Friday, October 10, 2014
ရဲထွဠ် - စစ်မှန်သော ဒီမိုကရေစီအပြောင်းအလဲ
တံဆိပ်များ
စာအုပ်များ
,
နိုင်ငံရေးနှင့်သမိုင်းများ
Thursday, October 9, 2014
သမိုင်းတွင်စေမည့် မမေ့သင့်သော ၁၉၉၆ ကျောင်းသားလူပ်ရှားမှု
၁၉၉၆ ကျောင်းသားလူပ်ရှားမူအတွင်း ဘ၀တွေ အသက်တွေ ပေး စတေး သွားကြတဲ့ ကျောင်းသား ကျောင်းသူ နောင်တော် အစ်မတော်တွေကို ဦးညွတ်ပါတယ်။
(၁၉၉၆ နှစ်ကုန်ပိုင်း အချိန်တွေမှာ (ကျွန်မ မှတ်မိသလောက်ပေါ့) လှည်းတန်းက အဝေးပြေး ကာ
းဂိတ် ထဲမှာ စည်ပင်ရဲနဲ့ စက်မူ ကျောင်းသားတွေ ရန်ဖြစ်ပြီး စည်ပင်ရဲကို အရေးယူတာ နှစ်နည်းတာလား မသိ ကျောင်းသား တွေ ဆန္ဒပြ ကြတယ်လို့  ဝေးလံ ခေါင်ပါးလွန်းတဲ့ ဒဂုံတက္ကသိုလ်ကို သတင်းစကားတွေ အဆက်မပြတ် ရောက်တယ် နောက် ဒဂုံတက္ကသိုလ် ဥပဒေကျောင်းသားတွေ အနက်ရောင်ဝတ် ဆနပြကြတယ် စာတွေ ကပ်တယ် လူပ်စိ လူပ်စိ ဖြစ်လာတဲ့အချိန်ပေါ့ အဲ့ဒီ့အချိန်မှာ ကျွန်မတို့ ပထမနှစ် ကျောင်းသား လေးတွေက ဘာတွေဖြစ်မှန်းမသိ စူးစမ်းနေဆဲပဲ ရှိပါသေးတယ်
အဲ့ဒီ့နေ့ က ၁၉၉၆ခုနှစ် ဒီဇင်ဘာလ ကိုးရက်နေ့ မှတ်မိသေးတယ် ဒဂုံကျောင်း ဖယ်ရီကားတစ်ချို့ စုရပ်ကို ရောက် မလာခဲ့ဘူး တစ်ချို့ ကားတွေ ကတော့ ဖြတ်သွားတာတွေ့တယ် ဘာပဲဖြစ်ဖြစ် ကျောင်းကို ရောက်အောင် သွားမယ် ဆိုပြီး ချီတက် သွားခဲ့ကြတယ် ကျောင်းဝင်း မိန်းတံခါးကြီးကို ပိတ်ထားတာ တွေ့ တယ် အဲ့ဒီ့ရှေ့ မှာ ကျောင်းသားတွေ စုဝေးပြီး ထိုင်နေကြတယ် မျက်နှာဖုံး စွပ်ထားတဲ့ ကျောင်းသား အစ်ကိုကြီးတွေက လက်သီး လက်မောင်းတန်းပြီး စကားတွေ ပြောနေတယ် အော်သံတွေ ဆူညံနေတဲ့ အတွက် ဘာတွေပြောမှန်း မသိခဲ့ဘူး လွယ်အိတ်လေးပိုက်ပြီး ငုတ်တုတ်လေး ထိုင်နေမိတယ် ဒါပေမယ့် အရှေ့ ကနေ တိုင်ပြီး အော်လိုက်တဲ့ အချိန်မှာ တော့ ကျွန်မလဲ အလိုလို သွေးဆူလာပြီး လက်သီးသေးသေးလေး ဆုတ်ပြီး လိုက်အော်မိတယ် (တို့ အရေး တို့ အရေး တို့ အရေး)
(ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးရေး တို့အရေး )ဆိုတဲ့ အပိုဒ်ရောက်တော့ ကျွန်မကို သူငယ်ချင်း တရုတ်ကြီး ဂုဏ်ထူးတန်းကျောင်းသားက စပ်ဖြဲဖြဲမျက်နှာနဲ့ ကျွန်မကို နားနားကပ်မေးတယ် နင် ကျောင်း တကယ် ပြန် ဖွင့်စေချင် လားတဲ့ ဟင့်အင်းလို့  ခပ်ကျယ်ကျယ် အော်ပြောလိုက်ရင်း အားရပါးရ ရယ်ဖြစ်ကြတယ် တကယ့်ကို ဆနပြ ရတာ ပျော်စရာကြီးလို ဖြစ်ခဲ့တယ် နောက် ကျောင်းဝကနေ ဒဂုံမြောက်ပိုင်းက ခွန်ရှစ်လမ်းဆုံ အထိ ချီတက် လမ်းလျောက် ဆနပြကြတယ် လမ်းတလျောက်မှာ ကျွန်မတို့ ပါမောက္ခချူပ် ဆရာကြီး ဦးကောင်းညွန့် နောက်ကနေ တကောက်ကောက် လိုက်ပြီး ကျောင်းသားတွေ ရှေ့မဆက်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ် ဒါပေမယ့် ကျောင်းသား တွေက လုံးဝမနားပဲ လမ်းဆက်လျောက်ကြတယ် လမ်းတလျောက် လူတွေက လက်ခုတ်တွေ တီး ရေတွေ တိုက် မုန့် တွေ ကျွေးတာ (လက်ကုန်ပဲ)
တစ်လမ်းလုံး ကြွေးကြော်သံတွေ အော်ကြ ဟစ်ကြနဲ့ လက်သီးလက်မောင်းတွေတန်း လမ်းလျောက်ကြတာပေါ့ နောက် မ၀တ လမ်းဆုံအထိ နောက် ဘေလီတံတားအထိ လမ်းလျောက် ကြပြန်တယ် နေပူပူ ပြင်းပြင်းကြီး အောက်မှာ ကျောင်းသားတွေ တန်းစီပြီး လမ်းလျောက် ဆနပြကြတာ တကယ့်ကို ပျော်စရာကြီးပဲ ဘေးမှာ ကျောင်းသား အကြီးတွေက ပလက်စတစ်ကြိုးစတွေ ကာရံပြီး လက်ချင်းတွဲ လျောက်ကြတယ်
တောင်ဥက္ကလာဘက်သွားတဲ့ ဘေလီတံတားကို သံဆူးကြိုးတွေနဲ့ ပိတ်ထားလိုက်ပါပြီ ကျောင်းသားတွေ အကုန် ငုတ်တုတ် လေးတွေ ထိုင်ပြီး အစာငတ်ခံ ဆန္ဒပြ ကြမယ်တဲ့ အဲ့မှာ အကြာကြီး ဘာတွေမှန်းမသိ ရန်တွေဖြစ်ကြ စကား တွေ များကြနဲ့ နောက်ဆုံး ကျောင်းကားတွေ ပြန်တက် ပြန်တက်ဆိုပြီး တစ်ချို့က အဲ့ဒီ့ ဘေလီ တံတားနား မှာပဲ နေခဲ့ကြတယ် တစ်ချို့ကတော့ ကျောင်းကားတွေပေါ် တက်လိုက်သွားကြတယ် ကျွန်မတို့ ပါ အပါအ၀င်ပေါ့ ကျွန်မ ဘေးနားမှာ ဦးမြင့်သိန်း(NLD ကျိုက်မရောအမတ် ကွယ်လွန်) သမီး ကျွန်မ သူငယ်ချင်း ယုဇနလဲပါတယ်
