Friday, January 4, 2013

ဒီမိုကရေစီဆိုသည်မှာ........

မျိုးချစ်ငြိမ်းချမ်းရေးအဖွဲ့ချုပ်
      PATRIOTIC LEAGUE FOR PEACE
 ဒီ မို က ရေ စီ
 DEMOCRACY

 ဒီမိုကရေစီဆိုသည်မှာ…ပြည်သူ့ အကျိုးအတွက်

 ပြည်သူ့ ကိုယ်စားလှယ် များပါဝင်သော ပြည်သူ့အစိုးရက

 အုပ်ချုပ်ခြင်းဖြစ်သည်။ ပြည်သူ့တို့က အုပ်စိုးခြင်းဖြစ်သည်။

 စစ်မှန်သော ဒီမိုကရေစီကို အမှန်တကယ် မြတ်နိုး လိုလားသူတိုင်း............
  • ၁ DISCIPLINE                စည်းကမ်းရှိပါ
  •  
  • ၂ EQUITY                      တရားမျှတမှုရှိပါ

  • ၃ MORALITY                ကိုယ်ကျင့်သိက္ခာစောင့်ထိန်းပါ

  • ၄ ORGANIZATION         ညီညွတ်စွာပူးပေါင်းဆောင်ရွက်ပါ

  • ၅ CITIZEN                    နိုင်ငံကြီးသားပီသပါ

  • ၆ RELIGION                 မိရိုးဖလာဓလေ့ထုံးစံဘာသာတရားကိုင်းရှိုင်းလိုက်နာပါ

  • ၇ ABILITY                မိမိစွမ်းရည်သတ္တိကိုထက်မြက်အောင်ဆောင်ရွက်လျက်အပြည့်အ၀အသုံးချပါ

  • ၈ CHIEF                      ထကြွ နိုးကြား သနား သည်းခံဝေဖန်ထောက်ရှုခြင်းဂုဏ်အင်္ဂါပြည့်ဝအောင်ကျင့်ဆောင်ပါ     

  • ၉ YOUTH                     အတွေးအခေါ်နှင့် လုပ်ဆောင်ချက်များ အစဉ် နုပျိုတက်ကြွနေပါ
   
 ဒီမိုကရေစီလိုလားသူတိုင်း အထက်ပါဂုဏ်အင်္ဂါ ၉-ပါးနှင့်ပြည့်စုံအောင် လိုက်နာကျင့်သုံး နေထိုင်ကြရန် အရေးကြီးသည်။
         
 ထိုဂုဏ်များနှင့်ပြည့်စုံသော ညီညွတ်သော သူကိုသာပြည်သူ့ကိုယ်စားလှယ် ခေါင်းဆောင်အဖြစ် ရွေးချယ် ရမည်ဖြစ်သည်။

 အမိနိုင်ငံနှင့်လူမျိုးအတွက် ဒီမိုကရေစီရှင်သန်ထွန်းကားစေရန်(DEMOCRACY) ဂုဏ်အင်္ဂါ ၉-ပါးနှင့်ြ ပည့်စုံ သော ခေါင်းဆောင်ကောင်းကို ရွေးချယ်မိကြဖို့ အထူးသတိပြုကြစေလိုပါသည်။                                                                                  
                                                                                                                 May BePeaceful
                                                                                                                 ငြိမ်းချမ်းကြပါစေ                            

Thursday, January 3, 2013

နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်

Video ဖိုင်ယူမလား၊ PDF လား၊ သင်ခန်းစာ Note ယူမလား လိုချင်တာယူလို့ရတယ် ...
➤ Massachusetts Institute of Technology (MIT)/OpenCourseWare
✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes
✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable
✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses
✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas
✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education
✤ Link : http://is.gd/qpJwVP


➤ Johns Hopkins OpenCourseWare
✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses
✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures
✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace
✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative
✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures
✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare
✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures
✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)
✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare
✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com
✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses
✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project
✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!
✤ Link: http://is.gd/JoOFQg

➤ LearningScience.org
✤ Link: http://is.gd/te9NqS

➤ Science.gov Databases
✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library
✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses
✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org
✤ Link: http://is.gd/QbtScO

Thursday, December 27, 2012

ကမ္ဘာ့ငြိမ်းချမ်းရေးမှသည် မြန်မာ့ငြိမ်းချမ်းရေးထာဝရငြိမ်းချမ်းရေးဆီသို့


“ကမ္ဘာ့ငြိမ်းချမ်းရေးမှသည် မြန်မာ့ငြိမ်းချမ်းရေးထာဝရငြိမ်းချမ်းရေးဆီသို့ ”

