Monday, February 25, 2013

အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (အပိုင်း-၂)

အပိုင်း ၁ ကို ဒီမှာ ဖတ်ပါ။


ကမ်ဘောဒီယား

အခုတလောမှာ လုပ်ခဲ့တဲ့ Study တစ်ခုရှိတယ်။ administrative reform တွေ လုပ်ဖို့ ဆိုပြီး supreme council က တောင်းဆိုလို့ council of ministers ကနေ လုပ်တဲ့ Study ပဲ။ အဲဒီမှာဘာတွေရသလဲဆိုတော့ ကမ်ဘောဒီယမ်းအိမ်ထောင်စုတွေအနေနဲ့ public sector တွေမှာ ရှိနေတဲ့ လာဘ်စားမှုတွေဟာ ကမ်ဘောဒီယားနိုင်ငံရဲ့ အဓိက အကျဆုံး ပြဿနာလို့ ယုံကြည်နေတယ်ဆိုတာနဲ့ အခုလက်ရှိမှာ ဒီပြဿနာက အရင် သုံးနှစ်ကထက် ပိုဆိုးလာနေတယ်ဆိုတာပဲ။ သေချာပြန်ပြီး enterprises တွေကို survey လုပ်ကြည့်တဲ့အခါမှာလည်း လမ်းပေါ်ကရာဇဝတ်မှုတွေပြီးရင် လာဘ်စားမှု ဟာ အဓိကအကျဆုံး ဒုတိယမြောက်ပြဿနာဖြစ်နေပြန်တယ်။ အိမ်ထောင်စုတွေ၊ enterprises တွေနဲ့ အစိုးရအရာရှိတွေကို survey လုပ်ကြည့်တော့ တရားရုံးတွေဟာ သိက္ခာသမာဓိအကင်းမဲ့ဆုံးနေရာတွေလို့ သိလာရတယ်။ သူ့နောက်မှာတော့ အစိုးရ ရှေ့နေတွေနဲ့ အကောက်ခွန်ဝန်ထမ်းတွေဟာ အဆိုးရွားဆုံး အကျင့်ပျက်သူတွေပါတဲ့။ အိမ်ထောင်စုတွေထဲကမှ အဆင်းရဲဆုံးအိမ်ထောင်စုတွေကို survey လုပ်ကြည့်ရာမှာ တော့ သူတို့တတွေရဲ့ ဝင်ငွေထဲက အကြီးမားဆုံးအစိတ်အပိုင်းဟာ တံစိုးလက်ဆောင် တွေ ပေးရရင်း ကုန်ဆုံးသွားရတယ်ဆိုတာကို တွေ့ရသလို၊ ဒီလိုလာဘ်ငွေပေးရတဲ့ အ ထဲမှာမှ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အာဏာပိုင်တွေကို ပေးရတဲ့လာဘ်ငွေက အ များဆုံးဖြစ်တယ်ဆိုတာကို သတိထားမိလာတယ်။
နောက်လေ့လာမှုတွေက အကျင့်ပျက်ခြစားမှုကြောင့် တိုင်းပြည်ထဲမှာ အရည်အချင်း ကို အခြေခံပြီး ဝန်ထမ်းခန့်အပ်တဲ့ စနစ်က အေဂျင်စီတွေမှာ ယုတ်လျော့လာနေတယ် ဆိုတာကို တွေ့လာရတယ်။ ဒါကြောင့်မို့လို့ အရည်အချင်းရှိတဲ့၊ လုပ်ရည်ကိုင်ရည်ရှိတဲ့၊ စွမ်းဆောင်ရည်ကောင်းတဲ့ ဝန်ထမ်းတွေ ရှားပါးလာတယ်။ public sector တွေမှာ လ စာနည်းပါးတာတွေ၊ လစာထုတ်ယူမှုမှာ နှောင့်နှေးနေတာတွေ၊ performance evalu-ation တွေ အားနည်းတာတွေ၊ စည်းကမ်းထိန်းသိမ်းရေး စီမံချက်တွေ အားနည်းတာ၊ အပိုဆောင်းဘက်ဂျက်အတွက် ငွေထုတ်ပေးမှုစနစ်တွေ အားနည်းတာ၊ ဝန်ထမ်းစည်း ကမ်း ကောင်းလာဖို့ မကျေနပ်ချက်၊ တိုင်ကြားချက်တွေကို အရေးယူ ဆောင်ရွက်တဲ့ စ နစ်တွေမရှိတာတွေက ခြစားမှုတွေကို ပိုပိုဆိုးရွားလာစေတယ်။ ဒါကြောင့်လည်း ၁၉၉၉ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်လိုက်ခြင်းရဲ့ အကျိုးအမြတ်အနေနဲ့ အကျင့်ပျက်ခြစားမှုတွေ လျော့ပါးသွားမယ်လို့ အားလုံးက မျှော် လင့်ကြတာ ဖြစ်ပါလိမ့်မယ်။
ဝန်ကြီးချုပ် Samdech Hun Sen က ဦးဆောင်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ADB အနေနဲ့ သူတို့ရဲ့ governance assessment တစ်ခုကို ကမ်ဘောဒီးယားအတွက် စတင်ပေးခဲ့ တယ်။ ADB အနေနဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ assessment တွေကို update တွေ ပြန် လုပ်ခဲ့တယ်။ ဒီတစ်ခါ လုပ်တဲ့ update က ၂၀၀၁ မေလမှာ လုပ်ခဲ့တဲ့ လေ့လာမှု အ သစ်ကို အခြေခံပြီး လုပ်ခဲ့တာ။ ဒီလေ့လာမှုကိုကြတော့ ကမ်ဘောဒီးယား တစ်နိုင်ငံ တည်းကို အာရုံစိုက်ပြီး လုပ်တာမျိုး မဟုတ်တော့ပဲ၊ မဲခေါင်ဒေသတွင်း လေးနိုင်ငံမှာ ကြုံနေရတဲ့ အုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုတွေကို နှိုင်းယှဉ်သုံးသပ်ပြီး လေ့လာခဲ့တာမျိုး။