ကျွန်မတို့ တွေ ကားတွေစီး တောင်မြောက်လမ်းဆုံကို ဖြတ်ပြီး သင်္ဃန်းကျွန်း တံတားကို ဖြတ်ဖို့ ကြိုးစား ကြပြန်တယ် အဲ့ဒီ့မှာ သေနတ် ကိုင်ထားတဲ့ စစ်သားတွေကို စတွေ့တာပဲ ကျွန်မစိတ်ထဲ ကြောက်တာထင်တယ် သူတို့ကို မြင်တာ ဗိုက်တောင် နာချင်သလိုလို တောင် ဖြစ်သွားတယ် အဲ့ဒီ့မှာလဲ နေပူကြီးထဲမှာ ထိုင်ပြီး အစာငတ်ခံ ဆန္ဒပြ ကြပြန်တယ် ဘေးမှာလဲ လူတွေက ၀ိုင်းအုံပြီး ကျွန်မတို့ကို ရပ်ကြည့်နေကြတယ် ကျွန်မတို့ လဲ တစ်မြို့လုံး လှည့်ပတ် နေရလို့  တော်တော်မောနေကြပြီ (ဒဂုံကျောင်းသားတွေ ဆန္ဒပြတာ လမ်းလျောက် တာလည်း ပါတယ် ကျောင်းကားတွေနဲ့မြို့ကို လှည့်တာလဲ ပါတယ် တပြိုင်တည်းမှာ အဲ့ဒီ့နေ့က ကြည့်မြင်တိုင် ကောလိပ်မှာလဲ ဆန္ဒပြကြတယ်)
နောက်ဆုံးတော့ ကျွန်မတို့  ဆီက ကျောင်းသားကြီးတွေနဲ့ ညှိနိုင်းကြပြီး မြောက်ဥက္ကလာပဘက်က တံတားကို ဖွင့်ပေးမယ် ပြောလိုက်တယ် ကျွန်မတို့တွေ လဲ ကျောင်းဖယ်ရီကားတွေ ပေါ် ပြေးတက်ကြပြီး လိုက်သွားတယ် လမ်းကြောင်း ရှင်းပေးတဲ့ ကားတောင် ပါသေးတယ် အဲ့မှာ လမ်းပေါ်မှာတင် အချင်းချင်း စကားများကြသေးတယ် မြောက်ဥက္ကလာပဘက်ကို ထွက်ပေါက်ပေးတာ မရိုးသားဘူးပေါ့ ဘာလုပ်ချင်တာလည်း မသိဘူးပေါ့
(စကားချပ် - ကျောင်းသား အများဆုံးဖြစ်တဲ့ ဒဂုံတက္ကသိုလ် တည်ရှိရာ နေရာဟာ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်အတွင်းမှာ ဖြစ်ပြီး ဒဂုံမြို့သစ် မြို့နယ်ကို လေးပိုင်းပိုင်းထားပါတယ် ငမိုးရိပ်ချောင်းက မြို့ပတ် ပတ်လည် စီးဆင်းနေပြီး တောင်ဥက္ကာ မြောက်ဥက္ကလာ သင်္ဃန်းကျွန်း မြို့နယ်တွေနဲ့ ဆက်သွယ်ပေးထားတဲ့ တံတား သုံးစင်းကို ဖြတ်လာမှ ရောက်နိုင်ပါတယ် ဒဂုံတက္ကသိုလ် ကျောင်းသားတွေကို ပြင်ပလောကနဲ့ အလွယ်တကူ ဆက်သွယ် လို့ မရအောင် လူပ်ရှားမူ တစ်စုံတစ်ရာ ဖြစ်ခဲ့ရင် အလွယ်တကူ ထွက်လို့မရအောင် စနစ်တကျ လုပ်ထားတဲ့ သဘောပါ)
အဲ့ဒီ့ မြောက်ဥက္ကလာပ တံတားနားမှာက တောင်မြောက်လမ်းဆုံ အနီး သင်္ဃန်းကျွန်းတံတားလို တောင်ဥက္ကလာ တံတားလို အနီးမှာ လူနေရပ်ကွက်တွေ မရှိဘူး ဘေးမှာ ငမိုးရိပ်ချောင်းနဲ့ လယ်ကွင်းတွေ ဘုန်းကြီးကျောင်း တွေပဲ ရှိပါတယ် နောက်တစ်ခါ မြောက်ဥက္ကလာပ တံတားရောက်တော့လည်း တစ်ခါ လက်နတ်ကိုင်ထားတဲ့ စစ်သားတွေ လမ်းအပြည့် ပိတ်ထားပြန်တယ် ကျွန်မတို့ တွေ တော်တော်ကို မောနေကြပါပြီ
အဲ့မှာ ကျွန်မတို့ ဆီက ကျောင်းသားအစ်ကိုကြီးတွေနဲ့အစ်မကြီးတွေနဲ့ လက်ကိုင်စကားပြောစက်ကိုင်ထားတဲ့ လူတွေနဲ့ စကားများကြသေးတယ် စစ်သားတွေကတော့ မတုန်မလူပ် ကျောက်ဆစ်ရုပ်တွေပဲ နောက် မိုးချူပ်စ ပြုလာတော့ မမှောင်ခင် ပြန်ထွက်ကြမယ်ဆိုပြီး ကျောင်းကားတွေကို နောက်ပြန် လှည့်ဆုတ် သွားကြတာမှာ.. တံတားဖြူမှတ်တိုင် (၄၈ ရပ်ကွက် အစပ်)မှာ စကားပြောစက်ကိုင်ပြီး လိုက်လာတဲ့ ဆိုင်ကယ်နဲ့ အရပ်ဝတ် ထောက်လှမ်းရေး နှစ်ယောက်ကို ကျောင်းကားတစ်စီးပေါ်က ကျောင်းသားတွေ ခုန်ချပြီး တုတ်တွေနဲ့ လိုက်ရိုက်တာ သူတို့ ကလဲ ဆိုင်ကယ်ကို ချပြီး ဆိုင်ကယ် ထက် လူက မြန်တယ် ထင်လို့ လား မသိဘူး ပြေးကြတာ တန်းနေတာပဲ
ကျွန်မတို့ ကားပေါ်ကနေ ရင်တမမနဲ့ ကြည့်နေကြတာပေါ့ ကျောင်းသား အချင်းချင်း ပြန်ဆွဲခေါ်တဲ့လူက ပြန်ဆွဲခေါ် လာပြီး ကျောင်းကားတွေ ပြန်ထွက်စ ပြု လာတဲ့အချိန်မှာပဲ နောက်ကနေ ကျားကျားဆိုပြီး သေနတ်တွေ ကိုင်ပြီး ကျား ထိုးတက်လာတဲ့ အစိမ်းရောင်လိုင်းလုံးကြိး လိမ့်လာတာ မြင်လိုက်ရတယ် ကျောင်းကားတွေ ပေါ်ကနေ အကုန်လုံး ဆင်းပြေးကြတာ အပေါက်ဝမှာတင် တစ်နေကြလို့ အပေါ်က တစ်ယောက်က ဖိတွန်းလိုက်တာ အကုန်လုံး အောက်ကို ၀ရုန်းသုံးကား ပြုတ်ကျ သွားကုန်ပါရော.
