Thursday, May 31, 2012

ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာအတွင်း လက်နက်ကြီးများဖြင့်ပစ်ခတ်



ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ကျေးရွာအတွင်း ယနေ ၃၁.၀၅.၂၀၁၁ နေ့ ယခုည ၇း၀၀ လာက်မှ စပြီး တိုက်ပွဲဖြစ်နေပြီ။ယခုဒီပို့စ်ရေးနေချိန်မှာ လက်နက်ကြီးသံများ ကြားနေရဆဲဟု သတင်းရရှိရပါတယ်။
အမျိုးဖြစ်တဲ့ ဖားကန့်က ဦးလေးဆီဖုန်းဆက်ရင်းနဲ့က လက်နက်ကြီးပစ်သံများတောင် ကြားနေရပါတယ်။
လက်တစ်လောမှာလဲ ဖားကန့်မှာ ရေတွေကြီးနေပြီး ရွာသားတွေကလည်း ကြောက်လို့ ဘယ်ထွက်ပြေးရမှန်းမသိ ဖြစ်နေကြပါတယ်။

စစ်မီးကလဲ တောက် ၊မိုးလေးကလဲ တစ်ဖျောက်ဖျောက် ၊ လူတွေကလဲ တအားကြောက် ၊ မှော်ထဲမှာ စစ်ပွဲတွေက မှိုလိုပေါက် ၊ ဒီတစ်ခေါက်မှ ဒုက္ခမရောက် ၊ ငါး ပါးမှောက်ပြီ သေချာပေါက်ဗျို့ ။ 

မနေ့ကလည်း အဲဗားဝင်းနားကုမ္မဏီက ရေမဆေးကောင်လေးတစ်ယောက်ကို ကုမ္မဏီမြေဇာပုံမှာ ရေမဆေးကျောက်ရှာလို့ ဆိုပြီး ဝိုင်းဆော်လိုက်တာ သေသွားတယ်။(ရေမဆေး ဆိုတာ အစိုးရကျောက်စိမ်းရှာဖွေရေးကုမ္ပဏီတွေက စွန့်ပစ်လို့ ကျောက်စိမ်းဝင်းအပြင်က မြေစာပုံမှာ သက်စွန့်ဆံဖျား ကျောက်စိမ်းအကြွင်းအကျန်လေးတွေများ ရလေမလားဆိုပြီး လိုက်လံရှာဖွေတဲ့ ကလေးလေးတွေပါ။ )
သက်စွန့်ဆံဖျား ရေမဆေးသမားများဘဝ

ဒီစစ်ပွဲမျိုး ဖားကန့်ပတ်ဝန်းကျင်မှာ ဖြစ်နေကြတာ နှစ်ရက်ရှိနေပါပြီ။ သိန်းစိန်အစိုးရက အပြစ်အခတ်ရပ်စဲရေးလို့သာ ပါးစပ်ကပြောနေပေမယ့် အမှန်တကယ်တမ်း နောက်ကွယ်မှာ စစ်တပ်က ကချင်ကို တိုက်နေဆဲဖြစ်ပါတယ်။ အခုဆိုရင် အစိုးရစစ်တပ်က ကချင်ရွာတွေထဲဝင်ရောက်ပြီး တိုက်ပွဲဖြစ်နေတယ်လို့ သိရပါတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေအတွက် စားရေးနေရေး အတော်ကို ဒုက္ခရောက်ကြရပါတယ်။ စစ်တပ်က အပြစ်မဲ့ ပြည်သူတွေကို သူပုန်ဆိုပြီး သမုတ်ကာ ကချင်တိုင်းရင်းသားတွေကို ကချင်ရွာတွေမှာ မနေနိုင်အောင် တိုက်ထုတ်နေတဲ့ လုပ်ရပ်ကား တကယ့်ကို ရုပ်ဆိုးအကြည်းတန်စေပါတယ်။
 
ကျွန်တော် ဒီရွာကလေးကို ပြီးခဲ့တဲ့ ဇွန်လ၂၀၁၁ ခုကရောက်ဖူးခဲ့ပါတယ်။ ကျွန်တော်ရောက်တဲ့ အဲဒီအချိန်ကတည်းက ဒီဖားကန့်နယ်တစ်ဝှက်မှာ အခြေအနေမကောင်းပါဘူး။ ရိုးသားပွင့်လင်းတဲ့ နယ်ခံကချင်တိုင်းရင်းသားကလေးတွေကို သူတို့ရွာထဲမှာသူတို့ နေတာတောင် ဧည့်စာရင်းတိုင်ကြားခွင့်ကမရှိ။ ဘာကိုမှကို လုပ်ကိုင်စားသောက်ခွင့်ကိုမရဖြစ်နေကြရပါတယ်။ ကချင်မြေမှာ ကချင်လူမျိုးတွေကို ကချင်ရယ်လို့တောင် အသံထွက် မခေါ်နိုင်တဲ့အဖြစ် ရောက်နေပြီး တကယ်ကို လူ့အခွင့်အရေးများ ချိုးဖောက်ခံနေရပါတယ်။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ


၉နှစ်ပြည့်သွားသော ဒီပဲယင်း နိုင်ငံရေး လုပ်ကြံတိုက်ခိုက်မှု

ဒီပဲယင်း နိုင်ငံရေး လုပ်ကြံတိုက်ခိုက်မှု ထပ်မံ စုံစမ်းတွေ့ရှိချက်များ။

East Asia 2012 - A Conversation with Daw Aung San Suu Kyi

Sunday, May 27, 2012

၂၀၁၂ ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ




၂၀၁၂ ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည် အထူးဆုရှင် မဆုမိုင်၏ စွမ်းဆောင်ချက်များ မှတ်တမ်းရုပ်ရှင်




၂၀၁၂ ခုနှစ် တတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲ ဦးကျော်သူ စကားပြောကြားစဉ် 





မြန်မာနိုင်ငံအတွင်း မိမိကိုယ်ကျိုးကို မတွက်၊ မိမိတို့ရဲ့ အန္တရာယ်များကို မစဉ်းစားပဲ လူသားတို့၏အကျိုးကို လူမှုရေးစိတ်ဓာတ် အပြည့်အဝဖြင့် မိမိတို့ ကိုယ်စွမ်း ဥာဏ်စွမ်းရှိသလောက် ကြိုးပမ်းစွမ်းဆောင်နေကြတဲ့ လူမှုရေးစွမ်းဆောင်ရှင်များ၏ စွမ်းဆောင်ချက်များကို မြင်ရ၊ တွေ့ရ၊ ကြားသိရပြီး ကြက်သီးမွှေးညှင်းများပင် ထမိအောင်ကို ဝမ်းသာကြည်နူး ပီတိများဖြင့် ဂုဏ်ယူလေးစား အားကျမိရပါတယ်ခင်ဗျာ။

ပြည်သူဂုဏ်ရည်အဖွဲ့မှလည်း ထိုသို့  မြန်မာပြည်တွင်းရှိ အနှောင့်အယှက်အမျိုမျိုးကြားမှနေ လူသားဆန်စွာ လူအများအကျိုးကို ဆောင်ရွက်နေကြတဲ့ လူမှုရေးစွမ်းဆောင်ရှင်များကို ဖော်ထုတ်ကာ ဆုများချီးမြှင့်ခြင်းဖြင့် အားပေးဂုဏ်ယူပြုနေမှုများ ဆက်လက်ဆောင်ရွက်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါသည်။

ဆုပေးပွဲ အသေးစိတ်ကို ပြည်သူ့ဂုဏ်ရည် မှာ သွားရောက်ဖတ်ရှုနိုင်ပါသည်ခင်ဗျာ။
ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Peoples Vision (New York) စာစောင် May-June 2012

ပြည်သူ့အမြင် (နယူးယောက်) စာစောင် မေ-ဇွန် ၂၀၁၂ 

Saturday, May 26, 2012

ကျော်သူ့အရေခွံထဲမှ ကျော်သူ



တချိန်က..လဲ ကျော်သူ 
ယခု...လဲ ကျော်သူ
သူ့ရဲ့ အရေခွံတွေ လဲလိုက်တာတောင်မှ
သူ့နာမည်က ပြည်သူတွေကြား ရေပန်းစားလေရဲ့။

သူ့ရဲ့ စီးဆင်းမှုက ရေအသွင်လိုပါပဲ
ဘယ်နေရာကပဲပိတ်ပိတ်
စီးမြဲစီးဆဲ.....။
ဘယ်လောက်ပင် ဖြတ်တောက်
ပြတ်တောက်သွားတယ်လို့ မရှိဘူး
စီးမြဲစီးဆဲ.....။
ဘယ်တံတိုင်းတွေပဲကာထား ကာထား
ရပ်တန့်မသွားဘူး
စီးမြဲစီးဆဲ....။

သူ့လုပ်ရပ်တွေက
အလင်းရောင်လိုပဲ
ကိုယ်တိုင်တောက်ပနေဖို့ထက်
အလင်းမျှဝေဖို့သာ ကြိုးစားနေတယ်။

အတ္တ မာန ခဝါချလို့
အတိတ်မှာ ဖြစ်ခဲ့တဲ့ ငါလဲမရှိတော့ဘူး
အနာဂတ်မှာ ဖြစ်မဲ့ ငါလဲ မသိချင်ဘူး
ပစ္စုပ္ပန်တည့်တည့်က ငါ.....
ဘာတွေကို တပါးသူ...အတွက် လုပ်ပေးရမလဲ
ဘာတွေကို တပါးသူ...အတွက် ကူရမလဲ
ဒါတွေကိုပဲ သူခေါင်းထဲမှာ အစီအစဉ်အလိုက်
ဝါးမျိုချရင်းနဲ့ပဲ
အတ္တမဲ့ ပရဟိတတွေကိုပဲ
အစိမ်းလိုက် ဝါးမြိုနေလေရဲ့။

