Wednesday, February 27, 2013

အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (အပိုင်း-၃)

ဒီမှာက အပိုင်း ၁ ပါ။
ဒီမှာက အပိုင်း ၂ ပါ။


စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို တိုးမြှင့်ခြင်း

ပြည်သူ့ရဲ့ စီးပွားရေးဆိုင်ရာများကို စီမံခန့်ခွဲတဲ့ လုပ်ငန်းစဉ်တွေကို တိုးမြှင့်လိုက်တာက ခိုင်မာတဲ့စနစ်ကို ထူထောင်ဖို့ တတိယအရေးပါတဲ့ အချက်ဖြစ်လာတယ်။ လာအိုက နိုင် ငံတကာငွေကြေးရံပုံငွေအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံပဲ။ ၁၉၉၈ မှာ နိုင်ငံတကာ ဥပဒေတစ်ရပ် ကို public financial management အတွက် ရည်ရွယ်ပြီးချမှတ်ခဲ့တယ်။ ဒီဥပဒေမှာ broad requirements လေးခုကို လွှမ်းခြုံပေးထားတယ်။ ပထမတစ်ခုက roles and responsibilities တွေကို ထင်ထင်ရှားရှား သတ်မှတ်ပေးဖို့၊ ဒုတိယတစ်ခုက သတင်း အချက်အလက်နဲ့ ပတ်သက်လို့ လူထုကြား ထင်သာမြင်သာရှိဖို့၊ တတိယတစ်ခုက ပွင့် လင်းတဲ့ ဘက်ဂျက်စနစ်ကို ပြင်ဆင်ဖို့၊ အသုံးချဖို့နဲ့ report လုပ်ဖို့၊ စတုတ္ထတစ်ခုက လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ ခိုင်မာမှုကို ထူထောင်ဖို့ဆိုပြီး အချက်လေးချက်ပါ တယ်။ အစိုးရအနေနဲ့ ဒီလိုအပ်ချက်တွေကို ဖော်ဆောင်ဖို့ တစ်ချို့ progress တွေကို လုပ်ပြီးတာတွေ ရှိနေပြီ။
Role clarity ဖြစ်မှုလိုပဲ၊ အခြေခံဥပဒေအရ national assembly ကသာလျှင် ဘက် ဂျက်ကိုရော၊ development plan ကိုပါ အတည်ပြုပေးနိုင်တယ်။ ဒါပေမယ့် ဥပဒေနဲ့ ဆန့်ကျင်နေတာက national assembly အနေနဲ့ ဘက်ဂျက်နဲ့ ပတ်သက်လို့ အသေး စိတ်အချက်အလက်တွေကို သိရှိတာမျိုး မရှိဘူး။ နောက်တစ်ခါ extra-budgetary spending တွေ၊ quasi-fiscal activities တွေ၊ government equity holdings တွေ အပေါ်မှာ national assembly အနေနဲ့ အတည်ပြုပေးဖို့လိုတယ်၊ review ပြန်လုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ indication တွေကိုလည်း မတွေ့ရဘူး။
သတင်းအချက်အလက်တွေကို လူထုထဲထင်သာမြင်သာရှိစေဖို့ လိုအပ်တဲ့ဥပဒေ ကြောင်းအရ ပြဋ္ဌာန်းမှုတွေက လာအိုမှာ ရှိမနေပါဘူး။ ဘက်ဂျက်စာရွက်စာတမ်းတွေ ကို ၁၉၉၇/၉၈ ဘဏ္ဍာနှစ်အတွက် ပထမဦးဆုံးအကြိမ်အဖြစ် ၁၉၉၇ မှာ ထုတ်ပြန်ခဲ့ပေ မယ့် အဲဒီအထဲမှာ extra-budgetary activities တွေ၊ contingent liabilities တွေ၊ tax exemptions တွေ၊ quasi-fiscal activities တွေ မပါဝင်သလို၊ မူရင်း ဒါမှမဟုတ် revised လုပ်ထားတဲ့ နောက်လာမယ့်နှစ်နှစ်အတွက် အကြိုခန့်မှန်းချက်တွေ၊ ဘဏ္ဍာ ရေးအရ ပြန်လည်တင်ပြတဲ့ လုပ်ထုံးလုပ်နည်းတွေ အစရှိတဲ့ ဥပဒေအရလိုအပ်တဲ့ လို အပ်ချက်တွေလည်း မပါဝင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဘက်ဂျက်နဲ့ ပတ်သက်ပြီး ထုတ်ပြန်တာဟာ ရှေ့ကိုတိုးတက်လျော့ပေါ့ပေးလာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လည်း ၁၉၉၈/၉၉ ဘဏ္ဍာနှစ်အတွက် အဲဒီလိုထုတ်ပြန်မှုတွေ ရှိမလာခဲ့ပြန်ပါဘူး။
