Thursday, December 15, 2011

နိုင်ငံရေးစာပေနှင့် စာအုပ်များ


 ၁။ ကြောက်ရွံ့ခြင်းမှလွတ်ကင်းရေး (အောင်ဆန်းစုကြည်)
၂။ အာဏာရှင်စနစ်မှသည် ဒီမိုကရေစီစနစ်ဆီသို့
၃။ ပိုမိုအားကောင်းလာသော ပြည်သူ့အင်အား
၎။ မဟာဗျူဟာမြောက်အကြမ်းမဖက်လှုပ်ရှားမှု
၅။ ပြည်သူတို့၏လွတ်မြောက်ရာလမ်း
၆။ လျှို့ဝှက်လုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နည်း
၇။ လူထုတိုက်ပွဲမြေအောက်လက်စွဲ (မိုးသီးဇွန်)
၈။ နာခံမှုကိုစစ်ဆေးခြင်း (မိုးသီးဇွန်)
၉။ ပုန်ကန်သူလေး
၁၀။ ဦးနု၏ တာတေစနေသား
၁၁။ အနာဂတ်မြန်မာနိုင်ငံရေး (သခင်မြသန်း)
၁၂။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော၏ အတ္ထုပ္ပတ္တိ
၁၃။ ကလေးများ၏ဒေါသမာန်
၁၄။ ရှစ်လေးလုံးပြက္ခဒိန်
၁၅။ သားသတ်သမား
၁၆။ ရုပ်သေး
၁၇။ ရန်ကုန်ကိုကိုင်လှုပ်သော ထို(၇)ရက်
၁၈။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ထူးခြားမှုရက်စွဲမှတ်တမ်းများ (၁၉၈၈-၂၀၀၂)
၁၉။ (၆)တိုက်မှာလောက်ကိုက်တာခံဖူးသလား နှင့် အခြားထောင်ဝတ္ထုတိုများ (၀င်းတင့်ထွန်း)
၂၀။ လူရှင်သချုင်္ိင်းများအကြောင်း
၂၁။ အရးတော်ပုံ(၄)စောင်တွဲ
၂၂။ ယမမင်းဥယျာဉ်သို့အလည်ရောက်ခြင်း (ဂါမဏိ)
၂၃။ လှပသောသေနတ်သံ (မောင်စိုးချိန်)
၂၄။ ဒီမိုကရေစီလေ့လာရေးဂျာနယ် (၂၀၀ရ၊ ဖေဖော်ဝါရီလ)
၂၅။ ဒီမိုကရေစီလေ့လာရေးဂျာနယ် (၂၀၀၇၊ မတ်လ)
၂၆။ ဒီမိုကရေစီဂျာနယ် (၂၀၀၆၊ အောက်တိုဘာလ)
၂၇။ ဒီမိုကရေစီဂျာနယ် (၂၀၀၇၊ မေလ)
၂၈။ ၇ ဇူလိုင် ကျောင်းသားအရေးတော်ပုံ
၂၉။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)
၃၀။ ဦးသန့်အရေးအခင်း
၃၁။ အာဇာနည်နေ့ (သို့မဟုတ်) နိုင်ငံတော်လုပ်ကြံမှုကြီး
၃၂။ အောင်ဆန်း-အက်တလီစာချုပ် (၁၉၄၇)
၃၃။ နု-အက်တလီစာချုပ် (၁၉၄၇)
၃၄။ ဒေါမာန်ဟုန်မြန်မာပြည်ဒီမိုကရေစီတိုက်ပွဲ (Bertil Lintner)
၃၅။ Collection Of Detailed Basic Principles
၃၆။ နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရေးဆွဲရေးအတွက် အာဏာရှင်တို့၏ အခြေခံမူ (၁၀၄)ချက်
၃၇။ မာ့စ်ဝါဒ၏ ရေသောက်မြစ်(၃)သွယ်
၃၈။ အိန်ဂယ်လ်၏ပေးစာများ
၃၉။ ကွန်မြူနစ်ဝါဒ၏မူများ (ဖရက်ဒရစ်အိန်ဂယ်လ်)
၄၀။ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြားနည်းလမ်းများ
၄၁။ ချင်းလဲန်း ဖွဲ့စည်းပုံအခြေခံဥပဒေ
၄၂။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၁)
၄၃။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၂)
၄၄။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၃)
၄၅။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၄)
၄၆။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၅)
၄၇။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၆)
၄၈။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၇)
၄၉။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၈)
၅၀။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၉)
၅၁။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၁၀)
၅၂။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၁၁)
၅၃။ စစ်မှန်သောပြည်ထောင်စုစနစ်ဆီသို့ (အတွဲ ၁၂)
၅၄။ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဆိုတာဘာလဲ
၅၅။ မြန်မာပြည်အရှေ့ပိုင်းကျန်းမာရေးနှင့်လူ့အခွင့်အရေး
၅၆။ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှတ်တမ်း
၅၇။ ၁၉၃၀ တ၀ိုက် မြန်မာပြည်နိုင်ငံရေးသမိုင်း (သိန်းဖေမြင့်)
၅၈။ မြန်မာနိုင်ငံနှင့်ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု
၅၉။ ချစ်သောမေမေ (လှကျော်ဇော)
၆၀။ ကလေးအခွင့်အရေးဆိုင်ရာစာချုပ်အကြောင်းသိကောင်းစရာ
၆၁။ စစ်ဗိုလ်ချုပ်များ၏ရေကာတာ
၆၂။ မြန်မာနိုင်ငံတွင် ကလေးများကိုစစ်သားများအဖြစ်အသုံးပြုမှုရပ်တန့်ရေး
၆၃။ လွတ်လပ်ရေး၊ အမျိုးသားနိုင်ငံရေးနှင့် ကျောင်းသားလှုပ်ရှားမှု (ဦးခင်မောင်ကြီး - ဗကသခေါင်းဆောင်ဟောင်း)
၆၄။ စစ်အုပ်စုသက်တမ်းရှည်နေသရွေ့ (တိုက်ပွဲဝင်ရဲဘော်တဦး)
၆၅။ မြန်မာနိုင်ငံ၏စီးပွားရေးအသွင်ကူပြောင်းမှုအတွက်အသင့်ပြင်ဆင်ခြင်း
၆၆။ ကျောင်းသား၊ ထောင်၊ တော်လှန်ရေးသမား (ရဲဘော်ဖိုးသံချောင်း)
၆၇။ ယုံကြည်ချက်မိုးကောင်းကင်နှင့် နွေးထွေးသောမနက်ဖြန်
၆၈။ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
၆၉။ နိုင်ငံတော် ငြိမ်/ပိ
၇၀။ ပြည်တွင်းရွေးကောက်ပွဲများစောင့်ကြည့်လေ့လာရေးအတွက်လက်စွဲ
၇၁။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း
၇၂။ လူ့အခွင့်အရေးလက်စွဲ (အောင်မျိုးမင်း)
၇၃။ လူ့အခွင့်အရေးဝေါဟာရများ (အောင်မျိုးမင်း)
၇၄။ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးများ
၇၅။ ကလေးစစ်သားပပျောက်ရေး
၇၆။ CWAတွင် ပိုမိုကောင်းမွန်သောလူသားတစ်ယောက်အဖြစ် ရှင်သန်နေခြင်း
၇၇။ လူ့အခွင့်အရေးမေးခွန်းနှင့်အဖြေများ
၇၈။ ကလေးအခွင့်အရေးဆိုင်ရာစာချုပ်အကြောင်းသိကောင်းစရာ
၇၉။ လူ့အခွင့်အရေးအချက်အလက်စုဆောင်းမှုလက်စွဲ
၈၀။ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုဆိုင်ရာလမ်းညွှန်ချက်များ

