Sunday, February 24, 2013

အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (အပိုင်း-၁)


မိတ်ဆက်
ဒီအခန်းမှာတော့ အာရှဖွံ့ဖြိုးမှုဘဏ်(ADB) ကနေ လတ်တလောမှာ ပြင်ဆင်ပေးနေ တဲ့ governance assessments တွေကိုမှီပြီး ကမ်ဘောဒီယား၊ လာအို၊ ထိုင်းနဲ့ ဗီယက် နမ်တွေမှာ အကျင့်ပျက်ခြစားမှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်နေတဲ့ လတ်တ လောတိုးတက်မှု ဖြစ်စဉ်တွေကို လေ့လာကြပါမယ်။ ဒီဖြစ်စဉ်တွေက နိုင်ငံတစ်နိုင်ငံ ချင်းစီသာမကပဲ ဒေသတွင်းမှာ အင်အားစုတွေ အချင်းချင်းပေါင်းစုပြီး ရှေ့ဆက်ဖြစ် ထွန်းလာမယ့် အားထုတ်မှုတွေကို ထောက်ကူပေးနေပါတယ်။ ဒီနိုင်ငံလေးနိုင်ငံက ခြ စားမှုတိုက်ဖျက်ရေး အားထုတ်မှုတွေဟာ မတူညီတဲ့ချဉ်းကပ်ပုံတွေကို အသုံးပြုတဲ့နေ ရာမှာ ဘယ်လိုအကြောင်းတရားတွေ ဖြစ်လာစေတယ်၊ ဘယ်လိုနောက်ဆက်တွဲ ဖြစ် ရပ်မျိုးတွေ ဖြစ်လာစေတယ်ဆိုတာကို နှိုင်းယှဉ်ဝေဖန်ကြည့်ဖို့ အင်မတန်စိတ်ဝင်စားစ ရာကောင်းတဲ့ ဒေသတွင်းဖြစ်စဉ်တွေ ဖြစ်လာသလို၊ တူညီမှုတွေကိုရော၊ ကွဲလွဲမှုတွေ ကိုပါ ထင်သာမြင်သာရှိလာစေခဲ့တယ်။