ဒီလေ့လာမှုက အစိုးရအနေနဲ့ သူတို့ရဲ့ Governance Action Plan (GAP) ကို ရေးဆွဲ တဲ့နေရာမှာ အရမ်းကိုအသုံးဝင်ခဲ့တယ်။ ဒီလေ့လာမှုတွေက လွန်ခဲ့တဲ့နှစ်အနည်းငယ် အတွင်း ကောင်းမွန်တဲ့ အုပ်ချုပ်ပုံ ဖော်ဆောင်ရေး၊ public sector တွေရဲ့ performa-nce တွေ တိုးတက်လာရေးမှာ ကမ်ဘောဒီးယားကို ခြေလှမ်းကောင်းတွေ လှမ်းလာမိ စေတယ်။ ဥပမာအားဖြင့်
  • အခြားဌာနတွေအတွက် အသုံးစားရိတ်တွေကို ချုပ်ထိန်းထားနေတဲ့အချိန်မှာ ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ထားတဲ့ social sectors တွေအတွက် Budget implementation တွေကိုတော့ တိုးမြှင့်ပေးထားတယ်။
  • financial sector  တွေမှာလည်း ဘဏ်စနစ်ကို ပြန်တည်ဆောက်တယ်၊ နောက်အလားအလာမကောင်းတဲ့ ဘဏ်တွေကို ပိတ်ပစ်ဖို့ စပြီးခြေလှမ်းနေပြီ
  • ဝန်ထမ်းဖွဲ့စည်းပုံ အင်အားကောက်ယူတာ၊ လစာစာရင်းထဲပါနေပြီး အမှန်တ ကယ်အလုပ် မလုပ်တဲ့ (Ghost worker) တွေကို identification တွေလုပ် တာ၊ military demobilization အတွက် ကနဦး phase တွေနဲ့ ဦးစားပေး priority mission groups တွေနဲ့ ပတ်သက်တဲ့ concept တွေကို ပုံဖော် ဆောင်ရွက်တာတွေစတဲ့ Public administration reforms တွေကို လုပ်လာ တာ။
  • သဘာဝသယံဇာတတွေနဲ့ ပတ်သက်လို့တော့ National Assembly for Adoption မှာ တင်သွင်းခဲ့တဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းများဥပဒေကို အ တော်များများ အခြေအနေတွေမှာ လိုက်နာညှိနှိုင်းကြတယ်။ သစ်တော၊ ငါး လုပ်ငန်းနဲ့ ရေအရင်းအမြစ် ဥပဒေတွေအတွက် မူကြမ်းတွေကို အခုစတင်ရေး ဆွဲနေကြပြီ။
  • Seila program ဆိုပြီးတော့ ဗဟိုကချုပ်ကိုင်မှု မရှိတဲ့ စီမံကိန်းရေးဆွဲရေး တွေ၊ ငွေကြေးထောက်ပံတာတွေ၊ စီမံခန့်ခွဲတာတွေကို စီရင်စုနယ် ၂၄ ခုအ နက် ၁၇ ခုမှာရှိတဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ငယ်လေးပေါင်း ၁၀၀၀ အတွက် ဖွဲ့စည်းပေးထားတယ်။
  • လွတ်လပ်တဲ့ supreme audit authority ဆိုတာကို ဖွဲ့စည်းပေးပြီး National Assembly ကို တိုက်ရိုက်အစီအရင်ခံစေတယ်။
  • Council of Ministers မှာ လာဘ်စားမှုတိုက်ဖျက်ရေး unit တစ်ခုကို ထည့် ဖွဲ့စည်းပေးထားပြီး လာဘ်စားမှုတိုက်ဖျက်ရေးဥပဒေကိုလည်း မူကြမ်းအဆင့် အထိ ရေးဆွဲပြီးနေပြီ။
  • legal framework တစ်ခုနဲ့ ဥပဒေစိုးမိုးမှုရှိရေး စနစ်တွေကို တည်ထောင်ပေး ထားတယ်။
ဒီလို ကမ်ဘောဒီယားရဲ့ broad-ranging reforms တွေဟာ ပြည့်ပြည့်ဝဝသာ implemented လုပ်နိုင်မယ်ဆိုရင် ခြစားမှုတိုက်ဖျက်ရေး ခရီးရှည်ကြီးကို ပီပီပြင်ပြင် လျှောက်လှမ်းနိုင်မှာပဲ။ ဒါပေမယ့် ဒါကိုပြည့်ပြည့်ဝဝ implemented လုပ်ဖို့ ဘယ်လိုစိန် ခေါ်မှုတွေ ရှိနေမလဲ။ ပြန်လည်ထူထောင်ရေးတွေဟာ ဘယ်လိုအစိုးရမျိုးအတွက်မဆို အမြဲတမ်းလိုလိုပဲ ခက်ခဲတဲ့အမှုကိစ္စ ဖြစ်နေတယ်။ ဒီကိစ္စမှာ implementation လုပ် ငန်းစဉ်ဟာ ပိုပြီးခက်ခဲလာနိုင်တယ်လို့ လက်ခံထားစရာ အဓိကအကြောင်းအရင်းအ နေနဲ့ အနိမ့်ဆုံးတစ်ချက်လောက်တော့ ရှိနေတယ်။ ကမ်ဘောဒီးယားအနေနဲ့ ကြေကွဲစ ရာကောင်းလှတဲ့ civil conflict တွေရဲ့ အကြွင်းအကျန်ဒဏ်ချက်တွေကို ခံနေရတယ်။ ဒါတွေနောင်တစ်ချိန် ထပ်မဖြစ်လာအောင် ကာကွယ်မှုတွေ လိုအပ်နေတယ်။ ကမ် ဘောဒီးယားဟာ မကြာခဏဆိုသလိုပဲ မကြုံစဖူးပြင်းထန်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး regimes အပြောင်းအလဲတွေကို ရင်ဆိုင်ခဲ့ရတယ်။ Kymer Rouge ခေတ်အထွတ်အ ထိပ်ကို ရောက်လာတဲ့ ၁၉၇၅-၇၉ နှစ်တွေအတွင်းမှာ လူတစ်သန်းကျော်လောက် အ သတ်ခံရရင်ခံရ၊ မခံရလည်း ငတ်ပြတ်ပြီးသေရတာတွေကို ကြုံခဲ့ရတယ်။ အဲဒီလူတစ် သန်းဆိုတာ အဲဒီအချိန်က တိုင်းပြည်လူဦးရေရဲ့ ၁၅ ရာနှုန်းတောင် ရှိခဲ့တာ။
