ဒီမှာက အပိုင်း ၁ ပါ။
ဒီမှာက အပိုင်း ၂ ပါ။
စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို တိုးမြှင့်ခြင်း
ပြည်သူ့ရဲ့
စီးပွားရေးဆိုင်ရာများကို စီမံခန့်ခွဲတဲ့ လုပ်ငန်းစဉ်တွေကို
တိုးမြှင့်လိုက်တာက ခိုင်မာတဲ့စနစ်ကို ထူထောင်ဖို့ တတိယအရေးပါတဲ့
အချက်ဖြစ်လာတယ်။ လာအိုက နိုင် ငံတကာငွေကြေးရံပုံငွေအဖွဲ့ရဲ့
အဖွဲ့ဝင်နိုင်ငံပဲ။ ၁၉၉၈ မှာ နိုင်ငံတကာ ဥပဒေတစ်ရပ် ကို public financial
management အတွက် ရည်ရွယ်ပြီးချမှတ်ခဲ့တယ်။ ဒီဥပဒေမှာ broad requirements
လေးခုကို လွှမ်းခြုံပေးထားတယ်။ ပထမတစ်ခုက roles and responsibilities တွေကို
ထင်ထင်ရှားရှား သတ်မှတ်ပေးဖို့၊ ဒုတိယတစ်ခုက သတင်း အချက်အလက်နဲ့
ပတ်သက်လို့ လူထုကြား ထင်သာမြင်သာရှိဖို့၊ တတိယတစ်ခုက ပွင့် လင်းတဲ့
ဘက်ဂျက်စနစ်ကို ပြင်ဆင်ဖို့၊ အသုံးချဖို့နဲ့ report လုပ်ဖို့၊ စတုတ္ထတစ်ခုက
လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ ခိုင်မာမှုကို ထူထောင်ဖို့ဆိုပြီး
အချက်လေးချက်ပါ တယ်။ အစိုးရအနေနဲ့ ဒီလိုအပ်ချက်တွေကို ဖော်ဆောင်ဖို့
တစ်ချို့ progress တွေကို လုပ်ပြီးတာတွေ ရှိနေပြီ။
Role clarity
ဖြစ်မှုလိုပဲ၊ အခြေခံဥပဒေအရ national assembly ကသာလျှင် ဘက် ဂျက်ကိုရော၊
development plan ကိုပါ အတည်ပြုပေးနိုင်တယ်။ ဒါပေမယ့် ဥပဒေနဲ့
ဆန့်ကျင်နေတာက national assembly အနေနဲ့ ဘက်ဂျက်နဲ့ ပတ်သက်လို့ အသေး
စိတ်အချက်အလက်တွေကို သိရှိတာမျိုး မရှိဘူး။ နောက်တစ်ခါ extra-budgetary
spending တွေ၊ quasi-fiscal activities တွေ၊ government equity holdings
တွေ အပေါ်မှာ national assembly အနေနဲ့ အတည်ပြုပေးဖို့လိုတယ်၊ review
ပြန်လုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ indication တွေကိုလည်း မတွေ့ရဘူး။
သတင်းအချက်အလက်တွေကို
လူထုထဲထင်သာမြင်သာရှိစေဖို့ လိုအပ်တဲ့ဥပဒေ ကြောင်းအရ ပြဋ္ဌာန်းမှုတွေက
လာအိုမှာ ရှိမနေပါဘူး။ ဘက်ဂျက်စာရွက်စာတမ်းတွေ ကို ၁၉၉၇/၉၈ ဘဏ္ဍာနှစ်အတွက်
ပထမဦးဆုံးအကြိမ်အဖြစ် ၁၉၉၇ မှာ ထုတ်ပြန်ခဲ့ပေ မယ့် အဲဒီအထဲမှာ
extra-budgetary activities တွေ၊ contingent liabilities တွေ၊ tax
exemptions တွေ၊ quasi-fiscal activities တွေ မပါဝင်သလို၊ မူရင်း ဒါမှမဟုတ်
revised လုပ်ထားတဲ့ နောက်လာမယ့်နှစ်နှစ်အတွက် အကြိုခန့်မှန်းချက်တွေ၊ ဘဏ္ဍာ
ရေးအရ ပြန်လည်တင်ပြတဲ့ လုပ်ထုံးလုပ်နည်းတွေ အစရှိတဲ့ ဥပဒေအရလိုအပ်တဲ့ လို
အပ်ချက်တွေလည်း မပါဝင်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဘက်ဂျက်နဲ့ ပတ်သက်ပြီး
ထုတ်ပြန်တာဟာ ရှေ့ကိုတိုးတက်လျော့ပေါ့ပေးလာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လည်း
၁၉၉၈/၉၉ ဘဏ္ဍာနှစ်အတွက် အဲဒီလိုထုတ်ပြန်မှုတွေ ရှိမလာခဲ့ပြန်ပါဘူး။
၁၉၉၇/၉၈
ဘဏ္ဍာနှစ်အတွက် ဘက်ဂျက်ဟာ ပွင့်လင်းတဲ့ ဘက်ဂျက်ပြင်ဆင်မှုအ တွက်
ဥပဒေအရလိုအပ်တဲ့ လိုအပ်ချက်တွေကို ပြည့်မီအောင် မဖြည့်ဆည်းပေးနိုင်ခဲ့ ဘူး။
စီးပွားရေးဖြစ်နိုင်ချေတွေကို ခန့်မှန်းယူဆတာတွေ၊ စီးပွားရေးအရ
စွန့်စားရမှုတွေ၊ ဘက်ဂျက်မျှခြေခြုံငုံသုံးသပ်ချက်တွေနဲ့
စာရင်းအင်းစံတွေကို လိုက်နာတာမျိုးတွေ လည်း မရှိပါဘူး။
လွတ်လပ်ပြီး
ယုံကြည်အားကိုးထိုက်တဲ့ ခိုင်မာတဲ့စနစ်တစ်ရပ်ဖြစ်လာဖို့ အစိုးရရဲ့တာ
ဝန်ယူမှုဟာ မပြည့်စုံသလို၊ တသမတ်တည်းလည်း ရှိမနေတဲ့အပြင် နားလည်သဘော
ပေါက်ဖို့လည်း ခက်ခဲလှတယ်။ လွတ်လပ်တဲ့ စာရင်းစစ်အဖွဲ့ရယ်လို့ ရှိမနေဘူး။
ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ စီးပွားရေးပြဿနာတွေ စုံစမ်းစစ်ဆေးတဲ့
ဌာနက ဘဏ္ဍာရေးပြဿနာတွေ ဖြစ်နေတယ်ဆိုတာ သိလာတဲ့အချိန်မှပဲ အစိုးရအဖွဲ့
အစည်းတွေရဲ့ စာရင်းအင်းတွေကို ရယူစစ်ဆေးတာမျိုး လုပ်လေ့ရှိတယ်။ ဝန်ထမ်းအင်
အား မလုံလောက်သလို၊ ကျွမ်းကျင်မှုလည်း အားနည်းကြတာမို့ အကန့်အသတ်နဲ့ပဲ
ဆောင်ရွက်နိုင်တယ်။ ADB အနေနဲ့ နည်းပညာအထောက်အပံ့တွေပေးပြီး national audit
office တစ်ခု ဖြစ်ထွန်းရေး အကူအညီပေးနေပေးခဲ့ပေမယ့် ဒီရုံးကလည်းပဲ ဝန်
ကြီးချုပ်ရဲ့ လုပ်အောက်မှာပဲ ရှိနေတာမို့လို့၊ လွတ်လပ်တဲ့အဖွဲ့အစည်းလို့
သတ်မှတ်ဖို့ အနိမ့်ဆုံးအဆင့် လိုအပ်ချက်ကိုတောင်မှ မပြည့်မီပဲ ဖြစ်နေရတယ်။
IMF
ရဲ့ ဥပဒေအရလည်း အခွန်ဥပဒေတွေမှာ အုပ်ချုပ်မှု application တွေအနေနဲ့
လုပ်ထုံးလုပ်နည်းအရ အကာအကွယ်ပေးတာမျိုးတွေ လုပ်နိုင်ရမယ်ဆိုပြီး တောင်းဆို
တာတွေ ရှိနေတယ်။ ဒီနေရာမှာတော့ လတ်တလောအခြေအနေမှာ UNDP/IMF ပူး
ပေါင်းအဖွဲ့ရဲ့ အကူအညီနဲ့ တိုးတက်မှုတွေ ရှိလာနေတယ်။ ပြန်လည်ထူထောင်မှု အ
မျိုးမျိုးဟာ filing rate ကို ၃၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ တိုးတက်လာစေပြီး
ကောက် ယူမှုတွေက သိသိသာသာကို တိုးတက်လာတယ်။ အကောက်ခွန်လုပ်ထုံးလုပ်နည်း
တွေကလည်း တိုးတက်မှုရှိလာတယ်ဆိုပေမယ့် customs revenues တွေက တိုး
တက်မလာဘူး။ ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်က သွင်းကုန်တွေမှာ
တန်ဖိုးတွေလျော့ပြ ကြတာတွေ၊ မှောင်ခိုကုန်သွယ်တာတွေ၊ အာဆီယံစည်းမျဉ်းတွေအရ
သွင်းကုန်ခွန် လျော့ပေးရတာတွေကြောင့် ဖြစ်နိုင်တယ်။
Revenue side
မှာရှိနေတဲ့ ပြဿနာတွေကြောင့်မို့ ဘဏ္ဍာရေးလိုငွေပြမှုဟာ ၁၉၈၀
ခုနှစ်တွေကထက်စာရင် တိုးတိုးပြီးအခြေအနေဆိုးလာနေတယ်။ ၁၉၉၈ မှာဆိုရင် GDP
တစ်ခုလုံးရဲ့ ၁၄.၈ ရာနှုန်းကိုတောင် ရောက်နေပြီ။ ဒါတောင် grants တွေမပါသေး
ဘူး။ ပထမဦးဆုံးအကြိမ်အနေနဲ့ ဒီလိုငွေပြမှုရဲ့ တစ်စိတ်တစ်ဒေသဟာ
နိုင်ငံခြားအကူ အညီတွေ ယူစရာမလိုပဲ ဗဟိုဘဏ်ရဲ့ ထောက်ပံ့မှုနဲ့တင်
ဖြေရှင်းလိုက်နိုင်တာပဲ။
အစိုးရက အရေးပါတဲ့အကြောင်းအရာတွေပေါ်
အာရုံထားဖို့ ဆုံးဖြတ်ထားပေမယ့် indicative planning တွေ၊ policy
formulation တွေ၊ coordination တွေအပါအဝင် ဈေးကွက်ဦးတည်တဲ့
ဖွံ့ဖြိုးမှုစီမံခန့်ခွဲတာမျိုးအတွက် capacity တွေက အကန့်အ သတ် ရှိနေဆဲပဲ။
အခြေအနေတွေ မပြောင်းလဲမခြင်းကတော့ သိသာထင်ရှားတဲ့ တိုး တက်မှုဆိုတာ
သံသယဝင်စရာ ကိစ္စတစ်ရပ် ဖြစ်နေဆဲပါပဲ။
ထိုင်း
ထိုင်းမှာတော့
အခြေခံကြတဲ့ နိုင်ငံရေးအပြောင်းအလဲတွေက သက်ဦးဆံပိုင်စနစ်ကနေ
ဒီမိုကရေစီစနစ်ကို ပြောင်းလဲလိုက်တဲ့ ၁၉၃၂ ကနေ ဒီနေ့အထိ ဆက်လက်ဖြစ်ပွားနေ
ပါတယ်။ အထင်ကရဖြစ်ရတဲ့ အပြောင်းအလဲက ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပါ။ ဒီဥပ
ဒေသစ်မှာက ပိုကျယ်ပျံ့တဲ့ ထိုင်းမူပြုထားတဲ့ ဒီမိုကရက်တိုက်ဇေးရှင်းနဲ့
ပိုပြီးတုံ့ပြန်မှုရှိ တဲ့၊ ပိုပြီးတာဝန်ယူမှုရှိတဲ့ အစိုးရကို
ဖန်တီးနိုင်ဖို့ ရည်ရွယ်ချက်တွေ ပါနေပါတယ်။ ဒီဥပ ဒေသစ်ပေါ်ပေါက်ပြီးကတည်းက
အရေးပါတဲ့ reform တွေက စီးပွားပျက်ကပ်ကို တုံ့ ပြန်ဖို့ economic bill ၁၁
ခုကို ထုတ်ပြန်ကြေငြာခဲ့တာပါ။ ဒီ bill တွေက စီးပွားရေး
လုပ်ငန်းဆောင်ရွက်ပုံတွေကို တိုးတက်လာစေဖို့နဲ့ reorganization နဲ့
restructuring တွေပါပါဝင်တဲ့ ခေတ်မှီတဲ့ bankruptcy
လုပ်ထုံးလုပ်နည်းသစ်တွေ၊ ဘဏ်လုပ်ငန်း တွေနဲ့ အခြားငွေကြေးဆိုင်ရာ
institutions တွေအတွက် အားကောင်းတဲ့ လည်ပတ်ပုံ တွေ ထူထောင်ဖို့ အောက်ခံ
framework အဖြစ် အသုံးတော်ခံခဲ့ပါတယ်။
ဒီအခြေခံဥပဒေသစ်အောက်မှာပဲ
အစိုးရအဖွဲ့အဆင့်တိုင်းမှာ တာဝန်ယူမှုနဲ့ ခိုင်မာမှု တွေကို
ရှေ့ဆက်နိုင်အောင် အရေးပါတဲ့အခန်းကဏ္ဍကနေ ဆောင်ရွက်နေတဲ့ institutions
ငါးခုကိုလည်း ထူထောင်နိုင်ခဲ့တယ်။ အဲဒါတွေက National Counter Corruption
Commission (NCCC) ရယ်၊ the freedom of information commission ရယ်၊ the
national audit commission ရယ်၊ judiciary နဲ့ ombudsmen တွေ ဖြစ်ကြပါတယ်။
ဗဟိုချုပ်ကိုင်မှု လျော့ချရေးနဲ့ civil society တွေ၊ သတင်းမီဒီယာတွေရဲ့
အခန်းကဏ္ဍတိုးမြင့်ရေးတွေက အခြေခံဥပဒေအရ လိုအပ်ချက် တွေ ဖြစ်လာသလို၊
လာဘ်စားမှုကို တိုက်ဖျက်ရာမှာလည်း အကူအညီတွေ ပေးနေပါ တယ်။
ဘယ်လိုပဲဖြစ်ဖြစ်
လာဘ်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေဟာ စောင့်ကြည့်မှုစနစ်
ဆိုတာထက်ပိုပြီး လိုအပ်တာတော့ အမှန်ပါပဲ။ public organization တိုင်းဟာ
လူထု အကျိုးစီးပွားကို ကာကွယ်ဖို့ သူတို့ရဲ့ပေါ်လစီတွေ၊
လုပ်ထုံးလုပ်နည်းတွေနဲ့၊ အစီအမံ တွေမှာ ကာကွယ်ရေးအချက်တွေကို
တစ်ပါတည်းထည့်သွင်းထားဖို့ လိုအပ်ပါတယ်။
National Counter Corruption Commission
၁၉၇၅
မတိုင်ခင်က လာဘ်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်တွေဟာ police
jurisdiction လက်အောက်မှာ ရှိနေပါတယ်။ တကယ်လို့ အစိုးရအရာရှိတွေဟာ ပြစ်မှု
ထင်ရှားရင် ကြီးလေးတဲ့ပြစ်ဒဏ်ခံရဖို့ ဥပဒေအရသတ်မှတ်ထားပေမယ့်
စုံစမ်းဖို့မှာ ဟာ ကွက်တွေရှိတာ၊ တရားစွဲဆိုမှုမှာ ခက်ခဲတာ၊
ရဲစုံစမ်းထောက်လှမ်းမှု လုပ်ထုံးလုပ် နည်းတွေက အတားအဆီးဖြစ်နေတာတွေ
ရှိခဲ့ပါတယ်။ ခြစားမှုတိုက်ဖျက်ရေးကို အား ကောင်းလာဖို့အတွက် ၁၉၇၅ မှာ
Counter Corruption Commission ကို တည် ထောင်ခဲ့ပါတယ်။ ဆောင်ရွက်ချက်တွေကို
နယ်ပယ်သုံးခုခွဲထားတယ်။ နှိမ်နင်းခြင်း (တိုင်ကြားမှုတွေကို
စုံစမ်းခြင်း)၊ ကာကွယ်ခြင်းနဲ့ လူထုဆက်ဆံရေးဆိုပြီး သုံးခုခွဲထား တယ်။
ဒါပေမယ့် ထိရောက်မှုပိုင်းမှာတော့ ဒီဟာကလည်းပဲ အတားအဆီးတွေ ရှိနေခဲ့ တာပဲ။
NCCC
က ဖွဲ့စည်းပုံအသစ်ရဲ့ အဖွဲ့အစည်းပဲ၊ အုပ်ချုပ်ရေးဘက်နဲ့
လုံးဝသီးခြားဖြစ်ပြီး တော့ national assembly ကို တိုက်ရိုက်အစီအရင်ခံရတယ်။
ခြစားမှုတွေကို ဖော် ထုတ်ဖို့ အာဏာရှိသလို၊ ဖွံ့ဖြိုးမှုနဲ့
တိုးတက်ရေးအတွက် အန္တရာယ်ရှိတယ်လို့ ယူဆရ တဲ့အချက်တွေကို
ပြောင်းပြန်လှန်ပစ်ရတယ်။ NCCC အနေနဲ့ နိုင်ငံရေးသမားတွေ၊ senior
bureaucrats တွေဆီကနေ asset and liability statements (ALS) ကို
တောင်းကြည့်ပိုင်ခွင့်ရှိတယ်။ တကယ်လို့အဲဒီစာရွက်စာတမ်းတွေမှာ
လိမ်လည်မှုတွေ ရှိနေရင် ဒီပုဂ္ဂိုလ်တွေကို ရာထူးကနေ
ဖယ်ရှားနိုင်စွမ်းရှိတယ်။ NCCC အနေနဲ့ လာဘ် စားတာ၊
အာဏာအလွဲသုံးစားလုပ်တာနဲ့ စီစဉ်ညွှန်ကြားပုံ မမှန်ကန်တာတွေကို စုံစမ်း ပြီး
