Saturday, September 29, 2012

အမေစု၏ ဆန်ဖရန်စစ္စကို မိန့်ခွန်း

Harvard University by Daw Aung San Suu Kyi 29 9 2012

The Edwin L. Godkin Lecture Constituency မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Harvard တက္ကသိုလ်တွင် ကြာသပတေးနေ့ကပြောကြားသော မိန့်ခွန်း၌ မြန်မာနိုင်ငံသားများအနေဖြင့် လွတလပ်သောလူ့အဖွဲ့အစည်းအတွက် တာဝန်ယူမှုရှိသော နိုင်ငံသားများဖြစ်ရေးပြင်ဆင်ရန် ထည့်သွင်းပြောကြားခဲ့ သည်။ Introduction by Drew Gilpin Faust President, Harvard University Moderated by David T. Ellwood Dean, Harvard Kennedy School

Friday, September 28, 2012

၂၀၁၂ ဒီမိုကရေစီဆုပေးပွဲ နှင့် သတင်းဓာတ်ပုံများ


ယခု အပတ်အတွင်း အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့  ရဲ့  လမ်းတွေပေါ်၊ ရထားတွေ ပေါ်မှာ ဗမာဝတ်စုံ(ဒါမှမဟုတ်) တိုင်းရင်းသားဝတ်စုံတွေ နဲ့  အမေရိကရောက်မြန်မာများ ကို လှုပ်လှုပ်ရှားရှားမြင်တွေ့ နေရပါတယ်။ အပြည်ပြည်ဆိုင်ရာ သတင်းစာတွေ၊ ရုပ်မြင်သံကြားသတင်းတွေ မှာလည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့် ခွန်းတွေ၊ ၂၀၁၂ ဒီမိုကရေစီ ဆုရှင်များရဲ့ ဆွေးနွေးမှုတွေ က ဝေေ၀ဆာဆာ နေရာယူလို့ နေပါတယ်။


ပုံ ၁ မှ ၄ အထိ ။ စက်တာဘာလ ၁၉ ရက်နေ့ ၊ National Endowment for Democracy (NED) မှ ကျင်းပတဲ့  Advancing Democracy in Burma: New opportunities and Challenges ဆွေးနွေးပွဲမှ)


ပုံ-၁
စက်တာဘာလ ၁၉ ရက်နေ့  မနက်ပိုင်းမှာ၊ ၂၀၁၂ ဒီမိုကရေစီ ဆုရှင်များဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ US Campaign for Burma မှ ကိုအောင်ဒင်၊ မယ်တော်ဆေးခန်းမှ ဒေါက်တာစင်ဒီယာမောင်၊ နာရေးကူညီမှု အသင်း မှ ကိုကျော်သူ တို့   က လက်ရှိမြန်မာ့နိုင်ငံရေး။လူမှုရေး တိုးတက်ပြောင်းလဲမှုများ နဲ့  ဆက်လက်လုပ်ကိုင်ရန် လိုအပ်ချက်များ ကို ဆွေးနွေးကြပြီး၊ မေးခွန်းများကို လက်ခံဖြေကြားခဲ့ပါတယ်။ (နောက်ထပ်ဆုရှင် တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကတော့ ဆုပေးပွဲ ကို မတက်ရောက်ခဲ့ပါဘူး)

ပုံ-၂  ဒေါက်တာစင်ဒီယာမောင် နှင့် ကိုကျော်သူ
 "အစိုးရဘက်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အတွက်  နိင်ငံရေးပါတီတွေ နဲ့ ညှိုနှိုင်းဆွေးနွေးတာတွေ၊ ပူးပေါင်းဆောင်ရွက်နေတာတွေ ကို ကြိုဆိုပါတယ်။ အလားတူပဲ အခြေခံလူထုတွေ ရဲ့  ကျန်းမာရေးနဲ့ ပညာရေးဆို်င်ရာ ဖွ့ံဖြိုးတိုးတက်မှု လုပ်ငန်းတွေ မှာ အစိုးရဘက်က လက်တွဲဆောက်ရွက်မှုတွေ ကို မြင်တွေ့ လိုပါတယ်"......."နယ်စပ်ဒေသမှာ မိဘမဲ့၊ မှတ်ပုံတင်မဲ့ ကလေးတွေ အမြောက်အများ ရှိနေပါတယ်၊ သူတို့ တွေ အတွက် အကူညီတွေ လိုအပ်နေပါတယ်"  လို့ ဆိုတဲ့ ဒေါက်တာစင်ဒီယာမောင်။