ကမ်ဘောဒီယားအတွက် ကုလသမဂ္ဂအသွင်ကူးပြောင်းရေး အာဏာပိုင်အဖွဲ့(UNTAC) က ၁၉၉၂ မတ်လ မှာ တရားဝင်ဝင်ရောက်လာပြီး ဥပဒေကြောင်းအရ တရားဝင်ဖြစ်တဲ့ အစိုးရသစ်တစ်ရပ်ကို အထွေထွေရွေးကောက်ပွဲကနေ ရွေးချယ်နိုင်လိုက်သည်အထိ တိုင်းပြည်ကို ကူညီအုပ်ချုပ်ပေးခဲ့ရတယ်။ UNTAC operation အနေနဲ့ တကယ့်ကို ခက်ခဲရှုပ်ထွေးတဲ့ အခြေအနေတွေမှာ တာဝန်ယူခဲ့ရတာ။ လူဦးရေ ၃ သိန်း ၆ သောင်း လောက်က ဒုက္ခသည်တွေအနေနဲ့ ထွက်ပြေးနေရာကနေ ပြန်ရောက်လာတယ်၊ သူတို့ ကို ပြန်လည်နေရာချပေးရမယ်။ တစ်ခါ Khmer Rouge တွေက ရွေးကောက်ပွဲကို သ ပိတ်မှောက်ပြီး ပြည်တွင်းစစ်ကို တောထဲမှာ ပြန်ဆင်နွှဲနေတယ်။
၁၉၉၃ မေမှာတော့ UNTAC ရဲ့ ဦးဆောင်မှုနဲ့ အထွေထွေရွေးကောက်ပွဲတွေ ပြန်လုပ် တယ်။ ရွေးကောက်ပွဲအပြီး အစိုင်အခဲဖြစ်နေတာတွေ၊ အသည်းအသန် ညှိနှိုင်းရတာ တွေ ရှိနေသော်လည်းပဲ အဓိကပါတီကြီး သုံးခုဖြစ်တဲ့ National United Front for an Independent, Neutral, Peaceful, and Cooperative Cambodia (FUNCINPEC) ရယ်၊ နောက်တစ်ခါ Cambodia People's Party (CPP) ရယ်၊ Buddhist Liberal Democratic Party ရယ်၊ ဒီပါတီသုံးခုက ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့တယ်။ နိုင်ငံရေးညှိ နှိုင်းရတာတွေက တော်တော်လေးကို ခက်ခဲခဲ့တာ။ ဝန်ကြီးချုပ်က ပူးတွဲဖြစ်နေတယ်၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးတွေမှာလည်း ပူးတွဲဝန်ကြီးတွေ။ Khmer Rouge တွေနဲ့ Royal Cambodian Armed Forces တွေကြားက တိုက်ပွဲတွေကလည်း ထုံ့ပိုင်းထုံ့ပိုင်း ဖြစ်နေစဲပဲ။ အဲဒီလိုနဲ့ တကယ့်ကို စိုးရိမ်ရတဲ့ နိုင်ငံရေးတင်းမာမှုတွေက ၁၉၉၇ မှာ CPP နဲ့ FUNCINPEC တို့ ညွှန့်ပေါင်းဖွဲ့ထားတဲ့ အစိုးရအဖွဲ့အတွင်းမှာ ပေါ်ပေါက်လာတယ်။ ဖနွမ်ပင်နားမှာကိုပဲ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ ရှိလာတယ်။ ဝန်ကြီး ချုပ်က တိုင်းပြည်က ထွက်ပြေးရတယ်။ နိုင်ငံခြားအလှူရှင်တွေက အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်တာ၊ ရုတ်သိမ်းသွားတာတွေ လုပ်လာတယ်။ နိုင်ငံခြားပုဂ္ဂလိက ရင်းနှီး မြှုပ်နှံသူတွေကလည်း ယုံကြည်မှုတွေ ကုန်ဆုံးသွားရင်း ကမ်ဘောဒီယားကို စွန့်ခွာ သွားတယ်။ ၁၉၉၇ နဲ့ ၁၉၉၈ တွေမှာ ကမ်ဘောဒီယားရဲ့ ဖွံ့ဖြိုးမှုနှုန်းက သုညဖြစ်သွား တယ်။
၁၉၉၇ နှစ်ကုန်ပိုင်းမှာတော့ အချင်းချင်း သဘောတူညီချက်တွေ ရလာပြီး ၁၉၉၈ မှာ တော့ ကမ်ဘောဒီးယားရဲ့ ဒုတိယအကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲကို ကျင်း ပနိုင်ခဲ့တယ်။ နိုင်ငံရေးပါတီပေါင်း လေးဆယ်လောက် ဝင်ရောက်ယှဉ်ပြိုင်တယ်။ ပါတီ ကြီးသုံးခုဖြစ်တဲ့ CPP၊ FUNCINPEC နဲ့ Sam Rainsy Party တို့က National Assembly မှာ နေရာရခဲ့ကြတယ်။ အသစ်ပြန်စုစည်းတဲ့ CPP-FUNCINPEC ညွန့်ပေါင်း အစိုးရက ၁၉၉၈ နိုဝင်ဘာမှာ ပေါ်ထွက်လာတယ်။ Khmer Rouge စစ်သားတွေ အစု လိုက်အပြုံလိုက် လက်နက်ချကြတာနဲ့ ၁၉၉၈ အစောပိုင်းမှာ ပိုပေါ့သေသွားတာတွေ ကြောင့် နှစ်သုံးဆယ်ကြာခဲ့တဲ့ ပြည်တွင်းစစ်လည်း အဆုံးသတ်သွားတယ်။