မူရင်း

Friday, November 25, 2011

လက်နဲ့ဖြန့်ခံထား

နေတက် ရေတက်ချိန်လေးမှာ
ဒူးထောက်လက်မှိုင်ချ
သူဟာ...
သီးသန့်ဖြစ်သူတစ်ဦး မျှော်လင့်ချက်မဲ့
အစဉ်မပြေမှုတို့ သိပ်များတယ်
တကယ်ဆို အရှုံးကြီးရှုံးနေခဲ့
ကံဆိုးခြင်းများစွာက ငါ့ခေါင်းပေါ်

မိန်းကလေး...........စိတ်မပျက်ပါနဲ့ ရှိသေးတယ်
ကမ္ဘာကြီးဟာတည်နေသ၍
တနေ့နေ့.............အနားရောက်လာမယ်
မိန်းကလေး ဝမ်းမနည်းပါနဲ့
ရှိသေးတယ် မှီသေးတယ် ခဏလေးပဲ....... ဆုံဦးမယ်

မိတ်ဟောင်းဆွေဟောင်း လူဟောင်းတွေ
ဘယ်ကိုပြေးထွက်ပျောက်ကုန်ကြ
အပြန်အလှန်ကျေးဇူးရှိသူများ အလိုရှိသည်။

ဟန်ဆောင်ကောင်းတဲ့ တံဆိပ်များနဲ့
အံဖတ်အဖြစ် ဝေါ့အံချ
နင်လက်နဲ့ ဖြန်ခံထား စိတ်ကောင်းထား

အလှည့်ကျလို့ ရောက်ရှိတော့မယ်
ကိုယ်ပိုင်နံပါတ်များ
အနိမ့်အမြင့် အတက်အကျက
ဘဝအတွက်ပိုပြီး ကိုင်တွယ်မရပါ
ရိုက်ခတ်မှုအရေး
အသွင်ပြောင်းရင်း လှပစေသော မနက်ခင်းမှာ........။

BIG BAG နှင့် လေးဖြူ

Friday, November 11, 2011

စစ်ငွေ့တဝေဝေ ကချင်တို့မြေ

၂၀၁၁ခုနှစ် ဇွန်လအစပိုင်းမှာ ကျွန်တော် ဇနီးသည်နှင့်အတူ သူ့အမျိုးများရှိရာ ကချင်ပြည်နယ် မိုးကောင်းမြို့သို့ သွားရောက်လည်ပတ်ခဲ့ပါတယ်။ ရန်ကုန်မှ မန္တလေးကို ကားဖြင့်လည်းကောင်း၊ မန္တလေးမှ ကချင်ပြည်နယ် မိုးကောင်းသို့ တလမ်းတည်းသော မီးရထားဖြင့်လည်းကောင်း ရထားတတန် ကားတတန်ဖြင့် ရောက်ရှိခဲ့ပါသည်။

မန္တလေးမှ မနက် ၄နာရီမှ စထွက်လားခဲ့သော မြစ်ကြီးနားရထားသည် နောက်တနေ့မနက် ၂ နာရီမှ မိုးကောင်းဘူတာသို့ ၂၂ နာရီကြာအောင် စီးပြီးမှ ရောက်ရှိပါသည်။ မိုးညှင်းနှင့် မိုးကောင်းကြားတွင် မြစ်ဆုံစီမံကိန်းကြောင့် တာတမံများကျိုးပျက်ကာ ရထားလမ်းဘေးတစ်လျောက်ရှိ လယ်ကွင်းများ၊ လူနေအိမ်များ ရေလွမ်းမိုးကာ ပျက်စီးနေသည်ကို ညဘက်မှ လအလင်းရောင်ဖြင့် ခြောက်ခြားတုန်လှုပ်ဖွယ် မြင်နေရပါသည်။


၂၀၁၁ခုနှစ် ဇွန်လ ၁၆ရက်နေ့က မနက်လေးနာရီလောက် ထပြီး လိုင်ဇာသို့သွားရန် ပြင်ဆင်နေစဉ် ဒိုင်းကနဲမြည်သောဧရာမ ပေါက်ကွဲသံကြီးကို ကြယ်လောင်စွာကြားလိုက်ရသည်။ ပေါက်ကွဲသံနှင့်အတူ မြေကြီးများပင် တုန်ခါသွားသဖြင့် ပေါက်ကွဲအားပြင်းကြောင်း သိသာလှသည်။  မနက်မိုးစင်စင်လင်းအောင် စောင့်ရင်း မနက် ၇း၀၀ နာရီလောက်တွင် မိုးကောင်း ဘူတာအနီးတဝိုက်စုံစမ်းတော့ နမ္မတီးတံတားဗုံးပေါက် တယ်လို့သိရပါတယ်။ ဒီလိုဗုံးတွေပေါက်လိုက်၊ မြစ်ဆုံစီမံကိန်းကြောင့် ရေတွေကြီးလိုက်၊ စစ်ဖြစ်လိုက် နဲ့ကချင်ပြည်နယ် တခုလုံးရစရာကို မရှိ လောက်အောင်ဖြစ် နေပါပြီ။