လူမှုရေးလုပ်ငန်းနဲ့  ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အတားအဆီးတွေ နဲ့  ပတ်သက်လို့  ကိုကျော်သူ က ....
သုခဆေးခန်းရဲ့  မျက်စိဆေးခန်း ကို အခမဲ့ ခွဲစိပ်ကုသပေးဖို့ အတွက် ပြင်ဆင်ထားတာ ၂ နှစ်ရှိနေပေမယ့်  ဖွင့်ခွင့် မရသေးလို့  လူနာတွေ ကို အခုထိ ကုသမှု မပေးနိုင်သေးတဲ့ အကြောင်း၊ ကချင်ပြည်နယ်ဒေသအချို့ မှာ နယ်မြေ မငြိမ်သက်မှုတွေ ကြောင့် သွားလာခွင့်ပိတ်ပင်ထားလို့  တရုတ်ပြည်ဘက်ကနေ ပတ်ပြီး သွားရောက်ကူညီနေကြတာကို ကြားသိနေရတဲ့ အကြောင်း၊ အောက်ခြေလူထု ကို ဒီထက်ပိုမို ထိထိရောက်ရောက် ကူညီသွားနိုင်ဖို့  အစိုးရဘက်က ပိုမို ပူးပေါင်းပါဝင်မှု လိုအပ်နေကြောင်း ပြောဆိုသွားပါတယ်။
 
ပုံ- ၃  ဦးခွန်ထွန်းဦး နှင့် ကိုအောင်ဒင်
 တိုင်းရင်းသားဒေသတွေမှာ အပစ်အခပ်ရပ်စဲရေး သဘောတူညီမှုတွေလုပ်ပြီးတဲ့ ကြားက ဆက်လက်ပြီး စစ်ပွဲတွေ ဖြစ်ပွားနေတယ်၊ ကချင်ပြည်နယ်က စစ်ပွဲတွေ၊ ရခိုင်ပြည်နယ်က အရေးအခင်းတွေ ဟာ တိုင်းပြည်ရဲ့  တည်ငြိမ်အေးချမ်းမှု အတွက် ဖြေရှင်းဖို့ လိုနေတဲ့ အခြေအနေတွေ ဖြစ်တယ် လို့  ဆို တဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး။

မြန်မာပြည်တွင်း မှာ ပြောင်းလဲမှု အချို့ ကို မြင်တွေ့ နေရပြီ ဆိုပေမယ့် .....(၁) တရားဥပဒေစိုးမိုးရေး (၂) စီးပွားရေး နယ်ပယ်မှာ လုပ်ငန်းရှင် တစ်စု က ပဲ ချုပ်ကိုင်ထားနေတာ မြင်တွေ့ နေရဆဲ (၃) တိုင်းရင်းသားဒေသတွေ မှာ ထိုးစစ်ဆင်နေဆဲ ဖြစ်နေတာမို့  အဲဒီ သုံးနေရာမှာ မပြောင်းလဲသေးဘူးလို့  မြင်တဲ့ အကြောင်း ပြောဆိုသွားတဲ့ ကိုအောင်ဒင်။

ပုံ- ၎

***********************************************************************************
ပုံ ၅ မှ ၈ (၂၀၁၂ ဒီမိုကရေစီ ဆုပေးပွဲ အခမ်းအနား၊ စက်တင်ဘာ ၂၀ရက်)

ပုံ - ၅ (၂၀၁၂ ဒီမိုကရေစီ ဆုပေးပွဲ ကျင်းပတဲ့ နေရာ ၊ ၀ါရှင်တန်ဒီစီ Capitol )

ပုံ - ၈ (နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး လုပ်ငန်းများအတွက် ရဲရဲ ၀ံ့ဝံ့ စွန့် လွတ် အနစ်ခံမှု များကို ၀ိုင်းဝန်းအသိမှတ်ပြုခြင်းခံရပြီ)