ဒီလို conflict တွေရဲ့ အမွေဆိုးတွေကြောင့် အစိုးရပြန်လည်ထူထောင်မှုမှာ အနည်း ဆုံး အချက်နှစ်ချက်မှာ အခက်အခဲတွေ တွေ့ရတယ်။ စီးပွားရေးပျက်သုဉ်းသွားတာနဲ့ အရည်အချင်းရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးလိုက်ရတာက ပြန်လည်ထူ ထောင်ရေးရဲ့ မရှိမဖြစ်အုတ်မြစ်တွေကို တိုက်စားယုတ်လျော့သွားစေတယ်။ Khmer Rouge ခေတ်မှာ မျက်မှန်တပ်ထားတဲ့ သူကိုပဲဖြစ်ဖြစ်၊ တခြား professional အသွင်အ ပြင်မျိုးရှိတဲ့ သူကိုပဲဖြစ်ဖြစ်၊ စနစ်တကျနဲ့ကို လုပ်ကြံသတ်ဖြတ်ခဲ့တာတွေ ရှိတယ်။ အဲဒီ တော့ တော်တော်များများက သေတဲ့သူလည်းသေ၊ မသေတဲ့သူလည်း တိုင်းပြည်က ထွက်ပြေးရတာပဲ။ ဒီတော့ကာ အခုအချိန်မှာ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ ရှားပါး နေတယ်။ ထိရောက်တဲ့ public institutions တွေအတွက် ကျွမ်းကျင်လုပ်သား ရှားပါး နေတယ်။ အဲဒီအပြင်ကို conflict တွေကြောင့် စီးပွားရေးက အတော်ကြီးဆုတ်ယုတ် သွားတာပဲ။ ကမ်ဘောဒီးယားရဲ့ တစ်ဦးချင်းဝင်ငွေဟာ ဒေသတွင်းမှာ အနည်းဆုံးနိုင်ငံ စာရင်းထဲ ရောက်နေတယ်။ ကျွမ်းကျင်လုပ်သား ရှားပါးတာနဲ့ စီးပွားရေးယုတ်လျော့နေ တာတွေ ပေါင်းလိုက်ချိန်မှာတော့ institutional development တွေအတွက် အခက် အခဲတွေ အများကြီးပေါ်ထွက်လာတယ်၊ အခွန်ကောက်ခံရရှိမှုတွေ လျော့နည်းသွား တယ်၊ တခြားအကြောင်းတွေထက် အရေးအကြီးဆုံး ပြဿနာဖြစ်သွားတာက အစိုးရ ဝန်ထမ်းတစ်ယောက်ရဲ့ ပျမ်းမျှလစာက တစ်လကို ၁၈ ဒေါ်လာပဲ ရှိနေတယ်။ ဒီလိုလ စာနည်းရတဲ့အထဲမှာ ဗူးလေးရာဖရုံဆင့်တာက ဖနွမ်ပင်အနီးတဝိုက်မှာနေထိုင်တဲ့ မိ သားစုတစ်စုရဲ့ တစ်လအသုံးစရိတ်က ပျမ်းမျှအနေနဲ့ တစ်လကို ဒေါ်လ ၂၀၀ လောက် အထိ ကြီးမြင့်နေတာပဲ။
ဒီလိုအတားအဆီးတွေရှိနေချိန်မှာ အစိုးရရဲ့ reform capacity ဟာ နိုင်ငံတကာအလှူ ရှင်တွေရဲ့ အကူအညီပေါ် မှီတည်နေတယ်။ ဥပမာပြောရရင် အလှူရှင်တွေအနေနဲ့ ပုံ မှန်အားဖြင့် အလျင်းသင့်သလို extra-budgetary incentive payment တွေကို Cambodian counterparts တွေကို ပေးသွားကြတယ်။ ဒီ counterparts တွေကို survey လုပ်တဲ့အခါမှာ ပျမ်းမျှ donor supplements တွေအနေနဲ့ ၁၉၄ ဒေါ်လာ လောက် ရကြတယ်။ သူတို့ရဲ့ donor projects တွေက အသီးသီးပြီးမြောက်သွားပြီဆို တဲ့အခါမှာ တစ်ချို့ကလည်း supplements ဆက်ရနိုင်မယ့် တခြား project တွေကို ရှာကြတယ်။ အလှူရှင်သစ်၊ project သစ် မရှာနိုင်တဲ့သူတွေက တခြားနေရာတွေက နေ ဝင်ငွေရဖို့ကြိုးစားရတော့တယ်။ အဲဒီမှာတင် အချိန်ပိုင်းအစိုးရဝန်ထမ်းဆိုတာတွေ ပေါ်လာတယ်။ ဝင်ငွေစီးဝင်ပုံက roller-coaster စီးနေရသလို နိမ့်လိုက်မြင့်လိုက်ဖြစ် နေတာ၊ အစိုးရဝန်ကြီးဌာနတွေရဲ့ 'projectizing' လုပ်နေတာ၊ နယ်စွန်နယ်ဖျား ဌာန တွေက အုပ်ချုပ်မှုပြန်လည်ထူထောင်ရေးရဲ့ establishment တွေကို အသည်းအသန် ခုခံနေတာတွေက တခြားတဘက်မှာ capabilities တွေ ထူထောင်ပေးဖို့ လိုအပ်လာ နေတယ်။
ပြန်လည်ထူထောင်ရေးကို implementation လုပ်ယူရာမှာ အဟန့်အတားဖြစ်စေတဲ့ ဒုတိယအချက်က civil conflict တွေရဲ့ ဆိုးမွေတွေ ကိုယ်နှိုက်ပဲ။ Paul Collier ထောက်ပြထားတဲ့ အချက်က conflict ဖြစ်ကြတဲ့ အချိန်တုန်းက ရိုက်သွင်းထားတဲ့ အ မုန်းတရား အယူအဆတွေက အဖွဲ့အစည်းတွေအတွင်းမှာ ဆက်ပြီးကျန်ရှိနေတယ်ဆို တဲ့ အချက်ပဲ။ အဲဒီအတွက် နောင်တစ်ချိန်မှာ conflict တွေ ပြန်ဖြစ်လာဖို့က ကမ်ဘော ဒီးယားလို လူ့အဖွဲ့အစည်းမျိုးအတွက် အရမ်းကိုမြင့်မားနေတယ်။ နိုင်ငံရေးအရ အကွဲ အပြဲတစ်ခုက သူများနိုင်ငံတွေအတွက် ဘာမှမဟုတ်လောက်ပေမယ့် ဒီမှာတော့ အ ကြမ်းဖက်မှုတွေအဖြစ် အလွယ်တကူအသွင်ပြောင်းသွားနိုင်တယ်။ ၂၀၀၀ ပြည့်နှစ် နို ဝင်ဘာမှာ ဖြစ်ခဲ့တဲ့ အာဏာသိမ်းဖို့ ကြိုးစားချက်၊ နောက်တစ်ခါ ၂၀၀၁ ဂျူလိုင်မှာ ဟို တယ်နှစ်လုံး ဗုံးကွဲတဲ့ဖြစ်ရပ်တွေက ဒါကိုသက်သေထူနေတယ်။ ဒီလိုအကြမ်းဖက်မှု တွေ ဖြစ်နိုင်တဲ့ risk တွေကို လျော့ချဖို့က အစိုးရအနေနဲ့ အဓိကဂိုဏ်းကြီးတွေရဲ့ ခေါင်း ဆောင်တွေမှာ ရှိနေတဲ့ နစ်နာမှုတွေ၊ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ပြောတဲ့ဆိုတဲ့နေ ရာမှာ ဂရုတစိုက်ကိုင်တွယ်ဖို့လိုတယ်။ ပြည်နယ်တော်တော်များများမှာက သူ့ဒေသ ဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို စပြီးအ တိုက်အခံလုပ်တာတွေ ရှိတတ်တော့ အစိုးရအနေနဲ့ သတိကြီးကြီးထားပြီး ကိုင်တွယ် သွားဖို့လိုအပ်တယ်။ reform agenda ပေါ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားဖို့ ကြိုးစားရမယ်။ တစ်ဘက်မှာလည်းပဲ အလေးသာနေတဲ့ ပြိုင်ဘက်တွေကို လုံလုံ လောက်လောက် ထောက်ပံ့ပေးနိုင်မယ့် အားကောင်းတဲ့ မဲဆန္ဒနယ်တွေကို ရှိနေဖို့ကို လည်း သေချာအောင် ဆောင်ရွက်ထားရမယ်။ နောက်တစ်ခါ အဲဒီဒေသတွေက ခေါင်း ဆောင်တွေကို အကြမ်းဖက်နည်းတွေသုံးပြီး မဖြေရှင်းကြဖို့ ဖျောင်းဖျထားရဦးမယ်။
ဥပမာပြောရရင် GAP ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုက တစ်နိုင်ငံလုံးအနှံ့ demob-ilization ကို အပြီးသပ်လုပ်နိုင်ဖို့နဲ့ တပ်ဝန်ထမ်းတွေအတွက် reintegration program တွေ လုပ်ပေးရင်း စစ်ဘက်ဆိုင်ရာ အသုံးစားရိတ်တွေကို လျော့ချဖို့၊ ပိုလာမယ့် ငွေ တွေကို တခြားနေရာတွေက လူထုအသုံးစားရိတ်တွေအဖြစ် အသွင်ပြောင်းဖို့ (အဲဒီလို လုပ်တဲ့အထဲမှာ လာဘ်စားမှုတိုက်ဖျက်ရေးအတွက် institutional အပြောင်းအလဲတွေ လုပ်တာတွေလည်း ပါတာပေါ့)၊ နောက်အများပြည်သူလုံခြုံရေးတွေကို တိုးမြှင့်ပေးဖို့ တွေ လုပ်ရမယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်ပိုင်းတွေအနေနဲ့ ဒီ GAP program ဟာ မျှတတယ်လို့ မယူဆမခြင်း အကြမ်းဖက်မှုတွေနဲ့ ထိပ်တိုက်တွေ့ နေရဦးမှာပဲ။ ဒီ risk ကြောင့်မို့လို့ အစိုးရအနေနဲ့ရော၊ အလှူရှင်တွေအနေနဲ့ပါ reform တွေကို implement လုပ်တဲ့နေရာမှာ တုံ့ဆိုင်းနေမှုတွေ ရှိနေမှာပါပဲ။
တန်ဖိုးရှိတဲ့ သဘာဝသယံဇာတတွေ(သဘာဝကြိုးဝိုင်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတွေ အပါအဝင်) ကို စီမံခန့်ခွဲတဲ့နေရာမှာ အဓိကဦးဆောင်ပြီး တာဝန်ယူရတဲ့ institutions တွေရဲ့ ဝန်ထမ်းတွေဟာ လုံလောက်တဲ့ လုပ်ခလစာကို မ ရရှိကြဘူး။ အဲဒီလိုနဲ့ပဲ အာဏာကိုအလွဲသုံးစားလုံးတာတွေ၊ ဝန်ဆောင်မှုတွေအတွက် တရားမဝင်နှုန်းထားတွေ သတ်မှတ်တာတွေ လုပ်ဖို့တွန်းအားဖြစ်လာတယ်။ ဒီအပြင်ကို ပဲ reform တွေကို ထိထိရောက်ရောက် implementation လုပ်ယူဖို့မှာ အစိုးရအနေနဲ့ နိုင်ငံရေး conflicts တွေ၊ လက်နက်ကိုင်တပ်တွေရဲ့ သစ်ထုတ်လုပ်မှု လုပ်ငန်းတွေက နေ စဉ်ဆက်မပြတ် အကျိုးအမြတ်တွေ ရနေတာတွေ၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှု တွေအစရှိတဲ့ sensitive issues တွေအပေါ်မှာ ကိုင်တွယ်ဖို့ လိုအပ်နေတယ်။ ဒီလိုကိုင် တွယ်ရာမှာလည်း ဂိုဏ်းဂဏတွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ ဒီလုပ်ငန်းစဉ်တွေဟာ မျှ တမှုရှိတယ်လို့ ထင်မြင်လာစေဖို့ ဂရုတစိုက်နဲ့ ကိုင်တွယ်ဖို့လိုတယ်။
တခြားသောအရာတွေ အားလုံးထက်စာရင်ကို ကမ်ဘောဒီးယားရဲ့ post conflict situation ကြောင့် reform တွေဟာ တုံ့ဆိုင်းနေမှာပါပဲ။ အဲဒီလိုတုံ့ဆိုင်းနေတဲ့ အခြေ အနေတွေကလည်း ဆက်ပြီးဖြစ်နေဦးမှာပါပဲ။