တရားစွဲဆိုပိုင်ခွင့်လည်း ရှိတယ်။
လတ်တလော ထိုင်းနဲ့ ADB တို့ရဲ့
governance studies တွေအရ အခြေခံဥပဒေသစ် ရဲ့ အရေးပါတဲ့အချက်တွေက
လာဘ်စားမှုတိုက်ဖျက်ရေးမှာ ထိရောက်တယ်ဆိုတာကို ထပ်ပြီးညွှန်ပြပေးနေတယ်။
အစိုးရသစ်က ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီမှာ အာဏာရလာ ပြီး NCCC ကို
အားကောင်းအောင် ပံ့ပိုးခြင်းအားဖြင့် ခြစားမှုတွေကို တားဆီးနှိမ်နင်း
သွားမယ်လို့ ကတိပြုခဲ့တယ်။ ဥပဒေတွေ ပြင်ဆင်ပေးမယ်၊ စုံစမ်းစစ်ဆေးရာမှာ လွယ်
ကူဖို့ လုပ်ထုံးလုပ်နည်းတွေ ရေးဆွဲမယ်၊ အကျိုးစီးပွားကြောင့်
အငြင်းအခုန်ဖြစ်ရတာ တွေကို ကာကွယ်သွားမယ်၊ အကျင့်ပျက်အရာရှိတွေကို
ဖော်ထုတ်ပေးဖို့ ပြည်သူလူထု ကို တိုက်တွန်းသွားမယ်ဆိုတဲ့ ကတိတွေကိုလည်း
ပေးခဲ့တယ်။
NCCC အနေနဲ့ အစိုးရရဲ့ အဝယ်စာရင်း ဘက်ဂျက်ထဲက
သုံးဆယ်ရာနှုန်းလောက်ဟာ လာဘ်စားမှုတွေကြောင့် ဆုံးရှုံးနေရတယ်လို့
ခန့်မှန်းထားတယ်။ ၂၀၀၀ ပြည့်နှက်က အချက်အလက်တွေကို အခြေခံပြီးတွက်လိုက်ရင်
ဒီပမာဏက စိုက်ပျိုးရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေးဝန်ကြီးဌာန
နှစ်ဌာနပေါင်းရဲ့ ဘက်ဂျက်ထက်များနေတယ်။ တကယ် တမ်းပြောရရင် ဒီပမာဏက
စိုက်ပျိုးရေးနဲ့ ကျန်းမာရေးအတွက် ကုန်ကျစားရိတ်တွေ ထက်ကို ပိုများနေမှာပဲ။
အစိုးရသစ်ရဲ့
အုပ်ချုပ်မှုသစ်မှာ NCCC အနေနဲ့ ဝန်ကြီးချုပ်ရဲ့ လက်အောက်ခံ ရုံးဌာန
တစ်ခုကနေ လူထုအခြေပြု အနှောင်အဖွဲ့ကင်းတဲ့ အဖွဲ့အစည်းအဖြစ် ပြောင်းလဲရမှာ၊
စီမံခန့်ခွဲမှုတွေမှာ ပိုပြီးသစ်လွင်ပြီး၊ ပိုပြုလွယ်ပြောင်းလွယ်တဲ့
နည်းနာတွေ ဖန်တီးရမှာ၊ ဝန်ထမ်းတွေ စီမံခန့်ခွဲရမှာ၊ ဘက်ဂျက်နဲ့
ငွေကြေးတွေကို စီမံခန့်ခွဲရမှာစတဲ့ စိန်ခေါ်မှု အသစ်တွေကို
ရင်ဆိုင်ရဖို့ရှိတယ်။ NCCC အနေနဲ့ ခြစားမှုတွေကို ကာကွယ်ရေးအ တွက်၊
စုံစမ်းရေးအတွက်၊ တားဆီးဖို့အတွက် Local Level အနေနဲ့ လုံလောက်တဲ့ capacity
မျိုး လိုအပ်နေတယ်။ လိုက်လျောညီထွေဖြစ်မယ့် စုံစမ်းမှုနည်းနာတွေ လေ့
ကျင့်သင်ကြားပေးဖို့၊ ငွေကြေးခဝါချမှု၊ ငွေစာရင်းအရ
ပြစ်မှုဖော်ထုတ်တာတွေစတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဆိုင်တဲ့နေရာတွေမှာ
ဝန်ထမ်းတွေ အသစ်ခန့်ထားဖို့တွေကို လုပ် ရမယ်။ အခုအချိန်မှာ NCCC မှာ
ဝန်ထမ်းပေါင်း ၅၇၀ ရှိနေတယ်။ အဖွဲ့ဝင်ကိုးဦးပါတဲ့ ကော်မရှင်နဲ့
ကြီးကြပ်တယ်။ ဒီအဖွဲ့ဝင်တွေကို အစိုးရကရွေးချယ်ပေးပြီး လေးနှစ်ကာ လအထိ
တာဝန်ထမ်းဆောင်စေတယ်။ ပြည်ထဲရေးဝန်ကြီးဌာနက NCCC ကို အစိုးရရဲ့
အဝယ်စာရင်းတွေ၊ တင်ဒါခေါ်ယူမှုတွေမှာ ခြစားမှုပပျောက်ရေးဆောင်ရွက်ဖို့
ဝန်ထမ်း အင်အား ၅၀ ထောက်ပံ့ပေးဖို့ကို သဘောတူထားတယ်။ အထူးသဖြင့်တော့ sub
national level မှာပေါ့။ ဝန်ကြီးဌာနတွေရဲ့ ကျွမ်းကျင်ပညာရှင်တွေကို
ခေါ်ယူတိုင်ပင် တာမျိုး လုပ်လေ့ရှိပေမယ့် NCCC ရဲ့ သီးခြားလွတ်လပ်မှုကိုတော့
မပျောက်ဆုံးသွားရ အောင် ဂရုတစိုက်ကိုင်တွယ်တတ်ကြတယ်။
NCCC အနေနဲ့
အစောပိုင်းကတည်းက အောင်မြင်မှုတွေရခဲ့တယ်။ ဝါရင့်ဝန်ကြီးတစ် ယောက်ကို
ခြစားမှုနဲ့ဆက်နွယ်တယ်ဆိုပြီး forced resignation ပေးတာမျိုးတွေ လုပ်
နိုင်ခဲ့တယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက လက်ရှိတာဝန်ထမ်းဆောင်ဆဲ
ဝန်ကြီးချုပ် ကို တရားစွဲဆိုမှုအပေါ်မှာ ရလဒ်ကျဉ်းမြောင်းစွာနဲ့ပဲ
ပလပ်ခဲ့တယ်။ ဒီဝန်ကြီးချုပ်အနေ နဲ့က အာဏာမရယူခင် ပိုင်ဆိုင်မှုတွေကို NCCC
ဆီမှာ စစ်ဆေးခံတဲ့အခါမှာ အသေး စိတ်အချက်တွေကို ဖုံးကွယ်ထားခဲ့တယ်ဆိုပြီး
စွတ်စွဲခံခဲ့ရတာ။
Freedom of Information Office
NCCC
အပြင်ကို အခြား institutions လေးခုကလည်းပဲ အစိုးရအဆင့်တိုင်းမှာ တာဝန်
ယူမှုနဲ့ ခိုင်မာမှုရှိလာဖို့ အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်နေပါတယ်။
ပြန်လည်ထူထောင်ရေးရဲ့
အစောဆုံး အပြောင်းအလဲတွေမှာ freedom of information (FOI) Act ကို
implement လုပ်လိုက်နိုင်တာပါပဲ။ နောက်တော့ တိုး တက်မှုတွေ ရှိလာသလို၊ ၁၉၉၇
အခြေခံဥပဒေအတွက်လည်း လမ်းပွင့်သွားအောင် ဆောင်ရွက်နိုင်ခဲ့တယ်။
high-profile cases တစ်ချို့က လူထုထဲမှာ ဒီဥပဒေကို တန်ဖိုး ရှိလာအောင်၊
ဒီဥပဒေရဲ့လွှမ်းခြုံနိုင်စွမ်းကို သိရှိလာအောင်၊ ဥပဒေရဲ့ application အ
ပေါ်မှာ အရေးကြီးတဲ့ ကျင့်ထုံးတွေကို တိုးတက်ဖွံ့ဖြိုးလာအောင် Highlight
လုပ်ပေး ခဲ့တယ်။ NGO တွေနဲ့ စီးပွားရေးလုပ်ငန်းတွေက အစိုးရရဲ့ လုပ်ငန်းတွေ၊
ဘက်ဂျက် တွေ၊ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို
မှန်မှန်ကန်ကန်နဲ့ အချိန်မီသိရှိခွင့်မရတဲ့ အပေါ်မှာ စိတ်ပျက်နေကြတယ်လို့
ပြောနေခဲ့ကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ် FOI ကော်မရှင်အနေနဲ့ အခြေအနေတွေက
တိုးတက်မှုရှိနေတယ်လို့ ထင်မြင်ထားတယ်။ ဥပဒေဆိုင်ရာ
ကျင့်ဝတ်ကျင့်ထုံးတွေကို ထိထိရောက်ရောက် နား လည်နိုင်ဖို့ ဝန်ထမ်းတွေကို
capacity development တွေ လုပ်ပေးဖို့တော့ လိုအပ်နေ တုန်းပဲ။
တစ်ခါပထမတန်းစား ရုံးဌာနတစ်ခုအဖြစ်နဲ့ လူထုရဲ့တောင်းဆိုချက်တွေကို
မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် တုံ့ပြန်နိုင်ဖို့ လိုအပ်နေသေးတယ်။
လူထုကို အပြန်အလှန် အချက်အလက် မျှဝေရင်း အားကောင်းအောင်
လုပ်ဖို့လိုအပ်နေတဲ့ အစိုး ရအေဂျင်စီတွေ အတွင်းမှာလည်းပဲ
လုပ်ထုံးလုပ်နည်းတွေကို ဖန်တီးတီထွင်ဖို့ လိုအပ် နေသေးတယ်။
National Audit Commission
စာရင်းစစ်ချုပ်ရဲ့ရုံးဟာ
အရင်ကတော့ အုပ်ချုပ်မှုအဖွဲ့ရဲ့ လက်အောက်မှာ ရှိနေပေ မယ့် ၁၉၉၁ ခုနှစ်မှာ
လွတ်လပ်တဲ့ public agency တစ်ခု ဖြစ်လာတယ်။ ၂၀၀၀ ခုနှစ် မှာတော့ Office of
the National Audit Commission ဆိုပြီး အသစ်ပြန်လည်ဖွဲ့စည်း ခဲ့တယ်။
ဒီဌာနအနေနဲ့ တာဝန်ယူရတာတွေက စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင်
ညှိနှိုင်းမှုတွေကို ညွှန်ကြားရတယ်၊ ဝန်ကြီးဌာနတွေ၊ အစိုးရအေဂျင်စီတွေ၊
ဌာနတွေ၊ SOE တွေနဲ့ sub national government units တွေရဲ့ ငွေရေးကြေးရေးနဲ့
performance ပိုင်းတွေကို စစ်ဆေးရတယ်။
National Audit Commission
(NAC) အနေနဲ့ အခုအချိန်မှာ သူတို့ရဲ့စာရင်းအင်းအရ ရှာဖွေတွေ့ရှိမှုတွေကို
ပါလီမန်မှာ ပြန်လည်တင်ပြရသလို၊ လူထုကိုလည်း အသိပေးရ တယ်။ ကော်မရှင်ရဲ့
အခန်းကဏ္ဍအနေနဲ့ သူ့အရင်ရှိနှင့်ပြီးသား ကော်မရှင်တွေရဲ့ အ ခန်းကဏ္ဍကနေ
သိသိသာသာကို ကွဲလွဲလာတယ်။ အစိုးရအတွက် စစ်ဆေးမှုတွေ လုပ်တဲ့နေရာမှာ
နိုင်ငံတကာနဲ့ ကိုက်ညှိပေးရသလို၊ performance auditing ကို လည်း
အထူးပြုပြီး လုပ်ပေးရတယ်။ internal controls တွေကိုလည်း ပြည့်မီစုံလင်
အောင် development တွေ လုပ်ပေးရတယ်။
ဘယ်လိုပဲဖြစ်ဖြစ် NAC ဟာ
သူတို့ရှာဖွေတွေ့ရှိချက်တွေကို လိုက်နာလာအောင် မောင်းနှင်ပေးမယ့်
တွန်းအားတွေ ပျောက်ဆုံးနေပြန်တယ်။ အုပ်ချုပ်ရေးညံ့ဖျင်းတယ် လို့ယူဆရတဲ့
ရာဇဝတ်မှုဖြစ်စဉ်တစ်ချို့မှာ ကော်မရှင်ရဲ့စုံစမ်းမှုတွေဟာ လုပ်ထုံးလုပ်
နည်းမှန်ကန်တဲ့ တရားစွဲဆိုမှုတွေဖြစ်ဖို့၊ စည်းကမ်းပိုင်းအရ
အပြစ်ပေးနိုင်မှုတွေလုပ်ဖို့ ပါလီမန်ကို လွှဲပြောင်းပေးလိုက်ရတယ်။
အနိမ့်ဆုံးအနေနဲ့ ကော်မရှင်ဟာ ဖြစ်ရပ်တွေ မှာ အစီအစဉ်တကျနဲ့
ဖြောင့်ဖြောင့်တန်းတန်းဖြစ်လာအောင် စီစဉ်ပေးရင်း နောက်
ကြောင်းပြန်လိုက်ရာမှာ လွယ်ကူအောင် ကူညီပေးနေသလို၊ ပိုကောင်းမွန်တဲ့
ပွင့်လင်း မြင်သာမှုနဲ့ publicity တွေရလာအောင် အားထုတ်ဆောင်ရွက်နေပါတယ်။
ဒီအပြင်ကို ပဲ စနစ်တွေကို တိုးတက်ကောင်းမွန်အောင် လုပ်တဲ့နည်းနာတွေ၊
လုပ်ထုံးလုပ်နည်း တွေနဲ့ internal controls တွေကိုလည်း
တိုးတက်ကောင်းမွန်အောင် လုပ်ပေးရသေး တယ်။ ပိုပြီးစိတ်ဝင်တစား အာရုံစိုက်မှု
ရှိလာအောင်လို့ စာရင်းအင်းအရ ရှာဖွေတွေ့ရှိ မှုတွေကို
တုံ့ပြန်စေတဲ့နေရာမှာ interagency cooperation တွေကို ပိုအားကောင်း လာဖို့
မြှပ်နှံအားစိုက်ပြီး ဆောင်ရွက်ဖို့တော့ လိုအပ်နေပါဦးမယ်။
နောက်ထပ်အရေးကြီးတဲ့
ထိပ်တိုက်ရင်ဆိုင်ရမယ့် ပြဿနာက ဗဟိုချုပ်ကိုင်မှုတွေကို
ဖယ်ရှားလိုက်တဲ့အခါမှာ ရင်းမြစ်တွေကို တလွဲအသုံးချမှုကနေ ကာကွယ်ဖို့အတွက်
စီ မံခန့်ခွဲပုံတွေကို စောင့်ကြည့်ဖို့နဲ့ မှန်ကန်တဲ့ထိန်းကျောင်းမှုတွေ
လုပ်နိုင်ဖို့ လုံလောက် သေချာတဲ့ စွမ်းဆောင်ရည် ရှိနေနိုင်ဖို့ပါ။
ကော်မရှင်ရဲ့ဝန်ထမ်းတွေအနေနဲ့ သူတို့မှာ ဒီလိုရင်းမြစ်တွေကို local level
မှာ စောင့်ကြည့်နိုင်ဖို့အတွက် လုံလောက်တဲ့စွမ်း ဆောင်ရည်မရှိဘူးလို့
ထင်မြင်နေပြီး ဗဟိုချုပ်ကိုင်မှုတွေ ဖယ်ရှားတာကို ဖြည်းဖြည်း
ခြင်းပဲလုပ်သင့်တယ်လို့ ငြင်းချက်ထုတ်နေကြပါတယ်။
Judiciary
အရင်ဖွဲ့စည်းပုံတွေနဲ့
မတူတာက ဒီဖွဲ့စည်းပုံအသစ်မှာ constitutional supremacy အတွက် principle
တွေကို လုံလုံလောက်လောက် ပြဋ္ဌာန်းပေးထားတယ်။ အဲဒီတော့ ဘယ်ဥပဒေ၊ act၊
အမိန့်ကြေငြာစာမဆို ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်ရင်ပဲဖြစ်ဖြစ်၊ ကိုက်ညီမှု
မရှိရင်ပဲဖြစ်ဖြစ် ဒီဥပဒေ၊ အမိန့်မှန်သမျှကို ပယ်ချလိုက်နိုင်တယ်။
ဖွဲ့စည်းပုံအခြေခံဥပ ဒေဆိုင်ရာခုံရုံးသစ်က ဥပဒေမှန်သမျှရဲ့
constitutionality ဖြစ်မှုကို သေချာစေရသ လို၊ အစိုးရအဖွဲ့အစည်းတွေရဲ့
လုပ်နည်းလုပ်ဟန်တွေကလည်း ဖွဲ့စည်းပုံနဲ့ ကိုက်ညီ စေဖို့ အားထုတ်ရတယ်။ NCCC က
ပေးပို့လာတဲ့ high-level corruption အမှုအခင်း တွေကိုလည်း ကိုင်တွယ်ရတယ်။
ဥပမာ အပေါ်မှာပြောခဲ့တဲ့ ဝန်ကြီးချုပ်ရဲ့ ပိုင်ဆိုင်မှု ဖုံးကွယ်တဲ့
အမှုလိုမျိုးပေါ့။ ဖွဲ့စည်းပုံအသစ်အရ ခုံရုံးဟာ မိမိဖာသာရပ်တည်ပြီး တရား
ရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာ ရှိမနေဘူး။ administrative courts အသစ်တွေ ဟာ
အစိုးရအဆောက်အဦတွေ၊ အရာရှိတွေနဲ့ သာမန်ပြည်သူတွေကြားက ပြဿနာ တွေကို
ကိုင်တွယ်ဆုံးဖြတ်ရတယ်။ နောက်ဆုံးမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ supreme
administrative court နဲ့ administrative tribunals တွေကို ဖွဲ့စည်းပေး
ထားသလို အယူခံတွေအတွက် လိုအပ်လာမယ်ဆိုရင် appellate administrative court
