Sunday, November 29, 2009

☣ နှစ်ချို့ဘလက်ကော်ဖီ ☣

 Image Hosting

နှစ်ချို့ဘလက်ကော်ဖီ

နွေနှင်းပန်းတို့ ပွင့်လန်းချိန်တွင် လသည် သာယာသော သဘောရှိသည်။ ငြိမ်သက်တိတ်ဆိတ်မှုထဲမှ ရထားဥသြသံအချို့ သဲ့သဲ့ညှင်းညှင်းကြားရသည်။ အဆူညံဆုံးအသံကား နာရီလက်တန်၏ လှုပ်ခါချက်ဖြစ်သည်။အိမ်မြောင်စုပ်ထိုးသံကိုလည်း ရံဖန်ရံခါ ကြားရသည်။ ခွေးအူသံအချို့ နှင့် ကားဘီးပွတ်သံအချို့လဲ ထိုညတွင် မှော်ဝင်စားလေသည်။ခပ်ဝေးဝေးမှ ညှင်းသဲ့တိုက်ခတ်လာသောလေ၏ အေးစက်မှုသည် ညကိုအသက်ဝင်စေသည်။ ပိုးစိမ်းကောင်လေးများ လမ်းမီးရောင် မှိန်မှိန်အောက်တွင် အတုံးအရုံးတိုက်ပွဲကျနေကြသည်။ အသက်ရှုသံအချို့ လဲပြိုချိန်မှာ ဟောက်သံအချို့က ကြားကားဆွဲသည်။အိပ်စက်မည်ဟု မှိန်းရုံကြံနေသော မျက်စိအစုံက နောင်လာမည့်အာရုဏ်ကိုပဲ မျှော်နေသည်။အချိန်သည် ရွှေလျားနေသော်လည်း ကြာသည်ဟု ထင်ရသည်။ဆောင်းကူးနေသောကြောင့် သန်းခေါင်ညနက်မှု ရှည်သည်။အိပ်မပျော်သော ညတစ်ည သံသယာလည်ဆိုသောသီချင်းလဲ မဆိုချင်တော့ပြီ။

အိုက်
စပ်ပူလောင်မှုကို ရေခဲရေဖြင့် မြောချလို့လဲမရ။ဗိုက်ထဲမှာလဲ တဂွီဂွိဖြင့် စစ်ပွဲတွေဖြစ်နေသည်။ ငြိမ်းချမ်းရေးယူဖို့ ညစာကျန်နေတဲ့ ထမင်းကြမ်းခဲကို ကြက်ဥကြော်ဖြင့် ပေါင်းရမည်။ကြက်ဥကို ညနေဈေးမှမဝယ်မိခဲ့။ဆီကြည့်ပြန်တော့လည်း တစက်နှစ်စက်သာသာ။ ဂစ်မီးဖိုကိုဖွင့်လိုက်တော့လည်း မီးတရှဲရှဲဖြင့် ဘာတည်ရမှန်းမသိ။ကယောင်ကတမ်းဖြင့် ရေနွေးကောက်တည်လိုက်သည်။လက်နှစ်လုံးလောက်ရေက အဆူတော့မြန်သည်။ကော်ဖီပဲ မော့တော့မည်ဟုကြံပြီး ကော်ဖီမှုန့်ထည့်တော့ ပုလင်းဝကခုန်ဆင်းလာတာ တမှုန်နှစ်မှုန်။ပုလင်းကိုထောင်ပြီး နှုတ်ခမ်းဝကငေးလိုက်တော့ ဗလာနတ္ထိ။ဆူနေတဲ့ရေနွေးကို အားနာလို့ ကော်ဖီပုလင်းထဲ ရေနွေးသွန်ပြီး ကျင်းလိုက်သည်။ရေနွေးကို ကော်ဖီရောင်လေးဆိုးပြီး သကြားပုလင်းလှမ်းကြည့်ပြန်တော့။ပုရွက်ဆိတ်တွေက သကြားတစ်မှုန်ဆီ သူတို့တွင်းထဲ သယ်သွားကြသည်။သကြားမပါတော့လည်း ဆီးချိုကင်းစင်တယ်ပေါ့။ဒီအတိုင်းပဲ ဘလက်စစ်စစ် မော့ချလိုက်သည်။ "ဂလု"။ဝင်ပြီးသား ကော်ဖီရောင်ရေနွေးတွေ ပြန်ခုန်ထွက်လာသည်။အရသာမဲ့ နှစ်ချို့ကော်ဖီစစ်စစ်တခွက်ပါလား။


ဆက်လက်ကြိုးစားပါဦးမည်။





21 comments :