ပုံ ၆ ( ၂၀၁၂ ဒီမိုကရေစီ ဆု ကို ပူးတွဲ လက်ခံယူကြစဉ်၊ စက်တင်ဘာ ၂၀ ရက်)
 

 ပုံ ၇ (US Capitol မှာ အခုလို တိုင်းရင်းသား ၀တ်စုံ တွေ နဲ့  ၊ အပြုံးတွေ ဝေဆာလို့ ) 
၂၀၁၂ ဒီမိုကရေစီ ဆုပေးပွဲအခမ်းအနား ကို   မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။ 
ကျွန်မ လေးစားကြည်ညို ရတဲ့ နိုင်ငံရေး၊ လူမှုရေး နယ်ပယ် အသီးသီးက ခေါင်းဆောင်တွေ အားလုံး ကို အခုလို တစုတစည်းတည်း ဆုံတွေ့ ရလိမ့်မယ် လို့  အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ ဂျွန်မက်ကိန်းအပါအ၀င် အမေရိကန်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ က အကြီးအကဲတွေ၊ အခမ်းအနားတက်ရောက်လာသူတွေ ရဲ့ မျက်ဝန်းတွေ မှာ  လေးစားတဲ့ အရိပ်အယောင်တွေ နဲ့  အပျော်အပြုံးတွေ ကူးစက်လို့  နေခဲ့ပါတယ်။
 မစုဥာဏ်

(NED အကြောင်း အကျဉ်းချုပ်။ ။ ၁၉၈၃ ခု တွင် စတင် ဖွဲ့ စည်းခဲ့သည့် NED အဲန်ဂျီအို အဖွဲ့ သည် US Congress (အမေရိကန်လွှတ်တော်) ၏ ငွေကြေးထောက်ပံ့မှုဖြင့် ရပ်တည်နေသည့် အဖွဲ့  ဖြစ်ပြီး၊ နိုင်ငံပေါင်း ၉၀ ကျော် တွင် ရုံးခွဲများဖွင့်လှစ်ထားရှိကာ နှစ်စဉ် အဖွဲ့ ပေါင်း ၁၀၀၀ ကျော်အတွက် ငွေကြေးထောက်ပံ့ခြင်း၊ ဒီမိုကရေစီ စာစောင်များထုတ်ဝေခြင်း၊ သင်တန်းများပေးခြင်း အပါအ၀င် လှုပ်ငန်းပေါင်းများစွာ ဖြင့် ကမ္ဘာအရပ်ရပ်မှ ဒီမိုကရေစီ လှုပ်ရှားမှုများကို ကူညီပံ့ပိုးပေးနေသည့် အဖွဲ့ ကြီးဖြစ်သည်။ အဲန်ဂျီအို အဖွဲ့ အနေဖြင့် လှုပ်ရှားဆောင်ရွက်နေသော်လည်း၊ US State Department  ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် USAID ( U.S.agency for Development Assistance) မှ နှစ်စဉ် အသုံးစားရိတ်များ ခွဲဝေ ပေးခြင်းခံရသည့် အဖွဲ့ ဖြစ်သည်။၂၀၁၁ ဒီမိုကရေစီ ဆု ကို ဒူနီးရှီးယန်း နှင့် အီဂျစ်နိုင်ငံမှ နိုင်ငံရေးလှုပ်ရှားသူ များ အား ပေးအပ်ခဲ့သည်။) 

Yale University speech 27 9 2012 USA

အမေရိကန် ပြည်ထောင်စု ယေးတက္ကသိုလ်မှာ မြန်မာ့ဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကြီးတဲ့ ဒီပဲယင်းအစစ်ခံထွက်ဆိုချက်များ ။

