Saturday, September 29, 2012
အမေစု၏ ဆန်ဖရန်စစ္စကို မိန့်ခွန်း
တံဆိပ်များ
သမိုင်းဝင်မည့် မိန့်ခွန်းများ
,
အမေစု
,
နိုင်ငံရေးနှင့်သမိုင်းများ
Harvard University by Daw Aung San Suu Kyi 29 9 2012
The Edwin L. Godkin Lecture
Constituency
မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Harvard တက္ကသိုလ်တွင် ကြာသပတေးနေ့ကပြောကြားသော မိန့်ခွန်း၌ မြန်မာနိုင်ငံသားများအနေဖြင့် လွတလပ်သောလူ့အဖွဲ့အစည်းအတွက် တာဝန်ယူမှုရှိသော နိုင်ငံသားများဖြစ်ရေးပြင်ဆင်ရန် ထည့်သွင်းပြောကြားခဲ့
သည်။
Introduction by Drew Gilpin Faust
President, Harvard University
Moderated by David T. Ellwood
Dean, Harvard Kennedy School
တံဆိပ်များ
သမိုင်းဝင်မည့် မိန့်ခွန်းများ
,
အမေစု
,
နိုင်ငံရေးနှင့်သမိုင်းများ
Friday, September 28, 2012
၂၀၁၂ ဒီမိုကရေစီဆုပေးပွဲ နှင့် သတင်းဓာတ်ပုံများ
ပုံ ၁ မှ ၄ အထိ ။ စက်တာဘာလ ၁၉ ရက်နေ့ ၊ National Endowment for Democracy (NED) မှ ကျင်းပတဲ့ Advancing Democracy in Burma: New opportunities and Challenges ဆွေးနွေးပွဲမှ)
ပုံ-၁ |
စက်တာဘာလ ၁၉ ရက်နေ့  မနက်ပိုင်းမှာ၊ ၂၀၁၂ ဒီမိုကရေစီ ဆုရှင်များဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင်
ဦးခွန်ထွန်းဦး၊ US Campaign for Burma မှ ကိုအောင်ဒင်၊ မယ်တော်ဆေးခန်းမှ ဒေါက်တာစင်ဒီယာမောင်၊ နာရေးကူညီမှု
အသင်း မှ ကိုကျော်သူ တို့  က
လက်ရှိမြန်မာ့နိုင်ငံရေး။လူမှုရေး တိုးတက်ပြောင်းလဲမှုများ နဲ့ 
ဆက်လက်လုပ်ကိုင်ရန် လိုအပ်ချက်များ ကို ဆွေးနွေးကြပြီး၊ မေးခွန်းများကို
လက်ခံဖြေကြားခဲ့ပါတယ်။ (နောက်ထပ်ဆုရှင် တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကတော့
ဆုပေးပွဲ ကို မတက်ရောက်ခဲ့ပါဘူး)
ပုံ-၂ ဒေါက်တာစင်ဒီယာမောင် နှင့် ကိုကျော်သူ |
လူမှုရေးလုပ်ငန်းနဲ့  ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အတားအဆီးတွေ နဲ့  ပတ်သက်လို့  ကိုကျော်သူ က ....
သုခဆေးခန်းရဲ့  မျက်စိဆေးခန်း ကို အခမဲ့ ခွဲစိပ်ကုသပေးဖို့ အတွက် ပြင်ဆင်ထားတာ ၂ နှစ်ရှိနေပေမယ့် ဖွင့်ခွင့် မရသေးလို့  လူနာတွေ ကို အခုထိ ကုသမှု မပေးနိုင်သေးတဲ့ အကြောင်း၊ ကချင်ပြည်နယ်ဒေသအချို့ မှာ နယ်မြေ မငြိမ်သက်မှုတွေ ကြောင့် သွားလာခွင့်ပိတ်ပင်ထားလို့  တရုတ်ပြည်ဘက်ကနေ ပတ်ပြီး သွားရောက်ကူညီနေကြတာကို ကြားသိနေရတဲ့ အကြောင်း၊ အောက်ခြေလူထု ကို ဒီထက်ပိုမို ထိထိရောက်ရောက် ကူညီသွားနိုင်ဖို့  အစိုးရဘက်က ပိုမို ပူးပေါင်းပါဝင်မှု လိုအပ်နေကြောင်း ပြောဆိုသွားပါတယ်။
ပုံ- ၃ ဦးခွန်ထွန်းဦး နှင့် ကိုအောင်ဒင် |
မြန်မာပြည်တွင်း မှာ ပြောင်းလဲမှု အချို့ ကို မြင်တွေ့ နေရပြီ ဆိုပေမယ့် .....(၁) တရားဥပဒေစိုးမိုးရေး (၂) စီးပွားရေး နယ်ပယ်မှာ လုပ်ငန်းရှင် တစ်စု က ပဲ ချုပ်ကိုင်ထားနေတာ မြင်တွေ့ နေရဆဲ (၃) တိုင်းရင်းသားဒေသတွေ မှာ ထိုးစစ်ဆင်နေဆဲ ဖြစ်နေတာမို့  အဲဒီ သုံးနေရာမှာ မပြောင်းလဲသေးဘူးလို့  မြင်တဲ့ အကြောင်း ပြောဆိုသွားတဲ့ ကိုအောင်ဒင်။
ပုံ- ၄ |
***********************************************************************************
ပုံ ၅ မှ ၈ (၂၀၁၂ ဒီမိုကရေစီ ဆုပေးပွဲ အခမ်းအနား၊ စက်တင်ဘာ ၂၀ရက်)
ပုံ - ၅ (၂၀၁၂ ဒီမိုကရေစီ ဆုပေးပွဲ ကျင်းပတဲ့ နေရာ ၊ ၀ါရှင်တန်ဒီစီ Capitol ) |
ပုံ - ၈ (နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး လုပ်ငန်းများအတွက် ရဲရဲ ၀ံ့ဝံ့ စွန့် လွတ် အနစ်ခံမှု များကို ၀ိုင်းဝန်းအသိမှတ်ပြုခြင်းခံရပြီ) |
ပုံ ၆ ( ၂၀၁၂ ဒီမိုကရေစီ ဆု ကို ပူးတွဲ လက်ခံယူကြစဉ်၊ စက်တင်ဘာ ၂၀ ရက်) |
ပုံ ၇ (US Capitol မှာ အခုလို တိုင်းရင်းသား ၀တ်စုံ တွေ နဲ့  ၊ အပြုံးတွေ ဝေဆာလို့ ) |