  1. ကော်ဖီ ဒီကိုလဲ တစ်ခွက်လောက် :P
    အပေါ်ကနေ ဖတ်လာတာ ဆောင်းနှင်းမှုန်တွေနဲ့ ဝေ့ဝဲနေတဲ့ အထီးကျန်ခြင်းကနေ
    နောက်တော့ ကော်ဖီဖျော်ခြင်း ဖြစ်သွားတယ်
    ဖတ်ပီး ရီလိုက်ရတာ :)

    ReplyDelete
  2. အထီးကျန်ခြင်းမှလည်း အမ ကျန်ခြင်းဖြစ်လာပါစေ :P
    နှစ်ချို့ ကော်ထီ ဆိုတော့ အရမ်းခါးလားဟင်????

    ReplyDelete
  3. ရန်ကုန်ပြန်ရောက်တုန်းက ညဘက်အိပ်မရတာနဲ့ ကော်ဖီဖျော်သောက်ရင်း ဟိုတွေးဒီတွေးရင်း ထွက်လာတဲ့ အတွေးတစ်ချို့ပါ။အဲဒီတုန်းက ကော်ဖီကလည်း ဒီလိုပဲ သကြား၊ နို့ဆီ ဗလာအတိနဲ့ ကော်ဖီကြမ်းကြီး။ခါးမှခါး မနဲတောင် မျိုချလိုက်ရတယ်။

    ReplyDelete
  4. ရေးထားတာတွေ လဲ မိုက်...
    ကော်ဖီ လဲချိုချို ခါးခါး ကြိုက်စ်...

    ReplyDelete
  5. အဟား ကိုချမ်းရဲ့ ကော်ဖီက လန်းတယ်...
    ရန်ကုန်က ကော်ဖီခါးခါးပေါ့လေ...
    အများကြီးတော့ မသောက်နဲ့..
    မော်ဒန်ရေးချက်ဆန်းဆန်းနဲ့ အမှန်အကန်တင်ထားတဲ့ ပို့ကို ဖတ်ပြီး သဘောကျသွားတယ်..

    နှင်း

    ReplyDelete
  6. နှစ်ချို့ကော်ဖီက
    Kopi Luwak ထက်တောင်ပိုကောင်းမယ့်ပုံဗျား
    ပျော်ပါစေ
    လာမည့် ဗုးဒ္ဓဟူး ...အစီအစဉ်ဆွဲနေတယ်နော်
    အသင့်ပြင်ထား...

    ReplyDelete
  7. ကော်ဖီခါးခါးတစ်ခွက်ကို ကြိတ်မှိတ်ပြီး လာသောက်ပါတယ် ခါးခါးလေးပဲး)

    ReplyDelete
  8. ချယ်လ်ဆီး-အာဆင်နယ် ပွဲကိုက်လို့ ဝေလီဝေလင်း ခေါင်းရှင်းဖို့ ဘလက်ကော်ဖီ သောက်ဖြစ်ခဲ့သေးတယ်။
    နှစ်ချို့ဘလက်ကော်ဖီ ရဲ့ ခါးသက်သက်အရသာကို ထပ်ပြီး ခံစားသွားပါတယ်။

    ReplyDelete
  9. အာ ကိုချမ်းကလည်းဗျာ ကျွန်တော်က ဖတ်ရင်းနဲ့ မျောလာတာ... မော်ဒန်ဆန်တဲ့ စကားလုံးတွေက ဇာတ်ရှိန်တတ်လာတာ တဖြည်းဖြည်းနဲ့ အဟီးး)

    နှစ်ချို့ ဘလက်ကော်ဖီတဲ့လား...
    ကျွန်တော်လည်း ကော်ဖီဆို ကဗျာလိုပဲ အရမ်းကြိုက်တယ်...

    နဲနဲခွဲယူသွားတယ်ဗျ
    လေးစားလျက်

    ReplyDelete
  10. ကိုချမ်းရေ ...
    ဘလက်ကော်ဖီ သိပ်ကြိုက်တယ် ... မင်းနဲ့ တို့နဲ့ .................. ( သီချင်းဆိုကြည့်တာ ... မရတော့လို့ ဆက်မဆိုတော့ပဲ အဲဒီနားမှာ ရပ်ထားခဲ့တယ် ... )
    ရွှေပြည်မပြန်ခင်က ပျော်နေတဲ့ ကိုချမ်း ပြန်ရောက်တော့လဲ ဆက်လက် ပျော်ရွှင်နိုင်ပါစေ ...
    ခင်မင်စွာဖြင့်
    လင်း