Thursday, September 20, 2012

ဂုဏ်ပြုထိုက်သူ မြန်ပြည်သူ

တိုင်းပြည်တိုင်း လူမျိုးတိုင်းတွင် တိုင်းပြည်အလိုက်၊ဘာသာအလိုက် ထူးချွန်စွာဆောင်ရွက်ခဲ့သူများ
အားချီးကျူးဂုဏ်ပြုကြပါသည်။ လူမျိုးမရွေး၊ဘာသာမရွေး၊အသက်ကြီးငယ်မရွေး ထူးချွန်စွာဆောင်ရွက်ခဲ့ပါက
တနည်းနည်းဖြင့် ဂုဏ်ပြုချီးမြှင့်ကြသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ ဆောင်ရွက်မှုအတိုင်းအတာအပေါ်မူတည်ပြီး
ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများက ဂုဏ်ပြုတတ်ကြပါသည်။ လူမျိုးတမျိုးအတွက်ငှင်း၊ဘာသာတခုအတွက်
ငှင်း၊တနိုင်ငံအတွက်ငှင်း ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြုသူများအား ကမ္ဘာ့အမြင့်ဆုံးဆုကိုချီးမြှင့်တတ်ပါသည်။
ထိုသို့ကမ္ဘာ့အဖွဲ့အစည်းများကပေးသည့်ဆုများအနက် မပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးဆုသည် အမြင့်ဆုံးဆုဖြစ်ပါသည်။ ကမ္ဘာတွင်အမြင့်ဆုံးငြိမ်းချမ်းရေးဆုချီးမြှင့်သည့် အဖွဲ့အစည်း(၂)ခုရှိပါသည်။ အရှေ့အုပ်စုမှ နိုင်ငံတကာ စတာလင်ငြိမ်းချမ်းရေးအဖွဲ့ နှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအဖွဲ့ တို့ဖြစ်ပါသည်။ဤ အနောက်အုပ်စုမှinternational Peace,Physics,Chemistry,Physiology or Medicine,literature ဖြစ်ပြီး
Economic Science ဆုသည်၁၉၆၉ မှစတင်ချီးမြှင့်ခဲ့ပါသည်။
          အဆိုပါ အမြင့်ဆုံးငြိမ်းချမ်းရးဆုကြီးများကို နှစ်စဉ်ချီးမြှင့်ပါသည်။ တနှစ်လျှင် အထူးချွန်ဆုံးပုဂ္ဂိုလ်တဦး၊
တခါတရံ(၂)ဦးပူးတွဲ၍၊တခါတရံ အဖွဲ့လိုက် ဆုချီးမြှင့်လေ့ရှိပါသည်။ အဆိုပါဆုအတွက် အမည်စာရင်းကို ကာယကံရှင်ကိုယ်တိုင်က တင်သွင်းခွင့်မရှိပါ။ တင်သွင်းသည့် အမည်စာရင်းကို ရွေးချယ်ရေးကော်မတီက ရွေးချယ်ရပါသည်။ နှစ်စဉ် အမည်စာရင်းကို ကာယကံရှင်ကိုယ်တိုင်က တင်သွင်းခွင့်မရှိပါ။ တင်သွင်းသည့်
အမည်စာရင်းကို ရွေးချယ်ရေးကော်မတီက ရွေးချယ်ရပါသည် နှစ်စဉ်အမည်စာရင်းတင်သွင်းသူ အလွန်များပါသည် တခါတရံအယောက်၁၀၀ကျော်အထိရှိပါသည် ထိုအမြင့်ဆုံးငြိမ်းချမ်းရေးဆုရရှိရန် အလွန်ခက်ခဲလှပါသည် ထိုသို့အလွန်ခက်ခဲလှသည့် ငြိမ်းချမ်းရေးဆုကို မြန်မာမှနှစ်ဦးရရှိထားပါသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အရှေ့အုပ်စုမှချီးမြှင့်သည့် အပြည်ပြည်ဆိုင်ရာ စတာလင်ငြိမ်းချမ်းရေးဆု
