Saturday, October 6, 2012

အဲသည်လောက်ကြီးလဲ မဖားကြနဲ့ ဦးလေ.......

အဲသည်လောက်ကြီးလဲ မဖားကြနဲ့ ဦးလေ။
လေးစားကြပါ။ စစ်တပ်ထဲကနေ သည်လိုလူမျိုး
ထွက်လာဖို့ ခက်ခဲလို့  - ဒါပေမဲ့ ကချင်ကစစ်ပွဲတွေ
ခရိုနီတွေလယ်သိမ်းတာတွေ ဘင်္ဂလီကျူးကျော်မူကို
သမတကြီး ပြတ်ပြတ်သားသားရှင်းဖို့  ခွန်အားထပ်ပေး
ဖို့ လိုနေပါသေးတယ် -

မြန်မာတွေကလည်း ဗိုလ်ချုပ်ပြောသလို သိပ်ပြီးတော့
တက်ထောင်ချင်တယ်။ ဖားနေတာလားကြောက်လို.ကြိုတာလား မကောင်းတတ်လိုကြိုနေတာလား စဉ်းစားစရာများတယ်ကွာ (လှည်.ကွက်တွေ ။မာယာတေ၊ွအပိုတွေ၊အိုဗာတွေ၊ွပရိယာယ်တွေ)အကွက်ရိုးတွေပါ...။

ကချင်ကစစ်ပွဲတွေ.......၊ ခရိုနီတွေလယ်သိမ်းတာတွေ....၊ ဘင်္ဂလီကျူးကျော်မူကို သမတကြီး ပြတ်ပြတ်သားသားရှင်းဖို့  ခွန်အားထပ် ပေးကိုပေးရမယ်။ မလုပ်ပေးရင် တစ်နိုင်ငံလုံး ဆန္ဒပြသင့်တယ် .......။

'စစ်အစိုးရလက်ထက်က နှစ်ဦးသဘောတူ ကြိတ်ပြီးတော့ ရေးခဲ့တဲ့ စာရွတ်ပေါ်က သဘောတူညီချက်တွေကို ကျွန်တော်ကို တိုင်းသူပြည်သားများက မျက်စိမှိတ်ပြီးတော့ သဘောတူလက်ခံမှာ မဟုတ်ဘူးဆိုတာ အားလုံးကိုရှင်း ရှင်းလင်းလင်း ပြောထားခဲ့ပါမယ်။ ဖွံ့ဖြိုးမှုကို မငြင်းပယ်ပါဘူး။ သို့သော် အဲဒီဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ ဘာတွေ ပေးဆပ်ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရင် အကြောင်းအရာ တစ်ခုချင်းစီအလိုက် စီမံကိန်း တစ်ခုချင်းစီအလိုက် ရွေးချယ်ခွင့် ရှိရပါမယ်။ အဲဒီဒေသခံပြည်သူတွေရဲ့ သဘောထားတွေ သူတို့ဆန္ဒတွေ၊ ဘ၀တွေကို မထိခိုက်အောင် ကာကွယ်ပေးနိုင်တဲ့ စီမံကိန်းမျိုးတွေ ဖြစ်ရပါမယ်။ ပြည်သူ့အတွက် ဘယ်လောက်ရမှာလဲဆိုတာကအစ သဘာဝပတ်ဝန်း ကျင်ဘယ်လောက် ထိခိုက်မှာလဲ နောက်မျိုးဆက်တွေအတွက် ဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာကို အားလုံးကို ပွင့်ပွင့်လင်းလင်း သိဖို့ စပြီးတော့ နားထောင်ရတော့မယ်။ တစ်ဘက်ကလဲ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ချေပချင်တာ ရှင်းလင်းချင်တာရှိရင် ရှင်း။ ကျွန်တော်တို့ လိုချင်တာက ပွင့်လင်းမြင်သာမှုကို လိုချင်တာ။ အဲဒီကျမှ အထုပ်တွေပြေသွားပြီးတော့ ကိုယ့်ဟာကိုယ် မရှင်းနိုင်ရင်တော့ ခင်ဗျားတို့ ကိစ္စပေါ့ဗျာ။ အရင်က လုပ် ထားကိုင်ထားတာတွေ သိရတော့ ကျွန်တော်တို့ အမြတ်ထွက်တာပေါ့။ ဒါကြောင့် ဒီလက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ စိုးရိမ်ပူပန်သူတွေ အားလုံးရဲ့အသံတွေ၊ အရုပ်တွေကို စပြီးထုတ်ပေးလိုက်ပြီး ဒါကြောင့် ချေပချင်တဲ့သူတွေ ဒီစီမံကိန်းကြီး ဘယ်လောက်အကျိုးရှိကြောင်း ပြောချင်တဲ့သူတွေပြောပါ။ အားလုံးကလည်း နားထောင်လိုက်ပါ။ ဒါမှလည်းမျှတမယ်'' - (ကိုမင်းကိုနိုင် )

သမ္မတကြီးပြောတာတော့ နားလည်ပေးလိုက်ပါ ဦးပိုင်မှာသူ့ အစုရှယ်ယာပါတယ်လေ ဗိုလ်ချုပ်တွေတွက်လုပ်ထားတဲ့ MEC ပါနိုင်ငံအတွက် အသက်ပေးသွားတဲ့ ရဲဘော်လေးတွေ ခြေပြတ်လက်ပြတ် ဖြစ် သွားတဲ့ ရဲဘော်လေးတွေအတွက်မပါပါဘူး နောက်ဒါကတပ်လေ လုံအောင် ကာမထားရင်ကာလုံ နဲ့တွေ့သွားမယ်လေ။

 ဘီဘီစီနဲ့ အင်တာဗျူးမှာ..ဒေါ်အောင်ဆန်းစုကြည်ကလည်း..သူယုံကြည်ရာ သူလုပ်တာ..ကျနော်တို့ ကလည်း..ကျနော်တို့ ယုံကြည်ရာကို လုပ်ခဲ့တာပါလို့  ဖြေသွားသေးတယ်...အနှစ် ၂၀ ကျော် စစ်တပ်က အာဏာသိမ်း...၉၀ ရလာဒ်အနိုင်ကျင့်လုယူ အာဏာမလွှဲပေးဘဲ အခုချိန်ထိနေခဲ့တာဟာ...လက်ရှိ သမ္မတ တစ်ယောက်ရဲ့  ယုံကြည်ချက်လား...?? အဲဒီလိုတွေ တွေ့ ကရလျှောက်ပြောနေတာကိုလည်း...မျက်စိမှိတ် ထောက်ခံ ချီးမွန်းနေကြသေးတယ်...အံ့ ရောဗျာ...ကျနော်တို့  ပြည်သူတွေ ဘယ်လောက်ထိ ရိုးအ ပြီး လည်စဉ်းခံကြဦးမလည်း မသိဘူး....။

No comments :

Post a Comment

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...