Friday, September 11, 2009

Nine In The Nine

နဝင်းတွေထဲက "ကိုး"

နဝင်းဓာတ်သတ်တွေနဲနေ့
ဆင်းသက်ရောက်ရှိလာပေမယ့်
ဘယ်လိုမှတောင်
ခေါင်းပြူပြီးမကြည့်လိုက်နိုင်ဘူး
ခေါက်ရိုးကျိုး နိစ္စဒူဝတွေနဲ့
လုံးလည်ချာလည်ရိုက်လို့
ဗျာများနေတယ်လေ။

ထိုနေ့လေးပဲ
၀၉း၀၉း၀၉မှာ
ရထားမဲ့မြို့လေးထဲ
မှော်ရထားတစ်စင်း
စတင်အသက်ဝင်လာပြီလေ
ကြိုဆိုပါတယ်......
ကြိုဆိုပါတယ်......
မင်းကြောင့် သွားလာရေး
အချိုးပြေတော့မှာပေါ့။

ကိုးဂဏန်းညနေခင်း
အိမ်မက်အပိုက်ခွဲကိုး စွဲကိုင်
ကိုအငဲ "ကိုး" နားဆင်
ရေနွေးချမ်း ကိုးခွက်ဆင့်ပြီး
မြိန်မြိန်ယှက်ယှက်
သောက်သုံးလိုက်ပုံများ
"ငါ" ကို ငါတောင်
ဂန္တာဝင်ဆန်ချင်စမ်းပါဘိ။

ကိုးရက်ကိုးလနှစ်ထောင့်ကိုးခုနှစ်မှာတော့ ကျွန်တော်တို့ရဲ ကိုကြီးအငဲကလည်း သူရဲ့ စီးရီးသစ်ကလေးဖြစ်တဲ့ "ကိုး"ဆိုတာကို ထုတ်ဝေခဲ့ပါတယ်။ကိန်းဂဏန်းနံပါတ်တွေကို သူအတော်ကြိုက်ပုံရပါတယ်။သူစီးရီးနာမည်တွေဟာ ဆဌမအာရုံ၊ ခုနှစ်ထွေအက စသဖြင့် အက္ခင်္ရာတွေဆိုးမိုးမှုကိုတွေ့ရှိရပါတယ်။မြန်မာတွေအနေနဲ့ ကိုးဆိုတဲ့ ဂဏန်းဟာ နဝင်းဓာတ်ဆောင်တဲ့ အတွက် ကျွန်တော်ကတော့ ဒီ ၀၉.၀၉.၀၉မှာ နံနက် ၀၉း၀၉း၀၉ မှာတော့ ခေါက်ရိုးကျိုးနေတဲ့ နိစ္စဒူဝအလုပ်တွေနဲ့ ဗျာများနေတာနဲ့ပဲ အဲဒီအချိန်လေး ဘယ်လိုဖြတ်သန်းတိုက်ခတ်သွားတယ်ဆိုတာ မသိလိုက်ရပါဘူး။

ဒါနဲ့ပဲ အားတင်းပြီး ညနေကျတော့ 09:09:09pm မှာကျတော့ နဝင်းဓာတ်ဆောင်အောင်လိုတော့ အကြည်တော်ရဲ့ အိမ်မက်အပိုက်ခွဲ ကိုး ဆိုတဲ့ ဝတ္ထုလေးကိုဖတ်ပြီး ဒူဘိုင်းမှာ ပထမဆုံးစတင်ဖွင့်လှစ်မယ့် မက်ထရိုထရိန်းကို သတင်းထဲကနေစောင့်ကြည့်ပြီး ကြိုဆိုလိုက်တယ်။ ကြိုဆိုပါတယ်မီးရထားကြီးရေ လို့ ကိုးကြိမ်ကိုးခါ အော်ကြိုမိတယ်။ဟုတ်တယ်လေ ရထားမဲ့ မြို့လေးတစ်မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေထဲက အနဲနဲ့ အများရုံး ထွက်နိုင်တော့မယ်လေ။ နောင်ဆိုလဲ ဘစ်စကားသာ အားကိုးနေရတဲ့ ကျွန်တော်အတွက်တော့ ရွေးချယ်ခွင့်လေးရှိလာပြီးပေါ့။ဘုတ်တက်စီကြတော့ ခဏခဏမစီးနိုင်ဘူးလေ။အခြေခံကျနေတဲ့ ဖိနပ်လိုလူစားမျိုးကျတော့ ဒီဘုတ်စီးခက အတော်ကို ခါးချိတယ်ဗျ။
နောက်တနေ့ကျတော့ ကိုကြီးအငဲရဲ့ခွေကို အသဲအသန်နားထောင်ချင်တာနဲ့ပဲ နက်ထဲက ဒေါင်းပြီး နားထောင်တယ်။သူရဲ့ မူအတိုင်းပါပဲ သီးချင်းလေးတွေက သုံးလေးခေါက်လောက် နားထောင်ကြည့်လိုက်မှ သီချင်းသံစဉ်လေးတွေက သူ့အကန့်နဲသူ နားထဲဝင်ဆန့်သွားတယ်။ အရင် ခြေလှမ်းကျဲကျဲကြီးနဲ့ စီးမျောလာတာကတော့ "အိမ်" ဆိုတဲ့ အပုဒ်ပါ။ကျွန်တော်ကိုနှိုက်က သာမရိုးကျ ဒဿနလေးတွေကို အသည်းစွဲတော့ ဒီသီချင်းလေးက ဟက်ထိသွားတယ်ဆိုမလားပဲ။ လောလောဆယ်တောင် ဒီလ အကြိုက်ဆုံးသီချင်းထဲမှာ သွားပြီးခင်းထားလိုက်တယ်။ကဲ "ကိုး" ကို စမ်းနားထောင်ချင်ရင်---