(International Stalin Peace Prize)ကို ၁၉၅၅ တွင်ရရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်သည်လည် အနောက်အုပ်စုမှ ချီးမြှင့်သည့် နိုဘယ်ငြိမ်းချမ်းရေးဆု (Nobel Peace Prize) ကို ၁၉၉၁ တွင်ရရှိခဲ့ကြပါသည် ဆရာမှိုင်းငြိမ်းချမ်းရေးဆုဆွတ်ခူးချိန်တွင် အသက်၇၉နှစ်ရှိပြီဖြစ်၍ အရှေ့အုပ်စုမှရရှိသည့် ဆုရှင်များအနက် အသက်အကြီးဆုံးဖြစ်သော်လည်း ဒေါ်စုဆုရရှိချိန်မှာ အသက်၄၆နှစ်သာရှိသေးပြီး အနောက်အုပ်စု မှနိုဘယ်ဆုရှင်များအနက် Guatemala မှ Rigoberta Menchu ပြီးလျှင်ဒုတိယ အသက်အငယ်ဆုံးဆုရှင် ဖြစ်သည် ငြိမ်းချမ်းရေးဆုရရှိကြသည့် ဆရာမှိုင်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည် မြန်မာပြည်၏ကျက်သရေ
ဆောင်ပုဂ္ဂိုလ်ကြီးများဖြစ်ကြ၍ မြန်မာနိုင်ငံအတွက်ရောမြန်မာနိုင်ငံသားများအတွက်ပါ ဂုဏ်ယူစရာ၊ချီးကျူးစရာ၊
အတုယူစရာ၊စံနမူနာ ဖြစ်ပါသည် ဆုရှင်ကြီးနှစ်ဦးအား တကမ္ဘာလုံးကချီးကျူးကြ၊ ထောမနာပြုကြ၊ ဂုဏ်ပြုကြ
သည်မှာနှစ်ထောင်းအားရဖွယ် ဖြစ်ပါသည်။ ငြိမ်းချမ်းရေးဆုစွတ်ခူးခြင်းတူသော်လည်း အချိန်ကာလနှင့်တိုင်း ပြည်အခြေအနေကွာခြားမှူကြောင့် ဆရာမှိုင်းအတွက် နှစ်ထောင်းအားရ ။ ဝမ်းသာရသော်လည်း ဒေါ်အောင်ဆန်းစုကြည်အတွက်မူ ဝမ်းသာမှူ ဝမ်းနည်းမှူနှင့်အတူ ရောရှက်လျှက်ရှိပါသည်။ အကြောင်းမှာ ဆရာမှိုင်းခောတ်အခြေအနေမှာ တိုင်းပြည်အေးချမ်းသာယာပြီး ဒီမိုကရေစီစနစ် နှင့်ပြည်သူ့အစိုးရ စနစ် ဖြစ်နေ ၍ လည်းကောင်း ဆရာမှိုင်းမှာအသက်ကြီးနေ၍လည်းကောင်း အပြည်ပြည်ဆိုင်ရာ စတာလင်ငြိမ်းချမ်းရေးဆု ကော်မရှင် ဥက္ကဋ္ဌ Nikolay Tikhonow မြန်မာနိုင်ငံသို့သွားရောက်ပြီး ၎င်းကိုယ်တိုင်ချီးမြှင့်သည့်ငြိမ်းချမ်းရေးဆု ကို ဆရာမှိုင်းကိုယ်တိုင် လက်ခံရယူနိုင်ခွင့်ရှိ ခဲံပါသည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အာဏာ ရှင်စန်စဆိုးနှင့် အာဏာရမက်ငန်းငန်းတက်နေသည့် စစ်အာဏာရှင်များ ဗိုလ်ကျစိုးမိုးနေချိန်ဖြစ်၍၎င်း၊ စစ်အာဏာရှူးများ၏ အိမ်းတွင်းအချုပ်ချယ်ခံ(house arrest) နေရ၍၎င်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံရယူနိုင်စွမ်းမရှိခဲ့ပါ။ မြန်မာတိုင်းရင်းသား အားလုံးနည်းတူ ကမ္ဘာ့ပြည်သူပြည်သားများကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် စိတ်မကောင်းဖြစ်ခဲ့ကြရပါသည်။
          တိုင်းသူပြည်သားများက ဆရာကြီးအတွက် ဂုဏ်ယူဝမ်းသာကြသကဲ့သို့ ဆရာကြီးကလည်း အလားတူ
ဝမ်းသာချမ်းသာစွာဖြင့် ငြိမ်းချမ်းရေးဆုကို ငြိမ်းငြိမ်းချမ်းချမ်း လက်ခံယူနိုင်ခဲ့သော်လည်းဒေါ်အောင်ဆန်းစုကြည်
ခမျာမှာ ၎င်းရရှိသည့် ငြိမ်းချမ်းရေးဆုကို အိမ်မက်ပမာ ဖြစ်ခဲ့ရရှာသည်။ တိုင်းသူပြည်သားများကပင် ထိုသို့စိတ်
မကောင်းဖြစ်ကြပါလျှင် ကာယကံရှင်ဒေါ်စုကိုယ်တိုင် မည်သို့ခံစားရမည်ကို စာရေးသူ ကိုယ်ချင်းစာမိပါသည်။
