Thursday, December 20, 2007

NLD Leader Undergoes Operation(ဟံသာဝတီ ဦးဝင်းတင်)

Win Tin, 80, a senior National League for Democracy (NLD) leader, underwent an operation for a heart condition at a private clinic in Rangoon on Sunday.

Family members said he is good condition.

Win Tin was hospitalized on Saturday. An NLD spokesperson, Nyan Win, said he may remain in the clinic this week.


A family member told The Irrawaddy on Monday, “He was operated on successfully in Asia Taw Win Clinic last night.”

Win Tin, a former editor, was released from prison in September 2008 after serving 19 years in Rangoon’s notorious Insein Prison.

He served as an adviser to pro-democracy leader Aung San Suu Kyi and was sentenc
ed to 21 years in prison in 1989 during a crackdown on government opponents.

In 1996, he received an additional 7-year sentence for writing a testimonial on torture and the lack of medical treatment in Insein Prison, which he sent to the UN. As punishment, he was placed in solitary confinement in a room intended for dogs and was deprived of food and water.

He said a few hours after his release from prison, “I will keep fighting until the emergence of democracy in this country.”

Tuesday, December 18, 2007

စစ်အစိုးရက ဖမ်းဆီးခံသံဃာအချို့ ပြန်လွှတ်ပေးလိုက်သည့်အပေါ် ပြည်ပရောက် သာသနာ့ဥသျှောင်အဖွဲ့၏ တုံ့ပြန်ပြောဆိုချက်

ပြီးခဲ့တဲ့ စက်တင်ဘာလ သံဃာတော်တွေရဲ့ မေတ္တာပို့ ကြွချီဆန္ဒပြမှုတွေကြောင့် ဖမ်းဆီးခံထားရတဲ့ သံဃာတော်တွေထဲက တချို့ကိုယ်တော်တွေကို မြန်မာစစ်အစိုးရက ပြန်လွှတ်ပေးခဲ့တာရှိတယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ သံဃာတော်တချို့ ပြန်လွတ်လာတာနဲ့ပတ်သက်ပြီး ပြည်ပမှာ မကြာခင်က ဖွဲ့စည်းထားတဲ့ သာသနာ့ဥသျှောင်အဖွဲ့က အတွင်းရေးမှူး ကိုယ်တော်တပါးဖြစ်တဲ့ ဦးဂုဏိသရကို လျှောက်ထားမေးမြန်းပြီး ကိုကျော်အောင်လွင်က တင်ပြထားပါတယ်။
အခုလိုမျိုး သံဃာတော်တွေ ပြန်လွတ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီး သာသနာ့ဥသျှောင်အဖွဲ့က ဘယ်လို သဘောထားရှိပါသလဲ၊ ဘယ်လိုမြင်ပါသလဲဘုရား။
“ပြန်လွှတ်လိုက်တဲ့အတွက် ဦးဇင်းတို့အနေနဲ့ လက်ခံပါတယ်။ ထောင်ထဲမှာရှိတဲ့ သံဃာတော်တွေအားလုံး လွှတ်ပေးဖို့အထိကို ဦးဇင်းတို့ မျှော်လင့်ထားပါတယ်။ အခု လွှတ်ပေးတာက သံဃာအပါး ၅၀ လောက် ဆိုတာ အနည်းအကျဉ်းပဲရှိပါသေးတယ်။ သူတို့ဖမ်းထားတဲ့ရာခိုင်နှုန်းနဲ့စာရင် ဘာမှမရှိသေးပါဘူး။ အဲတော့ အခုလွှတ်ပေးတာ အပြင်ကို နောက်ထပ် အားလုံးကိုလွှတ်ပေးဖို့ ဦးဇင်းတို့အနေနဲ့ တိုက်တွန်းပါတယ်။
ထို့အတူပဲ သံဃာတော်များအပြင် အဖမ်းခံထားရတဲ့ ကျောင်းသားတွေ၊ နိုင်ငံရေး သမားတွေအားလုံးကို လွှတ်ပေးဖို့ ဦးဇင်းတို့အနေနဲ့ မျှော်လင့်ပါတယ်”
အခု မြန်မာပြည်တွင်းက သံဃာတော်တွေရဲ့ ငြိမ်းချမ်းတဲ့လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သာသနာ့ဥသျှောင် အဖွဲ့က ပဓာနစရိယဆရာတော်ကြီး၊ မစိုးရိမ်ဆရာတော် ဦးကောဝိဒဟာ အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်း၊ ကယ်လီဖိုးနီးယားပြည်နယ်အတွင်းမှာ မြန်မာပရိသတ်တွေကို တရားဟောပွဲတွေ တပွဲပြီးတပွဲကျင်းပနေတယ်လို့ ကြားရပါတယ်။ မစိုးရိမ်ဆရာတော်ဘုရားက အဓိက ဘယ်လို အကြောင်းတွေကို ဟောတယ်၊ တရားနာပရိသတ်တွေဘက်က ဘယ်လိုတုံ့ပြန်မှုတွေရှိတယ်၊ ဒီလို တရားဟောပွဲတွေကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်ဆိုတာ အကျဉ်းချုံး ရှင်းပြပေးပါဘုရား။
“ဦးဇင်းတို့ ပဓာနစရိယဆရာတော်တပါးဖြစ်တဲ့ ဦးကောဝိဒဟာ အခု အမေရိကန် ပြည်ထောင်စု အနောက်ပိုင်းမှာ ပထမဆုံးခရီးအဖြစ် မြန်မာတွေရှိတဲ့မြို့တွေမှာလိုက်ပြီး တရားဟောပွဲတွေ လုပ်နေပါတယ်။ တဖက်မှာလည်း ပီနန်ဆရာတော်ကြီး ဦးပညာဝံသကလည်း ဂျပန်ကိုကြွပြီး ဂျပန်မှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ မြန်မာ့အရေးစိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊ မြန်မာပြည်သူတွေကို တရားဟော၊ သြ၀ါဒပေးတဲ့အစီအစဉ်တွေ လုပ်နေပါတယ်။
“အမေရိကန်အနောက်ဘက်ခြမ်းမှာ ကြွလာတဲ့ ဆရာတော်ဦးကောဝိဒရဲ့ သြ၀ါဒခံယူပွဲ၊ ဆရာတော် ချီးမြှောက်တဲ့ပွဲတွေကိုပြောမယ်ဆိုရင် လူတော်တော်များများ တက်ရောက်ခဲ့ကြပါတယ်။ သူ့ရဲ့သြ၀ါဒပွဲမှာ ကံကြီးထိုက်သူဆိုတဲ့အမည်နဲ့ ဆရာတော်က ဟောကြားပေးခဲ့ပါတယ်။ သီလရှိ၊ သမာဓိရှိ၊ မပြစ်မှားထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပြစ်မှားမယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ ကံကြီးထိုက်မယ်ဆိုတဲ့သဘောကို ဆရာတော်က ပရိသတ်ကို ဟောကြားသွားပါတယ်။ အာဏာရှင်တို့ဇာတ်သိမ်းဆိုတာ ဖြစ်ပါတယ်။ အဲဒီမှာ
ကောသလမင်းဟာ အာဏာရှင်ဖြစ်ပြီးတော့ အာဏာရှင်ဘ၀ရဲ့ ဇာတ်သိမ်းကို ဆရာတော်က မီးမောင်းထိုး၊ သြ၀ါဒပေးပြီး ဆုံးမသွားပါတယ်။
“မြန်မာပြည်ဆင်းရဲခြင်းအကြောင်းရင်းဆိုတဲ့ သြ၀ါဒခံယူပွဲမှာ ဆရာတော်က ဘာတွေနဲ့ ဥပမာပေးပြီး ဟောသွားလဲဆိုတော့ ဇာတ်တူသားစားတဲ့ ဟင်္သာကိုးသောင်းတို့၊ လူသားစားတဲ့ ပေါရိသာဒတို့၊ ငါးကြီးအာနန်ဒါတို့ ဥပမာထားပြီး ဆရာတော်က ရှင်းလင်းပြတ်သားစွာ ဟောကြားသွားပါတယ်။
“နောက်တပွဲကတော့ ဘာ့ကလေမှာဟောသွားပါတယ်။ အဲဒီမှာဟောတာက မြန်မာ့အရေးကို စိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊ ဗုဒ္ဓဘာသာအရေးကို စိတ်ဝင်စားတဲ့ နိုင်ငံ ခြားသားတွေကို ဦးစားပေးပြီးတော့ ဟောပါတယ်။ အဲဒီပွဲမှာတော့ လူမျိုးခြားတွေပါ။ မြန်မာပြည်အရေးနဲ့ပတ်သက်ပြီး ရဟန်းတွေ အဖမ်းခံရ၊ နှိပ်စက်ခံရတဲ့အခါမှာ ဆရာ တော်ကြီးတွေဆိုရင် နည်းနည်းသက်သာတယ်။ တချို့နာမည်မရှိတဲ့ ဆရာတော်လေးတွေဆိုရင် ဘာမှမသိဘဲ နှိပ်စက်ခံရတယ်၊ ပြန်လွန်တော်မူသွားတာတွေရှိတယ်ဆိုပြီး။ ဟိုတုန်းကဆိုရင် ရဟန်းနာမည်နဲ့ ထောင်ထဲမှာ ကောင်းကောင်းမွန်မွန်နဲ့ ရပ်တည်နိုင်တယ်။ အခုဆိုရင် ရဟန်းရဲ့ ဘွဲ့နာမည်နဲ့တောင် မဟုတ်တော့ဘူး၊ ထောင်ကျပြီဆိုရင် လူနာမည်ပေးပြီးနေရတဲ့ အခြေအနေမျိုးကိုရောက်နေပြီ ဆိုတဲ့အကြောင်း ဆရာတော်က အဲဒီပွဲမှာ ဟောမှာဖြစ်ပါတယ်။
“နောက်တပွဲကတော့ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့မှာ ဆရာတော်ကြွပြီး ဟောမှာပါ။ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ လော့စ်အိန်ဂျလိစ်ကိုပြန်လာပြီး ဓမ္မဇောတိကျောင်းမှာ ဟောမှာဖြစ်ပါတယ်။ ဆရာတော် ဟောမယ့်တရားတွေ ဦးဇင်း အကြမ်းဖျဉ်းသိထားတာက ရဲသော်မသေ၊ သေသော်ငရဲမလားနဲ့ ဆရာတော်နဲ့ ထောင်ဆိုတဲ့ သူ့ရဲ့အတွေ့အကြုံတွေကို ဟောမှာဖြစ်ပါတယ်”
အခုလိုမျိုး ဆရာတော်ကြီးက မြန်မာမိသားစုအသိုင်းအ၀ိုင်းမှာ ဟောပြောတဲ့အတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရတယ်လို့ အရှင်ဘုရားတို့ တွေ့ရပါသလဲဘုရား။
“ဆရာတော်ရောက်တဲ့အရပ်မှာ မြန်မာပရိသတ်၊ နိုင်ငံခြားသား အမေရိကန် ပရိသတ်တွေဟာ သာသနာ့ ဥသျှောင်အဖွဲ့ကြီးကနေ ပြည်တွင်းပြည်ပမှာရှိတဲ့ လူထုတွေ၊ ဆရာတော် သံဃာတော်တွေ စည်းရုံးပြီးတော့ မြန်မာ့အရေးကို စွမ်းစွမ်းတမံဆောင်ရွက်နေပြီဆိုတာကို သူတို့က လက်တွေ့မြင်လိုက်ရ၊ သိလိုက်ရပါတယ်။ အဲဒီအတွက် သူတို့က ကျေနပ်ဝမ်းသာပြီး ဆရာတော်တွေအတွက် လိုအပ်တာ သူတို့တတ်နိုင်သမျှ ထောက်ပံ့လှူဒါန်းတာ လုပ်ပါတယ်။ လူထုရဲ့ ၀မ်းမြောက်ဝမ်းသာထောက်ခံချက်ကို ဦးဇင်းတို့ ရှေ့မှာတင် မျက်ဝါးထင်ထင် တွေ့ရပါတယ်၊ ၀မ်းသာစရာအဖြစ် မြင်ရပါတယ်”
တပည့်တော်တို့သိရသလောက် အမေရိကန်နိုင်ငံမှာ သီတင်းသုံးနေကြတဲ့ မြန်မာ သံဃာတော်တွေအားလုံး အရှင်ဘုရားတို့ရဲ့ သာသနာ့ဥသျှောင်မှာ မပါဝင်ဘူးလို့ သိထားပါတယ်ဘုရား။ ဒီလိုမပါဝင်တဲ့ သံဃာတော်တွေဟာ အရှင်ဘုရားတို့နဲ့ ဘယ်လိုသဘောထားမတိုက်ဆိုင်မှုတွေ ရှိနေလို့ပါလဲဘုရား။
“ဦးဇင်းတို့အနေနဲ့ သဘောထားမတိုက်ဆိုင်မှုရှိတယ်လို့ လုံးဝပြောလို့မရပါဘူး။ သူတို့တွေက ဦးဇင်းတို့ သံဃာတွေပါပဲ၊ ဦးဇင်းတို့မိတ်ဆွေတွေပါပဲ။ သူတို့အနေနဲ့ မပါဝင်ချင်တဲ့ဆန္ဒက ဦးဇင်းတို့ကို ကန့်ကွက်တာမဟုတ်ပါဘူး။ သူတို့ ကိုယ်ရေးကိုယ်တာအတွက်ပါ။ သာသနာ့ဥသျှောင်ကို ဆန့်ကျင်လို့၊ မထောက်ခံလို့ မဟုတ်ပါဘူး။ သူတို့ စိတ်အားဖြင့် ဦးဇင်းတို့ သံဃာ့ဥသျှောင်အဖွဲ့ကို ထောက်ခံပြီးသားပါ၊ ဆန္ဒပေးပြီးသားတွေ ဖြစ်ပါတယ်။ အများစု ၉၉ ရာခိုင်နှုန်းလောက်က အဲလိုဖြစ်ပါတယ်။
“ဒါပေမယ့် တခြားတဖက်မှာ သူတို့ရဲ့ မူရင်းစွဲကြောက်စိတ်လေးတွေက မြန်မာပြည် အစိုးရများ သူတို့ သိလို့ရှိရင် ပြန်လို့မရဘူး၊ သူတို့ရဲ့ အမေတွေ၊ အဖေတွေနဲ့ သေတာတောင်မှ သူတို့တွေ့ခွင့်မရဘူးဆိုတဲ့ အဲဒီစိုးရိမ်စိတ် လွန်ကဲမှုတွေက သူတို့ ဦးဇင်းတို့နဲ့ အတူတကွ ပါဝင်ဖို့ သိပ်ခက်နေပါတယ်။ အဲဒါကိုလည်း ဦးဇင်းတို့က နားလည်ပေးပါတယ်။ သာသနာ့ဥသျှောင်အဖွဲ့ကို မပါတာနဲ့ဘဲ သူတို့ကို ဦးဇင်းတို့က ရန်သူလည်း မဟုတ်ပါဘူး၊ မိတ်ဆွေတွေပါပဲ။ သာသနာ့ဥသျှောင်မှာ ရန်သူသံဃာရယ်လို့ တပါးမှ
မရှိပါဘူး။ ဦးဇင်းတို့နဲ့ သဘောထားကွဲလွဲတယ်လို့လည်း မယူဆပါဘူး”
မကြာခင်တုန်းက ပြည်ပမှာဖွဲ့စည်းခဲ့တဲ့ သာသနာ့ဥသျှောင်အဖွဲ့က အတွင်းရေးမှူး ကိုယ်တော်တပါးဖြစ်တဲ့ ဦးဂုဏိသရ မိန့်ကြားခဲ့တာဖြစ်ပါတယ်။