နောက်ခံအကြောင်း
ကောင်းမွန်တဲ့အစိုးရ၊ စီးပွားရေးဖွံ့ဖြိုးမှု၊ ဆင်းရဲမွဲတွေမှု လျော့ချရေး ဒီအကြောင်းအ ရာတွေနဲ့ ပတ်သက်လို့ debate တွေ လုပ်ကြတဲ့အခါမှာ လာဘ်စားမှုတိုက်ဖျက်ရေးက အခရာကျတဲ့ အချက်ဖြစ်လာနေတယ်။ ဒီဆောင်ရွက်မှုအတွက် တွန်းအားတွေက လည်း နေရာပေါင်းစုံကနေ ထွက်ပေါ်လာနေတယ်။ အကူအညီတွေနဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ တိုးတိုးပြီး စီးဝင်လာနေတာက ကတွတ်ပေါက်က စောင့်နေတဲ့ ဗျိုင်းတွေ အတွက် မက်လုံးတွေ ပိုတက်လာတယ်။ အရင်စစ်အေးကာလက အလှမ်းဝေးတဲ့ နိုင်ငံ တွေကို ပထဝီနိုင်ငံရေးအကျိုးအမြတ် တစ်ခုတည်းကိုပဲကြည့်ပြီး ငွေရေးကြေးရေးအရ မသမာမှုတွေလုပ်နေကြတာတွေကို မျက်စိတစ်ဖက် မှိတ်ပေးထားတဲ့ အခြေအနေမျိုး က ခေတ်ကုန်သွားပြီ။ အကူအညီပေးနေတဲ့ နိုင်ငံတွေက နိုင်ငံတကာအကူအညီပေး ရေးအေဂျင်စီတွေအပေါ်မှာ သူတို့ပေးလိုက်တဲ့ ပိုက်ဆံကနေ အမြင့်ဆုံးအကျိုးအမြတ် တွေ ပြန်ရနိုင်ဖို့ ဖိအားတွေပေးလာနေကြတယ်။ ပိုဆိုးတာက တစ်ချို့လက်တစ်ဆုတ် စာ အာဏာရှင်အုပ်စိုးမှုတွေမှာ ဆက်ပြီးတော့သာ လာဘ်စားမှုတွေကို အတားအဆီးမ ရှိ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပျံ့နှံ့ခွင့်ပေးထားမယ်ဆိုရင် နိုင်ငံရေးအရရော၊ လူမှုရေးအရပါ ပြိုလဲသွားကြမယ့် အန္တရာယ်တွေ ရှိနေတဲ့ဆိုတဲ့ အနုတ်သဘောဆောင်တဲ့ ဥပမာတွေ လည်း ပေါ်ထွက်လာနေတယ်။
ကုန်သွယ်မှု liberalization တွေ တိုးတက်လာနေတဲ့ ဒီခေတ်ကြီးမှာ နောက်ထပ်အ ကြောင်းရင်းခံတစ်ခုက ဒီဒေသမှာ ၁၉၉၇ ပတ်ဝန်းကျင်က ဖြစ်ခဲ့တဲ့ စီးပွားပျက်ကပ်ဟာ ငွေကြေးဈေးကွက်၊ ကော်ပိုရိတ်တွေနဲ့ အုပ်ချုပ်မှုဆိုင်ရာတွေမှာ ရှိနေတဲ့ပြဿနာတွေ ပေါင်းဆုံပြီးတော့ အဆက်မပြတ်ဖိနှိပ်ခံနေရတဲ့ ဖွဲ့စည်းပုံအရအားနည်းချက်တွေက ရုန်းကြွလာတာကြောင့် ဖြစ်ခဲ့ရတယ်ဆိုတာကို သတိထားမိလာတာလည်းပါတယ်။ အုပ်ချုပ်မှုအားနည်းချက်တွေက အရှေ့အာရှရဲ့ အခြေခံအုတ်မြစ်တွေကနေ ပျောက် ကွယ်သွားတာ နှစ်မနည်းတော့ဘူး။ အပြင်ကလာတဲ့ ကာလတိုကြွေးမြီတွေကိုသုံးပြီး ငွေကြေးကျောထောက်နောက်ခံ ပြုတာတွေ တိုးပွားလာနေတဲ့ macroeconomic framework တွေရဲ့ အထက်ကနေအောက် ဆက်ခံတတ်တဲ့ ပြိုကွဲလွယ်မှုဆိုတဲ့အ ချက်အပြင်ကို တစ်ဘက်မှာလည်း public/private co-operation တွေက လွှမ်းမိုးမှု တွေ၊ အခွင့်ထူးခံဆို တာတွေချည်းပဲ ရှိနေတဲ့ အတွင်းစည်းတွေထဲကို ပိုပိုဆိုးရွားစွာနဲ့ ကျရောက်သွားနေတဲ့ အပေါ်မှာ အပြင်ပန်းအရ တောင့်ခံထားရတာလည်း ရှိနေတာပဲ။ အဲဒါထက်ပိုတာက သာမန်ကြည့်ရုံနဲ့ မမြင်ရတတ်သလို၊ မကြာခဏလည်း မျက်စိလျှမ်း နေတတ်တဲ့၊ အစဉ်အမြဲတိုးပွားနေတတ်တဲ့ စီးပွားရေးဆိုင်ရာ ကုန်ကျစားရိတ်တွေ ရှိ နေတာပဲ။ ဒီကုန်ကျစားရိတ်တွေက ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုမရှိတာတွေ၊ နောက်တစ်ခါ လာဘ်စားမှုတွေကို ဘာမှပြန်မတုံ့ပြန်နိုင်ပဲ ခေါင်းငုံ့ခံနေရတာတွေကနေ ထွက်လာတာ။ အမှန်စင်စစ်မှာ rent-seeking နဲ့ private collusion ဆိုတာတွေကို စ နစ်ကြီးလည်ပတ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ချောဆီတွေအနေနဲ့ ရှုမြင်ရင်း ပေးကမ်း ခြင်းသည်အောင်မြင်ရာ၏ဆိုတဲ့ သဘောထားတွေ ပေါက်ဖွားနေတာပဲ။ အားနည်းချက် တွေက အစိုးရမှာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘဏ်စနစ်မှာ ကြီးကြပ်ဆောင်ရွက်မှုတွေ အား နည်းတာချည်းပဲဖြစ်ဖြစ် ရှိနေတာမဟုတ်ဘူး။ ပိုကြီးလေးတဲ့ ပြဿနာတွေဖြစ်တဲ့ private sector တွေ ကိုယ်နှိုက်ထဲက corporate governance တွေမှာပါ လိုက်ပြီး ရှိနေတာ။ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် အသံတိတ်နေတယ်၊ ပိတ်ဆို့တားဆီးခံ နေရတယ်၊ checks and balances တွေမှာ အားကောင်းတဲ့ ယှဉ်ပြိုင်မှုတွေ ပျောက် ဆုံးနေတယ်။
ဒီဒေသတွေက ပြည်သူတွေအနေနဲ့ နိုးကြားမှုတွေ ရှိလာနေတယ်။ အများရဲ့ယုံကြည် ကိုးစားမှုကို ကိုယ်ကျိုးစီးပွားအတွက် အသုံးချနေတဲ့ ဒီလိုယုတ်မာတဲ့ အလွဲသုံးစားမှု မျိုးကို ဆက်ပြီးသည်းမခံနိုင်ကြတော့ဘူး။ သတင်းလွတ်လပ်ခွင့်တွေ တိုးတက်လာတဲ့ အခါမှာ သတင်းသမားတွေအနေနဲ့ အုပ်ချုပ်သူတွေရဲ့ စည်းဖောက်တဲ့ ကိစ္စတွေကို ပို ပြီးလွတ်လွတ်လပ်လပ် ရေးသားခွင့် ရှိလာတယ်။ ပညာရေးနယ်ပယ်မှာ တိုးတက်မှု တွေရှိလာတာ၊ နိုင်ငံတွေအချင်းချင်း သတင်းအချက်အလက် စီးဆင်းမှု အားကောင်း လာတာတွေက တခြားနိုင်ငံတွေမှာ လုပ်နေကြတဲ့ လာဘ်စားမှုတိုက်ဖျက်ရေး ဆောင် ရွက်ချက်တွေကို ပြည်သူတွေအနေနဲ့ ပိုပြီးသတိထားမိလာသလို၊ ကိုယ့်တိုင်းပြည်ထဲမှာ ဖြစ်နေတဲ့ စနစ်တကျအနိုင်ကျင့် ခေါင်းပုံဖြတ်မှုတွေအပေါ် ပိုပြီးစက်ဆုတ်ရွံရှာလာကြ တယ်။ ခြစားမှုတိုက်ဖျက်ရေးအတွက် ရည်ရွယ်တည်ထောင်ထားတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGOs) တွေ ပေါ်ပေါက်လာတာက ပြဿနာကို လူမြင်သူမြင်မြင်ကွင်း ထဲ ရောက်လာစေသလို၊ လူတွေကို ပိုအာရုံစိုက်မိနေစေတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေက ဖွဲ့စည်းပုံကို ပြန်လည်တည်ဆောက်နေတဲ့နေရာမှာ ခိုင်မာတောင့်တင်းတဲ့ တိုးတက်မှုရလဒ်တွေ ရနေတဲ့ နိုင်ငံတွေအပေါ်မှာပဲ ဦးစားပေးရွေးချယ်နေကြတာမို့ ဒီ အချက်ကလည်း အထောက်အပံ့ဖြစ်လာစေတယ်။