ကေအိုင်အေ (KIA) စစ်ဌာနချုပ် လိုင်ဇာမှာ တိုက်ပွဲစဖြစ်နေပါတယ်။ အခုဆိုရင် ပန်ဆိုင်းကြူကုတ် နယ်တဝိုက်မှာ အစိုးရတပ်တွေနဲ့ ကချင်ကေအိုင်အေတပ်(KIA) တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။ ဖားကန့်သို့ သွားသည့်ကားခကို တစ်ယောက်၂သောင်းကျပ်ဖြင့် အစမတန်ပေးပြီး စီးခဲ့ကြရပါသည်။ ဘာကြောင့်ကားခဈေး ကြီးသလဲဆိုတော့ အစိုးရတပ်တွေ ဖားကန့်မှာ အခြေဆိုက်လာယူနေလို့ ဒေသခံ ယာဉ်မောင်းတစ်ဦးကပြောပါသည်။ ဆန်ကြမ်းတစ်ပြည်ကို ၁၄၀၀နဲ့ စားနေကြတာပါ ကချင်တွေစားတဲ့ ထမင်းက ဆန်ကြမ်း ဆီမပါ၊ အချိုမှုန့်မပါ ဟင်းနဲ့ငါးပိထောင်း မှိုထောင်းကို ငြုပ်သီးစပ်စပ် ဖြင့် မြိန်ရေယှက်ရေ စားသောက် ကြပါသည်။


ကချင်ပြည်နယ်  ဗန်းမော်မြို့ ဒေါ့ဖုန်းယန်းမှာ မြန်မာစစ်တပ်နဲ့ KIA တပ်တွေ တိုက်ပွဲတွေဖြစ်နေပါတယ်။ ဒါကိုဘယ်သတင်းငှာနကမှ တိတိကျကျ ဖော်ပြခြင်း မရှိသေးပါ။ ကချင်ဒေသမှာ လျှို့ဝှက်စစ်ပြည်တွင်းစစ်တွေဖြစ်နေတာကို ယနေ့အချိန်အထိ အစိုးရက ငြိမ်းချမ်းအောင် မလုပ်ဆောင်နိုင်သေး ပါဘူး။ သူတို့ရဲ့ တဇွတ်ထိုး စီမံကိန်းလို့ ဆိုရမယ့်မြစ်ဆုံစီမံကိန်းကြောင့် ကချင်ပြည်နယ် လူထုတရပ်လုံး ရေဘေးနဲ့ ဝမ်းရောဂါကပ် ဆိုးကြီးကို ခံစားနေ ရပါတယ်။

ဒီလိုကျွန်တော်တို့ တိုင်းရင်းသားတွေ ဒုက္ခမျိုးစုံကို ရင်စီးပြီး ခံနေရတာဟာ နအဖ အစိုးရရဲ့ လျှစ်လျူရှူမှူ အသုံးမကြမှူ ခွဲခြားဆက်ဆံမှူပဲမဟုတ်ပါလား။ အဲဒီအစိုးရက ဆိုးဝါးတာက အစိုးရတပ်က ကချင်ဆိုရင် ကေအန်အေပဲဆိုပြီး စွပ်စွဲတယ်။ ဖမ်းဆီးတယ်။ ကချင်ပြည်နယ်မှာ ကချင်လူမျိုးတွေကို ဧည့်စာရင်း မပေးဘူး။ ကချင်ပြည်နယ်မှာ ကချင်နာမည်တွေတောင် မသုံးရဲ၊ မခေါ်ရဲကြဘူး။ ဘာလို့လဲ ဆိုတော့ အစိုးရစစ်တပ်က ပေါ်တာစွဲ ခံရမှာကြောက်လို့ ပါတဲ့။ ကချင်ရွာသားတွေရဲ့ ထွေလာဂျီတွေ ၊ ကားတွေကို  စစ်ကြောင်းနဲ့ စစ်ရိက္ခာ၊ စစ်လက်နက်များ သယ်ဆောင်ရန် အတင်းအကြပ် အသုံးပြုကြတယ်။ အပြစ်မဲ့ ရွာသားဒေသခံတွေကိုတော့ စစ်သုန့်ပန့် အဖြစ်အသုံးခြခြင်း ခံရပါတယ်။

 ကျောက်စိမ်းထွက်တဲံ့ မြေမှာမြေသား ရေသားကိုက စိမ်းနေတာပဲ ဘယ်ကျောက်ကို ကောက်လိုက် ကောက်လိုက် စိမ်းဖန့်ဖန့် နဲ့ အဲဒီလောက် ဘုရားသခင် ဖန်းစင်းပေးထားတယ်လို့ တောင်ပြောလို့ရအောင် ကျောက်စိမ်းမြေပါပဲ ဒီလောက်သံယံဇာတတွေကို ရန်ကုန်အထိရောက်အောင် သယ်ယူနိုင်ပြီး ကချင်ပြည်နယ် ကလမ်းတွေကိုလကမ္ဘာ ပေါ်ကမြေသားလိုဂျိုင့်ဝှမ်း ခြောက်ကမ်းပါးတွေနဲ့ အမေဇုံတောထဲ မှာလား ထင်ရလောက်အောင် လမ်းပန်းဆက်သွယ်ရေး ကြမ်းတမ်းအောင်လုပ်ထားတယ်။

