၂၀၁၁ခုနှစ် ဇွန်လအစပိုင်းမှာ ကျွန်တော် ဇနီးသည်နှင့်အတူ သူ့အမျိုးများရှိရာ
ကချင်ပြည်နယ် မိုးကောင်းမြို့သို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ရန်ကုန်မှ မန္တလေးကို ကားဖြင့်လည်းကောင်း၊
မန္တလေးမှ ကချင်ပြည်နယ် မိုးကောင်းသို့ တလမ်းတည်းသော မီးရထားဖြင့်လည်းကောင်း ရထားတတန်
ကားတတန်ဖြင့် ရောက်ရှိခဲ့ပါသည်။
မန္တလေးမှ မနက် ၄နာရီမှ စထွက်လားခဲ့သော မြစ်ကြီးနားရထားသည် နောက်တနေ့မနက်
၂ နာရီမှ မိုးကောင်းဘူတာသို့ ၂၂ နာရီကြာအောင် စီးပြီးမှ ရောက်ရှိပါသည်။ မိုးညှင်းနှင့်
မိုးကောင်းကြားတွင် မြစ်ဆုံစီမံကိန်းကြောင့် တာတမံများကျိုးပျက်ကာ ရထားလမ်းဘေးတစ်လျောက်ရှိ
လယ်ကွင်းများ၊ လူနေအိမ်များ ရေလွမ်းမိုးကာ ပျက်စီးနေသည်ကို ညဘက်မှ လအလင်းရောင်ဖြင့်
ခြောက်ခြားတုန်လှုပ်ဖွယ် မြင်နေရပါသည်။
၂၀၁၁ခုနှစ် ဇွန်လ ၁၆ရက်နေ့က မနက်လေးနာရီလောက် ထပြီး လိုင်ဇာသို့သွားရန်
ပြင်ဆင်နေစဉ် ဒိုင်းကနဲမြည်သောဧရာမ ပေါက်ကွဲသံကြီးကို ကြယ်လောင်စွာကြားလိုက်ရသည်။ ပေါက်ကွဲသံနှင့်အတူ
မြေကြီးများပင် တုန်ခါသွားသဖြင့် ပေါက်ကွဲအားပြင်းကြောင်း သိသာလှသည်။ မနက်မိုးစင်စင်လင်းအောင် စောင့်ရင်း မနက် ၇း၀၀ နာရီလောက်တွင်
မိုးကောင်း ဘူတာအနီးတဝိုက်စုံစမ်းတော့ နမ္မတီးတံတားဗုံးပေါက် တယ်လို့သိရပါတယ်။ ဒီလိုဗုံးတွေပေါက်လိုက်၊
မြစ်ဆုံစီမံကိန်းကြောင့် ရေတွေကြီးလိုက်၊ စစ်ဖြစ်လိုက် နဲ့ကချင်ပြည်နယ် တခုလုံးရစရာကို
မရှိ လောက်အောင်ဖြစ် နေပါပြီ။
ကေအိုင်အေ (KIA) စစ်ဌာနချုပ် လိုင်ဇာမှာ တိုက်ပွဲစဖြစ်နေပါတယ်။ အခုဆိုရင်
ပန်ဆိုင်းကြူကုတ် နယ်တဝိုက်မှာ အစိုးရတပ်တွေနဲ့ ကချင်ကေအိုင်အေတပ်(KIA) တိုက်ပွဲတွေ
ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။ ဖားကန့်သို့ သွားသည့်ကားခကို တစ်ယောက်၂သောင်းကျပ်ဖြင့်
