ဘလောက်ဂါများ
ဘကုန်းနဲ့ ဘလောက်ဂါများ
ဘလောက်ထဲမှာကြုံ
မာန့်ခဲ့ပေါ့ ခင်မင်မှုရယ်ဖြင့်
ဘလောက်ရှင် မမေ့ရက်လေတဲ့
အားပေးသည့်စာ။
♥♥♥
ဖေ့ဘွတ်မှာဆုံ
ခင်မင်သည့်သူများ
အပြင်မှာ တွေဖို့ခဲလေရဲ့
ဘလောက်ရေးသူများ။
♥♥♥
ရေးအတူတူ
ဖေးကူကာ နားလည်ကြသူမို့
လိုင်းမတူ ကွဲပြားကြပြန်လည်း
တစ်ဦးစေတနာ တစ်ဦးဂါရဝမို့
လင့်ချိတ်ကာ ကွန်ယက်ပေါ်မှဝယ်
ခင်ကြစို့လား။
♥♥♥
အသို့သော်မှ ထိတ်စရာ
ကွန်ယက်ပေါ် "ဝဲ"ခေတ်စမ်းပြန်လို့ရယ်
အသျှိုသျှို ကူးစက်ကုန်ပြန်သမို့
အို ..... သယ်ရင်း ဘလောက်ဂါတို့ရေ
ကိုယ့်ဘလောက် ကိုယ်စီစစ်ကာမို့
ရေပြန်ချိုးစို့လား။
ချမ်းဧအိမ်
ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ
19 comments :
  1. ဟုတ်ပ အစ်ကိုရေ . .ကျွန်တော့်ဆိုဒ်မှာတော့ လင့်တွေ စစ်ပြီးပြန်ချိတ်ထားပြီ . . . သိတဲ့အတိုင်း လူဆိုတာ တစ်ဦးတစ်ယောက်ထဲ
    နေလို့ မရသလို ဘလောက်ဆိုတာကလည်း တစ်ခုထဲနဲ့ အထီးကျန်ရှင်သန်နိုင်ဖို့ မဖြစ်နိုင်ဘူးမဟုတ်လား အစ်ကိုချမ်းလင်းနေရေ
    အစဉ်အားပေးလျက်
    လှိုင်ဘွား(သီချင်းအိမ်)
    ReplyDelete
  2. ရေနေ့တိုင်းချိုးတယ်ဗျ။။ဝဲကြောက်လို့....
    ReplyDelete
  3. "မခွါရက်နိုင်အောင်...ချည်နှောင်မိသည်မို့
    တစ်ယောက်ကိုတစ်ယောက်က...ဖေးမကူညီ
    မဖြုတ်ချင်ပြီ...သံယောဇဉ်နှောင်ကြိုး"
    ReplyDelete
  4. အင်း...
    ကောင်းတယ်၊ ကိုလင်းရေ..
    လူချင်းမတွေ့ ရပေမယ့်  ရေးချင်တာခြင်းတူနေတော့ 
    လည်း ၊ ခင်မင်မှုတွေ တိုးခဲ့ ရသလို ပါ။
    အခု “ ဝဲ ” ကတော့ ၊ ကျွန်တော်တို့ ကမ္ဘာကျော်
    မမက စ တယ်ထင်တာပဲ။ သူ့ တော့ မပြောရဲပါဗျာ။
    တုတ်မှာစိုးလို့ ၊ အဲ .. သူ စ ဖြစ်တာဗျ။
    သိ သလောက် ..။
    ReplyDelete
  5. template အသစ်နဲ့လှနေတယ် အစ်ကို။
    ခုတလော အလုပ်တွေရှုပ်နေလို့ ကိုယ့်အိမ်တောင်
    ကိုမရောက်ဖြစ်ဘူးဖြစ်နေတယ်။
    လာလည်ပြီး ကွန်မန့်တွေ အများကြီး ပေးသွားတာ
    ကျေးဇူးပါ။
    မိသားစုအားလုံး သာယာချမ်းမြေ့ပါစေ...