၁၉၉၇/၉၈ ဘဏ္ဍာနှစ်အတွက် ဘက်ဂျက်ဟာ ပွင့်လင်းတဲ့ ဘက်ဂျက်ပြင်ဆင်မှုအ တွက် ဥပဒေအရလိုအပ်တဲ့ လိုအပ်ချက်တွေကို ပြည့်မီအောင် မဖြည့်ဆည်းပေးနိုင်ခဲ့ ဘူး။ စီးပွားရေးဖြစ်နိုင်ချေတွေကို ခန့်မှန်းယူဆတာတွေ၊ စီးပွားရေးအရ စွန့်စားရမှုတွေ၊ ဘက်ဂျက်မျှခြေခြုံငုံသုံးသပ်ချက်တွေနဲ့ စာရင်းအင်းစံတွေကို လိုက်နာတာမျိုးတွေ လည်း မရှိပါဘူး။
လွတ်လပ်ပြီး ယုံကြည်အားကိုးထိုက်တဲ့ ခိုင်မာတဲ့စနစ်တစ်ရပ်ဖြစ်လာဖို့ အစိုးရရဲ့တာ ဝန်ယူမှုဟာ မပြည့်စုံသလို၊ တသမတ်တည်းလည်း ရှိမနေတဲ့အပြင် နားလည်သဘော ပေါက်ဖို့လည်း ခက်ခဲလှတယ်။ လွတ်လပ်တဲ့ စာရင်းစစ်အဖွဲ့ရယ်လို့ ရှိမနေဘူး။ ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စီးပွားရေးပြဿနာတွေ စုံစမ်းစစ်ဆေးတဲ့ ဌာနက ဘဏ္ဍာရေးပြဿနာတွေ ဖြစ်နေတယ်ဆိုတာ သိလာတဲ့အချိန်မှပဲ အစိုးရအဖွဲ့ အစည်းတွေရဲ့ စာရင်းအင်းတွေကို ရယူစစ်ဆေးတာမျိုး လုပ်လေ့ရှိတယ်။ ဝန်ထမ်းအင် အား မလုံလောက်သလို၊ ကျွမ်းကျင်မှုလည်း အားနည်းကြတာမို့ အကန့်အသတ်နဲ့ပဲ ဆောင်ရွက်နိုင်တယ်။ ADB အနေနဲ့ နည်းပညာအထောက်အပံ့တွေပေးပြီး national audit office တစ်ခု ဖြစ်ထွန်းရေး အကူအညီပေးနေပေးခဲ့ပေမယ့် ဒီရုံးကလည်းပဲ ဝန် ကြီးချုပ်ရဲ့ လုပ်အောက်မှာပဲ ရှိနေတာမို့လို့၊ လွတ်လပ်တဲ့အဖွဲ့အစည်းလို့ သတ်မှတ်ဖို့ အနိမ့်ဆုံးအဆင့် လိုအပ်ချက်ကိုတောင်မှ မပြည့်မီပဲ ဖြစ်နေရတယ်။
IMF ရဲ့ ဥပဒေအရလည်း အခွန်ဥပဒေတွေမှာ အုပ်ချုပ်မှု application တွေအနေနဲ့ လုပ်ထုံးလုပ်နည်းအရ အကာအကွယ်ပေးတာမျိုးတွေ လုပ်နိုင်ရမယ်ဆိုပြီး တောင်းဆို တာတွေ ရှိနေတယ်။ ဒီနေရာမှာတော့ လတ်တလောအခြေအနေမှာ UNDP/IMF ပူး ပေါင်းအဖွဲ့ရဲ့ အကူအညီနဲ့ တိုးတက်မှုတွေ ရှိလာနေတယ်။ ပြန်လည်ထူထောင်မှု အ မျိုးမျိုးဟာ filing rate ကို ၃၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေပြီး ကောက် ယူမှုတွေက သိသိသာသာကို တိုးတက်လာတယ်။ အကောက်ခွန်လုပ်ထုံးလုပ်နည်း တွေကလည်း တိုးတက်မှုရှိလာတယ်ဆိုပေမယ့် customs revenues တွေက တိုး တက်မလာဘူး။ ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်က သွင်းကုန်တွေမှာ တန်ဖိုးတွေလျော့ပြ ကြတာတွေ၊ မှောင်ခိုကုန်သွယ်တာတွေ၊ အာဆီယံစည်းမျဉ်းတွေအရ သွင်းကုန်ခွန် လျော့ပေးရတာတွေကြောင့် ဖြစ်နိုင်တယ်။
Revenue side မှာရှိနေတဲ့ ပြဿနာတွေကြောင့်မို့ ဘဏ္ဍာရေးလိုငွေပြမှုဟာ ၁၉၈၀ ခုနှစ်တွေကထက်စာရင် တိုးတိုးပြီးအခြေအနေဆိုးလာနေတယ်။ ၁၉၉၈ မှာဆိုရင် GDP တစ်ခုလုံးရဲ့ ၁၄.၈ ရာနှုန်းကိုတောင် ရောက်နေပြီ။ ဒါတောင် grants တွေမပါသေး ဘူး။ ပထမဦးဆုံးအကြိမ်အနေနဲ့ ဒီလိုငွေပြမှုရဲ့ တစ်စိတ်တစ်ဒေသဟာ နိုင်ငံခြားအကူ အညီတွေ ယူစရာမလိုပဲ ဗဟိုဘဏ်ရဲ့ ထောက်ပံ့မှုနဲ့တင် ဖြေရှင်းလိုက်နိုင်တာပဲ။
အစိုးရက အရေးပါတဲ့အကြောင်းအရာတွေပေါ် အာရုံထားဖို့ ဆုံးဖြတ်ထားပေမယ့် indicative planning တွေ၊ policy formulation တွေ၊ coordination တွေအပါအဝင် ဈေးကွက်ဦးတည်တဲ့ ဖွံ့ဖြိုးမှုစီမံခန့်ခွဲတာမျိုးအတွက် capacity တွေက အကန့်အ သတ် ရှိနေဆဲပဲ။ အခြေအနေတွေ မပြောင်းလဲမခြင်းကတော့ သိသာထင်ရှားတဲ့ တိုး တက်မှုဆိုတာ သံသယဝင်စရာ ကိစ္စတစ်ရပ် ဖြစ်နေဆဲပါပဲ။

