Tuesday, December 22, 2009

ကျဆုံးခြင်း

ငါ့ခြေလှမ်းတို့ သွက်လက်နေတယ်။ငါချစ်နေတဲ့ သူ့ဆီကို စားစရာအချို့နဲ့အတူ အပြေးလှမ်းလာခဲ့တယ်။တို့နှစ်ဦး ရင်ခုန်မှုတွေ ဖလှယ်ရင်း ညနေစာအတူ စားဖို့လေ။



မထင်မှတ်တဲ့ မြင်ကွင်းတွေကြောင့် ရင်ထဲက သာယာကြည်နူးမှုလေးတွေ လွင့်စင် ပျောက်ကွယ်သွားတယ်။ငါချစ်နေတဲ့သူက အခြားသူရင်ငွေ့မှာ သာယာကြည်နူး နေလေရဲ့။ငါဒီမြင်ကွင်းကို ဘယ်လိုရင်ဆိုင်ရမှာလဲ၊ မြင်ရက်နိုင်မှာလဲ။ ရင်ထဲဆိုနစ်လာတဲ့ ငါ့ဝေဒနာ ဘယ်သူများသိနိုင်မှာပါလဲ။ဒီကမ္ဘာမှာ ငါရှင်သန်လျှက်နဲ့ပင် ကျဆုံးခဲ့ရပြီ။



တစိုက်မတ်မတ် ကြည်နူးမှုတွေနဲ့ ဆိုက်ရောက်လာတဲ့ ငါ့ကို တခြားသူရင်ခွင်ထဲက မင်းပုံရိပ်တွေနဲ့ စီချင်းထိုးလိုက်တာများ သေကောင်ပေါင်းလဲ မတတ်ပဲ။ ငါ့နယ်ရုပ်ကလေး မင်းက ဧကရာဇ်မင်းမှ ချစ်လို့ ဘုရင်မအဖြစ်နဲ့ ငါ့ကို စားသွားပြီကို။ အချစ်ကစားပွဲမှာ ငါ့နှလုံးသားတွေ အတုံးအရုံး ကျရှုံးခဲ့တာ မြေကြီးပေါ်ရပ်တည်နေတဲ့ ခြေလှမ်းတို့ ယိမ်းယိုင်ပြိုလဲ သွားမလားပဲ။



ကိုယ်ချစ်သူ တခြားရင်ခွင်မှာ နစ်ဝင်နေတဲ့ အမြင်အောက်က ငါလှည့်ထွက်လာမိတယ်။ ငါ့ကိုယ်ငါရှင်သန်လိုစိတ်လဲမရှိတော့ဘူးလေ။ဘာများထူးဦးမှာလဲ။ဟိုင်းဝေးလမ်းမကြီးပေါ် ငါ့ခြေလှမ်းတို့ ဦးတည် ပြေးလွှား။အားလုံးထားခဲ့ပစ်လိုက်ခဲ့ပြီ အချစ်လေး။သေချာတာ သိပ်ချစ်လို့၊ မခံနိုင်အောင် ရူးသွတ်လို့၊ လိုချင်တာ ရှုံးနိမ့်လို့ ငါအဝေးဆုံးကိုပြေး ......ပြေးသွားမိပြီ။



မျက်စိတွေမှိတ် မေ့ပျောက်ဖို့ ကြိုးစားလဲ ထင်လာခဲ့ မင်းတို့ပုံရိပ်တွေငါ့မျက်ဝန်းတွေထဲမှာ မိတ္တူပွားသလို ပွားများကုန်ပြီ။ဖျောက်ဖျက်နိုင်စွမ်းမဲ့ စုတ်ချက်ကြမ်းကြမ်းနဲ့ အတိတ်ပုံရိပ်တွေ မှေးမှိန်ပျောက်ကွယ်ဖို့ နည်းလမ်းတစ်ခုကတော့...............

ငါ့ခေါင်းကို ငုံ၊ ခြေအစုံမြှောက် အရှိန်အဟုန်ဖြင့် တလကြမ်း ဖြတ်သန်းမောင်းနှင် နေကြတဲ့ ဟိုင်းဝေးလမ်းပေါ်မှာ ကားတွေကြား အတင်းတိုးဝင် ဖြတ်ကူးခဲ့ပြီပေါ့။
မျက်စိကိုမှိတ် နောင်ဆက်ကူးမည့် ဘဝအသစ်ကိုတွေးရင်း ငါ့ထံသို့ ဦးတည်လာနေသော ကားတန်းဆီးသို ဦးလှည့်လိုက်မိတော့သည်။

✽✽✽✽✽✽






ဒီကားလေးကို ကြည့်ရင်း ခွေးလေးတစ်ကောင်ရဲ့ အဖြစ်ကလေးက သနားဖွယ်၊ ပြုံးရယ်ဖွယ် ရိုက်ကူးထားတဲ့ Bridgestone ကားဘီးကြော်ငြာလေးတစ်ခုပါ။ဒီအတိုင်း ဗီဒီယိုဖိုင်ကြီးပဲ တင်လိုက်တာထက် ခွေးကလေးရဲ့ နေရာဝင်ပြီး ခံစားကြည့်ရင်း စာဖွဲ့လိုက်တာပါ။မူရင်းဗီဒီယိုက www.kewego.com ကရတာပါ။

နောက်ထပ် Bridgestone ကြော်ငြာလေးတွေပါ။စိတ်ဝင်စားစရာ ကောင်းအောင် ရိုက်ကူးတတ်တဲ့ ဒါရိုက်တာတွေရဲ့ idea ကို ချီးကျူးမိပါတယ်ဗျာ။ဒီကားလေးတွေ ကြည့်ရင်း အားလုံးပဲ ပြုံးပျော်ရွှင်နိုင်ကြပါစေဗျာ။






ဆက်လက်ကြိုးစားပါဦးမည်။

16 comments :

  1. တကယ့် စိတ်ကူးကောင်းလေးပါပဲဗျာ...