အသားကိုယူ အသွေးကိုစားတဲ့ နအဖရဲ့ မတရားတဲ့မှားယွင်းတဲ့ စစ်အုပ်ချုပ်ရေးဟာ ဘောင်းဘီမှပုဆိုးပြောင်းဝတ်တဲ့ ဝါဒကြောင့်မဟုတ်ပါလား။ ဇွန်လ၉ရက်နေ့ကတည်းက စဖြစ်လိုက်တဲံစစ် ဒီနေ့အထိ အတောမသတ်နိုင်သေးဘူး။ ကျွန်တော် အရမ်းသိချင်ပါတယ် ဘယ်သူများဒီ စစ်ပွဲတွေကို ပြီးဆုံးအောင် လုပ်ပေးနိုင်မလဲလို့ ဒီလိုအခြေအနေမှာကျွန်တော်က ဘယ်သူ ဘယ်ဝါကလုပ်နေတယ်ဆိုတာ
တိုက်ရိုက်မပြောချင်ဘူး။ တိုင်းပြည်ကို ငြိမ်းချမ်းအောင် အရင်လုပ်ကြပါ။ မြန်မာနိုင်ငံရဲ့ မြောက်ဘက်မှာ သွေးချောင်းတွေ စီးနေပြီ။ ဘယ်တော့များမှ ငြိမ်းချမ်းမှာလဲ။

 ပြီးတော့ ကချင်ပြည်နယ် မိုးရာသီတိုင်း ရေကြီးမှူ ပြဿနာကို နှစ်စဉ် ကြုံတွေ့နေရသည်မှာ မြစ်ဆုံစည်မံကိန်းစတင်ခဲ့တဲ့ ၂၀၀၄ ခုနှစ်လောက်ကတည်းကစပြီး ပစ္စည်းဆုံးရှုံးမှုများ လမ်းပန်းဆက်သွယ်ရေးမကောင်းမှူ မလိုအပ်ဘဲ သေဆုံးမှူ တွေကများနေပါသည်။

ကချင်ပြည်သူတွေက ဆန်ကြမ်းနဲ့ မှိုချိုးမျှစ်ချိုးစား သောက်နေရပါတယ်။ စာသင်ကျောင်းတွေဟာလဲ အမိုးမလုံအကာမရှိနဲ့ ဆင်းရဲချို့တဲ့စွာ ပညာသင်ကြားနေရ ပါတယ်။ ဘာလို့ဒီလိုဒေသဖွင့်ဖြိုးမှူတွေ ကိုမလုပ်ပဲ မြို့တော်သစ် နေပြည်တော်ဆိုပြီး တောခေါင်ခေါင် တစပြင်မှာ ဒေါ်လာသန်းပေါင်း များစွာအကုန်ခံ ပြည်သူ့ဘဏ်နာငွေတွေကို  စစ်အစိုးရ တဖြစ်လဲ နအဖ အစိုးရက အလွဲသုံ့းစားလုပ် နေကြပါတယ်။

ကွက်ကြားမိုး ဆိုတာတကယ် ပဲရှိပါတယ်။ စီးပွားရေးပဲလုပ်လုပ် ပညာရေးပဲဖြစ်ဖြစ် နေရာတကာမှာ အကပ်မပါရင်မပြီးတဲ့ခေတ်ကြီးမှာ ဘယ်သူကိုသွား ကပ်ရမှာလဲ။ ရိုးသားလှတဲ့ကချင်လူမျိုးတွေမှာ ဟိုပြေးဒီပြေးနဲ့ ကေအန်အေကိုလဲ မပြောရဲ။ စစ်တပ်ကိုလဲ ကြောက်ရနဲ့ သနားစရာကောင်းလောက် အောင်ပါဘဲ ပိုက်ဆံလိုချင်ရင်တော့ ဖားကန့်ကိုတက်သွား မှော်ထဲသွား ရေမဆေးကောက်ကြ သည်ကံကောင်းလျှင်တော့ သိန်းသန်းနဲ့ချီပြီး ချမ်းသာသွားနိုင်သည်။ ဒါပေမယ့် အခန့်မသင့်ရင်တော့ ခဲမှန်ပြီးခြေထောက်ကြိုးသွားနိုင်သည်။ ဒီလိုရေမြေကြမ်းတမ်းတဲ့ ဒေသမှာ ပညာကမတတ်တော့ ဒီသဘာဝဘေး အန္တရာယ်ကို ဘယ်လိုကာကွယ်ရမယ် ကိုယ့်ကိုယ်ဘယ်လို ဂရုစိုက်ရမယ်ဆို တဲ့ကျန်းမာရေး အသိပညာအားနည်းမှူတို့ ကြောင့် ငှက်ဖျားရောဂါဆိုးကို ကချင်ပြည်နယ်နေ လူတိုင်းခံစားနေရပေသည်။

ကျွန်တော်လဲ ကချင်ပြည်နယ်မှ အပြန်လမ်းတစ်လျှောက် အတွေးများစွာပြည့်လျှံလျက် ရသများစွာကို ခံစားကာ ဒီစာကိုရေးသားရခြင်းဖြစ်ပါတော့သည်။ ကျွန်တော့်ရဲ့ စာမှာဆောင်းပါးလဲမဟုတ် ဝတ္ထုတိုလဲမဟုတ်တော့ ပရိတ်သတ်ကို ရသအပြည့်မပေးနိုင်တာကိုတော့ တောင်းပန်ပါတယ်။ ဒါတွေဟာတကယ့်ဖြစ်ရပ်တွေပါလို့ ကျွန်တော် ဒီတခုပဲပြောနိုင်ပါတယ်။ ဒီအကြောင်းအရာတွေကို နိုင်ငံခြားမှာအနေများတော့ ကြားဖူးယုံပဲပေါ့ အခုကိုယ်တိုင်ထိတွေ့ခံစားရသော တစ်လကျော်ကျော်မှာ ကျွန်တော့်အတွက် မြန်မာနိုင်ငံသား တိုင်းရင်းသားကချင်လူမျိုးများရဲ့ လူ့အခွင့်အရေးတွေ အချိုးဖောက်ခံနေရတာ၊ စစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရတော့ အလွန်တရားမှပင် ဝမ်းနည်းခံစားရပါသည်။