ထိုင်း

ထိုင်းမှာတော့ အခြေခံကြတဲ့ နိုင်ငံရေးအပြောင်းအလဲတွေက သက်ဦးဆံပိုင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲလိုက်တဲ့ ၁၉၃၂ ကနေ ဒီနေ့အထိ ဆက်လက်ဖြစ်ပွားနေ ပါတယ်။ အထင်ကရဖြစ်ရတဲ့ အပြောင်းအလဲက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပါ။ ဒီဥပ ဒေသစ်မှာက ပိုကျယ်ပျံ့တဲ့ ထိုင်းမူပြုထားတဲ့ ဒီမိုကရက်တိုက်ဇေးရှင်းနဲ့ ပိုပြီးတုံ့ပြန်မှုရှိ တဲ့၊ ပိုပြီးတာဝန်ယူမှုရှိတဲ့ အစိုးရကို ဖန်တီးနိုင်ဖို့ ရည်ရွယ်ချက်တွေ ပါနေပါတယ်။ ဒီဥပ ဒေသစ်ပေါ်ပေါက်ပြီးကတည်းက အရေးပါတဲ့ reform တွေက စီးပွားပျက်ကပ်ကို တုံ့ ပြန်ဖို့ economic bill ၁၁ ခုကို ထုတ်ပြန်ကြေငြာခဲ့တာပါ။ ဒီ bill တွေက စီးပွားရေး လုပ်ငန်းဆောင်ရွက်ပုံတွေကို တိုးတက်လာစေဖို့နဲ့ reorganization နဲ့ restructuring တွေပါပါဝင်တဲ့ ခေတ်မှီတဲ့ bankruptcy လုပ်ထုံးလုပ်နည်းသစ်တွေ၊ ဘဏ်လုပ်ငန်း တွေနဲ့ အခြားငွေကြေးဆိုင်ရာ institutions တွေအတွက် အားကောင်းတဲ့ လည်ပတ်ပုံ တွေ ထူထောင်ဖို့ အောက်ခံ framework အဖြစ် အသုံးတော်ခံခဲ့ပါတယ်။
ဒီအခြေခံဥပဒေသစ်အောက်မှာပဲ အစိုးရအဖွဲ့အဆင့်တိုင်းမှာ တာဝန်ယူမှုနဲ့ ခိုင်မာမှု တွေကို ရှေ့ဆက်နိုင်အောင် အရေးပါတဲ့အခန်းကဏ္ဍကနေ ဆောင်ရွက်နေတဲ့ institutions ငါးခုကိုလည်း ထူထောင်နိုင်ခဲ့တယ်။ အဲဒါတွေက National Counter Corruption Commission (NCCC) ရယ်၊ the freedom of information commission ရယ်၊ the national audit commission ရယ်၊ judiciary နဲ့ ombudsmen တွေ ဖြစ်ကြပါတယ်။ ဗဟိုချုပ်ကိုင်မှု လျော့ချရေးနဲ့ civil society တွေ၊ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍတိုးမြင့်ရေးတွေက အခြေခံဥပဒေအရ လိုအပ်ချက် တွေ ဖြစ်လာသလို၊ လာဘ်စားမှုကို တိုက်ဖျက်ရာမှာလည်း အကူအညီတွေ ပေးနေပါ တယ်။
ဘယ်လိုပဲဖြစ်ဖြစ် လာဘ်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေဟာ စောင့်ကြည့်မှုစနစ် ဆိုတာထက်ပိုပြီး လိုအပ်တာတော့ အမှန်ပါပဲ။ public organization တိုင်းဟာ လူထု အကျိုးစီးပွားကို ကာကွယ်ဖို့ သူတို့ရဲ့ပေါ်လစီတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့၊ အစီအမံ တွေမှာ ကာကွယ်ရေးအချက်တွေကို တစ်ပါတည်းထည့်သွင်းထားဖို့ လိုအပ်ပါတယ်။