-သဘောထားခြင်းတူညီကြတဲ့ ရင်ဘတ်ချင်းနီးကြတဲ့ လူငယ်တွေစုပေါင်းအင်အားနဲ့ ကိုယ့်အင်ကိုယ့်အားလေးနဲ့နိုင်သလောက် တနိုင်တပိုင် ကိုယ်ကျတဲ့နေရာလေးကနေ လက်တွဲပြီးလုပ်တာဒီနှစ်နဲ့ဆို ၃ကြိမ်ရှိလာပါပြီ။ သက်ဆိုင်ရာကခွင့်မပြုလည်း ဆက်လုပ်သွားမှာပါ။ ငြိမ်းချမ်းရေး၊ဒီမိုကရေစီရေး၊လူ့အခွင့်ရေး တို့အတွက် အနစ်နာခံခဲ့သူတွေ ၊ဦးဆောင်ဦးရွက်ပြုပြီးလှုပ်ရှားနေကြသူတွေနဲ့အဖွဲ့အစည်းတွေ၊ စာပေနဲ့ အနုပညာရှင်တွေ လည်းဖိတ်သွားပါ့မယ်။ အထူး စိတ်မကောင်း
ဖြစ်မိတာ ခုချိန်ထိ ထောင်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ ကိုအကြောင်း အမျိုးမျိုးခေါင်းစဉ်တွေနဲ့ ဖမ်းထားတာ ကျန်နေသေးလို့ လူစုံတက်စုံနဲ့ဒီ ငြိမ်းချမ်းရေးပွဲလေးကိုတပျော်တပါးမနွှဲနိုင်ကြသေးလို့ပါ။ ဒီနှစ်လဲ အဖမ်းဆီခံ ဒီမိုကရေစီ အင်အားစုတွေ လွှတ်ပေးရေးနဲ့ ၊ အခြားသောငြိမ်းချမ်းရေး ၊ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့တောင်းဆိုမှုတွေကိုလည်း ထည့်သွင်းတောင်းဆိုသွားပါ့မယ်။ နိုင်ငံတော်သမ္မတနဲ့ပါလီမာန်ကို တရားဝင်စာတွေတင်သွားမှာပါ။

- လောလောဆယ်တော့ ဒီပွဲနဲ့ပတ်သက်လို့ ဖိတ်စာရိုက်တုန်းရှိပါသေး တယ်။ သက်ဆိုင်ရာကဖက်ကတော့ လူ ၂၀၀ ပဲ ခွင့်ပြူတယ်လို့ပြောတယ်။ အခုထိတော့ ပြေလည်မှုမရသေးဘူး. နောက်ပြီး သတင်းစာမှာပါတဲ့အတိုင်း ကြွရောက် မိန့်ခွန်းပြောမယ့် လူကြီးတွေ ရဲ့ ကိုယ်ရေးရာဇ၀င်တွေလည်း အသေးစိတ်ကိုစုံစမ်းမေးမြန်းတောင်းခံနေတယ်။

- ကျနော်တို့ဖက်ကလည်း အဲလောက်ထိ ခရေစေ့တွင်းကျကတော့ မဖြစ်နိုင်ကြောင်း ဖြစ်နိုင်တာကိုပူပေါင်းဆောင်ရွက်နေကြောင်း အကြော င်းပြန်ထားပါတယ်။ဘဘဦးဝင်းတင်ကအခမ်းအနားကိုတက်မယ်ဆိုပေသည့် ဒီလိုစစ်လားဆေးလားတောင်းလားရမ်းလားတွေလုပ်နေရင် စကားမပြောဘူးလို့ပြောပါတယ်။ ကျနော်တို့ကဖက်တော့ အလုံမြို့နယ် ရဲတပ်ဖွဲ့မှုးကို ကျွန်တော်က အခုလုပ်မယ့်ပွဲဟာဆိုရင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ. ဖြစ်လို့ မြန်မာပြည်သူတွေတင်မကပဲ ကမ္ဘာသူကမ္ဘာသား အားလုံးနဲ့သက်ဆိုင်တယ် စိတ်ဝင်စားသူတွေတက်ရောက်မယ် ဆိုရင်တော့ လူဦးရေကအတိမ်းအစောင်းဖြစ်သွားနိုင်ကြောင်း စာပို့ထားတယ် ။ ခုထိသက်ဆိုင်ရာဖက်ကအကြောင်းပြန်ခြင်းမရှိသေးဘူး။ကျနော်တို့ လူငယ်တွေကတော့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ။