အစမတန်ပေးပြီး စီးခဲ့ကြရပါသည်။ ဘာကြောင့်ကားခဈေး ကြီးသလဲဆိုတော့ အစိုးရတပ်တွေ ဖားကန့်မှာ
အခြေဆိုက်လာယူနေလို့ ဒေသခံ ယာဉ်မောင်းတစ်ဦးကပြောပါသည်။ ဆန်ကြမ်းတစ်ပြည်ကို ၁၄၀၀နဲ့
စားနေကြတာပါ ကချင်တွေစားတဲ့ ထမင်းက ဆန်ကြမ်း ဆီမပါ၊ အချိုမှုန့်မပါ ဟင်းနဲ့ငါးပိထောင်း
မှိုထောင်းကို ငြုပ်သီးစပ်စပ် ဖြင့် မြိန်ရေယှက်ရေ စားသောက် ကြပါသည်။
ကချင်ပြည်နယ် ဗန်းမော်မြို့ ဒေါ့ဖုန်းယန်းမှာ မြန်မာစစ်တပ်နဲ့ KIA တပ်တွေ တိုက်ပွဲတွေဖြစ်နေပါတယ်။ ဒါကိုဘယ်သတင်းငှာနကမှ တိတိကျကျ ဖော်ပြခြင်း
မရှိသေးပါ။ ကချင်ဒေသမှာ လျှို့ဝှက်စစ်ပြည်တွင်းစစ်တွေဖြစ်နေတာကို ယနေ့အချိန်အထိ အစိုးရက
ငြိမ်းချမ်းအောင် မလုပ်ဆောင်နိုင်သေး ပါဘူး။ သူတို့ရဲ့ တဇွတ်ထိုး စီမံကိန်းလို့ ဆိုရမယ့်မြစ်ဆုံစီမံကိန်းကြောင့်
ကချင်ပြည်နယ် လူထုတရပ်လုံး ရေဘေးနဲ့ ဝမ်းရောဂါကပ် ဆိုးကြီးကို ခံစားနေ ရပါတယ်။
ဒီလိုကျွန်တော်တို့ တိုင်းရင်းသားတွေ ဒုက္ခမျိုးစုံကို ရင်စီးပြီး ခံနေရတာဟာ
နအဖ အစိုးရရဲ့ လျှစ်လျူရှူမှူ အသုံးမကြမှူ ခွဲခြားဆက်ဆံမှူပဲမဟုတ်ပါလား။ အဲဒီအစိုးရက
ဆိုးဝါးတာက အစိုးရတပ်က ကချင်ဆိုရင် ကေအန်အေပဲဆိုပြီး စွပ်စွဲတယ်။ ဖမ်းဆီးတယ်။ ကချင်ပြည်နယ်မှာ
ကချင်လူမျိုးတွေကို ဧည့်စာရင်း မပေးဘူး။ ကချင်ပြည်နယ်မှာ ကချင်နာမည်တွေတောင် မသုံးရဲ၊
မခေါ်ရဲကြဘူး။ ဘာလို့လဲ ဆိုတော့ အစိုးရစစ်တပ်က ပေါ်တာစွဲ ခံရမှာကြောက်လို့ ပါတဲ့။ ကချင်ရွာသားတွေရဲ့
ထွေလာဂျီတွေ ၊ ကားတွေကို စစ်ကြောင်းနဲ့ စစ်ရိက္ခာ၊
စစ်လက်နက်များ သယ်ဆောင်ရန် အတင်းအကြပ် အသုံးပြုကြတယ်။ အပြစ်မဲ့ ရွာသားဒေသခံတွေကိုတော့
စစ်သုန့်ပန့် အဖြစ်အသုံးခြခြင်း ခံရပါတယ်။
ကျောက်စိမ်းထွက်တဲံ့ မြေမှာမြေသား
ရေသားကိုက စိမ်းနေတာပဲ ဘယ်ကျောက်ကို ကောက်လိုက် ကောက်လိုက် စိမ်းဖန့်ဖန့် နဲ့ အဲဒီလောက်
ဘုရားသခင် ဖန်းစင်းပေးထားတယ်လို့ တောင်ပြောလို့ရအောင် ကျောက်စိမ်းမြေပါပဲ ဒီလောက်သံယံဇာတတွေကို
