Tuesday, August 14, 2012

မြန်မာ နိုင်ငံအတွက် အလွန် အရေးကြီးပါသည်


အောက်မှာ ရေးထားတာတွေကို ဖတ်တဲ့ အချိန်မှာ ယှဉ်တွဲ ဆင်ခြင်မှု လေးကိုပါ တစ်ပြိုင်တည်း လုပ်သွားပါလို့ မေတ္တာရပ်ခံချင်ပါတယ်။


ငါ့ကို ရိုက်ယင် ငါ့ရန်သူလို့ အတည့်အတိုင်း မတွေးပါနဲ့။
ဘာဖြစ်လို့ ရိုက်တာလဲ- ငါအရိုက်ခံရယင် ဘယ်သူ အကျိုးရှိမလဲ၊
ငါက ဘယ်သူက ရိုက်တယ်လို့ ထင်မလဲ။
ငါက တုန့်ပြန်ယင် နောက်ဆက်တွဲ ဘာတွေ ဖြစ်မလဲ စသဖြင့်-

အားလုံးကို တွေးပါ။ ဆင်ခြင်ပါ။

ဘာဖြစ်လို့လဲ ဆိုတော့-

အင်မတန် အင်အားကြီးတဲ့ လူအဖွဲစည်း တစ်ခုဟာ- အင်မတန် မြင့်မားတဲ့ ဥာဏ်ရည်၊ အင်မတန် စေ့စပ်စွာနဲ့ တကမ္ဘာလုံးကို အကွက်ချ ဆောင်ရွက်နေတာတွေကို တွေ့ရပါမယ်။

မြန်မာ နိုင်ငံဟာ တစ်ခု အပါအ၀င်ပါ။

သူတို့ဟာ- စစ်တုရင် ထိုးသလို- အကွက်ပေါင်း များစွာ နဲ့ ဖြစ်နိုင်သမျှ အားလုံးကို ကြိုတွေး ထားပြီး ဖြစ်ပါတယ်။

အရေး အကြီးဆုံး အချက်က- လူတစ်ဦး တစ်ယောက်၊ နိုင်ငံ တစ်နိုင်ငံ လို့ မမြင်လိုက်ပါနဲ့..

ဒီအကြောင်းတွေကို အယင်ကတည်းက ပြောပြချင်ပေမယ့်- အများစု က လက်ခံ နားလည် နိုင်မှာ မဟုတ်လို့ ပြောခွင့်မသာ ခဲ့ပါဘူး။

အခုဆိုယင် အနောက်နိုင်ငံ မီဒီယာ တွေရဲ့ အကျင့်စရိုက်မှန်ကို မြန်မာ နိုင်ငံသားများ အတိုင်းအတာ တစ်ခု အထိ သိလာပြီ ဖြစ်လို့ ယခု စာပါ အကြောင်းတွေကို နားလည်မယ်လို့ ယူဆပါတယ်။

လက်ရှိ မြန်မာ နိုင်ငံက ဘင်္ဂါလီ ပြဿနာဟာ- အစလေး တစ်စ လောက်သာ ဖြစ်ပြီး နောက်ဆက်တွဲ ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာကို ယခု ဆောင်းပါးကို သေသေချာချာ ဆင်ခြင် နိုင်ယင် တွေ့လာရ ပါလိမ့်မယ်။

ဖြစ်လာမယ့် အန္တရာယ်ကို ကာကွယ်နိုင်မယ့် တစ်ခုတည်းသော လမ်းကို အောက်ဆုံးမှာ ဖေါ်ပြပေးထားပါတယ်။

အပိုင်းပိုင်း ခွဲခြားပြီး ချယ်လှယ်ခြင်း ၀ါဒ မူ (Divide and Rule)

