Monday, June 29, 2009

Revo Uninstaller Download-1.83(Free Ware)

Windows ကွန်ပြူတာစနစ်တွင် ပရိုဂရမ်တစ်ခုကို ပြန်လည်ဖယ်ရှားသည့်အခါ အကြွင်းအကျန်မရှိ ဖယ်ရှားခြင်းမျိုး တခါတရံမှသာရရှိနိုင်ပြီး Registryများကိုမဖယ်ရှားနိုင်ပေ။
ဤအရေးကိစ္စကို အလွယ်တကူဖြေရှင်း ပေးနိုင်တာကတော့ www.revouninstaller.comမှ Freeပေးတဲ့ RevoUninstaller လေးပါ။ဖိုင်ဆိုက်ကလည်း 1.03MBလောက်လေးပါ။
Revoကိုအသုံးပြုပြီး ကိုယ်မလိုအပ်တော့တဲ့ဖိုင်များကို ဖယ်ရှားပါက ဖယ်ရှားသည့်ပရိုဂရမ်နှင့် သက်ဆိုင်သည့်အချက်အလက်များအပြင် Registryများကို အသေးစိတ်ဖယ်ရှားပေးသည်။
ဖယ်ရှားမှု မမှားရအောင်လည်း Backupလုပ်ထားတဲ့စနစ်ပါရှိပါသည်။
ပထမဦးဆုံး Advanceစနစ်တွင် ပရိုဂရမ်ကိုရှင်းလင်းမည့် Dataများကိုရှာပြီး Creating System Restore Pointလုပ်ပါတယ်။ပြီးတော့ ဖယ်ရှားသည့်ပရိုဂရမ်နှင့်
သက်ဆိုင်သည့် အချက်အလက်များကို စီစစ်ပါသည်။တတိယအဆင့်နေဖြင့် BuiltUninstall
ကိုရှာပြီးဖယ်ရှားပါသည်။
စတုထ္ထအဆင့်အနေဖြင့် ကျန်ရှိနေသော Registryရှာပြီးဖယ်ရှားပါသည်။
နောက်ဆုံးအနေဖြင့်ကျန်ရှိနေသော Dataများကို ကွန်ပြူတာထဲမှ အပြီးသတ်ဖယ်ရှားပါသည်။ ထိုအပြင် ၀င်းဒိုးစနစ်စတင်ချိန်တွင် အလိုအလျောက် စတင်အလုပ်လုပ်သည့် ပရိုဂရမ်များကိုလဲ ရွေးချယ်ပြီး ရပ်တန့် နိုင်ရန်ဆောင်ရွက်ပေးသည်။
သူ့ တွင်ရှိသည့် Hunter Mode ကလည်း Installသွင်းနေသည့် ပရိုဂရမ်ဧ။်သက်ဆိုင်သည့် အချက်အလက်များ၊Registryများကိုမှတ်ထားပေးသည်။
ကဲဒီအတိုင်းဆို မိတ်ဆွေတို့ ဒီ RevoUninstallလေးကို အသုံးပြုနိုင်လောက်ပြီ ထင်ပါတယ်။
ဤနေရာမှ Download ယူပါ..........Revo Uninstaller Download

No comments :

Post a Comment

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...