Tuesday, December 4, 2007

အဓမ္မတရားကို အသက်ပေးအာခံခဲ့သူ အာဇာနည်အရှင်မြတ် ဦးဝိစာရ





မိမိယုံကြည်သက်ဝင်ရာ ဘာသာ၊ သာသနာအတွက် အသက်ပေးဆပ်ဝံ့သူ မိမိလူမျိုးတို့ မ
တရားမင်းလက်အောက်တွင် ဘာသာ၊ သာသနာ အပါအ၀င် လူနေမှုဘ၀ အဖက်ဖက်မှ
နိမ့်ပါးဆိုးရွားနေချိန်တွင် မိမိ၏ သီလ၊ သိက္ခာကို စောင့်ထိန်းပြီး သာသနာနှင့်လူမျိုးအ
တွက် အစာငတ်ခံကာ အဓမ္မတရားကို အသက်ပေးအာခံခဲ့သူမှာ အာဇာနည်အရှင်မြတ်
ဦးဝိစာရပင်ဖြစ်သည်။

အကျင့်ထူးရှိသူ ဟု အဓိပ္ပာယ်ရသော ရဟန်းဘွဲ့ပိုင်ရှင် ဦးဝိစာရကို ဦးပြားနှင့် ဒေါ်ဇလပ်တို့
မှ မုံရွာခရိုင်၊ ချောင်းဦးမြို့အပိုင် ကမ်းနိမ့်ရွာတွင် မြန်မာသက္ကရာဇ် ၁၂၅၀ (ခရစ်နှစ် ၁၈၈၈)
တန်ခူးလပြည့်ကျော် ၆ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဖွားမြင်ခဲ့သည်။

ဉာဏ်ရည်ထက်မြတ်ခြင်း၊ လုပ်ရည်ကိုင်ရည်ရှိခြင်း၊ အများအကျိုးဆောင်ရွက်တတ်ခြင်းတို့
ကြောင့် ဦးဝိစာရလောင်းလျာ မောင်လှကျော်သည် အသက် ၁၈ နှစ်အရွယ်တွင် ပထမ
အိမ်ထောင်ကျခဲ့သည်။ အဆင်မပြေဖြစ်ပြီးနောက် ဒုတိယအိမ်ထောင်ပြုခဲ့ပြန်သည်။ သို့
သော် လူ့လောက၊ လူ့ဘ၀ကြီးကို ငြီးငွေ့လျှက် ရဟန်းခံလိုသော မောင်လှကျော်သည် အ
သက် ၂၃ နှစ်အရွယ်တွင် မိဘများနှင့် ဇနီးသည်တို့ကို ခွင့်တောင်းကာ ရဟန်းဘောင်သို့
ဝင်ခဲ့သည်။

ဦးဝိစာရ၏ အမျိုးသားရေးစိတ်ဓါတ်သည် ၁၂၈၀ ( ၁၉-- ) ပြည့်တွင် မန္တလေးအိမ်တော်ရာ
ဘုရားပွဲတော်ကြီးသို့ အင်္ဂလိပ်လူမျိုး၊ မန္တလေးရာဇ၀တ်ဝန် မစ္စတာ စတီးဝပ်ဆိုသူသည်
နောက်ပါပုလိပ်များခြံရံကာ ဘုရားရင်ပြင်ပေါ်သို့ ဖိနပ်ခြေနင်းများစီး၍ တတ်ရောက်သည်
ကိုကြုံရပြီး နိုးကြားခဲ့ရသည်။

ဦးဝိစာရသည် ၁၂၈၂ ( ၁၉-- ) လောက်တွင် ပခုက္ကူမှနေ၍ သံဃာ့သမဂ္ဂအဖွဲ့သို့ဝင်ပြီး မ
လှိုင်၊ ပန်းအိုင် နယ်တွင် အစိုးရတို့၏ မြေအခွန်တော်သစ်နှင့်ပတ်သက်ပြီး နိုင်ငံရေးတရား
ဟောကြားခဲ့သည်။ အစိုးရအကြည်အညိုပျက်အောင် ဟောပြောမှုကြောင့်ဆိုကာ ဦးဝိစာရ
နှင့် ဦးပုည ကိုယ်တော်နှစ်ပါးအား ထောင်ဒဏ် ( ၆ ) လစီ အပြစ်ပေးခဲ့ကြသည်။

ဆရာတော်ဦးဝိစာရသည် ၁၉၂၆ မှ စတင်ကာ အင်္ဂလိပ်အစိုးရ၏ အာဏာဖီစံမှု ဥပဒေပုဒ်မ
ဖြင့် ထောင်ဒဏ်အကြိမ်ကြိမ်အပြစ်ပေး ခံခဲ့ရသည်။ သာယာဝတီထောင်နဲ့အကျဉ်းကျနေ
စဉ် ဦးဝိစာရက ၁ ၊ ၂ ၊ ၁၉၂၇ ဥပုဉ်နေ့တွင် ဗုဒ္ဓဘာသာရဟန်းတော်တို့၏ ၀ိနည်းသိက္ခာပုဒ်


နှင့်အညီ သိမ်တစ်ခုခုသို့ ကြွရောက်ဥပုဉ်ပြုနိုင်ရန် စီစဉ်ပေးစေလိုကြောင်း အရေးပိုင်ထံသို့
စာတစ်စောင်ရေးသားပေးပို့လိုက်သည်။ အာဏာပိုင်တို့က ခွင့်မပြုခဲ့သဖြင့် ဆွမ်းဘုန်းမပေး
ပဲ အစာငတ်ခံ ဆန္ဒပြ အရေးဆိုတော့သည်။

အာဏာပိုင်တို့က ရန်ကုန်ထောင်ကြီးသို့ ပို့ဆောင်ခဲ့ပြီး ဦးဝိစာရသည် ဆက်လက်အစာငတ်
ခံ ဆန္ဒပြခဲ့ရာ ရက်ပေါင်း ( ၄၀ ) မြောက်နေ့တွင်မှ ထောင်အာဏာပိုင်တို့က ဥပုဉ်ပြုခွင့်ကို
အလျော့ပေးလိုက်သဖြင့် ဆွမ်းပြန်စားခဲ့သည်။ ၁၉၂၇ မေလ တွင် အင်းစိန်ရုံးက ဆရာ
တော်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ နှစ်နဲ့ ၉ လ အပြစ်ပေးကာ ရန်ကုန်ထောင်ကြီးသို့
ပို့လိုက်သည်။ အကျဉ်းသားဖြစ်သည်နှင့်တပြိုင်နက် သင်္ကန်းများချွတ်၍ ထောင်ဝတ်လဲရ
မည်ဟု ထောင်အာဏာပိုင်များက ဆိုသောအခါ ငြင်းဆန်ခဲ့သည်။ နောက်ဆုံးအင်္ဂလိပ်အ
ရာရှိ ၄ ယောက်၏ သင်္ကန်းဆွဲချွတ်ခြင်းကို ခံခဲ့ရသော်လည်း ထောင်အ၀တ်အစားကို မ
ဝတ်ပဲ ဗလာကိုယ်လုံးတီးသာ သီတင်းသုံးခဲ့သည်။


ဤကဲ့သို့ သင်္ကန်းချွတ်ခံလိုက်ရသောအခါ ဦးဝိစာရသည် မိစ္ဆာအစိုးရတို့ကား ဗမာပြည်နှင့်
လူမျိုးတို့ကို ၎င်းတို့၏ခြေထောက်အောက် ထားရုံအားမရသေးပဲ ဗုဒ္ဓဘုရားရှင်တို့၏ သာသ
နာတော်ကြီးကိုပါ လက်တွေ့ဖျက်ဆီးကြလေသည် တကားဟုဆိုကာ မျက်ရည်မဆယ်နိုင်
ချုန်းပွဲချ ငိုကြွေးတော်မူခဲ့သည်။

သို့ရာတွင် မိစ္ဆာအစိုးရတို့သည် ထောင်အပ၍ အမျိုးမျိုးသော ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေပုဒ်
မများဖြင့် ရဟန်းတော်များအား တရားမဲ့ ဖမ်းဆီး၊ အပြစ်ပေးရုံမက ထောင်အတွင်း၌လည်း
မြတ်စွာဘုရား ခွင့်ပြုသတ်မှတ်ပေးအပ်တော်မူသော ၀တ်ရုံသင်္ကန်းကို အတင်းအဓမ္မချွတ်၍
ထိပါးစော်ကားခံနေရခြင်းကြောင့် သာသနာတော်ကြီးသည် မကြာခင် ပျက်ဆီးရတော့မည်။
ငါတို့သည် ဤသို့ငိုကြွေးနေရုံဖြင့် သာသနာ့ဆူးရန်များသည် သူု့အလိုအလျောက်ကင်းစင်
ကွယ်ပျောက်သွားလိမ့်မည်မဟုတ်ပေ။


ရှေးသရောအခါက ပါဋလိပုတ်ပြည်သား ရဟန်းသူမြတ်များသည် သာသနာ့ဘေးရန် အန္တ
ရာယ်ကြီး ဆိုက်ရောက်လာသောအခါ အသက်အသေခံကာ သာသနာတော်အတွက် အ
သက်ပေးလှူတော်မူခဲ့ကြသည့် ထုံးဟောင်း သာဓကကို များစွာသတိရ ဆင်ခြင်မိသဖြင့်
ငါသည်လည်း ထိုနည်းတူစွာ အမျိုးဘာသာ၊ သာသနာတော်ကြီးအတွက် အသက်စွန့်လွှတ်
တော့မည်။ ရန်သူ့အလိုကျ လူဖျင်း၊ လူညံ့တို့၏ ဓလေ့စရိုက်ကဲ့သလို့ အဓမ္မမင်းတို့အား ၀န်
ချတောင်းပန်ခြင်း၊ သာသနာ့တံခွန်သင်္ကန်းချွတ်၍ ထောင်အ၀တ်လဲလှယ်ခြင်းကိုလည်း
ကောင်း အလျော့ပေးအညံ့ခံ၍ ငါတစ်ကိုယ်တည်းအတွက် လုံးဝမရှာကြံလို။ မည်သို့ပင်
ညှင်းပန်းနှိပ်စက်ကြ၍ ကာယဒုက္ခဝေဒနာကို ခံစားရပါစေ၊ ခန္တီပါရမီကို ဆောက်တည်၍
ဆွမ်းဘုန်းမပေးပဲ အသက်ဇီဝိန်ချုပ်သည်အထိ အားလုံးသော ထောင်တွင်းရောက် သံဃာ
တော်များနှင့် သာသနာတော်ကြီး၏အကျိုးစီးပွားကို ရှေ့ရှု၍ အစာငတ်ခံရန် အဓိဌာန်ပြုအံ့
ဟု စိတ်ပိုင်းဖြတ်ကာ ဆွမ်းမစားတော့ပေ။

အစားမစားပဲ ရက်ပေါင်း ၄၀ ကျော်လာသည့်အတွက် ဦးဝိစာရခင်ဗျာ ဂုံနီခင်းအိပ်ရာပေါ်
တွင် ဗုန်းဗုန်းလဲတော့သည်။ ထို့နောက်ဆရာတော်ကို တံတားလေးစိတ်ရောဂါအထူးကု
ဆေးရုံသို့ ၁၉၂၈ နေ့တွင် ပို့လိုက်ပြီး နည်းပေါင်းစုံဖြင့် နှိပ်စက်ညှင်းပန်း ဆဲရေးကြသည်။
ထို့နောက်ဆရာတော်အား သင်္ကန်းပြန်ပေးအပ်လိုက်ပြီး ၁၉၂၈ တွင် အိန္ဒိယပြည် မေဒနီ
ထောင်သို့ပို့ခဲ့သည်။ ၁၈ ရက် ၂ လ ၁၉၂၉ တွင် ရန်ကုန်ထောင်သို့ ပြန်ပို့ပြီး နောက်ပိုင်း ဆ
ရာတော်အား လွှတ်လိုက်သည်။

မဟတ္တမဂန္နီကြီး၏ အကြံပေးတိုက်တွန်းချက်နှင့် အိန္ဒိယအမျိုးသားကွန်ဂရက်ကြီးမှ ဆေး
ဝါးကုသပေးရန် စီစဉ်ဖိတ်ကြားချက်အရ ဦးဝိစာရသည် ၆ ရက် ၄ လ ၁၉၂၉ တွင် အိန္ဒိယ
သို့ကြွရန် သင်္ဘောဆိပ်အဆင်းတွင် သုံးခွမြို့၌ ဟောပြောသောတရားများသည် အစိုးရ
အကြည်ညိုပျက်စေသောကြောင့် ပုဒ်မ ၁၂၄ ( က ) အရ တတိယအကြိမ် အဖမ်းခံရပြန်
သည်။

ရန်ကုန်ထောင်တွင် အကျဉ်းကျခိုက် နိုင်ငံရေးသမားများကိုထားလေ့ရှိသော အထူးခန်း၌
နေခွင့်ပြုရန်တောင်းဆိုရာမရသဖြင့် အစာငတ်ခံဆန္ဒပြခဲ့ပြန်သည်။ ထောင်အာဏာပိုင်များ
မှတစ်ဆင့် မြန်မာပြည်ဘုရင်ခံထံသို့ ထပ်မံ၍တောင်းဆိုချက် ၃ ချက်ကို တောင်းဆိုလိုက်
သည်။ ၎င်းတို့မှာ - - -
( ၁ ) ထောင်ဒဏ်အပြစ်ပေးခံရသော ရဟန်းတော်များအား သင်္ကန်းဝတ်ခွင့်ပေးရန်
( ၂ ) ထောင်အတွင်း၌ ၀ိနည်းတော်အရ တစ်လ ၂ ကြိမ် ဥပုဉ်နေ့တိုင်း ဥပုဉ်ပြုခွင့်ပေးရန်
( ၃ ) နိုင်ငံရေးရာကိစ္စများနှင့်ပတ်သက်၍ ထောင်အတွင်းရောက် ရဟန်းများအား ထိုက်



တန်သောသတင်းသုံးခွင့်ပြုရန်$
တို့ဖြစ်သည်။

သို့သော်အာဏာပိုင်တို့က မလိုက်လျောခဲ့သဖြင့် ဆရာတော်သည် ရဟန်းတို့ဆောက်
တည်အပ်သော ပါတိမောက္ခသံဝရသီလ ပျက်ဆီးမည်ကို စိုးရိမ်၍ အသက်ကို အသေခံခြင်း
ကသာ မြတ်သည်ဟု ဆုံးဖြတ်ပြီး အစာငတ်ခံကာ သပိတ်မှောက်ခြဲ့ပန်သည်။

ဆရာတော်အမှုကို ရုံးတင်သောနေ့ ၁၈ ရက် ၆ လ ၁၉၂၉ တွင် ဆရာတော်ဆွမ်းဘုန်းမပေး
သည်မှာ ၈၁ ရက်ရှိပြီဖြစ်၍ မထနိုင်သောကြောင့် ဟံသာဝတီစက်ရှင် တရားသူကြီးသည်
ထောင်အတွင်းသို့ ၀င်ရောက်ကာ ဦးဝိစာရအား တစ်ကျွန်းပို့အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၆
နှစ် အပြစ်ပေးလိုက်သည်။ သင်္ကန်းကိုအတင်းချွတ်ယူကြသဖြင့် ခါးတွင်အ၀တ်မရှိသာ ပက်
လက်သာ သတင်းသုံးနေခဲ့ရရှာသည်။