အာရုံစိုက်ကြည့်ကြမယ့်နိုင်ငံတွေ
ကျွန်တော်တို့ ဒီအခန်းမှာ အရှေ့တောင်အာရှက နိုင်ငံလေးနိုင်ငံ၊ ကမ်ဘောဒီယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်ဆိုပြီး လေးနိုင်ငံ၊ကို လေ့လာကြပါမယ်။ ဒီနိုင်ငံတွေဟာ လာဘ်စားမှုတိုက်ဖျက်ရေးမှာ အမြင့်ဆုံးအဆင့်လိုအပ်ချက်တွေနဲ့ တိုက်ဖျက်ဖို့ လိုအပ် နေတဲ့ နိုင်ငံတွေပါ။ ဒီနိုင်ငံတွေက မဟာမဲခေါင်ဒေသရဲ့ အစိတ်အပိုင်းဝင် နိုင်ငံတွေ လည်း ဖြစ်ကြပါတယ်။ ၁၉၉၀ ခုနှစ်တွေကနေစပြီး ငြိမ်းချမ်းရေးတွေရလာသလို၊ အ ပြောင်းအလဲတွေကိုလည်း မြန်မြန်ဆန်ဆန်နဲ့ လုပ်ခဲ့ရင်းက လူနေမှုအဆင့်အတန်းနဲ့ အခြေအနေတွေ တိုးတက်လာခဲ့တယ်။ ဒါတောင် ၁၉၉၇ တုန်းက တစ်ခါပြန်ကျသွား သေးလို့။ ဥပမာအားဖြင့် မဲခေါင်ဒေသနိုင်ငံတွေဟာ ဝမ်းစာသပ်သပ် လယ်ယာလုပ်ငန်း ကို လုပ်ကိုင်နေကြရာကနေ ပိုပြီးအသွင်ကွဲပြားတဲ့ စီးပွားရေးတွေကို လုပ်ကိုင်လာကြ တယ်။ ပိုလွတ်လပ်တဲ့၊ ဈေးကွက်အခြေပြုတဲ့ စနစ်တွေပေါ်ပေါက်လာတယ်။ ဒီဟာတွေ နဲ့ တပြိုင်တည်းမှာပဲ ဒီမဲခေါင်ဒေသတွင်း နိုင်ငံတွေကြားမှာ နယ်စပ်ကုန်သွယ်ရေးတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ ရွှေ့ပြောင်းလုပ်သားတွေစတဲ့ စီးပွားရေးချင်း ဆက်သွယ်မှုတွေက လည်း တိုးပွားလာနေတယ်။ အဲဒါတွေအပြင်ကို သဘာဝသယံဇာတတွေ၊ အထူးသဖြင့် တော့ ရေအားလျှပ်စစ်ပေါ့၊ ဒါမျိုးတွေက စပြီးဖွင့်ဖြိုးလာရင်း၊ ဒေသတွင်းမှာ အခြေခံပြီး အသုံးတည့်လာကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဒေသထဲမှာ ရှိခဲ့တဲ့သဘောထားကွဲလွဲမှု တွေကြောင့် ဒီနိုင်ငံလေးနိုင်ငံရဲ့ စစ်ရေးအင်အားဟာ ကြီးမားကျယ်ပြန့်သလို၊ တိုင်း ပြည်ရဲ့အရေးပါတဲ့ အခန်းကဏ္ဍတွေမှာ ရပ်တည်နေနိုင်တဲ့ အခွင့်အရေးကောင်းတွေကို လည်း ဆုတ်ကိုင်ထားနိုင်ကြတယ်။
ဒီ ပြောင်းလဲနေတတ်တဲ့ factor တွေဟာ ဒေသတွင်းမှာ အုပ်ချုပ်မှုတွေကို ဖော်ဆောင် ဖို့ ပင်မစိန်ခေါ်မှုတွေအဖြစ် ရပ်တည်နေကြတယ်။ ၁၉၉၅ မှာ အာရှဖွံ့ဖြိုးမှုဘဏ်က အုပ်ချုပ်မှုအပေါ်မှာ သူတို့ရဲ့ရပ်တည်ချက်ကို သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ကောင်း မွန်သောဖွံ့ဖြိုးရေးစီမံခန့်ခွဲမှုဆိုတဲ့ ပေါ်လစီအပေါ်မှာ မူတည်ပြီး ရပ်တည်လာခဲ့တယ်။ ဒီကောင်းမွန်သော ဖွံ့ဖြိုးရေးစီမံခန့်ခွဲမှု ပေါ်လစီဆိုတာမှာ အုပ်ချုပ်မှုဆိုတာကို ဘယ် လိုအဓိပ္ပာယ်ဖွင့်ထားလဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုရေးနဲ့ ဖွံ့ဖြိုးမှုအတွက် စီးပွား ရေးရင်းမြစ်တွေကို စီမံခန့်ခွဲတဲ့နေရာမှာ အာဏာကို အသုံးပြုမှုဖြစ်တယ်လို့ အဓိပ္ပာယ် ဖွင့်ပေးထားတယ်။ ဒီပေါ်လစီမှာပဲ ကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်ဆိုတာအတွက် လို အပ်ချက်လေးခုကို တစ်ခါထပ်ပြီး သတ်မှတ်ပေးထားပြန်တယ်။ တာဝန်ယူမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ ကြိုတင်မှန်းဆနိုင်မှု၊ ပွင့်လင်းမြင်သာမှုဆိုပြီး လေးခုသတ်မှတ်ထား တယ်။ နောက်ပိုင်းမှာတော့ ADB က လာဘ်စားမှုဆန့်ကျင်ရေး ပေါ်လစီဆိုပြီး ၁၉၉၈ မှာ ထုတ်ပြန်ပြန်တယ်။ အဲဒီထဲမှာ လာဘ်စားမှုဆိုတာကို ပြည်သူနဲ့သက်ဆိုင်တဲ့ (ဒါမှမ ဟုတ်) ပုဂ္ဂလိကနဲ့သက်ဆိုင်တဲ့ ရုံး၊ အဖွဲ့အစည်း၊ အာဏာတွေကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြုခြင်းလို့ အဓိပ္ပာယ်သတ်မှတ်ထားတယ်။