ကိုပါ ဖွဲ့စည်းနိုင်တယ်။ administrative courts တွေအတွက် လွတ်လပ်တဲ့
judicial commission တွေဖွဲ့စည်းပြီး သူတို့ရဲ့လုပ်ဆောင်ချက်တွေကို
လည်ပတ်နိုင် တယ်။
Ombudsman
ထိုင်းနိုင်ငံရဲ့
အစိုးရအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို မကျေနပ်လို့ရှိရင်
တိုင်ကြားနိုင်တဲ့ အရာရှိ (Ombudsman) ကို ပထမဦးဆုံးအနေနဲ့ ၂၀၀၀ ပြည့်နှစ်
ဧပြီ လမှာ စတင်ခန့်အပ်ခဲ့တယ်။ ၂၀၀၂ မေလမှာတော့ ဆီးနိတ်ကနေ ဒုတိယအကြိမ်
ခန့် အပ်ပေးခဲ့တယ်။ ဒီအရာရှိက တိုင်ကြားမှုတွေရှိလာခဲ့ရင်
အစိုးရဝန်ကြီးဌာနတွေ၊ အေ ဂျင်စီတွေ၊ အစိုးရပိုင် enterprise တွေ၊
ဒေသဆိုင်ရာအစိုးရအဆောက်အအုံတွေက ဥပဒေကိုချိုးဖောက်တာတွေရှိသလား၊ ဒါမှမဟုတ်
သူတို့ရဲ့တာဝန်တွေကို ထိထိရောက် ရောက် မဆောင်ရွက်ဘူးလား၊ ဒါမှမဟုတ် လူထုကို
ထိခိုက်စေသလား၊ တိုင်ကြားသူ ကို နစ်နာဆုံးရှုံးစေသလားဆိုတာတွေကို
စုံစမ်းရတယ်။ နောက်သူက ဒီအမှုတွေကို constitutional တရားရုံးတွေကိုရော၊
administrative တရားရုံးတွေကိုပဲ သက်ဆိုင်သ လို ပြန်တင်ပေးရတယ်။
ဒီရုံးကိုစပြီးတည်ထောင်စဉ်ကတည်းက တိုင်ကြားမှုပေါင်း ၂၀၀၀ လောက်ကို
လက်ခံခဲ့ရတယ်။ တစ်ဝက်လောက်က ကျေနပ်အောင် ဖြေရှင်းပေး နိုင်တဲ့အတွက်
ပြေလည်သွားတယ်။ တိုင်ကြားမှုအများစုက မြေယာကိစ္စတွေ၊ ရဲနဲ့ public utilities
တွေနဲ့ပတ်သက်လို့ မကျေနပ်ချက်တွေကို တိုင်ကြားကြတာများတယ်။
Sub-national Institutions, Civil Society, and the Media
တာဝန်ယူမှုနဲ့ဆိုင်တဲ့
ပင်မ institutions လေးခုအပြင်ကို တခြားလာဘ်စားမှုကို တိုက် ဖျက်နေတဲ့
constitutional mechanisms တွေလည်း ရှိနေသေးတယ်။ ဥပမာပြောရ ရင်
ဗဟိုချုပ်ကိုင်မှုဖယ်ရှားတဲ့အပေါ်မှာ အထူးပြုစောင့်ကြည့်မှု အသစ်တွေပဲ။ ၂၀၀၁
ခုနှစ်က 8th Plan period အပြီးမှာ ဒေသတွင်း သုံးစွဲမှုရဲ့ ရှယ်ယာက
(intergovernmental transfers တွေနဲ့ စုစုပေါင်းအစိုးရ revenues တွေနဲ့
ဆက်စပ် သမျှတွေ အပါအဝင်) ၂၀၀၀ ပြည့်နှစ်က ရှိခဲ့တဲ့ မှန်းခြေ ၁၄
ရာနှုန်းကို ကျော်လွန်ပြီး ၂၀ ရာနှုန်းအထိ တိုးတက်လာခဲ့တယ်။ ၂၀၀၆ ခုနှစ်
9th Plan period အပြီးမှာ ဒေသ တွင်း သုံးစွဲမှုက စုစုပေါင်း အစိုးရရဲ့
revenues တွေရဲ့ ၃၅ ရာနှုန်းအထိ တိုးတက်လာ မယ်လို့ ခန့်မှန်းကြတယ်။
NGO
တွေရော၊ ကမ္ဘာ့ဘဏ်ကပါ ထောက်ပံ့ထားတဲ့ social investment fund (SIF) တွေဟာ
ဒေသတွင်းကျေးလက်တွေမှာ အတော်အသင့်ကို အတွေ့အကြုံရနေတဲ့ အင်
အားစုတွေဖြစ်လာတယ်။ SIF တွေရဲ့ အတွေ့အကြုံက ဒေသတွင်းက အစိုးရရဲ့ ဝယ်
ယူမှုတွေ၊ တင်ဒါခေါ်ယူတာတွေကို Local level မှာတင် တာဝန်ပေးဆောင်ရွက်စေ တာက
ကုန်ကျစားရိတ်ကို အထိရောက်ဆုံး လျော့ချနိုင်တဲ့နည်းဖြစ်တယ်လို့ ညွှန်ပြနေ
တယ်။ ဒေသန္တရနေ့ကလေးထိန်းကျောင်းတစ်ခုကို တည်ဆောက်တဲ့ ဥပမာတစ်ခုကို
ထုတ်ပြရရင် တည်ဆောက်မှုမှာ အစိုးရရဲ့စံတွေကို လိုက်နာမယ်၊ ဒေသလူထုကပဲ
တင်ဒါခေါ်လိုက်တာ ဒီလိုအဆောက်အဦမျိုးအတွက် ဘတ်သုံးသိန်းပဲ ကုန်ကျတယ်။
အစိုးရကစံသတ်မှတ်ထားတဲ့ ကုန်ကျစားရိတ် ဘတ် ၇ သိန်းနဲ့ ယှဉ်လိုက်ရင် အများ
ကြီးကွာသွားတယ်။ Thailand development research institute က ဝန်ထမ်းတွေက
ရွာသူရွာသားတွေအနေနဲ့ စံကုန်ကျစားရိတ်ချဉ်းကပ်ပုံနဲ့ လုပ်နေတဲ့
ပရောဂျက်တွေမှာ ပါဝင်ဖို့ စိတ်မဝင်စားကြဘူးလို့ ထောက်ပြကြတယ်။
ရွာသားတွေအနေနဲ့ အဲဒီလို ပရော ဂျက်မျိုးတွေဟာ လာဘ်စားဖို့လုပ်တဲ့
အလုပ်တွေလို့ မြင်ကြတယ်။ ဒီလိုမလုပ်ပဲ ဒေသ တွင်းမှာပဲ ဖြေရှင်းလိုက်ရင်
လာဘ်စားဖို့ မလွယ်တော့ဘူးလို့ သူတို့က ယုံကြည်နေကြ တယ်။
SIF
management အနေနဲ့ communities တွေ အားလုံးကိုတော့ ဒီလိုချွေတာလိုက်
ခြင်းဖြင့် တင်ဒါခေါ်ယူမှုတွေမှာ အကျင့်ပျက်ခြစားမှု အလေ့အထတွေ ပပျောက်သွား
မယ်လို့ ယုံကြည်အောင် လုပ်နိုင်မယ်လို့တော့ မပြောကြဘူး။ SIF ရဲ့
အတွင်းပိုင်းက ထွက်လာတဲ့ ဖော်ထုတ်ချက်တွေအရ ဒေသတွင်းခေါင်းဆောင်တွေကလည်းပဲ
အမြဲ တမ်းတော့ ပွင့်ပွင့်လင်းလင်း လုပ်ကိုင်ကြတာမဟုတ်ဘူးလို့ ညွှန်ပြနေတယ်။
ပွင့်လင်း မြင်သာမှု အားနည်းတဲ့နေရာတွေမှာ လာဘ်စားမှုတွေက
ဆက်ပြီးရှိနေဦးမှာပဲ။ ကျေး ရွာတွေမှာ ပွင့်လင်းမြင်သာမှုအတွက်
လုပ်နည်းလုပ်ဟန်တွေကို ကျယ်ကျယ်ပြန့်ပြန့် လူထုကြားရောက်အောင်
ဖြန့်ဖြူးပေးနိုင်မယ်ဆိုရင် ဒါကသူတို့အတွက် အားကောင်းတဲ့ အသုံးချစရာတွေ
ဖြစ်လာလိမ့်မယ်။ ရှေ့ဆုံးက ဦးဆောင်တဲ့ ရွာတွေရှိလာရင်၊ ဒီအ ချက်
တစ်ခုတည်းကိုပဲ ကျေးလက်ဒေသရဲ့ political economy မှာ အဓိကကျတဲ့ အ
ပြောင်းအလဲတွေ ဖြစ်လာစေလိမ့်မယ်။ ဒေသတွင်းက “မျက်နှာဖုံး”တွေဆိုတဲ့
သူတွေရဲ့ အခန်းကဏ္ဍကို လျော့ချနိုင်လိမ့်မယ်။ ထိုင်းမှာက “မြို့မျက်နှာဖုံး၊
ရွာမျက်နှာဖုံး”တွေဆို တဲ့ အသုံးအနှုန်းက ဥပဒေကို ကျော်လွှားနိုင်တဲ့အထိ
အားကောင်းနေတဲ့ ဒေသခံတွေ ကို ပြောတာပဲ။ များသောအားဖြင့် အဲဒီလိုလူတွေကို
ဒေသဆိုင်ရာ၊ ဒါမှမဟုတ် ဗဟိုအ ဆင့်က နိုင်ငံရေးသမားတွေက အကာအကွယ်ပေးထားတယ်။
ဒီနိုင်ငံရေးသမားတွေအ တွက်လည်း ဒီလူတွေက campaign canvassers အနေနဲ့
အပြန်အလှန်အားဖြင့် ဆောင်ရွက်ပေးတတ်ကြတယ်။
လူမှုလူ့အဖွဲ့အစည်းတွေက
တခြားနည်းလမ်းတွေနဲ့ အစိုးရကို တာဝန်ယူမှုရှိစေအောင် ဆောင်ရွက်ပေးပါတယ်။
နိုင်ငံသားတွေက NCCC ကို အသနားခံစားပို့ပြီး အရာရှိတစ် ဦးရဲ့
အပြုအမူတွေကို အာရုံစိုက်လေ့လာစေဖို့ စုံစမ်းစစ်ဆေးမှုတွေကို အစပျိုးတိုင်
ကြားကြတယ်။ ဝန်ကြီးအဖွဲ့မှာ ပါဝင်တဲ့ ALS တွေရဲ့ မူမမှန်တဲ့
ဆောင်ရွက်ချက်တွေ ကို NCCC အနေနဲ့ စုံစမ်းလို့ရအောင် သတင်းပေးတာတွေ
လုပ်ကြတယ်။ အခြားစုံစမ်း စစ်ဆေးမှုဧရိယာတွေထဲမှာတော့ ၁၉၉၉ ခုနှစ် NCCC
ဥပဒေမှာပြဋ္ဌာန်းထားတဲ့ ကျင့် ဝတ်စံတွေကို လိုက်နာဖို့လိုအပ်တယ်။ conflict of
interest တွေ ဖြစ်ပွားလာနိုင်မယ့် ဘယ်လိုလုပ်ဆောင်မှုမျိုးကိုမဆို
အစိုးရအရာရှိတွေကို ပါဝင်ပတ်သက်ခြင်းကနေ ကန့် သတ်ထားတယ်။
ဘယ်အဖွဲ့အစည်းတစ်ခုတည်းကမှ၊ နိုင်ငံသားအစုအဖွဲ့တစ်ဖွဲ့တည်း ကမှ
အစိုးရပေါ်လာစီအမျိုးမျိုးနဲ့ အစီအစဉ်တွေကို ထိထိရောက်ရောက် လွှမ်းခြုံမိသည်
အထိ ကျွမ်းကျင်လာတယ်ဆိုတာမျိုး မရှိနိုင်ဘူး။
လူမှုအဖွဲ့အစည်းတွေအနေနဲ့
မီဒီယာကနေတဆင့် ပိုကျယ်ပြန့်တဲ့ လူထုတွေနဲ့ ဆက် သွယ်တဲ့နေရာမှာ
အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်နေပြန်တယ်။ အချို့အထူးပြု ကိစ္စရပ်တွေမှာ
ဂျာနယ်လစ်တွေက နားလည်ထားတာထက် လူမှုအဖွဲ့အစည်းတွေက ပိုနားလည်တယ်။
အစိုးရရဲ့အမြင်ကိုတုံ့ပြန်ဖို့ လူမှုအဖွဲ့အစည်းတွေက အရေးပါတဲ့ အ
ချက်အလက်တွေကို ထောက်ပံ့နိုင်တယ်။ တစ်ချို့အဖွဲ့အစည်းတွေနဲ့ NGO တွေက သူ
တို့ရဲ့ အဖွဲ့ဝင်တွေရဲ့ concern အပေါ်မှာ မူတည်နေတဲ့ အကြောင်းအရာတွေကို သု
တေသနတွေလုပ်ဖို့ လွတ်လပ်တဲ့ capacity တွေ ရှိထားကြတယ်။ အစိုးရရဲ့ သွင်ပြင်
အမျိုးမျိုးကို အထူးပြုလေ့လာနေတဲ့ လူမှုအဖွဲ့အစည်းတွေရဲ့ non-partisan
network တစ်ခုကို ထူထောင်ဖို့ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အချက်ဖြစ်နေဆဲပါပဲ။
ဒါမှလည်း ထိ ရောက်ပြီး တာဝန်ယူမှုရှိတဲ့ ကြီးကြပ်မှုကို NCCC ရဲ့
အားထုတ်မှုတွေအပေါ်မှာ ထပ် ဆောင်းပေးနိုင်မှာပါ။ အဖွဲ့အစည်းတွေအနေနဲ့
သူတို့ကြီးကြပ်လေ့လာနေတဲ့ အစိုးရ အေဂျင်စီတွေအပေါ်မှာ ပဋိပက္ခမဆန်တဲ့၊
ရင်းနှီးတဲ့ဆက်ဆံရေး ရှိဖို့လိုအပ်သလို၊ NCCC နဲ့လည်း ဒီလိုသဘောရှိတဲ့
ဆက်ဆံရေးရှိထားဖို့ လိုအပ်ပါတယ်။
(Poe C)
အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (PDF version)
Wednesday, February 27, 2013
အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (အပိုင်း-၃)
Monday, February 25, 2013
အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (အပိုင်း-၂)
အပိုင်း ၁ ကို ဒီမှာ ဖတ်ပါ။
ကမ်ဘောဒီယား
အခုတလောမှာ လုပ်ခဲ့တဲ့ Study တစ်ခုရှိတယ်။ administrative reform တွေ လုပ်ဖို့ ဆိုပြီး supreme council က တောင်းဆိုလို့ council of ministers ကနေ လုပ်တဲ့ Study ပဲ။ အဲဒီမှာဘာတွေရသလဲဆိုတော့ ကမ်ဘောဒီယမ်းအိမ်ထောင်စုတွေအနေနဲ့ public sector တွေမှာ ရှိနေတဲ့ လာဘ်စားမှုတွေဟာ ကမ်ဘောဒီယားနိုင်ငံရဲ့ အဓိက အကျဆုံး ပြဿနာလို့ ယုံကြည်နေတယ်ဆိုတာနဲ့ အခုလက်ရှိမှာ ဒီပြဿနာက အရင် သုံးနှစ်ကထက် ပိုဆိုးလာနေတယ်ဆိုတာပဲ။ သေချာပြန်ပြီး enterprises တွေကို survey လုပ်ကြည့်တဲ့အခါမှာလည်း လမ်းပေါ်ကရာဇဝတ်မှုတွေပြီးရင် လာဘ်စားမှု ဟာ အဓိကအကျဆုံး ဒုတိယမြောက်ပြဿနာဖြစ်နေပြန်တယ်။ အိမ်ထောင်စုတွေ၊ enterprises တွေနဲ့ အစိုးရအရာရှိတွေကို survey လုပ်ကြည့်တော့ တရားရုံးတွေဟာ သိက္ခာသမာဓိအကင်းမဲ့ဆုံးနေရာတွေလို့ သိလာရတယ်။ သူ့နောက်မှာတော့ အစိုးရ ရှေ့နေတွေနဲ့ အကောက်ခွန်ဝန်ထမ်းတွေဟာ အဆိုးရွားဆုံး အကျင့်ပျက်သူတွေပါတဲ့။ အိမ်ထောင်စုတွေထဲကမှ အဆင်းရဲဆုံးအိမ်ထောင်စုတွေကို survey လုပ်ကြည့်ရာမှာ တော့ သူတို့တတွေရဲ့ ဝင်ငွေထဲက အကြီးမားဆုံးအစိတ်အပိုင်းဟာ တံစိုးလက်ဆောင် တွေ ပေးရရင်း ကုန်ဆုံးသွားရတယ်ဆိုတာကို တွေ့ရသလို၊ ဒီလိုလာဘ်ငွေပေးရတဲ့ အ ထဲမှာမှ ကျန်းမာရေးနဲ့ ပညာရေးဆိုင်ရာ အာဏာပိုင်တွေကို ပေးရတဲ့လာဘ်ငွေက အ များဆုံးဖြစ်တယ်ဆိုတာကို သတိထားမိလာတယ်။
နောက်လေ့လာမှုတွေက အကျင့်ပျက်ခြစားမှုကြောင့် တိုင်းပြည်ထဲမှာ အရည်အချင်း ကို အခြေခံပြီး ဝန်ထမ်းခန့်အပ်တဲ့ စနစ်က အေဂျင်စီတွေမှာ ယုတ်လျော့လာနေတယ် ဆိုတာကို တွေ့လာရတယ်။ ဒါကြောင့်မို့လို့ အရည်အချင်းရှိတဲ့၊ လုပ်ရည်ကိုင်ရည်ရှိတဲ့၊ စွမ်းဆောင်ရည်ကောင်းတဲ့ ဝန်ထမ်းတွေ ရှားပါးလာတယ်။ public sector တွေမှာ လ စာနည်းပါးတာတွေ၊ လစာထုတ်ယူမှုမှာ နှောင့်နှေးနေတာတွေ၊ performance evalu-ation တွေ အားနည်းတာတွေ၊ စည်းကမ်းထိန်းသိမ်းရေး စီမံချက်တွေ အားနည်းတာ၊ အပိုဆောင်းဘက်ဂျက်အတွက် ငွေထုတ်ပေးမှုစနစ်တွေ အားနည်းတာ၊ ဝန်ထမ်းစည်း ကမ်း ကောင်းလာဖို့ မကျေနပ်ချက်၊ တိုင်ကြားချက်တွေကို အရေးယူ ဆောင်ရွက်တဲ့ စ နစ်တွေမရှိတာတွေက ခြစားမှုတွေကို ပိုပိုဆိုးရွားလာစေတယ်။ ဒါကြောင့်လည်း ၁၉၉၉ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြန်လည်ထူထောင်ရေးတွေ လုပ်လိုက်ခြင်းရဲ့ အကျိုးအမြတ်အနေနဲ့ အကျင့်ပျက်ခြစားမှုတွေ လျော့ပါးသွားမယ်လို့ အားလုံးက မျှော် လင့်ကြတာ ဖြစ်ပါလိမ့်မယ်။