ဦးဝိစာရနှင့်ပတ်သက်၍ သိရှိရန် ၁၇ ရက် ၈ လ ၁၉၂၉ နေ့တွင် ၀ံသာနုသတင်းစာတိုက်မှ
ကိုယ်စားလှယ်များသည် ထောင်အတွင်းသို့ ၀င်ရောက်ဖူးမျှော်ကြသောအခါ အရိုးနှင့်အရေ
မျှသာကျန်၍ အားအင်လုံးဝကုန်ခမ်းနေသော ဆရာတော်ဦးဝိစာရကို တွေ့ရ၍ အလွန် စိတ်
ထိခိုက် တုန်လှုပ်ခဲ့ရသည်။

ဝံသာနုသတင်းစာတိုက်မှတကာများကို ဆရာတော်က ပက်လက်နေရာမှမိန့်ကြားရာတွင် -
သာသနာတော်အရေးအခွင့်အတွက် ပါဋလိပုတ်ပြည် ရဟန်းတော်များ အသက်စွန့်လွှတ်
တော်မူခဲ့ကြဖူးသည့် လမ်းစဉ်အတိုင်း ငါတို့သည်လည်း အသက်စွန့်လွှတ်၍ မြတ်သော
အဓိဌာန်ပါရမီကို ပြည့်မြောက်အောင် ဆောက်တည်လျက်နေခြင်းဖြစ်ကြောင်း၊ ယခုအ
တိုင်းဆိုလျှင် ဥပုသ် ၂ ပတ်မျှသာ ငါ၏အသက်နှင့်ခန္ဓာတွဲရှိနေနိုင်တော့မည်။ သာသနာ
တော်၏ မျက်နှာကိုထောက်ထား၍ အမျိုး၊ ဘာသာ၊ သာသနာ၊ ပညာအတွက် ကြိုးစား
ဆောက်ရွက်ကြပါ - ဟု မိန့်တော်မူခဲ့လေသည်။

ဝံသာနုသတင်းစာမှ ၎င်းတို့တွေ့မြင်ကြားသိခဲ့ရသမျှကို တိုင်းပြည်သို့ ပြန်လည်အသိပေး
ရေးသားတင်ပြခဲ့သဖြင့် လွှတ်တော်အပါအ၀င် ရဟန်းရှင်လူများအားလုံး မခံမရပ်ဖြစ်လာ
ကြသည်။

ရန်ကုန်အကျဉ်းထောင်အတွင်း ဆွမ်းမသုံးဆောင်ပဲ နေခဲ့သည်မှာ ရက်ပေါင်း ၁၄၀ ကျော်
ကြာပြီးဖြစ်၍ ဝေဒနာအပြင်းအထန် ခံစားရသည်ဟု သတင်းရ၍ အထူးသံဃာ့အကျိုး



ဆောင် တာဝန်ခံ တွံတေးကျောင်းဆရာတော် ဦးကေတုနှင့်အတူ ဦးစိုးသိန်း ( ဂျီစီဘီအေ )
နှင့် အာလံဦးလာဘတို့သည် ထောင်အတွင်း ၀င်ရောက်ကြည်ညိုခွင့်ရခဲ့သည်။
ဦးကေတုနှင့် ဦးလာဘတို့သည် မမြင်ရက် မကြည့်ရက်နိုင်အောင် ပုံပန်းသဏ္ဍာန် ယိုယွင်း
ပျက်ဆီးနေရှာပြီဖြစ်သော ဦးဝိစာရ၏ နားအနီးကပ်၍ တပည့်တော်တို့ လာရောက်ကြည့်ရှု


ပါသည်ဟု လျှောက်ထားရာ မျက်လုံးအိမ်ကို အနိုင်နိုင်ဖွင့်ကာ အားယူ၍ လေသံတိုးတိုးဖြင့်
မျက်…. မှန်… အ… လှူ… ခံ …. ပါ။ သဗ္ဗအာပတ္တိ …. ယော … အာ …. ရော …. စ …
ယာ…. မိ ...။ တိုင်း …. ပြည် … ကို …. လိမ် …. မာ … ရစ် … ကြ …. ပါ … လို့ …. မှာ…
ကြား… လိုက် … ပါ … တယ် - ဟု နောက်ဆုံးမိန့်ကြားခဲ့ပါတယ်။

အရှင်မြတ်ဦးဝိစာရသည် ဗုဒ္ဓဘာသာရဟန်းတော်များ၏ ၀ိနည်းသိက္ခာပုတ်နှင့်အညီ ရသင့်
ရထိုက်သော ထောင်တွင်း အခွင့်အရေးများကို အာဇာနည်ပီပီ ဇွဲကြီးကြီးဖြင့် ရက်လ ရှည်
ကြာစွာ အစာငတ်ခံတိုက်ပွဲဝင်နေရာမှ ၁၆၆ ရက်မြောက်သော ၁၉ ရက် ၉ လ ၁၉၂၉ ၊
ကြာသပတေးနေ့ည ၈ နာရီ ၂၀ မိနစ်အချိန်တွင် ရန်ကုန်ထောင်ကြီးအတွင်း၌ ပြန်လွန်
တော်မူခဲ့သည်။

သက်တော် ၄၁ နှစ်အရွယ်တွင် ရဟန်းတော်များထောက်တွင်းအခွင့်အရေးအတွက် အစာ
ငတ်ခံကာ ဆန္ဒပြရင်း ကံတော်ကုန်ရှာသော ဆရာတော်ဦးဝိစာရ၏ ရုပ်ကလာပ်ကို ၈ ရက်
၂ လ ၁၉၃၀ ညနေ ၄ နာရီခွဲတွင် ရွှေတိဂုံဘုရားအနီး ကန်တော်မင် ပန်းခြံ၌ သင်္ဂြုံလ်ပူဇော်
ခဲ့ရာ ရဟန်းရှင်လူ ၁ သိန်းကျော် လာရောက်ဂါဝရပြုခဲ့ကြသည်။

ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်တည်ဆောက်ထားပုံမှာ ဦးဝိစာရ၏ အလိုဆန္ဒနှင့်
အညီ အမျိုးသားစည်းလုံးညီညွတ်ရေးသင်္ကေတအဖြစ် ပေါ်လွင်ထင်ရှားစေမည့် စုစည်း
ချည်နှောင်ထားသော ထင်းစည်းပုံသဏ္ဍာန်ပင်ဖြစ်သည်။ ၁၉၄၃ ခုနှစ် အောက်တိုဘာလ ၂
ရက်နေ့တွင် ကျင်းပခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရအထိမ်းအမှတ်ကျောက်တိုင်
နှင့် ကြေးရုပ်ဖွင့်ပွဲအခမ်းအနားသို့ ထိုစဉ်က စစ်ဝန်ကြီးဖြစ်နေသော အမျိုးသားခေါင်း
ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တတ်ရောက် ဂုဏ်ပြုဂါဝရပြုခဲ့သည်။

စစ်ဝန်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ ဂုဏ်ပြုမိန့်ခွန်းတွင် - ကျွန်ုပ်တို့သည် မင်္ဂလာတရားတော်
အရ ပူဇော်ထိုက်သူကိုပူဇော်ရမည်ဆိုသည့်အတိုင်း ပူဇော်သကာယပြုကြခြင်းသာဖြစ်
ကြောင်း၊ ကျွန်ုပ်တို့၏ ဤသို့လာရောက်ပူဇော်ခြင်းမှာလည်း အာဇာနည်ပုဂ္ဂိုလ်၏ အနိုင်မခံ




အရှုံးမပေးလိုစိတ်၊ မျိုးချစ်စိတ် အမြုတေစိတ်များကို ချီးကျုးပူဇော်နေခြင်းပင် ဖြစ်ကြောင်း၊
အရှင်ဦးဝိစာရသည် အသက်စွန့်လွှတ်စဉ်အခါက အဖော်မပါ တစ်ကိုယ်တည်းသာဖြစ်
ကြောင်း။

အင်္ဂလိပ်လူမျိုးတို့ အုပ်စိုးမှုကို ယခုကဲ့သို့ ပျက်ဆီးဆုံးပါးသွားလိမ့်မည်ဟု မည်သူမျှ မထင်
ကြ၍ အင်္ဂလိပ်များအား မည်သို့မျှ ဆန့်ကျင်ဘက်မပြုဝံ့သောအချိန်အခါတွင် အရှင်ဦးဝိစာရ
ကိုယ်တော်ကြီးတစ်ပါးတည်း ပေါ်ပေါက်လာခဲ့ပြီး မည်သူချီးမွမ်းချီးမွမ်း၊ မည်သူကဲ့ရဲ့ကဲ့ရဲ့


ဘာကိုမျှ ဂရုမစိုက်ပဲ ငါလိုချင်တာမရရင် အသက်အသေခံမယ်ဆိုတဲ့ အာဇာနည်စိတ်ကို
ချီးကျူးဂုဏ်ပြုရမည်ဖြစ်ကြောင်း။

ယခုအခါမှာလည်း ကျွန်ုပ်တို့ရှေ့လုပ်ငန်းစဉ်အတွက် အရှင်ဦးဝိစာရကဲ့သို့ စိတ်ဓါတ်မျိုး
မွေးမြူကြဖို့ အလွန်အရေးကြီးကြောင်း၊ ယခုအခါ အစစအရာရာရှားပါးကြောင်း နေရေး၊
စားရေး၊ သွားရေး၊ လာရေး အလွန်ခက်ခဲကြောင်း။

သို့သော်လည်း ၎င်းအခက်အခဲများကို ဂရုမစိုက်ပဲ လွတ်လပ်ရေးကြီးအတွက် အရိုးကြေ
ကြေ အရေခမ်းခမ်း တစ်ယောက်တည်းကျန်ကျန် အသက်အသေခံကြိုးစားကြရမည်ဟု
စိတ်နှလုံးဒုန်းဒုန်းချပြီး အရှင်ဦးဝိစာရကဲ့သို့ အာဇာနည်အမြုတေစိတ်ဓါတ်ကို ယနေ့မှစ၍
မွေးမြူကြစေလိုကြောင်း မိန့််ကြားခဲ့ပါသည်။

အမျိုးဘာသာ၊ သာသနာအတွက် ဇွဲသတ္တိရှိရှိဖြင့် အသက်အသေခံကာ ဆန္ဒဖော်ထုတ်ရဲပြီး
တိုက်ပွဲဝင်ခဲ့သော အာဇာနည်ဆရာတော် ဦးဝိစာရ၏ စိတ်ဓါတ်မျိုး၊ ဓိတ်ဓါတ်ကား ယနေ့
ခေတ် အဓမ္မအာဏာရှင်တို့အုပ်စိုးရာ မြန်မာနိုင်ငံအတွင်းရှိ ရဟန်း၊ ရှင် ၊ လူ၊ ကျောင်းသား
အားလုံးအတွက် အာဇာနည်အမြုတေစိတ်ဓါတ်နှင့်ပတ်သက်၍ နမူနာယူဖွယ်၊ ဂုဏ်ယူဖွယ်
ပင်ဖြစ်ပါတော့သည်။