ကချင်လူမျိုးတွေကဲ့သို့ပင် တခြားသော မြန်မာပြည်သား တိုင်းရင်သားတွေလည်း ပြည်ထောင်စု မြန်မာနိုင်ငံဟူသော အမည်တပ်ထားသော နိုင်ငံထဲတွင် အဆင့်အတန်းနှင့် လူမျိုးရေးခွဲခြားခံနေရမှု၊ ဖိနှိပ်ချုပ်ချယ်မှုများ ဘယ်လောက်တောင်မှ ခံနေရသလဲဆိုတာ သူတို့တွေ ကိုယ်စား ကျွန်တော် ပြန်လည်ခံစားမိပါတော့သည်။

Thursday, November 3, 2011

21st Annual Raoul Wallenberg Lecture: Aung San Suu Kyi

The 21st Annual Raoul Wallenberg Lecture honors Aung San Suu Kyi. Because she was unable to freely travel from her native Burma, Aung San Suu Kyi delivers a prerecorded video address, followed by a live question and answer session via Skype connection

Friday, October 21, 2011

ကမ်းဆင့် လှမ်းလင့်လိုက်တဲ့ လက်များ


   ဒီနေ့ မဒမ်ရေချမ်းတစ်ယောက် ထူးဆန်းနေသည်။ ရေချမ်းကို မနက်စောစောထဲက အင်္ကျီလဲခိုင်းထားပြီး ဒီနေ့ ရေချမ်းတွင် သွားစရာ အစီအစဉ်မရှိရင် သူ့နောက်လိုက်ဖို့ မှာထားသည်။
ရေချမ်းတစ်ယောက်လဲ မဒမ်ရေချမ်း ခေါ်ဆောင်ရာသို့ ဘာမသိညာမသိနဲ့ ကန့်လန့်ကန့်လန့်သာ လိုက်လာရသည်။သူမ ဘယ်ကိုသွားမည်။ ဘာကို လုပ်မည်ကိုမသိ။ သူမလမ်းညွှန်ရာကိုသာ ကားစတီယာတိုင်လေး ကိုင်ရင်းမောင်းနှင်နေရသည်။ စိတ်ထဲမှာတော့ သို့လောသို့လော အတွေးများဖြင့် မဒမ်ရေချမ်းတစ်ယောက် ဘာတွေများ လုပ်လေဦးမလဲ။ ဟိုတခါကလဲ ဘာမပြောညာမပြောနဲ့ လမ်းလျှောက်ထွက်မယ်ပြောပြီး လမ်းရောက်မှ ရုပ်ရှင်ရုံထဲ ရောက်သွားသည်။
    အခုလဲ ရေချမ်းတစ်ယောက် ကားကို ရွှေတိဂုံဘုရားလမ်းပေါ်သို့ ဦးတည်လိုက်ရသည်။ အတွေးထဲမတော့
“အင်း၊ ဒီမိန်းမ စကော့ဈေးမောင်းခိုင်းပြီး ဘာပူဆာဦးမလဲမသိဘူး။”
ယခင် လေဟာပြင်ဈေးအရှေ့သို့အရောက်တွင် -
“ဟိုမှာတွေ့လား။ အဲဒီအဆောက်အဦးဆီကို မောင်း။” သူပြရာ အဆောက်အဦးက အရင်က သွားကောလိပ်နေရာကိုပင်။
ဆေးရုံဝင်းထဲရောက်တော့ ရေချမ်းအတော်ပင် အံ့သြသွားသည်။ ရေချမ်း ဒီနေရာမရောက်တာ အတော်ပင်ကြာခဲ့ပြီ။ ငယ်ငယ်တုန်းကတော့ သွားနှုတ်ဖို့ဆိုပြီး ဒီသွားကောလိပ်ကို အမြဲတစေ လာရလေ့ရှိသည်။ အခုတော့ ဒီသွားကောလိပ်ကြီးပင် ခေတ်စနစ်တွေကြောင့် ပြောင်းလဲသွားခဲ့ရရှာပေပြီ။
“အမျိုးသားသွေးဌာန” ဆိုတဲ့ ဆိုင်းဘုတ်ကြီးက ရေချမ်းကို ကြိုဆိုနေသည်။ ရန်ကုန်မရောက်ဖြစ်တာလဲကြာပြီ၊ ရောက်ပြန်တော့လဲ ဒီနေရာကို ဖြတ်သွားဖြတ်လာသာ လုပ်ခဲ့တာ ယောင်လို့လှည့်ပင်မကြည့်ခဲ့။ ရေချမ်း၏ ငယ်သွားလေးများ ထိုနေရာမှာပင် အတော်များများ ဆုံးရှုံးခဲ့တာကြောင့် ထိုအဆောက်အဦးကိုမြင်လျှင် ရေချမ်း အတော်စိတ်နာသည်။
သင်္ခါရအပြောင်းအလဲများကြောင့် သွားကောလိပ်မှ  အမျိုးသားသွေးဌာန ပြောင်းလဲသွားသော ထိုအဆောက်အဦးဆီရောက်မှ ရေချမ်းလဲ မဒမ်ရေချမ်း၏ ရည်ရွယ်ချက်ကို သဘောပေါက်လာသည်။
“ဒီတစ်ခါ ရန်ကုန်ရောက်ရင် သွေးလှုဖြစ်အောင်ကို လှုကြမယ်လေ။”
လွန်ခဲ့သော လေးလလောက်က မဒမ်ရေချမ်းပြောခဲ့သည့် စကားများကို ရေချမ်း ပြန်လည်သတိရလာသည်။ အဲဒီတုန်းကတော့ ဘာလိုလိုညာလိုလိုနှင့်သာ ခေါင်းညိမ့်ခဲ့ရသော်လည်း တကယ်မဟုတ်သေးသဖြင့် ရေချမ်း ခပ်မေ့မေ့ဖြစ်နေခဲ့သည်။