ဝန်ကြီးချုပ် Samdech Hun Sen က ဦးဆောင်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ ADB အနေနဲ့ သူတို့ရဲ့ governance assessment တစ်ခုကို ကမ်ဘောဒီးယားအတွက် စတင်ပေးခဲ့ တယ်။ ADB အနေနဲ့ နောက်ပိုင်းမှာ သူတို့ရဲ့ assessment တွေကို update တွေ ပြန် လုပ်ခဲ့တယ်။ ဒီတစ်ခါ လုပ်တဲ့ update က ၂၀၀၁ မေလမှာ လုပ်ခဲ့တဲ့ လေ့လာမှု အ သစ်ကို အခြေခံပြီး လုပ်ခဲ့တာ။ ဒီလေ့လာမှုကိုကြတော့ ကမ်ဘောဒီးယား တစ်နိုင်ငံ တည်းကို အာရုံစိုက်ပြီး လုပ်တာမျိုး မဟုတ်တော့ပဲ၊ မဲခေါင်ဒေသတွင်း လေးနိုင်ငံမှာ ကြုံနေရတဲ့ အုပ်ချုပ်မှုဆိုင်ရာ စိန်ခေါ်မှုတွေကို နှိုင်းယှဉ်သုံးသပ်ပြီး လေ့လာခဲ့တာမျိုး။
ဒီလေ့လာမှုက အစိုးရအနေနဲ့ သူတို့ရဲ့ Governance Action Plan (GAP) ကို ရေးဆွဲ တဲ့နေရာမှာ အရမ်းကိုအသုံးဝင်ခဲ့တယ်။ ဒီလေ့လာမှုတွေက လွန်ခဲ့တဲ့နှစ်အနည်းငယ် အတွင်း ကောင်းမွန်တဲ့ အုပ်ချုပ်ပုံ ဖော်ဆောင်ရေး၊ public sector တွေရဲ့ performa-nce တွေ တိုးတက်လာရေးမှာ ကမ်ဘောဒီးယားကို ခြေလှမ်းကောင်းတွေ လှမ်းလာမိ စေတယ်။ ဥပမာအားဖြင့်
ကမ်ဘောဒီယားအတွက် ကုလသမဂ္ဂအသွင်ကူးပြောင်းရေး အာဏာပိုင်အဖွဲ့(UNTAC) က ၁၉၉၂ မတ်လ မှာ တရားဝင်ဝင်ရောက်လာပြီး ဥပဒေကြောင်းအရ တရားဝင်ဖြစ်တဲ့ အစိုးရသစ်တစ်ရပ်ကို အထွေထွေရွေးကောက်ပွဲကနေ ရွေးချယ်နိုင်လိုက်သည်အထိ တိုင်းပြည်ကို ကူညီအုပ်ချုပ်ပေးခဲ့ရတယ်။ UNTAC operation အနေနဲ့ တကယ့်ကို ခက်ခဲရှုပ်ထွေးတဲ့ အခြေအနေတွေမှာ တာဝန်ယူခဲ့ရတာ။ လူဦးရေ ၃ သိန်း ၆ သောင်း လောက်က ဒုက္ခသည်တွေအနေနဲ့ ထွက်ပြေးနေရာကနေ ပြန်ရောက်လာတယ်၊ သူတို့ ကို ပြန်လည်နေရာချပေးရမယ်။ တစ်ခါ Khmer Rouge တွေက ရွေးကောက်ပွဲကို သ ပိတ်မှောက်ပြီး ပြည်တွင်းစစ်ကို တောထဲမှာ ပြန်ဆင်နွှဲနေတယ်။
၁၉၉၃ မေမှာတော့ UNTAC ရဲ့ ဦးဆောင်မှုနဲ့ အထွေထွေရွေးကောက်ပွဲတွေ ပြန်လုပ် တယ်။ ရွေးကောက်ပွဲအပြီး အစိုင်အခဲဖြစ်နေတာတွေ၊ အသည်းအသန် ညှိနှိုင်းရတာ တွေ ရှိနေသော်လည်းပဲ အဓိကပါတီကြီး သုံးခုဖြစ်တဲ့ National United Front for an Independent, Neutral, Peaceful, and Cooperative Cambodia (FUNCINPEC) ရယ်၊ နောက်တစ်ခါ Cambodia People's Party (CPP) ရယ်၊ Buddhist Liberal Democratic Party ရယ်၊ ဒီပါတီသုံးခုက ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်ခဲ့တယ်။ နိုင်ငံရေးညှိ နှိုင်းရတာတွေက တော်တော်လေးကို ခက်ခဲခဲ့တာ။ ဝန်ကြီးချုပ်က ပူးတွဲဖြစ်နေတယ်၊ ပြည်ထဲရေးနဲ့ ကာကွယ်ရေးတွေမှာလည်း ပူးတွဲဝန်ကြီးတွေ။ Khmer Rouge တွေနဲ့ Royal Cambodian Armed Forces တွေကြားက တိုက်ပွဲတွေကလည်း ထုံ့ပိုင်းထုံ့ပိုင်း ဖြစ်နေစဲပဲ။ အဲဒီလိုနဲ့ တကယ့်ကို စိုးရိမ်ရတဲ့ နိုင်ငံရေးတင်းမာမှုတွေက ၁၉၉၇ မှာ CPP နဲ့ FUNCINPEC တို့ ညွှန့်ပေါင်းဖွဲ့ထားတဲ့ အစိုးရအဖွဲ့အတွင်းမှာ ပေါ်ပေါက်လာတယ်။ ဖနွမ်ပင်နားမှာကိုပဲ လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ ရှိလာတယ်။ ဝန်ကြီး ချုပ်က တိုင်းပြည်က ထွက်ပြေးရတယ်။ နိုင်ငံခြားအလှူရှင်တွေက အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်တာ၊ ရုတ်သိမ်းသွားတာတွေ လုပ်လာတယ်။ နိုင်ငံခြားပုဂ္ဂလိက ရင်းနှီး မြှုပ်နှံသူတွေကလည်း ယုံကြည်မှုတွေ ကုန်ဆုံးသွားရင်း ကမ်ဘောဒီယားကို စွန့်ခွာ သွားတယ်။ ၁၉၉၇ နဲ့ ၁၉၉၈ တွေမှာ ကမ်ဘောဒီယားရဲ့ ဖွံ့ဖြိုးမှုနှုန်းက သုညဖြစ်သွား တယ်။
၁၉၉၇ နှစ်ကုန်ပိုင်းမှာတော့ အချင်းချင်း သဘောတူညီချက်တွေ ရလာပြီး ၁၉၉၈ မှာ တော့ ကမ်ဘောဒီးယားရဲ့ ဒုတိယအကြိမ်မြောက် အထွေထွေ ရွေးကောက်ပွဲကို ကျင်း ပနိုင်ခဲ့တယ်။ နိုင်ငံရေးပါတီပေါင်း လေးဆယ်လောက် ဝင်ရောက်ယှဉ်ပြိုင်တယ်။ ပါတီ ကြီးသုံးခုဖြစ်တဲ့ CPP၊ FUNCINPEC နဲ့ Sam Rainsy Party တို့က National Assembly မှာ နေရာရခဲ့ကြတယ်။ အသစ်ပြန်စုစည်းတဲ့ CPP-FUNCINPEC ညွန့်ပေါင်း အစိုးရက ၁၉၉၈ နိုဝင်ဘာမှာ ပေါ်ထွက်လာတယ်။ Khmer Rouge စစ်သားတွေ အစု လိုက်အပြုံလိုက် လက်နက်ချကြတာနဲ့ ၁၉၉၈ အစောပိုင်းမှာ ပိုပေါ့သေသွားတာတွေ ကြောင့် နှစ်သုံးဆယ်ကြာခဲ့တဲ့ ပြည်တွင်းစစ်လည်း အဆုံးသတ်သွားတယ်။
ဒီလို conflict တွေရဲ့ အမွေဆိုးတွေကြောင့် အစိုးရပြန်လည်ထူထောင်မှုမှာ အနည်း ဆုံး အချက်နှစ်ချက်မှာ အခက်အခဲတွေ တွေ့ရတယ်။ စီးပွားရေးပျက်သုဉ်းသွားတာနဲ့ အရည်အချင်းရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ ဆုံးရှုံးလိုက်ရတာက ပြန်လည်ထူ ထောင်ရေးရဲ့ မရှိမဖြစ်အုတ်မြစ်တွေကို တိုက်စားယုတ်လျော့သွားစေတယ်။ Khmer Rouge ခေတ်မှာ မျက်မှန်တပ်ထားတဲ့ သူကိုပဲဖြစ်ဖြစ်၊ တခြား professional အသွင်အ ပြင်မျိုးရှိတဲ့ သူကိုပဲဖြစ်ဖြစ်၊ စနစ်တကျနဲ့ကို လုပ်ကြံသတ်ဖြတ်ခဲ့တာတွေ ရှိတယ်။ အဲဒီ တော့ တော်တော်များများက သေတဲ့သူလည်းသေ၊ မသေတဲ့သူလည်း တိုင်းပြည်က ထွက်ပြေးရတာပဲ။ ဒီတော့ကာ အခုအချိန်မှာ အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေ ရှားပါး နေတယ်။ ထိရောက်တဲ့ public institutions တွေအတွက် ကျွမ်းကျင်လုပ်သား ရှားပါး နေတယ်။ အဲဒီအပြင်ကို conflict တွေကြောင့် စီးပွားရေးက အတော်ကြီးဆုတ်ယုတ် သွားတာပဲ။ ကမ်ဘောဒီးယားရဲ့ တစ်ဦးချင်းဝင်ငွေဟာ ဒေသတွင်းမှာ အနည်းဆုံးနိုင်ငံ စာရင်းထဲ ရောက်နေတယ်။ ကျွမ်းကျင်လုပ်သား ရှားပါးတာနဲ့ စီးပွားရေးယုတ်လျော့နေ တာတွေ ပေါင်းလိုက်ချိန်မှာတော့ institutional development တွေအတွက် အခက် အခဲတွေ အများကြီးပေါ်ထွက်လာတယ်၊ အခွန်ကောက်ခံရရှိမှုတွေ လျော့နည်းသွား တယ်၊ တခြားအကြောင်းတွေထက် အရေးအကြီးဆုံး ပြဿနာဖြစ်သွားတာက အစိုးရ ဝန်ထမ်းတစ်ယောက်ရဲ့ ပျမ်းမျှလစာက တစ်လကို ၁၈ ဒေါ်လာပဲ ရှိနေတယ်။ ဒီလိုလ စာနည်းရတဲ့အထဲမှာ ဗူးလေးရာဖရုံဆင့်တာက ဖနွမ်ပင်အနီးတဝိုက်မှာနေထိုင်တဲ့ မိ သားစုတစ်စုရဲ့ တစ်လအသုံးစရိတ်က ပျမ်းမျှအနေနဲ့ တစ်လကို ဒေါ်လ ၂၀၀ လောက် အထိ ကြီးမြင့်နေတာပဲ။
ဒီလိုအတားအဆီးတွေရှိနေချိန်မှာ အစိုးရရဲ့ reform capacity ဟာ နိုင်ငံတကာအလှူ ရှင်တွေရဲ့ အကူအညီပေါ် မှီတည်နေတယ်။ ဥပမာပြောရရင် အလှူရှင်တွေအနေနဲ့ ပုံ မှန်အားဖြင့် အလျင်းသင့်သလို extra-budgetary incentive payment တွေကို Cambodian counterparts တွေကို ပေးသွားကြတယ်။ ဒီ counterparts တွေကို survey လုပ်တဲ့အခါမှာ ပျမ်းမျှ donor supplements တွေအနေနဲ့ ၁၉၄ ဒေါ်လာ လောက် ရကြတယ်။ သူတို့ရဲ့ donor projects တွေက အသီးသီးပြီးမြောက်သွားပြီဆို တဲ့အခါမှာ တစ်ချို့ကလည်း supplements ဆက်ရနိုင်မယ့် တခြား project တွေကို ရှာကြတယ်။ အလှူရှင်သစ်၊ project သစ် မရှာနိုင်တဲ့သူတွေက တခြားနေရာတွေက နေ ဝင်ငွေရဖို့ကြိုးစားရတော့တယ်။ အဲဒီမှာတင် အချိန်ပိုင်းအစိုးရဝန်ထမ်းဆိုတာတွေ ပေါ်လာတယ်။ ဝင်ငွေစီးဝင်ပုံက roller-coaster စီးနေရသလို နိမ့်လိုက်မြင့်လိုက်ဖြစ် နေတာ၊ အစိုးရဝန်ကြီးဌာနတွေရဲ့ 'projectizing' လုပ်နေတာ၊ နယ်စွန်နယ်ဖျား ဌာန တွေက အုပ်ချုပ်မှုပြန်လည်ထူထောင်ရေးရဲ့ establishment တွေကို အသည်းအသန် ခုခံနေတာတွေက တခြားတဘက်မှာ capabilities တွေ ထူထောင်ပေးဖို့ လိုအပ်လာ နေတယ်။
ပြန်လည်ထူထောင်ရေးကို implementation လုပ်ယူရာမှာ အဟန့်အတားဖြစ်စေတဲ့ ဒုတိယအချက်က civil conflict တွေရဲ့ ဆိုးမွေတွေ ကိုယ်နှိုက်ပဲ။ Paul Collier ထောက်ပြထားတဲ့ အချက်က conflict ဖြစ်ကြတဲ့ အချိန်တုန်းက ရိုက်သွင်းထားတဲ့ အ မုန်းတရား အယူအဆတွေက အဖွဲ့အစည်းတွေအတွင်းမှာ ဆက်ပြီးကျန်ရှိနေတယ်ဆို တဲ့ အချက်ပဲ။ အဲဒီအတွက် နောင်တစ်ချိန်မှာ conflict တွေ ပြန်ဖြစ်လာဖို့က ကမ်ဘော ဒီးယားလို လူ့အဖွဲ့အစည်းမျိုးအတွက် အရမ်းကိုမြင့်မားနေတယ်။ နိုင်ငံရေးအရ အကွဲ အပြဲတစ်ခုက သူများနိုင်ငံတွေအတွက် ဘာမှမဟုတ်လောက်ပေမယ့် ဒီမှာတော့ အ ကြမ်းဖက်မှုတွေအဖြစ် အလွယ်တကူအသွင်ပြောင်းသွားနိုင်တယ်။ ၂၀၀၀ ပြည့်နှစ် နို ဝင်ဘာမှာ ဖြစ်ခဲ့တဲ့ အာဏာသိမ်းဖို့ ကြိုးစားချက်၊ နောက်တစ်ခါ ၂၀၀၁ ဂျူလိုင်မှာ ဟို တယ်နှစ်လုံး ဗုံးကွဲတဲ့ဖြစ်ရပ်တွေက ဒါကိုသက်သေထူနေတယ်။ ဒီလိုအကြမ်းဖက်မှု တွေ ဖြစ်နိုင်တဲ့ risk တွေကို လျော့ချဖို့က အစိုးရအနေနဲ့ အဓိကဂိုဏ်းကြီးတွေရဲ့ ခေါင်း ဆောင်တွေမှာ ရှိနေတဲ့ နစ်နာမှုတွေ၊ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး ပြောတဲ့ဆိုတဲ့နေ ရာမှာ ဂရုတစိုက်ကိုင်တွယ်ဖို့လိုတယ်။ ပြည်နယ်တော်တော်များများမှာက သူ့ဒေသ ဆိုင်ရာ ခေါင်းဆောင်ပိုင်းတွေကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို စပြီးအ တိုက်အခံလုပ်တာတွေ ရှိတတ်တော့ အစိုးရအနေနဲ့ သတိကြီးကြီးထားပြီး ကိုင်တွယ် သွားဖို့လိုအပ်တယ်။ reform agenda ပေါ်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့ဆက်သွားဖို့ ကြိုးစားရမယ်။ တစ်ဘက်မှာလည်းပဲ အလေးသာနေတဲ့ ပြိုင်ဘက်တွေကို လုံလုံ လောက်လောက် ထောက်ပံ့ပေးနိုင်မယ့် အားကောင်းတဲ့ မဲဆန္ဒနယ်တွေကို ရှိနေဖို့ကို လည်း သေချာအောင် ဆောင်ရွက်ထားရမယ်။ နောက်တစ်ခါ အဲဒီဒေသတွေက ခေါင်း ဆောင်တွေကို အကြမ်းဖက်နည်းတွေသုံးပြီး မဖြေရှင်းကြဖို့ ဖျောင်းဖျထားရဦးမယ်။
ဥပမာပြောရရင် GAP ရဲ့ ရည်မှန်းချက်တွေထဲက တစ်ခုက တစ်နိုင်ငံလုံးအနှံ့ demob-ilization ကို အပြီးသပ်လုပ်နိုင်ဖို့နဲ့ တပ်ဝန်ထမ်းတွေအတွက် reintegration program တွေ လုပ်ပေးရင်း စစ်ဘက်ဆိုင်ရာ အသုံးစားရိတ်တွေကို လျော့ချဖို့၊ ပိုလာမယ့် ငွေ တွေကို တခြားနေရာတွေက လူထုအသုံးစားရိတ်တွေအဖြစ် အသွင်ပြောင်းဖို့ (အဲဒီလို လုပ်တဲ့အထဲမှာ လာဘ်စားမှုတိုက်ဖျက်ရေးအတွက် institutional အပြောင်းအလဲတွေ လုပ်တာတွေလည်း ပါတာပေါ့)၊ နောက်အများပြည်သူလုံခြုံရေးတွေကို တိုးမြှင့်ပေးဖို့ တွေ လုပ်ရမယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်ပိုင်းတွေအနေနဲ့ ဒီ GAP program ဟာ မျှတတယ်လို့ မယူဆမခြင်း အကြမ်းဖက်မှုတွေနဲ့ ထိပ်တိုက်တွေ့ နေရဦးမှာပဲ။ ဒီ risk ကြောင့်မို့လို့ အစိုးရအနေနဲ့ရော၊ အလှူရှင်တွေအနေနဲ့ပါ reform တွေကို implement လုပ်တဲ့နေရာမှာ တုံ့ဆိုင်းနေမှုတွေ ရှိနေမှာပါပဲ။