အလင်းဆက်

Tuesday, November 27, 2007

ပံ့သကူမထေရ်မြတ် ( သို့ ) အဓမ္မမင်းကို တော်လှန်ဝံ့သူ












မြန်မာသမိုင်းတစ်လျှောက်တွင်ရဟန်းသံဃာများသည် နိုင်ငံအရေး၊ နိုင်ငံသားတို့အရေးအတွက် ဟိုးယခင် ပုဂံခေတ်ဦးမှသည် ယခုခေတ် မိစ္ဆာဝါဒီကို လက်ကိုင်ပြုနေသော နအဖစစ်အာဏာရှင်ခေတ်အထိ သူတို့၏အသက်၊ လာဘ်လာဘတွေကို ပေးဆပ်ခဲ့ကြသည်။ရဟန်းသံဃာတော်များသည် မြတ်စွာဘုရား၏လမ်းစဉ်ဖြစ်သော လောကလူသားအပါအ၀င် သတ္တ၀ါအားလုံးငြိမ်းချမ်းပြီး ချစ်ကြည်စွာနေထိုင်ရန် အလို့ဌာ ၎င်းတို့၏ အသိညဏ်ပညာအပါအ၀င် လိုအပ်လျှင် အသက်၊ သွေးပါစတေးပြီး မြင့်မြတ်သော နှလုံးသားပိုင်ရှင်များပီပီ အဓမ္မမှုများ၊ မတရားမှုများကို အများအကျိုးအတွက် ရဲရဲဝင့်ဝင့်ရှေ့ဆောင်နိုင်သူများဖြစ်သည်။
မြန်မာ့သမိုင်းတွင် အမျိုးဘာသာ၊ သာသနာနှင့် ပြည်သူပြည်သားများအကျိုးအတွက် မင်းကျင့်တရားနှင့်မညီသော ရှင်ဘုရင်ကို မိမိ၏အသက်ခန္ဓာ၊ ရာထူး လာဘ်လာဘကို စွန့်ရဲပြီး အမှန်တရားကို မြတ်ဗုဒ္ဓ၏တရားနှင့်အညီ ထုတ်ဖော်၊ ထောက်ပြခဲ့သော သာသနာ့အာဇာနည်တစ်ပါးရှိခဲ့ဖူးသည်။ အလောင်းစည်သူမင်းလက်ထပ် ရှင်အရဟံမထေရ် ပျံလွန်တော်မူသောအခါ ပုဂံပြည်၏သာသနာ့ဦးဆောင်အဖြစ် ဆက်ခံရသူ ပံ့သကူမထေရ် (ခေါ်) ပံ့သကူငစွယ်ရှင်မထေရ်မြတ်ဖြစ်သည်။ ဆရာတော်သည် အကျင့်သိက္ခာနှင့်ပြည့်စုံပြီး သုသာန်တွင် စွန့်ပစ်ထားသော လူသေကောင်တို့အား ဖုံးလွှမ်းသောအ၀တ်ကိုသာ ကောက်ယူလျှက် သင်္ကန်းအဖြစ် ၀တ်ရုံသူဖြစ်သည်။ ထို့ကြောင့်လဲ ပံ့သကူမထေရ်အဖြစ် အမည်တွင်ခြင်းဖြစ်သည်။ သို့အကျင့်သိက္ခာနှင့်ပြည့်စုံသည်နှင့်အမျှ ပြည်သူတို့ကိုလည်း လွန်စွာချစ်မြတ်နိုးသည်။ မတရားမှု၊ ကောက်ကျင့်စဉ်းလဲမှု၊ ဖိနှိပ်ညှင်းပန်းမှုတို့ကို စိုးစဉ်းမျှ မလိုလား။ ထိုသို့ကြုံလာပါကလည်း တော်လှန်သည်သာဖြစ်သည်။
တစ်ခါသော် အလောင်းစည်သူမင်းသည် သားတော် ၃ ပါးအနက်ရက်စက်ကောက်ကျစ်ယုတ်မာသော သားတော် နရသူက ရွှေကူဘုရားသို့ပို့ကာ မျက်နှာကို အ၀တ်တို့ဖြင့် ဖိသတ်၍ ကံတော်ကုန်ခဲ့သည်။ ခမည်းတော် မရှိပြီကြသော် သားတော်ကြီး မင်းရှင်စောသည် ထီးနန်းကိုယူရန် ပုဂံသို့ အလုံးအရင်းဖြင့် ချီတတ်လာခဲ့သည်။ နောင်တော်၏ အင်အားကို မယှဉ်နိုင်သဖြင့် နရသူသည် အကောက်ကြံတော့သည်။ ပုဂံပြည်၏ သာသနာ့ ဦးလျှောင် ဖြစ်သော ပံသကူမထေရ်ထံ ချဉ်းကပ်၍ နောင်တော်ကို နန်းတင်ပါမည်။ နောင်တော်တစ်ယောက်တည်း ကြွရောက်လာရန် မိန့်ခေါ်ပေးပါဟု လျှောက်ထားခဲ့သည်။ ငြိမ်းချမ်းရေးကို လိုလားပြီး စစ်မက်ရေးကြောင့်ဖြစ်လာမည့် အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးမှုကိုမလိုလားသော ပံ့သကူ အရှင်မြတ်က မင်းဆိုးမင်းယုတ်၏ သစ္စာကို ယုံကြည်လိုက်မိသည်။မင်းရှင်စောသည် ဆရာတော်၏ မိန့်ကြားချက်ကြောင့် ရောက်ရှိလာခဲ့သည်။နရသူကလည်း ကတိအတိုင်းနန်းတင်ခဲ့သည်။ သို့သော် ဘိတ်သိတ်သွန်းပြီးညမှာပင် နောင်တော်ကို အဆိပ်ကျွေးသတ်ကာ နန်းကို ယူလိုက်သည်။
ပံ့သကူမထေရ်မြတ်သည် အဓမ္မမင်းနရသူထံကြွရောက်ပြီး ထိုမင်းကို မင်းဆိုးမင်းညစ်ဟူ၍လည်းကောင်း၊ ဆိုးရွားသူ/ ညစ်ညမ်းသူဟူ၍လည်းကောင်း ခေါ်ခဲ့သည်။ မင်းပျက်တကာတို့တွင် အပျက်ဆုံးသော မင်းပျက်ဖြစ်သည်ဟု၍လည်း ပြစ်တင်ခိုင်းနှိင်းသည်။ ဆရာတော်သည် နှုတ်ရေးဖြင့်တော်လှန်ဆန့်ကျင်ရုံမျှမက မင်းဆိုးမင်းယုတ် နရသူမင်းပြုရာအရပ်ကို စွန့်ပစ်လျှက် သီဟိုရ်သို့ပြောင်းရွှေ့သတင်းသုံးခြင်းဖြင့်လည်း ဆန္ဒပြတော်လှန်ခဲ့သည်။ ထိုသို့ ရဟန်းမြတ်က မင်းဆိုးမင်းယုတ်အပေါ် နှုတ်ရေးဖြင့် ရဲရဲဝင့်ဝင့် ဆန့်ကျင်ဝေဖန်တော်လှန်ခဲ့ပုံကို ဦးကုလားက မဟာရာဇ၀င်တော်ကြီးတွင် ယခုလို ချယ်မှုန်းထားသည်။
“ ဟဲ့.. မင်းဆိုးမင်းညစ်၊ နင်က သံသရာဝယ် ခံရတန့်သော မကောင်းမှုကို မကြောက်။ ဤစည်းစိမ်ကိုသင်ရလျှင် နင်၏ကိုယ်ခန္ဓာသည် မအိုမသေသည်ဟူ၍ မှတ်သည်လော။ လောကတွင် နင့်ထက်ပျက်သော မင်းမည်သည်ကာမရှိ” …. ဟူ၍မိန့်တော်မူ၏။အရှင်မြတ်လဲ ( လူ့ပြည်တွင် နင့်ထက်ဆိုးရွားညစ်ညမ်းသောသူမရှိ ) … ဟူ၍ မိန့်တော်မူပြီး သိမ်းခိုကျွန်းသို့ ကျွတော်မူလေ၏ဟု ချယ်မှုန်းထားသည်။
ပံ့သကူမထေရ်မြတ် ဘုရင့်အပေါ် အယုံအကြည်ကင်းပြီး တော်လှန်ကြွသွားပြီးနောက် တိုင်းသူပြည်သားတို့ကလည်း ဘုရင့်အပေါ်အယုံအကြည်ကင်းမဲ့လာသည်။ မကြာမီပင် နရသူသည် ကုလားတို့လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ( ကုလားကျမင်း) ဟူ၍ သမိုင်းတွင်နာမည်ဆိုးတွင်ခဲ့သည်။
ပံ့သကူမထေရ်မြတ် သီဟိုရ်ကျွန်းတွင် နှစ်၊ လ အတန်ကြာ သတင်းသုံးနေထိုင်ပြီး နရပတိစည်သူမင်းလက်ထပ်တွင် ပုဂံပြည်သို့ ပြန်လည်ကြွလာခဲ့သည်။ ဆရာတော်၏ ဒုတိယတော်လှန်ရေးသည် အရင်က ပြည်သူတို့ကို အာဏာနှင့် အတင်းအဓမ္မ ဖိနှိပ် ညှင်းပန်းသောကြောင့် ပေါ်ပေါက်ခဲ့ရပြန်သည်။
နရပတိစည်သူမင်းသည် စူရာမဏိစေတီတည်ရန် ကြီးမားလှသော ချောက် ( ဂျောက် )ကြီးတစ်ခုကို ပြည်သူတို့အား မြေဖို့ရန် အတင်းအဓမ္မ မင်းမိန့်ဖြင့်စေခိုင်းခဲ့သည်။ ဘုရင်၏ ဖိနှိပ်မှုအောက်မှာ ပြည်သူအများမှာ အလွန်ပင်ပန်းဆင်းရဲပြီး အလုပ်အကိုင်ပြတ်ကြသည်။သာသနာတော်အတွက်ပြုသော ကုသိုလ်ကောင်းမှုဖြစ်သော်လည်း ဆရာတော်မြတ်ကပြည်သူတို့၏ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဖြစ်စေလျှက် ပြုသောအလှူမျိုးသည် အနှစ်သာရကင်းမဲ့သည်ဟု ရဲဝင့်စွာမြင်ပြီး တော်လှန်ခဲ့သည်။
ဆရာတော်သည် မင်းကြီးထံ ကိုယ်တိုင်ကြွပြီး မင်းကြီး၏ အလှူသည် ကောင်းမှုမဟုတ်၊ မကောင်းမှုသာဖြစ်သည်ဟု ဆိုခဲ့လေသည်။ ထိုအနှစ်သာရမဲ့သော အလှူကို နှုတ်ရေးဖြင့်တော်လှန်ရုံမက မင်းကြီးလှူသော ဆွမ်းကို မခံယူပဲ သပိတ်မှောက်ဆန္ဒပြ၍ တော်လှန်ခဲ့သည်။
အာဏာရစ်မူးနေသော နရပတိစည်သူမင်းသည် ပံ့သကူမထေရ်မြတ်ကို ပုဂံပြည်မှ နှင်ထုတ်ခဲ့သည်။ ထိုအခါ ပြည်သူတို့ မခံမရပ်နိုင်ဖြစ်ကာ ဘုရင်ရဲ့မိုက်မဲရိုင်းဆိုင်းသော ပြုမူချက်အပေါ် ဆန္ဒပြမှုများပေါ်ပေါက်ခဲ့သည်။ တိုင်းပြည်ဆူပူမှာကိုကြောက်သော ဘုရင်လည်း အာဏာလက်လွှတ်ရမည်ကို စိုးရိမ်လာကာ အမတ်တို့အား မထေရ်မြတ်ကိုလိုက်၍ပင့်ခေါ်စေရသည်။
သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ပံ့သကူရဟန်းမြတ်သည် အမတ်တို့ အကြိမ်ကြိမ်လာပင့်သော်လည်း မလိုက်ခဲ့ပေ။ နောက်ဆုံး တုရင်္ဂဂပစ္စည်းအမတ်က လှေပေါ်တွင် ဘုရားရုပ်ထုတစ်ဆူပင့်ဆောင်ပြီး ညဏ်ဆောင်၍ ပင့်ပြီး ဘုရင်ကိုယ်တိုင် တောင်းပန်ဝင်ချခဲ့ရသည်။
ထိုသို့ အမျိုးဘာသာ သာသနာအတွက် ပြည်သူပြည်သားများအကျိုးအလို့ဌာ ရဲရဲဝင့်ဝင့်ဆောင်ရွက်ပြီး အဓမ္မကို တော်လှန်ရဲသော ဆရာတော်မထေရ်မြတ်များ ယခုအခါတွင်လည်း အများကြီးပေါ်ထွန်းရန် လိုအပ်ပေသည်။ သို့မှသာ ဘာသာ၊ သာသနာ အဆင်း တိုးပွား၍ ငြိမ်းချမ်းသော လူမှုအသိုင်းအ၀ိုင်းကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။
ဆရာကြီးမင်းယုဝေ အား ဤဆောင်းပါးဖြင့် ဦးညွတ်လိုက်ပါသည်။
၂၁ . ၈ . ၀၉ ၊ ည ၁၁း ၂၄
အလင်းဆက်
( ဆရာတော် ဦးဣဿရိယ မွေးနေ့မင်္ဂလာအတွက် ရည်ရွယ်ပူဇော်ပါသည်။ )

Wednesday, November 21, 2007

Who is Min Ko Naing?

Min Ko Naing
Democracy Activist and Leader Of 88
Generation Student Group
Previous Prison Term: 16 Years
Current Sentence: 65 Years and 6 Months

Friday, November 2, 2007

ကိုမင်းကိုနိုင် အဖွဲ့ချုပ်ရှေ့ဟောပြောပွဲ

NLD and 88 students protest the extension of NLD leader Daw Aung San Suu Kyi's detention by SPDC on 27th May 2007, election anniversary day.

SPDC answered the protests by using USDA thugs and the standoff between two side lasts for some time. Finally, 88 students chose to organise an assembley in NLD headquerters instead of advancing to Shwe Dagon Pagoda.

This speech is given by Min Ko Naing, towards NLD members and general public.

ကိုမင်းကိုနိုင်ရဲ့ တိုင်တည်ပေးတဲ့အသံကို ကြားမိယုံနဲ့တင် အားမာန်အပြည့်ရှိနေပါပြီ။

Thursday, November 1, 2007

ပြည်သူတွေရင်ထဲက ဆန္ဒ


အမျိုးသားဒီမိုကရေစီအဖွဲ့ ၁၈နှစ်မြောက်မှာ...... "လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ချက်ခြင်းလွှတ်" ဆိုပြီး တောင်းဆိုနေကြတဲ့ ပြည်သူတွေရဲ့ အသံ ပဲ့တင်သံဝေနေပြီလေ။ 

Event: 18th Anniversary of National League for Democracy (Date: September 27th 2006/ Place: Rangoon, Burma) Quote: "If the non-violent struggles for democracy goes nowhere, will the people resort to taking up arms to get result?" (Bulbir Singh, Seremban/ The Star Newspaper, December 8th 2002)

Thursday, October 18, 2007

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ

ပြည်သူတွေဆီမှာ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု အရင်ဆုံး ရှိနေမှ ဒီမိုကရေစီ စံနှုန်းရှိတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံသား အထူးသဖြင့် အမျိုးသမီးများ လူကုန်ကူးခံနေရခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရခြင်းတို့ကို အခိုင်အမာ သက်သေပြနေသည့် ကြေကွဲဖွယ်ရာ ဇာတ်လမ်းတပုဒ်ကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားများ ဘလော့ခ်မှ မူရင်းအတိုင်း ကူးယူဖော်ပြပါသည်။
ဤကိစ္စမှာ မင်းမဲ့စရိုက်ကဲ့သို့ ပြောင်ပြောင်တင်းတင်းဖြင့်  လူ့အခွင့်အရေးများကို ချိုးဖောက်နေခြင်းဖြစ်၍ မြန်မာနှင့် ထိုင်းအစိုးရများသာမက နှစ်နိုင်ငံစလုံးမှ ပြည်သူများ၊  ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းတို့တွင် တာဝန်ရှိနေပါသည်။  အားလုံးက အလေးအနက်ထား၍ ပူးပေါင်းဖြေရှင်းလျှင် နောက်နောင် မဖြစ်ပေါ်အောင် တားဆီးနိုင်ပါမည်။
လူ့အခွင့်အရေးများကို လေးစားကြောင်း၊ မတရားမှုများကို စက်ဆုပ်ရွံရှာကြောင်း ပြသသည့်အနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်းပံ့ပိုးကူညီကြပါရန် နှိုးဆော်လိုက်ပါသည်။
————

ကမ္ဘာ့ ဆိုးရွားယုတ်မာ ရက်စက်ဆုံး မုဒိမ်းမှုနှင့် လူကုန်ကူးမှုဒဏ်ကို မြန်မာနှင့် မွန်မလေးများ ခံစားနေရ