National Counter Corruption Commission

၁၉၇၅ မတိုင်ခင်က လာဘ်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေဟာ police jurisdiction လက်အောက်မှာ ရှိနေပါတယ်။ တကယ်လို့ အစိုးရအရာရှိတွေဟာ ပြစ်မှု ထင်ရှားရင် ကြီးလေးတဲ့ပြစ်ဒဏ်ခံရဖို့ ဥပဒေအရသတ်မှတ်ထားပေမယ့် စုံစမ်းဖို့မှာ ဟာ ကွက်တွေရှိတာ၊ တရားစွဲဆိုမှုမှာ ခက်ခဲတာ၊ ရဲစုံစမ်းထောက်လှမ်းမှု လုပ်ထုံးလုပ် နည်းတွေက အတားအဆီးဖြစ်နေတာတွေ ရှိခဲ့ပါတယ်။ ခြစားမှုတိုက်ဖျက်ရေးကို အား ကောင်းလာဖို့အတွက် ၁၉၇၅ မှာ Counter Corruption Commission ကို တည် ထောင်ခဲ့ပါတယ်။ ဆောင်ရွက်ချက်တွေကို နယ်ပယ်သုံးခုခွဲထားတယ်။ နှိမ်နင်းခြင်း (တိုင်ကြားမှုတွေကို စုံစမ်းခြင်း)၊ ကာကွယ်ခြင်းနဲ့ လူထုဆက်ဆံရေးဆိုပြီး သုံးခုခွဲထား တယ်။ ဒါပေမယ့် ထိရောက်မှုပိုင်းမှာတော့ ဒီဟာကလည်းပဲ အတားအဆီးတွေ ရှိနေခဲ့ တာပဲ။
NCCC က ဖွဲ့စည်းပုံအသစ်ရဲ့ အဖွဲ့အစည်းပဲ၊ အုပ်ချုပ်ရေးဘက်နဲ့ လုံးဝသီးခြားဖြစ်ပြီး တော့ national assembly ကို တိုက်ရိုက်အစီအရင်ခံရတယ်။ ခြစားမှုတွေကို ဖော် ထုတ်ဖို့ အာဏာရှိသလို၊ ဖွံ့ဖြိုးမှုနဲ့ တိုးတက်ရေးအတွက် အန္တရာယ်ရှိတယ်လို့ ယူဆရ တဲ့အချက်တွေကို ပြောင်းပြန်လှန်ပစ်ရတယ်။ NCCC အနေနဲ့ နိုင်ငံရေးသမားတွေ၊ senior bureaucrats တွေဆီကနေ asset and liability statements (ALS) ကို တောင်းကြည့်ပိုင်ခွင့်ရှိတယ်။ တကယ်လို့အဲဒီစာရွက်စာတမ်းတွေမှာ လိမ်လည်မှုတွေ ရှိနေရင် ဒီပုဂ္ဂိုလ်တွေကို ရာထူးကနေ ဖယ်ရှားနိုင်စွမ်းရှိတယ်။ NCCC အနေနဲ့ လာဘ် စားတာ၊ အာဏာအလွဲသုံးစားလုပ်တာနဲ့ စီစဉ်ညွှန်ကြားပုံ မမှန်ကန်တာတွေကို စုံစမ်း ပြီး တရားစွဲဆိုပိုင်ခွင့်လည်း ရှိတယ်။
လတ်တလော ထိုင်းနဲ့ ADB တို့ရဲ့ governance studies တွေအရ အခြေခံဥပဒေသစ် ရဲ့ အရေးပါတဲ့အချက်တွေက လာဘ်စားမှုတိုက်ဖျက်ရေးမှာ ထိရောက်တယ်ဆိုတာကို ထပ်ပြီးညွှန်ပြပေးနေတယ်။ အစိုးရသစ်က ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာရလာ ပြီး NCCC ကို အားကောင်းအောင် ပံ့ပိုးခြင်းအားဖြင့် ခြစားမှုတွေကို တားဆီးနှိမ်နင်း သွားမယ်လို့ ကတိပြုခဲ့တယ်။ ဥပဒေတွေ ပြင်ဆင်ပေးမယ်၊ စုံစမ်းစစ်ဆေးရာမှာ လွယ် ကူဖို့ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲမယ်၊ အကျိုးစီးပွားကြောင့် အငြင်းအခုန်ဖြစ်ရတာ တွေကို ကာကွယ်သွားမယ်၊ အကျင့်ပျက်အရာရှိတွေကို ဖော်ထုတ်ပေးဖို့ ပြည်သူလူထု ကို တိုက်တွန်းသွားမယ်ဆိုတဲ့ ကတိတွေကိုလည်း ပေးခဲ့တယ်။
NCCC အနေနဲ့ အစိုးရရဲ့ အဝယ်စာရင်း ဘက်ဂျက်ထဲက သုံးဆယ်ရာနှုန်းလောက်ဟာ လာဘ်စားမှုတွေကြောင့် ဆုံးရှုံးနေရတယ်လို့ ခန့်မှန်းထားတယ်။ ၂၀၀၀ ပြည့်နှက်က အချက်အလက်တွေကို အခြေခံပြီးတွက်လိုက်ရင် ဒီပမာဏက စိုက်ပျိုးရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေးဝန်ကြီးဌာန နှစ်ဌာနပေါင်းရဲ့ ဘက်ဂျက်ထက်များနေတယ်။ တကယ် တမ်းပြောရရင် ဒီပမာဏက စိုက်ပျိုးရေးနဲ့ ကျန်းမာရေးအတွက် ကုန်ကျစားရိတ်တွေ ထက်ကို ပိုများနေမှာပဲ။
အစိုးရသစ်ရဲ့ အုပ်ချုပ်မှုသစ်မှာ NCCC အနေနဲ့ ဝန်ကြီးချုပ်ရဲ့ လက်အောက်ခံ ရုံးဌာန တစ်ခုကနေ လူထုအခြေပြု အနှောင်အဖွဲ့ကင်းတဲ့ အဖွဲ့အစည်းအဖြစ် ပြောင်းလဲရမှာ၊ စီမံခန့်ခွဲမှုတွေမှာ ပိုပြီးသစ်လွင်ပြီး၊ ပိုပြုလွယ်ပြောင်းလွယ်တဲ့ နည်းနာတွေ ဖန်တီးရမှာ၊ ဝန်ထမ်းတွေ စီမံခန့်ခွဲရမှာ၊ ဘက်ဂျက်နဲ့ ငွေကြေးတွေကို စီမံခန့်ခွဲရမှာစတဲ့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်ရဖို့ရှိတယ်။ NCCC အနေနဲ့ ခြစားမှုတွေကို ကာကွယ်ရေးအ တွက်၊ စုံစမ်းရေးအတွက်၊ တားဆီးဖို့အတွက် Local Level အနေနဲ့ လုံလောက်တဲ့ capacity မျိုး လိုအပ်နေတယ်။ လိုက်လျောညီထွေဖြစ်မယ့် စုံစမ်းမှုနည်းနာတွေ လေ့ ကျင့်သင်ကြားပေးဖို့၊ ငွေကြေးခဝါချမှု၊ ငွေစာရင်းအရ ပြစ်မှုဖော်ထုတ်တာတွေစတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဆိုင်တဲ့နေရာတွေမှာ ဝန်ထမ်းတွေ အသစ်ခန့်ထားဖို့တွေကို လုပ် ရမယ်။ အခုအချိန်မှာ NCCC မှာ ဝန်ထမ်းပေါင်း ၅၇၀ ရှိနေတယ်။ အဖွဲ့ဝင်ကိုးဦးပါတဲ့ ကော်မရှင်နဲ့ ကြီးကြပ်တယ်။ ဒီအဖွဲ့ဝင်တွေကို အစိုးရကရွေးချယ်ပေးပြီး လေးနှစ်ကာ လအထိ တာဝန်ထမ်းဆောင်စေတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက NCCC ကို အစိုးရရဲ့ အဝယ်စာရင်းတွေ၊ တင်ဒါခေါ်ယူမှုတွေမှာ ခြစားမှုပပျောက်ရေးဆောင်ရွက်ဖို့ ဝန်ထမ်း အင်အား ၅၀ ထောက်ပံ့ပေးဖို့ကို သဘောတူထားတယ်။ အထူးသဖြင့်တော့ sub national level မှာပေါ့။ ဝန်ကြီးဌာနတွေရဲ့ ကျွမ်းကျင်ပညာရှင်တွေကို ခေါ်ယူတိုင်ပင် တာမျိုး လုပ်လေ့ရှိပေမယ့် NCCC ရဲ့ သီးခြားလွတ်လပ်မှုကိုတော့ မပျောက်ဆုံးသွားရ အောင် ဂရုတစိုက်ကိုင်တွယ်တတ်ကြတယ်။
NCCC အနေနဲ့ အစောပိုင်းကတည်းက အောင်မြင်မှုတွေရခဲ့တယ်။ ဝါရင့်ဝန်ကြီးတစ် ယောက်ကို ခြစားမှုနဲ့ဆက်နွယ်တယ်ဆိုပြီး forced resignation ပေးတာမျိုးတွေ လုပ် နိုင်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးချုပ် ကို တရားစွဲဆိုမှုအပေါ်မှာ ရလဒ်ကျဉ်းမြောင်းစွာနဲ့ပဲ ပလပ်ခဲ့တယ်။ ဒီဝန်ကြီးချုပ်အနေ နဲ့က အာဏာမရယူခင် ပိုင်ဆိုင်မှုတွေကို NCCC ဆီမှာ စစ်ဆေးခံတဲ့အခါမှာ အသေး စိတ်အချက်တွေကို ဖုံးကွယ်ထားခဲ့တယ်ဆိုပြီး စွတ်စွဲခံခဲ့ရတာ။