ကျွန်မ လေးစားကြည်ညို ရတဲ့ နိုင်ငံရေး၊ လူမှုရေး နယ်ပယ် အသီးသီးက ခေါင်းဆောင်တွေ အားလုံး ကို အခုလို တစုတစည်းတည်း ဆုံတွေ့ ရလိမ့်မယ် လို့  အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ ဂျွန်မက်ကိန်းအပါအ၀င် အမေရိကန်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ က အကြီးအကဲတွေ၊ အခမ်းအနားတက်ရောက်လာသူတွေ ရဲ့ မျက်ဝန်းတွေ မှာ လေးစားတဲ့ အရိပ်အယောင်တွေ နဲ့  အပျော်အပြုံးတွေ ကူးစက်လို့  နေခဲ့ပါတယ်။
မစုဥာဏ်
(NED အကြောင်း အကျဉ်းချုပ်။ ။ ၁၉၈၃ ခု တွင် စတင် ဖွဲ့ စည်းခဲ့သည့် NED အဲန်ဂျီအို အဖွဲ့ သည် US Congress (အမေရိကန်လွှတ်တော်) ၏ ငွေကြေးထောက်ပံ့မှုဖြင့် ရပ်တည်နေသည့် အဖွဲ့  ဖြစ်ပြီး၊ နိုင်ငံပေါင်း ၉၀ ကျော် တွင် ရုံးခွဲများဖွင့်လှစ်ထားရှိကာ နှစ်စဉ် အဖွဲ့ ပေါင်း ၁၀၀၀ ကျော်အတွက် ငွေကြေးထောက်ပံ့ခြင်း၊ ဒီမိုကရေစီ စာစောင်များထုတ်ဝေခြင်း၊ သင်တန်းများပေးခြင်း အပါအ၀င် လှုပ်ငန်းပေါင်းများစွာ ဖြင့် ကမ္ဘာအရပ်ရပ်မှ ဒီမိုကရေစီ လှုပ်ရှားမှုများကို ကူညီပံ့ပိုးပေးနေသည့် အဖွဲ့ ကြီးဖြစ်သည်။ အဲန်ဂျီအို အဖွဲ့ အနေဖြင့် လှုပ်ရှားဆောင်ရွက်နေသော်လည်း၊ US State Department ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် USAID ( U.S.agency for Development Assistance) မှ နှစ်စဉ် အသုံးစားရိတ်များ ခွဲဝေ ပေးခြင်းခံရသည့် အဖွဲ့ ဖြစ်သည်။၂၀၁၁ ဒီမိုကရေစီ ဆု ကို ဒူနီးရှီးယန်း နှင့် အီဂျစ်နိုင်ငံမှ နိုင်ငံရေးလှုပ်ရှားသူ များ အား ပေးအပ်ခဲ့သည်။)
တံဆိပ်များ
နိုင်ငံရေးနှင့်သမိုင်းများ
Yale University speech 27 9 2012 USA
အမေရိကန် ပြည်ထောင်စု ယေးတက္ကသိုလ်မှာ မြန်မာ့ဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကြီးတဲ့ ဒီပဲယင်းအစစ်ခံထွက်ဆိုချက်များ ။
တံဆိပ်များ
သမိုင်းဝင်မည့် မိန့်ခွန်းများ
,
အမေစု
,
နိုင်ငံရေးနှင့်သမိုင်းများ
Monday, September 24, 2012
Daw Aung San Suu Kyi Accepts the Global Leadership Award
Daw Aung San Suu Kyi Accepts Atlantic Council's Global Leadership Award in NYC.
တံဆိပ်များ
သမိုင်းဝင်မည့် မိန့်ခွန်းများ
,
အမေစု
,
နိုင်ငံရေးနှင့်သမိုင်းများ
Sunday, September 23, 2012
အမေစု၏ နယူးယောက်မြို့ Queen Colleageမှ မိန့်ခွန်း
တံဆိပ်များ
သမိုင်းဝင်မည့် မိန့်ခွန်းများ
,
အမေစု
,
နိုင်ငံရေးနှင့်သမိုင်းများ
Saturday, September 22, 2012
Daw Aung San Suu Kyi speech at Queen's College NYC 22 September 2012
တံဆိပ်များ
သမိုင်းဝင်မည့် မိန့်ခွန်းများ
,
အမေစု
,
နိုင်ငံရေးနှင့်သမိုင်းများ
Friday, September 21, 2012
အမေစု အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့မှ မိန့်ခွန်း
တံဆိပ်များ
သမိုင်းဝင်မည့် မိန့်ခွန်းများ
,
အမေစု
,
နိုင်ငံရေးနှင့်သမိုင်းများ
Thursday, September 20, 2012
ဂုဏ်ပြုထိုက်သူ မြန်ပြည်သူ
တိုင်းပြည်တိုင်း လူမျိုးတိုင်းတွင် တိုင်းပြည်အလိုက်၊ဘာသာအလိုက် ထူးချွန်စွာဆောင်ရွက်ခဲ့သူများ
အားချီးကျူးဂုဏ်ပြုကြပါသည်။ လူမျိုးမရွေး၊ဘာသာမရွေး၊အသက်ကြီးငယ်မရွေး ထူးချွန်စွာဆောင်ရွက်ခဲ့ပါက
တနည်းနည်းဖြင့် ဂုဏ်ပြုချီးမြှင့်ကြသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ ဆောင်ရွက်မှုအတိုင်းအတာအပေါ်မူတည်ပြီး
ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများက ဂုဏ်ပြုတတ်ကြပါသည်။ လူမျိုးတမျိုးအတွက်ငှင်း၊ဘာသာတခုအတွက်
ငှင်း၊တနိုင်ငံအတွက်ငှင်း ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြုသူများအား ကမ္ဘာ့အမြင့်ဆုံးဆုကိုချီးမြှင့်တတ်ပါသည်။
ထိုသို့ကမ္ဘာ့အဖွဲ့အစည်းများကပေးသည့်ဆုများအနက် မပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးဆုသည်