နောက် လမ်းမထက်မှာ ကျွန်မ ငေါင်စီစီဖြစ်နေတုန်းပဲ ဘာလုပ်ရမှန်းလည်း မသိဘူး ကြောက်စိတ်တွေနဲ့ ခြေထောက် ကလဲ မလို့ မရဘူး ကျွန်မ မျက်စိရှေ့တင် ဖားလေးတွေကို ရိုက်သလို ကျောကို ခေါင်းကို ပုခုံးကို နံပတ်တုတ်တွေနဲ့ ရိုက်နေတာများ တဖောင်းဖောင်းနဲ့နေတာပါပဲ ကြောင်တက်တက် ဖြစ်နေတဲ့ ကျွန်မကို လက်မောင်းကနေဆွဲပြီး ညီမလေး ပြေးလေ ပြေးလို့ အော်အော် တွန်းတွန်း နဲ့ ဆွဲခေါ် သွားတော့မှ ပြေးမိတယ်
လမ်းပေါ်မှာလည်း တစ်ယောက်မှ မရှိတော့ဘူး ဘယ်ပြေးရမှန်း မသိတဲ့အချိန် အိမ်တစ်အိမ်က တံခါးတစ်ချပ် ဟလာပြီး သမီး လာလာတဲ့ ကျွန်မလဲ အပြေးအလွှားဝင်လိုက်တယ် အသံမထွက်နဲ့နော် ငြိမ်ငြိမ်နေတဲ့ အခန်းထဲကို တွန်းပို့ခံလိုက်ရလို့ မျက်စိအစုံကို မှိတ်ပြီး ရင်တွေ တဒိန်းဒိန်း ခုန်နေတယ် မနည်း အသက် ပြန်ရှုရတယ် နောက်မှ ငိုသံ တအိအိကြားလို့  လှည့်ကြည့်လိုက်မှ (လားလား တပြုံကြီးပဲ) အဲ့ မီးဖိုချောင်ခန်း လေးထဲမှာ ပုန်းနေကြတာကိုး ကျွန်မ စိတ်အထင် ကျောင်းသား အယောက် ၂၀လောက်ရှိမယ် ကျွန်မ အရမ်း အားရှိသွားတယ် ဖြစ်ချင်တော့ ပြေးတုန်းက လူချင်းကွဲသွားတဲ့ ကျွန်မ သူငယ်ချင်း ယုဇနကိုလည်း ပြန်တွေ့ တယ် အဲ့ဒီ့ အိမ်ဝကို စစ်သားတွေ လာမေးသံကြားရတယ် စကားသံတွေ တီးတိုး ကြားနေရတယ် ကျွန်မတို့ လည်း ဇာတ်လေးတွေ ပုပြီး ငြိမ်နေကြတယ်
ရင်ခုန်သံတွေ ကတော့ တဒိန်းဒိန်းပေါ့ တူတူပုန်းတမ်း ကစားနေရသလိုပဲ နောက် နည်းနည်းကြာသွားတော့ အဲ့ဒီ့အိမ်က ဆောက်လက်စ အိမ်ပဲ အိမ်ရှင်အဖိုးကြီးက ၀န်ထမ်းဖြစ်ပုံရတယ် မျက်နှာက ပြုံးပြုံးကြီးနဲ့ အခန်းဝ ကနေ ကျွန်မတို့ ကို မြေပဲလှော် ထုတ်လေးတွေနဲ့ ဌက်ပျောသီးဖီးလေးတွ လာချပေးတယ် ဗိုက်ဆာဆာနဲ့ စားလိုက်ကြတာ အကုန်ပြောင်ရောပဲ ကျွန်မတို့ အထဲက ကျောင်းသားကြီးတစ်ယောက်က အဲ့ဒီ့အိမ်က လက်သမား အစ်ကိုကြီး အကျီစုတ်လေး ၀တ်ပြီး အပြင်ထွက် စနည်းနာတယ် နောက်သူပြန်လာတော့ မျက်နာ မကောင်းဘူး အပြင်မှာ မလွတ်တဲ့ ကျောင်းသားတွေကို အကုန်ရိုက်ပြီး ဆွဲတင်ဖမ်းခေါ်သွားပြီတဲ့ ဒီည ဧည့်စာရင်း စစ်မယ်လို့  ကြားခဲ့တယ်တဲ့ ဒီနေရာက အမြန်ဆုံး ခွာကြရမယ်တဲ့
ကျွန်မတို့တွေ မြို့ပတ်နေတုန်းက လိုင်းကားတွေ အကုန် လမ်းပိတ်လိုက်တာလေ အခု လိုင်းကားတွေ ပြန်ဖွင့် လိုက်ပြီ အဲ့တာလူတွေကြားထဲ နေပြီး အမြန်ဆုံး ထွက်ကြမယ်တဲ့ ကျွန်မတို့ တွေလည်း မျက်စိ သူငယ်လေး တွေနဲ့ ပေါ့ အဲ့ဒီ့အစ်ကိုကြိးက တကယ့်ကို ခေါင်းဆောင် ပီသတယ် မိန်းကလေး ယောက်ကျားလေး အစုလိုက် လူစုခွဲပြီး အပြင်ထွက်ဖို့  စီစဉ်ပေးတယ် တောင်ကြည့်မြောက်ကြည့်နဲ့ ကတုန်ကယင် ခြေလှမ်းတွေနဲ့ ဘစ်စကား ဂိတ်ကို ထွက်လာကြတယ် လူတွေရဲ့ မျက်လုံးတွေက ကြောက်စရာ ကိုယ့်ကိုပဲ ကြည့်နေ သလိုလို ကားပေါ် တက်တော့ ကားပေါ်မှာ လူတွေက ခုဏက အဖြစ်အပျက်ကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ဝေဖန် နေကြ တယ်
စပယ်ယာ အနား ရောက်လာပြီး ပိုက်ဆံ တောင်းတော့ လက်ထဲမှာ တစ်ပြားမှ မရှိတာ သတိရတယ် သူ့ကို ခပ်တည်တည် စိုက်ကြည့် လိုက်တော့ ကျွန်မတို့ပုံကို သူသဘောပေါက်သွားပုံပဲ သူက တိုးတိုးကပ်ပြောတယ် သံဃာတော်ခုံနား သွားရပ်နေတဲ့. ကျွန်မတို့ လည်း တထိတ်ထိတ်နဲ့ လိုက်လာလိုက်တာ မြောက်ဥက္ကလာ တံတား အဆင်းမှာ စစ်သေးတယ် လူတွေက ပိတ်ကျပ်နေတော့ သူတို့ အတွင်းထဲ အထိ လိုက်မကြည့်နိုင်ဘူး နောက် ကားပေါ်ကနေ ကျွန်မတို့  ဘယ်ဆင်းသွားရမှန်း မသိဖြစ်နေတယ်
မိုးကလဲ တော်တော်ကို ချူပ်နေပြီလေ နောက်မှ ဆုံးဖြတ်ပြီး ကမ္ဘာအေး ဘုရားကို ချီတက်ကြဖို့  ဆုံးဖြတ် လိုက်တယ် အဲ့အချိန်တုန်းက တရုတ်ပြည်ကနေ စွယ်တော် ကြွနေတဲ့အချိန် လူတွေဆိုတာ အုံခဲနေတာပဲ စစ်မယ့် ဆေးမယ့်သူလည်း မရှိဘူး စွယ်တော်ထဲ မ၀င်ရင် ပြောပါတယ် (ဒီဇင်ဘာ ၂၅မှာ ဗုန်းပေါက်ခဲ့တယ် အဲ့မတိုင်ခင် အချိန် ကိုးရက်နေ့ပါ) အပြင်မှာ ညအိပ်လို့ လည်း ရတယ်လေ..နောက်နေ့ တာမွေ လမ်းဆုံ ဒါမှမဟုတ် လှည်းတန်း လမ်းဆုံ ဆုံရပ်မှာ ပြန်ဆုံကြမယ်လို့ ချိန်းထားခဲ့တယ်..
နောက်နေ့ကတော့ သိတဲ့အတိုင်းပါပဲ လှည်းတန်း လမ်းဆုံမှာ ဆန္ဒပြ ရောက်ရှိနေတဲ့ သူတွေကို ကမ္ဘာပေါ်မှာ လူစုခွဲနည်းထဲက အညင်သာဆုံး နည်းလမ်းဖြေရှင်းခဲ့တယ် အိမ်တွေထဲတောင် မရှောင် နံပတ်တုတ်လေးတွေနဲ့ လိုက်ရိုက် မီးသတ်ပိုက်လေးတွေနဲ့ထိုး အားလုံး စုတ်ပြတ်သတ် လူရုပ်မပေါ်အောင် အနာတရ ဗလပွနဲ့ မသေရုံတမယ် ဖြစ်အောင် အနူးညံ့ဆုံး နည်းပေါင်းစုံသုံး ရိုက်နှက်သတ်ဖြတ် ပြီး လူစုခွဲလိုက်ပါတယ်..