Freedom of Information Office

NCCC အပြင်ကို အခြား institutions လေးခုကလည်းပဲ အစိုးရအဆင့်တိုင်းမှာ တာဝန် ယူမှုနဲ့ ခိုင်မာမှုရှိလာဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်နေပါတယ်။
ပြန်လည်ထူထောင်ရေးရဲ့ အစောဆုံး အပြောင်းအလဲတွေမှာ freedom of information (FOI) Act ကို implement လုပ်လိုက်နိုင်တာပါပဲ။ နောက်တော့ တိုး တက်မှုတွေ ရှိလာသလို၊ ၁၉၉၇ အခြေခံဥပဒေအတွက်လည်း လမ်းပွင့်သွားအောင် ဆောင်ရွက်နိုင်ခဲ့တယ်။ high-profile cases တစ်ချို့က လူထုထဲမှာ ဒီဥပဒေကို တန်ဖိုး ရှိလာအောင်၊ ဒီဥပဒေရဲ့လွှမ်းခြုံနိုင်စွမ်းကို သိရှိလာအောင်၊ ဥပဒေရဲ့ application အ ပေါ်မှာ အရေးကြီးတဲ့ ကျင့်ထုံးတွေကို တိုးတက်ဖွံ့ဖြိုးလာအောင် Highlight လုပ်ပေး ခဲ့တယ်။ NGO တွေနဲ့ စီးပွားရေးလုပ်ငန်းတွေက အစိုးရရဲ့ လုပ်ငန်းတွေ၊ ဘက်ဂျက် တွေ၊ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို မှန်မှန်ကန်ကန်နဲ့ အချိန်မီသိရှိခွင့်မရတဲ့ အပေါ်မှာ စိတ်ပျက်နေကြတယ်လို့ ပြောနေခဲ့ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် FOI ကော်မရှင်အနေနဲ့ အခြေအနေတွေက တိုးတက်မှုရှိနေတယ်လို့ ထင်မြင်ထားတယ်။ ဥပဒေဆိုင်ရာ ကျင့်ဝတ်ကျင့်ထုံးတွေကို ထိထိရောက်ရောက် နား လည်နိုင်ဖို့ ဝန်ထမ်းတွေကို  capacity development တွေ လုပ်ပေးဖို့တော့ လိုအပ်နေ တုန်းပဲ။ တစ်ခါပထမတန်းစား ရုံးဌာနတစ်ခုအဖြစ်နဲ့ လူထုရဲ့တောင်းဆိုချက်တွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့ လိုအပ်နေသေးတယ်။ လူထုကို အပြန်အလှန် အချက်အလက် မျှဝေရင်း အားကောင်းအောင် လုပ်ဖို့လိုအပ်နေတဲ့ အစိုး ရအေဂျင်စီတွေ အတွင်းမှာလည်းပဲ လုပ်ထုံးလုပ်နည်းတွေကို ဖန်တီးတီထွင်ဖို့ လိုအပ် နေသေးတယ်။

National Audit Commission

စာရင်းစစ်ချုပ်ရဲ့ရုံးဟာ အရင်ကတော့ အုပ်ချုပ်မှုအဖွဲ့ရဲ့ လက်အောက်မှာ ရှိနေပေ မယ့် ၁၉၉၁ ခုနှစ်မှာ လွတ်လပ်တဲ့ public agency တစ်ခု ဖြစ်လာတယ်။ ၂၀၀၀ ခုနှစ် မှာတော့ Office of the National Audit Commission ဆိုပြီး အသစ်ပြန်လည်ဖွဲ့စည်း ခဲ့တယ်။ ဒီဌာနအနေနဲ့ တာဝန်ယူရတာတွေက စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ညှိနှိုင်းမှုတွေကို ညွှန်ကြားရတယ်၊ ဝန်ကြီးဌာနတွေ၊ အစိုးရအေဂျင်စီတွေ၊ ဌာနတွေ၊ SOE တွေနဲ့ sub national government units တွေရဲ့ ငွေရေးကြေးရေးနဲ့ performance ပိုင်းတွေကို စစ်ဆေးရတယ်။
National Audit Commission (NAC) အနေနဲ့ အခုအချိန်မှာ သူတို့ရဲ့စာရင်းအင်းအရ ရှာဖွေတွေ့ရှိမှုတွေကို ပါလီမန်မှာ ပြန်လည်တင်ပြရသလို၊ လူထုကိုလည်း အသိပေးရ တယ်။ ကော်မရှင်ရဲ့ အခန်းကဏ္ဍအနေနဲ့ သူ့အရင်ရှိနှင့်ပြီးသား ကော်မရှင်တွေရဲ့ အ ခန်းကဏ္ဍကနေ သိသိသာသာကို ကွဲလွဲလာတယ်။ အစိုးရအတွက် စစ်ဆေးမှုတွေ လုပ်တဲ့နေရာမှာ နိုင်ငံတကာနဲ့ ကိုက်ညှိပေးရသလို၊ performance auditing ကို လည်း အထူးပြုပြီး လုပ်ပေးရတယ်။ internal controls တွေကိုလည်း ပြည့်မီစုံလင် အောင် development တွေ လုပ်ပေးရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် NAC ဟာ သူတို့ရှာဖွေတွေ့ရှိချက်တွေကို လိုက်နာလာအောင် မောင်းနှင်ပေးမယ့် တွန်းအားတွေ ပျောက်ဆုံးနေပြန်တယ်။ အုပ်ချုပ်ရေးညံ့ဖျင်းတယ် လို့ယူဆရတဲ့ ရာဇဝတ်မှုဖြစ်စဉ်တစ်ချို့မှာ ကော်မရှင်ရဲ့စုံစမ်းမှုတွေဟာ လုပ်ထုံးလုပ် နည်းမှန်ကန်တဲ့ တရားစွဲဆိုမှုတွေဖြစ်ဖို့၊ စည်းကမ်းပိုင်းအရ အပြစ်ပေးနိုင်မှုတွေလုပ်ဖို့ ပါလီမန်ကို လွှဲပြောင်းပေးလိုက်ရတယ်။ အနိမ့်ဆုံးအနေနဲ့ ကော်မရှင်ဟာ ဖြစ်ရပ်တွေ မှာ အစီအစဉ်တကျနဲ့ ဖြောင့်ဖြောင့်တန်းတန်းဖြစ်လာအောင် စီစဉ်ပေးရင်း နောက် ကြောင်းပြန်လိုက်ရာမှာ လွယ်ကူအောင် ကူညီပေးနေသလို၊ ပိုကောင်းမွန်တဲ့ ပွင့်လင်း မြင်သာမှုနဲ့ publicity တွေရလာအောင် အားထုတ်ဆောင်ရွက်နေပါတယ်။ ဒီအပြင်ကို ပဲ စနစ်တွေကို တိုးတက်ကောင်းမွန်အောင် လုပ်တဲ့နည်းနာတွေ၊ လုပ်ထုံးလုပ်နည်း တွေနဲ့ internal controls တွေကိုလည်း တိုးတက်ကောင်းမွန်အောင် လုပ်ပေးရသေး တယ်။ ပိုပြီးစိတ်ဝင်တစား အာရုံစိုက်မှု ရှိလာအောင်လို့ စာရင်းအင်းအရ ရှာဖွေတွေ့ရှိ မှုတွေကို တုံ့ပြန်စေတဲ့နေရာမှာ interagency cooperation တွေကို ပိုအားကောင်း လာဖို့ မြှပ်နှံအားစိုက်ပြီး ဆောင်ရွက်ဖို့တော့ လိုအပ်နေပါဦးမယ်။
နောက်ထပ်အရေးကြီးတဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့် ပြဿနာက ဗဟိုချုပ်ကိုင်မှုတွေကို ဖယ်ရှားလိုက်တဲ့အခါမှာ ရင်းမြစ်တွေကို တလွဲအသုံးချမှုကနေ ကာကွယ်ဖို့အတွက် စီ မံခန့်ခွဲပုံတွေကို စောင့်ကြည့်ဖို့နဲ့ မှန်ကန်တဲ့ထိန်းကျောင်းမှုတွေ လုပ်နိုင်ဖို့ လုံလောက် သေချာတဲ့ စွမ်းဆောင်ရည် ရှိနေနိုင်ဖို့ပါ။ ကော်မရှင်ရဲ့ဝန်ထမ်းတွေအနေနဲ့ သူတို့မှာ ဒီလိုရင်းမြစ်တွေကို local level မှာ စောင့်ကြည့်နိုင်ဖို့အတွက် လုံလောက်တဲ့စွမ်း ဆောင်ရည်မရှိဘူးလို့ ထင်မြင်နေပြီး ဗဟိုချုပ်ကိုင်မှုတွေ ဖယ်ရှားတာကို ဖြည်းဖြည်း ခြင်းပဲလုပ်သင့်တယ်လို့ ငြင်းချက်ထုတ်နေကြပါတယ်။