- ဒီမိုကရေစီကိုဦးတည်သွားနေတယ် ဒီမိုကရေစီလမ်းကြောင်းေ ပ်ါလျှောက်ေ နတယ်ဆိုတဲ့ နိုင်ငံတခု အစိုးရတရပ်ရှိတဲ့မြန်မာနိုင်ငံမှာ အခုလို ဒီမိုကရေစီ အင်အားစုတွေထောင်ထဲမှာရှိနေတာ။ ဒီမိုကရေစီအစိုးရရဲ့
ဂုဏ်သိက္ခာတရားနဲ့ မညီညွတ်ပါဘူး။ ဒါဟာပြည့်ဝတဲ့ဒီမိုကရေစီလို့လည်း မဆိုအပ်ပါဘူး ။ ပြီးခဲ့တဲ့နှစ်ကတော့ ဖမ်းဆီခံ ဒီမိုကရေစီ အင်အားစုများကိစ္စ၊ဧရာဝတီမြစ်စုံကိစ္စ၊တိုင်းရင်းလက်နက်ကိုင်များအရေးကိစ္စ နဲ့ပတ်သတ်လို့စစ်မှန်သော ဒီမိုကရေစီ အစိုးရမှန်လျှင် ပြည်သူတွေရဲ့အသံကိုနားထောင်ပြီး အကောင်းဆုံးဆောင်ရွက်ပေးဖို့ (ကိုလူမော်) မှမေတ္တာရပ်ခံခဲ့ပါတယ်။ ဘဘဦးတင်ဦးကိုယ်တိုင်ကလည်း တက်ကြွစွာနဲ့ ဖမ်းဆီးခံ ဒီမိုကရေစီအင်အားစုတွေလွှတ်ပေးရေးတောင်း ဆိုခဲ့ ပါတယ်။ ငြိမ်းချမ်းရေး ဂျိုးငှက်များလဲလွှတ်ပေးခဲ့ပါတယ်။ ဒီနှစ်လဲ ထာဝရငြိမ်းချမ်းရေးကိုဦးတည်မယ့်အပြုသဘောလဲဆောင်မယ့် တောင်းဆိုချက်တွေ ပါပါ့မယ်။ “ မြန်မာ့ငြိမ်းချမ်းရေးမှ သည် ကမ္ဘာ့ငြိမ်းချမ်းရေး ထာဝရငြိမ်းချမ်းရေး သို့ဦးတည်တဲ့ ” လှုပ်ရှားမှုတခုဖြစ်တဲ့ ဒီအပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့လေးကို အားလုံးသောညီအကိုမောင်နှမတွေတက်ရောက်ဖို့… ငြိမ်းချမ်းရေး၊ဒီမိုကရေစီရေး၊
လူ့အခွင့်ရေးလိုလားသူများနဲ့ ပူးပေါင်းဆောင်ရွက်လိုသူများ အားလုံးကိုဒီနေရာကနေပြီး အကြမ်းမဖက်အမျိုးသားလှုပ်ရှား သူများကိုယ်စား ကျွန်တော် (ကိုလူမော်လတ်) မှဖိတ်ခေါ်ပါတယ်။
အားလုံပေါ်မေတ္တာဖြင့်။

ကိုလူမော်လတ်

ဆက်သွယ်ရန် blue.peaceforu@gmail.com
phone 09421063210 (ကိုလူမော်လတ်)

Tuesday, December 25, 2012

ဇာဂနာ၏ နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန် စာပေဟောပြောပွဲ

၂၁.၁၂.၂၀၁၂ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ဩဘာလမ်း စာပေဟောပြောပွဲတွင် ဇာဂနာ ပြောကြားသော-

"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၁)

"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၂)

"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၃)

 "နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၄)

"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၅)

Thursday, December 13, 2012

သွေးသစ္စာ(အရေးကြီးပြီ)

NLD ပညာရေးကွန်ရက် ၂နှစ်ပြည့် ရံပုံငွေပွဲတော် ဖွင့်ပွဲ

ပညာရေး ရံပုံငွေ ပွဲတော်မှာ မိန့်ခွန်း ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင်ကျင်းပပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် ၂နှစ်ပြည့် ရံပုံငွေပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့် လှစ် ပေးခဲ့ပါတယ်။

