Thursday, March 28, 2013

ယာခရိုးမှာချိုးကူသံတွေ ညံစေချင်သည်အိုမြန်မာပြည်


 
လူသူကင်းမဲ့နေတဲ့ရွာတွေ……..

ကလေးတွေဘာသာဘာဝ 
ရယ်သံကင်းဆိတ်တဲ့ကျောင်းကလေး…..

ယာခရိုးကချိုးကလေးတွေကို
တကောင်ချင်းပစ်ချနေတဲ့လုပ်ရပ်တွေ…

တဦးမျက်ရည်ကို တဦးက
သွေးမတိတ်တဲ့ဒဏ်ရာနဲ့ သုတ်ပေးနေရတဲ့မြင်ကွင်းတွေ…..

ဆာလောင်မှု၊နာကျင်မှု၊
ရုန်းကန်မှု၊ထိတ်လန့်မှု၊
မျှော်လင့်ချက်မဲ့ မျှော်လင့်ခြင်းတွေနဲ့တို့ရဲ့သွေးချင်းများ….

ဒီတိုင်းပစ်ထားကြမလား…
တို့တွေဖေးကူကြမလား…

စစ်တလင်းဖြစ်အောင်တိုက်ဦးမလား 
ကဗျာပန်းခင်းဖြစ်အောင်ကြိုးစားကြမှာလား………
 
ချစ်ခင်လေးစားလျက်
ကြယ်နီ

No comments :

Post a Comment

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...