Sunday, December 6, 2009

အိမ်


အိမ် - ဓီရာမိုရ်

အိမ်( ဓီရာမိုရ် )

ကမ္ဘာမြေမှာ ခိုလှုံရာ ခေါ်ဆိုတဲ့ အိမ်
ရံရွေတော် ထပ်ဝါစွာ ဆင်စွယ်နန်းအိမ်
ကျူထရံတွေ ကာရံကာ ဓနိမိုးအိမ်
နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်

အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ
ကမ္ဘာမြေမှာ ဖြူစင်စွာ အကြင်နာများဝေ....
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ
ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ...

♪♫♪ ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်တည်ဆောက်ကြမယ်လေ...
♪♫♪ မြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ...

အိမ်အပြင်မှာ ဝါပင်တွေ ကိုယ်တိုင်စိုက်မယ်
ကိုယ်တိုင်ငင် ဝါချည်မျှင် ဖျင်တဘက်ရယ်..
အိမ်အပြင်မှာ ကိုယ်တိုင်ထွန် ကိုယ်တိုင်စိုက်တဲ့
စပါးရိတ်ချိန် ၀ိုင်းဖွဲ့ မယ် ဆန်အရက်ရယ်...

ဒီအချိန်ဆို အိမ်အပြင်မှာ ကဗျာတွေ ရွတ်မယ်
လာပါကွယ် အိမ်အပြင်မှာ ဂစ်တာတီးမယ်
ရင်ခွင်မှာ ကြင်နာသူချိုအနမ်းရယ်
ချစ်မိတ်ဆွေ စည်းချက်ညီ အတူတူကမယ်

♪♫♪ ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ် ဆောက်ကြမယ်လေ...
♪♫♪ မြင့်မြတ်ခြင်းတွေ ငြိမ်းအေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ....

ရင်ခွင်မှာ ရှင်သန်ရာ မှီခိုရာ အိမ်တစ်အိမ်ကို
ကမ္ဘာမြေမှာ တည်ဆောက်ကြမယ်...
အဆောင်အယောင်တွေ မဆင်ရင်စေ ရင်ခွင်အိမ်ပျော်ရွှင်ပါစေ
ဒဏ္ဏာရီရာဇ၀င်လို ၀ိညာဉ်အိမ် စိန်စီရာ ရတနာခြယ် သိင်္ဂါရီအိမ်.....

တစ္တေတစ်ကောင် ဟန်ဆောင်သလို မာယာကင်းမဲ့
မနာလိုတဲ့ မစ္ဆရိယ ချည်နှောင်မှုမဲ့
ကံစီရင် ယုံကြည်စွာ ကမ္ဘာမြေမှာ
တို့ အိမ် ငါတို့ အိမ်
ရဲရင့်လိုက် ချစ်တဲ့ အိမ် တို့ ဆောက်ကြမယ်...

♪♫♪ ကလေးလေးတွေ နွေးထွေးဖို့ လေ
ကမ္ဘာမြေမှာ အိမ်တစ်အိမ်ကိုဆောက်ကြမယ်လေ...
♪♫♪ မြင့်မြတ်ခြင်းတွေ နွေးထွေးခြင်းတွေ
ကမ္ဘာမြေမှာ ညင်သာစွာ စီးဆင်းဖို့ လေ...

................... ♪♬♩♫ ...................

ငါတို့အိမ် - ဓီရာမိုရ်
တေးရေး - အရိုး

ငါတို့အိမ်(ဓီရာမိုရ်)

အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက်တပေါက်ပေါက် ကျသံဟာ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမ္မာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …

♫ အမေ ကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင် …
နတ်ပေးတဲ့ သြသဓဆေး
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ …တို့ အိမ်က မခွဲကြေး …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့
ကောင်းချီးသြဘာပေးစိတ်မဆင်းရဲဘူးဟေ့ တို့အိမ်
တစ်ခေါက်လောက် မင်းလာကြည့်တော့ … သူငယ်ချင်း …

မဟာဂေါဏ ဘို့လည်ထောင် … စူဠဂေါဏ နောက်အငယ်ကောင် …
အတူတစ်ကျင်းထဲစားတဲ့ တို့ရဲ့နွားနှစ်ကောင် … အမေ့ရဲ့ သားတော်မောင် …
မဟာအန္ဓအစ်ကို့နာမည် … စူဠအန္ဓ ကျွန်တော့်နာမည် …
အနှိမ်ခံ တောသားကျောမွဲ ဦးနှောက်နည်းလည်း … အမေ့ရဲ့ အားတွေပဲ …
ညီမလေးက နှီးထိုင်ဖြာ … အဘက ဆေးတစ်ဆုံဖွာ …
မှောင်ရီလရိပ်အောက်က တိတ်တဆိတ်ညတွေမှာ …
အမေ့ရဲ့ တရားသံနာ …
လူဟာဘယ်လောက်ထိ အသက်ရှင်လဲ
ဘယ်လောက်အများဆုံး ရနိုင်လဲ အခုရထားတဲ့ လောကစည်းစိမ်တွေ
ဘယ်လောက် ကြာကြာ မြဲမလဲ

လူဟာ လောဘတရားနဲ့ ငရဲလမ်းသွားတဲ့ … ဒုက္ခယက်ကောင်များ …
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ … တင်းတိမ်ရောင့်ရဲကြ …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
နှာခေါင်းရှုံ့ လက်ခံမလား … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ သူငယ်ချင်း …

................... ♪♬♩♫ ...................