Tuesday, December 11, 2012

ဒေါင်းယောင်ဆောင်သောကျီးကန်းများ

စစ်အာဏာရှင်တွေနဲ့ချုပ်ဆိုတဲ့စီမံကိန်းစာချုပ်တွေဟာနိုင်ငံတကာစီးပွားရေးဆိုင်ရာနည်းဥပဒေတွေမှာတရားဝင်မှုမရှိဘူးဆိုတာဒေါ်အောင်းဆန်းစုကြည်သိပုံမရဘူး။ကိစ္စပြေလည်ဖို့အဓိကထားပြီး၊လူမှုရေးနဲစီးပွားရေးအရတရားမျှတမှုရှိဖို့ဆိုတဲ့အချက်ကိုမျက်ကွယ်ပြုရင်၊ဒါဟာမတရားတဲ့ဥပဒေတွေကိုအကာအကွယ်ပေးတာနဲ့အတူတူပဲ။လူထုခေါင်းဆောင်ဆိုတာ လူထုရဲ့ဆန္ဒတွေနဲ့နစ်နာမှုတွေအပေါ်မှာအခြေခံပြီးစဉ်းစားရမယ်။လူထုဆိုတဲ့အမည်ကိုသုံးပြီးမတရားမှုတွေအတွက်၊တကိုယ်ကောင်းဆန်မှုတွေအတွက်သုံးတယ်ဆိုရင်တော့တရားမျှတမှုဆိုတဲ့ပေတံနဲ့ဆုံးဖြတ်ရမှာပေါ.။ဒီနေ့လက်ပံတန်းတောင်းကိစ္စဟာလူမှုရေးအရကော၊စီးပွားရေးအရကော၊နိုင်ငံ့အကျိုးစီးပွားနဲ့လုံခြုံရေးပိုင်းအရကောတရားမျှတမှုမရှိဘူး။လူထုခေါင်းဆောင်ဆိုတာလူထုနဲ့ အမှန်တရားဖက်မှာရပ်တည်ရမယ်။ဒီအခြေအနေတွေကိုသိရက်သားနဲ့အလယ်မှာရပ်တယ်ဆိုတာကြားပွဲစားအဆင့်ပဲရှိတယ်။နိုင်ငံရေးအာဏာရမယ့်အခြေအနေတောင်မကျိန်းသေသေးဖူး၊ဖက်ပြောင်းတဲ့လေသံတွေဟာ၁၉၉၀ခုနှစ်ရွေးကောက်ရလဒ်ကိုအလွယ်တကူအမှိုက်ခြင်းထဲလွင့်ပစ်လိုက်တဲ့စိတ်အခြေခံကိုသက်သေပြုနေတာပဲ။ရလိုက်တဲ့သင်ခန်းစာကတော့လျှာအရိုးမရှိတိုင်းကြုံသလိုပြောနေတာတွေအပေါ်မှာ အညှာမခံရဖို့ပြည်သူလူထုကြီးတရပ်လုံးသတိထားရမယ်ဆိုတဲ့အချက်ပဲ။စစ်အစိုးရပဲဖြစ်ဖြစ်၊ဒီမိုကရေစီအရေးလုပ်တယ်ဆိုတဲ့သူတွေပဲဖြစ်ဖြစ်၊တိုင်းပြည်အတွက်၊ပြည်သူအတွက်ဆိုပြီးပြောဆိုလုပ်ဆောင်နေကြတာပဲ။သူတို့အပြောတွေဟာဘယ်လောက်ကြာ ကြာခံသလဲ၊ပြောထားတဲ့အတိုင်းလုပ်ရဲ့လား။အပြောနဲ့အလုပ်နဲ့ညီရဲ့လားဆိုတာတွေဟာလူ့ကျင့်ဝတ်၊ကိုယ်ကျင့်သိက္ခာတွေကိုဖော်ညွန်းနေတာပဲ။ဒီမိုကရေစီစနစ်တည်ဆောက်ဖို့ဆိုရင်ဒီလူ့ကျင့်ဝတ်၊ ကိုယ်ကျင့်သိက္ခာတွေရှိအောင်ပထမအဆင့်စလုပ်ရမယ့်ကိစ္စဖြစ်တယ်။လူထုကြီးသေသေချာကြည့်ပါ။ဒေါင်းယောင်ဆောင်သောကျီးတွေရှိနေတယ်။ အညာမခံရအောင်ကြိုးစားကြ။ရွှေရည်စိမ်ဒီမိုကရေစီမဟုတ်ပဲ၊ဒီမိုကရေစီနိုင်ငံရေးမူစစ်စစ်ရ အောင်ကြိုးစားကြ။လူထုစုပေါင်းလှုပ်ရှားမှုနဲ့အနာဂတ်ဒီမိုကရေစီနိုင်ငံသစ်တရပ်ကိုတည်ဆောက်ကြ။
ရဲထွဋ်
နယူးယောက်မြို့
အမေရိကန်
ဒီဇင်ဘာ၁၄ရက်၊ ၂၀၁၂ခုနှစ်

Sunday, December 2, 2012

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၏ နောက်ကွယ် အပိုင်း (၂)


လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၏ နောက်ကွယ် အပိုင်း (၁)

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရဲ့နောက်ကွယ်အကြောင်း ရေးသားပြီးတော့ ကျွန်တော် ... သုံးသပ်ခဲ့ပါတယ်....။ ဒီကိစ္စဟာ လမ်းပေါ်ထွက်တာတစ်ခုတည်းနဲ့ မရဘူးလို့ ပြောခဲ့ပါတယ်..။ တစ်ဖက်က တင်းခံကြမယ်လို့လည်း သတိပေးခဲ့ဖူးပါတယ်..။

သုံးသပ်ထားတဲ့အတိုင်းပါပဲ...။ ဒေါသထွက်ကြေကွဲစရာအဖြစ် ..သံဃာတွေခမျာ မီးလောင်ဒဏ်ရာတွေ သေရာပါရခဲ့ကြပါတယ်..။ တစ်ဖက်က လုံးဝ မလျှော့ခဲ့တာ တွေ့ရပါတယ်..။ တော်တော်လည်း စိတ်မကောင်းဖြစ်မိပါတယ်..။ ကျွန်တော်တို့နိုင်ငံမှာ ဒီလို မတရားတဲ့ ကိစ္စမျိုးတွေကို ဆန့်ကျင်ဖို့၊ ဖိအားပေးဖို့၊ ထောက်ပြပြီး ပျက်ပြယ်စေဖို့က အမာလိုင်း(တော်လှန်ရေး/သပိတ်) တစ်ခုတည်းနဲ့ မရဘူးဆိုတာ သင်ခန်းစာပဲဖြစ်ပါတယ်..။ အခြေအနေနဲ့ အချိန်အခါကို မူတည်ပြီး တုန့်ပြန်သင့်တဲ့အနေအထားကနေ တုန့်ပြန်ရပါ့မယ်..။