၇ရက်ဇူလိုင် ၂၀၀၇ မနက်၃နာရီမှာ ပင်လယ်စာ စက်ရုံမှ အချိန်ပို အလုပ်ဆင်းပြီး အတူတူ ပြန်လာတဲ့ မြန်မာမိန်းကလေး ၅ယောက်ကို ဒေသခံ ရဲကပါ မနိုင်လို့ လက်လျှော့ထားရတဲ့ ထိုင်းမာဖီယား ဂိုဏ်းဝင် ၁၀ ယောက်က လိုက်လံ ဖမ်းဆီးရာမှာ ၄ယောက်ထွက်ပြေး လွတ်မြောက်သွားပြီး အလုပ်သမားလက်မှတ် တရားဝင် လက်ဝယ်ရှိသူ အသက် ၂၂နှစ် အရွယ် မိန်းကလေး တစ်ယောက် အဖမ်းခံခဲ့ရပါတယ်။
သူမကို ဖမ်းမိရာလယ်ကွင်းထဲမှာပင် အဓမပြုကျင့်ခဲ့ကြပြီးနောက် သူတို့ဂိုဏ်းတည်ရှိရာ တိုက်သို့ ခေါ်ဆောင် သွားကာ ကျန်ဂိုဏ်သား လေးယောက် က ထပ်မံ စော်ကားကြပြန်သည်။ သူမသည် ၈ရက် ဇူလိုင်တွင် အားကုန် ကြိုးစားပြီး ၄ထပ်တိုက်ပေါ်မှ ခုန်ချပြီး ထွက်ပြေး လွတ်မြောက် လာခဲ့ရာ မဟာချိုင် ခရိုင်ရှိ ဇီဝိချိုင်ဆေးရုံတွင် တက်ရောက် ဆေးကုသ ခံနေခဲ့ ရသည်။
သူမကို ဖမ်းဆီးခေါ်ဆောင်ခဲ့ရာ တိုက်ခန်းတွင် မိန်းကလေး အယောက် ၂၀ ခန့်လည်း ဖမ်းဆီးခံထားရကြောင်း၊ သူမအဖမ်းခံ ထားရ ချိန် တိုတောင်းသောကြောင့်
ထိုမိန်းကလေးများ မည်သည့်လူမျိုးများ ဖြစ်သည်ကို မသိခဲ့သော်လည်း အ များစုမှာ မွန်နှင့် မြန်မာမလေးများ ဖြစ်ကြောင်း၊ ထိုမိန်းကလေးများ အားလုံးကို အ၀တ်ဆင် မပေးထားကြောင်း၊ ထိုမိန်းကလေးများနှင့် သူမကို လိင်စိတ်ကြွဆေးများ အတင်း တိုက်ကျွေးပြီး လူမဆန်စွာ အနိုင်ကျင့်ခဲ့ကြောင်း၊ အနိုင်ကျင့်ရင်းလည်း နင်တို့ ခွေးမတွေ ငါတို့က နင်တို့ မွန်နဲ့ မြန်မာတွေကို ခွေးလောက်ပဲ သဘောထားတယ် စသည်ဖြင့် ရိုင်းစိုင်းလွန်းစွာ ပြောဆို ကြိမ်းမောင်းခဲ့ကြောင်း၊ နင်တို့ကို လေ့ကျင့်ပေးပြီးရင် လှေတွေဆီ ရောင်းစားမှာ ဟုလည်း ပြောခဲ့သေးကြောင်း ရဲသို့အကြောင်း ကြားခဲ့သော်လည်း မည်သည့်အရေးယူမှုမှ မပြုလုပ် ခဲ့ကြောင်း သတင်းကြား သိရပါသည်။
မဟာချိုင်ဒေသသည် ပင်လယ်စာ ထုပ်ပိုးပြင်ဆင်သော စက်ရုံများ ထွန်းကားပြီး စက်ရုံပိုင်ရှင် သူဌေးများသည် ကိုယ်ပိုင် ငါးဖမ်းစက်လှေ များလည်း ရှိလေ့ရှိကြပြီး ငါးခိုးဖမ်းလှေလည်း များစွာ ပိုင်ဆိုင်လေ့ရှိကြသည်။ ထပ်မံ စုံစမ်းချက်များအရ ထိုမိန်းကလေးများကို ပင်လယ်တွင်း ငါးဖမ်းစက်လှေများတွင် လှေသားများ ပိုမို အလုပ်လုပ်ချင်စေရန် ပျော်ပါးရန် အပြီးရောင်းစား ပေးလေ့ရှိပြီး ထိုလှေသားများကလည်း စိတ်တိုင်းကျ ပျော်ပါးပြီးသောအခါ ၀န်ဆောင်မှု မပေးနိုင်တော့သော ထိုမိန်းကလေး များကို ကိစ္စ လက်စဖျောက် ပင်လယ်တွင်း ပစ်ချခဲ့လေ့ရှိ ကြောင်း၊ အဆိုပါ လူမဆန်သော အကြမ်းဖက် လူကုန်ကူးမှုတွင် ထိုင်းရဲများ ကိုယ်တိုင် တရားမ၀င် ပါဝင် ပတ်သက် နေကြောင်း သိရှိရသဖြင့် မခံမရပ်နိုင် ဖြစ်ပြီး ထိုကိစ္စများကို အဓိကထားကူညီသော Pavena foundation သို့ အကြောင်းကြားခြင်း၊ ထိုင်းစစ်ထောက်လှမ်းရေးသို့ တိုင်ကြားခြင်း၊ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနသို့ တိုင်ကြားခြင်း၊ ထိုင်း လူဝင်မှု ကြီးကြပ်ရေး ရဲဌာနသို့ တိုင်ကြားခြင်း အစရှိသည်တို့ကို ဆက်တိုက် ဆောင်ရွက်ရာ အရေးယူမှု စတင်ခဲ့ပါသည်။
လူဆိုးများ ထွက်မပြေးနိုင်ရန် ထိုမာဖီးယားဂိုဏ်း တည်ရှိရာ ဌာနချုပ်ကို ရဲများက ၀န်းရံထားနေ စဉ် ဘီဘီစီ သတင်းဌာနမှ သတင်းကြေညာ ခဲ့သဖြင့် ဓားစာခံ ထိုမိန်းကလေးများ၏ အသက် အန္တရာယ် စိုးရိမ်ရမှု အတွက်ရော၊ မာဖီးယား ဂိုဏ်း ချုပ်နဲ့ ဂိုဏ်းသားများကို ထွက်ပြေးခွင့် ရအောင် သတင်းပေးသလို ဖြစ်ခဲ့သည့်အတွက်ကြောင့်ပါ သက်ဆိုင် ရာ လှုပ်ရှားသူများ က အလွန်စိတ် ဆိုး နေခဲ့ကြ ပါသည်။
ထို့ပြင် နာမည်သာလိုချင်ပြီး ခေါင်းရှောင်တတ်သော တာဝန်ရှိသူများကြောင့် ဇူလိုင် ၁၃ရက် ထိ ထိုမာဖီးယားဂိုဏ်းကို သူစီးနိုး ငါစီးနိုးနှင့် ၀င်မဖမ်းရဲဘဲ ဖြစ်နေရာ မနေနိုင်သော မြန်မာအချို့ကြောင့် ဂိုဏ်းဝင် ၃ယောက်ကို လိုက်လံဖမ်းဆီးရာ ထို၃ယောက်ကို ဒေသခံ ရဲတစ်ဦး၏ နေအိမ်ဟောင်းအတွင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ထိုအရေးကို လိုက်လံဖော်ထုတ် ကူညီသူ မြန်မာတစ်ဦး၏ နေအိမ်ကိုဖောက်ထွင်း ခံခဲ့ရပြီး နောက်တစ်ဦး၏ ချွေးမဖြစ်သူ အသတ်ခံခဲ့ရပါသည်။
ဖောက်ထွင်းသူသည် တအိမ်လုံး အပြောင်သိမ်းသွားရာ လက်ကိုင်ဖုန်းပါ ပါသွားပြီး ထိုလက်ကိုင်ဖုန်း နံပါတ် ကို ဆက်သွယ်ရာတွင် ဖောက်တာငါပဲ.. ဘာလုပ်ချင်လဲ.. ဘာဖြစ်ချင်လဲ စသည်ဖြင့် ပြန်လှန် ခြိမ်းခြောက်သွားကြောင်း သတင်းရရှိပါသည်။ ထို့ပြင် ဆက်ကြေးငွေ ပေးထားသောကြောင့် ဖမ်းရိုးမရှိသော နယ်တွင် လက်မှတ် မရှိဘဲ တရားမ၀င်အလုပ်လုပ်သူများကို ဖမ်းသည်ဟုဆိုကာ အိမ်ခန်းများအတွင်း ဓာတ်ငွေ့သုံးပြီး အတင်းဖမ်းဆီးမှုကို ထူးခြားတိုက်ဆိုင်စွာ ပထမဆုံး ဖမ်းဆီးမှု ပြုခဲ့ရာ တမင် လက်စားချေ ဖမ်းဆီးခြင်းဟု မြန်မာများက သတ်မှတ် အခဲမကြေ ဖြစ်နေကြပါသည်။
ထို့ကြောင့် မြန်မာ့အရေး ဆောင်ရွက်သူများက နောက်ဆုံး ကြိုးစားသည့် အနေဖြင့် Pavena foundation သို့ဆက်သွယ်တိုင်ကြားခဲ့ရာ ထိုအသင်း မှ တည်ထောင်သူ ကိုယ်တိုင် ထိုင်းရဲချုပ်သို့ တိုက်ရိုက်စာတင်အရေးယူမှု ပြုလုပ်ပေးခြင်း၊ ထွက်ပြေးလွတ်မြောက် တိုင်ကြားသူ မြန်မာမိန်းကလေးကိုလည်း အန္တရာယ် ကင်းစေရန် ခေါ်ယူ စောင့်ရှောက်ပေးထားခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထိုအသင်းရဲ့ ခေါင်းဆောင်မှုကြောင့် နောက်ထပ် မာဖီးယား ဂိုဏ်းသား ၄ ယောက်ကို ထပ်မံ ဖမ်းဆီးရမိခဲ့ကြောင်း နောက်ထပ်လည်း လိုက်လံဖမ်းဆီးမှုများကို ထိထိရောက်ရောက် ပြုလုပ်ပေးနေကြောင်း ရုပ်မြင်သံကြားမှ ထုတ်လွှင့်ကြေညာခဲ့ရာ သတင်းကြားသိရသဖြင့် ပါဗီးနား အသင်းကြီးကို လွန်စွာ ကျေးဇူး တင်ဖွယ်ရှိလေသည်။
သို့သော် စေ့စပ်သေချာလိုသူ မြန်မာပညာတတ် အလုပ်သမားများက ကိုယ့်အားကိုယ်ကိုး ဆက်လက် စုံစမ်းရာ ထိုအဖမ်းခံထားရသော ၄ယောက်မှာ ထိုးကျွေးခံ ဘာအဆင့်မှ မရှိသော သူများဖြစ်ပြီး ထိုမာဖီးယားဂိုဏ်းတွင် အမှန်တကယ် ထိပ်ပိုင်းမှ လူများမှာ ထိုင်းနိုင်ငံရှိ ထိုဒေသရှိထိပ်တန်းအာဏာပိုင်များ ဖြစ်နေပြီး ထိုဂိုဏ်းသည် အတော်ကို အင်အားကြီးမား သည်ကို တွေ့ရလေသည်။ ထိုမျှမကသေးဘဲ မိန်းကလေးတစ်ဦး ထွက်ပြေး လွတ်မြောက်ခဲ့ရာ တိုက်ခန်းတွင် ကျန်ရစ်ခဲ့သူ မိန်းကလေး ၂၀ ယောက် မှာ လုံးဝ ပျောက်ဆုံးသွားခဲ့ပြီး ကျန် မာဖီးယား ဂိုဏ်းသားများကိုလည်း ရှာမတွေ့တော့ပေ။
ဖမ်းမိသူ ၄ယောက်မှလည်း သူတို့လေးယောက်သာ ထိုမိန်းကလေးကို ဖမ်းသည်ဟု ၀န်ခံပြီး အမှုမှန် ကို ကွယ်ဝှက် သေးသိမ်စေခဲ့သည်။
လာမည့် ဇူလိုင် ၁၄ရက်နေ့တွင် အဆိုပါ လေးယောက်ကို ရုံးထုတ်မည် ဖြစ်ရာ ထိုင်းများ၏ ကူညီမှုသည် နိုင်ငံရေး အမြတ်ထုတ်ရန် သက်သက်သာ ဖြစ်ပြီး အမှုမှန်ကို သေးသိမ် ကွယ်ဝှက် သလို ဖြစ်နေခဲ့လေသည်။
ပင်လယ်စာ လုပ်ငန်းသည် ထိုင်း နိုင်ငံ၏ အဓိက နိုင်ငံခြားပို့ကုန် ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပြည်တွင်း ထုတ်ကုန်ကို ဒေါ်လာ သန်းထောင်ချီ ထောက်ပံ့နေသော လုပ်ငန်းဖြစ်ရာ ထိုလုပ်ငန်းအတွက် မြန်မာမိန်းကလေးများကို သည်လို လူမဆန်လွန်းစွာ အသုံးချပြီး လှေသမားများကို ပျော်တော်ဆက်စေပြီး သက်ဆိုင်ရာ အစိုးရ ကိုယ်တိုင်က တိုင်ကြားမှုကို ဂရုမပြုဘဲသည်လို မသိချင်ဟန်ဆောင်ကာ ဖုံးဖိမှုကို ကန့်ကွက်သည့်အနေဖြင့် ထိုင်းနိုင်ငံမှ တာဝန်ရှိသူများကို တွန်းအားပေးရန် အတွက် သက်ဆိုင်ရာ လူ့အခွင့်အရေး လှုပ်ရှားသူများ၊ အဖွဲ့အစည်းများမှ၎င်း မြန်မာ့လူမျိုးရေးကို စိတ်ဝင်စား စာနာသော ပြည်ပရောက် မြန်မာများမှ၎င်း online petition များကို ပြင်ဆင်ကန့်ကွက် တွန်းအားပေး တောင်းဆိုပေးကြပါရန် ပန်ကြားအပ်ပါသည်။
ရည်ညွှန်းချက် ။
http://burmesemigrantwatch.blogspot.com/2007/10/blog-post_1880.html
အီးမေးလ်ဖြင့် ဤသတင်းပေးပို့သူ တဦးအား ကျေးဇူးတင်ရှိပါသည်။
အောက်တွင် Pavena Foundation  အကြောင်းကို ဆက်လက်ဖော်ပြထားပါသည်။

Link: http://www.humantrafficking.org/organizations/247

Pavena Foundation for Children and Women

Address

Pavena Foundation for Children and Women
1047 – 51 Pon Luang Complex
Soi AmpornPhan 12, Moo 7
Phaholythin Road, Klong Tanon, BangKhen
Bangkok 10220
Thailand

Contact Information

If calling from Thailand:
Tel: 972 5489 90
If calling from overseas:
Tel: +66 972 5489 90

Website

Email

Activities

Pavena Foundation for Children and Women - founded by Mrs. Pavena Hongsakul, Bangkok Member of Parliament - is a non-profit organization that was established to help children and women who are in need of help.
Objectives:
  • To help children and women who have been abused by providing a suitable physical and mental rehabilitation program for victims
  • To help children and women who are poor, unfortunate OR homeless, to be able to live normal lives
  • To help to promote and develop new income opportunities for victims through skills training
  • To promote Thai cultural activities throughout the world

Monday, October 15, 2007

အမေစုပြောတဲ့ ဒီမိုကရေစီဆိုတာ...


 If you can suffer, you can gain. What is valuable can not be obtained without effort. Don't depend on assistance (without strings attached) from here to there. (Daw Aung San Suu Kyi, 1991 Nobel Peace Prize Laureate)

"Democracy belongs to the nation as a whole and its not up to one individual/ one commision to make it happen... Whatever injustices there may be, we have to stand up against them in whatever way we can... We need to come together as a nation... united in harmony"

Wednesday, October 10, 2007

ဒဂုန်တာရာ သို့မဟုတ် မြန်မာ့သမိုင်း၏ ကြေးမုံတချပ်



စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာကို စကားလုံး တလုံးတည်းနှင့် ဖော်ကျူးမည် ဆိုလျှင် “သက်ရှိသမိုင်း” သို့မဟုတ် “ကဗျာ တပုဒ်” ဟု တင်စားသင့်သည်။ သူ့ကို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး လှုပ်ရှားမှုများထဲတွင် ပါဝင်သူ တဦးအဖြစ် အများက သတ်မှတ်ထားသည်။
 
စာရေးဆရာ၊ သတင်းစာဆရာကြီးတဦးဖြစ်သည့် ဦးဝင်းတင်ကတော့ ဆရာကြီးကို “စာပေတံခွန်” “အတွေးအခေါ် တံခွန်” ဟု တင်စား၏။

၂၀၀၉ မေလ ၁၀ ရက်နေ့တွင် သူ့အသက် ၉၀ နှစ် တင်းတင်း ပြည့်ပြီဖြစ်သည်။ သူနှင့် ခေတ်ပြိုင် စာရေးဆရာ၊ ကဗျာဆရာ၊ နိုင်ငံရေးလှုပ်ရှားသူများစွာ သူ့ထက်စော၍ လောကကြီးမှ ထွက်ခွာသွားနှင့်ကြပြီ ဖြစ်သော် လည်း သူကတော့ သမိုင်း၏ ပြယုဂ်အဖြစ်၊ သမိုင်းဝင်လူသားတဦး အဖြစ် အောင်ပန်းမြို့တွင် ယခုတိုင် သက်ရှိ ထင်ရှား ရှိနေဆဲပင်။

ဆရာကြီးသည် စာပေသစ် လှုပ်ရှားမှု၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် ဦးဆောင်သူဖြစ်ရုံသာမက နယ်ချဲ့ ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ဒီမိုကရေစီရေးအတွက် သူ့ခေတ်ပြိုင်လှုပ်ရှားမှု များထဲတွင် လူထုနှင့် အတူ နက်ရှိုင်းစွာ ပါဝင်ခဲ့သူ ဖြစ်သည်။