(အဲ့ဒီ့တုန်းက ဗိုလ်ခင်ညွန့်က ပြောခဲ့တယ် တရုတ်မှာဆို တင့်ကားနဲ့တောင် တက်ကြိတ်တာ ကျွန်တော်တို့ အညင်သာဆုံး တက္ကသိုလ်ကျောင်းသားတွေကို လူစုခွဲခဲ့ပါတယ်တဲ့ ပြောခဲ့တဲ့ သူမျက်နာ တည့်တည့်ကို ပြင်းအားကြီးလွန်းတဲ့ မီးသတ်ပိုက်နဲ့ ထိုး စမ်းကြည့်ချင်တာ တစ်ခုပါပဲ)
ပြေးကြ လွှားကြရင်းနဲ့ နောက်ရက်တွေမှာ အပြင်မှာ ဘယ်လိုမှ နေလို့မရတော့တာနဲ့ အမေ့အိမ်ကို ဒယီး ဒယိုင်နဲ့ ပြန်လာခဲ့တယ် ဆံပင်စုတ်ဖွား ကြောင်ချီးရုပ်နဲ့ ကျွန်မကို လမ်းထဲက ခွေးတွေတောင် မမှတ်မိလို့ ဟောင်လိုက်ကြတာ သရဲ ၀င်လာတဲ့ အတိုင်းပဲ အူလိုက် ဟောင်လိုက်ကြတာများ စီစီကို ညံလို့ အဖေက အဲ့ဒီ့ ကတည်းက အိမ်ထဲက အိမ်ပြင် လုံးဝကို ပြေးမထွက်တော့ပါဘူး
ပထမနှစ်မှာပဲ တက္ကသိုလ် ကျောင်းတွေ အကန့်အသတ်မရှိ ပိတ်သွားခဲ့ပါတယ် တက္ကသိုလ် စတက်တဲ့ အချိန်တုန်း က စိတ်ကူးယဉ်ခဲ့တဲ့ ကျွန်မ ဘ၀ အနာဂတ်တွေ အားလုံးဟာ ပြောင်းပြန်လှန်ကုန်တော့တာပါပဲ ၁၉၉၆ကနေ ၂၀၀၀ပြည့်နှစ်အထိ လေးနှစ်တိတိ ပိတ်ခဲ့တဲ့ ကျောင်းပိတ်ရက်တွေဟာ ကျောင်းသား တစ်ယောက်ရဲ့ ဘ၀တွေ အခြေအနေတွေကို ကောင်းကောင်းကြီး ပြောင်းလဲပစ်နိုင်ပါတယ်
ယောင်ခြောက်ဆယ် ဝေလေလေဖြစ်နေတဲ့ ကျွန်မ လမ်းထွက်ပြီး သူငယ်ချင်းတွေနဲ့ ကျွန်မ စိတ်ဝင်စားစ ပြုလာတဲ့ နိုင်ငံရေးနဲ့ ပညာရေး ဆက်စပ်မူ နိုင်ငံရေးနဲ့ စီးပွားရေး စသဖြင့် စသဖြင့် စပ်စု စူးစမ်းလိုစိတ်တွေ ပြင်းပြ လာတဲ့အခါ ရေဒီယို ဂေါ်ဂေါ်ဂွီဂွီကို မရရအောင် အသံဖမ်းပြီး မျက်မှောင်ကျုံ့ အံကို တင်းတင်းကြိတ်ပြီး ကျွန်မ နားထောင် လာတာတွေကို တွေ့လာတဲ့ အဖေဟာ အမေနဲ့ တိုင်ပင်ပြီး ကျွန်မကို လုပ်ငန်းခွင်တွင်း သွတ်သွင်းဖို့  ကြိုးစား လာပါတော့တယ်..
ကျွန်မ ပထမဆုံး ၀န်ထမ်းဘ၀ကို စရောက်သွားတဲ့အချိန်မှာ ကျွန်မ အသက် ၁၈နှစ်မပြည့်သေးပါဘူး (ကလေးအလုပ်သမားလို့ ဆိုနိုင်တဲ့ အရွယ်ပါ)..ပထမဆုံး ၀န်ထမ်းဘ၀( သူများအလုပ်သမား) လုပ်ရတဲ့အခါ ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေကို ဆက်ရေးပြချင်ပါသေးတယ်
( ၁၉၉၆ခုနှစ် ပထမနှစ်ကျောင်းသူဘ၀တုန်းက ကိုယ်တိုင်ခံစားခဲ့ရ တွေ့ကြုံခဲ့ရတဲ့ ကလေးသာသာတုန်းက ခံစားချက်သပ်သပ်ဖြင့် ရေးဖွဲ့ခြင်း ဖြစ်ပါသည် ၁၉၉၆ ကျောင်းသားလူပ်ရှားမူအတွင်း ဘ၀တွေ အသက်တွေ ပေး စတေး သွားကြတဲ့ ကျောင်းသား ကျောင်းသူ နောင်တော် အစ်မတော်တွေကို ဦးညွတ်ပါတယ်)
စာသား credit to Ma su Mon (မဆုမွန်)
တံဆိပ်များ
နိုင်ငံရေးနှင့်သမိုင်းများ
Monday, October 6, 2014
ဖြူနှင်းထွေးလွတ်မြောက်ရေး အမေရိကန်ရောက် မြန်မာများက ဆန္ဒပြ
Sunday, October 5, 2014
Manmar people from U.S support for Phyu Hnin Htwe
Thursday, May 22, 2014
ချမ်းလင်းနေနှင့် သိန်းစိန်အစိုးရ အမေရိကန်လာရောက်မှုအပေါ် သဘောထားအမြင် မေးမြန်းစဉ်
မေလ ၁၉ နှင့် ၂၀ ရက်များ အတွင်း အမေရိကန် ဝါရှင်တန်မြို့တော် သမ္မတအိမ်ဖြူတော်ရှေ့နှင့် ဗီအိုအေရုံးချုပ် အရှေ့တို့တွင် စစ်မှန်သောဒီမိုကရေစီ အပြောင်းအလဲများ ဖြစ်ပေါ်လာစေရေး၊ အယောင်ပြပြောင်းလဲမှုများအား ဆန့် ကျင်ရေး၊ မတရားဖိနှိပ်ရက်စက်မှုအစုစုကို ဆန့်ကျင်ရှုပ်ချရေးတို့ကိုဦးတည်၍ အမေရိကန်မှ မြန်မာများက အမေရိကန်သမ္မတ အိုဘာမားမှ ဗိုလ်သိန်းစိန်ကို ဖိတ်ခေါ်ဆွေးနွေးမှု ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်။
တံဆိပ်များ
နိုင်ငံရေးနှင့်သမိုင်းများ
Saturday, January 4, 2014
1948-ဗမာ့လွတ်လပ်ရေးကြေညာစာတမ်း
တံဆိပ်များ
နိုင်ငံရေးနှင့်သမိုင်းများ
Thursday, August 29, 2013
နှောင်းခဲ့လေသည့် ဂုဏ်ပြုလွှာ
“သူတည်းတစ်ယောက် ကောင်းဖို့ရောက်မူ
သူတစ်ယောက်မှာ ပျက်လင့်ကာသာ
ဓမ္မတာတည်း...”
ပုသိမ်မြို့၏ အနောက်ဘက်ရှိ အနည်းငယ် မသေမသပ်ပုံစံပေါက်နေသော အိမ်လေးဆီသို့ မျှော်လင့်မထားသည့်
ဧည့်သည်အချို့ ယခုနှစ် သြဂုတ်လအတွင်းက ရောက်ချလာသည်။ သူတို့လက်ထဲတွင်တော့ သစ်သားဘောင်ကွပ်ထားသည့်
အဖြူရောင်စာရွက်တစ်ခု ပါလာသည်။
သူတစ်ယောက်မှာ ပျက်လင့်ကာသာ
ဓမ္မတာတည်း...”