တန်ဖိုးရှိတဲ့ သဘာဝသယံဇာတတွေ(သဘာဝကြိုးဝိုင်းတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးတွေ အပါအဝင်) ကို စီမံခန့်ခွဲတဲ့နေရာမှာ အဓိကဦးဆောင်ပြီး တာဝန်ယူရတဲ့ institutions တွေရဲ့ ဝန်ထမ်းတွေဟာ လုံလောက်တဲ့ လုပ်ခလစာကို မ ရရှိကြဘူး။ အဲဒီလိုနဲ့ပဲ အာဏာကိုအလွဲသုံးစားလုံးတာတွေ၊ ဝန်ဆောင်မှုတွေအတွက် တရားမဝင်နှုန်းထားတွေ သတ်မှတ်တာတွေ လုပ်ဖို့တွန်းအားဖြစ်လာတယ်။ ဒီအပြင်ကို ပဲ reform တွေကို ထိထိရောက်ရောက် implementation လုပ်ယူဖို့မှာ အစိုးရအနေနဲ့ နိုင်ငံရေး conflicts တွေ၊ လက်နက်ကိုင်တပ်တွေရဲ့ သစ်ထုတ်လုပ်မှု လုပ်ငန်းတွေက နေ စဉ်ဆက်မပြတ် အကျိုးအမြတ်တွေ ရနေတာတွေ၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုမှု တွေအစရှိတဲ့ sensitive issues တွေအပေါ်မှာ ကိုင်တွယ်ဖို့ လိုအပ်နေတယ်။ ဒီလိုကိုင် တွယ်ရာမှာလည်း ဂိုဏ်းဂဏတွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ ဒီလုပ်ငန်းစဉ်တွေဟာ မျှ တမှုရှိတယ်လို့ ထင်မြင်လာစေဖို့ ဂရုတစိုက်နဲ့ ကိုင်တွယ်ဖို့လိုတယ်။
တခြားသောအရာတွေ အားလုံးထက်စာရင်ကို ကမ်ဘောဒီးယားရဲ့ post conflict situation ကြောင့် reform တွေဟာ တုံ့ဆိုင်းနေမှာပါပဲ။ အဲဒီလိုတုံ့ဆိုင်းနေတဲ့ အခြေ အနေတွေကလည်း ဆက်ပြီးဖြစ်နေဦးမှာပါပဲ။
လာအို
လာအိုရဲ့ အကျင့်ပျက်ခြစားမှုဟာ အဆင့်တိုင်းမှာ အဓိကကျတဲ့ အတားအဆီးဖြစ်နေ ပါတယ်။ နိုင်ငံရေးအင်အားကို အသုံးချပြီး အခွန်ရှောင်တိမ်းတာတွေ၊ ပရောဂျက်တွေ ကို ချောမွေ့အောင် ဆောင်ရွက်ပေးတဲ့အတွက် ကော်မရှင်ခတွေ ရယူနေတာ (ဒါမှမ ဟုတ်) ကန်ထရိုက်တွေ ပြန်ဆုချတာ၊ အမှန်တကယ်ကုန်ကျရမယ့် စားရိတ်တွေ၊ အ ခွန်တွေ လျော့သွားအောင်လို့ မိသားစုအချင်းချင်း၊ မိတ်ဆွေအချင်းချင်း လာဘ်ထိုးနေ ကြတာတွေက နေရာတိုင်းရှိနေတယ်။
အလှူရှင်တွေရဲ့ ထောက်ပံ့ကြေးနဲ့ ဝယ်ယူမှုတွေမှာ တကိုယ်ရေအသုံးအတွက် ကား တွေဝယ်ဖို့ ပိုက်ဆံကိုပါ ထည့်တောင်းကြတာတွေ ရှိတယ်။ တစ်ခါဝန်ကြီးတွေက အ လှူရှင်ပရောဂျက်တွေအတွက် သုံးဖို့ဝယ်ထားတဲ့ ကားတွေကို သူတို့ကိုယ်ကျိုးအတွက် ချောဆွဲဖို့ ကြိုးစားကြပြန်တယ်။ ဆိုတော့ကာ ဒီဥပမာမှာတင် အောက်ခြေအရာရှိတွေ က သူတို့ရဲ့နည်းပါးတဲ့ ဝင်ငွေကို တိုးလာအောင် ဒီလိုအပြုအမူမျိုးတွေကနေ လုပ်ယူ ကြတာတွေ ရှိလာတယ်။
၁၉၈၀ ခုနှစ်တွေကစလို့ စီးပွားရေးမှာ ပြန်လည်ထူထောင်မှုတွေ လုပ်ရင်းကနေ အ ကျင့်ပျက်ခြစားမှုအတွက် အခွင့်အလမ်းသစ်တွေ ပေါ်ပေါက်လာတယ်။ ဥပမာပြောရ ရင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်မှုတွေ လုပ်နေတဲ့ ဒေသတစ်ခုမှာဆိုရင် ကုန် သွယ်မှုနဲ့ဆက်နွယ်တဲ့ လာဘ်စားမှုတွေက ပြည့်နှက်နေမယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေက အစိုးရပိုင်းနဲ့ ဆက်နွယ်တဲ့ လိုအပ်ချက်တွေရှိလာရင် အဲဒီလိုအပ်ချက်တွေကို လျော့ပေါ့တာဖြစ်ဖြစ်၊ ချောမွေ့စေတာဖြစ်ဖြစ် လုပ်ပေးရင်း ပိုက်ဆံတောင်းလို့ရဖို့ အ ခွင့်အလမ်းတွေ ဖြစ်လာစေတယ်။ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ စစ်တပ်ကို အ ထူးအခွင့်အရေးတွေ ပေးထားတာမို့ မှောင်ခိုမှုတွေကို ပိုဆိုးရွားစေတယ်။ ဝန်ထမ်းခန့် အပ်မှုတွေမှာလည်း လာဘ်စားမှုက လွှမ်းမိုးနေတာကြောင့် ရာထူးကြီးပြီး အာဏာရှိတဲ့ ခေါင်းဆောင်ပိုင်းနဲ့သာ နီးကပ်မှုရှိရင် ရုတ်တရက်ခုန်ပျံပြီး ရာထူးတက်သွားအောင် လုပ်လို့ရတာတွေ ရှိလာနေတယ်။ ဒီအပြုအမူတွေက အစိုးရရဲ့ revenues တွေကို ကျ ဆင်းသွားစေသလို၊ မလိုလားအပ်တဲ့ ကုန်ကျစားရိတ်တွေ တိုးလာစေတယ်၊ နောက် တစ်ခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လျော့သွားတယ်၊ လူထုရဲ့ယုံကြည်မှုကလည်း ပျောက်ဆုံးသွားတယ်။ လူတော်တော်များများ ယုံကြည်ထားတာက နေရာအနှံ့အပြား မှာ ပြန့်နှံ့နေရင်း ပြန်လည်ထူထောင်မှုတွေအတွက် အဓိကအဟန့်အတား ဖြစ်လာနေ တယ်ဆိုတာပါပဲ။ သဘာဝအားဖြင့် အစိုးရအရာရှိတွေအနေနဲ့ သူတို့ရဲ့အပြုအမူတွေ ပေါ်သွားမှာကို စိုးရိမ်တတ်ကြသလို၊ တကယ်လို့သာ လာဘ်စားမှုတွေ လျော့ပါးသွား ရင် သူတို့အခြေအနေ ဘယ်လိုရှိမယ်ဆိုတာကို မရေမရာဖြစ်နေကြရတယ်။
လက်ရှိအစိုးရအနေနဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ဆောင်ရွက်မှုတွေ အများကြီးလုပ်နေ တယ်။ အဲဒီအထဲမှာ ၁၉၉၃ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ ခြစားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ တရားမဝင်သစ်ထုတ်လုပ်မှုတွေကို ထိန်းချုပ်မှုအသစ်တွေ လုပ်ခဲ့တာ၊ တရားလွန်သုံး ဖြုန်းနေတာတွေကို လူသိရှင်ကြားဝေဖန်တာတွေ လုပ်ခဲ့တာတွေကိုလည်း လုပ်ခဲ့ တယ်။
လာအိုဟာလည်းပဲ conflict တွေကို ၁၉၇၅ အထိ ရင်ဆိုင်ခဲ့ရတယ်။ Lao people's democratic republic ဆိုပြီး ဖြစ်လာတဲ့အထိပဲ။ ကမ်ဘောဒီးယားနဲ့ မတူတာက အဲဒီ အချိန်ကစလို့ အာဏာရ Lao people's revolutionary party က အသိအမှတ်ပြုစရာ ကောင်းလောက်အောင်ကို ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့တယ်။ အာဏာလွဲပြောင်းမှုတွေက ညင်သာခဲ့သလို ပြန်လည်ထူထောင်ရေးအတွက် မျိုးဆက်သစ်ခေါင်းဆောင်တွေက ပို ပြီးပွင့်လင်းမှု ရှိခဲ့ကြတယ်။ ပေါ်လစ်ဗျူရိုမှာလည်း လူနည်းစုလူမျိုးတွေ စုံစုံလင်လင်ရှိ လာတယ်။ အတိုက်အခံအဖွဲ့အစည်းတွေက LPRP နဲ့ ယှဉ်လိုက်ရင် အများကြီးအား နည်းတယ်။ သူပုန်အဖွဲ့ငယ်လေးတွေတော့ရှိတယ်၊ မြို့ကိုဝင်စီးတာတွေလည်း အခါအ ခွင့်သင့်တိုင်း ဖြစ်တတ်တယ်၊ အစိုးရဆန့်ကျင်သူအနည်းငယ်က USA နဲ့ ဥရောပအရှေ့ ပိုင်းနိုင်ငံတွေမှာ အခြေစိုက်ကြတာတွေ ရှိတယ်။ မီဒီယာကတော့ အစိုးရက လုံးလုံး လျားလျား ချုပ်ကိုင်ထားတယ်။
နိုင်ငံရေးတည်ငြိမ်မှုက အကျင့်ပျက်ခြစားမှုတွေကို နှိမ်နင်းနိုင်မယ့် institutions တွေ ရဲ့ တဖြည်းဖြည်းခြင်း တိုးတက်လာမှုကို ကျောထောက်နောက်ခံပြုနိုင်အောင် အကူအ ညီပေးနိုင်ပေမယ်လို့ အခုအချိန်အထိတော့ လိုအပ်နေတဲ့ achievements တွေကို ပြီး မြောက်အောင် ဆောင်ရွက်ဖို့ အလှမ်းဝေးနေဆဲပဲ။ နေရာသုံးနေရာလောက်မှာတော့ တိုးတက်မှုတွေကို မြင်နေရတယ်။ ပထမတစ်ခုက rule of law အတွက် အခြေခံအုတ် မြစ်တွေကို ဖွံ့စည်းပုံအခြေခံဥပဒေနည်းလမ်းကျကျ တည်ထောင်ထားနိုင်လိုက်ပြီ။ ဒု တိယတစ်ခုက နိုင်ငံရေးပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေကို တဖြည်းဖြည်းချင်း ကျယ် ပြန့်လာအောင် လုပ်လိုက်နိုင်နေပြီ။ တတိယတစ်ခုက ပြည်သူ့စီးပွားရေးစီမံခန့်ခွဲပုံတွေ မှာ ပိုပြီးတိုးတက်လာနေတယ်။ တရားဥပဒေစိုးမိုးရေးကို ပိုအားကောင်းတဲ့ စနစ်တွေနဲ့ ထောက်ပံ့ရင်း အကျင့်ပျက်ဝန်ထမ်းတွေကို အရေးယူဖို့ စတင်လာနိုင်နေတယ်။ ပူး ပေါင်းဆောင်ရွက်မှုတွေကို တိုးချဲ့လာရင်း ခေါင်းဆောင်တွေကို အကျင့်ပျက်မှုထဲ ရောက်မသွားအောင် ထိန်းသိမ်းဖို့အတွက် မြင်သာထင်သာရှိလာသလို၊ စိန်ခေါ်မှုတွေ လည်း ဖြစ်လာစေတယ်။ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ တိုးတက်လာတာက အ ကျင့်ပျက်ခြစားမှုတွေ ဖြစ်မလာအောင် ကာကွယ်ပေးသလို၊ တကယ်လို့ လာဘ်စားမှု တွေရှိနေရင်လည်း ဖော်ထုတ်ဖို့ ပိုလွယ်ကူလာတယ်။
အခြေခံဥပဒေနည်းကျ အုတ်မြစ်ထူထောင်ခြင်း
လာအိုမှာ တရားဥပဒေစိုးမိုးရေးအတွက် ခိုင်မာတဲ့စနစ်တစ်ခုရဲ့ အခြေခံအုတ်မြစ်အ ဖြစ် ခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုကနေ ၁၉၉၁ ခုနှစ်မှာ အခြေခံဥပဒေကို ပြဋ္ဌာန်း လိုက်တာကနေ အစပြုပေါ်ပေါက်လာပါတယ်။ ဒီတွေ့ဆုံမှုဟာ နိုင်ငံကို people's democratic state ဖြစ်တယ်လို့ ကြေငြာလိုက်တာပါ။ ဒီတွေ့ဆုံမှုဟာ ၁၉၇၅ မှာ မူ ကြမ်းရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကနေတဆင့် ပေါ်ပေါက်လာတယ်ဆိုပေမယ့် ဦးစား ပေးအဆင့် ခပ်နိမ့်နိမ့်ပဲ ရှိပါတယ်။ ဒါပေမယ့်လို့ international development agencies တွေအနေနဲ့ ဘာမှမသိတဲ့၊ တည်ငြိမ်မှုမရှိတဲ့ ဥပဒေတွေအစား ခိုင်မာတဲ့ ဥပ ဒေတစ်ရပ်ပေါ်ပေါက်လာချိန်မှာ လာအိုမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ အင်တင်တင်ဖြစ် နေရာကနေ ပြန်စိတ်ဝင်စားလာကြတယ်။
၁၉၉၀ မှာ ပေါ်လစ်ဗျူရိုရဲ့ ခွင့်ပြုချက်နဲ့ အခြေခံဥပဒေမူကြမ်းကို လူထုရှေ့ချပြနိုင်ခဲ့ တယ်။ ဒီမူကြမ်းအပေါ်မှာ ဆွေးနွေးမှုတွေအတွက် တောင်းဆိုမှုတွေက ပါတီထဲမှာ၊ အစိုးရအဖွဲ့ထဲမှာ၊ နောက်တော့ပြည်သူတွေကြားထဲမှာပါ ရှိခဲ့ပေမယ့်လို့ LPRP အနေနဲ့ ပါတီရဲ့မူဝါဒအရ လက်မခံတာမို့လို့ ပါတီစုံစနစ်ဟာ ဖြစ်မလာနိုင်ဘူးလို့ အတိအလင်း ထပ်လောင်းကြေငြာခဲ့တယ်။
၁၉၉၁ အခြေခံဥပဒေမှာ ဟိုးအစောပိုင်းက ရှေးကျတဲ့တော်လှန်ရေးအတွေးအမြင်တွေ ပါနေသေးပေမယ့်လို့ တိုင်းပြည်ရဲ့ စီးပွားရေး၊ နိုင်ငံရေး liberalization ဖြစ်စဉ်တွေအ ပေါ် လွှမ်းမိုးမှုရှိတယ်ဆိုတာကို လာအိုနိုင်ငံတွင်းမှာကို ထင်ထင်ရှားရှား ပြသနိုင်ခဲ့သ လို၊ ပိုကျယ်ပြန့်တဲ့ ဆိုရှယ်လစ်ကမ္ဘာအတွက်ပါ အံ့မခန်းပြောင်းလဲမှုအဖြစ် ပြသနိုင်ခဲ့ တယ်။
ဒီအခြေခံဥပဒေမှာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးဆိုပြီး ထုံးတမ်းစဉ်လာ တရားဝင်အုပ်ချုပ်မှုပုံစံတွေကို ထူထောင်ပေးခဲ့တယ်။ အသေးစိတ်အချက်တွေမှာတော့ သူ့အရင်ရှိပြီးသား မော်ဒယ်တွေဖြစ်တယ် ဗီယက်နမ်ပုံစံ၊ ရုရှားပုံစံ၊ ပြင်သစ်ပုံစံစတဲ့ ပုံစံ ဟောင်းတွေကို အတုခိုးတာမျိုး လုပ်မထားဘူး။ ဒါပေမယ့် အခြေခံတာဝန်ယူမှုတွေဟာ သူ့နေရာနဲ့သူ သတ်မှတ်ပေးထားတဲ့ institutions တွေမှာ ရှိနေရမယ်ဆိုတဲ့ အိုင်ဒီယာ မျိုးကို အလေးပေးထားတယ်။