၁၃ နှစ်အရွယ်ကတည်းက ကဗျာကို မြတ်နိုးခဲ့ပြီး ၁၇ နှစ်သားအရွယ် ကတည်းက ဒီမိုကရေစီနှင့် အမျိုးသား လွတ်မြောက်ရေးအတွက် ၁၉၃၈ - ၃၉ ခုနှစ်မှသည် ယနေ့တိုင် ခေတ်အဆက်ဆက် ပါဝင်ခဲ့သူဖြစ်သည်။ သို့သော် ဆရာကြီးသည် နိုင်ငံရေးပါတီများတွင်ပါဝင်ကာ နိုင်ငံရေးသမားအဖြစ် ခံယူလှုပ်ရှားသူတော့ မဟုတ်ခဲ့။ နိုင်ငံရေးသမားတော့ မဖြစ်လိုဟု သူ အမြဲပြောလေ့ရှိသည်။

သူ့ခံယူချက်နှင့် ပတ်သက်၍ ဆရာကြီးက “ရန်သူမရှိ၊ မိတ်ဆွေသာရှိ။ မုန်းသူမရှိ၊ ချစ်သူသာ ရှိ။ နိုင်ငံရေး လှုပ်ရှားတယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ” ဟု ဧရာဝတီမဂ္ဂဇင်းက တယ်လီဖုန်းဖြင့် မေးမြန်း ရာတွင် ဖြေကြားခဲ့သည်။ ထိုစကားမှာ သူပြောနေကျ စကားလည်းဖြစ်၍ ၂၀၀၇ ခုနှစ်က ၈၈ နှစ်ပြည့်ခဲ့စဉ် မွေးနေ့ နှုတ်ခွန်းဆက်စကားအဖြစ် မြန်မာပြည်သူများကို ပြောခဲ့သေးသည်။ ထိုစဉ်က “ရန်သူမရှိအောင် ပြောတာမဟုတ် ဘူး .. ရန်သူလိုသဘောမထားတာ” ဟု အဓိပ္ပာယ်ကိုပင် ဖွင့်ဆိုခဲ့သေးသည်။

အို .. ဘယ်ကြည့်ကြည့်
ဝင်းမှည့်ငိုက်ယွန်း .. နေရောင်ထွန်း၍
ရွက်ပွန်းထိယှက် .. သရက်ရွက်တို့
ပြိုးပြက်နီနီ .. ဂိုဂင်နီနှင့်
တဟီတီဆိုတဲ့ ကျွန်းကလေးလေ။

အဲဒီကျွန်းမှာ
မိန့်ခွန်းမြွက်ကြား .. တရားဟောသံ
နိုင်ငံရေးလည်း မရှိဘူးကွယ်။

ဘယ့်နဲ့လဲ မေ
လူထဲသူထဲ ဟန်ဆောင်ဝဲမှ
တိုးရှဲဝေးရာ .. ထိုကျွန်းသာသို့
ဘယ်ခါလိုက်မယ် .. ပြောစမ်းပါ့။

အဆိုပါကဗျာလေးက ၁၉၄၇ ခုနှစ်တွင် ဆရာကြီး ရေးဖွဲ့ခဲ့သည့် “တဟီတီ သွားရအောင်” ဆိုသည့် ကဗျာ ဖြစ်သည်။ သူ့တွင် ထိုကဗျာထဲကလို လက်တွဲဖော် “မေ” တော့မရှိ။ တကိုယ်တည်း လူပျိုကြီးအဖြစ် ဘဝ ခရီးကို လျှောက်လှမ်းခဲ့သူဖြစ်သည်။

လူအပေါင်းနှင့် ဝေးရာတွင် အေးအေးလူလူ သူနေသည်။ ဆရာကြီးက လူများနှင့် ဖယ်ခွာ၍ နေလိုခြင်းကို “မိမိကိုယ်ကို မဲဇာသို့ ပို့ခြင်း” ဆိုသည့် ကဗျာလေးထဲ၌ ..

ငါတမူကား
ဘယ်သူကမျှ .. အမိန့်မချ
မိမိဆန္ဒဖြင့် .. မြို့ပြမှခွာ
မဲဇာသို့ သွားနေလိုက်သည် … ဟု ရေးဖွဲ့ခဲ့သည်။

ဆရာကြီးက ငြိမ်းချမ်းမှုကို မြတ်နိုးလိုလားသူ ဖြစ်ရုံမက အနုပညာ အလှအပကိုလည်း ခြယ်မှုန်းသူ၊ ဖန်တီးသူ မြတ်နိုးခုံမင်သူ ဖြစ်နေပြန်သည်။ သူက အနုပညာရှင်တဦး ဖြစ်သည်နှင့်အညီ သူမြတ်နိုးသော လွတ်လပ်ရေး၊ ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် တစိုက်မတ်မတ် လှုပ်ရှားခဲ့သည်။ သူ့အနုပညာ ဖန်တီးမှုဖြင့် လူသားတို့ကို ပေးဆပ်ခဲ့ပြီး ပေးဆပ်နေဆဲ ဖြစ်သည်။

ဆရာကြီးသည် “သမိုင်းဆိုသည်မှာ အဆုံးမရှိ” ဟူသော ခံယူချက်ရှိသူ ပီပီ “အတိတ်မရှိဘဲ ပစ္စုပ္ပန်မရှိနိုင်။ ပစ္စုပ္ပန် မရှိဘဲ အနာဂတ် ရောက်ရှိမလာပေ။ ယင်းသို့ ဆက်စပ်မှုရှိသည်။ အတိတ်ကို ကောင်းစွာ မသိလျှင် ပစ္စုပ္ပန်ကို ဖွဲ့စည်းတည်ထောင်ရန် ခက်ပေမည်။ ပစ္စုပ္ပန်ကို ဖွဲ့စည်းတည်ထောင်မှသာလျှင် အနာဂတ်သည် ပေါက်ဖွားလာ နိုင်သည်။ ယင်းသို့ဖြင့် သမိုင်းသည် ဆက်စပ်နေသည်။ သမိုင်းသည် မဆုံး” ဟု ရေးဖွဲ့သည်။

ခေတ်တခေတ်ရှိ လူသားတို့သည် မိမိတို့တာဝန်ကျေပွန်ပြီး ထူထောင်မှသာလျှင် ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေး ခေတ်ကို ရမည်ဟု ရည်ညွှန်းချင်ပုံရသည်။ ဆရာကြီးက “မျိုးဆက်တခေတ်နှင့်တခေတ် ဆက်စပ်နေသည်။ ယင်းကို သမိုင်းခေတ် အတွေ့အကြုံများဖြင့် သိရှိနိုင်သည်။ ကျနော်သည် သမိုင်းခေတ်တို့၏ မျိုးဆက်ခေတ် များကိုဖြတ်သမ်းလာရင်း မျိုးဆက်တခေတ်နှင့် တခေတ် ကျေးဇူးပြုမှုကို ထိတွေ့ခံစားရသည်” ဟူ၍ မျိုးဆက်တို့၏ အရေးပါမှု၊ ဆက်စပ်နေမှုကို ခြယ်မှုန်းပြနိုင်ခဲ့သည်။

သူ၏ “ကြယ်ရိပ်ပန်းနု” ဝတ္ထုတိုပေါင်းချုပ် စာအုပ်တွင် သူ့အကြောင်းကို သူပြန်ရေးသောအခါ “သူသည် ၁၉၃၆ ကျောင်းသားသပိတ်၊ ၁၉၃၈ .. ၁၃၀၀ ပြည့်အရေးတော်ပုံကို ဖြတ်သန်းသွားသည်။ ဘဝဆိုသည်က မဖြတ်သန်း ချင်လည်းမရ” ဟူ၍ တွေ့ရသည်။

သူ နိုင်ငံရေးသမားတဦး မဟုတ်ကြောင်းကို “မြိုင်” ဝတ္ထုအမှာတွင် ထပ်ဆိုထားပြန်သည်။ “သူသည် နိုင်ငံရေးသမား ဘဝကို မရွေးချယ်ခဲ့။ သူရွေးချယ်သည့်အတိုင်း စာပေဘဝ၊ အနုပညာဘဝကိုသာ ဆုပ်မိ သွားခဲ့သည်” ဟု ဖော်ပြထားသည်။

ငြိမ်းချမ်းရေးကိုသာ သေသည်ထိ ဆုပ်ကိုင်သွားမည့်ဟန် ရှိသည့် ဆရာကြီးက “ငြိမ်းချမ်းရေးနည်းနဲ့လည်း တော်လှန်ရေးကို လုပ်လို့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ဂီတသမားဘဝကိုတော့ သူက “နွေလယ်အိပ်မက်နှယ် အိပ်မက်မက်ခဲ့ဖူးသည်” ဟု ဆိုသည်။ ဂီတကို မြတ်နိုး လွန်းသူတဦးဖြစ်သည် ဆရာကြီး ဒဂုံတာရာသည် ကဗျာကိုလည်း ချစ်အားကြီးလွန်းပြန်သည်။ ထို့ကြောင့် ဆရာကြီးသည် ဂီတ အနုပညာသမား၊ ကဗျာဆရာ၊ စာရေးဆရာ၊ ဝေဖန်ရေးဆရာ၊ အယ်ဒီတာ၊ အနုပညာဆိုင်ရာ အတွေးအခေါ် ပညာရှင်၊ အလှဗေဒ ပညာရှင် ဖြစ်လာခဲ့သည်။

ဆရာကြီးသည် အနုပညာကိစ္စ အရပ်ရပ်ကိုတွေးလည်း တွေးသူ၊ နက်ရှိုင်းစွာတွေးတော ဆန်းစစ်သူ၊ တွေးသမျှကိုရေးသူ၊ တင်ပြသူဖြစ်သည်။ ထို့ပြင် စာပေအရေးအသား၊ စာပေဖွံ့ဖြိုးမှု အဆင့်ဆင့်၊ စာပေ ပုံသဏ္ဍန် ကူးပြောင်းမှု အဆင့်ဆင့် စသည်တို့ကို စိစစ်ပိုင်းခြားသည့် ပညာကို “စာပေသိပ္ပံ” ဟု အမည်တပ်ခဲ့သူ ဖြစ်သည်။

၁၉၄၆ ခုနှစ် ဒီဇင်ဘာတွင် သူ၏ “တာရာ” မဂ္ဂဇင်း စတင်မွေးဖွားခဲ့သည်။ မူရင်းအမည် ဦးဌေးမြိုင်မှ “တာရာ” အမည် တွင်ခဲ့သည်။ တာရာ မဂ္ဂဇင်း အမှတ် (၁) တွင်ပင် “စာပေသစ်” ဆိုသည့် အသုံးအနှုန်းကို စတင် သုံးစွဲ လိုက်သည်။

ဆရာကြီး၏ “တာရာ” သည် လူထု၏ တော်လှန်ရေးအခန်းကဏ္ဍကို မှောင်ချဖုံးကွယ်ကာ နယ်ချဲ့အရင်းရှင်ကို အားပေးထောက်ပံ့ခဲ့သော စာပေဟောင်းကို အာခံယှဉ်နိုင်ခဲ့သည်။ ဆရာ၏ စာပေသစ်မှာ ဒီမိုကရေစီ သို့ ဦးတည်နေခဲ့သည်။

စာပေသစ်အယူအဆနှင့်ပတ်သက်၍ သူက “စာပေသစ်သည် လူထု၏ တော်လှန်ရေး အခန်းကိုဖော်ထုတ်ကာ လူထု၏ ဘဝကို ပြသသည်။ စာပေသစ်သည် လက်ရှိ လူမှု စနစ်ကို မကျေနပ်ဘဲ ရှေ့သို့ချီသည်။ တိုးတက်သည်” ဟု ဆိုသည်။

“စာပေသည် လူမှုဆက်ဆံရေး ပြဿနာများကို ဖြေရှင်းနိုင်ရမည်။ ပြည်သူ၏ လှုပ်ရှားမှုများကို ဖော်ထုတ် ပြသရမည်။ ပြည်သူ၏ စိတ်ကူးတွင် ကပ်ငြိစွဲလမ်းအောင် အနုပညာဖြင့် လှုံ့ဆော်နိုင်ရမည် ဟူသော စာပေသစ် တာဝန်ကို ထမ်းကြအံ့” ဟု ဆော်သြပြန်သေးသည်။

ဆရာကြီးက စာပေကိုသာ လေ့လာညွှန်းဆိုအဓိပ္ပာယ်ဖွင့်ဆိုနိုင်ခြင်း မဟုတ်။ သူနှင့် ခေတ်ပြိုင် ရုပ်ပုံလွှာများကို လှလှပပ သေသေသပ်သပ် ခြယ်သ မှတ်တမ်းတင်နိုင်သူ ဖြစ်သည်။ လူကို လေ့လာခြင်း ဟူသော ခေါင်းစဉ်ဖြင့် ၁၉၄၆ မှ ၁၉၅၅ အတွင်း တာရာ၊ ရှုမဝ၊ ဂန္ထဝင် ဂျာနယ်တို့တွင် ဖျတ်ခနဲ တွေ့ရသော ရုပ်ပုံလွှာများ ရေးခြစ်ခဲ့ သည်။

သခင်ကိုယ်တော်မှိုင်း၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်နု၊ သခင်သန်းထွန်း၊ သခင် ဗဟိန်း၊ သိန်းဖေမြင့် စသူတို့ကို တကွက်စီ ပုံဖော်ခြယ်မှုန်းခဲ့သည်။

မြန်မာစာပေတွင် “ရုပ်ပုံလွှာ” “ဖျတ်ခနဲ ရုပ်ပုံလွှာ” “လူကိုလေ့လာခြင်း” ဟူသော ဝေါဟာရများကို ဆရာကြီး ဒဂုန်တာရာက စတင်တီထွင်ခဲ့သည်ဟု ဆရာဇော်ဂျီက “ဖျတ်ခနဲ ရုပ်ပုံလွှာ” စာအုပ်အမှာစာတွင် ရေးသားခဲ့ သည်။ သို့ဖြစ်၍ ၁၉၅၅ ခုနှစ်တွင်ထုတ်ဝေဖြန့်ချိခဲ့သော ထိုစာအုပ်တွင် ဆရာဇော်ဂျီက “မြန်မာစာပေတွင် လူ့သမိုင်းရေးပုံရေးနည်း အသစ်တမျိုး တိုးလာပြီဟုပင် ဆိုနိုင်လေသည်” ဟု ရေးသားခဲ့ခြင်းဖြစ်သည်။

ရုပ်ပုံများကို ကလောင်သွားဖြင့် စာပန်းချီခြယ်မှုန်းရင်း အမျိုးသားရေး တာဝန်ကို အားပေးထမ်းဆောင်ခဲ့သူ ဖြစ်သည်။ စာအုပ်အမှာစာတွင် -

“အကယ်၍ ဤစာအုပ်သည် အမျိုးသား ညီညွတ်ရေးကို အားဖြည့်ပေးသော အမျှင်တမျှင်မျှ လူတို့၏ စေတနာကို သစ်ဆန်းလာအောင် လှုံ့ဆော်ပေးမည် ဆိုပါက သူ၏ နိုင်ငံရေး ရည်ရွယ်ချက်သည် တစိတ်တဒေသ ဖြည့်မည်ဟု ကျေနပ်ရပေမည်” ဟုရေးထား၏။

စာရေးဆရာအသင်း ဥက္ကဌ၊ ကမ္ဘာ့ ငြိမ်းချမ်းရေး ကွန်ဂရက် ဒုတိယဥက္ကဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ယနေ့ထိ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ ဝေဖန်ရေး စာများကို ရေးဖွဲ့နေဆဲဖြစ်သည်။ ဆရာကြီးသည် ယနေ့တိုင် စန္ဒရားကိုလည်း တီးခတ်ဆဲဖြစ်သည်။