လမ်းမတော် ဘတုတ်၊ မြောင်းမြ ချက်ကြီး၊ ကြည့်မြင့်တိုင် ရန်ကနား၊ ပုဇွန်တောင် ငမိုး စတဲ့ လူမိုက်ဂိုဏ်း အသီးသီးကို ရန်ကုန်မှာ ချယ်လှယ် အုပ်ချုပ်ခိုင်းတဲ့ အချိန် အတွင်းမှာ- ဗြိတိသျှ လက်အောက်မှာ ရှိတဲ့- ဟောင်ကောင်မှာလည်း 14K ၊ The Sun Yee On၊ The Wo Shing စတဲ့ ဂိုဏ်းပေါင်း ၅၀ ကျော်လောက် ရှိခဲ့ပါတယ်။
ဗြိတိသျှ လက်အောက်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရတဲ့ အချိန်မှာ- ကရင် တိုင်းရင်းသား တွေကို လက်နက်တွေ ပေးပြီး အိမ်ကြက်ချင်း အိုးမဲ သုတ် သတ်ခိုင်း ခဲ့သလို၊ ရခိုင်ဒေသ က မူဂျာဟေဒင် သူပုန်တွေကို လက်နက်တွေ ပေးထားခဲ့ပါတယ်။
ဒီလိုပဲ- အိန္ဒိယ မှာ လွတ်လပ်ရေး ရတာနဲ့ အိန္ဒိယ နဲ့ ပါကစ္စတန် ကွဲထွက်၊ ဘာသာရေး အထိကရုဏ်းကြောင့် လူပေါင်း သိန်းနဲ့ချီ သေဆုံး ကြရပါတယ်။
ဒီလိုပဲ- အာဖရိက နိုင်ငံတွေမှာ- လွတ်လပ်ရေး ရပြီးတာနဲ့ စားစရာ ထက် ပိုပေါ တာက သေနတ်တွေ ဖြစ်နေပြီး- လူမျိုးစု အချင်းချင်း သတ်ဖြတ်ကြနဲ့- အစိတ်အစိတ် အမွှာမွှာ ကွဲထွက် ခဲ့ရပါတယ်။
လူသန်းပေါင်း များစွာ သေဆုံးပြီး- မြန်မာ ပြည်မှာ ရှေးစိန် လို့ လူသိများတဲ့ - အာဖရိက စိန် ကို ကမ္ဘာကျော် ဒီဗီးယား စိန်ကုမ္ပဏီ ကြီးက- စိန်ဘိုး တန်ရာ တန်ကြေး ပေးစရာမလိုပဲ- ဒေသခံတွေကို ကျွန်အဖြစ် ခိုင်းတဲ့ အာဏာရ သူပုန် အဆင့်ဆင့် လက်ထဲကနေ အလကား နီးပါး ရပြီး- ကမ္ဘာ့ စိန်ဈေးကွက် ကို တစ်ဦးတည်းပိုင် ကြီးစိုး ထားပါတယ်။
လုပ်ပိုင်ခွင့် ရှိသူတွေကို လာဘ်ပေးရတာက လွဲလို့ အဲဒီ တိုင်းပြည်ကို ပေးရမယ့် တန်ရာတန်ကြေး စိန်ဘိုး နဲ့ ဒေသခံ တွေရဲ့ လုပ်အားခ ကို - အလကား နီးပါး ရပါတယ်။ စိန်အလုပ် သမားဟာ- တစ်ခြား လုပ်စရာမရှိလို့ လုပ်ရတဲ့ အလုပ်သမား ဖြစ်ပြီး မ၀ရေစာ နေ့စားခ ပဲ ရပေမယ့်- အထွက်မှာ တစ်ကိုယ်လုံးက ဒွါရ ကိုးပေါက် စလုံးကို အစစ်ခံကြ ရပါတယ်။ တိုင်းပြည် အတွက် တန်ရာတန်ကြေး ရမည် ဆိုယင်- ဒီဘ၀ ရောက်စရာ မရှိပါဘူး။