ဒီအခြေခံဥပဒေဟာ လာအိုရဲ့နိုင်ငံရေးစနစ်မှာ ပုံစံကွဲတွေကို ထည့်သွင်းပေးတာပဲဖြစ် ဖြစ် ပါတီရဲ့ဦးဆောင်သူနေရာကို ခြိမ်းခြောက်တာမျိုးပဲဖြစ်ဖြစ် မလုပ်ခဲ့ဘူးဆိုရင် တောင်မှပဲ လူ့အခွင့်အရေးကာကွယ်ဖို့နဲ့ အုပ်ချုပ်သူရော၊ အုပ်ချုပ်ခံတွေပါ ဥပဒေကို လေးစားလိုက်နာဖို့ အလားအလာရှိတဲ့ တွန်းအားတွေ ပါဝင်လာစေခဲ့တယ်။ တခြားဒေ သတွေက ကွန်မြူနစ်စနစ်ပြိုလဲသလိုမျိုး ပြိုလဲလာလိမ့်မယ်လို့ မျှော်လင့်ချက်တွေနဲ့ လေ့လာမှုတွေလည်း ရှိခဲ့တယ်။ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေ ပေါ် ပေါက်လာမယ်၊ လာအိုအနေနဲ့ ပိုပြီးမှီခိုအားထားရမယ့် တရားဥပဒေစိုးမိုးမှုအတွက် တိုးတက်တောင်းဆိုလာမှုတွေကို လိုက်လျောလာဖို့ လမ်းညွှန်ပေးနိုင်မယ်လို့ မျှော်လင့် ထားကြတယ်။
ဥပဒေကြောင်းနဲ့ judicial တိုးတက်မှုတွေက အားရစရာကောင်းလောက်အောင် တိုး တက်လာခဲ့တယ်။ ဥပဒေပြုမှုမှာလည်း သတ်သတ်မှတ်မှတ် စနစ်တစ်ခုအဖြစ် တိုး တက်လာနေတယ်။ ဥပဒေတွေ၊ အမိန့်တွေကို လူသိရှင်ကြား ကြေငြာပေးလာတယ်။ ဥ ပဒေပညာတွေကို တိုးချဲ့သင်ကြားပေးလာတယ်။ တရားသူကြီးတွေအတွက် ဥပဒေ ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ဖြည့်စည်းပေးလာတယ်။ ပုဂ္ဂလိကရှေ့နေလုပ်ငန်းက လည်း တိုးတက်မှုတွေ ရှိလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဥပဒေသစ်တွေထဲက တော် တော်များများဟာ လိုက်နာဖို့အတွက် ဖိအားပေးတာတွေ အားနည်းနေသေးတယ်။
အားလုံးခြုံကြည့်ရင် ဥပဒေစနစ်ရဲ့ စွမ်းဆောင်ရည်ဟာ အားနည်းနေပြီး၊ ပြည်သူ့အ ကျိုးပြုလုပ်ငန်းတွေမှာလိုပဲ စနစ်ပိုင်းဆိုင်ရာ ပြဿနာမျိုးတွေကို ရင်ဆိုင်နေရဆဲပဲ။ ဒီ ပြဿနာတွေကို အလှူရှင်တွေရဲ့ ငွေကြေးနဲ့ လည်ပတ်နေတဲ့ ပရောဂျက်တွေကချည်း ပဲ ခေါ်လာတာမဟုတ်ဘူး၊ နိုင်ငံရေးအရ ကတိကဝတ်ခံယူမှုနဲ့ စီးပွားရေးဆိုင်ရာ အ ထောက်အပံ့တွေလည်း လိုအပ်နေသေးတာပဲ။ စီးပွားရေးတွေက မရေမရာဟိုလိုလို ဒီ လိုလို စည်းမျဉ်းတွေ၊ နားလည်ဖို့ ခက်ခဲတဲ့ နည်းဥပဒေတွေ၊ အစိုးရပိုင်းက ကြားဝင် စွက်ဖက်နိုင်တဲ့ အခွင့်အလမ်းတွေ၊ စိတ်ကူးပေါက်ရင်ပေါက်သလို လုပ်တတ်တဲ့အပြုအ မူတွေရဲ့ ဟန့်တားနှောက်ယှက်မှုကို ခံနေရဖို့ရှိသေးတယ်။ ကိုယ်ကျိုးအတွက် ညောင် ရေလောင်းနေသူတွေကို အကျိုးဖြစ်ထွန်းစေဖို့ ဥပဒေကိုသတ်မှတ်ထားသလိုမျိုး ဖြစ် နေပြန်တယ်။
နိုင်ငံရေးအရ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း
ပူးပေါင်းဆောင်ရွက်မှုတွေက တဖြည်းဖြည်းခြင်း တိုးတက်လာနေတာက ခိုင်မာတဲ့စ နစ်ပေါ်ထွန်းရေးအတွက် အရေးပါတဲ့နောက်ထပ်အချက် ဖြစ်လာတယ်။ အကောင်းဆုံး ကို မြင်ယောင်ပြီးပြောရရင် လာအိုဟာအခုအချိန်မှာ ဒီမိုကရေစီကျင့်သုံးစ နိုင်ငံတစ်နိုင် ငံ ဖြစ်လာနေတယ်။ လက်ရှိမှာ လူထုက ရွေးကောက်ပွဲနှစ်မျိုးကို ပါဝင်မဲပေးခွင့်ရနေ တယ်။ National Assembly နဲ့ နောက်တစ်ခုက ရပ်/ကျေးအဆင့် ခေါင်းဆောင်တွေ ကို ရွေးကောက်တဲ့ပွဲ။ ဒါပေမယ့် ပါတီကပဲ ရွေးကောက်ပွဲတွေကို ထိန်းချုပ်နေတယ်။ ကြိုရွေးထားတဲ့ ယှဉ်ပြိုင်သူတွေကို အသုံးချပြီး ရလဒ်ကိုအဆုံးအဖြတ်ပေးနေတယ်။
ဒီဇင်ဘာ ၁၉၉၇ မှာလုပ်ခဲ့တဲ့ national assembly ရွေးကောက်ပွဲမှာဆိုရင် ပါတီကမ ဟုတ်တဲ့သူဆိုလို့ လေးယောက်ပဲ ဝင်အရွေးခံခွင့်ရှိခဲ့တယ်။ အဲဒီအထဲကမှ တစ် ယောက်တည်းကပဲ အနိုင်ရခဲ့တယ်။ အဲဒီအချိန်ကစလို့ ပိုပြီးအကောင်းဘက်ကို မြင်ရ မယ့် အပြောင်းအလဲတွေ ဖြစ်လာတယ်။ ဥပဒေမူကြမ်းတွေကို အမတ်တွေက ဆွေးနွေး နိုင်တယ်၊ မဲပေးနိုင်တယ်။ တင်လိုက်သမျှ ဥပဒေကြမ်းတိုင်း ဥပဒေအဖြစ် ပြဋ္ဌာန်းခံရ တာမျိုး မရှိဘူး။ လျှို့ဝှက်မဲပေးဖို့အတွက် electronic voting system ရှိတယ်၊ အမတ် တွေအနေနဲ့ သူတို့ခုံကနေထပြီး စကားပြောနိုင်ဖို့ မိုက်ကရိုဖုန်းတွေ ထားပေးထား တယ်။ အဲဒီတော့ debate တွေက ပိုအားကောင်းလာတယ်။ လူထုရဲ့တိုင်ကြားမှုနဲ့ အ သနားခံမှုတွေကို တာဝန်ယူမယ့် ဌာနတစ်ရပ် ဖွဲ့စည်းပေးထားတယ်။
ဘယ်လိုပဲဖြစ်ဖြစ်၊ national assembly ကို စစ်စစ်မှန်မှန်နဲ့ ထိရောက်တဲ့ ဥပဒေပြုအဖွဲ့ အစည်းဖြစ်လာအောင် လုပ်ဖို့က အလုပ်တွေအများကြီး ကျန်နေသေးတယ်။ အစီအစဉ် တွေ ရေးဆွဲရာမှာ စနစ်တကျဖြစ်ဖို့နဲ့ နိုင်ငံအနှံ့ public consultation တွေကနေ တ ဆင့် validate ဖြစ်လာဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်။ ဥပဒေကြောင်းအရ မူကြမ်း တွေ ပြုစုတာနဲ့ floor deliberation processes တွေကို ထိထိရောက်ရောက် အသုံးချ နိုင်အောင်ရယ်၊ ဥပဒေမူကြမ်းရေးဆွဲသူတွေရဲ့ အရည်အသွေးပိုမိုကောင်းမွန်အောင် လေ့ကျင့်သင်ကြားတာတွေ လုပ်ဖို့လည်း လိုအပ်နေတယ်။ Legislative committees တွေအနေနဲ့ technical skills တွေ ပိုရှိဖို့ လိုအပ်နေတယ်။ session proceedings တွေမှာ စနစ်တကျစာရွက်စာတမ်းပြုစုဖို့ လိုအပ်တယ်။ ဥပဒေသစ်တွေ၊ လုပ်ထုံးလုပ် နည်းသစ်တွေနဲ့ session proceedings တွေကို ပိုကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ဖြန့်ဖြူးပေးဖို့ လိုအပ်နေသေးတယ်။ National Assembly အနေနဲ့ ဒီအချက်တွေအပါ အဝင် တခြားတိုးတက်ရေးလုပ်ဆောင်ချက်တွေကို UNDP project ရဲ့ အကူအညီနဲ့ လုပ်ဆောင်နေတာတွေ ရှိတယ်။
(Poe C)
အပိုင်း ၃ ကို ဒီမှာ ဆက်ဖတ်ပါ။

- အခြားဌာနတွေအတွက် အသုံးစားရိတ်တွေကို ချုပ်ထိန်းထားနေတဲ့အချိန်မှာ ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ထားတဲ့ social sectors တွေအတွက် Budget implementation တွေကိုတော့ တိုးမြှင့်ပေးထားတယ်။
- financial sector တွေမှာလည်း ဘဏ်စနစ်ကို ပြန်တည်ဆောက်တယ်၊ နောက်အလားအလာမကောင်းတဲ့ ဘဏ်တွေကို ပိတ်ပစ်ဖို့ စပြီးခြေလှမ်းနေပြီ
- ဝန်ထမ်းဖွဲ့စည်းပုံ အင်အားကောက်ယူတာ၊ လစာစာရင်းထဲပါနေပြီး အမှန်တ ကယ်အလုပ် မလုပ်တဲ့ (Ghost worker) တွေကို identification တွေလုပ် တာ၊ military demobilization အတွက် ကနဦး phase တွေနဲ့ ဦးစားပေး priority mission groups တွေနဲ့ ပတ်သက်တဲ့ concept တွေကို ပုံဖော် ဆောင်ရွက်တာတွေစတဲ့ Public administration reforms တွေကို လုပ်လာ တာ။
- သဘာဝသယံဇာတတွေနဲ့ ပတ်သက်လို့တော့ National Assembly for Adoption မှာ တင်သွင်းခဲ့တဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းများဥပဒေကို အ တော်များများ အခြေအနေတွေမှာ လိုက်နာညှိနှိုင်းကြတယ်။ သစ်တော၊ ငါး လုပ်ငန်းနဲ့ ရေအရင်းအမြစ် ဥပဒေတွေအတွက် မူကြမ်းတွေကို အခုစတင်ရေး ဆွဲနေကြပြီ။
- Seila program ဆိုပြီးတော့ ဗဟိုကချုပ်ကိုင်မှု မရှိတဲ့ စီမံကိန်းရေးဆွဲရေး တွေ၊ ငွေကြေးထောက်ပံတာတွေ၊ စီမံခန့်ခွဲတာတွေကို စီရင်စုနယ် ၂၄ ခုအ နက် ၁၇ ခုမှာရှိတဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ငယ်လေးပေါင်း ၁၀၀၀ အတွက် ဖွဲ့စည်းပေးထားတယ်။
- လွတ်လပ်တဲ့ supreme audit authority ဆိုတာကို ဖွဲ့စည်းပေးပြီး National Assembly ကို တိုက်ရိုက်အစီအရင်ခံစေတယ်။
- Council of Ministers မှာ လာဘ်စားမှုတိုက်ဖျက်ရေး unit တစ်ခုကို ထည့် ဖွဲ့စည်းပေးထားပြီး လာဘ်စားမှုတိုက်ဖျက်ရေးဥပဒေကိုလည်း မူကြမ်းအဆင့် အထိ ရေးဆွဲပြီးနေပြီ။
- legal framework တစ်ခုနဲ့ ဥပဒေစိုးမိုးမှုရှိရေး စနစ်တွေကို တည်ထောင်ပေး ထားတယ်။

Sunday, February 24, 2013
အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (အပိုင်း-၁)
မိတ်ဆက်
ဒီအခန်းမှာတော့ အာရှဖွံ့ဖြိုးမှုဘဏ်(ADB) ကနေ လတ်တလောမှာ ပြင်ဆင်ပေးနေ တဲ့ governance assessments တွေကိုမှီပြီး ကမ်ဘောဒီယား၊ လာအို၊ ထိုင်းနဲ့ ဗီယက် နမ်တွေမှာ အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နေတဲ့ လတ်တ လောတိုးတက်မှု ဖြစ်စဉ်တွေကို လေ့လာကြပါမယ်။ ဒီဖြစ်စဉ်တွေက နိုင်ငံတစ်နိုင်ငံ ချင်းစီသာမကပဲ ဒေသတွင်းမှာ အင်အားစုတွေ အချင်းချင်းပေါင်းစုပြီး ရှေ့ဆက်ဖြစ် ထွန်းလာမယ့် အားထုတ်မှုတွေကို ထောက်ကူပေးနေပါတယ်။ ဒီနိုင်ငံလေးနိုင်ငံက ခြ စားမှုတိုက်ဖျက်ရေး အားထုတ်မှုတွေဟာ မတူညီတဲ့ချဉ်းကပ်ပုံတွေကို အသုံးပြုတဲ့နေ ရာမှာ ဘယ်လိုအကြောင်းတရားတွေ ဖြစ်လာစေတယ်၊ ဘယ်လိုနောက်ဆက်တွဲ ဖြစ် ရပ်မျိုးတွေ ဖြစ်လာစေတယ်ဆိုတာကို နှိုင်းယှဉ်ဝေဖန်ကြည့်ဖို့ အင်မတန်စိတ်ဝင်စားစ ရာကောင်းတဲ့ ဒေသတွင်းဖြစ်စဉ်တွေ ဖြစ်လာသလို၊ တူညီမှုတွေကိုရော၊ ကွဲလွဲမှုတွေ ကိုပါ ထင်သာမြင်သာရှိလာစေခဲ့တယ်။
နောက်ခံအကြောင်း
ကောင်းမွန်တဲ့အစိုးရ၊ စီးပွားရေးဖွံ့ဖြိုးမှု၊ ဆင်းရဲမွဲတွေမှု လျော့ချရေး ဒီအကြောင်းအ ရာတွေနဲ့ ပတ်သက်လို့ debate တွေ လုပ်ကြတဲ့အခါမှာ လာဘ်စားမှုတိုက်ဖျက်ရေးက အခရာကျတဲ့ အချက်ဖြစ်လာနေတယ်။ ဒီဆောင်ရွက်မှုအတွက် တွန်းအားတွေက လည်း နေရာပေါင်းစုံကနေ ထွက်ပေါ်လာနေတယ်။ အကူအညီတွေနဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ တိုးတိုးပြီး စီးဝင်လာနေတာက ကတွတ်ပေါက်က စောင့်နေတဲ့ ဗျိုင်းတွေ အတွက် မက်လုံးတွေ ပိုတက်လာတယ်။ အရင်စစ်အေးကာလက အလှမ်းဝေးတဲ့ နိုင်ငံ တွေကို ပထဝီနိုင်ငံရေးအကျိုးအမြတ် တစ်ခုတည်းကိုပဲကြည့်ပြီး ငွေရေးကြေးရေးအရ မသမာမှုတွေလုပ်နေကြတာတွေကို မျက်စိတစ်ဖက် မှိတ်ပေးထားတဲ့ အခြေအနေမျိုး က ခေတ်ကုန်သွားပြီ။ အကူအညီပေးနေတဲ့ နိုင်ငံတွေက နိုင်ငံတကာအကူအညီပေး ရေးအေဂျင်စီတွေအပေါ်မှာ သူတို့ပေးလိုက်တဲ့ ပိုက်ဆံကနေ အမြင့်ဆုံးအကျိုးအမြတ် တွေ ပြန်ရနိုင်ဖို့ ဖိအားတွေပေးလာနေကြတယ်။ ပိုဆိုးတာက တစ်ချို့လက်တစ်ဆုတ် စာ အာဏာရှင်အုပ်စိုးမှုတွေမှာ ဆက်ပြီးတော့သာ လာဘ်စားမှုတွေကို အတားအဆီးမ ရှိ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပျံ့နှံ့ခွင့်ပေးထားမယ်ဆိုရင် နိုင်ငံရေးအရရော၊ လူမှုရေးအရပါ ပြိုလဲသွားကြမယ့် အန္တရာယ်တွေ ရှိနေတဲ့ဆိုတဲ့ အနုတ်သဘောဆောင်တဲ့ ဥပမာတွေ လည်း ပေါ်ထွက်လာနေတယ်။