အနန္တသူရိယ။
အိမ်ထဲရှိ စိတ်ဝေဒနာခံစားနေရသည့်
အမေအိုသည် အိမ်မကြီးနှင့် အိမ်ရှေ့အဖီအကြား အမိုးနှစ်ခုဆီမှ ထိုးကျနေသော အလင်းရောင်ကိုအားပြုလျက်
စာရွက်ပေါ်မှ စာသားများကို အားစိုက်ဖတ်လိုက်သည်။ ဧည့်သည် ယူလာသည့် စာရွက်ကတော့ လွန်ခဲ့သည့်
၂၅ နှစ်ကျော်ကတည်းက ပညာသင်ကြားရန် အိမ်က ထွက်ခွာသွားသည့် သူ၏ သားဖြစ်သူတစ်ယောက် ဒီမိုကရေစီနှင့်
အမှန်တရားအတွက် အသက်စွန့်သွားခဲ့ခြင်းကို ဂုဏ်ယူဝမ်းနည်းကြောင်း စာနာသူအချို့ ပေးပို့သည့်
ဂုဏ်ပြုမှတ်တမ်းဖြစ်သည်။
သူ၏ သားဖြစ်သူသည် လွန်ခဲ့သည့်
၂၅ နှစ်ကျော်က ဖြစ်ပွားခဲ့သည့် နာမည်ကျော် ကြို့ကုန်းစက်မှုတက္ကသိုလ် ပစ်ခတ်မှုတွင် သေဆုံးသွားသည့်
ကိုစိုးနိုင် ဖြစ်သည်။ ထိုအရေးအခင်းသည် ကိုဖုန်းမော်အရေးအခင်းဟု လူသိများခဲ့သည်။ ကိုစိုးနိုင် ဆုံးပါးသွားခြင်းကြောင့် စိတ်ဝေဒနာ ခံစားခဲ့ရသည့်အမေအိုနှင့် သူတို့ မိသားစုအဖို့တော့ ထိုဂုဏ်ပြုမှတ်တမ်းက လွန်ခဲ့သည့် ၂၅ နှစ်ကျော်က ဖြစ်ခဲ့သောအဖြစ်အပျက်တစ်ခုဆီကို ပြန်လည်အသက်ဝင်ရောက်ရှိလာစေခဲ့သည်။
ပညာတော်ပြီး မိသားစုအပေါ် ရည်ရည်မွန်မွန်ဆက်ဆံတတ်သည့် ကိုစိုးနိုင်သည် ရန်ကုန်ကြို့ကုန်းစက်မှုတက္ကသိုလ်တွင် ပညာဆည်းပူးနေသည့် RIT ကျောင်းသားတစ်ဦးဖြစ်သည်။ သူသည်လည်း အခြားကျောင်းနေဖက်သူငယ်ချင်းများလို ရည်မှန်းချက်အပြည့်ဖြင့် သတ္တုတူးဖော်ရေးအင်ဂျင်နီယာဘာသာရပ်ကို ဆည်းပူးနေသူတစ်ယောက် ဖြစ်သည်။ အစ်မတစ်ယောက်၊ ညီငယ်နှစ်ယောက် အပါအ၀င် မိသားစုခြောက်ဦးရှိသည့် သူတို့မိသားစု၏ အနာဂတ်သည် ကိုစိုးနိုင်ဖြစ်ခဲ့သည်။ သူ၏ ညီငယ်နှစ်ယောက်အနက် တစ်ယောက်က စစ်ဗိုလ်၊ နောက်တစ်ယောက်က ဆရာဝန်အဖြစ် မိသားစုက ရည်မှန်းထားသည်။
ရည်မှန်းချက်ကြီးမားသော်လည်း အတန်ငယ် မပြည့်မစုံဖြင့် ရုန်းကန်နေရသည့် သူတို့မိသားစုအတွက်တော့ကိုစိုးနိုင်တစ်ယောက် အင်ဂျင်နီယာတစ်ယောက်အဖြစ် အသက်မွေးပြီး ပြန်လည်ထောက်ပံ့ရေးကသူတို့အတွက်တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ခဲ့သည်။
သို့သော်လည်း ပူပြင်းလှသော မတ်လ၏ အပူရှိန်အောက် ကြွေလွင့်ခဲ့သည့် သစ်ရွက်ခြောက်များလို အာဏာရှင်ဦးနေ၀င်းနှင့် သူ၏အပေါင်းအပါများ၏ ရက်စက်သည့် အာဏာစက်အောက်တွင် သူတို့မိသားစု၏ မျှော်လင့်ချက်များ တစ်စစီလွင့်ပါးခဲ့ရသည်။ ၀ါဒဖြန့်ချိရေးဇာတ်ကားများတွင် ရည်မွန်သည့်ဟန်ပန် ရှိခဲ့သော်လည်း လက်တွေ့တွင် မာကျောခက်ထန်ပြီး ရက်စက်သည့် မျက်နှာထားများနှင့်
လုံထိန်းအချို့သည် ကိုစိုးနိုင် ပညာသင်ကြားရာ အင်းစိန် RIT ၀င်းကို ၀ိုင်းထားလိုက်သည်။
သူတို့သည် ထိုနေ့မတိုင်မီ
(၁၉၈၈ ခုနှစ် မတ်လ ၁၂ ရက်) နေ့က လက်ဖက်ရည်ဆိုင်တွင် ကျောင်းသားနှင့် အရပ်သား စကားများရာမှ
စတင်သည့် ပြဿနာကိုဖြေရှင်းရန် လာရောက်ကြခြင်းဖြစ်သည်။ အမိန့်နာခံသည်မှ လွဲပြီး ဘာမျှလုပ်နိုင်စွမ်းရှိပုံ
မပေါ်သည့် လုံထိန်းတပ်သားများက သူတို့၏ သေနတ်ပြောင်းဝကို
ကျောင်းသားများဘက်ဆီသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင်ရှိခဲ့သည့် ကိုမြင့်ဦးက
ထိုနေ့ကအခြေအနေကို ပြန်ပြောပြသည်။ “သူတို့ တကယ်ပစ်တယ်။ တကယ်ကို ရက်ရက်စက်စက် ပစ်ခဲ့တယ်”
ကျောင်းသားများဘက်ဆီသို့ ဦးတည်လိုက်သည်။ ထိုနေရာတွင်ရှိခဲ့သည့် ကိုမြင့်ဦးက
ထိုနေ့ကအခြေအနေကို ပြန်ပြောပြသည်။ “သူတို့ တကယ်ပစ်တယ်။ တကယ်ကို ရက်ရက်စက်စက် ပစ်ခဲ့တယ်”
သူတို့ ပစ်လိုက်သည့် ကျည်ဆန်များထဲမှ
တစ်တောင့်က ကျောင်းသားများထဲ ကိုစိုးနိုင်၏ ဘယ်ဘက်ခါးနောက်ကို ထိမှန်သွားခဲ့ပြီး ကိုစိုးနိုင်တစ်ယောက်သည်လည်း
မြေပေါ်လဲ ပြိုခဲ့ရသည်။ လုံထိန်းပစ်လွှတ်လိုက်သော သေနတ်ကျည်ဆန်သည် သူ၏ ရှေ့မှ ဆယ်ကျော်သက်အရွယ် ကျောင်းသားလူငယ်ကိုသာမက သူ့အား မျှော်လင့်တကြီးစောင့်မျှော်နေသည့် အခြားမိသားစုဝင်များ၏
ဘ၀ကိုပါ လဲပြိုစေသည်ကို လုံထိန်းရဲဘော် သိဟန် မတူ။ ပွဲချင်းပြီး သေဆုံးသွားသော ကိုဖုန်းမော်၊
ဆန္ဒပြကျောင်းသား ကိုစိုးနိုင်နှင့် ကိုမြင့်ဦး အပါအ၀င် ကျောင်းသားခြောက်ဦးထက်မနည်း
သေနတ်မှန်ခဲ့ရသည်။
“ကျွန်တော်တို့ ဆေးရုံရောက်ပြီးနောက်
၃ နာရီလောက်ကြာမှ ကိုစိုးနိုင်ရောက်လာတယ်”ဟု
အသည်းထဲသေနတ်ထိမှန်ခဲ့သည့် ကိုမြင့်ဦးက ပြောသည်။
အသည်းထဲသေနတ်ထိမှန်ခဲ့သည့် ကိုမြင့်ဦးက ပြောသည်။
ငြိမ်းချမ်းစွာ စုဝေးနေကြသည့်
ကျောင်းသားများအား လုံထိန်းများက သေနတ်ဖြင့် ပစ်သတ်သည်ဆိုသော
သတင်းကိုကြားရပါက ရက်စက်သည့်လုပ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပေးကောင်းပေးလိမ့်မည်။
