Monday, September 27, 2010

(၆)တိုက်မှာ လောက်ကိုက်တာ ခံဖူးသလားနှင့် အခြားထောင်ဝတ္ထုတိုများ

ထောင်.....တဲ့
နှောင်အိမ်မျှသာ မဟုတ်
လူ့ဂုဏ်ပုဒ်မှန်သမျှကို ချေနင်း
ခါးသည်းခြင်းပေါင်းစုံတို့ရဲ့ ဗဟိုချက်
ရက်စက်မှုပေါင်းစုံတို့ရဲ့ ရပ်ဝန်း
သွေးရိပ်စွန်းနေတဲ့ အမှောင်မြေ.....။
ဒါပေမဲ့...ဒီနေရာမှာပဲ
အာဇာနည်များစွာကို ဖွားသစ်
သံမဏိ စစ်မစစ် ပေတင်ခံ
မီးလျှံတွေတွင်းမှာ ဖြတ်ကျော်ရင်း
အလင်းချစ်သူတွေလဲ မွေးလာတယ်...။

No comments :

Post a Comment

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...