          လူဆိုးလူယုတ်မာ တသိုက်က မည်သို့ပင် အကျဉ်းသားအဖြစ် ချုပ်ချယ်ထားစေကာမူ ဒေါ်စုအတွက် ဂုဏ်ယူရမည်ဖြစ်ပါသည်။ အကြောင်းမှာ-၁)နှစ်ပေါင်း(၁၀၀)အတွင်း တဦးချင်း အမျိုးသမီးနိုဘယ်ဆုရှင် (၃) ဦး
အနက် တဦးသည် မြန်မာပြည်မှ ဒေါ်စု (မှတ်ချက်-အိန္ဒိယမှ Mother Teresa သည် ပထမ၊ ဒေါ်စုနှင့် Rioberta Menchu တတိယ)၊ ၂]အာရှတိုက်မှ အမျိုးသမီးနိုဘယ်ဆုရှင်(၂) ဦးအနက် တဦးသည် မြန်မာပြည်မှ ဒေါ်စု [မှတ်ချက်-အိန္ဒိယမှ Mother Teresa] ၊၃) မြန်မာ့သမိုင်းတလျှောက်လုံး တဦးတည်းသော အမျိုးသမီး နိုဘယ်လ်ဆုရှင်သည်လည်း ဒေါ်စုပင်ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်ဤမျှလောက်ထူးချွန်နေသည့် ဒေါ်စုအား ပြည်သူများနှင့်အတူ စာရေးသူကလည်း ချီးမကျူး၍မနေနိုင်၊ဂုဏ်မပြု၍မနေနိုင်ပါ။ တိုင်းပြည်ဖျက်နေသည့် လူယုတ်မာစစ်အာဏာရူးတသိုက်ကလွဲလျှင် တိုင်းသူပြည်သားအားလုံးက ဒေါ်စုအား ချစ်မြတ်နိုးကြသည်၊လေးစားကြသည်၊ကောင်းချီးသြဘာထောပနာပြုဝကြသည်မှာလည်း ယနေ့အထိပါ။ ကမ္ဘာ သူ ကမ္ဘာသားအားလုံးက ဒေါ်စု ကျန်းမာချမ်းသာစေကြောင်း၊မင်းယုတ်မင်းဆိုးတို့၏ ချုပ်ချယ်မှုမှ လွတ်မြောက်စေကြောင်းဆုတောင်းမေတ္တာပို့သကြသည်မှာလည်း ယနေ့တိုင်ဖြစ်ပါသည်။
          မြန်မာလူမျိုးများနှင့်အတူကမ္ဘာပြည်သူတရပ်လုံးကပါ အဘယ့်ကြောင့်ဒေါ်စုအားထိုသို့ကြည်ညိုလေး
စားကြသနည်း၊ချီးကျူးဂုဏ်ပြုထောပနာပြုနေကြသနည်း ဟု ဆန်းစစ်ကြည့်သည့်အခါ ဒေါ်အောင်ဆန်းစုကြည် သည်၁)ထက်မြက်ထူးချွန်သည့် မိဘမျိုးရိုးမှဆင်းသက်လာသူဖြစ်ခြင်း၊၂)သူမကိုယ်တိုင်က ဥာဏ်ပညာကြီးခြင်း
၃)တွေးခေါ်မျှော်မြင်ဆင်ခြင်တတ်ခြင်း၊၄)ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း၊၅)သူတပါးအပေါ်သနားညှာတာ ကိုယ်ချင်းစာတတ်ခြင်း၊၆)ရိုးသားဖြောင့်မတ်ခြင်း၊၇)စိတ်ထားမြင့်မြတ်ခြင်း စသည့်ကောင်းမြတ်သောကြန်အင် လဏ္ခာများနှင့် ပြည့်စုံသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်စုသည်ဖခင်ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ ပဉ္စမမြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်မည့် ပုဂ္ဂိုလ်ကြီးဖြစ်လာမည်ဟု စာရေးသူအနေဖြင့် ယုံကြည်ထားပါ
သည်။(မှတ်ချက်-ဗိုလ်ချုပ်အောင်ဆန်းသည်စတုတ္ထ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်ခဲ့သည်။
          ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသားဖြစ်၍ မြန်မာလူမျိုးများက ကြည်ညိုလေးစားသည်မှာ