သတင်းကိုကြားရပါက ရက်စက်သည့်လုပ်ရပ်ဖြစ်ကြောင်း မှတ်ချက်ပေးကောင်းပေးလိမ့်မည်။
သို့သော်လည်း အာဏာရှင်ဦးနေ၀င်းနှင့်
အပေါင်းအပါများက ကိုစိုးနိုင်အပေါ်လုပ်သည့် လုပ်ရပ်များကရက်စက်သည်ဆိုသည့် စကားထက်ပင် ပိုကောင်းပိုလိမ့်မည်။ ဒဏ်ရာရနေသော အခြားသူငယ်ချင်းများနှင့် ကိုစိုးနိုင်ကို ဆေးရုံသို့ သယ်ဆောင်မည့် မော်တော်ယာဉ်ကို အာဏာပိုင်များက တားမြစ်ခဲ့သည်။
ဆေးရုံရောက်တော့ ခုတင်တိုင်များနှင့် လူနာများ၏ ခြေလက်များကို သံကြိုးများအသုံးပြုကာ
ချုပ်နှောင်ထားခဲ့သည်။ ထိုသံကြိုးများကို ကိုစိုးနိုင်သေဆုံးမှသာ အာဏာပိုင်များက ဖြုတ်ပေးခဲ့သည်။
ဆေးရုံရောက်တော့ ခုတင်တိုင်များနှင့် လူနာများ၏ ခြေလက်များကို သံကြိုးများအသုံးပြုကာ
ချုပ်နှောင်ထားခဲ့သည်။ ထိုသံကြိုးများကို ကိုစိုးနိုင်သေဆုံးမှသာ အာဏာပိုင်များက ဖြုတ်ပေးခဲ့သည်။
ရန်ကုန်မြို့မှ လေးနာရီခန့်သွားရသည့်
ပုသိမ်မြို့တွင် နေထိုင်သည့် ကိုစိုးနိုင်မိသားစုဝင်များက
သူ၏ သတင်းကိုကြားရတော့ သူ့ဖခင်က သားနောက်လိုက်ဖို့ ပြင်သည်။ အိမ်ဆောက်ရန်အတွက် ၀ယ်ယူထားသည့် ပျဉ်းကတိုးသစ်များကို ရောင်းချပြီး လမ်းစရိတ်လုပ်ရသည်။ သူ၏ ဖခင်ဖြစ်သူ ပုသိမ်မြို့မှ ထွက်လာတော့ ယာယီဆောက်ထားသည့် ၀ါးတဲလေးထဲတွင် ကျန်းမာရေးမကောင်းသည့် မိခင်ဖြစ်သူကို
စောင့်ရှောက်နေရသည့် ဆယ်တန်းဖြေမည့် ညီငယ်နှစ်ဦးနှင့် ကိုစိုးနိုင်၏ အစ်မတို့ စိုးရိမ်စိတ်ဖြင့် ကျန်နေခဲ့ရသည်။
သူ၏ သတင်းကိုကြားရတော့ သူ့ဖခင်က သားနောက်လိုက်ဖို့ ပြင်သည်။ အိမ်ဆောက်ရန်အတွက် ၀ယ်ယူထားသည့် ပျဉ်းကတိုးသစ်များကို ရောင်းချပြီး လမ်းစရိတ်လုပ်ရသည်။ သူ၏ ဖခင်ဖြစ်သူ ပုသိမ်မြို့မှ ထွက်လာတော့ ယာယီဆောက်ထားသည့် ၀ါးတဲလေးထဲတွင် ကျန်းမာရေးမကောင်းသည့် မိခင်ဖြစ်သူကို
စောင့်ရှောက်နေရသည့် ဆယ်တန်းဖြေမည့် ညီငယ်နှစ်ဦးနှင့် ကိုစိုးနိုင်၏ အစ်မတို့ စိုးရိမ်စိတ်ဖြင့် ကျန်နေခဲ့ရသည်။
ကိုစိုးနိုင်၏ ဖခင်ဖြစ်သူသည် ဦးနေ၀င်း၏ လမ်းစဉ်ပါတီဝင်ဖြစ်ပြီး ဧရာဝတီတိုင်းတွင် ယခုခေတ်အဆိုအရ တိုင်းဒေသကြီးအလုပ်သမားဝန်ကြီး အဆင့်လောက်အထိ တာဝန်ယူခဲ့ဖူးသည်။ သို့သော်လည်း အာဏာရှင်တို့သည် သူတို့အုပ်စိုးနိုင်ရေးကို ထိခိုက်လာမည်ဆိုပါလျှင် ဘာကိုမှအရေးမထား။
RIT ကျောင်းဝင်းထဲတွင် ပစ်သတ်ခဲ့သော ကိုဖုန်းမော်တစ်ယောက်သည်လည်း လမ်းစဉ်လူငယ်ခေါင်းဆောင်တစ်ဦးပင် မဟုတ်ပါလား။ ကိုစိုးနိုင်ဖခင် ရန်ကုန်ရောက်တော့
သေနတ်ဒဏ်ရာရ သားဖြစ်သူက ဆေးရုံခုတင်နှင့် လက်ထိတ်၊ ခြေထိတ်များ တွဲလျက်။ သေနတ်အပစ်ခံရအပြီး ၂၃ ရက်အကြာ ကိုစိုးနိုင်တစ်ယောက် အသက်ဆုံးခဲ့ရသည်။
“အဖေပြန်ပြောပြတာကတော့ သူဆုံးခါနီးမှာ မိသားစုအပေါ် တာဝန်မကျေခဲ့တာ ခွင့်လွှတ်ပါလို့
မှာသွားတယ်”ဟု ကိုစိုးနိုင်၏ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီက ပြောသည်။
“ဆုံးခါနီး သုံးရက်လောက်မှာ ရဲရဲတောက်တို့ဗမာတွေသီချင်းကို သူတောက်လျှောက်ဆိုနေခဲ့တယ်။
အဲဒီအချိန်မှာ ကျွန်တော်က အခြေအနေဆိုးနေခဲ့တာ။ သူက လာကြည့်တဲ့သူတိုင်းကို
ကျွန်တော့်ကို ဂရုစိုက်ဖို့ပဲမှာနေတာ”ဟု နောက်ဆုံးအချိန်ထိ ကိုစိုးနိုင်ဘေးတွင် ရှိနေခဲ့သည့် ကိုမြင့်ဦးက ပြောသည်။ရန်ကုန်တွင် အကျဉ်းချုံး ကျင်းပခဲ့ရသည့် အသုဘအပြီး ဖခင်ဖြစ်သူက
တိတ်တဆိတ် ပုသိမ်မြို့သို့ ပြန်လာခဲ့ရသည်။ ကိုစိုးနိုင်၏ ညီငယ်နှစ်ဦးစလုံး ဆယ်တန်းစာမေးပွဲဖြေနေဆဲမို့ သူ့အစ်ကိုသတင်း မပြောရက်သောကြောင့် ဖခင်ဖြစ်သူက အိမ်တန်းမပြန်ခဲ့ဘဲ ပုန်းနေခဲ့ရသည်။
“အငယ်နှစ်ယောက် စာမေးပွဲပြီးတဲ့နေ့မှ အဖေကပြောတယ်။ ကျွန်မလည်း မြေမှာလူးလှိမ့်ပြီး ငိုခဲ့ရတယ်။
အဖေက ငါနဲ့အတူတူနေချင်ရင် အကျယ်ကြီး မငိုနဲ့။ ငါတို့တွေ အဖမ်းခံရမယ်။ ကျွန်မတို့ မိသားစုတွေ ချက်ချင်းပဲ ရက်လည်ဆွမ်းသွတ်ဖို့ စီစဉ်ခဲ့ရတယ်”ဟု ဒေါ်မြင့်မြင့်ဦးက ပြောသည်။
ကိုစိုးနိုင်ကိစ္စဖြစ်ပြီးနောက်ပိုင်း အစိုးရ၏ ခြိမ်းခြောက်မှုကို ကြောက်ရွံ့သောကြောင့် သူတို့ မိသားစုနှင့် ပတ်သက်ဖို့ ၀န်လေးကြသူအချို့ ရှိခဲ့သည်ဟု သူကပြောသည်။ ထိုအထဲတွင် ဆွေမျိုးအချို့ပင် ပါဝင်ခဲ့သည်။
ရက်စက်မှုအပေါင်း သရဖူဆောင်းခဲ့သည်ဆိုရမည့် ဦးနေ၀င်းနှင့် သူ့နောက်လိုက်များက
ဒီတင်မရပ်သေး။ ကိုစိုးနိုင်၏ ညီ ဆယ်တန်းကျောင်းသားများကိုပါ ဖိအားပေးစောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြသည်။
“အစ်ကိုဆုံးတဲ့နှစ်မှာ ကျွန်တော်စာမေးပွဲရှုံးတယ်။
ဖြေနိုင်ရက်သားနဲ့ မအောင်ခဲ့ဘူး။ အဲဒီတုန်းက (ခ) အဆင့်နဲ့ အအောင်ပေးတာလည်းရှိတယ်။ ဒါပေမဲ့ (ခ) တောင်မပါဘူး။ အားလုံးက နားလည်လိုက်တယ်။ တမင်လုပ်တာလို့”