တကယ့်တကယ်တမ်း ရောက်လာပြီဆိုတော့ ရေချမ်း ခေါင်းနပန်းကြီးသွားသည်။ အမှန်ပြောရလျှင် ရေချမ်းသွေးမလှုချင်။ တခါဘူးမျှလဲ မလှုခဲ့ဘူး။ ရေချမ်းငယ်ငယ်ကဆို အပ်နှင့် ဆေးထိုးခံရမည်ကို ကြောက်သဖြင့် ဘယ်လောက်ဖျားနာနာ ဆေးခါးခါးကြီးများကိုပင် ကြိတ်မှိတ်မြိုချခဲ့သည်။
ကြီးလာပြန်တော့လဲ သွေးလှုတန်းတယ်ဆိုတာ သတင်းစာတွေမှာ တွေ့ဖူးတာသာရှိခဲ့သည်။ ရေချမ်းနေတဲ့ အသိုင်းအဝိုင်း ပတ်ဝန်းကျင်မှာ သွေးအလှုခံတာတို့၊ သွေးလှုဖူးတဲ့လူဆိုတာတို့ မမြင်ခဲ့၊ မဆုံခဲ့ပေ။
မဒမ်ရေချမ်းသာ သူအရင်အလုပ်မှာ သွေးလာအလှုခံတုန်းက သွားလှုခဲ့ဖူးသည်။ သူကတော့ အမြဲတမ်း ရေချမ်းကို သွေးသွားလှုမယ်လို့သာ ပြောပြောနေတာ ရန်ကုန်ရောက်တိုင်း အခြားကိစ္စတွေနှင့် သွေးလှုဖို့ကို မလှည့်ဖြစ်ခဲ့ကြပေ။ ရေချမ်းကလည်း ဆေးရုံဆေးခန်းဆို သိပ်မသွားချင်ဆိုတော့ ဒီအကြောင်းကို သူမဖာသာ မေ့မေ့ပြောက်ပြောက် နေပါစေသဘောမျိုးနဲ့ အစမဖေါ်ပေးခဲ့။
ရေချမ်းတစ်ယောက် အဆောက်အဦးအဝင်ဝမှာတင်
“ငါ သွေးမလှုချင်ဘူးနော်၊ နင်ဘဲလှု၊ ငါက နင်ကုသိုလ်ရအောင် လိုက်ပို့ပေးတာ။”
“ အင်းပါ….. ကျမ ဘာသာ လှုမှာပါ။ ရှင်သာ သားအကြီးနဲ့ စောင့်နေခဲ့။”
 အမျိုးသားသွေးဌာနထဲသို့အဝင် ရေချမ်း အဝလေးမှာ ငုတ်တုတ်ထိုင်နေကြတဲ့ မိန်းမနှစ်ယောက်နဲ့ ကောင်ကလေးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ဘာရယ်ကြောင့်မှန်းတော့မသိ ရေချမ်း သူတို့ကို သေချာသတိထားမိသွားသည်။ သတိထားမိတာက သူတို့ရဲ့ တစ်ခုခုကို စိုးရိမ်နေတဲ့ မျက်နှာတွေ။ အဝတ်အစားလေးတွေကလည်း ခပ်နွမ်းနွမ်းလေးတွေ။ သူတို့ပုံစံက ဂျီအီးစီမှာ ဆန်ထုတ်ထုတ်ဖို့ စောင့်နေသူလို မျက်နှာမျိုးလည်းမဟုတ်၊ ရုပ်ရှင်လက်မှတ်မရမှာစိုးလို့ တန်းစီးစောင့်နေကြတဲ့သူလိုလဲ မဟုတ်၊ တခုတခုကို စောင့်နေတာတော့ သေချာသည်။ အသက်ကြီးကြီး အမျိုးသမီးကြီးက ခဏနေ ထိုင်လိုက်၊ ခဏနေ ထလိုက်နှင့်။
“အမေကလည်း ခဏစောင့်လို သူတို့ကပြောထားတယ်လေ။”
“ဟဲ့ သူတို့ခဏလည်း သေချာလား၊ မသေချာလားမသိ။ ဟိုက ဆရာဝန်ကြီးကလည်း ဒီနေ့လည် ထမင်းစားချိန် မကျော်မှီ ရရမယ်လို့ ပြောတယ်မဟုတ်လား။”
“အင်းပါ အမေရယ်။ ကျမတို့လဲ ဒီကို မနက်စောကြီးထဲက လာစောင့်နေတာပဲ။ အခုလဲ သူတို့က ကျမတို့လိုတဲ့သွေး မနေ့က ကုန်သွားလို့ တပြင့်သွေးဌာနတွေဆီ ရမရ ဖုန်းဆက်မေးနေတာပဲ။ ”
ရေချမ်းလဲ သားအကြီးကောင်ကို ထိန်းရင်း ထိုအမျိုးသမီးနှစ်ယောက် ပြောဆိုနေတာကို တစွန်းတစကြားလိုက်ရသည်။ သူတို့အပြောအရ သူတို့နှစ်ယောက် သားအမိဆိုတာရယ်၊ သွေးအိတ်လာ စောင့်နေတာရယ် သိလိုက်ရသည်။ သူတို့က ဘာကြောင့် ဒီလောက်တောင် စောင့်နေရတာလည်းဟု ရေချမ်း သိချင်သွား၍…..
“ဒီက အမတို့က ဘာကိုစောင့်နေကြတာလဲ။ သွေးက လိုချင်တိုင်းမရဘူးလား။”
“ဒီမှာကလည်း သွေးကို လိုသလောက်မရဘူး။ တနေ့မှ နှစ်ပုလင်းထဲ ရနိုင်တာ။ အဲဒီနှစ်ပုလင်းကလည်း သူတို့မှာ ရှိဦးမှ။ ကျမယောင်္ကျားက ရန်ကုန်ဆေးရုံးကြီးမှာ သွေးကင်ဆာနဲ့ ရောက်နေတာ။ ကျမတို့က သူ့အတွက်သွေးကို ဒီမှာအမြဲလာယူရတယ်။”