တော်လှန်ရေး/တို့ သပိတ် တို့ဟာ နိုင်ငံတစ်ခုပြောင်းလဲဖို့အတွက် ဖိအားတစ်ခုဖြစ်ပေမယ့် .. တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေ အကင်းမသေသေးတဲ့ ကျွန်တော်တို့နိုင်ငံမှာ အားလုံးကိုမြေလှန်တော်လှန်ချင်ရင် တပ်မတော်ကို တစ်ယောက်မကျန် စည်းရုံးနိုင်မှရပါမယ်..။ တစ်ဝက်ကိုပဲစည်းရုံးနိုင်ရင် ကျန်တဲ့တစ်ဝက်နဲ့ တိုက်ပွဲ (ပဋိပက္ခ) ဖြစ်ပါလိမ့်မယ်.။ ခံယူချက၊် အင်အား၊ အမိန့်၊ ဆိုတာတွေရဲ့အောက်မှာ ကိုယ့်တိုင်းရင်းသားအချင်းချင်း နှစ်ရှည်တိုက်ပွဲဖြစ်နေတာကို ကြည့်ကောင်းနေမယ့် နယ်နိမိတ်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရှိပါတယ်....။ ကမ္ဘာမှာ အာဏာရှင်စနစ်ကို တော်လှန်ပြောင်းလဲဖို့ကြိုးစားတဲ့နိုင်ငံတွေတောင်မှ နိုင်ငံတကာက ဘယ်လောက် ကူညီပါစေ ..။ စစ်တပ်(တပ်မတော်) ကို တစ်ယောက်မကျန်မစည်းရုံးနိုင်လို့ အခုထက်ထိ တိုက်ပွဲများနဲ့ နာလံမထူသေးတာ အားလုံးအတွေ့ပဲဖြစ်ပါတယ်..။

အဲဒါကြောင့် .. အဲဒီလောက်အထိ မလိုအပ်သေးတဲ့ ... အခုအချိန်ဟာ .. ဆန္ဒပြ/အထွေထွေသပိတ်/တော်လှန်ရေး အဆင့်ဆင့်ပြောင်းလဲခြင်းကို လုံးဝ လက်ခံနိုင်စရာအခြေအနေမရှိသေးပါ..။ ဒါပေမယ့်... လက်ပံတောင်းတောင်ကိစ္စမှာ အစိုးရရဲ့ ရပ်တည်ချက်ကို ခေါင်းငုံ့ခံရမယ်လို့ မဆိုလိုပါ..။ မြစ်ဆုံလို ... ဘက်စုံထောင့်စုံက အနုနည်းနဲ့ဖြေရှင်းရမယ်လို့ ဆိုလိုခြင်းပါ။ တနည်းအားဖြင့်ပြောရရင် မြစ်ဆုံတုန်းက ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုပါ.. ။ လက်ပံတောင်းတောင်က မဟာဗျူဟာ၊ စစ်ရေးနဲ့ အခြား Undertable အရ ရင်းနှီးမြုပ်နှံခဲ့တာပါ..။ အခြေအနေနှစ်ခုတော့မတူပါဘူး..။ မြစ်ဆုံထက် အဆပေါင်းများစွာ နက်နဲသိမ်မွေ့ပြီး အထိမခံဘူးဆိုတာ အားလုံး သိတားသင့်တယ်လို့ ထင်ပါတယ်..။

အဲဒါနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ ပထမ Note မှာ ဖော်ပြထားပြီးဖြစ်လို့ ထပ်မရှင်းလိုတော့ပါ..။

အဲဒီတော့ အခု ထပ်မံဖော်ပြမှာက အရင်တုန်းက ရှိနေတဲ့ အမြစ်ကြီးကို  သမ္မတက ဖွဲ့စည်းလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က တူးဖြိုနိုင်မှာလားဆိုတာကို လေ့လာရေးသားခြင်းဖြစ်ပါတယ်..။ တကယ်တမ်းဆိုရရင် လက်ပံတောင်းတောင်ကိစ္စအပါအ၀င် Wanbao, Norinco တို့ရဲ့ ပါဝင်ပတ်သက်သမျှဟာ ဒီတစ်ခုတည်းမဟုတ်ပါဘူး.။ မွေတောင်နီကယ်နဲ့ အခြား နည်းပညာဆိုင်ရာ၊ စက်မှုလက်မှုဆိုင်ရာတွေ များစွာရှိပါတယ်.။




လုပ်ပိုင်ခွင့်အာဏာ ..။
၂၀၁၀ ဇွန်လမှာ ၀မ်ကြားပေါင် မြန်မာပြည်လာပါတယ်..။ အဲဒီအချိန်မှာ Document ၁၅ ခုကို လက်‌မှတ်ထိုးခဲ့တယ်လို့ ဆင်ဟွာအပါအ၀င် တရုတ်ပိုင် သတင်းဌာနတွေက ရေးသားပါတယ်..။ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ် အပါအ၀င် အခြားစီမံကိန်းတွေပါ..။ လက်မှတ်ထိုးပုံက ..အထက်ပါပုံအတိုင်းပါ..။ သတင်းတွေကို လေ့လာချင်ရင် အောက်ပါလင့်တွေမှာရှိပါတယ်.။ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ရေးထားခြင်းမဟုတ်ပါ။ ပုံကိုတော့ ဆင်ဟွာသတင်းဌာနနဲ့ သတင်းကို တရုတ်ကွန်မြူနစ်ပါတီ website က ယူပါတယ်...။
ဝမ်ကြားပေါင်လာတဲ့အချိန် Norinco နဲ့ မုံရွာကြေးနီကိစ္စ သဘောတူစာချုပ်ချုပ်ဆိုတာကို သိချင်တယ်ဆိုရင်တော့ Norinco ဆိုက်နဲ့၊ Wall Street, Bloomberg တို့မှာ လေ့လာကြည့်ရင် အလွယ်တကူတွေ့ရသဖြင့် မဖော်ပြတော့ပါ..။