    ReplyDelete
  2.း) ဟားဟား သဘောကျတယ်အစ်ကို
    ခံစားထားတာ တကယ်လူများလားလို့
    နောက်မှ
    မိုက်တယ်ဗျ သဘောကျတယ်း)အစ်ကို့အကောင့်ကို
    လက်ခံထားတယ်အစ်ကိုရေး)

    ReplyDelete
  3. ကိုချမ်းရေ...... အရေးအသားလေးကတော့ တကယ်ပြောင်မြောက်ပါတယ်။ မထမတော့ ခံစားချက်လေး များလား လို့ထင်လိုက်တာ။ နောက်မှ သဘောပေါက်သွားတော့မယ်။

    ခင်မင်လေးစားလျှက်

    ReplyDelete
  4. လာအားပေးတယ်နော်
    ရေးတတ်သူများတော့ ပြောချင်ဖူးနော်
း)

    ReplyDelete
  5. ဟာ...ကိုချမ်းကလဲ တကယ့်လူနှစ်ယောက်ရဲ့ ဇာတ်လမ်းလားလို့ နစ်မျောပြီးဖတ်လိုက်တာ...။
    ဘာပဲဖြစ်ဖြစ် အိုင်ဒီယာတွေသိပ်ကောင်းပါတယ်
    မိုးငွေ့လဲ အဲဒီကြော်ငြာလေး ယိုးဒယားလိုင်းမှာကြည့်ဖူးတယ်...။ နောက်ထပ် အာမခံကြော်ငြာလေးတစ်ခုရှိသေးတယ်ဗျ...
    မိသားစုသုံးယောက်နဲ့ရိုက်ထားတာ...အဲဒါလေးလဲ သဘောကျဖို့ကောင်းတယ်...။

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete
  6. ဟာဂျာ...အကိုက လူဆိုးပဲ။ ကျွန်တော်က ဂယ်မှတ်နေတာ။ ဟီး ငါ့အကိုတော့ ဘယ်လိုဖြစ်တာလဲပေါ့။ video ကြည့်ပြီးမှ .. အော်ချနိုင်တယ်။ video မပါလို့ကတော့ ..ဟွန်း...သေပြီးဆရာ ပဲ။

    ReplyDelete
  7. စဖတ်တော့ ဝတ္တုကောင်းကောင်း ဖတ်ရပြီ ထင်လိုက်တာ.. ခံစားချက်က ပီပြင်နေလို့. နောက်တော့မှ ... သိသွားတယ်။

    ReplyDelete
  8. မိုက်တယ် ကိုချမ်းရ..စာရေးတာပြီး စိတ်မကောင်းဖြစ်နေတာ..ဟူး..တော်သေးတယ်..ဗီဒီယို..

    ReplyDelete
  9. မိုက်တယ် ကိုချမ်းရေ... ရေးထားတဲ့စာရော ကြော်ငြာရိုက်တဲ့သူရဲ့ အတွေးရော...

းဝ)

    ReplyDelete
  10. အရမ်းသဘောကျသွားတယ်အကိုရေ
    ခွေးလည်းချစ်တော့ပိုကြည့်လို့ကောင်းတယ်

    ReplyDelete
  11. ဗီဒီယိုတွေသာမကြည့်မိရင် တခုခုထင်မိတော့ မှာဗျ။ စာသားတွေက သီချင်းရေးထားသလိုမျိုး ထင်မိသေးတယ်။ အပေါ်ဆုံး ဗီဒီယို ကြည့်မိမှ စိတ်ဝင်စားပြီး အားလုံးကြည့်ဖြစ်သွားတယ်။
    စိတ်ကူးလေးတွေ ကောင်းပါ့ဗျာ။

    ReplyDelete
  12. ကိုချမ်းရေ...
    ရေးထားတဲ့စာတွေကို ခံစားပြီးဖတ်နေတာဗျ...:)
    ခင်မင်တဲ့
    ဏီလင်းညို

    ReplyDelete
  13. ဖတ်စစချင်းတော့ လူလားလို့ ..နော်ကမှ ပြုံးမိသွားတယ်။

    ReplyDelete
  14. ကိုချမ်းလင်းနေတယောက် အသဲကွဲတဲ့ ဇာတ်လမ်းများ ရင်ဆိုင်နေရပြီ ထင်လိုက်တာ လွဲသွားပြီ။

    ReplyDelete
  15. အကိုချမ်းရေ စာမေးပွဲပီးလို့ အခုမှ ရောက်ဖြစ်တယ်
    ဗီဒီယိုဖိုင်လေးတွေ ကြည့်သွားတယ် အကို
    သဘောတကျနဲ့ :)
    Merry Christmas & Happy New Year!!

    ReplyDelete
  16. ဟားဟား ကိုချမ်းကတော့ လုပ်ပြီ ...
    တော်သေးတာပေါ့..
    ကြော်ငြာလေးတွေ ကောင်းတယ်ဗျ...

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...