“အပြင်မှာကော ဝယ်လို့မရဘူးလား။”
“ရပါတယ်ကွယ်။ အပြင်မှာက သွားဝယ်ရင် ဈေးကြီးတယ်။ ဒီမှာ အမတို့က သွေးတစ်အိတ်ကို သုံးထောင်ပဲပေးရတာ။ ယောင်္ကျားကလည်း သွေးသွင်းဖို့ ဘယ်လောက်ကုန်ဦးမလဲ မသိဘူး။ အရင်နေ့တွေက ငွေမပေးနိုင်ရင်တောင် သွေးလှုမယ်သူကို ကိုယ်တိုင်ရှာလာပေးရင် သူတို့က သွေးထုတ်ပေးတယ်။ အခုဟာကလည်း ကျမတို့က နယ်ကဆိုတော့ သွေးလှုပေးမယ့်အသိတွေကလည်း သိပ်များများစားစားမရှိတာရယ်။ အပြင်မှာ ဝယ်ဖို့ဆိုတာကလည်း သွေးအိတ်ဈေးက ကြီးကကြီးနဲ့ဆိုတော့ သူတို့ အမျိုးသားသွေးဌာနက ပေးတာကိုပဲ ကျမတို့လည်း မျော်နေကြရတာ။”
“အမ ယောင်္ကျားက ဘာသွေးအမျိုးအစားမို့လို့လဲ။ သူတို့မှာကော  အမျိုးသားသွေးဌာနဆိုပြီး သွေးမရှိတော့လို့လား။”
“ကျမယောင်္ကျားသွေးက ‘အို’ သွေးပါ။ သွေးက မနေ့ညနေတုန်းကတည်းက ကုန်ခါနီးနေပြီလို့ ပြောနေတာ။ သူတို့က တခြားနေရာတွေကနေ ရမရ ဖုန်းဆက်မေးနေတယ် ပြောတာပဲ။ အဲဒါကျမတို့လည်း မနက်ကတည်းက သွေးနှစ်အိတ်အတွက် စောင့်နေတာ။ အခုထိတောင် ကျမတို့တတွေ မနက်စာတောင်မစားခဲ့ရသေးဘူး။”
ရေချမ်း သူတို့မိသားစုလေးကို ကြည့်ပြီး စိတ်ထဲ မကောင်းဖြစ်သွားသည်။ လောကမှာ အရာရာတိုင်းကို ငွေရှိတာတောင် ဝယ်လို့မရ၊ ဝယ်ချင်လို့ ငွေရှိပေမယ့်လည်း ဝယ်မည့်အရာက ရှိနေဦးမှပါလား။ သူတို့လိုတာ ‘အို’ သွေးတဲ့။ ရေချမ်း မိမိကိုယ်မိမိ မလုံသလို ခံစားလိုက်ရသည်။ ရေချမ်း သွေးအမျိုးအစားကလည်း ‘အို’ သွေးပဲမဟုတ်လား။
တချို့တွေက သူတို့သွေးတွေကို အကြိမ် ရာထောင်မက လှုတန်းနေကြတဲ့ အချိန်မှာ ရေချမ်းလိုမျိုးကျတော့လည်း ကိုယ့်သွေးကို ကိုယ်နှမြောတာလား၊ သွေးလှုရမှာကို တွန့်ဆုတ်နေတာလား ဝေခွဲမရဖြစ်နေတယ်။ ကိုယ်ကိုတိုင်ကရော အမှန်တကယ် သွေးသွင်းဖို့ လိုအပ်လာတဲ့အချိန်မှာ ကိုယ်လိုအပ်တဲ့သွေးမရနိုင်တာ၊ မရှိတာဆိုတဲ့ အဖြစ်မှ ရေချမ်း မကြုံဘူးတာ။ ငွေရှိရင် သွေးဆိုတာ ဝယ်ဖို့ လွယ်လွယ်လေးပဲဟု ရေချမ်း ထင်နေမိခဲ့တာ။
တကယ်လို့သာ ထိုမိသားစုလေးလို အခြေအနေဆိုရင်ကော သွေးလှုတန်းနေကြသူတွေ အများအပြား ရှိနေကြပါလျှက်၊ သွေးဝယ်လို့ရနိုင်တဲ့ နေရာတွေ ပေါများပါလျှက်၊ ဘဝပေးအခြေအနေအရကော၊ တိုက်ဆိုင်မှုတွေအရကော အလွယ်တကူ သွေးမရရှိနိုင်ခဲ့ပါလျှင် ရေချမ်း ဘာလုပ်ရမလဲဟု တွေဝေစဉ်းစားမိသွားသည်။
ရေချမ်းလဲ သားကို သူ့အဖိုး ရေချမ်းအဖေနဲ့ အပြင်မှာထားခဲ့ပြီး မဒမ်ချမ်းရှိရာ  အမျိုးသားသွေးဌာနထဲသို့ လိုက်ဝင်သွားသည်။ မဒမ်ချမ်းတစ်ယောက် သွေးအလှုခံဌာနအဝရှိ Reception စားပွဲတွင် ဖောင်တစ်စောင်ဖြည့်နေရင်း အလုပ်ရှုပ်နေသည်။ သူမနောက်ကနေ ရေချမ်း မရောင်မလည်နှင့် စောင့်နေပြီး သူမဖောင်ဖြည့်ပြီးနောက် သွေးရည်ကြည်စစ်တဲ့နေရာကို လိုက်သွားသည်။
ထိုနေရာလေးမှာ တာဝန်ကျ ဆရာဝန်မလေးနဲ့ အကူအမျိုးသမီးက စားပွဲလေးမှာထိုင်စောင့်ရင်း မဒမ်ချမ်းရဲ့ လက်ချောင်းထိပ်ကလေးကို တခါသုံးအပ်ကလေးနဲ့ ဖောက်လိုက်ပါတယ်။
“အရင်တုန်းကရော သွေးလှုဖူးလားရှင့်။”