ဟု ကိုစိုးနိုင်၏ ညီငယ် ကိုအောင်ကျော်စိုးက ပြောသည်။ နောက်တစ်နှစ်ဆက်နေတော့ သူ့အစ်ကိုလိုပင်
ဂုဏ်ထူးနှစ်ဘာသာဖြင့် အောင်မြင်ခဲ့သည်။ သို့သော်လည်း အတိတ်ကအကြောင်းများကြောင့်
ပညာရေးကို သူ စွန့်လွှတ်လိုက်သည်။ကိုစိုးနိုင်၏ ဖခင်တစ်ယောက်လည်း စိတ်ဖိစီးမှုများ ခံစားရင်းက ကိုစိုးနိုင်သေဆုံးပြီး နောက်တစ်နှစ်အကြာ ကွယ်လွန်သွားခဲ့ရသည်။
ပညာရေးကို သူ စွန့်လွှတ်လိုက်သည်။ကိုစိုးနိုင်၏ ဖခင်တစ်ယောက်လည်း စိတ်ဖိစီးမှုများ ခံစားရင်းက ကိုစိုးနိုင်သေဆုံးပြီး နောက်တစ်နှစ်အကြာ ကွယ်လွန်သွားခဲ့ရသည်။
လွန်ခဲ့သော ၂၅ နှစ်ကျော်က
လုံထိန်းရဲဘော်ပစ်လိုက်သည့် ကျည်ဆန်များ၏ အကျိုးဆက်ကို
သူတို့မိသားစု ခံစားနေရဆဲဖြစ်သည်။ ၂၅ နှစ်တာကာလ ဒီရက်ပိုင်းတွေအတွင်း လက်ချိုးရေ၍ ရသောသူအချို့မှလွဲပြီး မည်သူကမှ စာနာသနားကြောင်း သူတို့ မိသားစုဝင်များဆီ လာရောက်နှစ်သိမ့်ခြင်းမရှိခဲ့ဖူးပေ။
သမိုင်းဝင်ရှစ်လေးလုံးအရေးတော်ပုံအစ၊ သေနတ်ဒဏ်ရာဖြင့် အစောဆုံးကျဆုံးခဲ့ရသည့် ကျောင်းသားတစ်ဦး၏ မိသားစုဝင်များဘ၀မှာ ခက်ခဲစွာရုန်းကန်ခဲ့ရသည်။
ထို့အတွက် ကြေညာချက်များ လှိုင်လှိုင်ထုတ်လေ့ရှိသည့် အတိုက်အခံနိုင်ငံရေးအင်အားစုများဘက်ကရော၊
ဘိန်းဘုရင်ကြီးလော်စစ်ဟန် ကွယ်လွန်ခဲ့သည့်အတွက် ၀မ်းနည်းကြောင်း ထုတ်ဖော်ပြောလေ့ရှိသည့်
အစိုးရဘက်အရာရှိများဘက်ကပါ စာနာမှုတစ်စုံတစ်ရာ သူတို့ မရခဲ့ကြ။
လူသန်းပေါင်းများစွာ ပူးပေါင်းပါဝင်ခဲ့သည့် တစ်ပါတီအာဏာရှင်စနစ် တော်လှန်ရေးကာလအတွင်း
အရေအတွက် အတိအကျ မသိနိုင်သည့် နိုင်ငံသားများ ကိုစိုးနိုင်လို အသက်ပေးခဲ့ရသည်။
သူတို့၏ မိသားစုဝင်များ လူ့အသိုင်းအ၀ိုင်းကြားထဲတွင် ပေးဆပ်မှုနှင့်မတန်အောင် မည်မျှနစ်နာနေမှန်း
ဘယ်သူမှ အတိအကျ မသိခဲ့ကြ။
“ကျွန်မတို့ မိသားစု ပြိုလဲရတာ စိုးနိုင်လုပ်ခဲ့တာကြောင့်ဆိုပြီး နောင်တ မရမိခဲ့ဘူး။ ကျွန်မတို့ မိသားစု ဂုဏ်ယူရတာပေါ့။ ဒါကို ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်ဘူး”ဟု ကိုစိုးနိုင်၏ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီက ဆိုသည်။
ပြီးတော့ အဝေးကို ငေးနေခဲ့သည်။
ယိုင်တိယိုင်တိုင်အိမ်လေး၏ နံရံထက်တွင်တော့ ဧည့်သည်များ ယူဆောင်လာသည့် ဂုဏ်ပြုလက်မှတ်က ချိတ်ဆွဲလျက်ရှိနေခဲ့သည်။
ရေးသားသူ- ထွန်းခိုင်။
from Kyaw Than
သူတို့မိသားစု ခံစားနေရဆဲဖြစ်သည်။ ၂၅ နှစ်တာကာလ ဒီရက်ပိုင်းတွေအတွင်း လက်ချိုးရေ၍ ရသောသူအချို့မှလွဲပြီး မည်သူကမှ စာနာသနားကြောင်း သူတို့ မိသားစုဝင်များဆီ လာရောက်နှစ်သိမ့်ခြင်းမရှိခဲ့ဖူးပေ။
သမိုင်းဝင်ရှစ်လေးလုံးအရေးတော်ပုံအစ၊ သေနတ်ဒဏ်ရာဖြင့် အစောဆုံးကျဆုံးခဲ့ရသည့် ကျောင်းသားတစ်ဦး၏ မိသားစုဝင်များဘ၀မှာ ခက်ခဲစွာရုန်းကန်ခဲ့ရသည်။
ထို့အတွက် ကြေညာချက်များ လှိုင်လှိုင်ထုတ်လေ့ရှိသည့် အတိုက်အခံနိုင်ငံရေးအင်အားစုများဘက်ကရော၊
ဘိန်းဘုရင်ကြီးလော်စစ်ဟန် ကွယ်လွန်ခဲ့သည့်အတွက် ၀မ်းနည်းကြောင်း ထုတ်ဖော်ပြောလေ့ရှိသည့်
အစိုးရဘက်အရာရှိများဘက်ကပါ စာနာမှုတစ်စုံတစ်ရာ သူတို့ မရခဲ့ကြ။
လူသန်းပေါင်းများစွာ ပူးပေါင်းပါဝင်ခဲ့သည့် တစ်ပါတီအာဏာရှင်စနစ် တော်လှန်ရေးကာလအတွင်း
အရေအတွက် အတိအကျ မသိနိုင်သည့် နိုင်ငံသားများ ကိုစိုးနိုင်လို အသက်ပေးခဲ့ရသည်။
သူတို့၏ မိသားစုဝင်များ လူ့အသိုင်းအ၀ိုင်းကြားထဲတွင် ပေးဆပ်မှုနှင့်မတန်အောင် မည်မျှနစ်နာနေမှန်း
ဘယ်သူမှ အတိအကျ မသိခဲ့ကြ။
“ကျွန်မတို့ မိသားစု ပြိုလဲရတာ စိုးနိုင်လုပ်ခဲ့တာကြောင့်ဆိုပြီး နောင်တ မရမိခဲ့ဘူး။ ကျွန်မတို့ မိသားစု ဂုဏ်ယူရတာပေါ့။ ဒါကို ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်ဘူး”ဟု ကိုစိုးနိုင်၏ အစ်မဖြစ်သူ ဒေါ်မြင့်မြင့်ရီက ဆိုသည်။
ပြီးတော့ အဝေးကို ငေးနေခဲ့သည်။
ယိုင်တိယိုင်တိုင်အိမ်လေး၏ နံရံထက်တွင်တော့ ဧည့်သည်များ ယူဆောင်လာသည့် ဂုဏ်ပြုလက်မှတ်က ချိတ်ဆွဲလျက်ရှိနေခဲ့သည်။
ရေးသားသူ- ထွန်းခိုင်။
from Kyaw Than
တံဆိပ်များ
ဆောင်းပါး
,
နိုင်ငံရေးနှင့်သမိုင်းများ
Sunday, June 9, 2013
နည်းပညာမျှဝေသူများ
- စေတန်ဂေါ့
- သံလုံငယ်
- ညီလင်းဆက်
- ညီနေမင်း
- စံပီး
- မောင်ပညာ
- မောင်စေတနာ
- ၀င်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း)
- ကိုThinker
- ကိုရန်အောင်
- ကိုမင်းကျော်
- ကိုကျော်စွာငြိမ်း
- ကိုဇော်357
- ကိုဇော်(ဒဂုံ)
- ကိုချစ်ဦး
- ကိုကျော်ကျော်ဦး
- စပ်မိစပ်ရာ
- စိုင်းနက္ခတ်
- ဖိုးသား
- တူလေး
- ပုဂံသားမောင်ဘကျော်