စာပေ၏ တန်ဖိုး၊ လေးနက်မှု၊ ထိရောက်မှုကို သိနားလည်သူ ဖြစ်သည်နှင့်အညီ “စာပေဆိုသည်မှာ စက္ကူဖြူ ထက်တွင် အနက်ထင်၊ ကမ္ပည်းထိုးသည်ဖြစ်ရာ နှစ်ကာလ ကြာလေ ပျောက်မသွားဘဲ နှောင်းလူတို့က အကဲဖြတ်နိုင်လေ ဖြစ်သည်” ဟု သတိပေးထားလေသည်။

ထို့ကြောင့်လည်း ဆရာကြီးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်နေထိုင်သည့် စာရေးဆရာ မောင်သာမညက “မြန်မာစာပေအတွက် ခမ်းနားကြီးကျယ်လွန်းသည့် ထောက်တိုင်ကြီးတခု” ဟု တင်စားခြင်းဖြစ်မည် ထင်သည်။

ပိုလန်နိုင်ငံ ဝါဆောမြို့၌ ကျင်းပသော ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက်သို့ “Request to the White Pigeon” (ချိုးဖြူသို့ ပန်ကြားချက်) ကဗျာ တပုဒ်ကို တင်သွင်းပေးပို့ခဲ့သေးသည်။ ပြည်တွင်း ငြိမ်းချမ်း ညီညွတ်ရေးအတွက် လည်း “ကြာပန်းရေစင်” ဝတ္ထုဖြင့် တာဝန်ကျေခဲ့သည်။

“ဆရာက ပုဂ္ဂိုလ်ရေးကိုတင် မကြည့်ဘဲ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးကို ဦးစားပေးခဲ့တယ်။ ဒါကြောင့် ကျနော် ထောင်က စထွက်တဲ့နေ့က ပြောတဲ့စကားဟာ ဆရာကြီးရဲ့ ငြိမ်းချမ်းရေး စကားနဲ့ သဘောတူတူပါပဲ” ဟု ဦးဝင်းတင်က ဆိုသည်။

လတ်တလော ဗမာပြည်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး ပဋိပက္ခများ၊ ပြည်တွင်းစည်းလုံး ညီညွတ်ရေး ပြဿနာများကို ဆရာကြီးက စိုးရိမ်ပြီး သူ့ခေတ်တလျှောက် သူဖြတ်သန်း လုပ်ဆောင်ခဲ့သည့် နည်းအတိုင်း အကြမ်းမဖက်ရေးဖြင့် အဖြေရှာရန် အခါအားလျော်စွာ ထုတ်ဖော်ပြောကြားလေ့ ရှိသည်။

လက်နက်ကိုင် တော်လှန်ရေးနှင့်ပတ်သက်၍မူ ဆရာက “မှားတယ်မှန်တယ် ဆိုတာ ကျနော်တို့က ပြောဖို့ ခက်တယ်၊ သမိုင်းလမ်းကြောင်းမှာ မှားတယ် မှန်တယ်ဆိုတာကို နောက်လူတွေက ပြောပါလိမ့်မယ်” ဟု သူ့ သဘောထားကို ပြောပြသည်။

ထိုသို့ သူ့သဘောထားအမြင်များ၊ စိုးရိမ်စိတ်များကို မကြာခဏ ထုတ်ဖော်ပြောကြားလေ့ ရှိသောကြောင့် စစ်အစိုးရ အာဏာပိုင်များက ဆရာကြီးကို စောင့်ကြည့်ခြင်း၊ သူ့ စာပေများကို ပိတ်ပင်ခြင်း၊ စိစစ်ဖြတ်တောက် ခြင်း၊ အထူးသဖြင့် ပြည်ပရောက် မြန်မာမီဒီယာများနှင့် မဆက်သွယ်နိုင်အောင် တင်းကျပ်ပိတ်ပင် ကန့်သတ် ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

၁၉၄၈ ခုနှစ်ဝန်းကျင်က နိုင်ငံရေးလောကတွင် လက်ဝဲညီညွတ်ရေး ပျက်ပြားကာ အချင်းချင်း ကွဲပြဲ နေသည့် ကာလ၌ ဆရာကြီး၏ အရေးအသားကို စိတ်ကူးယဉ်စာပေသစ်၊ သရုပ်ပျက် စာပေသစ်ဟု ရေးကြသည်။

ဆရာကတော့ “စိတ်ကူးယဉ်စာပေဝါဒ (Romanticisms) ဆိုသည်မှာ တကယ့်ကို လူ့သဘာဝကနေ ကင်းကွာခြင်းမျိုး မဟုတ်ဘဲ ဘဝ၏ အလင်းနှင့် အမှောင် နှစ်ဘက်ရှိသည့်အနက် အလင်းဘက်ကို ကြည့်ခြင်း၊ ဘဝ၏ အလှနှင့် အကျည်းတန်နှစ်ဘက် ရှိသည့်အနက် အလှဘက်ကိုကြည့်ခြင်း သဘောသာ ဖြစ်သည်။ ယင်းသို့ ကျနော်နားလည်သည်။ စိတ်ကူးယဉ် အမြင်ဖြစ်သဖြင့် စိတ်ကူးယဉ် စာပေသစ်ဟု ဆိုလိုသည်” ဟု ဖွင့်ဆိုပြ ထားသည်။

သူ့ကို ဝေဖန်လာသည့် စာပေဝေဖန်ရေးသမား အားလုံးကိုလည်း ဒီမိုကရေစီဝါဒကို နှစ်သက်မြတ်နိုးသူပီပီ ပွင့်လင်းစွာ လမ်းဖောက်ပေးထားသည်။

“သမိုင်းဟူသည်မှာ မေ့ချန် ဖျောက်ဖျက်၍ ရသည်မဟုတ်ပေ။ ဝေဖန်ရေးသည် တိုင်းပြည်အတွက် အကျိုးရှိသော လုပ်ငန်းဖြစ်သည်။ ဝေဖန်ရေးရှိမှ တိုးတက်မည်ဟု ယုံကြည်မိသည်။ စာပေဝေဖန်ရေးသည် စာပေလောက အတွက် အကျိုးရှိသည်” ဟူ၍လည်း ဝေဖန်ရေးအလှကို ရှာဖွေပေးခဲ့သူဖြစ်သည်။

ဦးဝင်းတင်ကတော့ သူတို့လူငယ်ဘဝ ကတည်းကစပြီး ဆရာကြီးဒဂုန်တာရာ၏ စာပေနှင့် အတွေးအခေါ်များ သူ့အပေါ် လွှမ်းမိုးမှုရှိခဲ့ကြောင်း ဧရာဝတီမဂ္ဂဇင်းကို တယ်လီဖုန်းနှင့် ပြောကြားခဲ့သည်။

“ကျနော်သည် ဝတ္ထု၊ ကဗျာ စသော ရသစာပေတို့ကို ရေးရာတွင် မိမိ ခံစားမှုကို အသေးစိတ် ရေးခြယ်ချင်သည်။ ကျနော်သည် အရောင်၊ ရနံ့၊ အသံ၊ အထိအတွေ့ စသည်တို့ကို အသေးစိတ်ဖွဲ့နွဲ့တတ်သည်။ မျက်မြင် အာရုံ ရုပ်များကို ဖော်ပြရာတွင် အသေးစိတ်ပေါ်လွင်အောင် ဖွဲ့နွဲ့တတ်သည်။ ယင်းကိုရည်ရွယ်၍ ကျနော့်အဖွဲ့အနွဲ့ လွန်ကဲသည်ဟု မိတ်ဆွေတို့က ဝေဖန်ခဲ့ကြသည်။ ယင်းသို့ဝေဖန်သည်မှာ လွန်ခဲ့သော အနှစ် ၃၀ ကျော် ကတည်းက ဖြစ်သည်” ဟု ဆရာကြီးက သူ့အနုပညာသဘောထားကို ဖော်ပြရင်း ဝေဖန်ရေးကို ကြိုဆိုခဲ့၏။

အသက် ၈၄ နှစ်ရှိပြီဖြစ်သော သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းကလည်း ဆရာကြီး ဒဂုန်တာရာ၏ “မေ” ဝတ္ထုကို တက္ကသိုလ် ကျောင်းသားဘဝကတည်းက စွဲစွဲမြဲမြဲ ကြိုက်နှစ်သက်ခဲ့ကြောင်း အမှတ်တရ ပြောပြသည်။

“အဲဒီကတည်းက ဆရာကြီးက သိပ်အောင်မြင်ကျော်ကြားခဲ့တာ။ ကျနော်ဆို အဲဒီဝတ္ထုကို ၃၊ ၄ ခါ လောက် ဖတ်ခဲ့တာ” ဟု သခင်ချန်ထွန်းက ဆိုသည်။

ဆရာဦးဝင်းတင်က ဆရာကြီး ဒဂုန်တာရာကိုပေးခဲ့ဖူးသည့် Philosophy of revolution စာအုပ်ကို ဆရာကြီးက “နာဆာရဲ့ အိပ်မပျော်သော ညများ” အမည်ဖြင့် ဘာသာပြန်ခဲ့သည်။ “အဲဒီစာအုပ်ဟာ မတရား အာဏာသိမ်းတဲ့ အာဏာရှင်တယောက် ခံစားရတဲ့ စိတ်ဝေဒနာကို ပြချင်တာပဲ” ဟု ဦးဝင်းတင်က သူပေးခဲ့သည့် စာအုပ်နှင့် ပတ်သက်၍ အမှတ်တရ ပြောပြသည်။

ဆရာကြီးကတော့ ယခုထိတိုင် ဂုဏ်ပကာသနများကို မမက်မောဘဲ စာပေချစ်မြတ်နိုးသူ၊ ငြိမ်းချမ်းရေး၏ ပြယုဂ် အဖြစ် အေးငြိမ်းစွာ နေထိုင်ဆဲဖြစ်သည်။ ဆရာကြီး၏ အထူးခြားဆုံး ဂုဏ်ပုဒ်မှာ ရာထူး၊ ဂုဏ် ဆုတံဆိပ်များကို မမက်မောသူ၊ အခွင့်အရေးမယူသူအဖြစ် နှစ်ပေါင်းကြာရှည် ရပ်တည်ခဲ့သောကြောင့် ဖြစ်သည်ဟု ဆရာ မောင် သာမညက သုံးသပ်သည်။ ဆရာကြီးသည် နိုင်ငံတော်ကပေးအပ်သည့် ဆုတံဆိပ်ပေါင်းများစွာကို ငြင်းပယ် ခဲ့သူ ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်ကတည်းက ငြိမ်းချမ်းရေးဆိုသော ဆောင်ပုဒ်ကိုသာ လက်ကိုင်ထားသော ဆရာကြီး ဒဂုန်တာရာက သူ၏ အသက် ၉၀ ပြည့် မွေးနေ့အထိမ်းအမှတ်စကားအဖြစ်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍သာ ပြောကြားခဲ့သည်။

“အခုထိကော ရှေးတုန်းကကော ယုံကြည်တာ ငြိမ်းချမ်းရေးပဲ။ ငြိမ်းချမ်းရေးဆိုတာ ညီညွတ်ရေးရှိမှ ဖြစ်မယ်။ ညီညွတ်ရေးရမှ ငြိမ်းချမ်းရေးရမယ်” ဟူ၏။

ဆရာကြီးပြောသော “ရန်သူမရှိ၊ မိတ်ဆွေသာရှိ … ရန်သူကို မိတ်ဆွေဖြစ်အောင်လုပ်တာ” ဆိုသော စကားလုံး များကတော့ ယနေ့ စစ်မက်ထူပြောကာ ရန်လိုမုန်းထားမှုများနှင့် ပြည့်နှက်နေသည့် ကမ္ဘာကြီးတွင် ပဲ့တင်ထပ် မြည်ဟီးလျှက် ရှိနေပါသည်။


အလင်းဆက်

Monday, September 24, 2007

ရွှေဝါရောင်တော်လှန်ရေး (၂၅.၀၉.၂၀၀၇)

ဓာတ်ပုံ မူပိုင်ခွင့်များနှင့် ပတ်သက်၍

ယခုအခါတွင် ဘလော့ဂ် အတော်တော်များများတွင် သံဃာတော်များရဲ့လှုပ်ရှားမှု မှတ်တမ်များကို တွေ့မြင်ရပြီး နိုင်ငံတကာက မြန်မာ့နိုင်ရေး လေ့လာသူများအတွက် များစွာ အကျိုးရှိလှသလို မီဒီယာရေစီးကြောင်းအရလည်း လွန်စွာမှ သွက်လက်မြန်ဆန်လှပါတယ်။ ဒါတွေကတော့ ကောင်းတဲ့ အားသာချက်တွေပါ။

ကျွန်တော် ပြောချင်တာကတော့ အဲလို မြန်မာ့နိုင်ငံရေး စောင့်ကြည့်လေ့လာသူတွေ အတွက် အကျိုးရှိတဲ့ ပုံတွေဟာ တကယ်တော့ လွယ်လွယ်နဲ့ ရခဲ့ကြတာမဟုတ်ပါဘူး။ အဲဒီပုံတစ်ပုံရဖို့ ဓာတ်ပုံရိုက်သူဟာ သက်ဆိုင်ရာက ငါ့ကိုချောင်းကုတ်သွားမလား သံဃာတော်တွေကပဲ ကင်မရာကိုယူပြီး ပေါက်ချိုးလေမလား ထောက်လှမ်းရေးအဖွဲ့က လို့ထင်ပြီး ဘေးပတ်ဝန်းကျင်က ပရိတ်သတ်တွေက ၀ိုင်းသမကြလေမလား ဆိုတဲ့ အတွေးတွေ အန္ဒရာယ်တွေကြားကနေ အချိန် ငွေအား အကုန်ခံပြီး ရိုက်ကူးခဲ့ကြရတာပါ။ အဲဒီအတွက် ပထဆုံး အချိန်ကုန်ပါတယ်၊ ဒုတိယ အလုပ်ပျက်ပါတယ်။ ဒါပေမယ့် ရိုက်ကူးသူတွေမှာ အချိန်ကုန်တယ် အလုပ်ပျက်တယ်လို့တောင် မထင်မိပါဘူး။ သို့သော် အချိန်တွေ ငွေတွေ လုပ်အားတွေနဲ့ အခန့်မသင့်ရင် ထောင်ကျနိုင်တဲ့ အခြေအနေတွေကို ရင်းနှီးပြီး ရိုက်ကူးခဲ့ကြရတာပါ။

အဲလို အရင်းနှီးပေါင်းများစွာနဲ့ ရိုက်ကူးခဲ့ရပြီးမှ ကိုယ်ရိုက်ခဲ့တဲ့ ပုံတွေက နေရာတကာမှာ ပလူပျံနေအောင် ပေါပေါများများ တွေ့ရပါတယ်။ အဲလို ဓာတ်ပုံတွေ တင်ထားတဲ့ ဘလော့ဂ်တွေ မီဒီယာတွေမှာလဲ ရွှန်းရွှန်းဝေတဲ့ ချီးကျူးဂုဏ်ပြုသံ အားပေးသံတွေလည်း ညံနေပါတော့တယ်။