အမြင့်ဆုံးဆုဖြစ်ပါသည်။ ကမ္ဘာတွင်အမြင့်ဆုံးငြိမ်းချမ်းရေးဆုချီးမြှင့်သည့် အဖွဲ့အစည်း(၂)ခုရှိပါသည်။
အရှေ့အုပ်စုမှ နိုင်ငံတကာ စတာလင်ငြိမ်းချမ်းရေးအဖွဲ့ နှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအဖွဲ့
တို့ဖြစ်ပါသည်။ဤ အနောက်အုပ်စုမှinternational Peace,Physics,Chemistry,Physiology
or Medicine,literature ဖြစ်ပြီး
Economic Science ဆုသည်၁၉၆၉ မှစတင်ချီးမြှင့်ခဲ့ပါသည်။
အဆိုပါ အမြင့်ဆုံးငြိမ်းချမ်းရးဆုကြီးများကို
နှစ်စဉ်ချီးမြှင့်ပါသည်။ တနှစ်လျှင် အထူးချွန်ဆုံးပုဂ္ဂိုလ်တဦး၊
တခါတရံ(၂)ဦးပူးတွဲ၍၊တခါတရံ အဖွဲ့လိုက် ဆုချီးမြှင့်လေ့ရှိပါသည်။ အဆိုပါဆုအတွက်
အမည်စာရင်းကို ကာယကံရှင်ကိုယ်တိုင်က တင်သွင်းခွင့်မရှိပါ။ တင်သွင်းသည့် အမည်စာရင်းကို
ရွေးချယ်ရေးကော်မတီက ရွေးချယ်ရပါသည်။ နှစ်စဉ် အမည်စာရင်းကို ကာယကံရှင်ကိုယ်တိုင်က တင်သွင်းခွင့်မရှိပါ။
တင်သွင်းသည့်
အမည်စာရင်းကို ရွေးချယ်ရေးကော်မတီက ရွေးချယ်ရပါသည် နှစ်စဉ်အမည်စာရင်းတင်သွင်းသူ
အလွန်များပါသည် တခါတရံအယောက်၁၀၀ကျော်အထိရှိပါသည် ထိုအမြင့်ဆုံးငြိမ်းချမ်းရေးဆုရရှိရန်
အလွန်ခက်ခဲလှပါသည် ထိုသို့အလွန်ခက်ခဲလှသည့် ငြိမ်းချမ်းရေးဆုကို မြန်မာမှနှစ်ဦးရရှိထားပါသည်
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အရှေ့အုပ်စုမှချီးမြှင့်သည့် အပြည်ပြည်ဆိုင်ရာ စတာလင်ငြိမ်းချမ်းရေးဆု
(International Stalin Peace Prize)ကို ၁၉၅၅ တွင်ရရှိသကဲ့သို့
ဒေါ်အောင်ဆန်းစုကြည်သည်လည် အနောက်အုပ်စုမှ ချီးမြှင့်သည့် နိုဘယ်ငြိမ်းချမ်းရေးဆု
(Nobel Peace Prize) ကို ၁၉၉၁ တွင်ရရှိခဲ့ကြပါသည် ဆရာမှိုင်းငြိမ်းချမ်းရေးဆုဆွတ်ခူးချိန်တွင်
အသက်၇၉နှစ်ရှိပြီဖြစ်၍ အရှေ့အုပ်စုမှရရှိသည့် ဆုရှင်များအနက် အသက်အကြီးဆုံးဖြစ်သော်လည်း
ဒေါ်စုဆုရရှိချိန်မှာ အသက်၄၆နှစ်သာရှိသေးပြီး အနောက်အုပ်စု မှနိုဘယ်ဆုရှင်များအနက်
Guatemala မှ Rigoberta Menchu ပြီးလျှင်ဒုတိယ အသက်အငယ်ဆုံးဆုရှင် ဖြစ်သည် ငြိမ်းချမ်းရေးဆုရရှိကြသည့်
ဆရာမှိုင်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည် မြန်မာပြည်၏ကျက်သရေ
ဆောင်ပုဂ္ဂိုလ်ကြီးများဖြစ်ကြ၍ မြန်မာနိုင်ငံအတွက်ရောမြန်မာနိုင်ငံသားများအတွက်ပါ
ဂုဏ်ယူစရာ၊ချီးကျူးစရာ၊
အတုယူစရာ၊စံနမူနာ ဖြစ်ပါသည် ဆုရှင်ကြီးနှစ်ဦးအား
တကမ္ဘာလုံးကချီးကျူးကြ၊ ထောမနာပြုကြ၊ ဂုဏ်ပြုကြ
သည်မှာနှစ်ထောင်းအားရဖွယ် ဖြစ်ပါသည်။ ငြိမ်းချမ်းရေးဆုစွတ်ခူးခြင်းတူသော်လည်း
အချိန်ကာလနှင့်တိုင်း ပြည်အခြေအနေကွာခြားမှူကြောင့် ဆရာမှိုင်းအတွက် နှစ်ထောင်းအားရ
။ ဝမ်းသာရသော်လည်း ဒေါ်အောင်ဆန်းစုကြည်အတွက်မူ ဝမ်းသာမှူ ဝမ်းနည်းမှူနှင့်အတူ ရောရှက်လျှက်ရှိပါသည်။
အကြောင်းမှာ ဆရာမှိုင်းခောတ်အခြေအနေမှာ တိုင်းပြည်အေးချမ်းသာယာပြီး ဒီမိုကရေစီစနစ်
နှင့်ပြည်သူ့အစိုးရ စနစ် ဖြစ်နေ ၍ လည်းကောင်း ဆရာမှိုင်းမှာအသက်ကြီးနေ၍လည်းကောင်း
အပြည်ပြည်ဆိုင်ရာ စတာလင်ငြိမ်းချမ်းရေးဆု ကော်မရှင် ဥက္ကဋ္ဌ Nikolay Tikhonow မြန်မာနိုင်ငံသို့သွားရောက်ပြီး
၎င်းကိုယ်တိုင်ချီးမြှင့်သည့်ငြိမ်းချမ်းရေးဆု ကို ဆရာမှိုင်းကိုယ်တိုင် လက်ခံရယူနိုင်ခွင့်ရှိ
ခဲံပါသည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အာဏာ ရှင်စန်စဆိုးနှင့် အာဏာရမက်ငန်းငန်းတက်နေသည့်
စစ်အာဏာရှင်များ ဗိုလ်ကျစိုးမိုးနေချိန်ဖြစ်၍၎င်း၊ စစ်အာဏာရှူးများ၏ အိမ်းတွင်းအချုပ်ချယ်ခံ(house
arrest) နေရ၍၎င်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံရယူနိုင်စွမ်းမရှိခဲ့ပါ။ မြန်မာတိုင်းရင်းသား
အားလုံးနည်းတူ ကမ္ဘာ့ပြည်သူပြည်သားများကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် စိတ်မကောင်းဖြစ်ခဲ့ကြရပါသည်။
