Sunday, September 27, 2009

ခရမ်းရောင်လွင်ပြင်


















ခရမ်းရောင်လွင်ပြင်
(မြန်မာအမျိုးသမီးသရုပ်ဆောင်သော အင်္ဂလိပ်ကား)


ကျွန်တော် ငယ်ငယ်က ကျွန်တော်အင်္ဂလိပ်စာဆရာမက ဒီကားအကြောင်းကိုပြောပြစဉ်ကတည်းက ဒီရုပ်ရှင်ကားကို ကျွန်တော်အရမ်းကို ကြည့်ချင်နေမိတယ်။နိုင်ငံခြားရောက်တော့လဲ ဒီကားကို အသည်းအသန်ရှာကြည့်တယ်။ အကုန်လုံးက ပိုက်ဆံပေးပြီး အွန်လိုင်းမှာဝယ်လို့တော့ရတယ်။ ကျွန်တော်အတွက်တော့ မလွယ်ကူဘူးပေါ့။ နောက်ပြီး U-tube ကနေရှာပြန်တော့လဲ တင်ထားတာတွေက တပ်ပိုင်းတစနဲ့ အစအဆုံးလဲမရှိကြဘူး။နောက် လန်ဒန်က ကျွန်တော်မိတ်ဆွေအဖွားကြီးက ဘာလက်ဆောင်ယူမလဲဆိုတော့ ကျွန်တော်က ဒီကားရယ် Wuthering Heights ရယ်နှစ်ကားကို ကျွန်တော်က ဒီရုပ်ရှင်နှစ်ကားကိုမှာတယ်။

သူလဲ ကျွန်တော်အတွက်နဲ့ အတော်ကို အလုပ်ရှုပ်သွားပါတယ်။မှာတဲ့ကားတွေ အားလုံးက ကားအဟောင်းတွေ။ကျွန်တော်မှာတဲ့အထဲက Wuthering Heights တစ်ကားထဲရပြီး ဒီကားကြတော့ ဝယ်လို့မရဘူးလို့ပြောတယ်။ဒီကားက ဗမာပြည်မှာတောင်ရိုက်ခွင့်မရပဲ သီရီလင်္ကာမှာ("Bridge on the River Kwai"ရုပ်ရှင်ရိုက်တဲ့နေရာမှာပါ။) သွားရိုက်ရတယ်။ဒါရိုက်တာRobert Parrishက အဲဒီအချိန်တုန်းက နာမည်ကြီးနေကြတဲ့ မြန်မာအမျိုးသမီး ရုပ်ရှင်သရုပ်ဆောင်တွေကို တောင်မသုံးပဲ။မင်းသမီးအသစ်ရွေးဖို့ မြန်မာပြည်လာပြီး ဒီကားအတွက် ရုပ်ရှင်မင်းသမီးအသစ်ရွေးပွဲ ကျင်းပပါတယ်။

ဒီရွေးချယ်တဲ့ပွဲကို ကျွန်တော်တို့ နိုင်ငံတော်အတွက် ကျိုးပမ်းသွားကြတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာ (ဗိုလ်ချုပ်အောင်ဆန်းရဲ့အကို ဦးအောင်သန်းပါ)ရဲ့ဇနီး ဒေါ်ဝင်းမင်းသန်းကလဲ လာရောက်ကြည့်ရှု အားပေးတာကို ဒါရိုက်တာကြီးက တွေ့သွားပြီး ဒေါ်ဝင်းမင်းသန်းရဲ့ ဗမာနဲ့ ဂျာမာန်ကပြားစပ်တဲ့ ရုပ်ရည်ကို သဘောကျသွားပြီးသူနဲ့ပဲ ဒီဇာတ်ကားကြီးကို ရိုက်ကူးဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။

အဲဒီအချိန်က ဒေါ်ဝင်းမင်းသန်းဟာ သီရီစင်္ကြာနှင့်စင်္ကြာကုမ္ပဏီ(Thiri Sett Kyar & Sett Kyar Co;)ရဲ့ မန်နီဂျင်းဒါရိုက်တာတစ်ဦးပါ။နောက်ပြီး ဒီဇာတ်လမ်းလေးကို ရေးတဲ့စာရေးဆရာ H. E. Bates ကလဲ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်ကိုနောက်ခံထားရေးဖွဲ့ထားတဲ့ အချစ်နဲ့ စစ်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဒေါ်ဝင်းမင်းသန်းနဲ့အတူ အဲဒီအချိန်က ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး Gregory Peck နဲ့အတူရိုက်ကူးထားတာပါ။ဒီဇာတ်ကားဟာ သူအချိန်က ကမ္ဘာကျော် Top Ten စာရင်းမှာ နှစ်အတော်ကြာအောင် တည်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။