ဒီနိုင်ငံတစ်နိုင်ငံချင်းစီရဲ့ ကနဦးအခြေအနေမှန်ကို မြင်နိုင်ဖို့အတွက် ADB အနေနဲ့ governance assessments တွေကို အရင်စမ်းသပ်ကြည့်ရတယ်။ ဒီလိုစမ်းသပ်တဲ့နေ ရာမှာ အရင်တစ်ချိန်က ADB နဲ့ တခြားအလှူရှင်တွေက လှူဒါန်းလိုက်တဲ့ ငွေကြေးစ တာတွေကို ဘယ်လောက်အထိ ထိထိရောက်ရောက် အသုံးချခဲ့တယ်ဆိုတာကို နောက်ကြောင်းပြန်ကြည့်တာပဲ။ အဲဒီကနေ အနာဂတ်မှာကြုံရနိုင်တဲ့ အုပ်ချုပ်မှုကို စိန် ခေါ်နေနိုင်တဲ့ အချက်တွေကို ပြန်ပြီးဖော်မြူလာထုတ်ကြည့်ကြတယ်။ ဒီလို governance assessments တွေ လုပ်တဲ့အခါမှာလည်း ကမ္ဘာ့ဘဏ်၊ ကုလသမဂ္ဂဖွံ့ ဖြိုးရေးအစီအစဉ်၊ တခြားအလှူရှင်တွေ စသဖြင့် အားလုံးစုပေါင်းပြီး လုပ်ကြရတယ်။ ဒါ မှလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ အလုပ်တစ်ခုတည်းကိုပဲ ထပ်ပြီးလုပ်မိနေတာမျိုး မရှိတော့ပဲနဲ့၊ ပိုပြီးစုစည်းပြီး အချက်အလက်ခိုင်မာတဲ့ စမ်းစစ်ချက်မျိုး ရလာနိုင်မယ်။ နောက်သို့ လော၊ သို့လောအချက်တွေလည်း ပပျောက်သွားမယ်။ ADB ရော၊ ကမ္ဘာ့ဘဏ်ရောက အခုအချိန်မှာ သူတို့ရဲ့ ရှားရှားပါးပါး လျော့ပေါ့သတ်မှတ်ပေးတဲ့ ရင်းမြစ်ထုတ်ချေးတာ တွေကို performance allocation systems တွေက ထွက်လာတဲ့ ရလဒ်တွေပေါ်မူ တည်ပြီး ချေးငှားလာကြတယ်။ အခုကိစ္စမှာဆိုရင် ADB က ထုတ်ချေးနေတဲ့ Asia Development Fund ပေါ့၊ အုပ်ချုပ်ရေးယန္တယား တစ်ခုနဲ့တစ်ခုကို နှိုင်းယှဉ်ကြည့်ရ တာ ခက်ခဲမှုတွေ အများကြီးရှိတယ်ဆိုဦးတော့ ဒီအဖွဲ့အစည်းတွေက ဒီစနစ်ကိုပဲ ဆက်ပြီး အသုံးချနေကြတယ်။ အခုဒီအခန်းမှာ ကျွန်တော်တို့ GMS နိုင်ငံတွေထဲက လေးနိုင်ငံကို ဦးတည်ပြီး စဉ်းစားကြမယ်။ ဒီအထဲမှာမှ သုံးနိုင်ငံ (လာအို၊ ကမ်ဘောဒီး ယား၊ ဗီယက်နမ်)က Asia Development Fund ကနေ ငွေချေးထားသူတွေ။ ၂၀၀၂ ခုနှစ်အခြေအနေကို ပြောရရင် ဒီနိုင်ငံတွေကို ဒီ Fund ကနေ ထုတ်ချေးမယ့် ငွေပမာ ဏက အဲဒီနိုင်ငံတွေမှာ ရှိနေတဲ့ governance indicators က ပြပေးနေမယ့် performance အပေါ် မူတည်ပြီး ထုတ်ချေးပေးသွားမှာ။
ဒီအရှေ့တောင်အာရှနိုင်ငံ လေးနိုင်ငံရဲ့ assessments တွေထဲမှာ ADB အနေနဲ့ အစိုးရ တစ်ခုချင်းစီတိုင်းရဲ့ အာမခံချက်တွေဟာ ဘယ်လောက်အားကောင်းတယ်ဆိုတာကို စုံ စမ်းယူတယ်။ ဒီလိုစုံစမ်းတဲ့နေရာမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ပုံရှိရဲ့လား၊ macroecono-mic နဲ့ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ ကောင်းမွန်ရဲ့လား၊ ပူးပေါင်းပါဝင်မှုတွေ ကောင်းမွန်ရဲ့လား၊ ဆင်းရဲမွဲတေမှု လျော့ချရေးပေါ်လစီတွေ ရှိရဲ့လား၊ လူထုအ ထောက်အကူပြု ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက် ဖြန့်ဝေနိုင်ရဲ့လား၊  စာချုပ် စာတမ်းတွေကို ထိထိရောက်ရောက် လိုက်နာတာတွေ လုပ်ရဲ့လား၊ ရပိုင်ခွင့်တွေကို ကျကျနနစီမံခန့်ခွဲပေးရဲ့လားဆိုတာတွေကို ကြည့်ပြီးတော့ ဆန်းစစ်တယ်။ တိုင်းပြည် တစ်ခုမှာ ဆင်းရဲတဲ့သူတွေက အခြေခံဝန်ဆောင်မှုတွေမှာ public sector တွေဖြစ်တဲ့ ဒေသန္တရကျန်းမာရေးဆေးခန်းတွေ၊ အစိုးရကျောင်းတွေ၊ တရားရုံးတွေ၊ ရဲဌာနတွေကို များများစားစား မှီခိုအားထားလာရတဲ့အခါမှာ အားနည်းတဲ့ အုပ်ချုပ်ပုံတွေက ဒီဌာန တွေအပေါ် သက်ရောက်မှုအများဆုံး ဖြစ်လာတယ်။ ADB ရဲ့ လေ့လာချက်အရ ဆင်း ရဲမွဲတွေမှုလျော့ချရေးအတွက် မဟာဗျူဟာစီမံကိန်းတွေမှာ၊ “ကောင်းမွန်တဲ့ အုပ်ချုပ်ပုံ တွေဟာ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးပေါ်လစီတွေနဲ့ ကောင်းမွန်အကျိုးရှိတဲ့ macro-economic management တွေကို လွယ်ကူချောမွေ့စေတယ်”ဆိုတဲ့ အချက်ကို အဓိ ကတိုင်ထားပြီး စဉ်းစားလာကြတယ်။
၁၉၉၇ ခုနှစ်ကစလို့ လာဘ်စားမှုတိုက်ဖျက်ရေးအပါအဝင် structural reforms တွေ ကို အမှန်တကယ် အောင်မြင်အောင် အလုပ်နိုင်ဆုံးနိုင်ငံတွေကသာ ဒေသတွင်းစီးပွား ရေးအရ အောင်မြင်မှုအရှိဆုံး နိုင်ငံတွေဖြစ်လာတယ်ဆိုတာကို ထင်ရှားသည်ထက် ထင်ရှားလာနေတယ်။ ဥပမာပြောရရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာဆိုရင် အစိုးရပိုင် enterprise တွေနဲ့ civil service employment တွေကို ခွဲခြားပစ်လိုက်တယ်။ စစ်တပ် ကိုကြတော့ စီးပွားရေးလုပ်ငန်း တော်တော်များများကနေ အတင်းအကျပ်ဖယ်ရှား တယ်။ အစိုးရရဲ့ revenues တွေကို GDP ရာခိုင်နှုန်းရဲ့ တစ်ဝက်နီးပါးအထိ တက်လာ အောင် တိုးယူလိုက်တယ်။ တောင်ကိုရီးယားမှာတော့ ဘဏ်စနစ်နဲ့ ကုမ္ပဏီကြီးတွေမှာ ကြီးကြီးမားမားကို ထူထောင်ရေးတွေ လုပ်ယူခဲ့တယ်။ ဒီနှစ်နိုင်ငံစလုံးဟာ လာဘ်စားမှု တိုက်ဖျက်ရေးမှာ ပြင်းပြင်ထန်ထန်ကို ကိုင်တွယ်ခဲ့ကြသလို၊ အခုအချိန်အထိ ဒီကိစ္စကို အလေးအနက် ထားကြဆဲပဲ။ ဒီလိုထူထောင်ရေးလုပ်ငန်းတွေရဲ့ ရလဒ်က ဒီနိုင်ငံတွေ မှာ စီးပွားရေးစွမ်းဆောင်ရည်က သူတို့ရဲ့အိမ်နီးချင်းနိုင်ငံတွေထက် အများကြီးပို ကောင်းလာတာပဲ။
ဒီအခု အရှေ့တောင်အာရှ လေးနိုင်ငံမှာလည်း လာဘ်စားမှုတိုက်ဖျက်ရေးကို လုပ်ဖို့ တာစူနေကြပြီ။ ဒီလိုလုပ်တဲ့နေရာမှာ public administration တွေကို ပိုပြီးတောင့်တင်း အောင်လုပ်တာ၊ အသုံးစားရိတ်တွေကို စီမံခန့်ခွဲတာ၊ တိုင်းပြည်ထဲမှာရှိတဲ့ ဥပဒေဆိုင် ရာ framework တွေကို ပိုပြီးအားကောင်းလာအောင် ထောက်ပံ့ပေးတာ စသဖြင့်နည်း လမ်းတွေနဲ့ လာဘ်စားမှုကို တိုက်ဖျက်လာနေပြီ။ ဒီလိုတိုက်ဖျက်ရာမှာ ထိရောက်စေဖို့ က public organization တွေအားလုံးက ပေါ်လစီတွေ၊ procedure တွေနဲ့ Plan တွေ ချမှတ်ရာမှာ လူထုအကျိုးစီးပွားကို ကာကွယ်ပေးနိုင်မယ့် safeguard တွေကို တစ်ခါ တည်းထည့်ပြီး ချမှတ်ပေးလိုက်ဖို့ လိုအပ်တယ်။ ဒီအတွက် လုပ်နေကြတဲ့ အခြေအနေ တွေက ဒီနေ့ဒီအချိန်အထိတော့ သေချာရေရာမှု မရှိသေးဘူး။ တစ်ချို့နိုင်ငံတွေက တစ်ချို့နိုင်ငံတွေထက် ပိုအခြေအနေကောင်းတယ်။ တစ်ခါနိုင်ငံတစ်နိုင်ငံတည်းမှာကိုပဲ ဒေသတစ်ခုထက် တစ်ခုက ပိုပြီးသာတာတွေလည်း ရှိတယ်။