သေခါနီးလေ ဝေဒနာတွေပေါ်မှပဲ
သူ့နာမည်ခေါ် ကူညီဖို့တောင်းခံနေသူတွေက အများကြီး။
ကျော်သူ..ကျော်သူနဲ့ သူ့နာမည်က
တချိန်က ရုပ်ရှင်မင်းသား
ယခုတော့ သုဘရာဇာတဖြစ်လဲ
သူ့လုပ်ရပ်က မြင့်မြတ်နေတော့လဲ
အာဏာထောင်လွှား ဖောက်ပြားနေကြသူတွေတောင်
အချိန်တန်.... ယမမင်းဆီမရောက်သေးမှီ
သူဆီကိုတော့ အလုပ်အပ်ကြရစမြဲပဲလေ။

ချမ်းဧအိမ်

လျှပ်စစ်မီးအတွက်....ဆုတောင်းမှု

နယူးယောက်မြို့သို့ ခေတ္တရောက်ရှိနေကတဲ့ ဦးကျော်သူနှင့် မရွှေဇီးကွက် တို့ဇနီးမောင်နှံနှင့်အတူ နယူးယောက်မှ မြန်မာမိသားစုများမှ မြန်မာနိုင်ငံရှိ မြန်မာပြည်နိုင်ငံသားများနှင့်ထပ်တူ မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီးများ ပြန်လည်ရရှိရေးအတွက် ငြိမ်းချမ်းစွာ မိမိတို့၏ ရင်ထဲမှ ဆန္ဒများကို ဖော်ထုတ်ပြသခဲ့ကြပါတယ်။





Kyaw Thu's First Breakout -- Artistic Expressions from the Heart

"ကျော်သူရဲ့ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံပန်းချီပြပွဲ"


၂ဝဝ၇ ခုနှစ် စက်တင်ဘာလက မြန်မာပြည်မှာ ငြိမ်းချမ်းစွာလမ်းလျှောက်မေတ္တာ
ပို့ဆန္ဒပြခဲ့ကြတဲ့ ရွှေဝါရောင်တော်လှန်ရေးတုန်းက ရဟန်းတော်တွေကို ဆွမ်း၊ ရေချမ်းကပ်ခဲ့တဲ့ကိစ္စနဲ့ အဲဒီ ၂ဝဝ၇ စက်တင်ဘာလက စပြီး အမေရိကန်အလည်အပါတ်ရောက်လာတဲ့ထိတိုင်အောင် ကျနော့်(ကိုကျော်သူ) အနုပညာလုပ်ပိုင်ခွင့်တွေ အားလုံးကို ပိတ်ပင်ခံထားရဆဲဖြစ်ပါတယ်။ အဲဒါကြောင့် အခုကျနော်အမေရိကန်ကို အလည်ရောက်ခိုက်မှာ ကျနော့် နှလုံးသားနဲ့ ခံစားရေးဆွဲထားတဲ့ ပန်းချီကားတွေ လူထုကိုပြသခွင့်ရခြင်းဟာ ကျနော့်ရဲ့ ပထမဆုံးထွက်ပေါက် အနုပညာရင်ဖွင့်သံလို့ဆိုချင်ပါတယ်။

(ကျော်သူ)

(ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ ပန်းချီဆရာ၊ သုဘရာဇာ)


ပြခန်းဝင်ပေါက်ဝရှိ ဦးကျော်သူ၏ ဘဝအစိတ်အပိုင်းနှင့် သူ၏အနုပညာလုပ်ဆောင်မှု ပုံရိပ်များ
အနှိုင်းမဲ့

လောကဓံ
အဖြူထည်မိခင်မွေးဖွားခြင်း ၁၉ဇွန်
သဘာဝရဲ့ ဂါရဝ

အိုးဘားမား
အမေ့မွေးနေ့အမှတ်တရပန်းချီက ပြခန်းထဲမှာ ဝံကြွားထယ်ဝါလှပေါ့
ငြိမ်းချမ်းမှုအတွက် အငေးတစ်ချို့
မချောအိသိမ်းမှ အစီအစဉ်ကြေငြာနေခြင်း
ဦးကျော်သူမှ သူ၏ပန်းချီးကားများအကြောင်းနှင့် သူ့ခံစားချက်ရင်ဖွင့်သံ





သစ္စာဖောက် ၈၈ - ၁


September သာသနာ
လွတ်ငြိမ်းခွင့်




ပြခန်းအခင်းအကျင်းများ










ပန်းချီကားဓာတ်ပုံများကို ပြန်လည် ဖော်ပြခွင့်ပြုသော ဦးကျော်သူအား အထူးကျေးဇူးတင်ရှိပါသည်။ ဦးကျော်သူ၏ အနုပညာများနှင့် လူမှုရေးအကျိုးဆောင်မှုများ ဆက်လက်ရှင်သန်နိုင်ပါစေ....။


ချမ်းလင်းနေ
Related Posts Plugin for WordPress, Blogger...