ကဲဒီလောက်နဲ့တင် ဒီဇာတ်ကားကို ကျွန်တော်ဘာကြောင့် စွဲလန်းခဲ့ရတယ်ဆိုတာ သိလောက်ပြီထင်ပါတယ်။ဒီဇာတ်ကားကို ကျွန်တော်နောက်ဆုံး Torrent တွေထဲမှာရှာတွေခဲ့ပါတယ်။ဒါကြောင့်မို့ မြန်မာရုပ်ရှင်သမိုင်းထဲမှာ မဝင်ခဲ့ရပေမယ့် အဲဒီအချိန်တုန်းကတည်းက မြန်မာအမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဝင်းမင်းသန်းဟာ ကမ္ဘာရုပ်ရှင်လောကမှာတော့ ခေတ်စားသွားစေခဲ့ပါတယ်။


နောက်ဆက်တွဲအနေနဲ့ သိခဲ့ရတာကတော့ ဒေါ်ဝင်းမင်းသန်းဟာ နိုင်ငံခြားတိုင်းပြည် တစ်နေရာမှာတော့ ရှိနေသေးတယ်ဆိုတာပါပဲ။ကျွန်တော်ရဲ့ အင်္ဂလိပ်စာဆရာမကြီးဟာလဲ ဝေလနယ်သူ(Wale) အာဇာနည်သူရဲကောင်း ဦးရာဇာတ်ရဲ့ ချွေးမတစ်ဦးပါ။ဒီဇာတ်ကားနဲ့ပဲ ဆရာမကြီးကို လွမ်းဆွတ်လိုက်ရပါတယ်ဗျာ။ဆရာမကြီးတစ်ယောက် ကျန်းမာပါစေ။သူလဲပဲ အခုဆိုရင် အတော်ကို အသက်အရွယ်ကြီးရင့်နေပါပြီ။

ခရမ်းရောင်လွင်ပြင် Purple Plain 1954 -(၁)



ခရမ်းရောင်လွင်ပြင် Purple Plain 1954 -(၂)


ခရမ်းရောင်လွင်ပြင် Purple Plain 1954 -(၃)



ခရမ်းရောင်လွင်ပြင် Purple Plain 1954 -(၄)



နောက်ဆက်တွဲများကို Utube ကနေ ဆက်လက် အားပေးနိုင်ပါတယ်။

အပိုင်း(၅)
အပိုင်း(၆)
အပိုင်း(၇)
အပိုင်း(၈)
အပိုင်း(၉)
အပိုင်း(၁၀)
အပိုင်း(၁၁)

ဆက်လက်ကြိုးစားပါဦးမည်။





21 comments :

  1. ရှေးဟောင်းကားလေးတစ်ကားပဲ အချိန်ရရင် တစ်ကားလုံးကြည့်လိုက်ဦးမယ် အခုလို ကြိုးစားပြီး ရှာဖွေစုဆောင်းပေးထားတာတွေကို ကျေးဇူးတင်ပါတယ်။ အားလုံးကြည့်သင့်တဲ့ ကားဟောင်းလေးပါ။

    ReplyDelete
  2. လင့်လေးတွေ ဖော်ပြပေးလို့ ကျေးဇူးတင်လိုက်တာ အကိုချမ်းလင်းနေရေ
    အဲ့ဒီကားလေး ကြည့်ချင်တာ အစအဆုံး ရှာမတွေ့လို့
    တကယ့် ကျေးဇူးပါပဲ

    ReplyDelete
  3. အရင်က ကိုညီလင်းဆက် ဖော်ပြထားတာ ဖတ်ဖူးပါတယ်။ စိတ်ဝင်စားစရာကောင်းပါတယ်

    ReplyDelete
  4. ကျွန်တော်ကတော့ ကို ချမ်း ဆီကနေကြည့်ပြီးပြီ..
    တော်တော်လေးကောင်းပါတယ်....

    ReplyDelete
  5. ကြည့်ချင်လိုက်တာကောင်းမယ့်ပုံပဲနော်
    Wuthering Heights က
    ငယ်ငယ်တန်းကတီဗီမှာလာတာ
    ကြည့်ရတယ်မေ့သွားပြီ
    ဘယ်ကနေပြန်ကြည့်ရမလဲမသိဘူး
    သိရင်ပြောပြပေးပါဦး..နော်

    ReplyDelete
  6. ဒါက မူလအစ Wuthering Heights ကားပါ။ U tube ထဲကနေ ကြည့်လို့ရအောင်ပါ။
    http://www.youtube.com/watch?v=9BTdQ3eomP8

    ဒါလဲ နောက်ပိုင်းပြန်ရိုက်ထားတာပါ။
    http://www.youtube.com/watch?v=U5GBxmVvbE0

    ReplyDelete
  7. ကျေးဇူးဘဲ အစ်ကိုရေ အဲဒီကားအကြောင်းကိုစာတော.
    ဖတ်ဘူးတယ် ကြည်.တော.မကြည်.ဘူးဖူးအစ်ကိုရ
    ရှင်းပြ ပေးထားတာရော ဗီဒီယိုဖိုင်တွေရော တင်ပေးတဲ.
    အတွက်ပါ ကျေးဇူး အစ်ကိုရေ ...