လာအို

လာအိုရဲ့ အကျင့်ပျက်ခြစားမှုဟာ အဆင့်တိုင်းမှာ အဓိကကျတဲ့ အတားအဆီးဖြစ်နေ ပါတယ်။ နိုင်ငံရေးအင်အားကို အသုံးချပြီး အခွန်ရှောင်တိမ်းတာတွေ၊ ပရောဂျက်တွေ ကို ချောမွေ့အောင် ဆောင်ရွက်ပေးတဲ့အတွက် ကော်မရှင်ခတွေ ရယူနေတာ (ဒါမှမ ဟုတ်) ကန်ထရိုက်တွေ ပြန်ဆုချတာ၊ အမှန်တကယ်ကုန်ကျရမယ့် စားရိတ်တွေ၊ အ ခွန်တွေ လျော့သွားအောင်လို့ မိသားစုအချင်းချင်း၊ မိတ်ဆွေအချင်းချင်း လာဘ်ထိုးနေ ကြတာတွေက နေရာတိုင်းရှိနေတယ်။
အလှူရှင်တွေရဲ့ ထောက်ပံ့ကြေးနဲ့ ဝယ်ယူမှုတွေမှာ တကိုယ်ရေအသုံးအတွက် ကား တွေဝယ်ဖို့ ပိုက်ဆံကိုပါ ထည့်တောင်းကြတာတွေ ရှိတယ်။ တစ်ခါဝန်ကြီးတွေက အ လှူရှင်ပရောဂျက်တွေအတွက် သုံးဖို့ဝယ်ထားတဲ့ ကားတွေကို သူတို့ကိုယ်ကျိုးအတွက် ချောဆွဲဖို့ ကြိုးစားကြပြန်တယ်။ ဆိုတော့ကာ ဒီဥပမာမှာတင် အောက်ခြေအရာရှိတွေ က သူတို့ရဲ့နည်းပါးတဲ့ ဝင်ငွေကို တိုးလာအောင် ဒီလိုအပြုအမူမျိုးတွေကနေ လုပ်ယူ ကြတာတွေ ရှိလာတယ်။
၁၉၈၀ ခုနှစ်တွေကစလို့ စီးပွားရေးမှာ ပြန်လည်ထူထောင်မှုတွေ လုပ်ရင်းကနေ အ ကျင့်ပျက်ခြစားမှုအတွက် အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာတယ်။ ဥပမာပြောရ ရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုတွေ လုပ်နေတဲ့ ဒေသတစ်ခုမှာဆိုရင် ကုန် သွယ်မှုနဲ့ဆက်နွယ်တဲ့ လာဘ်စားမှုတွေက ပြည့်နှက်နေမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေက အစိုးရပိုင်းနဲ့ ဆက်နွယ်တဲ့ လိုအပ်ချက်တွေရှိလာရင် အဲဒီလိုအပ်ချက်တွေကို လျော့ပေါ့တာဖြစ်ဖြစ်၊ ချောမွေ့စေတာဖြစ်ဖြစ် လုပ်ပေးရင်း ပိုက်ဆံတောင်းလို့ရဖို့ အ ခွင့်အလမ်းတွေ ဖြစ်လာစေတယ်။ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ စစ်တပ်ကို အ ထူးအခွင့်အရေးတွေ ပေးထားတာမို့ မှောင်ခိုမှုတွေကို ပိုဆိုးရွားစေတယ်။ ဝန်ထမ်းခန့် အပ်မှုတွေမှာလည်း လာဘ်စားမှုက လွှမ်းမိုးနေတာကြောင့် ရာထူးကြီးပြီး အာဏာရှိတဲ့ ခေါင်းဆောင်ပိုင်းနဲ့သာ နီးကပ်မှုရှိရင် ရုတ်တရက်ခုန်ပျံပြီး ရာထူးတက်သွားအောင် လုပ်လို့ရတာတွေ ရှိလာနေတယ်။ ဒီအပြုအမူတွေက အစိုးရရဲ့ revenues တွေကို ကျ ဆင်းသွားစေသလို၊ မလိုလားအပ်တဲ့ ကုန်ကျစားရိတ်တွေ တိုးလာစေတယ်၊ နောက် တစ်ခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လျော့သွားတယ်၊ လူထုရဲ့ယုံကြည်မှုကလည်း ပျောက်ဆုံးသွားတယ်။ လူတော်တော်များများ ယုံကြည်ထားတာက နေရာအနှံ့အပြား မှာ ပြန့်နှံ့နေရင်း ပြန်လည်ထူထောင်မှုတွေအတွက် အဓိကအဟန့်အတား ဖြစ်လာနေ တယ်ဆိုတာပါပဲ။ သဘာဝအားဖြင့် အစိုးရအရာရှိတွေအနေနဲ့ သူတို့ရဲ့အပြုအမူတွေ ပေါ်သွားမှာကို စိုးရိမ်တတ်ကြသလို၊ တကယ်လို့သာ လာဘ်စားမှုတွေ လျော့ပါးသွား ရင် သူတို့အခြေအနေ ဘယ်လိုရှိမယ်ဆိုတာကို မရေမရာဖြစ်နေကြရတယ်။
လက်ရှိအစိုးရအနေနဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှုတွေ အများကြီးလုပ်နေ တယ်။ အဲဒီအထဲမှာ ၁၉၉၃ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ ခြစားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ တရားမဝင်သစ်ထုတ်လုပ်မှုတွေကို ထိန်းချုပ်မှုအသစ်တွေ လုပ်ခဲ့တာ၊ တရားလွန်သုံး ဖြုန်းနေတာတွေကို လူသိရှင်ကြားဝေဖန်တာတွေ လုပ်ခဲ့တာတွေကိုလည်း လုပ်ခဲ့ တယ်။
လာအိုဟာလည်းပဲ conflict တွေကို ၁၉၇၅ အထိ ရင်ဆိုင်ခဲ့ရတယ်။ Lao people's democratic republic ဆိုပြီး ဖြစ်လာတဲ့အထိပဲ။ ကမ်ဘောဒီးယားနဲ့ မတူတာက အဲဒီ အချိန်ကစလို့ အာဏာရ Lao people's revolutionary party က အသိအမှတ်ပြုစရာ ကောင်းလောက်အောင်ကို ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့တယ်။ အာဏာလွဲပြောင်းမှုတွေက ညင်သာခဲ့သလို ပြန်လည်ထူထောင်ရေးအတွက် မျိုးဆက်သစ်ခေါင်းဆောင်တွေက ပို ပြီးပွင့်လင်းမှု ရှိခဲ့ကြတယ်။ ပေါ်လစ်ဗျူရိုမှာလည်း လူနည်းစုလူမျိုးတွေ စုံစုံလင်လင်ရှိ လာတယ်။ အတိုက်အခံအဖွဲ့အစည်းတွေက LPRP နဲ့ ယှဉ်လိုက်ရင် အများကြီးအား နည်းတယ်။ သူပုန်အဖွဲ့ငယ်လေးတွေတော့ရှိတယ်၊ မြို့ကိုဝင်စီးတာတွေလည်း အခါအ ခွင့်သင့်တိုင်း ဖြစ်တတ်တယ်၊ အစိုးရဆန့်ကျင်သူအနည်းငယ်က USA နဲ့ ဥရောပအရှေ့ ပိုင်းနိုင်ငံတွေမှာ အခြေစိုက်ကြတာတွေ ရှိတယ်။ မီဒီယာကတော့ အစိုးရက လုံးလုံး လျားလျား ချုပ်ကိုင်ထားတယ်။
နိုင်ငံရေးတည်ငြိမ်မှုက အကျင့်ပျက်ခြစားမှုတွေကို နှိမ်နင်းနိုင်မယ့် institutions တွေ ရဲ့ တဖြည်းဖြည်းခြင်း တိုးတက်လာမှုကို ကျောထောက်နောက်ခံပြုနိုင်အောင် အကူအ ညီပေးနိုင်ပေမယ်လို့ အခုအချိန်အထိတော့ လိုအပ်နေတဲ့ achievements တွေကို ပြီး မြောက်အောင် ဆောင်ရွက်ဖို့ အလှမ်းဝေးနေဆဲပဲ။ နေရာသုံးနေရာလောက်မှာတော့ တိုးတက်မှုတွေကို မြင်နေရတယ်။ ပထမတစ်ခုက rule of law အတွက် အခြေခံအုတ် မြစ်တွေကို ဖွံ့စည်းပုံအခြေခံဥပဒေနည်းလမ်းကျကျ တည်ထောင်ထားနိုင်လိုက်ပြီ။ ဒု တိယတစ်ခုက နိုင်ငံရေးပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေကို တဖြည်းဖြည်းချင်း ကျယ် ပြန့်လာအောင် လုပ်လိုက်နိုင်နေပြီ။ တတိယတစ်ခုက ပြည်သူ့စီးပွားရေးစီမံခန့်ခွဲပုံတွေ မှာ ပိုပြီးတိုးတက်လာနေတယ်။ တရားဥပဒေစိုးမိုးရေးကို ပိုအားကောင်းတဲ့ စနစ်တွေနဲ့ ထောက်ပံ့ရင်း အကျင့်ပျက်ဝန်ထမ်းတွေကို အရေးယူဖို့ စတင်လာနိုင်နေတယ်။ ပူး ပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့လာရင်း ခေါင်းဆောင်တွေကို အကျင့်ပျက်မှုထဲ ရောက်မသွားအောင် ထိန်းသိမ်းဖို့အတွက် မြင်သာထင်သာရှိလာသလို၊ စိန်ခေါ်မှုတွေ လည်း ဖြစ်လာစေတယ်။ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ တိုးတက်လာတာက အ ကျင့်ပျက်ခြစားမှုတွေ ဖြစ်မလာအောင် ကာကွယ်ပေးသလို၊ တကယ်လို့ လာဘ်စားမှု တွေရှိနေရင်လည်း ဖော်ထုတ်ဖို့ ပိုလွယ်ကူလာတယ်။