ကမ္ဘာ့ ရေနံ အများဆုံး စာရင်းမှာ အမှတ် ၁၁- ဖြစ်ပြီး၊ ရေနံကို ပြည်ပ ပို့ရောင်းတဲ့ နေရာမှာ အဆင့် ၈- နေရာမှာ ရှိတဲ့ နိုင်ဂျီးရီးယား နိုင်ငံ သားတွေဟာ- လူလိမ်တွေ။ သူခိုး ဂျပိုးတွေ အဖြစ်နဲ့ ကမ္ဘာမှာ လူသိများနေကြရပါတယ်။ ဒါတွေ အတွက် ညံ့ဖျင်းတဲ့ အစိုးရ၊ အကျင့်ပျက် အရာရှိတွေ အာဏာရပြီး၊ ရိုးသား သူ အရည်အချင်း ရှိသူ ခေါင်းဆောင် တွေကို ဘယ်သူက လက်စတုန်း၊ ဘ၀တုန်း ပေးလိုက်တယ် ထင်ပါသလဲ။
ကမ္ဘာကျော် ပါနားမား တူးမြောင်း ရှိတဲ့ ပနားမား နိုင်ငံက နဂိုတုန်းက ကိုလံဘီယာ နိုင်ငံရဲ့ ဒေသတစ်ခု ဖြစ်ပြီး- ကမ္ဘာ့ကုန်သွယ်ရေး အတွက် အရေးကြီးတဲ့ တူးမြောင်းလဲ ပြီးရော- ပနားမား နိုင်ငံ ကို ခွဲထွက်ဘို့ အတွက် ပနားမား ခွဲထွက်သူပုန်တွေက တောင်းဆို လာချိန် မှာ- အမေရိကန် ရေတပ် စစ်သင်္ဘော Esmeralda ကို ပို့လွှတ်ပြီး- ပါနားမား နိုင်ငံ လွတ်မြောက် စေသတည်း ဖြစ်သွားပါတယ်။ အသက် ၃၀ အရွယ် - ဗိုလ်ချုပ် အောင်ဆန်း လွတ်လပ်ရေး ကိစ္စအတွက် အင်္ဂလန် ကို သွားဘို့ လုပ်တဲ့ အချိန်မှာ- ဗိုလ်ချုပ် နဲ့ မြန်မာကို အင်မတန် သံယောဇဉ် ကြီးတဲ့- အင်္ဂလန် မင်းမျိုး မင်းနွယ်လည်း ဖြစ်၊ အရှေ့တောင် အာရှ စစ်သေနာပတိလည်း ဖြစ်- လော့ဒ် ဘွဲ့ ပိုင်ရှင်လည်း ဖြစ်တဲ့ လော့ဒ် မောင့်ဘက်တန်ဟာ- သူ့ကို စောင့်ဘို့ ပြောပြီး၊ ဂျပန် နဲ့ စစ်စာချုပ် ကိစ္စတွေ၊ အရှေ့တောင် အာရှ အုပ်ချုပ်ရေး ကိစ္စတွေ အရေးကြီးတဲ့ အလုပ်တွေ အများကြီး ကြားက ဗိုလ်ချုပ်ကို ပြောစရာရှိလို့- မြန်မာကို ပြေးလိုက်တာတယ်။ လွဲသွားတော့ အိန္ဒိယ ကို ဆက်လိုက်တယ်။ အဲဒီ မှာလည်း မမီတော့-ပဲ နေရူး နဲ့ပဲ တွေ့ခဲ့ရတယ်။ သူဘာတွေ အရေးတကြီး- လူကိုယ်တိုင် ပြောပြဘို့- ကြိုးစားခဲ့ရတယ် ထင်ပါသလဲ။ ဒီအချိန်မှာ မြန်မာလို နိုင်ငံမျိုးက လူငယ်- ခေါင်းဆောင် တစ်ယောက်ကို အရေးတကြီး ပြောစရာ မရှိပဲ- လိုက်လာစရာ အကြောင်းမရှိပါ။ လော့ဒ် မောင့်ဘက်တန် ရဲ့ အဆင့်ကို သိချင်ယင်ဒီမှာ ဖတ်ကြည့်ပါ။ (http://en.wikipedia.org/wiki/Louis_Mountbatten,_1st_Earl_Mountbatten_of_Burma)