    ReplyDelete
  8. ခရမ်းရောင်လွင်ပြင်နဲ့ဒေါ်ဝင်းမင်းသန်းအကြောင်း
    ရှာဖွေတင်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
    ဒီကားလေးကြည့်ချင်တာကြာပါပြီ။ဘယ်မှာရှာရမှန်း
    မသိလို့၊ဆက်ပြီးအားပေးနေမယ်နော်။

    ReplyDelete
  9. ကိုချမ်းရေ အခုလို မျှဝေထားတာ ကျေးဇူးပါ။ ဒီဇာတ်လမ်းလေးကို ကြားပဲကြားဖူးတာ မကြည့်ဖူးဘူး။ အခုတော့ ကျေးဇူးနော့။ ပိတ်ရက်မှ လာကြည့်မယ်။

    ReplyDelete
  10. မပြန်ခင်ကြည့်သွားဦးမယ်။ ကျေးဇူးပါ ဘကြီးချမ်းရေ...

    ReplyDelete
  11. ကြည့်ဖြစ်အောင်ကြည့်မှာပါ.. ဝေငှတဲ့အတွက် ကျေးဇူး..

    ReplyDelete
  12. Wuthering Heights link အတွက်လည်း ထပ်ကျေးဇူးတင်၏

    ReplyDelete
  13. ရုပ်ရှင်တွေမှတ်ထားလို့ရအောင် လင့်ခ်ချိတ်ထားခွင့်ပြုပါ..

    ReplyDelete
  14. ကိုယ့် ညီရေ....

    ခင်မင်စွာနဲ့ ပဲရင်းရင်းနှီးနှီးခေါ်လိုက်တယ်နော်...

    သီတင်းကျွတ်လပြည့် နေမှာပျော်ရွှင်ကြည်နူးမှု

    အပေါင်းနဲ့ ပြည့် စုံပါစေလို့ ဆုတောင်းလိုက်ပါ

    တယ်...

    အခွင့် ရယင်တော့  လေထန်ကုန်း ဇတ်ကားလေး ကူးချင်ပါတယ်...

    ကိုယ် အရူးအမူးစွဲလန်းခဲ့ ရတဲ့ ရုပ်ရှင်တစ်ကားပေါ့ ....

    ReplyDelete
  15. အဲကား သိတာတော့ကြာဘီ။ ကြိုကြားကြိုကြားကြည့်ဖူးတယ်။ အဲအမျိုးသမီးက အင်္ဂလိပ်စာတော်တော်ကောင်းတဲ့ အပြင် ကျက်သရေရှိတဲ့ မျက်နှာနဲ့။
    အစအဆုံးမကြည့်ဖူးပါ။း)

    ReplyDelete
  16. ကျေးဇူးပါဗျာ.... သိတောင် မသိဘူး.. အခုလိုဖော်ပြပေးတာ တန်ဖိုးရှိပါတယ်။

    ReplyDelete
  17. တကယ့်အဖိုးတန်ကားလေးပဲ
    မျှဝေတာကျေးဇူးပါ...

    ReplyDelete
  18. ကျေးဇူးအရမ်းတင်တယ်ဗျာ .. ဒီနေ့ ဒီကိုရောက်လာရတာ တန်သွားပြီ ...

    ReplyDelete
  19. အဲဒီမင်းသမီးကြီးအကြောင်းကို ကြားဖူးတယ်...

    မျှဝေပေးတာ ကျေးဇူးပါ ကိုချမ်းရေ...

းဝ)

    ReplyDelete
  20. မကြည့်ရသေးဘူး..နောက်ရက်မှ လာကြည့်မယ်ချစ်ကိုကြီးရေ..

    ReplyDelete
  21. အမကရုပ်ရှင်သိပ်ကြိုက်တာ ဒီလိုဂန္ဓ၀င်ဖြစ်တဲ့ ဇာတ်ကားမျိုးကို သိမ်းထားချင်ပါတယ်...အရမ်းလည်းစိတ်ဝင်စားတယ်..
    ဒါပေမယ့် utube က ဒီမှာကြည့်လို့ရဘူး...

    ခင်မင်စွာဖြင့်
    မိုးငွေ့

    ReplyDelete

မင်္ဂလာပါ။ကျွန်တော်အတွက် အားတစ်ခုပေါ့။

Related Posts Plugin for WordPress, Blogger...