ရန်ကုန်အထိရောက်အောင် သယ်ယူနိုင်ပြီး ကချင်ပြည်နယ် ကလမ်းတွေကိုလကမ္ဘာ ပေါ်ကမြေသားလိုဂျိုင့်ဝှမ်း
ခြောက်ကမ်းပါးတွေနဲ့ အမေဇုံတောထဲ မှာလား ထင်ရလောက်အောင် လမ်းပန်းဆက်သွယ်ရေး ကြမ်းတမ်းအောင်လုပ်ထားတယ်။
အသားကိုယူ အသွေးကိုစားတဲ့ နအဖရဲ့ မတရားတဲ့မှားယွင်းတဲ့ စစ်အုပ်ချုပ်ရေးဟာ
ဘောင်းဘီမှပုဆိုးပြောင်းဝတ်တဲ့ ဝါဒကြောင့်မဟုတ်ပါလား။ ဇွန်လ၉ရက်နေ့ကတည်းက စဖြစ်လိုက်တဲံစစ်
ဒီနေ့အထိ အတောမသတ်နိုင်သေးဘူး။ ကျွန်တော် အရမ်းသိချင်ပါတယ် ဘယ်သူများဒီ စစ်ပွဲတွေကို
ပြီးဆုံးအောင် လုပ်ပေးနိုင်မလဲလို့ ဒီလိုအခြေအနေမှာကျွန်တော်က ဘယ်သူ ဘယ်ဝါကလုပ်နေတယ်ဆိုတာ
တိုက်ရိုက်မပြောချင်ဘူး။ တိုင်းပြည်ကို ငြိမ်းချမ်းအောင် အရင်လုပ်ကြပါ။
မြန်မာနိုင်ငံရဲ့ မြောက်ဘက်မှာ သွေးချောင်းတွေ စီးနေပြီ။ ဘယ်တော့များမှ ငြိမ်းချမ်းမှာလဲ။
ပြီးတော့ ကချင်ပြည်နယ် မိုးရာသီတိုင်း
ရေကြီးမှူ ပြဿနာကို နှစ်စဉ် ကြုံတွေ့နေရသည်မှာ မြစ်ဆုံစည်မံကိန်းစတင်ခဲ့တဲ့ ၂၀၀၄ ခုနှစ်လောက်ကတည်းကစပြီး
ပစ္စည်းဆုံးရှုံးမှုများ လမ်းပန်းဆက်သွယ်ရေးမကောင်းမှူ မလိုအပ်ဘဲ သေဆုံးမှူ တွေကများနေပါသည်။
ကချင်ပြည်သူတွေက ဆန်ကြမ်းနဲ့ မှိုချိုးမျှစ်ချိုးစား သောက်နေရပါတယ်။ စာသင်ကျောင်းတွေဟာလဲ
အမိုးမလုံအကာမရှိနဲ့ ဆင်းရဲချို့တဲ့စွာ ပညာသင်ကြားနေရ ပါတယ်။ ဘာလို့ဒီလိုဒေသဖွင့်ဖြိုးမှူတွေ
ကိုမလုပ်ပဲ မြို့တော်သစ် နေပြည်တော်ဆိုပြီး တောခေါင်ခေါင် တစပြင်မှာ ဒေါ်လာသန်းပေါင်း
များစွာအကုန်ခံ ပြည်သူ့ဘဏ်နာငွေတွေကို စစ်အစိုးရ
တဖြစ်လဲ နအဖ အစိုးရက အလွဲသုံ့းစားလုပ် နေကြပါတယ်။
ကွက်ကြားမိုး ဆိုတာတကယ် ပဲရှိပါတယ်။ စီးပွားရေးပဲလုပ်လုပ် ပညာရေးပဲဖြစ်ဖြစ်
နေရာတကာမှာ အကပ်မပါရင်မပြီးတဲ့ခေတ်ကြီးမှာ ဘယ်သူကိုသွား ကပ်ရမှာလဲ။ ရိုးသားလှတဲ့ကချင်လူမျိုးတွေမှာ