(Poe C) 
အပိုင်း ၂ ကို ဒီမှာ ဆက်ဖတ်ပါ။


အရှေ့တောင်အာရှတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ခြင်း (PDF version)

Monday, February 18, 2013

ဆရာဇာဂနာ ၏ သုံးသုံးလီတစ်ဆယ်

ဆရာဇာဂနာ ၏ သုံးသုံးလီတစ်ဆယ် (၁၃၇၄) ခုနှစ် စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ မြင်းခြံမြို့။ ၂၃၊ ဒီဇင်ဘာလ၊ ၂၀၁၂

Tuesday, February 5, 2013

အာဇာနည် ဗိမာန်ဘွဲ့

နန်းမြို့တည်ရန်
မှန်းလို့ရည်ကာသန်တဲ့
ညီလာခံ ဗိုလ်ရှုပွဲတွင်မှ
ထိုထိုလူ့ခပဲကိုမကြည်ညိုတဲ့
ဝသီလို တဖြေးဖြေးရူးမဟဲ့လို့
တနွေးနွေး မူးမူးပြီး
ခွေးဘီလူးလိုအကောင်မိုက်တွေက
သြော် အမှောင်စရိုက်ကယ်နှင့်
ပြောင်ပြောင်ဘဲမိုက်မပေါ့လို့
ဗြောင်ကိုက်သဟာမှာ ယာယီတြာအချိန်နဲ့
ဇာတာမှိန်လို့မို့၊ ဂဏာမငြိမ် တာဝတိန်ယွန်းကြပေါ့
ဖြေမကြည် နေရီတော့လွမ်းစေဘို့
မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော်ရွမ်းချိန်မို့
အစွမ်းကုန် သည်တခါဖြင့်
ပြည်ရွာ ညီညာဘို့ အလုပ်ပေပါ့
သုဿန် တံခွန်စောင်းရရှာတဲ့
ရုပ်အကျန်ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည်ဗိမာန်ပုထိုးကိုဖြင့်
ပါရမီအဓိဋ္ဌာန်တမျိုးရယ်နှင့်
ရှိခိုးကာဆရာကန်တော့ချင်ရဲ့
မြန်မာမတော့ ပူစရာဘို့
တဗျူဟာ အောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့
သောင်ကမ်းမို့မို့ဆီက
ဖောင်နန်းကူးတို့နှင့်
အကြေဒဂုန်တည်းဟူသော ရေစုန်မျောလေရဲ့
သြော် တောင်နန်းမြောက်နန်း
အဆောင်ကြငှန်းနဲ့
အခေါင်မမြန်းရခင်က
အောင်ပန်းညို့ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြော။

ဆရာကြီး သခင်ကိုယ်တော်မှိုင်း

Wednesday, January 30, 2013

Aung San Suu Kyi Special Speech Korea

Special Speech (Yuna KIM & Aung San Suu Kyi) LiveStream Version 2013 PyeongChang Special Olympics Opening Ceremony

Friday, January 11, 2013

မရေရာခြင်းများ



 ........ မရေရာခြင်းများ .............

လူတချို့ရဲ့..........
ဘ၀တွေ၊
အနာဂတ်တွေ ကိုနင်းပြီး........
လူတချို့နန်းတော်တည်ဆောက်တယ်
ကိုယ်ချင်းစာမှုဆိတ်သုဉ်းတဲ့ 

ဒီလိုညစ်ညမ်းတဲ့လောကထဲ
 မေတ္တာတရားဟာယောင်လည်လည်နဲ့ 
သစ္စာတရားဟာလည်း အမှောင်မှာတိတ်ဆိတ်နှုတ်ဆိတ်နေလေရဲ့............. 
နက်ဖြန်တခုမှာ 
အလင်းရောင်တွေဖြာကျဖို့............... 
ဘဝတွေ.......
ဘယ်လောက်စတေးဖို့လိုအပ်နေသေးလဲ။

ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေ
 
 ရေထဲကိုချလိုက်တဲ့ စစ်သင်္ဘောတွေ 
ကုန်းပေါ်ကအလုံးအရင်းနဲ့တင့်ကားတွေ
အဲဒါတွေက 

ကမ္ဘာတ၀ှမ်းမှာရှိနေတဲ့.........
ကလေးတွေရဲ့ မျက်ရည်ကို 
သုတ်ပေးဖို့မဟုတ်ဘူး။
ဆာလောင်မှုကို
ဖြေသိမ့်ပေးဖို့ .........မဟုတ်ဘူး 
နာကျင်မှုလျော့ပါးစေဖို့ ........... မဟုတ်ဘူး
ပျော်ရွှင်မှုကို ဖန်တီးပေးဖို့မဟုတ်ဘူး..........
အနာဂတ်တွေကို ရက်စက်စွာ စတေးပစ်နေတာပါ ...............။