အခြေခံဥပဒေနည်းကျ အုတ်မြစ်ထူထောင်ခြင်း

လာအိုမှာ တရားဥပဒေစိုးမိုးရေးအတွက် ခိုင်မာတဲ့စနစ်တစ်ခုရဲ့ အခြေခံအုတ်မြစ်အ ဖြစ် ခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုကနေ ၁၉၉၁ ခုနှစ်မှာ အခြေခံဥပဒေကို ပြဋ္ဌာန်း လိုက်တာကနေ အစပြုပေါ်ပေါက်လာပါတယ်။ ဒီတွေ့ဆုံမှုဟာ နိုင်ငံကို people's democratic state ဖြစ်တယ်လို့ ကြေငြာလိုက်တာပါ။ ဒီတွေ့ဆုံမှုဟာ ၁၉၇၅ မှာ မူ ကြမ်းရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကနေတဆင့် ပေါ်ပေါက်လာတယ်ဆိုပေမယ့် ဦးစား ပေးအဆင့် ခပ်နိမ့်နိမ့်ပဲ ရှိပါတယ်။ ဒါပေမယ့်လို့ international development agencies တွေအနေနဲ့ ဘာမှမသိတဲ့၊ တည်ငြိမ်မှုမရှိတဲ့ ဥပဒေတွေအစား ခိုင်မာတဲ့ ဥပ ဒေတစ်ရပ်ပေါ်ပေါက်လာချိန်မှာ လာအိုမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အင်တင်တင်ဖြစ် နေရာကနေ ပြန်စိတ်ဝင်စားလာကြတယ်။
၁၉၉၀ မှာ ပေါ်လစ်ဗျူရိုရဲ့ ခွင့်ပြုချက်နဲ့ အခြေခံဥပဒေမူကြမ်းကို လူထုရှေ့ချပြနိုင်ခဲ့ တယ်။ ဒီမူကြမ်းအပေါ်မှာ ဆွေးနွေးမှုတွေအတွက် တောင်းဆိုမှုတွေက ပါတီထဲမှာ၊ အစိုးရအဖွဲ့ထဲမှာ၊ နောက်တော့ပြည်သူတွေကြားထဲမှာပါ ရှိခဲ့ပေမယ့်လို့ LPRP အနေနဲ့ ပါတီရဲ့မူဝါဒအရ လက်မခံတာမို့လို့ ပါတီစုံစနစ်ဟာ ဖြစ်မလာနိုင်ဘူးလို့ အတိအလင်း ထပ်လောင်းကြေငြာခဲ့တယ်။
၁၉၉၁ အခြေခံဥပဒေမှာ ဟိုးအစောပိုင်းက ရှေးကျတဲ့တော်လှန်ရေးအတွေးအမြင်တွေ ပါနေသေးပေမယ့်လို့ တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး liberalization ဖြစ်စဉ်တွေအ ပေါ် လွှမ်းမိုးမှုရှိတယ်ဆိုတာကို လာအိုနိုင်ငံတွင်းမှာကို ထင်ထင်ရှားရှား ပြသနိုင်ခဲ့သ လို၊ ပိုကျယ်ပြန့်တဲ့ ဆိုရှယ်လစ်ကမ္ဘာအတွက်ပါ အံ့မခန်းပြောင်းလဲမှုအဖြစ် ပြသနိုင်ခဲ့ တယ်။
ဒီအခြေခံဥပဒေမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုပြီး ထုံးတမ်းစဉ်လာ တရားဝင်အုပ်ချုပ်မှုပုံစံတွေကို ထူထောင်ပေးခဲ့တယ်။ အသေးစိတ်အချက်တွေမှာတော့ သူ့အရင်ရှိပြီးသား မော်ဒယ်တွေဖြစ်တယ် ဗီယက်နမ်ပုံစံ၊ ရုရှားပုံစံ၊ ပြင်သစ်ပုံစံစတဲ့ ပုံစံ ဟောင်းတွေကို အတုခိုးတာမျိုး လုပ်မထားဘူး။ ဒါပေမယ့် အခြေခံတာဝန်ယူမှုတွေဟာ သူ့နေရာနဲ့သူ သတ်မှတ်ပေးထားတဲ့ institutions တွေမှာ ရှိနေရမယ်ဆိုတဲ့ အိုင်ဒီယာ မျိုးကို အလေးပေးထားတယ်။
ဒီအခြေခံဥပဒေဟာ လာအိုရဲ့နိုင်ငံရေးစနစ်မှာ ပုံစံကွဲတွေကို ထည့်သွင်းပေးတာပဲဖြစ် ဖြစ် ပါတီရဲ့ဦးဆောင်သူနေရာကို ခြိမ်းခြောက်တာမျိုးပဲဖြစ်ဖြစ် မလုပ်ခဲ့ဘူးဆိုရင် တောင်မှပဲ လူ့အခွင့်အရေးကာကွယ်ဖို့နဲ့ အုပ်ချုပ်သူရော၊ အုပ်ချုပ်ခံတွေပါ ဥပဒေကို လေးစားလိုက်နာဖို့ အလားအလာရှိတဲ့ တွန်းအားတွေ ပါဝင်လာစေခဲ့တယ်။ တခြားဒေ သတွေက ကွန်မြူနစ်စနစ်ပြိုလဲသလိုမျိုး ပြိုလဲလာလိမ့်မယ်လို့ မျှော်လင့်ချက်တွေနဲ့ လေ့လာမှုတွေလည်း ရှိခဲ့တယ်။ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ ပေါ် ပေါက်လာမယ်၊ လာအိုအနေနဲ့ ပိုပြီးမှီခိုအားထားရမယ့် တရားဥပဒေစိုးမိုးမှုအတွက် တိုးတက်တောင်းဆိုလာမှုတွေကို လိုက်လျောလာဖို့ လမ်းညွှန်ပေးနိုင်မယ်လို့ မျှော်လင့် ထားကြတယ်။
ဥပဒေကြောင်းနဲ့ judicial တိုးတက်မှုတွေက အားရစရာကောင်းလောက်အောင် တိုး တက်လာခဲ့တယ်။ ဥပဒေပြုမှုမှာလည်း သတ်သတ်မှတ်မှတ် စနစ်တစ်ခုအဖြစ် တိုး တက်လာနေတယ်။ ဥပဒေတွေ၊ အမိန့်တွေကို လူသိရှင်ကြား ကြေငြာပေးလာတယ်။ ဥ ပဒေပညာတွေကို တိုးချဲ့သင်ကြားပေးလာတယ်။ တရားသူကြီးတွေအတွက် ဥပဒေ ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ဖြည့်စည်းပေးလာတယ်။ ပုဂ္ဂလိကရှေ့နေလုပ်ငန်းက လည်း တိုးတက်မှုတွေ ရှိလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေသစ်တွေထဲက တော် တော်များများဟာ လိုက်နာဖို့အတွက် ဖိအားပေးတာတွေ အားနည်းနေသေးတယ်။
အားလုံးခြုံကြည့်ရင် ဥပဒေစနစ်ရဲ့ စွမ်းဆောင်ရည်ဟာ အားနည်းနေပြီး၊ ပြည်သူ့အ ကျိုးပြုလုပ်ငန်းတွေမှာလိုပဲ စနစ်ပိုင်းဆိုင်ရာ ပြဿနာမျိုးတွေကို ရင်ဆိုင်နေရဆဲပဲ။ ဒီ ပြဿနာတွေကို အလှူရှင်တွေရဲ့ ငွေကြေးနဲ့ လည်ပတ်နေတဲ့ ပရောဂျက်တွေကချည်း ပဲ ခေါ်လာတာမဟုတ်ဘူး၊ နိုင်ငံရေးအရ ကတိကဝတ်ခံယူမှုနဲ့ စီးပွားရေးဆိုင်ရာ အ ထောက်အပံ့တွေလည်း လိုအပ်နေသေးတာပဲ။ စီးပွားရေးတွေက မရေမရာဟိုလိုလို ဒီ လိုလို စည်းမျဉ်းတွေ၊ နားလည်ဖို့ ခက်ခဲတဲ့ နည်းဥပဒေတွေ၊ အစိုးရပိုင်းက ကြားဝင် စွက်ဖက်နိုင်တဲ့ အခွင့်အလမ်းတွေ၊ စိတ်ကူးပေါက်ရင်ပေါက်သလို လုပ်တတ်တဲ့အပြုအ မူတွေရဲ့ ဟန့်တားနှောက်ယှက်မှုကို ခံနေရဖို့ရှိသေးတယ်။ ကိုယ်ကျိုးအတွက် ညောင် ရေလောင်းနေသူတွေကို အကျိုးဖြစ်ထွန်းစေဖို့ ဥပဒေကိုသတ်မှတ်ထားသလိုမျိုး ဖြစ် နေပြန်တယ်။