ကျွန်တော် ဒီသီချင်းလေးတွေ နားထောင်ပြီး အရမ်းကို အိမ်ကိုလွမ်းသွားတယ်ဗျာ။ သီချင်းစာသားလေးတွေပါ နားဆင်ရင်း ဖတ်လို့ရအောင်ထည့်ပေးထားပါတယ်။ အိမ်သီချင်းတွေ နားဆင်ကြသူအပေါင်း သာယာကြည်နူးဖွယ် အိမ်လေးတွေနဲ့ တွေ့နိုင်ပါစေဗျာ။

ဆက်လက်ကြိုးစားပါဦးမည်။


18 comments :

  1. ဒီသီချင်း အဖြူရောင်သံဇဉ်မှာ စနားထောင်ဖူးတာ...
    ကြိုက်တယ်... အိမ်ကိုလည်း လွမ်းတယ်။

    နွေးနေခြည်

    ReplyDelete
  2. စိတ်လျှော့ကိုချမ်းရ .. =)

    ReplyDelete
  3. ဖတ်ပြီး အိမ်ကို သတိရသွားတယ်။ မြန်မာပြည်မှာ ကျွန်မတို့ငယ်ငယ်က အိမ်က ဓနိမိုးအိမ်လေးပဲ။ ပြီးတော့ ကျွန်မတို့ နယ်က အိမ်တွေအားလုံးလိုလို ဓနိမိုးတွေဖြစ်တယ်။

    ReplyDelete
  4. ဒီသီချင်းလေးတွေ သိတယ်.. ကြိုက်တယ်...

    ReplyDelete
  5. ကျေးဇူးအစ်ကိုရေ
    အခုမှနားထောင်မှာလေ
    ကိုယ်ပိုင်သံစဉ်တွေလားဗျ

    ReplyDelete
  6. ကိုယ်ပိုင်သံစဉ်သီချင်းတွေ ပါဗျာ။

    ReplyDelete
  7. ကိုချမ်းရေ...
    သီချင်းနှစ်ပုဒ်လုံး ကော်ပီကူးသွားတယ်ဗျာ...။ တုံးတယ်ပဲ ဆိုဆိုတစ်ခါမှ နားမထောင်ခဲ့ ဖူးဘူးဗျ...။ ဒါပေမယ့် စာသားလေးတွေ ကိုကြည့်ရတာရယ်... ကိုယ်ပိုင်သံစဉ်ဆိုတာရယ်ကြောင့် သဘောကျသွားတာ...။
    ကျေးဇူး....

    ခင်မင်လျှက်...
    ဏီလင်းညို

    ReplyDelete
  8. အကိုချမ်းရေ အိမ်ကို ပိုလွမ်းသွားမိတယ်

    ReplyDelete
  9. နွေးထွေးတဲ့အိမ်ကိုပြန်ချင်လှပါပြီ။
    ဘယ်တော့များမှပြန်နိုင်ပါ့မလဲ..

    ReplyDelete
  10. အဲ့ဒီ့အိမ်ထဲက သင်ဖြူးဖြာအေးအေးလေးတစ်ချပ်ပေါ် မှာ
    မှေးစက်ရတာက အခုလိုမွှေ့ရာထက်က အိပ်ပျက်ညတွေထက်စာရင် ဇိမ်ရှိလိုက်ပါဘိ..ကိုချမ်းရေ
    ပျော်ပါစေ...

    ReplyDelete
  11. မြန်မာပြည်ပြန်ရပြီး
    အိမ်မပြန်ရလိုက်တဲ့သူမို့
    ပိုတောင် အိမ်ကိုလွမ်းသွားပြီ......

    ReplyDelete
  12. သီချင်း ၂ပုဒ်လုံး နားမထောင်ဖူးဘူး
    နားထောင်ပြီး အိမ်ကို ပိုလွမ်းသွားတယ်

    ReplyDelete
  13. အပေါ်က အိမ် သီချင်းလေးကို နားထောင်ပြီးကတည်းက ကြိုက်နေခဲ့တာ ... ခုလို စာသားတွေပါ ရှာထားပေးတော့ အဓိပ္ပါယ် တိတိကျကျ နားထောင်ရတာပေါ့ ... ကျေးဇူး ..နော် ..
    ခင်မင်စွာဖြင့်
    လင်း

    ReplyDelete
  14. ကိုချမ်း မကောင်းဘူးဗျာ...
    အိမ်ကိုလွမ်းမိပြီ...

    သီချင်းလေးတွေကူးသွားမယ်...လွမ်းလို့ဗျ..

    ReplyDelete
  15. “အိမ်”ဆိုတဲ့စကားလုံးကိုကြားလိုက်တာနဲ့ ကျမတော့ မိသားစုမောင်နှမနဲ့ခုမှအတူပြန်နေဖြစ်လို့ အိမ်လွမ်းသူဘ၀နဲ့ဖြတ်သန်းလာခဲ့တဲ့နှစ်လတွေကိုတောင် ပြန်လွမ်းမိတယ်

    ReplyDelete
  16. ဒုတိယသီချင်ကိုပိုကြိုက်တယ် ကိုချမ်းရ
    အဓိပ္ပာယ်အပြည့်ပဲ...

းဝ)

    ReplyDelete
  17. ပထမဆုံး အပုဒ်ကို ကြားတော့ ကြားဖူးနေတယ် ။
    ကြိုက်လည်းကြိုက်တယ် ။ ။း)

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...