- ရွှေမြန်မာတို့နည်းပညာ
- မုန်တိုင်း
- ရာမညဖိုးလပြည့်
- အလင်းရောင်
- အညာသား
- ဟိုက်ဝေး
- အိုင်တီခရီးသည်
- အိုင်တီမန်း
- နည်းပညာမှတ်တမ်း
- မာ့ခ်၏ကိုယ်ပိုင်အတ္တများ
- မနောသား
- မနောဖြူလေး
- မိုးမြင့်ရှိန်း
- မိုးထက်မြင့်
- လုလင်တစ်ဦး၏အတွေးဆုံမှတ်
- မြန်မာ့သတင်းနှင့်နည်းပညာ
- မလေးရှားရောက်မြန်မာ
- ဟင်းလင်းပြင်
- ကျနော့မှတ်စုစာအုပ်
- ကနက်သီရီသားလေး
- ညီညီ(လောကမီးအိမ်)
- ဧရာညီနောင်
- အီလက်ထရောနစ်
- ဘုရင့်နောင်
- ဝိုင်း
- Burma IT Share
- Co2'sNote
- STAMEDIA
- Ogre
- KP3 Family
- Kogee Lay
- WWM
- MMBloggerHelpdesk
- Myanmar Download
- MyanmarITMen
- My Softwares
- ThememagicMonGTC
- Troj4n
- Engineer4Myanmar
တံဆိပ်များ
မြန်မာဆိုဒ်များ
Saturday, June 8, 2013
ဝါရှင်တန်ဒီစီ မြို့တော်တွင် မြန်မာနိုင်ငံအပါအဝင် လူ့အခွင့်အရေးဖိနှိပ်မှူအရေးတွေမှာ သေဆုံးကြရသူ လူသားများရဲ့ အရိုးပေါင်း တစ်သန်း ပြပွဲ
မြန်မာနိုင်ငံအပါအဝင်
လူ့အခွင့်အရေးဖိနှိပ်မှူအရေးတွေမှာ သေဆုံးကြရသူ လူသားများရဲ့ အရိုးပေါင်း
တစ်သန်း ဝါရှင်တန်ဒီစီ မြို့တော်ကို ရောက်ရှိလာပါတယ်။ ဒီ လူအရိုး တစ်သန်း
ဟာ အစစ်တွေတော့မဟုတ်ဘူး။ အမေရိကန်ကျောင်းသားတွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေ
အနုပညာရှင်တွေ က အရိုးအတူပုံစံတွေကို
စုပေါင်းပြုလုပ်ထားကြတာဖြစ်ပါတယ်။ ဒီအရိုးစုတွေကို ဝါရှင်တန်ဒီစီက
အမျိုးသားပန်းခြံမှာ အခုလာမယ့် စနေ နဲ့ တနင်္ဂနွေ ၂ ရက်ကြာ ပြသမယ်။
လူမျိုးတွေကို မျိုးတုန်းအောင်သတ်ဖြတ်တာတွေကို ကာကွယ်တဲ့ လူသားဝါဒ
လှုပ်ရှားမှုကြီးပြုလုပ်ပြီး လူ့အခွင့်အရေးတွေချိုးဖောက်နေတဲ့ မြန်မာအစိုးရ
အပါအဝင် ဆူဒန် ကွန်ဂို နဲ့ ဆိုမာလီယာ နိုင်ငံတွေကို ဒီလိုပြုလုပ်နေတာတွေကို
အထင်အရှားဖော်ပြ ဆန့်ကျင်ကြတော့မယ်။ အရိုးစုတစ်ခုတိုင်းဟာ
လူသားခြင်းမသတ်ဖြတ်အောင် လှုံ့ဆော်ပါလိမ့်မယ်။ အရိုးစုတစ်ခုတိုင်းဟာ
ဖိနှိပ်သတ်ဖြတ်ခံရမှုကို ကိုယ်စားပြုလိမ့်မယ်။ အရိုးစုတစ်ခုတိုင်းဟာ
ဖိနှိပ်သူ အာဏာပိုင်တွေ ရဲ့ ရက်စက်မှုတွေကို ဖော်ပြတော့မယ်။
အရိုးစုတစ်ခုတိုင်းဟာ တရားမျှတမှုကို တောင်းဆိုတော့မယ်။
Zaw Win
One Million Bones is a large-scale social arts practice, combining education, hands-on art making, and public installations to raise awareness of ongoing genocides and mass atrocities in places like Sudan, South Sudan, the Democratic Republic of the Congo, Somalia and Burma.
June 8th 1,000,000 Handmade bones crafted by students artists, and activists from around the world will be laid on the National Mall in Washington DC.
A striking symbol of our common humanity these bones were made to honor those lost to genocides and mass atrocities and those still fighting to survive them in Sudan , south Sudan, the Democratic republic of Congo , Somalia and BURMA.
EACH BONE REPRESENTS A CALL TO ACTION , A STORY , A VOICE
onemillionbones.org
https://www.facebook.com/OneMillionBones
associated with united art students Burma
Global Nomads Group
Zaw Win
One Million Bones is a large-scale social arts practice, combining education, hands-on art making, and public installations to raise awareness of ongoing genocides and mass atrocities in places like Sudan, South Sudan, the Democratic Republic of the Congo, Somalia and Burma.
June 8th 1,000,000 Handmade bones crafted by students artists, and activists from around the world will be laid on the National Mall in Washington DC.
A striking symbol of our common humanity these bones were made to honor those lost to genocides and mass atrocities and those still fighting to survive them in Sudan , south Sudan, the Democratic republic of Congo , Somalia and BURMA.
EACH BONE REPRESENTS A CALL TO ACTION , A STORY , A VOICE
onemillionbones.org
https://www.facebook.com/OneMillionBones
associated with united art students Burma
Global Nomads Group
တံဆိပ်များ
ရုပ်ရှင်
,
နိုင်ငံရေးနှင့်သမိုင်းများ
Subscribe to:
Posts
(
Atom
)