ပါနားမား တူးမြောင်းကို ပါးနားမား အုပ်ချုပ်ရေး လက်ထဲ ပြန်ရောက်ဘို့ ကြိုးစားခဲ့တဲ့ ပနားမား ပြည်သူတွေ ချစ်တဲ့ ဗိုလ်ချုပ် တိုရစ်ဇိုး ဟာ- အမေရိကန် အကူအညီ ပေးထားတဲ့- ပနားမား ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ် နိုရေးဂါး ရဲ့ လျှို့ဝှက် လုပ်ကြံမှုကြောင့်- လေယာဉ် ပျက်ကျ သေဆုံးခဲ့ပြီး။ နောက်ပိုင်း နိုရေးဂါး ကိုလည်း အမေရိကန်က မူးယစ်ဆေးဝါး အကြောင်းပြပြီး ပနားမားကို ဗုံးကြဲ၊ နိုရေးဂါး ကို ၀င်ဖမ်းခဲ့ပါတယ်။ တကယ်လို့ ဗိုလ်ချုပ် တိုရစ်ဇိုးသာ အသက်ဆက်ရှင် နေမယ် ဆိုယင်- ပနားမား က အမေရိကန် စစ်စခန်း ကို ဖယ်ပေးဘို့ နဲ့ - တူးမြောင်းကို ဆက်လက် အုပ်ချုပ်ခွင့် ရမှာ မဟုတ်ပါဘူး။ သို့သော်လည်း စိတ်ကောင်း ရှိတဲ့ သမ္မတ ဂျင်မီကာတာ နဲ့ ဗိုလ်ချုပ် တိုရစ်ဇိုး တို့ လက်မှတ် ထိုးထားခဲ့မှု ကြောင့်- နောက်ဆုံးမှာ တူးမြောင်းကို ပနားမားလက်ထဲ ပြန်ထည့် လိုက်ရပေမယ့် အဲဒီက လျှို့ဝှက် စစ်သင်တန်းတွေ ပို့ချ နေတဲ့ အမေရိကန် စခမ်း ကိုတော့ အခုအထိ ဆက်လက် ဖွင့်ထား နိုင်ဆဲ ဖြစ်ပါတယ်။ http://en.wikipedia.org/wiki/Separation_of_Panama_from_Colombia
http://www.costaricapages.com/panama/blog/panama-conspiracy-373
အရှေ့တီမော နိုင်ငံဟာ- ရေနံထွက်ရှိ လာပြီးနောက်မှာ- ဘာသာရေး အကြောင်းပြပြီး- အင်ဒိုနီးရှား နိုင်ငံကို ထောက်ခံတဲ့ သူတွေက မတရားနှိပ်စက်မှုကို ကြောင့် ခွဲထွက်အောင် နိုင်ငံ တကာ မီဒီယာ ကို အသုံးချပြီးနောက်- အရှေ့တီမောမှာ- ကမ္ဘာ့ဘဏ်၊ အိုင်မန်အက်ဖ်၊ ၾသစေတ်းလ်၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက- နေရာယူပြီး၊ အရှေ့တီမော ပြည်သူတွေ ဒုံရင်း အတိုင်း ရှိနေစဉ်မှာ လမ်းပေါ်က ကာ ၅-စီးမှာ ၄-စီးဟာ အဲဒီအဖွဲ့အစည်းတွေ ပိုင် ကားတွေပဲ ဖြစ်နေပါတယ်။ ကျန်တစ်စီးက တော့ လက်ရှိ အာဏာရ အစိုးရ နဲ့ သက်ဆိုင်သူ တွေ ပိုင်တဲ့ကားပဲ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ ဒီအတိုင်းပါပဲ။