ကုန်သွယ်မှု liberalization တွေ တိုးတက်လာနေတဲ့ ဒီခေတ်ကြီးမှာ နောက်ထပ်အ ကြောင်းရင်းခံတစ်ခုက ဒီဒေသမှာ ၁၉၉၇ ပတ်ဝန်းကျင်က ဖြစ်ခဲ့တဲ့ စီးပွားပျက်ကပ်ဟာ ငွေကြေးဈေးကွက်၊ ကော်ပိုရိတ်တွေနဲ့ အုပ်ချုပ်မှုဆိုင်ရာတွေမှာ ရှိနေတဲ့ပြဿနာတွေ ပေါင်းဆုံပြီးတော့ အဆက်မပြတ်ဖိနှိပ်ခံနေရတဲ့ ဖွဲ့စည်းပုံအရအားနည်းချက်တွေက ရုန်းကြွလာတာကြောင့် ဖြစ်ခဲ့ရတယ်ဆိုတာကို သတိထားမိလာတာလည်းပါတယ်။ အုပ်ချုပ်မှုအားနည်းချက်တွေက အရှေ့အာရှရဲ့ အခြေခံအုတ်မြစ်တွေကနေ ပျောက် ကွယ်သွားတာ နှစ်မနည်းတော့ဘူး။ အပြင်ကလာတဲ့ ကာလတိုကြွေးမြီတွေကိုသုံးပြီး ငွေကြေးကျောထောက်နောက်ခံ ပြုတာတွေ တိုးပွားလာနေတဲ့ macroeconomic framework တွေရဲ့ အထက်ကနေအောက် ဆက်ခံတတ်တဲ့ ပြိုကွဲလွယ်မှုဆိုတဲ့အ ချက်အပြင်ကို တစ်ဘက်မှာလည်း public/private co-operation တွေက လွှမ်းမိုးမှု တွေ၊ အခွင့်ထူးခံဆို တာတွေချည်းပဲ ရှိနေတဲ့ အတွင်းစည်းတွေထဲကို ပိုပိုဆိုးရွားစွာနဲ့ ကျရောက်သွားနေတဲ့ အပေါ်မှာ အပြင်ပန်းအရ တောင့်ခံထားရတာလည်း ရှိနေတာပဲ။ အဲဒါထက်ပိုတာက သာမန်ကြည့်ရုံနဲ့ မမြင်ရတတ်သလို၊ မကြာခဏလည်း မျက်စိလျှမ်း နေတတ်တဲ့၊ အစဉ်အမြဲတိုးပွားနေတတ်တဲ့ စီးပွားရေးဆိုင်ရာ ကုန်ကျစားရိတ်တွေ ရှိ နေတာပဲ။ ဒီကုန်ကျစားရိတ်တွေက ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုမရှိတာတွေ၊ နောက်တစ်ခါ လာဘ်စားမှုတွေကို ဘာမှပြန်မတုံ့ပြန်နိုင်ပဲ ခေါင်းငုံ့ခံနေရတာတွေကနေ ထွက်လာတာ။ အမှန်စင်စစ်မှာ rent-seeking နဲ့ private collusion ဆိုတာတွေကို စ နစ်ကြီးလည်ပတ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ချောဆီတွေအနေနဲ့ ရှုမြင်ရင်း ပေးကမ်း ခြင်းသည်အောင်မြင်ရာ၏ဆိုတဲ့ သဘောထားတွေ ပေါက်ဖွားနေတာပဲ။ အားနည်းချက် တွေက အစိုးရမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘဏ်စနစ်မှာ ကြီးကြပ်ဆောင်ရွက်မှုတွေ အား နည်းတာချည်းပဲဖြစ်ဖြစ် ရှိနေတာမဟုတ်ဘူး။ ပိုကြီးလေးတဲ့ ပြဿနာတွေဖြစ်တဲ့ private sector တွေ ကိုယ်နှိုက်ထဲက corporate governance တွေမှာပါ လိုက်ပြီး ရှိနေတာ။ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် အသံတိတ်နေတယ်၊ ပိတ်ဆို့တားဆီးခံ နေရတယ်၊ checks and balances တွေမှာ အားကောင်းတဲ့ ယှဉ်ပြိုင်မှုတွေ ပျောက် ဆုံးနေတယ်။
ဒီဒေသတွေက ပြည်သူတွေအနေနဲ့ နိုးကြားမှုတွေ ရှိလာနေတယ်။ အများရဲ့ယုံကြည် ကိုးစားမှုကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေတဲ့ ဒီလိုယုတ်မာတဲ့ အလွဲသုံးစားမှု မျိုးကို ဆက်ပြီးသည်းမခံနိုင်ကြတော့ဘူး။ သတင်းလွတ်လပ်ခွင့်တွေ တိုးတက်လာတဲ့ အခါမှာ သတင်းသမားတွေအနေနဲ့ အုပ်ချုပ်သူတွေရဲ့ စည်းဖောက်တဲ့ ကိစ္စတွေကို ပို ပြီးလွတ်လွတ်လပ်လပ် ရေးသားခွင့် ရှိလာတယ်။ ပညာရေးနယ်ပယ်မှာ တိုးတက်မှု တွေရှိလာတာ၊ နိုင်ငံတွေအချင်းချင်း သတင်းအချက်အလက် စီးဆင်းမှု အားကောင်း လာတာတွေက တခြားနိုင်ငံတွေမှာ လုပ်နေကြတဲ့ လာဘ်စားမှုတိုက်ဖျက်ရေး ဆောင် ရွက်ချက်တွေကို ပြည်သူတွေအနေနဲ့ ပိုပြီးသတိထားမိလာသလို၊ ကိုယ့်တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ စနစ်တကျအနိုင်ကျင့် ခေါင်းပုံဖြတ်မှုတွေအပေါ် ပိုပြီးစက်ဆုတ်ရွံရှာလာကြ တယ်။ ခြစားမှုတိုက်ဖျက်ရေးအတွက် ရည်ရွယ်တည်ထောင်ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGOs) တွေ ပေါ်ပေါက်လာတာက ပြဿနာကို လူမြင်သူမြင်မြင်ကွင်း ထဲ ရောက်လာစေသလို၊ လူတွေကို ပိုအာရုံစိုက်မိနေစေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေက ဖွဲ့စည်းပုံကို ပြန်လည်တည်ဆောက်နေတဲ့နေရာမှာ ခိုင်မာတောင့်တင်းတဲ့ တိုးတက်မှုရလဒ်တွေ ရနေတဲ့ နိုင်ငံတွေအပေါ်မှာပဲ ဦးစားပေးရွေးချယ်နေကြတာမို့ ဒီ အချက်ကလည်း အထောက်အပံ့ဖြစ်လာစေတယ်။
အာရုံစိုက်ကြည့်ကြမယ့်နိုင်ငံတွေ
ကျွန်တော်တို့ ဒီအခန်းမှာ အရှေ့တောင်အာရှက နိုင်ငံလေးနိုင်ငံ၊ ကမ်ဘောဒီယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်ဆိုပြီး လေးနိုင်ငံ၊ကို လေ့လာကြပါမယ်။ ဒီနိုင်ငံတွေဟာ လာဘ်စားမှုတိုက်ဖျက်ရေးမှာ အမြင့်ဆုံးအဆင့်လိုအပ်ချက်တွေနဲ့ တိုက်ဖျက်ဖို့ လိုအပ် နေတဲ့ နိုင်ငံတွေပါ။ ဒီနိုင်ငံတွေက မဟာမဲခေါင်ဒေသရဲ့ အစိတ်အပိုင်းဝင် နိုင်ငံတွေ လည်း ဖြစ်ကြပါတယ်။ ၁၉၉၀ ခုနှစ်တွေကနေစပြီး ငြိမ်းချမ်းရေးတွေရလာသလို၊ အ ပြောင်းအလဲတွေကိုလည်း မြန်မြန်ဆန်ဆန်နဲ့ လုပ်ခဲ့ရင်းက လူနေမှုအဆင့်အတန်းနဲ့ အခြေအနေတွေ တိုးတက်လာခဲ့တယ်။ ဒါတောင် ၁၉၉၇ တုန်းက တစ်ခါပြန်ကျသွား သေးလို့။ ဥပမာအားဖြင့် မဲခေါင်ဒေသနိုင်ငံတွေဟာ ဝမ်းစာသပ်သပ် လယ်ယာလုပ်ငန်း ကို လုပ်ကိုင်နေကြရာကနေ ပိုပြီးအသွင်ကွဲပြားတဲ့ စီးပွားရေးတွေကို လုပ်ကိုင်လာကြ တယ်။ ပိုလွတ်လပ်တဲ့၊ ဈေးကွက်အခြေပြုတဲ့ စနစ်တွေပေါ်ပေါက်လာတယ်။ ဒီဟာတွေ နဲ့ တပြိုင်တည်းမှာပဲ ဒီမဲခေါင်ဒေသတွင်း နိုင်ငံတွေကြားမှာ နယ်စပ်ကုန်သွယ်ရေးတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ ရွှေ့ပြောင်းလုပ်သားတွေစတဲ့ စီးပွားရေးချင်း ဆက်သွယ်မှုတွေက လည်း တိုးပွားလာနေတယ်။ အဲဒါတွေအပြင်ကို သဘာဝသယံဇာတတွေ၊ အထူးသဖြင့် တော့ ရေအားလျှပ်စစ်ပေါ့၊ ဒါမျိုးတွေက စပြီးဖွင့်ဖြိုးလာရင်း၊ ဒေသတွင်းမှာ အခြေခံပြီး အသုံးတည့်လာကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒေသထဲမှာ ရှိခဲ့တဲ့သဘောထားကွဲလွဲမှု တွေကြောင့် ဒီနိုင်ငံလေးနိုင်ငံရဲ့ စစ်ရေးအင်အားဟာ ကြီးမားကျယ်ပြန့်သလို၊ တိုင်း ပြည်ရဲ့အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ရပ်တည်နေနိုင်တဲ့ အခွင့်အရေးကောင်းတွေကို လည်း ဆုတ်ကိုင်ထားနိုင်ကြတယ်။
ဒီ ပြောင်းလဲနေတတ်တဲ့ factor တွေဟာ ဒေသတွင်းမှာ အုပ်ချုပ်မှုတွေကို ဖော်ဆောင် ဖို့ ပင်မစိန်ခေါ်မှုတွေအဖြစ် ရပ်တည်နေကြတယ်။ ၁၉၉၅ မှာ အာရှဖွံ့ဖြိုးမှုဘဏ်က အုပ်ချုပ်မှုအပေါ်မှာ သူတို့ရဲ့ရပ်တည်ချက်ကို သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ကောင်း မွန်သောဖွံ့ဖြိုးရေးစီမံခန့်ခွဲမှုဆိုတဲ့ ပေါ်လစီအပေါ်မှာ မူတည်ပြီး ရပ်တည်လာခဲ့တယ်။ ဒီကောင်းမွန်သော ဖွံ့ဖြိုးရေးစီမံခန့်ခွဲမှု ပေါ်လစီဆိုတာမှာ အုပ်ချုပ်မှုဆိုတာကို ဘယ် လိုအဓိပ္ပာယ်ဖွင့်ထားလဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေးနဲ့ ဖွံ့ဖြိုးမှုအတွက် စီးပွား ရေးရင်းမြစ်တွေကို စီမံခန့်ခွဲတဲ့နေရာမှာ အာဏာကို အသုံးပြုမှုဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ပေးထားတယ်။ ဒီပေါ်လစီမှာပဲ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ဆိုတာအတွက် လို အပ်ချက်လေးခုကို တစ်ခါထပ်ပြီး သတ်မှတ်ပေးထားပြန်တယ်။ တာဝန်ယူမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ကြိုတင်မှန်းဆနိုင်မှု၊ ပွင့်လင်းမြင်သာမှုဆိုပြီး လေးခုသတ်မှတ်ထား တယ်။ နောက်ပိုင်းမှာတော့ ADB က လာဘ်စားမှုဆန့်ကျင်ရေး ပေါ်လစီဆိုပြီး ၁၉၉၈ မှာ ထုတ်ပြန်ပြန်တယ်။ အဲဒီထဲမှာ လာဘ်စားမှုဆိုတာကို ပြည်သူနဲ့သက်ဆိုင်တဲ့ (ဒါမှမ ဟုတ်) ပုဂ္ဂလိကနဲ့သက်ဆိုင်တဲ့ ရုံး၊ အဖွဲ့အစည်း၊ အာဏာတွေကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုခြင်းလို့ အဓိပ္ပာယ်သတ်မှတ်ထားတယ်။
ဒီနိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ကနဦးအခြေအနေမှန်ကို မြင်နိုင်ဖို့အတွက် ADB အနေနဲ့ governance assessments တွေကို အရင်စမ်းသပ်ကြည့်ရတယ်။ ဒီလိုစမ်းသပ်တဲ့နေ ရာမှာ အရင်တစ်ချိန်က ADB နဲ့ တခြားအလှူရှင်တွေက လှူဒါန်းလိုက်တဲ့ ငွေကြေးစ တာတွေကို ဘယ်လောက်အထိ ထိထိရောက်ရောက် အသုံးချခဲ့တယ်ဆိုတာကို နောက်ကြောင်းပြန်ကြည့်တာပဲ။ အဲဒီကနေ အနာဂတ်မှာကြုံရနိုင်တဲ့ အုပ်ချုပ်မှုကို စိန် ခေါ်နေနိုင်တဲ့ အချက်တွေကို ပြန်ပြီးဖော်မြူလာထုတ်ကြည့်ကြတယ်။ ဒီလို governance assessments တွေ လုပ်တဲ့အခါမှာလည်း ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂဖွံ့ ဖြိုးရေးအစီအစဉ်၊ တခြားအလှူရှင်တွေ စသဖြင့် အားလုံးစုပေါင်းပြီး လုပ်ကြရတယ်။ ဒါ မှလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ အလုပ်တစ်ခုတည်းကိုပဲ ထပ်ပြီးလုပ်မိနေတာမျိုး မရှိတော့ပဲနဲ့၊ ပိုပြီးစုစည်းပြီး အချက်အလက်ခိုင်မာတဲ့ စမ်းစစ်ချက်မျိုး ရလာနိုင်မယ်။ နောက်သို့ လော၊ သို့လောအချက်တွေလည်း ပပျောက်သွားမယ်။ ADB ရော၊ ကမ္ဘာ့ဘဏ်ရောက အခုအချိန်မှာ သူတို့ရဲ့ ရှားရှားပါးပါး လျော့ပေါ့သတ်မှတ်ပေးတဲ့ ရင်းမြစ်ထုတ်ချေးတာ တွေကို performance allocation systems တွေက ထွက်လာတဲ့ ရလဒ်တွေပေါ်မူ တည်ပြီး ချေးငှားလာကြတယ်။ အခုကိစ္စမှာဆိုရင် ADB က ထုတ်ချေးနေတဲ့ Asia Development Fund ပေါ့၊ အုပ်ချုပ်ရေးယန္တယား တစ်ခုနဲ့တစ်ခုကို နှိုင်းယှဉ်ကြည့်ရ တာ ခက်ခဲမှုတွေ အများကြီးရှိတယ်ဆိုဦးတော့ ဒီအဖွဲ့အစည်းတွေက ဒီစနစ်ကိုပဲ ဆက်ပြီး အသုံးချနေကြတယ်။ အခုဒီအခန်းမှာ ကျွန်တော်တို့ GMS နိုင်ငံတွေထဲက လေးနိုင်ငံကို ဦးတည်ပြီး စဉ်းစားကြမယ်။ ဒီအထဲမှာမှ သုံးနိုင်ငံ (လာအို၊ ကမ်ဘောဒီး ယား၊ ဗီယက်နမ်)က Asia Development Fund ကနေ ငွေချေးထားသူတွေ။ ၂၀၀၂ ခုနှစ်အခြေအနေကို ပြောရရင် ဒီနိုင်ငံတွေကို ဒီ Fund ကနေ ထုတ်ချေးမယ့် ငွေပမာ ဏက အဲဒီနိုင်ငံတွေမှာ ရှိနေတဲ့ governance indicators က ပြပေးနေမယ့် performance အပေါ် မူတည်ပြီး ထုတ်ချေးပေးသွားမှာ။
ဒီအရှေ့တောင်အာရှနိုင်ငံ လေးနိုင်ငံရဲ့ assessments တွေထဲမှာ ADB အနေနဲ့ အစိုးရ တစ်ခုချင်းစီတိုင်းရဲ့ အာမခံချက်တွေဟာ ဘယ်လောက်အားကောင်းတယ်ဆိုတာကို စုံ စမ်းယူတယ်။ ဒီလိုစုံစမ်းတဲ့နေရာမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ပုံရှိရဲ့လား၊ macroecono-mic နဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ ကောင်းမွန်ရဲ့လား၊ ပူးပေါင်းပါဝင်မှုတွေ ကောင်းမွန်ရဲ့လား၊ ဆင်းရဲမွဲတေမှု လျော့ချရေးပေါ်လစီတွေ ရှိရဲ့လား၊ လူထုအ ထောက်အကူပြု ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက် ဖြန့်ဝေနိုင်ရဲ့လား၊ စာချုပ် စာတမ်းတွေကို ထိထိရောက်ရောက် လိုက်နာတာတွေ လုပ်ရဲ့လား၊ ရပိုင်ခွင့်တွေကို ကျကျနနစီမံခန့်ခွဲပေးရဲ့လားဆိုတာတွေကို ကြည့်ပြီးတော့ ဆန်းစစ်တယ်။ တိုင်းပြည် တစ်ခုမှာ ဆင်းရဲတဲ့သူတွေက အခြေခံဝန်ဆောင်မှုတွေမှာ public sector တွေဖြစ်တဲ့ ဒေသန္တရကျန်းမာရေးဆေးခန်းတွေ၊ အစိုးရကျောင်းတွေ၊ တရားရုံးတွေ၊ ရဲဌာနတွေကို များများစားစား မှီခိုအားထားလာရတဲ့အခါမှာ အားနည်းတဲ့ အုပ်ချုပ်ပုံတွေက ဒီဌာန တွေအပေါ် သက်ရောက်မှုအများဆုံး ဖြစ်လာတယ်။ ADB ရဲ့ လေ့လာချက်အရ ဆင်း ရဲမွဲတွေမှုလျော့ချရေးအတွက် မဟာဗျူဟာစီမံကိန်းတွေမှာ၊ “ကောင်းမွန်တဲ့ အုပ်ချုပ်ပုံ တွေဟာ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးပေါ်လစီတွေနဲ့ ကောင်းမွန်အကျိုးရှိတဲ့ macro-economic management တွေကို လွယ်ကူချောမွေ့စေတယ်”ဆိုတဲ့ အချက်ကို အဓိ ကတိုင်ထားပြီး စဉ်းစားလာကြတယ်။