တိုင်းသူပြည်သားများက
ဆရာကြီးအတွက် ဂုဏ်ယူဝမ်းသာကြသကဲ့သို့ ဆရာကြီးကလည်း အလားတူ
ဝမ်းသာချမ်းသာစွာဖြင့် ငြိမ်းချမ်းရေးဆုကို ငြိမ်းငြိမ်းချမ်းချမ်း
လက်ခံယူနိုင်ခဲ့သော်လည်းဒေါ်အောင်ဆန်းစုကြည်
ခမျာမှာ ၎င်းရရှိသည့် ငြိမ်းချမ်းရေးဆုကို အိမ်မက်ပမာ
ဖြစ်ခဲ့ရရှာသည်။ တိုင်းသူပြည်သားများကပင် ထိုသို့စိတ်
မကောင်းဖြစ်ကြပါလျှင် ကာယကံရှင်ဒေါ်စုကိုယ်တိုင် မည်သို့ခံစားရမည်ကို
စာရေးသူ ကိုယ်ချင်းစာမိပါသည်။
လူဆိုးလူယုတ်မာ
တသိုက်က မည်သို့ပင် အကျဉ်းသားအဖြစ် ချုပ်ချယ်ထားစေကာမူ ဒေါ်စုအတွက် ဂုဏ်ယူရမည်ဖြစ်ပါသည်။
အကြောင်းမှာ-၁)နှစ်ပေါင်း(၁၀၀)အတွင်း တဦးချင်း အမျိုးသမီးနိုဘယ်ဆုရှင် (၃) ဦး
အနက် တဦးသည် မြန်မာပြည်မှ ဒေါ်စု (မှတ်ချက်-အိန္ဒိယမှ
Mother Teresa သည် ပထမ၊ ဒေါ်စုနှင့် Rioberta Menchu တတိယ)၊ ၂]အာရှတိုက်မှ အမျိုးသမီးနိုဘယ်ဆုရှင်(၂)
ဦးအနက် တဦးသည် မြန်မာပြည်မှ ဒေါ်စု [မှတ်ချက်-အိန္ဒိယမှ Mother Teresa] ၊၃) မြန်မာ့သမိုင်းတလျှောက်လုံး
တဦးတည်းသော အမျိုးသမီး နိုဘယ်လ်ဆုရှင်သည်လည်း ဒေါ်စုပင်ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်ဤမျှလောက်ထူးချွန်နေသည့်
ဒေါ်စုအား ပြည်သူများနှင့်အတူ စာရေးသူကလည်း ချီးမကျူး၍မနေနိုင်၊ဂုဏ်မပြု၍မနေနိုင်ပါ။
တိုင်းပြည်ဖျက်နေသည့် လူယုတ်မာစစ်အာဏာရူးတသိုက်ကလွဲလျှင် တိုင်းသူပြည်သားအားလုံးက ဒေါ်စုအား
ချစ်မြတ်နိုးကြသည်၊လေးစားကြသည်၊ကောင်းချီးသြဘာထောပနာပြုဝကြသည်မှာလည်း ယနေ့အထိပါ။ ကမ္ဘာ
သူ ကမ္ဘာသားအားလုံးက ဒေါ်စု ကျန်းမာချမ်းသာစေကြောင်း၊မင်းယုတ်မင်းဆိုးတို့၏ ချုပ်ချယ်မှုမှ
လွတ်မြောက်စေကြောင်းဆုတောင်းမေတ္တာပို့သကြသည်မှာလည်း ယနေ့တိုင်ဖြစ်ပါသည်။
မြန်မာလူမျိုးများနှင့်အတူကမ္ဘာပြည်သူတရပ်လုံးကပါ
အဘယ့်ကြောင့်ဒေါ်စုအားထိုသို့ကြည်ညိုလေး
စားကြသနည်း၊ချီးကျူးဂုဏ်ပြုထောပနာပြုနေကြသနည်း ဟု
ဆန်းစစ်ကြည့်သည့်အခါ ဒေါ်အောင်ဆန်းစုကြည် သည်၁)ထက်မြက်ထူးချွန်သည့် မိဘမျိုးရိုးမှဆင်းသက်လာသူဖြစ်ခြင်း၊၂)သူမကိုယ်တိုင်က
ဥာဏ်ပညာကြီးခြင်း
၃)တွေးခေါ်မျှော်မြင်ဆင်ခြင်တတ်ခြင်း၊၄)ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း၊၅)သူတပါးအပေါ်သနားညှာတာ
ကိုယ်ချင်းစာတတ်ခြင်း၊၆)ရိုးသားဖြောင့်မတ်ခြင်း၊၇)စိတ်ထားမြင့်မြတ်ခြင်း စသည့်ကောင်းမြတ်သောကြန်အင်
လဏ္ခာများနှင့် ပြည့်စုံသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်စုသည်ဖခင်ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့
ပဉ္စမမြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်မည့် ပုဂ္ဂိုလ်ကြီးဖြစ်လာမည်ဟု စာရေးသူအနေဖြင့်
ယုံကြည်ထားပါ
သည်။(မှတ်ချက်-ဗိုလ်ချုပ်အောင်ဆန်းသည်စတုတ္ထ မြန်မာနိုင်ငံတော်ကြီးကို
တည်ဆောက်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည်
မြန်မာနိုင်ငံသားဖြစ်၍ မြန်မာလူမျိုးများက ကြည်ညိုလေးစားသည်မှာ
အဆန်းမဟုတ်သော်လည်း ကမ္ဘာပေါ်ရှိ ယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်းနှင့်တကွ
ကမ္ဘာ့နိုင်ငံကြီးငယ်များ၏ ခေါင်းဆောင်များ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်
Koffi Annan အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းများ
ကပါ ဒေါ်စုအား မြန်မာ့ခေါင်းဆောင်ကောင်းတဦးအဖြစ်
ကြည်ညိုလေးစားကြပြီး ယနေ့အထိ ချီးကျူးဂုဏ်ပြုကြ
ဆဲပါ။ [မှတ်ချက်-၂၀၀၁ ခုတွင် ကုဖီအာနန်သည် ကုလသမဂ္ဂရုံးဝန်ထမ်းများနှင့်အတူ
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ရရှိသည်။ စာရေးသူကိုယ်တိုင် မြန်မာနိုင်ငံသားတဦးအနေနှင့်
ဒေါ်စုအားကြည်ညိုပြီး လှိုက်လှိုက်လှဲလှဲ ချီးကျူးလျှက်၊ ဂုဏ်ယူလျှက်ရှိပါသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုကို
၁၉၀၁မှစ၍ ချီးမြှင့်ခဲ့ရာ ယခုနှစ်(၂၀၀၁)ပါဆိုလျှင် အနှစ်(၁၀၀)ပြည့်သွားပြီ
ဖြစ်၍ နှစ်၁၀၀ပြည့် အထိမ်းမှတ်အဖြစ် ထူးထူးခြားခြား
ခမ်းခမ်းနားနား ကျင်းပသွားမည်ဟုသိရပါသည်။ ထူးခြားမှုမှာ နှစ်၁၀၀ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့်အတူ
ဒေါ်စုငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိသည့်(၁၀) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို
တပါတည်းကျင်းပသွားမည်ဖြစ်၍ ဒေါ်စုအတွက်ချီးကျူး စရာ၊ဂုဏ်ယူစရာဖြစ်နေပါသည်။၎င်းအပြင် နော်ဝေ
ဝန်ကြီးချုပ် ဘိုနာဗစ်၊အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်း မက်ဒလင်းအောဘရိုက်၊ဖိလစ်ပိုင်သမတဟောင်း
ကိုရာဇန်အကီနို၊ နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး တို့ဦးဆောင်၍ ဒီဇင်ဘာ(၈)
ရက်နေ့တွင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်များပါဝင်သည့်
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှူတရပ်ကို နော်ဝေနိုင်ငံအော်စလိုမြို့တွင်
ကျင်းပသွားရန် စီစဉ်ထားကြောင်းသိရှိရသ ဖြင့် ဒေါ်စုနှင့် ဒေါ်စုဦးဆောင်သည့် ဒီမိုကရေစီလှုပ်ရှားသူများ
အတွက်ပါ ပို၍ဂုဏ်ယူရမည်ဖြစ်ပါသည်။
နှစ်စဉ်ဒီဇင်ဘာလ(၁၀)ရက်နေ့တွင်
ကျင်းပမြဲဖြစ်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ပွဲနှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုထောက်ခံပွဲများကို
တပြိုင်တည်းကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ထိုအခမ်းအနားသို့ နိုဘယ်ဆုရှင်Dalai
Lama,Mikhail Gorbachev အပါအဝင် နိုဘယ်ဆုရှင်(၃၄)ဦးကိုယ်တိုင်
တက်ရောက်မည်ဟု သိရှိရပါသည်။ တချိန်တည်းမှာပင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုထောက်ခံပွဲများကို
နော်ဝေ နိုင်ငံအပြင် အမေရိကန်၊ကနေဒါ၊ဂျာမနီ၊ဖိလစ်ပိုင် အပါအဝင် နိုင်ငံပေါင်း(၂၅)နိုင်ငံတို့ကပါ
တပြိုင်တည်း ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သရှိရပါသည်။
ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်သည့်
နှစ်၁၀၀ပြည့်အထိမ်းအမှတ်၊ ဒေါ်စုငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိ သည့်(၁၀)နှစ်ပြည့်အထိမ်းအမှတ်နှင့်
မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုထောက်ခံပွဲ အခမ်းအနားများကို ဂျပန်နိုင်ငံ
တွင်လည်းဒီဇင်ဘာ(၈)ရက်နှင့်(၉)ရက်များတွင်
ကျင်းပမည်ဖြစ်ပြီး ငြိမ်းချမ်းရေး၊လူ့အခွင့်အရေး၊နိုဘယ်လ်ဆု နှင့်ပတ်သက်၍လည်း ဟောပြောပွဲများ၊
ဆုတောင်းပွဲများ၊အဆိုအကဖျော်ဖြေပွဲများဖြင့် ခမ်းခမ်းနားနားကျင်းပ သွားမည်ဖြစ်ကြောင်းပါ
သိရှိရပါသည်။
ယခုကဲ့သို့ နိုင်ငံတကာမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်စုအား ချီးကျူးကြမည့် ဂုဏ်ပြုကြမည့်အ ပြင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများကိုပါ
အပြည့်အဝထောက်ခံကြမည့်သတင်းကို ကြားသိရသည့်အခါ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီစနစ်ကိုမြတ်နိုးသည့်
မြန်မာတိုင်းရင်းသားအားလုံးက ဝမ်းသာကြမည်၊ကြည်နှူးကြ မည်၊ဂုဏ်ယူကြမည်မှာ ဧကံမလွဲပါ။
သို့ရာတွင် ထိုသို့သော ထူးခြားခမ်းနားသည့်၊ကျက်သရေမင်္ဂံလာအပေါင်း နှင့်ပြည့်စုံသည့်၊
ဂုဏ်ယူစရာအတိဖြစ်သည့် အခမ်းအနားမျိုးကို ဒေါ်စုကိုယ်တိုင်တက် ရောက်ခွင့်မရှိသည့်အ တွက်အလွန်ဝမ်းနည်းမိပါသည်။
အလွန်ရင်ထုမနာဖြစ်မိပါသည်။ ကာယကံရှင်ဒေါ်စုအနေနှင့်လည်း မည်သို့ ဖြေသိမ့်နိုင်လိမ့်မည်ကိုလည်း
ကိုယ်ချင်းစာမိပါသည်။ မြန်မာတိုင်းရင်းသားအားလုံးနှင့် လူ့အခွင့်အရေးကို လေးစားပြီး
ဒီမိုကရေစီစနစ်ကို မြတ်နိုးသည့် နိုင်ငံတကာမှ ပုဂ္ဂိုလ်များလည်း စာရေးသူနှင့်အတူ စိတ်မချမ်းသာ