နိုင်ငံရေးအရ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း

ပူးပေါင်းဆောင်ရွက်မှုတွေက တဖြည်းဖြည်းခြင်း တိုးတက်လာနေတာက ခိုင်မာတဲ့စ နစ်ပေါ်ထွန်းရေးအတွက် အရေးပါတဲ့နောက်ထပ်အချက် ဖြစ်လာတယ်။ အကောင်းဆုံး ကို မြင်ယောင်ပြီးပြောရရင် လာအိုဟာအခုအချိန်မှာ ဒီမိုကရေစီကျင့်သုံးစ နိုင်ငံတစ်နိုင် ငံ ဖြစ်လာနေတယ်။ လက်ရှိမှာ လူထုက ရွေးကောက်ပွဲနှစ်မျိုးကို ပါဝင်မဲပေးခွင့်ရနေ တယ်။ National Assembly နဲ့ နောက်တစ်ခုက ရပ်/ကျေးအဆင့် ခေါင်းဆောင်တွေ ကို ရွေးကောက်တဲ့ပွဲ။ ဒါပေမယ့် ပါတီကပဲ ရွေးကောက်ပွဲတွေကို ထိန်းချုပ်နေတယ်။ ကြိုရွေးထားတဲ့ ယှဉ်ပြိုင်သူတွေကို အသုံးချပြီး ရလဒ်ကိုအဆုံးအဖြတ်ပေးနေတယ်။
ဒီဇင်ဘာ ၁၉၉၇ မှာလုပ်ခဲ့တဲ့ national assembly ရွေးကောက်ပွဲမှာဆိုရင် ပါတီကမ ဟုတ်တဲ့သူဆိုလို့ လေးယောက်ပဲ ဝင်အရွေးခံခွင့်ရှိခဲ့တယ်။ အဲဒီအထဲကမှ တစ် ယောက်တည်းကပဲ အနိုင်ရခဲ့တယ်။ အဲဒီအချိန်ကစလို့ ပိုပြီးအကောင်းဘက်ကို မြင်ရ မယ့် အပြောင်းအလဲတွေ ဖြစ်လာတယ်။ ဥပဒေမူကြမ်းတွေကို အမတ်တွေက ဆွေးနွေး နိုင်တယ်၊ မဲပေးနိုင်တယ်။ တင်လိုက်သမျှ ဥပဒေကြမ်းတိုင်း ဥပဒေအဖြစ် ပြဋ္ဌာန်းခံရ တာမျိုး မရှိဘူး။ လျှို့ဝှက်မဲပေးဖို့အတွက် electronic voting system ရှိတယ်၊ အမတ် တွေအနေနဲ့ သူတို့ခုံကနေထပြီး စကားပြောနိုင်ဖို့ မိုက်ကရိုဖုန်းတွေ ထားပေးထား တယ်။ အဲဒီတော့ debate တွေက ပိုအားကောင်းလာတယ်။ လူထုရဲ့တိုင်ကြားမှုနဲ့ အ သနားခံမှုတွေကို တာဝန်ယူမယ့် ဌာနတစ်ရပ် ဖွဲ့စည်းပေးထားတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ national assembly ကို စစ်စစ်မှန်မှန်နဲ့ ထိရောက်တဲ့ ဥပဒေပြုအဖွဲ့ အစည်းဖြစ်လာအောင် လုပ်ဖို့က အလုပ်တွေအများကြီး ကျန်နေသေးတယ်။ အစီအစဉ် တွေ ရေးဆွဲရာမှာ စနစ်တကျဖြစ်ဖို့နဲ့ နိုင်ငံအနှံ့ public consultation တွေကနေ တ ဆင့် validate ဖြစ်လာဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်။ ဥပဒေကြောင်းအရ မူကြမ်း တွေ ပြုစုတာနဲ့ floor deliberation processes တွေကို ထိထိရောက်ရောက် အသုံးချ နိုင်အောင်ရယ်၊ ဥပဒေမူကြမ်းရေးဆွဲသူတွေရဲ့ အရည်အသွေးပိုမိုကောင်းမွန်အောင် လေ့ကျင့်သင်ကြားတာတွေ လုပ်ဖို့လည်း လိုအပ်နေတယ်။ Legislative committees တွေအနေနဲ့ technical skills တွေ ပိုရှိဖို့ လိုအပ်နေတယ်။ session proceedings တွေမှာ စနစ်တကျစာရွက်စာတမ်းပြုစုဖို့ လိုအပ်တယ်။ ဥပဒေသစ်တွေ၊ လုပ်ထုံးလုပ် နည်းသစ်တွေနဲ့ session proceedings တွေကို ပိုကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ဖြန့်ဖြူးပေးဖို့ လိုအပ်နေသေးတယ်။ National Assembly အနေနဲ့ ဒီအချက်တွေအပါ အဝင် တခြားတိုးတက်ရေးလုပ်ဆောင်ချက်တွေကို UNDP project ရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတာတွေ ရှိတယ်။

(Poe C) 

အပိုင်း ၃ ကို ဒီမှာ ဆက်ဖတ်ပါ။ 




အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (PDF version)


No comments :

Post a Comment

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...