ဟိုပြေးဒီပြေးနဲ့ ကေအန်အေကိုလဲ မပြောရဲ။ စစ်တပ်ကိုလဲ ကြောက်ရနဲ့ သနားစရာကောင်းလောက်
အောင်ပါဘဲ ပိုက်ဆံလိုချင်ရင်တော့ ဖားကန့်ကိုတက်သွား မှော်ထဲသွား ရေမဆေးကောက်ကြ သည်ကံကောင်းလျှင်တော့
သိန်းသန်းနဲ့ချီပြီး ချမ်းသာသွားနိုင်သည်။ ဒါပေမယ့် အခန့်မသင့်ရင်တော့ ခဲမှန်ပြီးခြေထောက်ကြိုးသွားနိုင်သည်။
ဒီလိုရေမြေကြမ်းတမ်းတဲ့ ဒေသမှာ ပညာကမတတ်တော့ ဒီသဘာဝဘေး အန္တရာယ်ကို ဘယ်လိုကာကွယ်ရမယ်
ကိုယ့်ကိုယ်ဘယ်လို ဂရုစိုက်ရမယ်ဆို တဲ့ကျန်းမာရေး အသိပညာအားနည်းမှူတို့ ကြောင့် ငှက်ဖျားရောဂါဆိုးကို
ကချင်ပြည်နယ်နေ လူတိုင်းခံစားနေရပေသည်။
ကျွန်တော်လဲ ကချင်ပြည်နယ်မှ အပြန်လမ်းတစ်လျှောက် အတွေးများစွာပြည့်လျှံလျက်
ရသများစွာကို ခံစားကာ ဒီစာကိုရေးသားရခြင်းဖြစ်ပါတော့သည်။ ကျွန်တော့်ရဲ့ စာမှာဆောင်းပါးလဲမဟုတ်
ဝတ္ထုတိုလဲမဟုတ်တော့ ပရိတ်သတ်ကို ရသအပြည့်မပေးနိုင်တာကိုတော့ တောင်းပန်ပါတယ်။ ဒါတွေဟာတကယ့်ဖြစ်ရပ်တွေပါလို့
ကျွန်တော် ဒီတခုပဲပြောနိုင်ပါတယ်။ ဒီအကြောင်းအရာတွေကို နိုင်ငံခြားမှာအနေများတော့ ကြားဖူးယုံပဲပေါ့
အခုကိုယ်တိုင်ထိတွေ့ခံစားရသော တစ်လကျော်ကျော်မှာ ကျွန်တော့်အတွက် မြန်မာနိုင်ငံသား
တိုင်းရင်းသားကချင်လူမျိုးများရဲ့ လူ့အခွင့်အရေးတွေ အချိုးဖောက်ခံနေရတာ၊ စစ်အစိုးရရဲ့
ဖိနှိပ်ချုပ်ချယ်မှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရတော့ အလွန်တရားမှပင် ဝမ်းနည်းခံစားရပါသည်။
ကချင်လူမျိုးတွေကဲ့သို့ပင် တခြားသော မြန်မာပြည်သား တိုင်းရင်သားတွေလည်း ပြည်ထောင်စု မြန်မာနိုင်ငံဟူသော အမည်တပ်ထားသော နိုင်ငံထဲတွင် အဆင့်အတန်းနှင့် လူမျိုးရေးခွဲခြားခံနေရမှု၊
ဖိနှိပ်ချုပ်ချယ်မှုများ ဘယ်လောက်တောင်မှ ခံနေရသလဲဆိုတာ သူတို့တွေ ကိုယ်စား ကျွန်တော်
ပြန်လည်ခံစားမိပါတော့သည်။
No comments :
Post a Comment
မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။