အဆန်းမဟုတ်သော်လည်း ကမ္ဘာပေါ်ရှိ ယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်းနှင့်တကွ ကမ္ဘာ့နိုင်ငံကြီးငယ်များ၏ ခေါင်းဆောင်များ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Koffi Annan အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းများ
ကပါ ဒေါ်စုအား မြန်မာ့ခေါင်းဆောင်ကောင်းတဦးအဖြစ် ကြည်ညိုလေးစားကြပြီး ယနေ့အထိ ချီးကျူးဂုဏ်ပြုကြ
ဆဲပါ။ [မှတ်ချက်-၂၀၀၁ ခုတွင် ကုဖီအာနန်သည် ကုလသမဂ္ဂရုံးဝန်ထမ်းများနှင့်အတူ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ရရှိသည်။ စာရေးသူကိုယ်တိုင် မြန်မာနိုင်ငံသားတဦးအနေနှင့် ဒေါ်စုအားကြည်ညိုပြီး လှိုက်လှိုက်လှဲလှဲ ချီးကျူးလျှက်၊ ဂုဏ်ယူလျှက်ရှိပါသည်။
          နိုဘယ်ငြိမ်းချမ်းရေးဆုကို ၁၉၀၁မှစ၍ ချီးမြှင့်ခဲ့ရာ ယခုနှစ်(၂၀၀၁)ပါဆိုလျှင် အနှစ်(၁၀၀)ပြည့်သွားပြီ
ဖြစ်၍ နှစ်၁၀၀ပြည့် အထိမ်းမှတ်အဖြစ် ထူးထူးခြားခြား ခမ်းခမ်းနားနား ကျင်းပသွားမည်ဟုသိရပါသည်။ ထူးခြားမှုမှာ နှစ်၁၀၀ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ဒေါ်စုငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိသည့်(၁၀) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို တပါတည်းကျင်းပသွားမည်ဖြစ်၍ ဒေါ်စုအတွက်ချီးကျူး စရာ၊ဂုဏ်ယူစရာဖြစ်နေပါသည်။၎င်းအပြင် နော်ဝေ ဝန်ကြီးချုပ် ဘိုနာဗစ်၊အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်း မက်ဒလင်းအောဘရိုက်၊ဖိလစ်ပိုင်သမတဟောင်း ကိုရာဇန်အကီနို၊ နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး တို့ဦးဆောင်၍ ဒီဇင်ဘာ(၈) ရက်နေ့တွင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်များပါဝင်သည့်
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှူတရပ်ကို နော်ဝေနိုင်ငံအော်စလိုမြို့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်းသိရှိရသ ဖြင့် ဒေါ်စုနှင့် ဒေါ်စုဦးဆောင်သည့် ဒီမိုကရေစီလှုပ်ရှားသူများ အတွက်ပါ ပို၍ဂုဏ်ယူရမည်ဖြစ်ပါသည်။
          နှစ်စဉ်ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ကျင်းပမြဲဖြစ်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ပွဲနှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုထောက်ခံပွဲများကို တပြိုင်တည်းကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ထိုအခမ်းအနားသို့ နိုဘယ်ဆုရှင်Dalai Lama,Mikhail Gorbachev အပါအဝင် နိုဘယ်ဆုရှင်(၃၄)ဦးကိုယ်တိုင်