ဖြစ်ကြမည်ဟု ယုံကြည်ပါသည်။
မည်သို့ပင်ဖြစ်စေကာမူ တိုင်းပြည်နှင့်လူမျိုးကောင်းကျိုးအတွက်
တကယ်ကိုယ်ကျိုးစွန့်အနစ်နာခံသူ ဒေါ်စုအားယုံကြည်လေးစားပြီး ချီးကျူးကြမည့်၊ ဂုဏ်ပြုကြမည့်၊မြန့်မာ့ဒီမိုကရေစီလှုပ်ရှားမှု
ကိုထောက်ခံကြ မည့်သူများအားစာရေးသူအနေဖြင့် အထူးကျေးဇူး တင်ရှိပါကြောင်း နှင့် တချိန်တည်းမှာပင်
ဒေါ်စုလွတ်မြောက် ရေး၊မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေး
အတွက် အဖက်ဖက်မှ ဆက်လက် ဆောင်ရွက်ပေးကြပါရန် စာရေးသူအနေဖြင့် အနူးအညွတ် မေတ္တာရပ်ခံပါကြောင်း။
တံဆိပ်များ
နိုင်ငံရေးနှင့်သမိုင်းများ
Aung San Suu Kyi's Address to U.S. Congress
Nobel Laureate and Burmese Opposition leader, Aung San Suu Kyi received the Congressional Gold Medal for her commitment to democracy, peace and human rights on Wednesday. The medal is the U.S. Congress' highest honor.
Suu Kyi is on a 17-day U.S. tour and met with Secretary of State Hillary Clinton at the State Department on Tuesday.
In 1991, she was under house arrest when awarded the Nobel Peace prize. She accepted the award in person June 16, 2012 in Oslo, Norway.
Full Version
တံဆိပ်များ
သမိုင်းဝင်မည့် မိန့်ခွန်းများ
,
အမေစု
,
နိုင်ငံရေးနှင့်သမိုင်းများ
Wednesday, September 19, 2012
အမေစု အာရှအဖွဲ့အစည်း ဝါရှင်တန်မှာ ပြောကြားသောမိန့်ခွန်း
Aung San Suu Kyi Addresses Asia Society in Washington D.C
WASHINGTON, September 18, 2012 — In her first visit to the U.S. in more than 40 years, Myanmar democracy icon and parliamentarian Aung San Suu Kyi discusses the progress of reform in her country and calls for an easing of U.S. sanctions. Introduced by U.S. Secretary of State Hillary Clinton.
တံဆိပ်များ
သမိုင်းဝင်မည့် မိန့်ခွန်းများ
,
အမေစု
,
နိုင်ငံရေးနှင့်သမိုင်းများ
Monday, September 10, 2012
တာရာမင်းဝေ - ငါသည်သာပန်းဖြစ်၍ နောက်တစ်ကြိမ်ပြန်ပန်ခွင့်ရခဲ့သော်...
တံဆိပ်များ
စာအုပ်များ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ နောက်ကွယ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့
အကြောင်းအရာတွေ ပတ်သက်မယ်လို့တော့ ထင်မိသား..။ အင်တာနက်မှာ ဟိုလှန်
ဒီလှောကြည့်ရင်းနဲ့ ၂၀၁၀ တုန်းက The Wall Street Journal မှာပါဝင်တဲ့
သတင်းလေးတစ်ခုက အံ့အားသင့်သွားစေပါတယ်..။
အဲဒီသတင်းက
Chinese Weapons Maker Signs Myanmar Deal
BY CHUIN-WEI YAP
China North Industries Corp., a leading Chinese weapons manufacturer, signed a cooperation pact with the government of Myanmar to develop a copper mining project, the latest sign of growing commercial ties between the reclusive Southeast Asian nation and its giant neighbor.
The Monywa Copper Mine Project Cooperation Contract was signed during Premier Wen Jiabao's visit to Myanmar in early June, China North Industries, or Norinco, said in a statement on its website. The statement was posted on the company's website Wednesday, but dated June 10. It didn't disclose financial terms.
The deal underlines how the isolated military rulers of Myanmar are increasingly turning to the country's most important political and economic ally for support—and how China continues to seek natural resources from its southwestern neighbor to feed its industrialization.