http://english.cpc.people.com.cn/66102/7011258.html

ယခင် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံနေတဲ့ Wanbao သတ္တုရှာဖွေရေးကုမဏီဟာ  ကမ္ဘာ့နာမည်ကြီး တရုတ်စစ်လက်နက် ကုမဏီ Norinco, China North Industries Corp; ရဲ့ ကုမဏီခွဲ  ဖြစ်တယ်ဆိုတာ ရှင်းပြထားပြီးသားပါ..။ Norinco ကုမဏီဟာ လွတ်လပ်တဲ့ ပုဂ္ဂလိက ကုမဏီတစ်ခုမဟုတ်ပဲ တရုတ်အစိုးရ သစ္စာခံကုမဏီဆိုတာလည်း ပြောပြထားပြီးသားပါ..။ Crony (ပေါင်းစား) နဲ့ သစ္စာခံကုမဏီ မတူတာက အထူးသဖြင့် သစ္စာခံဆိုတာ  ကွန်မြူနစ်တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီရဲ့ နိုင်ငံခြားရေး/မဟာဗျူဟာ ပေါ်လစီကိုလုံးဝလိုက်နာပြီး အစိုးရရဲ့ ချေးငွေအပါအ၀င် ထောက်ပံ့ ငွေကြေးနဲ့အရင်းအနှီးသုံးပြီး ကမ္ဘာကို ၀င်ဆန့်အောင် ပုဂ္ဂလိက ပုံစံဖွဲ့စည်းထားတဲ့ကုမဏီလို့ ဆိုလိုခြင်းပါ..။ ပေါ့သေးသေးမဟုတ်ပါ..။

အဲဒါကြောင့် ၀မ်ကြားပေါင်နဲ့အတူပါလာပြီး ၄င်းတို့အကျိုးအမြတ်ရှိသလို .. လည်သလောက် စာချုပ်များချုပ်ဆိုခြင်းဖြစ်ပါတယ်..။ တနည်းအားဖြင့်ပြောရရင်တရုတ်အစိုးရရဲ့ မဟာဗျူဟာ၊ စီးပွားရေးအရလွှမ်းမိုးမှု အစရှိတဲ့ အရောင်တွေ ပါဝင်ပြီးသားလို့ ပြောလို့ရပါတယ်။

နောက်တစ်ချက်က ကျွန်တော်တို့ဆီက အစိုးရမင်းများကလည်း  စီးပွားရေးဆိုင်ရာ knowledge နားမလည်၊ အကြံပေးကလည်းမရှိတော့ ခရိုနီပြောသမျှ.၊ ကြားပွဲစားပြောသမျှ၊ အောက်က (undertable) ယူထားသူ ပြောသမျှ။ မိမိအတွက်လည်း ပို့ဆွမ်း . မျိုးမျိုးမျက်မျက် ရသဖြင့် စီမံကိန်းစာချုပ်များ ဖောဖောသီသီချုပ်ဆို လက်မှတ်ထိုးခဲ့ကြသည်ကို သမိုင်းမှာ ငြင်းမရပါ..။

ဒါက လက်ပံတောင်းတောင်တစ်ခုတည်းမဟုတ်သလို.. ဘက်စုံ ကဏ္ဍစုံကို အားလုံးကို ခြုံငုံပြီး လေ့လာဖော်ပြခြင်းဖြစ်ပါတယ်.။ မြစ်ဆုံအပါအ၀င် တရုတ်စီးပွားရေးသမားများနဲ့ ချုပ်ဆိုသော စီမံကိန်းအများစုတွင် ကြားပွဲစား စီးပွားရေးသမားများ၊ ပြည်တွင်းက စီမံကိန်းချပေးရန်အခွင့်အာဏာရှိသူ အစိုးရတာဝန်ရှိသူများ မျိုးမျိုးမျက်မျက်ရသွားလေ့ရှိသည်မှာ ထုံးစံဖြစ်နေပါပြီ..။

အဲဒါကို ဘာ့ကြောင့်ဖော်ပြနေရသလဲဟုဆိုသော် အခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ ဆောင်ရွက်နိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်အာဏာတွေအတွက်ပါ။ သမ္မတဦးသိန်းစိန်ရဲ့ ဖွဲ့စည်းပေးခဲ့တဲ့ စုံစမ်းရေးကော်မရှင်ဟာ ဒီစီမံကိန်းကို အကောင်အထည် ဖော်ရာမှာ