အဲဒီအပေါ်မှာ ကျွန်တော့်အနေနဲ့ ဘာမှ ပြောစရာမရှိပါဘူး။ ပြောစရာရှိတာက တချို့သော ဘလော့ဂ်တွေဟာ ကိုယ်တိုင်ပဲ ရိုက်ကူးခဲ့သလို ဘာလိုလိုနဲ့ မူရင်းပုံနဲ့ မတူအောင် ဖြတ်တောက်ပြီး တင်ကြပါတယ်။ ဘယ်လိုပဲ ဖြတ်ဖြတ် ဘယ်လိုပဲ ကတ်လုပ်လုပ် မူရင်းပုံပိုင်ရှင်ကတော့ ပုံရဲ့ရှုဒေါင့် ကိုကြည့်ရုံနဲ့ ကိုယ့်ပုံ ဟုတ်မဟုတ်ဆိုတာ သိပါတယ်။

အဲဒီမှာ ပုံရိုက်သူတွေခံစားရတာက ကိုယ်ကတော့ ထောင်နဲ့ရင်းပြီး ပိုက်ဆံတစ်ပြားမှ မရပဲ အများသူငှာကြည့်ပါစေတော့ ဆိုတဲ့ စေတနာနဲ့ ဖြနှ်ု့ဝေပေးတဲ့ပုံကို တခြားလူက သူရိုက်သလို ဘာလိုလိုနဲ့ ခပ်တည်တည်ကြီး ကောက်တင်ထားတဲ့ အခါမှတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါကတော့ ဓာတ်ပုံသမား တစ်ယောက်ရဲ့ခံစား ချက်ကိုပြောပြတာပါ။

ဒါကြောင့် ကျွန်တော့်ဘလော့ဂ်မှာ ဖော်ပြထားတဲ့ ပုံတွေကိုတော့ သုံးပါ။ ဒီဘလော့ဂ်လင့်က ရတယ်ဆိုတာကိုလဲ မပေးချင်နေပါ။ သို့သော် အဲဒီပုံကို ကိုယ်တိုင်ရိုက်ကူးခဲ့တာ မဟုတ်ဘူး ကိုယ်ပိုင်တာ မဟုတ်ဘူးဆိုတာ ကိုတော့ သိသာထင်ရှားအောင် ဖော်ပြပေးပါလို့ တောင်းဆိုချင် ပါတယ်။

ကျေးဇူးတင်ပါတယ်။

Sunday, September 23, 2007

ရွှေဝါရောင်တော်လှန်ရေး (၂၄.၀၉.၂၀၀၇)


ရွှေတိံဂုံဘုရားသို့ သံဃာများ စတင်ချီတက်စဉ်

ကြေးသွန်းဘုရားကြီးကို ရောက်တော့ နံနက်ဆယ်နာရီ ထိုးနေပြီ။ ကြေးသွန်း ဘုရား အ၀င်မှာ ထမင်းထုပ်တွေ ရေသန့်ဘူးတွေကို အထုပ်လိုက် အထုပ်လိုက် တွေ့ရတယ်။ ကျွန်တော် ဖိနပ်ကို အ၀င်ဝမှာ အပ်ပြီး ဘုရားထဲ ၀င်လာတော့ ဦးမောင်(ကျော်သူ) ပုတီးစိပ်နေတာကို တွေ့ရတယ်။ ပတ်ဝန်းကျင် ကြည့်လိုက်တော့ လူကတော့ ခပ်ကျဲကျဲပဲ။ နေကလည်း တော်တော်ကို ပူတယ်။ သုံးလေးရက်ဆက်တိုက် မိုးတောထဲမှာ ချဉ်းပဲနေလာလို့လား မသိဘူး ဒီနေ့မနက်မှာ ပုံမှန်ပူတဲ့ နေရောင်ကို ကြာကြမခံနိုင်ဘူး။ ဒီနေအတိုင်းသာ ဆိုရင် သံဃာတော်တွေ ဘယ်လို လုပ်ကြမလဲလို့ တွေးလိုက်မိတယ်။
ဦးမောင်(ခ) ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ ပုတီးစိပ်နေစဉ်

ကျွန်တော့်ကို အမျိုးသမီး တစ်ယောက်က ဖဲပြားလေတစ်ခု လာပေးတယ်။ အဲဒီဖဲပြားလေးက လိမ္မော်ရောင်ရှိပြီ အောက်ဘက်ကို ထောင့်ခွက်ပုံ ဖြစ်နေအောင် ကတ်ကြေးနဲ့ ကိုက်ထားတယ်။ သူများတွေကို ကြည့်လိုက်တော့လည်း အဲလို ဖဲပြားလေးတွေကို ရင်ဘတ်မှာ ထိုးထားကြတယ်။ အဲဒါကြောင့် ကျွန်တော်လဲ လူစိမ်းအမျိုးသမီး လာပေးတဲ့ ဖဲပြားလေးကို ရင်ဘတ်မှာ ထိုးထားလိုက်တယ်။

အဲဒီမှာ နာမည်ကြီးကဗျာ ဆရာတစ်ယောက်တော့ ပျားပန်းခတ် အလုပ်ရှုပ်နေတယ်။ ဦးမောင်ကတော့ ပုတီးစိပ်နေတုန်းပဲ။ နောက်တော့ လူတွေ တဖွဲဖွဲ ရောက်လာကြတယ်။ သိပ်မကြာဘူး ဇာဂနာတို့ ဖိုးဖြူတို့ ရောက်လာတယ်။ သူတို့ရောက်လာတဲ့ အချိန်မှာ ဦးမောင်က ပုတီး စိပ်ပြီးနေပြီ။

နောက်တော့ ဦးမောင်တို့ အုပ်စုက ခေါင်းဆောင်သူတွေ စုံတဲ့ အခါမှာ သံဃာတော်တွေကို ဆွမ်းကပ်ဖို့ ပြင်တယ်။ ဆွမ်းကပ်တဲ့ နေရာမှာတော့ သံဃာတော်တွေက ကြားတောရလမ်းကနေ ကြေးသွန်းဘုရားကြီး ထဲကို သင်္ကန်းသပ္ပယ်ပြီး ၀င်လာတဲ့ အခါမှာ လူတွေက ထမင်းထုပ်နဲ့ ရေဘူးကို ကပ်ကြတာဖြစ်တယ်။ အဲဒီလို ဆွမ်းကပ်ဖို့ အတွက် လူတွေက ဘုရားဝင်ပေါက်ရဲ့ လမ်းဘေးဝဲယာမှာ နေရာယူကြတယ်။ လူတိုင်းကိုယ်စီရဲ့ လက်ထဲမှာ ရေဘူးတစ်ဘူးစီနဲ့ ထမင်းထုပ် တစ်ထုပ်စီကို ထည့်ပေးထားတယ်။ ဘယ်သူမဆို သံဃာတော်တွေကို ဆွမ်းကပ် နိုင်အောင်လို့လေ။

သံဃာတော်များကိုဆွမ်းကပ်စဉ်
အဲဒီလို ကပ်လှုလိုက်တဲ့ ဆွမ်းတွေကို သံဃာတော်တွေဟာ ဘုရားထဲမှ အဆင်ပြေသလို ဘုန်းပေးရတယ်။ ကိုယ်တော် အများစုကတော့ အခင်းထိုင်စရာ ရှိပေမယ့် အချို့သော ကိုယ်တော်တွေကတော့ သံမံတလင်းမှာ ထိုင်ပြီး ဆွမ်းဘုန်းပေးရတယ်။ တကယ်တော့ သံဃာတော်တွေ အများစုဟာ သန်တုန်းမြန်တုန်း အရွယ်ဖြစ်တာကြောင့် လူလိုဆိုရင်တော့ စားကောင်းတဲ့ အရွယ်တွေပါ။ အဲလို သန်မာတဲ့ အရွယ်မှာ ဆွမ်းထုပ်လေးတစ်ထုပ်ဟာ တစ်နေ့လုံးစာ အဆာခံနိုင်တဲ့ ပမာဏ ရှိမှာတော့မဟုတ်ပါဘူး။ သို့ပေမယ့် တစ်ပါးကို တစ်ထုပ်ကျနဲ့ ရေတစ်ဘူးသာ ဘုန်းပေးခဲ့ရပါတယ်။
ဆွမ်းဘုန်းပေးနေသော သံဃာတော်အချို့

အဲဒီထဲကမှာ ခေါင်းဆောင်ဆရာတော် ၁၅ ပါးကိုတော့ ရှင်ဥပဂုတ် ကျောင်းဆောင်မှာ ဆွမ်းကပ်ခဲ့ပါတယ်။ အဲလို ဆွမ်းကပ်ရာမှာလည်း ဦးမောင်တို့ ဦးဇာဂနာတို့ ကိုယ်တိုင်သွားကပ်ကြပါတယ်။

အမျိုးသားရေးဦးဝင်းနိုင်၊ ဇာဂနာ

အပြင်ကို ထွက်လိုက်တော့ အမျိုးသားရေး ဦးဝင်းနိုင်ကို နိုင်ငံခြား သတင်းဌာန တစ်ခု အင်တာဗျူးလုပ်နေတာကိုတွေ့ရပါတယ်။ နောက်တော့ သိပ်မကြာလိုက်ဘူး ဆွမ်းစားပြီးတဲ့ သံဃာတော်တွေ အပြင်ကိုထွက်လာကြတယ်။ နောက်တော့ တန်းစီကြတယ်။ တန်းစီနေတုန်းမှာ ခေါင်းဆောင် ဆရာတော်တွေက စည်းကမ်း ချက်တွေကို ကြေငြာပါတယ်။ စည်းကမ်းချက် တွေအရ လိုက်ပါသူ မည်သူ့ကိုမျှ စာရွက်စာတန်း ကိုင်ဆောင်ခွင့် မပေးပါဘူး။ အကြမ်းဖက်ခွင့် မပေးပါဘူး။ အားလုံး စည်းကမ်းရှိရှိ လမ်းလျှောက် ကြဖို့ ဖြစ်ပါတယ်။ တန်းစီပြီး သွားတော့ ဘုရားပေါ်တက် သွားကြတယ်။ ဘုရားပေါ် တက်တဲ့ အချိန်မှာ နေ့လည် ၁၁ ကျော်ကျော်ပဲ ရှိပါသေးတယ်။ ကျွန်တော် ဘုရားပေါ် လိုက်မတက်တော့ဘူး ပြန်လာခဲ့တယ်။

ကျွန်တော်ကြားမိ လိုက်သလောက် သံဃာတော်တွေဟာ ရွှေတိံဘုရား အရှေ့မုဒ်ကနေတက်ပြီး မြေက်ဘက်မုဒ်ကဆင်းမယ် ပြီးတော့ မြေနီကုန်း အဲဒီက တစ်ဆင့် လှည်းတန်း အဲဒီကတစ်ဆင့် ရှစ်မိုင် ပြီးတော့ ကမ္ဘာအေး ဘုရား ကမ္ဘာအေး ဘုရားမှာ တော်တော်ကြာကြာ နားပြီး ဆူးလေကို ဆက်လက်ချီတက်ကြ မယ်လို့ ဆိုပါတယ်။

ညနေ သုံးနာရီလောက်မှာ သူငယ်ချင်းတစ်ယောက်က ဖုန်းလှမ်းဆက်တယ် ဆူးလေကို သံဃာတော်တွေ ရောက်လာပြီတဲ့။ အဲဒီ အချိန်မှာ မိုးက ရွာနေပြီ။ အဲဒါနဲ့ ကျွန်တော်လဲ ဆူးလေဘုရားကို အသည်းအသန် သွားခဲ့တယ်။ မြို့တော် ခန်းမရှေ့ရောက်တော့ သံဃာအုပ်လိုက်ကြီးဟာ မြို့တော်ခန်းမနဲ့ မဟာဗန္ဒုလ ပန်းခြံကြား မှာ ထိုင်နေကြတယ်။ ဘေးနားက လူပရိတ်သတ် အချို့ကလည်း သံဃာတော်တွေလိုပဲ ဆောင့်ဆောင့် ထိုင်ပြီး လက်အုပ်ချီထားကြတယ်။ ကျွန်တော် သေချာကြည့်လိုက်တော့ အခု အဖွဲ့ သတ်သတ်တစ်ဖွဲ့ ဖြစ်နေတယ်။ မနက်က ဦးမောင်တို့ ဆွမ်းကပ်လိုက်တဲ့ အဖွဲ့ မဟုတ်ဘူး။

ဒါပေမယ့် အခုဖွဲ့က သံဃာတော်ဦးရေက ပိုများမယ်လို့ ထင်မိတယ်။ ပြီးတော့ နောက်ဆုံးမှာ သီလရှင်တွေလည်း ပါလာတယ်။ အဲဒီမှာ ကျွန်တော့် စိတ်ထဲမှာ ဘ၀င်မကျတာ တစ်ခုက သံဃာတော်တွေ ဘေးနားက ခြံရံလိုက်ပါလာတဲ့ လူထဲတစ်ချို့ဟာ အရက်တွေ သောက်ထားကြတယ်။ တကယ်ဆိုရင် အဲဒါ မဖြစ်သင့်ပါဘူး။ တချို့က အနံ့တွေ ထောင်းထနေတယ်။ တချို့က မျက်လုံးကြီးတွေ နီလို့ရဲလို့။

အခုကျွန်တော် တွေ့နေရတဲ့ အဖွဲ့ကတော့ေ၇ွှတိံဂုံကနေ ချီတက်ခဲ့တာလို့သိရတယ်။ ဒီအဖွဲ့က နောက်ကျလို့ ဦးမောင်တို့ ဆွမ်းကပ်တဲ့ အဖွဲ့ကို မမှီလိုက်တာတဲ့။ စုံစမ်းကြည့်တော့ ဗိုလ်တစ်ထောင်ကို သွားမယ်တဲ့။ အဲဒါကြောင့် ကျွန်တော်မလိုက်တော့ဘူး ကမ္ဘာအေး ဘုရားက ဆင်းလာမည့် အဖွဲ့ကိုပဲ ဆူးလေကနေ စောင့်တော့မယ်ဆိုပြီး နေထားရစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအဖွဲ့ ဆူးလေမှာ တရားဟောဖို့ အစီစဉ်တွေပါ ပါတယ်လို့ ကြားထားလို့လေ။

နောက်တစ်နာရီ လောက်ကြတော့ အဖွဲ့တစ်ဖွဲ့ ထပ်ရောက်လာတယ်။ ထပ်ရောက်လာတဲ့ အဖွဲ့ကလည်း ရွှေတိံက စထွက်တာပဲတဲ့။ အဲဒီ အဖွဲ့လည်း ဆုဆောင် မေတ္တာပို့ပြီး ဗန္ဒလလမ်းအတိုင်း ဆက်ထွက်သွားတယ်။ ကျွန်တော်လည်း ဆူးလေမှာပဲ ဆက်စောင့်နေတယ် လိုက်မသွားဖြစ်လိုက်ဘူး။

စောင့်ရင်းရင်နဲ့ ညနေ ခြောက်နာရီ ထိုးသွားတယ်။ ကမ္ဘာအေးဘုရားကို တက်သွားတဲ့ အဖွဲ့က ရောက်မလာဘူး။ မိုးလဲချုပ်ပြီး လာနိုင်ဖွယ်ရာလည်း မမြင်တာကြောင့် ကျွန်တော် အိမ်ကိုပြန်ခဲ့လိုက်တယ်။

နောက်မှ သိလိုက်ရတာက အဲဒီအဖွဲ့ (ဦးမောင်တို့ဆွမ်းကပ်သောအဖွဲ့)က ကမ္ဘာအေး ဘုရားရောက်တော့ ညနေ ငါးနာရီ ထိုးခါနီးပြီ ဖြစ်တာကြာင့် အဲဒီမှာပဲ အဆုံးသတ်လိုက်တယ်လို့ သိရတယ်။

စက်တင်ဘာလ ၂၄ ရက်
Related Posts Plugin for WordPress, Blogger...