Wednesday, April 28, 2010

အတ္တနောက် (တကောက်ကောက်) ပြေးလိုက်နေသူများ၏ အသံ

အတ္တနောက် (တကောက်ကောက်) ပြေးလိုက်နေသူများ၏ အသံ

ဘာမှ မပေးချင်ဘူးဆို
ဘာမှ မရရုံပေါ့
(ဖြစ်နိုင်ရင်)
" ငါ " ဆိုတာ ပျောက်သွားအောင်
ဥုံဖွ ဆိုပြီး
မန်းမှုတ်ပစ်လိုက်ချင်ရဲ့......။

အခုတော့
အလိုရမ္မက် မီးတောက်တွေကြား
ဟိုမရောက် ဒီမရောက်
တဖောက်ဖောက်နဲ့ လောင်......။

ရချင်ရင် ပေးရတယ်ဆိုတာ
ရေးကြည့်မှပဲ
မနက်အိပ်ရာထ ခေါင်းကြည်မှာလေ

ပင်လယ်ထဲ စီးမျောနေတဲ့
လှေငယ်......
ကိုယ်ဆိုက်ချင်တဲ့
ကမ်း.....
ကပ်ရောက်နိုင်ဖို့
မုန်တိုင်းတော့
ကျော်ဖြတ်နိုင်ရမှာပေါ့....။

တခါတခါတော့လဲ
မရှိတဲ့ အရှိတွေ
တပ်မက်ရတာ
(ကပ်စီးစီး) နိုင်လွန်းလို့....။

အိပ်ပေမယ့် မပျော်တဲ့ညတွေ
လျှောက်ရင်း
ခြေထောက်ကွဲ ဒဏ်ရာတွေ
နှစ်သိမ့်ရမှာ
အိပ်မက်ဆုံးတဲ့ အထိပါလားဆိုတာ
တွေးတောမိတဲ့
" တဒင်္ဂ ".......!!!!!!!!!!!

☣ လင်းသင်
(၂၀၀၄ အာရုံ)

6 comments :

  1. ကဗျာလေး လာဖတ်သွားတယ်။ တရားရလို့ စပ်ထားတဲ့ ကဗျာလိုပဲ။ ဖတ်ရတာ အနှစ်သာရတော့ ရှိတယ်။ ဒါပေမဲ့ တောတော့ မထွက်လိုက်နဲ့နော်၊ ကျန်ရစ်သူ ငိုနေပါအုံးမယ်။

    ReplyDelete
  2. ကဗျာလေး ကောင်းတယ် အစ်ကို။
    မှန်တယ်။ တခုလိုချင်ရင် ကိုယ့်ဆီကလည်း
    တခုပေးမှရတယ်။ ဒါပေမယ့်လည်း
    ဘာမှမပေးဘဲနဲ့ လိုချင်တာ လူ့အတ္တလေ....
    ကဗျာဖတ်ပြီး ခွန်ပါ တရားရသွားတယ်
    ဟဲ....

    ပျော်ရွင်ပါစေ

    ReplyDelete
  3. မပျော် သော အိပ်ခြင်း နဲ့  အိပ် မိခဲ့  ရင်
    ဒီလို ပဲ ဖြစ်တတ်ပါတယ် လို့  ။
    အိပ်ရာ တွေ လဲ တွန့် လိပ် လို့  စိတ် ညစ် လို့ နေ ...
    ဆိုသလို ပေါ့  ။
    ရယူ ချင်ရင်တော့  ကိုယ်က အရင် ပေး လိုက် ရတာ
    ပါပဲ လေ ၊

    ReplyDelete
  4. ကောင်းလိုက်တဲ့ ကဗျာလေးပါဘဲ ချမ်းလင်းရေ
    အသိတရားလေးကို ပေးထားပါတယ်..
    ဖတ်ခွင့်ရလိုက်လို့ ကျေးဇူး

    ReplyDelete
  5. ကဗျာလေးကောင်းတယ်အစ်ကို
    သဘောကျတယ်

    ReplyDelete
  6. ကဗျာလေး ကောင်းတယ် ကိုချမ်း ...

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...