မီးစာတစ်ဘက်- ရေမှုတ်တစ်ဘက်။ (ရန်သူကို အင်အားကြီးစေခြင်း)

၁၉၅၅ က နေ ၃၀၊ ဧပြီလ ၁၉၇၅ အထိ ဗီယက်နာမ် စစ်တစ်လျှောက်လုံးမှာ- တရုပ်ကြီး က စစ်လက်နက်ပိုင်း၊ ဗျူဟာပိုင်းတွေနဲ့ ဗီယက်နာမ် တွေကို အကူအညီ ပေးခဲ့သလို၊ ၁၉၅၀- ကနေ ၁၉၅၃ အထိ၊ ကိုရီးယား စစ်ပွဲမှာလည်း တရုပ်ကြီးက မြောက်ကိုရီးယား တွေဘက်ကနေ ကူညီခဲ့ပါတယ်။ အခြား ဆန့်ကျင်ဘက် တစ်ဘက်ကို ကူညီ နေတာက အမေရိကန်ပါ။ တကယ်တမ်းက ဗီယက်နာမ်တွေ ရဲ့ အသက်၊ ကိုရီးယား တွေ ရဲ့ အသက်တွေ နဲ့ ဗီယက်နာမ်၊ ကိုရီးယား မြေမှာ တိုက်ပွဲတွေ ဖြစ်နေခဲ့ပေမယ့်- နောက်ကွယ် က အင်အား ပြိုင်နေသူတွေက တရုပ် နဲ့ အမေရိကန် ပါပဲ။
တရုပ်ကြီးက တိဘက်ကို ကျူးကျော် တဲ့ ၁၉၅၉ ခုမှာ တစ်ဘက်က နေ တရုပ်ကို ရှုံ့ချခဲ့ပါတယ်။ အဲဒီ အချိန်မှာပဲ တရုပ်ကြီးဟာ ကုလ သမဂ္ဂ ရဲ့ လုံခြုံရေး ကောင်စီဝင် ဘ၀ ရောက်ပါပြီ။ ၁၉၈၈- ရင်ပြင်နီမှာ ကျောင်းသား တွေကို သတ်ပစ်တာကို ရှံ့ချ တဲ့ တစ်ချိန်တည်းမှာ- ၂၀၀၈ အိုလံပစ် ကြီး အတွက်- တရုပ်ကြီးကို ပီကင်း အိုလံပစ် အတည်ပြုပေးခဲ့ပါတယ်။ (၄- နှစ် မှ တစ်ကြိမ် ပြိုင်ရတဲ့ အိုလံပစ် အတွက် အနည်းဆုံး ၄-ကြိမ်စာ ကတည်းက ကြိုတင် ခွင့်ပြုပေးထား ရပါတယ်၊)
လူတိုင်း သိထားကြတဲ့ အိုစမာ ဘင်လာဒင် ဟာ တစ်ချိန်က စီအိုင်အေ အတွက် အလုပ်လုပ် ပေးခဲ့တဲ့သူ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၁- ရက် ကိစ္စ ဖြစ်ချိန်မှာ ဘင်လာဒင် ရဲ့ မိသားစု တွေဟာ- အမေရိကန်မှာ ရှိနေခဲ့ပြီး- လေယာဉ်တွေ ပြန်လည် ပြေးဆွဲတဲ့ ပထမ ဆုံး ခရီးစဉ်မှာ သူတို့ကို အမေရိကန် ကနေ ပြန်ခွင့်ပေးခဲ့ပါတယ်။ ခေါ်ယူ မေးမြန်းခြင်း မရှိခဲ့ပါဘူး။
အယ်လ် ခိုင်ဒါး၊ ဂျေအိုင်၊ တာလီဘန်၊ စတဲ့ အကြမ်းဘက် အဖွဲ့အစည်းတွေ အတွက် ဘဏ္ဍာရေး ကို အဓိက ထောက်ပံ့ပေးနေတဲ့ နိုင်ငံဟာ- အများထင်သလို- ဆီးရီးယား၊ လက်ဘနွန်၊ အီရန်၊ အီရတ် တို့ မဟုတ်ကြပါဘူး။ အမေရိကန် ရဲ့ မဟာမိတ်ကြီး ဆော်ဒီ အာရေဗီယ UAE ပဲ ဖြစ်ပါတယ်။
၁၉၁၄-၁၉၁၉ အထိ- ဖြစ်ပွားခဲ့တဲ့ ပထမ ကမ္ဘာစစ်မှာ- ဂျာမဏီဟာ စစ်ရှုံးခဲ့ရ တာကြောင့် စီးပွားရေး ပိတ်ဆို့မှု များ လုပ်ထားပြီး အင်မတန် ကြပ်တည်း ငတ်ပြတ် ခဲ့ရပါတယ်။ သို့သော်လည်း- နောက်ပိုင်းမှာ အမေရိကန်က အကူအညီ ရလာလို့ အနည်းငယ် ချောင်လည် လာပါတယ်။ ဒါပေမယ့်လည်း ၁၉၃၀ - The Great Depression ဆိုတဲ့ အမေရိကန် စီးပွားပျက်ကပ် လည်း ဆိုက်ရော အမေရိကန် က မကူနိုင်တော့လို့- ဂျာမဏီဟာ အငတ်တွင်း ထဲ ရောက်ခဲ့ရပြန်ပါတယ်။ ဒါပေမယ့် ၁၉၃၉-ဒုတိယ ကမ္ဘာစစ် ဖြစ်ချိန်မှာ- ဂျာမဏီ နိုင်ငံဟာ- ဘယ်က ဘယ်လို ပိုက်ဆံတွေ၊ စက်မှု ကုန်ကြမ်းတွေ ရလာလည်း မသိဘူး- ဒုံးပျံ နဲ့ အာကာသ ပညာပိုင်းတွေ၊ Rocket Science မှာ ကမ္ဘာမှာ အကောင်းဆုံး ဖြစ်ပြီး၊ အနုမြူကို ရလုနီးနီး ဖြစ်ခဲ့ပါတယ်။ အိုင်းစတိုင်းသာ အမေရိကန် ကို မရောက်ခဲ့ယင် ဂျာမဏီ က အနုမြူကို အရင်ရမှာ ဖြစ်ပါတယ်။ ဒုံးပျံ သုတေသန တစ်ခုတည်းမှာတင် လက်ရှိ နာဆာ အဆင့်ထက်မြင့်လို့ နာဆာကို စစ်အပြီးမှာ နာဇီ သိပ္ပံပညာရှင် ၃၅-ယောက် နဲ့ စတင် ဖွဲ့စည်းခဲ့ပါတယ်။
အခုငွေ တန်ဘိုး နဲ့ ဆိုယင် ဘီလျံဒေါ်လာ စရိတ်ရှိတဲ့ ဒုံးပျံ သုတေသန၊ ဘီလျံ နီးပါး ကုန်ကျနိုင်တဲ့- အနုမြူ သုတေသန၊ မီလျံပေါင်း များစွာ ကုန်ကျ နိုင်တဲ့- ဆေးပညာ နဲ့ မျိုးရိုးဗီဇ သုတေသန Genetic Research၊ ဒုတိယ ကမ္ဘာစစ်ကို ဆင်နွဲနိုင်ဘို့ လိုအပ်တဲ့ စစ်စရိတ်၊ လက်နက် ပစ္စည်း ဘီလျံ များစွာကို ဘယ်က ဘယ်လို ရသလို ဆိုတာ စဉ်းစားကြဘို့ လိုပါတယ်။ ငွေရတယ်ဘဲ ထားဦး၊ ပိတ်ဆို့မှု တွေ လုပ်ထားတဲ့ နိုင်ငံမှာ လက်နက် နဲ့ သုတေသန အတွက် လိုအပ်တဲ့ ကုန်ကြမ်း ပစ္စည်းတွေ ဘယ်လို ရမယ် ထင်ပါသလဲ။ နောက်မှာ ပေါ်ထွက်လာတာက အမေရိကန် သမ္မတဟောင်း ဂျော့ခ်ျ ဒဗလျူ ဘုရှ် ရဲ့ အဘိုး အမေရိကန် လွှတ်တော် အမတ် Prescott Bush နဲ့။ ရော့ခ်ဖဲလား၊ (ကုသမဂ္ဂ အဆောက် အဦကို လှူထားသူ) အဓိက တော့- အမေရိကန် နဲ့ အင်္ဂလန် ထိပ်ပိုင်း ပုဂ္ဂိုလ်များ ပါဝင် ပါတယ်။ ဒီစာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။ http://www.amazon.com/Who-Financed-Hitler-Funding-1919-1933/dp/0671760831 ဒီထက် ဒီထက် မကတဲ့ အကြောင်းတွေ အများကြီး ရှိပါတယ်။ သေသေချာချာ သိချင်ယင်- Confessions of an Economic Hit Man စာအုပ်ကိုဒီလင့် က နေကနေ ဒေါင်းပြီး ဖတ်ကြည့်ပါ။ တစ်ခြား လည်း ဖတ်စရာတွေ အများကြီး ရှိပါသေးတယ်။ http://www.thevenusproject.com/downloads/ebooks/John%20Perkins%20-%20Confessions%20of%20an%20Economic%20Hitman.pdf

ဒီအဖွဲ့အစည်းကြီးများ နဲ့- ပုဂ္ဂိုလ်ကြီးများ ရဲ့ အစီအစဉ် တွေဟာ- လူထု အားလုံး ညီညွတ်ယင် - ရိုးသားမှု ကို တန်ဘိုးထားပြီး အတ္တ ကင်းရှင်းယင် အလုပ် မဖြစ်တော့ပါဘူး။

ဒါတွေကို နိုင်ငံတကာ- ဖြစ်ရပ်တွေ နဲ့ ချပြီး ယှဉ်ကြည့်မှ မြင်ရမှာမို့- အခုလို ရေးသားရခြင်း ဖြစ်ပါတယ်။ ဒီထက် မကတဲ့ နမူနာတွေ ထောင်နဲ့ ချီပြီး ရှိပါတယ်။ လေ့လာကြပါ။ မိမိသိရှိတာကိုလည်း ဆက်လက် လက်ဆင့်ကမ်း ဖြန့်ဝေကြပါ။

ခင်မင်လျှက်

သစ္စာနီ
http://onlinepyadaik.com/m/blogpost?id=4021190%3ABlogPost%3A554992

No comments :

Post a Comment

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...