-ပတ်ဝန်းကျင် မထိခိုက်အောင် စနစ်တကျ လေ့လာမှုတွေရှိ - မရှိ၊
- ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိ - မရှိ၊ တိုင်းပြည်အတွက် အကျိုးရှိ - မရှိ
- နဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်ရတဲ့ အကြောင်းရင်း
- ဆန္ဒပြပွဲတွေကို နှိမ်နင်းရာမှာ သံဃာတော်တွေ ထိခိုက် ဒဏ်ရာတွေရခဲ့တဲ့အကြောင်းအရင်း
- ဖြစ်စဉ်နဲ့ စီမံကိန်းကို ဆက်လက် ဆောင်ရွက်သင့် - မသင့်

အစရှိတာတွေကို တင်ပြရမှာပါ။

အဲဒီမှာ ပြဿနာတစ်ခုရှိတာက လုပ်ပိုင်ခွင့်အာဏာပါ..။ ဘယ်လောက်အတိုင်းအတာအထိလုပ်ပိုင်ခွင့် ပေးထားတယ်ဆိုတာ မဖော်ပြထားပါဘူး။ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေမှာ သက်ဆိုင်ရာပညာရှင်တွေ၊ အဖွဲ့အစည်းတွေရဲ့ ဆန္ဒအတိုင်း  စစ်ဆေးလို့ရပေမယ့် တိုင်းပြည်အတွက် အကျိုးရှိ-မရှိ ဆိုတဲ့ကိစ္စက အရေးအကြီးဆုံးဖြစ်သလို ဆန္ဒပြတဲ့ အကြောင်းအရင်းခံတွေထဲက တစ်ခုလည်းဖြစ်ပါတယ်..။


တိုင်းပြည်အတွက် အကျိုးရှိ-မရှိ

စီမံကိန်းဟာ တိုင်းပြည်အတွက် အကျိုးရှိမရှိကို ခွဲခြမ်းလေ့လာရရင်

(၁)လက်‌ပံတောင်းတောင်‌ ကြေးနီစီမံကိန်းစာချုပ်ချုပ်ခဲ့တာ ဦးပိုင်နဲ့လား အဲဒီတုန်းက တပ်မတော်ကိုယ်စားပြု စစ်အရာရှိကြီးတွေနဲ့လား... သတ္တုတွင်းဝန်ကြီးဌာနနဲ့လား၊ ဒါမှမဟုတ်ရင် အစိုးရ ကိုယ်စားပြု တစ်ဦးတစ်ယောက်နဲ့လား..။ အဲဒီစာချုပ်ချုပ်သူတွေက ဘယ်သူတွေကို သက်သေထားခဲ့ကြသလဲ..။

(၂) ကာကွယ်ရေးဝန်ကြီးအဆင့်လောက်က လွှတ်တော်မှာ တုန့်ပြန်ဆွေးနွေးခဲ့တဲ့အထိ မြန်မာ့စီးပွားရေးဦးပိုင်က နိုင်ငံအတွက်၊ တပ်မတော်အတွက်၊ ပြည်သူ့အတွက် အကျိုးပြု၊ အရေးပါခဲ့သလား..။

(၃) ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က စက်ရုံတွေကို ပုဂ္ဂလိကပိုင်အနေနဲ့ သတ်မှတ်ရောင်းချတုန်းက .. ဦးပိုင်ဟာ ပုဂ္ဂလိကလုပ်ငန်းတစ်ခုအဖြစ် ဈေးပေးဝယ်ယူခဲ့ပါတယ်..။ ဒါကကော ဒီမိုကရေစီစနစ် ဈေးကွက်စီးပွားရေးစနစ်မှာ တရားပါသလား။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေးလုပ်ငန်းစုကြီးက  နှစ်ပေါင်းနှစ်ဆယ်ကျော် အခွန်ရှောင်နေခဲ့တဲ့အတွက် ပြည်သူနဲ့ တပ်မတော်အတွက် ဘယ်လောက်အထိ အကျိုးရှိသွားသလဲ..။

(၄) အကျိုးအမြတ် (အစိုးရ၊ ဦးပိုင်၊ တရုတ်) ဘယ်လောက်ဆီ တိတိကျကျ စာချုပ်ထဲမှာ ချုပ်ဆိုခဲ့သလဲ..။

(၅) အဲဒီစာချုပ်တွေရဲ့နောက်ကွယ်က အခြား မည်သည့် အပေးအယူကိစ္စတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့သလဲ။ ကြားခံ အဖွဲ့အစည်း/ပွဲစား ဘယ်သူရှိသလဲ...။

(၆) အဲဒီတုန်းက လက်မှတ်ရေးထိုးခဲ့သူတွေထဲကအချို့ အခုအချိန်မှာ ဘယ်ရာထူးတွေနဲ့ ဘာတာဝန်တွေဆောင်ရွက်နေကြသလဲ..။




