Friday, June 7, 2013

ထွန်တုံးတိုက်ပွဲ

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ခနောင်ရွာမအုပ်စုနှင့် တုံးတင်ကန်(မြောက်) ကျေးရွာအုပ်စု ရခိုင်ချောင်ဒေသမှ လယ်သမား ၄၄ ဦးပိုင် လယ်ဧက ၅၀၀ ကို ၁၉၉၀ ခုနှစ်ကတည်းက ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ သိမ်းယူခဲ့ခြင်းဖြစ်ပါသည်။ အနှစ် ၂၀ ကျော် မည်သည့်စီမံကိန်းမှ မပြုလုပ်ခဲ့ဘဲ ယခုအခါမှ ဆိပ်ခံတံတားများ၊ လမ်းများနှင့် အဆောက်အဦးများဆောက်ရန် လယ်တွေထဲမှာ အုတ်များပုံခြင်း၊ မြောင်းများတူးခြင်း ပြုလုပ်နေသဖြင့် လယ်သမားများမှ ၂၀၁၃ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် မိမိတို့ပိုင် လယ်ယာမြေများတွင် ၀င်ရောက်ထွန်ယက်စိုက်ပျိုးခြင်းများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။ ယခုလို လယ်သမားများ ထွန်ယက်စိုက်ပျိုးနေစဉ် ဧရာဝတီ ရေတပ်စခန်းဌာနချုပ်မှ စစ်သားများ ရောက်လာပြီး လယ်သမားများအား စောင့်ကြည့်နေခြင်း၊ မှတ်တမ်းတင်ခြင်းများ ပြုလုပ်နေခြင်း ဖြစ်ပါသည်။ မြန်မာအစိုးရကတော့ ဒီတောင်သူလယ်သမားတွေ တပင်တပန်းစိုက်တဲ့ဆန်ကိုစားပြီးတော့ သူတို့ဘဝတွေကို နစ်နာအောင်လုပ်နေတာတော့ ဘယ်ကောင်းမှာလဲ။ တစ်ခုတော့ သဘောကျလာတာရှိတယ်။ မြန်မာနိုင်ငံအစိုးရပြောပြောနေတဲ့ ဒီမိုကရေစီဆိုတာကို မြန်မာပြည်က ပြည်သူတွေ အထူးသဖြင့် ကျေးလက်ဒေသက မြန်မာတွေဟာ အရင်ကလိုတော့ အစိုးရပြုသမျှ ခေါင်းငုံတော့မခံတောဘူး။ သူတို့ တတ်နိုင်သမျှ သူတို့ရဲ့အခွင့်အရေးကို ပြည့်ပြည့်ဝဝကို အသုံးချတတ်လာတာတွေ့ရတော့ ကျွန်တော်လည်း ဝမ်းသာမိတယ်။ ကျေးလက်နေ မြန်မာပြည်သူပြည်သား တောင်သူလယ်သမားများဟာ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ ဖဆပလခေတ်၊ အစရှိသဖြင့် မြန်မာနိုင်ငံဖြတ်သန်းလာသော ခေတ်အဆက်ဆက်မှာ ဘယ်အစိုးရတွေပဲတက်တက် သူတို့ရဲ့အခွင့်အရေးအတွက်တော့ တိုက်ရဲတာ သဘောကျတယ်ဗျာ။ ဖိနှိပ်မှုတွေ၊ စစ်ဖိနပ်တွေကြောင့်သာ သူတို့ရဲ့ဘဝတွေကို စတေး၊ သူတို့ရဲ့ အသံတွေကို တိတ်ခဲ့ရပေမယ့် ဘယ်တော့မှ အညံ့မခံတတ်တဲ့ သူတို့ရဲ့ တော်လှန်ရေးအတွက်တော့ လေးစားတယ်ဗျာ။

No comments :

Post a Comment

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...