အိမ်(အငဲ)
မယုံနိုင်ဘူး(အငဲ)
ဗျူဟာ(အငဲ)

ကိုး
၁။ငရဲတစ်ပိုင်း
၂။မယုံနိုင်ဘူး
၃။အမှတ်တရဒဏ်ရာ
၎။ဗျူဟာ
၅။မီးမရှို့နဲ့
၆။အိမ်မက်ပုံပြင်
၇။မုဆိုး
၈။နောက်ဆုံးမိနစ်
၉။ကြိုတင်ကြံစည်မှု
၁၀။အိမ်
၁၁။ငါ့စိတ်နဲ့ငါ
၁၂။ငါသေနိုင်တယ်

ဒေါင်းဖို့အတွက်တော့............."ဒီမှာ" ယူပါ။
ဆက်လက်ကြိုးစားပါဦးမည်။

12 comments :

  1. ကိုးရက်နေ့က အလုပ်တွေ များနေလို့ နဝင်းတောင် မချေလိုက်ရဘူး...း))


    ဘာဖြစ်ဖြစ် အငဲကိုတော့ကြိုက်တယ်...

    ချစ်ခင်လေးစားစွာဖြင့်

    ဖိုးစိန်

    ReplyDelete
  2. ကိုချမ်းရေ.....
    အငဲရဲ့ အိမ်သီချင်းလေးနားထောင်သွားပါတယ်။ ၉ဂဏန်း အမှတ်တရပေါ့။

    ReplyDelete
  3. ရေနွေးကြမ်းကို ကိုးခွက်တောင် ဆင့်သောက်တာလား ကိုးန၀င်းချေတာလားဟင် :))))

    ReplyDelete
  4. နဝင်းတွေထဲက ကိုး ကို
    ကိုကြီးငဲရဲ့ ကိုး စီးရီး နားထောင်ရင်းနဲ့ ဖတ်သွားပါတယ် အကို :)

    ReplyDelete
  5. ကောင်းတယ် အကို ကိုးကို န၀င်း ကျေတာ ...
    ကဗျာရော အယူအဆလေးရော ကောင်းတယ်ဗျာ

    ReplyDelete
  6. ကိုးဂဏန်းကြိုက်တဲ့ အဖိုးကြီးလို ဖြစ်နေဦးမယ်...

းဝ)

    ReplyDelete
  7. ဟိဟိ ဘာလဲ ကိုးနဝင်း မိုးလင်းမှ သိလား ဟုတ်လား ဟက် ဖတ်သွားတယ်နော်

    အော် ဒါနဲ့ ညီမကို သိလို့လားဟင် ငှက်ကလေး လို့ခေါ်ပုံထောက်တယ် အရင်က ဘလော့ဂ်ကို လာလည်ဖူးလားဟင် အဟီးးးး စပ်စုတယ်လို့တော့မထင်နဲ့နော် ဂယ်လဲ စပ်စုတာပါ ဟဟဟဟ

    ReplyDelete
  8. ဟုတ်တယ်ဗျာ
    ဒေါင်းလို့ရရင် ကူးထားဦးမယ်
    ၀၉-၀၉-၀၉ လေးက
    ကျွန်တော့အတွက်လည်း အမှတ်တရလေးပဲ ခင်ဗျ..
    မိသားစုပျော်ပါစေ

    ReplyDelete
  9. ကိုးခါ ဂန္တ၀င်ဆန်ရင် ဘာဖြစ်လဲဟင် ကိုချမ်း။ ဟီး။
    ကဗျာကောင်းလေးကို လာအနှောင့်အယှက်ပေးတာ။ ဟိဟိ။

    ReplyDelete
  10. ရေနွေးချမ်း၉ခွက်ဟုတ်လို့လား
    အကိုရေဟားဟ
    စ..သွားပါတယ်နော်

    ReplyDelete
  11. ဘကြီးချမ်း ကိုးန၀င်းကျေနေလောက်ရောပေါ့။
    ကလေးကိုးယောက် ရပါစေ။ ဟိဟိ။။။ ကဗျာလေးကကောင်းတယ်။

    ReplyDelete
  12. အလယ်အပိုဒ်ကလေးကလည်း ၉ကြောင်း

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...