၁၉၉၇ ခုနှစ်ကစလို့ လာဘ်စားမှုတိုက်ဖျက်ရေးအပါအဝင် structural reforms တွေ ကို အမှန်တကယ် အောင်မြင်အောင် အလုပ်နိုင်ဆုံးနိုင်ငံတွေကသာ ဒေသတွင်းစီးပွား ရေးအရ အောင်မြင်မှုအရှိဆုံး နိုင်ငံတွေဖြစ်လာတယ်ဆိုတာကို ထင်ရှားသည်ထက် ထင်ရှားလာနေတယ်။ ဥပမာပြောရရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာဆိုရင် အစိုးရပိုင် enterprise တွေနဲ့ civil service employment တွေကို ခွဲခြားပစ်လိုက်တယ်။ စစ်တပ် ကိုကြတော့ စီးပွားရေးလုပ်ငန်း တော်တော်များများကနေ အတင်းအကျပ်ဖယ်ရှား တယ်။ အစိုးရရဲ့ revenues တွေကို GDP ရာခိုင်နှုန်းရဲ့ တစ်ဝက်နီးပါးအထိ တက်လာ အောင် တိုးယူလိုက်တယ်။ တောင်ကိုရီးယားမှာတော့ ဘဏ်စနစ်နဲ့ ကုမ္ပဏီကြီးတွေမှာ ကြီးကြီးမားမားကို ထူထောင်ရေးတွေ လုပ်ယူခဲ့တယ်။ ဒီနှစ်နိုင်ငံစလုံးဟာ လာဘ်စားမှု တိုက်ဖျက်ရေးမှာ ပြင်းပြင်ထန်ထန်ကို ကိုင်တွယ်ခဲ့ကြသလို၊ အခုအချိန်အထိ ဒီကိစ္စကို အလေးအနက် ထားကြဆဲပဲ။ ဒီလိုထူထောင်ရေးလုပ်ငန်းတွေရဲ့ ရလဒ်က ဒီနိုင်ငံတွေ မှာ စီးပွားရေးစွမ်းဆောင်ရည်က သူတို့ရဲ့အိမ်နီးချင်းနိုင်ငံတွေထက် အများကြီးပို ကောင်းလာတာပဲ။
ဒီအခု အရှေ့တောင်အာရှ လေးနိုင်ငံမှာလည်း လာဘ်စားမှုတိုက်ဖျက်ရေးကို လုပ်ဖို့ တာစူနေကြပြီ။ ဒီလိုလုပ်တဲ့နေရာမှာ public administration တွေကို ပိုပြီးတောင့်တင်း အောင်လုပ်တာ၊ အသုံးစားရိတ်တွေကို စီမံခန့်ခွဲတာ၊ တိုင်းပြည်ထဲမှာရှိတဲ့ ဥပဒေဆိုင် ရာ framework တွေကို ပိုပြီးအားကောင်းလာအောင် ထောက်ပံ့ပေးတာ စသဖြင့်နည်း လမ်းတွေနဲ့ လာဘ်စားမှုကို တိုက်ဖျက်လာနေပြီ။ ဒီလိုတိုက်ဖျက်ရာမှာ ထိရောက်စေဖို့ က public organization တွေအားလုံးက ပေါ်လစီတွေ၊ procedure တွေနဲ့ Plan တွေ ချမှတ်ရာမှာ လူထုအကျိုးစီးပွားကို ကာကွယ်ပေးနိုင်မယ့် safeguard တွေကို တစ်ခါ တည်းထည့်ပြီး ချမှတ်ပေးလိုက်ဖို့ လိုအပ်တယ်။ ဒီအတွက် လုပ်နေကြတဲ့ အခြေအနေ တွေက ဒီနေ့ဒီအချိန်အထိတော့ သေချာရေရာမှု မရှိသေးဘူး။ တစ်ချို့နိုင်ငံတွေက တစ်ချို့နိုင်ငံတွေထက် ပိုအခြေအနေကောင်းတယ်။ တစ်ခါနိုင်ငံတစ်နိုင်ငံတည်းမှာကိုပဲ ဒေသတစ်ခုထက် တစ်ခုက ပိုပြီးသာတာတွေလည်း ရှိတယ်။
(Poe C)
အပိုင်း ၂ ကို ဒီမှာ ဆက်ဖတ်ပါ။
အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (PDF version)
Monday, February 18, 2013
ဆရာဇာဂနာ ၏ သုံးသုံးလီတစ်ဆယ်
ဆရာဇာဂနာ ၏ သုံးသုံးလီတစ်ဆယ်
(၁၃၇၄) ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ်
စာပေဟောပြောပွဲ
မြင်းခြံမြို့။
၂၃၊ ဒီဇင်ဘာလ၊ ၂၀၁၂
တံဆိပ်များ
စာပေဟောပြောပွဲများ
,
ဇာဂနာ
,
နိုင်ငံရေးနှင့်သမိုင်းများ
Tuesday, February 5, 2013
အာဇာနည် ဗိမာန်ဘွဲ့
နန်းမြို့တည်ရန်
မှန်းလို့ရည်ကာသန်တဲ့
ညီလာခံ ဗိုလ်ရှုပွဲတွင်မှ
ထိုထိုလူ့ခပဲကိုမကြည်ညိုတဲ့
ဝသီလို တဖြေးဖြေးရူးမဟဲ့လို့
တနွေးနွေး မူးမူးပြီး
ခွေးဘီလူးလိုအကောင်မိုက်တွေက
သြော် အမှောင်စရိုက်ကယ်နှင့်
ပြောင်ပြောင်ဘဲမိုက်မပေါ့လို့
ဗြောင်ကိုက်သဟာမှာ ယာယီတြာအချိန်နဲ့
ဇာတာမှိန်လို့မို့၊ ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့
ဖြေမကြည် နေရီတော့လွမ်းစေဘို့
မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့
အစွမ်းကုန် သည်တခါဖြင့်
ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့
သုဿန် တံခွန်စောင်းရရှာတဲ့
ရုပ်အကျန်ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်
ပါရမီအဓိဋ္ဌာန်တမျိုးရယ်နှင့်
ရှိခိုးကာဆရာကန်တော့ချင်ရဲ့
မြန်မာမတော့ ပူစရာဘို့
တဗျူဟာ အောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့
သောင်ကမ်းမို့မို့ဆီက
ဖောင်နန်းကူးတို့နှင့်
အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့
သြော် တောင်နန်းမြောက်နန်း
အဆောင်ကြငှန်းနဲ့
အခေါင်မမြန်းရခင်က
အောင်ပန်းညို့ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြော။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း

ကဗျာ
,
သမိုင်းအစအန
,
နိုင်ငံရေးနှင့်သမိုင်းများ
Wednesday, January 30, 2013
Aung San Suu Kyi Special Speech Korea
Special Speech (Yuna KIM & Aung San Suu Kyi) LiveStream Version
2013 PyeongChang Special Olympics Opening Ceremony
တံဆိပ်များ
သမိုင်းဝင်မည့် မိန့်ခွန်းများ
,
အမေစု
,
နိုင်ငံရေးနှင့်သမိုင်းများ
Tuesday, January 29, 2013
Aung San Suu Kyi - Remarks to Hawaii Community Leaders
တံဆိပ်များ
သမိုင်းဝင်မည့် မိန့်ခွန်းများ
,
အမေစု
,
နိုင်ငံရေးနှင့်သမိုင်းများ
Friday, January 11, 2013
မရေရာခြင်းများ
........ မရေရာခြင်းများ .............
လူတချို့ရဲ့..........
ဘ၀တွေ၊
အနာဂတ်တွေ ကိုနင်းပြီး........
လူတချို့နန်းတော
ကိုယ်ချင်းစာမှုဆိတ်သုဉ်းတဲ့
ဒီလိုညစ်ညမ်းတဲ့လောကထဲ
မေတ္တာတရားဟာယောင်လည်လည်နဲ့
သစ္စာတရားဟာလည်း အမှောင်မှာတိ
နက်ဖြန်တခုမှာ
အလင်းရောင်တွေဖြာကျဖို့....
ဘဝတွေ.......
ဘယ်လောက်စတေးဖို့လိုအပ
ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေ
ရေထဲကိုချလိုက်တဲ့ စစ်သင်္ဘောတွေ
ကုန်းပေါ်ကအလုံး
အဲဒါတွေက
ကမ္ဘာတ၀ှမ်းမှာရှိနေတဲ့.........
ကေလးေ
သုတ်ပေးဖို့မဟုတ်
ဆာလောင်မှုကို
ဖြေသိမ့်ပေးဖု
နာကျင်မှုလျော့ပါးစေဖို့ ........... မဟုတ
ပျော်ရွှင်မှုကို ဖန်တီးပေးဖို
အနာဂတ်တွေကို ရက်စက်စွာ စတေးပစ်နေတာပါ ...............။
တံဆိပ်များ
ကဗျာ
Saturday, January 5, 2013
ဟာရီကိန်းမုန်တိုင်းစန္ဒီအတွက်အရေးပေါ်အခြေအနေများကြားမှ “ပန်းခရမ်းပြာ၏အိပ်မက်များ” အစီအစဉ် ပြည်သူ့ဂုဏ်ရည်အသင်း နယူးယောက်ဌာနခွဲတွင်ကျင်းပပြီးစီး
“ပြည်သူ့ဂုဏ်ရည်အသင်း” ကတာဝန်ခံစီစဉ်ကျင်းပတဲ့
“ပန်းခရမ်းပြာ၏အိပ်မက်များ” လို့အမည်ပေးထားတဲ့ ရန်ပုံငွေရှာဖွေပွဲကို
အောက်တိုဘာလ ၂၈ ရက် တနင်္ဂနွေနေ့က နယူးယောက်မြို့မှာ ကျင်းပပြီးစီးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းကို ဝင်ရောက်တိုက်ခတ်တော့မယ့်
ဟာရီကိန်းမုန်တိုင်း စန္ဒီ အတွက်အရေးပေါ် အခြေအနေတွေကြောင့်
မြို့တွင်းသယ်ယူပို့ဆောင်ရေး ဘတ်စ်ကားများ၊ မြို့ပတ်ရထားများ အသွားအလာ
ရပ်ဆိုင်းခါနီး ဖြစ်နေချိန်၊ မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်မှုတွေ
လုပ်ကိုင်နေကြတဲ့ကြားထဲက နယူးယောက်မြို့သူမြို့သား ၂၀၀ ကျော် တက်ရောက်
အားပေးခဲ့ကြပါတယ်။
ဒီ ရန်ပုံငွေရှာဖွေပွဲကို ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများနဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခများကြောင့် အခက်အခဲကြုံတွေ့ နေရတဲ့ လူမှုဒုက္ခများကို တတ်အားသရွေ့ဝိုင်းဝန်းကူညီကြရန်အတွက်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာပြည်တွင်းမှာ လူမှုရေးလုပ်ငန်းများကို ထဲထဲဝင်ဝင် ဆောင်ရွက်နေကြသော နာရေးကူညီမှုအသင်း (ရန်ကုန်)က ဒုဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရာသက်ပန်အသင်းဝင်များ ဖြစ်ကြတဲ့ တေးရေးဆရာ ကိုရဲလွင် နဲ့ တေးရေးတေးဆို ကိုဆောင်းဦးလှိုင်တို့ကို “ပြည်သူ့ဂုဏ်ရည်အသင်း” က တာဝန်ခံဖိတ်ခေါ်၍ ပူးပေါင်းကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းအစီအစဉ်ရန်ပုံငွေဈေးရောင်းပွဲမှာ အလှူရှင်ဈေးဆိုင်ပေါင်း ၂၀ ကျော်က စေတနာအပြည့်အဝဖြင့် အားဖြည့်ကူညီခဲ့ပါတယ်။ ဒုတိယပိုင်း အစီအစဉ်အစမှာ ကိုဝင်းမင်းဦးဆောင်တဲ့ နယူးယောက်မြို့ခံ Exit တေးဂီတအဖွဲ့က မေတ္တာဖြင့် အားဖြည့်ကူညီ တီးခတ်ဖျော်ဖြေ ပေးခဲ့ပါတယ်။
ဒုတိယပိုင်းအစီအစဉ်တွင် အခမ်းအနားမှူး မမေသီခက “ပြည်သူ့ဂုဏ်ရည်အသင်း”၏ “ပန်းခရမ်းပြာ၏အိပ်မက်များ” အစီအစဉ် အကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တေးရေးဆရာ ကိုရဲလွင်၊ ဆရာမဒေါ်သန်းမြင့်အောင် နဲ့ တေးရေးတေးဆို ကိုဆောင်းဦးလှိုင် တို့က မြန်မာပြည်တွင်း လုပ်ကိုင်ဆောင်ရွက်နေသော ပရဟိတလုပ်ငန်းများ၊ မြန်မာပြည်တွင်းလက်ရှိအပြောင်းအလဲများ နှင့် ပတ်သက်၍ ထင်မြင်ယူဆချက်များကို ဆွေးနွေးဟောပြောသွားခဲ့ကြပါတယ်။ ဆက်လက်၍ ကချင်အမေရိကန်အသင်း (The Kachin American Assocation - KAA) က ကိုယ်စားလှယ် တဦးဖြစ်သူ ကိုတူးဆန် နဲ့ ရခိုင်အမျိုးသားအသင်း (World Arakanese Organization – WAO) က ကိုယ်စားလှယ်တဦးဖြစ်သူ ကိုဇော်ဇော်ထွန်းတို့က ကျေးဇူးတင်စကား အသီးသီးပြောကြားသွားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။
အခမ်းအနားအပြီးတွင် ကိုရဲလွင်နဲ့ ကိုဆောင်းဦးလှိုင်တို့က တက်ရောက်လာသော ပရိသတ်များနှင့်အတူ တေးသီချင်းများ သီဆိုခဲ့ကြပါတယ်။
“ပန်းခရမ်းပြာ၏အိပ်မက်များ” ဆိုတဲ့အမည်ကိုတော့ မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းကိုဖြတ်သန်းခဲ့တဲ့ မျိုးဆက်တခုကို ရည်ညွှန်းတဲ့အနေနဲ့ရော၊ အမိမြန်မာပြည်ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအားလုံးရဲ့အရေး၊ မြန်မာပြည်ဒီမိုကရေစီ အရေးတို့ကိုပါ ရည်ညွှန်းတဲ့အပြင် “ပန်းခရမ်းပြာ” သီချင်းကိုရေးစပ်ခဲ့သူ၊ မြန်မာပြည်တွင်းမှာ ပရဟိတလုပ်ငန်းများနဲ့ ငြိမ်းချမ်းရေးအတွက် နှစ်မြုပ် လုပ်ကိုင်နေသူ ကိုရဲလွင်ကို ဂုဏ်ပြုတဲ့အနေနဲ့ပါ ပြည်သူ့ဂုဏ်ရည်အသင်းက ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို “ပြည်သူ့ဂုဏ်ရည်အသင်း”၏ ဌာနခွဲများတည်ရှိရာ မေရီလန်း၊ ဖလော်ရီဒါ၊ ဆန်ဖရန်စစ္စကို၊ လော့အိန်ဂျလိစ်၊ အရီဇိုးနား၊ လက်စ်ဗေးဂတ်၊ အော်ရီဂွန် နဲ့ Salt Lake City တို့မှာ ကျင်းပသွားမှာဖြစ်ပြီး ရရှိတဲ့ရန်ပုံငွေများကို နာရေးကူညီမှုအသင်း (ရန်ကုန်) နဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့ကတဆင့် လှူဒါန်းသွားမှာဖြစ်ပါတယ်။ ။

Subscribe to:
Posts
(
Atom
)