Saturday, January 5, 2013

ဟာရီကိန်းမုန်တိုင်းစန္ဒီအတွက်အရေးပေါ်အခြေအနေများကြားမှ “ပန်းခရမ်းပြာ၏အိပ်မက်များ” အစီအစဉ် ပြည်သူ့ဂုဏ်ရည်အသင်း နယူးယောက်ဌာနခွဲတွင်ကျင်းပပြီးစီး

“ပြည်သူ့ဂုဏ်ရည်အသင်း” ကတာဝန်ခံစီစဉ်ကျင်းပတဲ့ “ပန်းခရမ်းပြာ၏အိပ်မက်များ” လို့အမည်ပေးထားတဲ့ ရန်ပုံငွေရှာဖွေပွဲကို အောက်တိုဘာလ ၂၈ ရက် တနင်္ဂနွေနေ့က နယူးယောက်မြို့မှာ ကျင်းပပြီးစီးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်းကို ဝင်ရောက်တိုက်ခတ်တော့မယ့် ဟာရီကိန်းမုန်တိုင်း စန္ဒီ အတွက်အရေးပေါ် အခြေအနေတွေကြောင့် မြို့တွင်းသယ်ယူပို့ဆောင်ရေး ဘတ်စ်ကားများ၊ မြို့ပတ်ရထားများ အသွားအလာ ရပ်ဆိုင်းခါနီး ဖြစ်နေချိန်၊ မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကိုင်နေကြတဲ့ကြားထဲက နယူးယောက်မြို့သူမြို့သား ၂၀၀ ကျော် တက်ရောက် အားပေးခဲ့ကြပါတယ်။
ဒီ ရန်ပုံငွေရှာဖွေပွဲကို ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများနဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခများကြောင့် အခက်အခဲကြုံတွေ့ နေရတဲ့ လူမှုဒုက္ခများကို တတ်အားသရွေ့ဝိုင်းဝန်းကူညီကြရန်အတွက်ကျင်းပခဲ့တာဖြစ်ပြီး မြန်မာပြည်တွင်းမှာ လူမှုရေးလုပ်ငန်းများကို ထဲထဲဝင်ဝင် ဆောင်ရွက်နေကြသော နာရေးကူညီမှုအသင်း (ရန်ကုန်)က ဒုဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရာသက်ပန်အသင်းဝင်များ ဖြစ်ကြတဲ့ တေးရေးဆရာ ကိုရဲလွင် နဲ့ တေးရေးတေးဆို ကိုဆောင်းဦးလှိုင်တို့ကို “ပြည်သူ့ဂုဏ်ရည်အသင်း” က တာဝန်ခံဖိတ်ခေါ်၍ ပူးပေါင်းကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ပထမပိုင်းအစီအစဉ်ရန်ပုံငွေဈေးရောင်းပွဲမှာ အလှူရှင်ဈေးဆိုင်ပေါင်း ၂၀ ကျော်က စေတနာအပြည့်အဝဖြင့် အားဖြည့်ကူညီခဲ့ပါတယ်။ ဒုတိယပိုင်း အစီအစဉ်အစမှာ ကိုဝင်းမင်းဦးဆောင်တဲ့ နယူးယောက်မြို့ခံ Exit တေးဂီတအဖွဲ့က မေတ္တာဖြင့် အားဖြည့်ကူညီ တီးခတ်ဖျော်ဖြေ ပေးခဲ့ပါတယ်။
ဒုတိယပိုင်းအစီအစဉ်တွင် အခမ်းအနားမှူး မမေသီခက “ပြည်သူ့ဂုဏ်ရည်အသင်း”၏ “ပန်းခရမ်းပြာ၏အိပ်မက်များ” အစီအစဉ် အကြောင်း ရှင်းလင်းတင်ပြခဲ့ပြီး တေးရေးဆရာ ကိုရဲလွင်၊ ဆရာမဒေါ်သန်းမြင့်အောင် နဲ့ တေးရေးတေးဆို ကိုဆောင်းဦးလှိုင် တို့က မြန်မာပြည်တွင်း လုပ်ကိုင်ဆောင်ရွက်နေသော ပရဟိတလုပ်ငန်းများ၊ မြန်မာပြည်တွင်းလက်ရှိအပြောင်းအလဲများ နှင့် ပတ်သက်၍ ထင်မြင်ယူဆချက်များကို ဆွေးနွေးဟောပြောသွားခဲ့ကြပါတယ်။ ဆက်လက်၍ ကချင်အမေရိကန်အသင်း (The Kachin American Assocation - KAA) က ကိုယ်စားလှယ် တဦးဖြစ်သူ ကိုတူးဆန် နဲ့ ရခိုင်အမျိုးသားအသင်း (World Arakanese Organization – WAO) က ကိုယ်စားလှယ်တဦးဖြစ်သူ ကိုဇော်ဇော်ထွန်းတို့က ကျေးဇူးတင်စကား အသီးသီးပြောကြားသွားခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။
အခမ်းအနားအပြီးတွင် ကိုရဲလွင်နဲ့ ကိုဆောင်းဦးလှိုင်တို့က တက်ရောက်လာသော ပရိသတ်များနှင့်အတူ တေးသီချင်းများ သီဆိုခဲ့ကြပါတယ်။
“ပန်းခရမ်းပြာ၏အိပ်မက်များ” ဆိုတဲ့အမည်ကိုတော့ မြန်မာပြည်ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းကိုဖြတ်သန်းခဲ့တဲ့ မျိုးဆက်တခုကို ရည်ညွှန်းတဲ့အနေနဲ့ရော၊ အမိမြန်မာပြည်ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများအားလုံးရဲ့အရေး၊ မြန်မာပြည်ဒီမိုကရေစီ အရေးတို့ကိုပါ ရည်ညွှန်းတဲ့အပြင် “ပန်းခရမ်းပြာ” သီချင်းကိုရေးစပ်ခဲ့သူ၊ မြန်မာပြည်တွင်းမှာ ပရဟိတလုပ်ငန်းများနဲ့ ငြိမ်းချမ်းရေးအတွက် နှစ်မြုပ် လုပ်ကိုင်နေသူ ကိုရဲလွင်ကို ဂုဏ်ပြုတဲ့အနေနဲ့ပါ ပြည်သူ့ဂုဏ်ရည်အသင်းက ရွေးချယ်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဒီအစီအစဉ်ကို “ပြည်သူ့ဂုဏ်ရည်အသင်း”၏ ဌာနခွဲများတည်ရှိရာ မေရီလန်း၊ ဖလော်ရီဒါ၊ ဆန်ဖရန်စစ္စကို၊ လော့အိန်ဂျလိစ်၊ အရီဇိုးနား၊ လက်စ်ဗေးဂတ်၊ အော်ရီဂွန် နဲ့ Salt Lake City တို့မှာ ကျင်းပသွားမှာဖြစ်ပြီး ရရှိတဲ့ရန်ပုံငွေများကို နာရေးကူညီမှုအသင်း (ရန်ကုန်) နဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တို့ကတဆင့် လှူဒါန်းသွားမှာဖြစ်ပါတယ်။    ။