တက်ရောက်မည်ဟု သိရှိရပါသည်။ တချိန်တည်းမှာပင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုထောက်ခံပွဲများကို နော်ဝေ နိုင်ငံအပြင် အမေရိကန်၊ကနေဒါ၊ဂျာမနီ၊ဖိလစ်ပိုင် အပါအဝင် နိုင်ငံပေါင်း(၂၅)နိုင်ငံတို့ကပါ တပြိုင်တည်း ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သရှိရပါသည်။
          ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်သည့် နှစ်၁၀၀ပြည့်အထိမ်းအမှတ်၊ ဒေါ်စုငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိ သည့်(၁၀)နှစ်ပြည့်အထိမ်းအမှတ်နှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုထောက်ခံပွဲ အခမ်းအနားများကို ဂျပန်နိုင်ငံ
တွင်လည်းဒီဇင်ဘာ(၈)ရက်နှင့်(၉)ရက်များတွင် ကျင်းပမည်ဖြစ်ပြီး ငြိမ်းချမ်းရေး၊လူ့အခွင့်အရေး၊နိုဘယ်လ်ဆု နှင့်ပတ်သက်၍လည်း ဟောပြောပွဲများ၊ ဆုတောင်းပွဲများ၊အဆိုအကဖျော်ဖြေပွဲများဖြင့် ခမ်းခမ်းနားနားကျင်းပ သွားမည်ဖြစ်ကြောင်းပါ သိရှိရပါသည်။
          ယခုကဲ့သို့ နိုင်ငံတကာမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်စုအား ချီးကျူးကြမည့် ဂုဏ်ပြုကြမည့်အ ပြင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများကိုပါ အပြည့်အဝထောက်ခံကြမည့်သတင်းကို ကြားသိရသည့်အခါ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီစနစ်ကိုမြတ်နိုးသည့် မြန်မာတိုင်းရင်းသားအားလုံးက ဝမ်းသာကြမည်၊ကြည်နှူးကြ မည်၊ဂုဏ်ယူကြမည်မှာ ဧကံမလွဲပါ။ သို့ရာတွင် ထိုသို့သော ထူးခြားခမ်းနားသည့်၊ကျက်သရေမင်္ဂံလာအပေါင်း နှင့်ပြည့်စုံသည့်၊ ဂုဏ်ယူစရာအတိဖြစ်သည့် အခမ်းအနားမျိုးကို ဒေါ်စုကိုယ်တိုင်တက် ရောက်ခွင့်မရှိသည့်အ တွက်အလွန်ဝမ်းနည်းမိပါသည်။ အလွန်ရင်ထုမနာဖြစ်မိပါသည်။ ကာယကံရှင်ဒေါ်စုအနေနှင့်လည်း မည်သို့ ဖြေသိမ့်နိုင်လိမ့်မည်ကိုလည်း ကိုယ်ချင်းစာမိပါသည်။ မြန်မာတိုင်းရင်းသားအားလုံးနှင့် လူ့အခွင့်အရေးကို လေးစားပြီး ဒီမိုကရေစီစနစ်ကို မြတ်နိုးသည့် နိုင်ငံတကာမှ ပုဂ္ဂိုလ်များလည်း စာရေးသူနှင့်အတူ စိတ်မချမ်းသာ
ဖြစ်ကြမည်ဟု ယုံကြည်ပါသည်။
          မည်သို့ပင်ဖြစ်စေကာမူ တိုင်းပြည်နှင့်လူမျိုးကောင်းကျိုးအတွက် တကယ်ကိုယ်ကျိုးစွန့်အနစ်နာခံသူ ဒေါ်စုအားယုံကြည်လေးစားပြီး ချီးကျူးကြမည့်၊ ဂုဏ်ပြုကြမည့်၊မြန့်မာ့ဒီမိုကရေစီလှုပ်ရှားမှု ကိုထောက်ခံကြ မည့်သူများအားစာရေးသူအနေဖြင့် အထူးကျေးဇူး တင်ရှိပါကြောင်း နှင့် တချိန်တည်းမှာပင် ဒေါ်စုလွတ်မြောက် ရေး၊မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေး အတွက် အဖက်ဖက်မှ ဆက်လက် ဆောင်ရွက်ပေးကြပါရန် စာရေးသူအနေဖြင့် အနူးအညွတ် မေတ္တာရပ်ခံပါကြောင်း။
ရွှေပြည်စိုး
Related Posts Plugin for WordPress, Blogger...