Judiciary

အရင်ဖွဲ့စည်းပုံတွေနဲ့ မတူတာက ဒီဖွဲ့စည်းပုံအသစ်မှာ constitutional supremacy အတွက် principle တွေကို လုံလုံလောက်လောက် ပြဋ္ဌာန်းပေးထားတယ်။ အဲဒီတော့ ဘယ်ဥပဒေ၊ act၊ အမိန့်ကြေငြာစာမဆို ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်ရင်ပဲဖြစ်ဖြစ်၊ ကိုက်ညီမှု မရှိရင်ပဲဖြစ်ဖြစ် ဒီဥပဒေ၊ အမိန့်မှန်သမျှကို ပယ်ချလိုက်နိုင်တယ်။ ဖွဲ့စည်းပုံအခြေခံဥပ ဒေဆိုင်ရာခုံရုံးသစ်က ဥပဒေမှန်သမျှရဲ့ constitutionality ဖြစ်မှုကို သေချာစေရသ လို၊ အစိုးရအဖွဲ့အစည်းတွေရဲ့ လုပ်နည်းလုပ်ဟန်တွေကလည်း ဖွဲ့စည်းပုံနဲ့ ကိုက်ညီ စေဖို့ အားထုတ်ရတယ်။ NCCC က ပေးပို့လာတဲ့ high-level corruption အမှုအခင်း တွေကိုလည်း ကိုင်တွယ်ရတယ်။ ဥပမာ အပေါ်မှာပြောခဲ့တဲ့ ဝန်ကြီးချုပ်ရဲ့ ပိုင်ဆိုင်မှု ဖုံးကွယ်တဲ့ အမှုလိုမျိုးပေါ့။ ဖွဲ့စည်းပုံအသစ်အရ ခုံရုံးဟာ မိမိဖာသာရပ်တည်ပြီး တရား ရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိမနေဘူး။ administrative courts အသစ်တွေ ဟာ အစိုးရအဆောက်အဦတွေ၊ အရာရှိတွေနဲ့ သာမန်ပြည်သူတွေကြားက ပြဿနာ တွေကို ကိုင်တွယ်ဆုံးဖြတ်ရတယ်။ နောက်ဆုံးမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ supreme administrative court နဲ့ administrative tribunals တွေကို ဖွဲ့စည်းပေး ထားသလို အယူခံတွေအတွက် လိုအပ်လာမယ်ဆိုရင် appellate administrative court ကိုပါ ဖွဲ့စည်းနိုင်တယ်။ administrative courts တွေအတွက် လွတ်လပ်တဲ့ judicial commission တွေဖွဲ့စည်းပြီး သူတို့ရဲ့လုပ်ဆောင်ချက်တွေကို လည်ပတ်နိုင် တယ်။

Ombudsman

ထိုင်းနိုင်ငံရဲ့ အစိုးရအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို မကျေနပ်လို့ရှိရင် တိုင်ကြားနိုင်တဲ့ အရာရှိ (Ombudsman) ကို ပထမဦးဆုံးအနေနဲ့ ၂၀၀၀ ပြည့်နှစ် ဧပြီ လမှာ စတင်ခန့်အပ်ခဲ့တယ်။ ၂၀၀၂ မေလမှာတော့ ဆီးနိတ်ကနေ ဒုတိယအကြိမ် ခန့် အပ်ပေးခဲ့တယ်။ ဒီအရာရှိက တိုင်ကြားမှုတွေရှိလာခဲ့ရင် အစိုးရဝန်ကြီးဌာနတွေ၊ အေ ဂျင်စီတွေ၊ အစိုးရပိုင် enterprise တွေ၊ ဒေသဆိုင်ရာအစိုးရအဆောက်အအုံတွေက ဥပဒေကိုချိုးဖောက်တာတွေရှိသလား၊ ဒါမှမဟုတ် သူတို့ရဲ့တာဝန်တွေကို ထိထိရောက် ရောက် မဆောင်ရွက်ဘူးလား၊ ဒါမှမဟုတ် လူထုကို ထိခိုက်စေသလား၊ တိုင်ကြားသူ ကို နစ်နာဆုံးရှုံးစေသလားဆိုတာတွေကို စုံစမ်းရတယ်။ နောက်သူက ဒီအမှုတွေကို constitutional တရားရုံးတွေကိုရော၊ administrative တရားရုံးတွေကိုပဲ သက်ဆိုင်သ လို ပြန်တင်ပေးရတယ်။  ဒီရုံးကိုစပြီးတည်ထောင်စဉ်ကတည်းက တိုင်ကြားမှုပေါင်း ၂၀၀၀ လောက်ကို လက်ခံခဲ့ရတယ်။ တစ်ဝက်လောက်က ကျေနပ်အောင် ဖြေရှင်းပေး နိုင်တဲ့အတွက် ပြေလည်သွားတယ်။ တိုင်ကြားမှုအများစုက မြေယာကိစ္စတွေ၊ ရဲနဲ့ public utilities တွေနဲ့ပတ်သက်လို့ မကျေနပ်ချက်တွေကို တိုင်ကြားကြတာများတယ်။