    ReplyDelete
  11. ကိုချမ်းရေ...
    ကျွန်တော်ကတော့ ဘလက်ကော်ဖီဆို အသည်းစွဲဗျ...။ ချိုတဲ့အရသာမကြိုက်တတ်လို့လားမသိပါဘူးဗျာ...။ ချဉ်ပြုံးပြုံးနဲ့ ဘလက်ကော်ဖီတစ်ခွက်က..ကျွန်တော့်အတွက် ဘာနဲ့မှ မလဲနိုင်ပါဘူးဗျာ...။ နောက်ဆုံးအထိ... မနားပဲဖတ်သွားတယ်...။

    ခင်မင်လျှက်...
    ဏီလင်းညို

    ReplyDelete
  12. မိုးအေးအေးနဲ့ ညမှာ ... ဘက်လက်ကော်ဖီ ခါးခါးလေးကို အကိုပြောသလို သောက်လိုက်ရရင် အရမ်း အရသာရှိတာပဲ။ ဘလက်ကော်ဖီ ကြိုက်တယ်လေ။

    ခင်မင်လေးစားလျှက်

    ReplyDelete
  13. ကိုချမ်းရေ .. အားပေးနေတယ်။

    ReplyDelete
  14. တနေကုန် မီးပျက်တဲ့ နေ့ဆို ဒီလိုပဲ စားစရာ မရှိ.. ကော်ဖီလည်း သောက်စရာ မရှိ နဲ့ နေဖူးပါတယ်.. ဒီလို အချိန်မျိုးဆို ကော်ဖီတစ်ခွက် သောက်ရလည်း မနည်းဘူးလေ..။

    ReplyDelete
  15. ကော်ဖီရေကျင်း လေးပေါ့

    ဆာလောင်နေတဲ့အချိန်ဘာမှမရှိ ဘာမှအဆင်မပြေရင် ဒေါသတွေ ထွက်လာတာပဲ :)

    ReplyDelete
  16. ကဗျာတစ်ပုဒ်လို စကားလုံးတွေပါဘဲ အစ်ကိုရေ
    စကားလုံးတွေ လန်းသလို Romantic ဆန်ဆန်
    လုပ်ထားတာလည်းတကယ်ကို လန်းတယ်ဗျာ
    နှစ်ချို့ ကောဖီတစ်ခွက်မှာ နှစ်ချို့ သခင်ရှိတယ်
    အစ်ကို ဟဲဟဲ အစ်ကို ကိုစသွားတာပါဗျာ . . . :)

    ReplyDelete
  17.း) ကျွန်တော်ကော်ဖီမကြိုက်ပေမယ့်
    ဒီပို့စ်ကိုတော့ကြိုက်တယ်
    မော်ဒန်ဆို သိပ်ကြိုက်

    ReplyDelete
  18. စာစုလေးက တော်တော် ကဗျာဆန်ပါလား။ လက်ရေးနဲ့ ရေးထားတယ်ဆိုတော့ ပိုပြီးလှသွားတယ်။ ဘာအစာမှ မစားပဲ ကော်ဖီတွေ အနင်းအကန်သောက်တာ မကောင်းဘူးနော့်။ လက်ရေးလှတာကိုပါ ကြွားပြီးသား ဖြစ်သွားတာပေါ့။ ဒါပေမဲ့ ကိုချမ်းလင်းနေ လက်ရေးက ကျွန်မလက်ရေးကို မမီသေးဘူး။ ကိုချမ်းလင်းနေကို အားကျပြီး အဲဒီလို မူရင်းလက်ရေးလေးနဲ့ တခါလောက် ပို့စ်တင်ကြည့်ရင် ကောင်းမယ်။

    ReplyDelete
  19. သြိပ်ကြိုက်တယ်ဗျို့ ။ကော်ဖီ ဏိကာလေးကို။
    ကျွန်တော်က ဘဝကို ကော်ဖီ တစ်ခွက်နဲ့  ထပ်တူပြုထား
    သူပါလို့ ။ အမြင်ချင်းတူလို့  အားရင် အွန်လိုင်းမှာ ပွားလို့ 
    ရအောင် (ကျွန်တော်က ပွားချင်တာပါ) ဂျီမေးလ် လေး
    ပေးလို့ ရပါ့ မလားလို့ ။

    ReplyDelete
  20. ညသန်းခေါင်..ဘလက်ကော်ဖီခါးခါးနဲ့
    ကျွန်ဆိုရင်..တစ်ညလုံးအိပ်ပျော်မယ်မထင်)း

    ReplyDelete
  21. :) ကိုချမ်း ကော်ဖီ တခွက်လောက်။ အေးအေးနဲ့သောက်ချင်လို့

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...