The Norinco statement said Monywa is "abundant in copper mine resources with excellent mineral quality, which is of great significance to strengthening the strategic reserves of copper resources in our country, and to enhancing the influence of our country in Myanmar."
ဆိုတဲ့ သတင်းလေးပါ..။
မူရင်းလင့်ကိုလေ့လာကြည့်ပါ။
The World Street Journal
ဖတ်လို့မရရင် အောက်ပါ လင့်ကို ကော်ပီကူးပြီး သုံးပါ..။
http://online.wsj.com/article/SB10001424052748703900004575324420133952674.html
ဆိုလိုရင်းက အားလုံးသိကြတဲ့ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ယခင် နအဖအစိုးရဟောင်းလက်ထက် June မှာ တရုတ်ခေါင်းဆောင် ၀မ်ကြားပေါင် လာရောက်စဉ်မှာ သဘောတူညီခဲ့ကြတယ် ဆိုတာပါ.။ တူညီခဲ့တဲ့ ကုမ္ပဏီက Norinco (China North Industries Corp) လို့ခေါ်တဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုမဏီတွေထဲက တစ်ခုပါ..။ ထူးခြားတာက အဲဒီကုမဏီဟာ စစ်လက်နက်ပစ္စည်းတွေကို မြန်မာအပါအ၀င် ကမ္ဘာကို တင်ပို့ရောင်းချနေတဲ့ ကုမဏီကြီးတစ်ခုပါပဲ..။ နအဖ စစ်ဗိုလ်ချုပ်များနဲ့ Norinco ကုမဏီတို့ဟာ စာချွန်လွှာရေးထိုးပွဲတွေ အများအပြားလုပ်ခဲ့ကြပါတယ်..။ မုံရွာ လက်ပံတောင်းတောင်စီမံကိန်းဟာ အဲဒီအထဲက အစိတ်အပိုင်းလေးတစ်ခုပါ..။
အဲဒါတွေနဲ့ ဆက်စပ်ရင်းနဲ့ the voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲတဲ့ ကိစ္စမှာ ပါတဲ့ အချက်တွေကို သတိထားမိပြန်ပါတယ်..။ အဲဒီအချက်တွေထဲမှာ ယခင် မုံရွာမှာ ကြေးနီတူးဖော်ရေးလုပ်ငန်းလုပ်ခဲ့တဲ့ ကိစ္စ ပါဝင်ပတ်သက်နေတယ်ဆိုတာ သတိရမိတော့ the voice နဲ့ Eleven က သတင်းတွေကို ပြန်လေ့လာကြည့်မိပါတယ်.။
အဲဒီ သတင်းတွေထဲမှာ ..။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင် လွှတ်တော်မှာ တင်ပြခဲ့တာက ..။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိ ချက်များကို စာအမှတ်စဆ/ ၂၂၁ (၆/၂၀၁၂)နှင့်စဆ- ၃/၆၀၃၅ (၈၂/၂၀၁၂) ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့ရာမှာ မုံရွာ ကြေးနီးသတ္တုတူးဖော်ရေးလုပ်ငန်းမှာ ယခင်မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက်၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ အစုရှယ်ယာ လွှဲပြောင်း ၀ယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbao Mining Copper Limited မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လို့ ဖော်ပြထားပါတယ်..။ အလွယ်ခေါ်ရင်ဝမ်ပေါင် ပေါ့ဗျာ..။
တနည်းအားဖြင့်ပြောရရင် ဦးပိုင်က ၀မ်ပေါင်းကို လက်လွှဲ ရောင်းလိုက်ခြင်းဖြစ်ပါတယ်။ အများအမြင်မှာ ဦးပိုင်က ၀ယ်ယူထားပြီး ၀မ်ပေါင်က ငွေချေခဲ့တာပါ..။ ၀မ်ပေါင် ဆိုတာကလည်း Norinco ရဲ့ လက်အောက်ခံကုမဏီပါ။
အဲဒီကိစ္စကို The Voice ဂျာနယ်က ”၀န်ကြီးဌာနတချို့၏ ကျပ်သိန်းထောင်ချီအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဆိုတဲ့ ခေါင်းစဉ်သတင်းနဲ့ ဖော်ပြခဲ့တဲ့အတွက် သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့ခြင်းဖြစ်ပါတယ်..။
ပြည်ထောင်စုစာရင်းစစ်ချုပ်က လွှတ်တော်ကို တင်ပြခဲ့တဲ့ သတင်းဖော်ပြပုံကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့တာပါ။
Eleven Media Group ရဲ့ မူရင်းသတင်းအပြည့်အစုံကို အောက်ပါလင့်မှာ ပြန်လည်ဖတ်နိုင်ပါတယ်။
Eleven Media Group
ဖတ်လို့မရရင် အောက်ပါလင့်ကို ကော်ပီကူးပြီး သုံးပါ..။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=12736:2012-03-11-06-46-05&catid=42:2009-11-10-07-36-59&Itemid=167
ဒီအစီရင်ခံစာကို တင်ခဲ့တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင်လည်း လည်း အများသိကြတဲ့ အတိုင်းပါပဲ..။ REFORM ထဲ ပါသွားပြီး ပြုတ်သွားရှာပါတယ်.။
the voice ကို တရားစွဲခဲ့တဲ့ သတ္တုတွင်းဝန်ကြီးလည်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဖြစ်သွားပါတယ်..။
အခု လက်ပံတောင်းတောင်စီမံကိန်းကိုတော့ Norinco ရဲ့ လက်အောက်ခံဖြစ်တဲ့ ဦးပိုင်က တစ်ဆင့်ပြန်ရောင်းခဲ့တဲ့ အဲဒီ Wanbao Mining Industry Co., Ltd. က ၂၀၁၂ မတ်လ (၂၉) မှာ အုတ်မြစ်ချ အခမ်းအနားလုပ်ခဲ့ပါတယ်။
အဲဒီ ၀မ်ပေါင်ကုမဏီဟာ မြန်မာနိုင်ငံရဲ့ မွေတောင်အပါအ၀င် သတ္တုတူးဖော်ရေးလုပ်ငန်း တော်တော်များများမှာ ပါဝင်ရင်းနှီးမြုပ်နှံထားသလို မဟာဗျူဟာနဲ့ တရုတ်သြဇာလွှမ်းမိုးရေးအတွက်လည်း တရုတ်အစိုးရကို အများကြီး အထောက်အကူဖြစ်စေတဲ့ ကုမဏီတွေထဲက တစ်ခုဖြစ်ပါတယ်..။
အောက်ပါလင့်မှာ လေ့လာနိုင်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အုတ်မြစ်ချ အခမ်းအနား။
ဖတ်လို့မရရင်အောက်ပါလင့်ကို ကော်ပီကူးပြီ သုံးပါ..။
http://chinamcc8.com/en/disp.asp?id=169&fid=&lid=22
သုံးသပ်ချက်.။
အဲဒီတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ လက်ရှိအချိန်မှာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ဒုက္ခပေးနေသလို ဒေသခံလယ်သမားလူတန်းစားတွေရဲ့ ဘ၀ရပ်တည်မှု၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ဆိုးကျိုးပဲဖြစ်စေပါတယ်.။.
အဲဒါကြောင့် ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီးခံနေရသူတွေ၊ သတိပေးခံရသူတွေရှိပါတယ်..။ အခု လေ့လာတွေ့ရှိချက်များကို အခြေခံလိုက်ရင် ဦးသန်းရွှေလက်ထက်က မဟာဗျူဟာအရ၊ စစ်ရေးအရပါ ရောထွေးပတ်သက်ဆက်စပ်ခဲ့တဲ့ အကျိုးစီးပွားလုပ်ငန်းကြီးတစ်ခုကို ကျွန်တော်တို့ လမ်းပေါ်ထွက်ရုံနဲ့ ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။ ၀မ်ပေါင်းကုမဏီရဲ့ မိခင်ကုမဏီ Norinco China North Industries Corp က ထုတ်လုပ်တဲ့ MBT2000 တင့်ကားတွေဟာ မြန်မာ့တပ်မတော်မှာ စတင်အသုံးပြုနေပြီလို့ သိရပါတယ်။
Rule Of Law ဟာ အောက်မှာရှိနေတုန်းပါပဲ..။ ဥပဒေနဲ့ မညီတဲ့ တစ်ဆင့်ပြန်လည်ရောင်းချမှုကြီး မပေါ်လွင်ခဲ့သလို အခုအချိန်မှာလည်း လယ်သမားပြည်သူတွေ ဒုက္ခရောက်နေပါတယ်..။ သမ္မတလည်း ဒီကိစ္စဟာ သာမန် အကျိုးတူ ရင်းနှီးမြုပ်နှံမှု တစ်ခု မဟုတ်တဲ့အတွက် ကိုင်တွယ်ရ ခက်ခဲနေမယ်လို့ ထင်ပါတယ်.။ တကယ့် ကျဉ်းထဲကြပ်ထဲပါပဲ..။ မြစ်ဆုံကိစ္စတုန်းကဆုံးဖြတ်ခဲ့သလို အမိန့်တစ်ခုတည်းနဲ့ ပြီးသွားဖို့မလွယ်ပါဘူး.။ အဲဒါကြောင့် အစိုးရက ဒီအချိန်အထိ မတုန့်ပြန်သေးတာလို့ ယူဆပါတယ်။
အဲဒါကြောင့် ဆန္ဒပြသူတွေနဲ့ ကူညီအားပေးသူ ဗကသအပါအ၀င် လှုပ်ရှားသူများကို တိုက်တွန်းချင်တာက ဒီထက် သိမ်မွေ့တဲ့နည်းလမ်းကို သုံးပြီး ဖြေရှင်းကြဖို့ အကြံပြုချင်ပါတယ်.။ သာမာန် သဘာဝပတ်ဝန်းကျင် ကိစ္စ၊ စီးပွားရေးလက်ဝါးကြီးအုပ်မှုကိစ္စမဟုတ်ဘဲ ဒီထက် ကြီးကျယ်တဲ့ ကိစ္စကြီးတစ်ခု နောက်ကွယ်မှာရှိနေတယ်လို့ သုံးသပ်ပါတယ်။ အခုအချိန်မှာ တစ်ဖက်က တင်းခံနေစရာ အကြောင်းအရာတွေ ခိုင်ခိုင်မာမာ ရှိနေတာကို ဖြေလျော့ဖို့ လိုပါတယ်။ အဲဒါကြောင့် မီဒီယာအားလုံးကကော သက်ဆိုင်ရာ နယ်ပယ်အသီးသီးကပညာရှင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င် လွှတ်တော်အတွင်း/အပြင် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးကပါ ၀ိုင်းဝန် အဖြေရှာကြစေချင်ပါတယ်လို့ ဆန္ဒပြုပါတယ်..။
သေချာတာကတော့ ပွင့်လင်းမြင်သာပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းတဲ့ အချိန်မှာတောင် တရုတ်က ဂုတ်ကိုကိုင်ပြီး ဆွဲမ ထားတာကို အစိုးရအပါအ၀င် ကျွန်တော်တို့တွေ ခံနေရတာပါပဲ..။ သွားလေသူကြီးရဲ့ ... ကျေးဇူးတရားတွေပေါ့ဗျာ..။
မည်သူမဆို share နိုင်ပါသည်..။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၏ နောက်ကွယ် အပိုင်း (၂)
တံဆိပ်များ
သမိုင်းအစအန
,
နိုင်ငံရေးနှင့်သမိုင်းများ
Tuesday, September 4, 2012
ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်ပြည်ထောင်စုရှိ မြန်မာမိသားစုများတွေ့ ဆုံ
တံဆိပ်များ
နိုင်ငံရေးနှင့်သမိုင်းများ
Subscribe to:
Posts
(
Atom
)