Wednesday, November 25, 2009

Believe

ယုံကြည်ချက်

ပိန်းပိတ်နေတဲ့ အမှောင်ထုထဲ
ငိုချင်းချသံတွေ တွေ့တယ်

ကခုန်ယိမ်းထိုးလိုက်ရတာများ
(တကိုယ်လုံး)
ရစရာမရှိအောင် မည်းညစ်လို့

ပုံသေနည်းတွေ ငြီးငွေ့ပြီး
ဘူတာအိုထဲက ပြေးထွက်ချင်သူပါ

ကိုယ့်လိပ်ပြာလုံဖို့
ရှေ့ရှုရင်း
မရွေ့တဲ့အကြည့်တချက်နဲ့
ပျံသန်းဖို့
တွေ....ဝေ.......
မျော.......လွင့်.......လွင့်

လင်းသင်


မှတ်ချက်။ ။၂၀၀၄ အာရုံ.......




12 comments :

  1. “ကိုယ့်လိပ်ပြာလုံဖို့
    ရှေ့ရှုရင်း
    မရွေ့တဲ့အကြည့်တချက်နဲ့
    ပျံသန်းဖို့
    တွေ....ဝေ.......
    မျော.......လွင့်.......လွင့်။”

    ReplyDelete
  2. ကိုချမ်းလင်းနေ ကဗျာလေး လာဖတ်တယ်နော်။
    ကိုယ့်လိပ်ပြာလုံဖို့ ရှေ့ရှုရင်း တွေဝေခြင်းတွေ ကင်းဝေးလို့ ရည်မှန်းချက်ကို ရောက်နိုင်ပါစေ...

    ခင်မင်လေးစားလျှက်

    ReplyDelete
  3. ပုံသေနည်းတွေ ငြီးငွေ့ပေမယ့်
    ဘူတာအိုထဲက ပြေးမထွက်နိုင်သူ မို့
    ကဗျာကို ကြိုက်တယ်..

    ReplyDelete
  4. ပုံသေနည်းတွေကို ငြီးငွေ့နေပါပြီဗျာ....

    ReplyDelete
  5. ပိန်းပိတ်အောင် မှောင်နေပေမဲ့လဲ ယုံကြည်ချက်အလင်းနဲ့ တောက်ပစေရမှာပေါ့ အကို
    ကဗျာလေး ခံစားသွားတယ်ဗျို့ :)

    ReplyDelete
  6. လင်းသင် ဆိုတာ နောက်နာမည်တစ်မျိုးလားဗျ
    ကခုန်ယိမ်းထိုးလိုက်ရတာများ
    (တစ်ကိုယ်လုံး)
    ရစရာမရှိအောင်ကို မည်းညစ်လို့
    တဲ့ ကောင်းလိုက်တဲ့ အဖွဲ့
    သြော်ကိုယ်ကလည်း ပုထုဇဉ်ကိုးဗျ နော့

    ReplyDelete
  7. ယုံကြည်ချက် ရှိဖို့ ရာ ကိုယ့်လိပ်ပြာ ကိုယ်လုံ
    ဖို့ ဆိုတာ အရေးကြီးတယ် . . . ဒါကိုဖွဲ့ ဆိုသွား
    တာ ကောင်းတယ် အစ်ကို . . .

    ReplyDelete
  8. ဘာပြောရမှန်းမသိဘူး.. ကျွန်တော်က ကဗျာရဲ့ ဆိုလိုရင်းတွေကို ထွင်းဖောက်မြင်တတ်တဲ့နေရာမှာ အရမ်းပိန်းတယ်... တွေးရင်းတွေးရင်းနဲ့ပဲ တွေးသွားပါတယ် ကိုချမ်းလင်းနေရေ....း)

    ReplyDelete
  9. ကိုချမ်းရေ...
    ကဗျာလေးလာဖတ်ရင်း..ကျွန်တော်လည်း...ကိုယ့်လိပ်ပြာလုံဖို့ တွေဝေသွားမိသလိုပဲ... ခံစားလိုက်ရတယ်ဗျာ...။

    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  10. မျောလွင့်လွင့် စိတ်ကူးလေးတွေဖြစ်သွားပြီ :)

    ReplyDelete
  11. ကိုယ့်လိပ်ပြာလုံဖို့
    ရှေ့ရှုရင်း
    မရွေ့တဲ့အကြည့်တချက်နဲ့
    ပျံသန်းဖို့
    တွေ....ဝေ.......
    မျော.......လွင့်.......လွင့်။

    ကိုယ့်လိပ်ပြာ ကိုယ်လုံတယ်ဆို တွေဝေနေဖို့ မလိုပါဘူး
    တချို့ပုံသေနည်းတွေက လွတ်လပ်မှုတချို့ကို ပိတ်ပင် ထားတယ်။

    ReplyDelete
  12. မိုက်တယ် ကဗျာလေး ကောင်းတယ်။ ပုံသေနည်းထဲကနေတော့ ပြေးချင်ပေမဲ့ လည်နေတယ် ကိုချမ်းရေ..

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...