    ခွန်
    ReplyDelete
  6. ဟုတ်ပ အစ်ကိုရေ . .ကျွန်တော့်ဆိုဒ်မှာတော့ လင့်တွေ စစ်ပြီးပြန်ချိတ်ထားပြီ . . . သိတဲ့အတိုင်း လူဆိုတာ တစ်ဦးတစ်ယောက်ထဲ
    နေလို့ မရသလို ဘလောက်ဆိုတာကလည်း တစ်ခုထဲနဲ့ အထီးကျန်ရှင်သန်နိုင်ဖို့ မဖြစ်နိုင်ဘူးမဟုတ်လား အစ်ကိုချမ်းလင်းနေရေ
    အစဉ်အားပေးလျက်
    လှိုင်ဘွား(သီချင်းအိမ်)
    ReplyDelete
  7. မောင်မျိုးFebruary 17, 2011 at 7:34 AM
    ရေချိုးပြီးပြီး)
    ReplyDelete
  8. ရေချိုးပြီးလို့ ဆပ်ပြာတောင် တိုက်ထားပါသေးတယ်ဗျာ
    ခင်မင်စွာဖြင့်
    ရွှေစင်ဦး
    ReplyDelete
  9. ကိုထွဋ်February 17, 2011 at 7:36 AM
    ရေနေ့တိုင်းချိုးတယ်ဗျ။။ဝဲကြောက်လို့....
    ReplyDelete
  10. တော်တော်ကောင်းကဗျာလေးပဲ (ပြုံးမိသည်):)
    ReplyDelete
  11. ရေချိုးတယ် ချပ်ပါ တောင် တိုက်လိုက်သေးတယ်။
    ReplyDelete
  12. ဂျူလိုင်ဖြူFebruary 17, 2011 at 7:38 AM
    ကဗျာကောင်းလေးပါပဲ..ရေပူနဲ့ ကိုချိုးပစ်တာ...ပိုးတွေအားလုံးရှော.....
    ReplyDelete
  13. မိုးငွေ့.February 17, 2011 at 7:39 AM
    ရေငံနဲ့ချိုးခဲ့ပါတယ်
    ReplyDelete
  14. ရဲထွန်းဇော်February 17, 2011 at 7:39 AM
    ReplyDelete
  15. An Asian Tour OperatorFebruary 17, 2011 at 7:40 AM
    တကိုယ်ရေ သန့်ရှင်းရေးကို အလေးထားသူတွေလဲ ရှိပါတယ်ဗျား :P
    ReplyDelete
  16. ဒီကဗျာ စပ်မိမှပဲ ဝဲက ပြန်ကူးလိုက် ပြန်ဖြုတ်လိုက်နဲ့ ရှုပ်နေတာပဲ။ ကျွန်တော်ဆီမှာ ကူးတာက ကွန်မာန့်တွေဆီကနေ လာတာ။ ကွန်မန့်တွေ ပေးသွားချင်ရင် Name/ URl ကနေ အမည်လေးပဲ တပ်ပြီး ပေးကြတော့ ဝဲကူးမှု ကင်းဝေးတာပေါ့ဗျာ။
    ReplyDelete
  17. စိတ်ညစ်တယ်ဗျို့း(
    ReplyDelete
  18. အတူတူပဲ ကိုချမ်းရ .. ကျွန်တော့်ဆီမှာလည်း ကွန်မန့်ကလာတာ ... ဖျက်ရအုန်းမယ် .. အလုပ်ကို ရှုပ်နေတာပါပဲဗျာ ...း(
    ReplyDelete
  19. ဖတ်ပြီး ပြုံးမိတယ်...း))
    ReplyDelete
မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။
Related Posts Plugin for WordPress, Blogger...