Sub-national Institutions, Civil Society, and the Media

တာဝန်ယူမှုနဲ့ဆိုင်တဲ့ ပင်မ institutions လေးခုအပြင်ကို တခြားလာဘ်စားမှုကို တိုက် ဖျက်နေတဲ့ constitutional mechanisms တွေလည်း ရှိနေသေးတယ်။ ဥပမာပြောရ ရင် ဗဟိုချုပ်ကိုင်မှုဖယ်ရှားတဲ့အပေါ်မှာ အထူးပြုစောင့်ကြည့်မှု အသစ်တွေပဲ။ ၂၀၀၁ ခုနှစ်က 8th Plan period အပြီးမှာ ဒေသတွင်း သုံးစွဲမှုရဲ့ ရှယ်ယာက (intergovernmental transfers တွေနဲ့ စုစုပေါင်းအစိုးရ revenues တွေနဲ့ ဆက်စပ် သမျှတွေ အပါအဝင်) ၂၀၀၀ ပြည့်နှစ်က ရှိခဲ့တဲ့ မှန်းခြေ ၁၄ ရာနှုန်းကို ကျော်လွန်ပြီး ၂၀ ရာနှုန်းအထိ တိုးတက်လာခဲ့တယ်။ ၂၀၀၆ ခုနှစ် 9th Plan period အပြီးမှာ ဒေသ တွင်း သုံးစွဲမှုက စုစုပေါင်း အစိုးရရဲ့ revenues တွေရဲ့ ၃၅ ရာနှုန်းအထိ တိုးတက်လာ မယ်လို့ ခန့်မှန်းကြတယ်။
NGO တွေရော၊ ကမ္ဘာ့ဘဏ်ကပါ ထောက်ပံ့ထားတဲ့ social investment fund (SIF) တွေဟာ ဒေသတွင်းကျေးလက်တွေမှာ အတော်အသင့်ကို အတွေ့အကြုံရနေတဲ့ အင် အားစုတွေဖြစ်လာတယ်။ SIF တွေရဲ့ အတွေ့အကြုံက ဒေသတွင်းက အစိုးရရဲ့ ဝယ် ယူမှုတွေ၊ တင်ဒါခေါ်ယူတာတွေကို Local level မှာတင် တာဝန်ပေးဆောင်ရွက်စေ တာက ကုန်ကျစားရိတ်ကို အထိရောက်ဆုံး လျော့ချနိုင်တဲ့နည်းဖြစ်တယ်လို့ ညွှန်ပြနေ တယ်။ ဒေသန္တရနေ့ကလေးထိန်းကျောင်းတစ်ခုကို တည်ဆောက်တဲ့ ဥပမာတစ်ခုကို ထုတ်ပြရရင် တည်ဆောက်မှုမှာ အစိုးရရဲ့စံတွေကို လိုက်နာမယ်၊ ဒေသလူထုကပဲ တင်ဒါခေါ်လိုက်တာ ဒီလိုအဆောက်အဦမျိုးအတွက် ဘတ်သုံးသိန်းပဲ ကုန်ကျတယ်။ အစိုးရကစံသတ်မှတ်ထားတဲ့ ကုန်ကျစားရိတ် ဘတ် ၇ သိန်းနဲ့ ယှဉ်လိုက်ရင် အများ ကြီးကွာသွားတယ်။ Thailand development research institute က ဝန်ထမ်းတွေက ရွာသူရွာသားတွေအနေနဲ့ စံကုန်ကျစားရိတ်ချဉ်းကပ်ပုံနဲ့ လုပ်နေတဲ့ ပရောဂျက်တွေမှာ ပါဝင်ဖို့ စိတ်မဝင်စားကြဘူးလို့ ထောက်ပြကြတယ်။ ရွာသားတွေအနေနဲ့ အဲဒီလို ပရော ဂျက်မျိုးတွေဟာ လာဘ်စားဖို့လုပ်တဲ့ အလုပ်တွေလို့ မြင်ကြတယ်။ ဒီလိုမလုပ်ပဲ ဒေသ တွင်းမှာပဲ ဖြေရှင်းလိုက်ရင် လာဘ်စားဖို့ မလွယ်တော့ဘူးလို့ သူတို့က ယုံကြည်နေကြ တယ်။
SIF management အနေနဲ့ communities တွေ အားလုံးကိုတော့ ဒီလိုချွေတာလိုက် ခြင်းဖြင့် တင်ဒါခေါ်ယူမှုတွေမှာ အကျင့်ပျက်ခြစားမှု အလေ့အထတွေ ပပျောက်သွား မယ်လို့ ယုံကြည်အောင် လုပ်နိုင်မယ်လို့တော့ မပြောကြဘူး။ SIF ရဲ့ အတွင်းပိုင်းက ထွက်လာတဲ့ ဖော်ထုတ်ချက်တွေအရ ဒေသတွင်းခေါင်းဆောင်တွေကလည်းပဲ အမြဲ တမ်းတော့ ပွင့်ပွင့်လင်းလင်း လုပ်ကိုင်ကြတာမဟုတ်ဘူးလို့ ညွှန်ပြနေတယ်။ ပွင့်လင်း မြင်သာမှု အားနည်းတဲ့နေရာတွေမှာ လာဘ်စားမှုတွေက ဆက်ပြီးရှိနေဦးမှာပဲ။ ကျေး ရွာတွေမှာ ပွင့်လင်းမြင်သာမှုအတွက် လုပ်နည်းလုပ်ဟန်တွေကို ကျယ်ကျယ်ပြန့်ပြန့် လူထုကြားရောက်အောင် ဖြန့်ဖြူးပေးနိုင်မယ်ဆိုရင် ဒါကသူတို့အတွက် အားကောင်းတဲ့ အသုံးချစရာတွေ ဖြစ်လာလိမ့်မယ်။ ရှေ့ဆုံးက ဦးဆောင်တဲ့ ရွာတွေရှိလာရင်၊ ဒီအ ချက် တစ်ခုတည်းကိုပဲ ကျေးလက်ဒေသရဲ့ political economy မှာ အဓိကကျတဲ့ အ ပြောင်းအလဲတွေ ဖြစ်လာစေလိမ့်မယ်။ ဒေသတွင်းက “မျက်နှာဖုံး”တွေဆိုတဲ့ သူတွေရဲ့ အခန်းကဏ္ဍကို လျော့ချနိုင်လိမ့်မယ်။ ထိုင်းမှာက “မြို့မျက်နှာဖုံး၊ ရွာမျက်နှာဖုံး”တွေဆို တဲ့ အသုံးအနှုန်းက ဥပဒေကို ကျော်လွှားနိုင်တဲ့အထိ အားကောင်းနေတဲ့ ဒေသခံတွေ ကို ပြောတာပဲ။ များသောအားဖြင့် အဲဒီလိုလူတွေကို ဒေသဆိုင်ရာ၊ ဒါမှမဟုတ် ဗဟိုအ ဆင့်က နိုင်ငံရေးသမားတွေက အကာအကွယ်ပေးထားတယ်။ ဒီနိုင်ငံရေးသမားတွေအ တွက်လည်း ဒီလူတွေက campaign canvassers အနေနဲ့ အပြန်အလှန်အားဖြင့် ဆောင်ရွက်ပေးတတ်ကြတယ်။
လူမှုလူ့အဖွဲ့အစည်းတွေက တခြားနည်းလမ်းတွေနဲ့ အစိုးရကို တာဝန်ယူမှုရှိစေအောင် ဆောင်ရွက်ပေးပါတယ်။ နိုင်ငံသားတွေက NCCC ကို အသနားခံစားပို့ပြီး အရာရှိတစ် ဦးရဲ့ အပြုအမူတွေကို အာရုံစိုက်လေ့လာစေဖို့ စုံစမ်းစစ်ဆေးမှုတွေကို အစပျိုးတိုင် ကြားကြတယ်။ ဝန်ကြီးအဖွဲ့မှာ ပါဝင်တဲ့ ALS တွေရဲ့ မူမမှန်တဲ့ ဆောင်ရွက်ချက်တွေ ကို NCCC အနေနဲ့ စုံစမ်းလို့ရအောင် သတင်းပေးတာတွေ လုပ်ကြတယ်။ အခြားစုံစမ်း စစ်ဆေးမှုဧရိယာတွေထဲမှာတော့ ၁၉၉၉ ခုနှစ် NCCC ဥပဒေမှာပြဋ္ဌာန်းထားတဲ့ ကျင့် ဝတ်စံတွေကို လိုက်နာဖို့လိုအပ်တယ်။ conflict of interest တွေ ဖြစ်ပွားလာနိုင်မယ့် ဘယ်လိုလုပ်ဆောင်မှုမျိုးကိုမဆို အစိုးရအရာရှိတွေကို ပါဝင်ပတ်သက်ခြင်းကနေ ကန့် သတ်ထားတယ်။ ဘယ်အဖွဲ့အစည်းတစ်ခုတည်းကမှ၊ နိုင်ငံသားအစုအဖွဲ့တစ်ဖွဲ့တည်း ကမှ အစိုးရပေါ်လာစီအမျိုးမျိုးနဲ့ အစီအစဉ်တွေကို ထိထိရောက်ရောက် လွှမ်းခြုံမိသည် အထိ ကျွမ်းကျင်လာတယ်ဆိုတာမျိုး မရှိနိုင်ဘူး။
လူမှုအဖွဲ့အစည်းတွေအနေနဲ့ မီဒီယာကနေတဆင့် ပိုကျယ်ပြန့်တဲ့ လူထုတွေနဲ့ ဆက် သွယ်တဲ့နေရာမှာ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပြန်တယ်။ အချို့အထူးပြု ကိစ္စရပ်တွေမှာ ဂျာနယ်လစ်တွေက နားလည်ထားတာထက် လူမှုအဖွဲ့အစည်းတွေက ပိုနားလည်တယ်။ အစိုးရရဲ့အမြင်ကိုတုံ့ပြန်ဖို့ လူမှုအဖွဲ့အစည်းတွေက အရေးပါတဲ့ အ ချက်အလက်တွေကို ထောက်ပံ့နိုင်တယ်။ တစ်ချို့အဖွဲ့အစည်းတွေနဲ့ NGO တွေက သူ တို့ရဲ့ အဖွဲ့ဝင်တွေရဲ့ concern အပေါ်မှာ မူတည်နေတဲ့ အကြောင်းအရာတွေကို သု တေသနတွေလုပ်ဖို့ လွတ်လပ်တဲ့ capacity တွေ ရှိထားကြတယ်။ အစိုးရရဲ့ သွင်ပြင် အမျိုးမျိုးကို အထူးပြုလေ့လာနေတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ non-partisan network တစ်ခုကို ထူထောင်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အချက်ဖြစ်နေဆဲပါပဲ။ ဒါမှလည်း ထိ ရောက်ပြီး တာဝန်ယူမှုရှိတဲ့ ကြီးကြပ်မှုကို NCCC ရဲ့ အားထုတ်မှုတွေအပေါ်မှာ ထပ် ဆောင်းပေးနိုင်မှာပါ။ အဖွဲ့အစည်းတွေအနေနဲ့ သူတို့ကြီးကြပ်လေ့လာနေတဲ့ အစိုးရ အေဂျင်စီတွေအပေါ်မှာ ပဋိပက္ခမဆန်တဲ့၊ ရင်းနှီးတဲ့ဆက်ဆံရေး ရှိဖို့လိုအပ်သလို၊ NCCC နဲ့လည်း ဒီလိုသဘောရှိတဲ့ ဆက်ဆံရေးရှိထားဖို့ လိုအပ်ပါတယ်။

(Poe C)  


အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (PDF version)

No comments :

Post a Comment

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...