Friday, January 4, 2013

ဒီမိုကရေစီဆိုသည်မှာ........

မျိုးချစ်ငြိမ်းချမ်းရေးအဖွဲ့ချုပ်
      PATRIOTIC LEAGUE FOR PEACE
 ဒီ မို က ရေ စီ
 DEMOCRACY

 ဒီမိုကရေစီဆိုသည်မှာ…ပြည်သူ့ အကျိုးအတွက်

 ပြည်သူ့ ကိုယ်စားလှယ် များပါဝင်သော ပြည်သူ့အစိုးရက

 အုပ်ချုပ်ခြင်းဖြစ်သည်။ ပြည်သူ့တို့က အုပ်စိုးခြင်းဖြစ်သည်။

 စစ်မှန်သော ဒီမိုကရေစီကို အမှန်တကယ် မြတ်နိုး လိုလားသူတိုင်း............
  • DISCIPLINE                စည်းကမ်းရှိပါ
  •  
  • EQUITY                      တရားမျှတမှုရှိပါ

  • MORALITY                ကိုယ်ကျင့်သိက္ခာစောင့်ထိန်းပါ

  • ORGANIZATION         ညီညွတ်စွာပူးပေါင်းဆောင်ရွက်ပါ

  • CITIZEN                    နိုင်ငံကြီးသားပီသပါ

  • RELIGION                 မိရိုးဖလာဓလေ့ထုံးစံဘာသာတရားကိုင်းရှိုင်းလိုက်နာပါ

  • ABILITY                မိမိစွမ်းရည်သတ္တိကိုထက်မြက်အောင်ဆောင်ရွက်လျက်အပြည့်အ၀အသုံးချပါ

  • CHIEF                      ထကြွ နိုးကြား သနား သည်းခံဝေဖန်ထောက်ရှုခြင်းဂုဏ်အင်္ဂါပြည့်ဝအောင်ကျင့်ဆောင်ပါ     

  • YOUTH                     အတွေးအခေါ်နှင့် လုပ်ဆောင်ချက်များ အစဉ် နုပျိုတက်ကြွနေပါ
   
 ဒီမိုကရေစီလိုလားသူတိုင်း အထက်ပါဂုဏ်အင်္ဂါ ၉-ပါးနှင့်ပြည့်စုံအောင် လိုက်နာကျင့်သုံး နေထိုင်ကြရန် အရေးကြီးသည်။
         
 ထိုဂုဏ်များနှင့်ပြည့်စုံသော ညီညွတ်သော သူကိုသာပြည်သူ့ကိုယ်စားလှယ် ခေါင်းဆောင်အဖြစ် ရွေးချယ် ရမည်ဖြစ်သည်။

 အမိနိုင်ငံနှင့်လူမျိုးအတွက် ဒီမိုကရေစီရှင်သန်ထွန်းကားစေရန်(DEMOCRACY) ဂုဏ်အင်္ဂါ ၉-ပါးနှင့်ြ ပည့်စုံ သော ခေါင်းဆောင်ကောင်းကို ရွေးချယ်မိကြဖို့ အထူးသတိပြုကြစေလိုပါသည်။                                                                                  
                                                                                                                 May BePeaceful
                                                                                                                 ငြိမ်းချမ်းကြပါစေ                            

Thursday, January 3, 2013

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်

Video ဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား လိုချင်တာယူလို့ရတယ် ...
➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP


➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace
✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg

➤ LearningScience.org
✤ Link: http://is.gd/te9NqS

➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO
Related Posts Plugin for WordPress, Blogger...