အဲဒါကြောင့် ..လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအပါအ၀င် ဦးပိုင်ရဲ့ မြန်မာ့အကြီးမားဆုံးသော စီးပွားရေးလုပ်ငန်းစုကြီးဟာ ၊ တပ်မတော်သားတွေကိုကော ပြည်သူကိုပါ အကျိုးပြုနေတယ်/အကျိုးပြုမပြု ဆိုတာကိုပါ တိတိကျကျ သိဖို့လိုလာပါတယ်.။ တပ်မတော်ကို အကျိုးပြုရင် တိုင်းပြည်ကို အကျိုးရှိတယ်လို့ လိုရာဆွဲယူဆစရာတွေရှိသလို ... မဟာဗျူဟာပိုင်းတွေ၊ စစ်ရေးဆိုင်ရာတွေ ပါလာနိုင်ပါတယ်။

အဲဒီလိုသိဖို့အတွက် ထိပ်ဆုံးက စပြီး အောက်ဆုံးအထိ စုံစမ်းမေးမြန်းဖို့လိုပါတယ်။ ရာထူးလက်ရှိကော ရာထူးလက်မဲ့တွေကောပါ။ ငွေစာရင်းနဲ့ပတ်သက်ရင်လည်း ယခင် လွှတ်တော်မှာ ဦးပိုင်ကသွင်းရမယ့်ငွေကို ၀မ်ပေါင်ရဲ့ ငွေစာရင်းက သွင်းခဲ့တဲ့ ဒေါ်လာသန်းတစ်ရာကိစ္စမျိုးတွေကိုပါ အစဆွဲထုတ်ဖို့လိုပါတယ်.။ ဒါတွေဟာ တိုင်းပြည်အတွက် နိုင်ငံအတွက် အရေးပါတဲ့ ငွေစာရင်းဆိုင်ရာကိစ္စတွေပါ။ အဲဒီအတွက် ယခင် စာရင်းစစ်ချုပ်ကော အခု ထူးထူးခြားခြား သတ္တုတွင်းဝန်ကြီးကနေ စာရင်းစစ်ချုပ်ဖြစ်သွားသူတွေကိုကော မေးမြန်းစုံစမ်းဖို့လိုပါတယ်..။

ဒါပေမယ့် .. စုံစမ်းရေးကော်မရှင်ဟာ အဲဒီလို ..... လုပ်ပိုင်ခွင့်အာဏာ ..ရနိုင်ပါသလား..။ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်..။ ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်မယ့်ကိစ္စတွေ အများကြီးရှိပါတယ်..။ တချို့က အဖွဲ့အစည်းအတွက် ပုတ်သင်ဥပေါ်မှာစိုးသလို တချို့ကလည်း ကိုယ့်အိပ်ထဲရောက်နေတဲ့ ပုတ်သင်ဥ ပေါ်မှာ စိုးကြပါတယ်..။ undertable တွေပေါ့..။

အဲဒါကြောင့် စာဖတ်သူကြီးလက်ထက်က အထုပ်အရှုပ်ပေါင်းစုံကို ထမ်းထားရတဲ့ သမ္မတကိုယ်တိုင်လည်း ကြံရာမရတဲ့အဆုံး စုံစမ်းရေးကော်မရှင်ကို ဖွဲ့စေပြီး တည်ပေးလိုက်တယ်လို့ ယူဆပါတယ်..။ တနည်းအားဖြင့်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် အားကိုးတယ်လို့လည်း ယူဆလို့ရသလို ခေါင်းတည်ပေးလိုက်တယ်လို့လည်း သုံးသပ်စရာရှိပါတယ်..။  ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုကြီးပါပဲ. ...။ ၈၈ မျိုးဆက်ကျောင်းသားများ အနေနဲ့လည်း စုံစမ်းရေးကော်မရှင် ကိစ္စကို တော်တော်အလေးထား ဆုံးဖြတ်ရမယ့် အနေအထားဖြစ်လာပါတယ်..။

ဒေါ်စုအနေနဲ့  ပြည်သူကိုချပြလို့မရတဲ့ ကိစ္စတချို့ကို တိတိကျကျ သိခွင့်ရှိခဲ့လို့ ဒီစီမံကိန်းကြီးဟာ ဆက်လက်လုပ်ကိုင်သင့်တယ်ဆိုရင်လည်း ... ပြည်သူ့ရဲ့အငြိုအငြင်ကို ခံရမှာဖြစ်သလို ဒီစီမံကိန်းကြီးကို ရပ်ဆိုင်းသင့်တယ်လို့ ပွင့်လင်းစွာစုံစမ်းဖော်ထုတ်နိုင်ပြန်ရင်လည်း undertable ကိစ္စများ၊ နောက်ပြန်လှည့်ချင်သူများရဲ့ ကြီးမားတဲ့ဖိအား/တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်..။ သေချာတာကတော့ အဲဒီသူတွေရဲ့နောက်ကွယ်မှာ အခြေခံဥပဒေဆိုတာကြီးက ရှိနေသလို မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့အစည်းကြီးကလည်း အခြေခံဥပဒေကို ကာကွယ်ထားတယ်ဆိုတာ.............။
အားလုံးသဘောပေါက်ကြရင်ဖြင့် .......

ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြပြီး အခြေအနေကို ..စောင့်ကြည့်ကြပါစို့..........။
Related Posts Plugin for WordPress, Blogger...