“ ဟုတ်။ ကျမအရင်တုန်းက လှုဖူးပါတယ်။ ဒီမှာတော့ မဟုတ်ဘူး။ အလုပ်မှာ သွေးအလှုခံအဖွဲ့ လာတုန်းကပါ။”
လက်ဖျားပေါ်မှာ သွေးစက်လေး စို့ထွက်လာတော့ သူတို့စားပွဲပေါ်မှာ တင်ထားတဲ့ အပြာရောင်ပုလင်းထဲကို မဒမ်ချမ်းရဲ့ သွေးစက်ကလေးကို ညှစ်ချလိုက်ပါတယ်။ သွေးစက်ကလေးက အပြာရောင်အရည်ပေါ်မှာ အောက်မကျပဲ ပေါလောပေါ်နေပါတယ်။ ဆရာဝန်မလေးက မဒမ်ချမ်းမျက်နှာကို ကြည့်ပြီး
“အမ သွေးလှုလို့ မရဘူးရှင့်။ အမသွေးက အောက်ကျမသွားပဲ အခုလို ပေါ်နေလိုရှိရင် သွေးလှုလို့မရနိုင်သေးရှင့်။ အမမှာ ဟေမိုဂလိုဘင် ခေါ်တဲ့ သံဓာတ် အားနည်းနေပါတယ်။”
“ ဟင်… ဒါဆို ကျမ သွေးလှုလို့မရသေးဘူးပေါ့။ ဘယ်တော့လောက်ရမှာလဲ။”
“မပူပါနဲ့။ ကျမတို့ အမကို သံဓာတ် အားကောင်းလာမယ့်ဆေး ပေးလိုက်ပါ့မယ်။ ဒီဆေးသောက်ပြီး နောက်နှစ်ပတ်လောက် ကြာရင် ကျမတို့ဆီ ပြန်လာခဲ့ပါ။ နောက်ပြီး အမ ဒီကြားထဲ အစားမှန်မှန်၊ အအိပ်မှန်မှန် နေပါ အမ။”
မဒမ်ချမ်း မျက်နှာလေး ညှိုးသွားပြီး ရေချမ်းဆီသို့ ဖြစ်မှဖြစ်ရလေ ဆိုသောအကြည့်ဖြင့် လှမ်းကြည့်လိုက်ပါတယ်။
“ ခဏ…. အမ။ သူ့သွေးလှုလို့မရနိုင်ဘူးဆိုရင် ကျွန်တော်ဆီကရော…..”
ရေချမ်း လက်ကို ဆရာဝန်မလေးဆီကို လှမ်းပေးလိုက်ပါတယ်။ ရုတ်တရက်ကြီး ရေချမ်း အပြုအမူကို မဒမ်ချမ်းကတော့ အံ့သြတဲ့ အမူအရာနဲ့ကြည့်ရင်း သူပဲ အရင်ကတော့ သွေးမလှုဘူးဆိုပြီး အဝင်ဝမှာတောင် ကပ်ကျန်နေခဲ့တဲ့လူ အခုကျတော့လဲ …. ဆိုတဲ့ မျက်နှာပေးနဲ့ ပျော်ရွှင်ကြည်နူးတဲ့ အမူအရာများ မဒမ်ချမ်းမျက်နှာပေါ် လွှမ်းခြုံသွားပါတယ်။
ဆရာဝန်မလေးကလည်း သူရှေ့ရောက်လာတဲ့ ရေချမ်းလက်ဖျားကို တခါသုံးအပ်ကလေးနဲ့ ဖောက်ပြီး အပြာရောင်အရည်ထည့်ထားတဲ့ ခွက်ကလေးထဲ သွေးစက်များကို ထည့်လိုက်ပါတယ်။ အံ့သြဖို့ကောင်းတာက မဒမ်ချမ်းတုန်းက သူမသွေးစက်တွေကို အတော်လေး ညှစ်ယူလိုက်ရပေမယ့် ရေချမ်းအလှည့်ကျတော့ သွေးစက်လေးတွေ လက်ဖျားပေါ်မှာ စီးလာပြီး ခွက်လေးထဲ ကျသွားပါတယ်။
ရေချမ်းသွေးစက်တွေဟာ အပြာရောင်ခွက်ကလေးထဲလဲ ကျသွားရော ခွက်အောက်ခြေအထိကို နစ်ဆင်းသွားပါတော့တယ်။ သွေးစစ်တဲ့ ဆရာဝန်မလေးကလည်း ပြုံးပျော်တဲ့ မျက်နှာနဲ့
“ဒီက အကိုသွေးက လှုလို့ရပါတယ်။ ကျမတို့ အကိုကို ဖောင်ပေးလိုက်မယ်။ သွားဖြည့်ပေးပါနော်။ ပြီးရင် ဟိုဘက်က ကွန်ပြူတာစာရင်းသွင်းတဲ့ နေရာလေးကို သွားပေးပါ။”
“ အို.. သူကျတော့ရပြီး ကျမ ကျတော့…..”
“ဒီလိုဖြစ်တတ်ပါတယ် အမရယ်၊ အမက သံဓာတ်များတဲ့ အစားအစားများများ စားပေးပေါ့။ နောက်ပြီး လာမလှုခင် အိပ်ရေးမဝဘူး ဆိုရင်လည်း ဖြစ်တတ်တယ်။ ဒီမှာ ကျမတို့ အမကို သွေးမလှုခင် ဘာတွေလိုအပ်တယ်၊ ဘာတွေ လုပ်ရမည်ဆိုတဲ့ လက်ကမ်းစာစောင်တွေ ပေးလိုက်မယ်။ လိုရမယ်ရပေါ့။”
ဆရာဝန်မလေးက မဒမ်ချမ်းကို  အမျိုးသားသွေးဌာနက ထုတ်တဲ့ လက်ကမ်းစာစောင်လေးရယ်၊ ဟေမိုဂလိုဘင်(Haemoglobin) အားကောင်းစေမယ့် ဆေးပြားလေးတွေ ထည့်ထားတဲ့ အထုတ်နှစ်ထုတ်ရယ် ပေးလိုက်ပါတယ်။
“ကျမ မလှုလိုက်ရပေမယ့်လည်း ကုသိုလ်ရအောင် ရှင့်ဖောင်ကို ကျမ ကူဖြည့်ပေးမယ်”
ဟုဆိုကာ မဒမ်ချမ်းတစ်ယောက် ရေချမ်းဆီက ဖောင်ကိုယူပြီး သူမကိုယ်တိုင် ဖြည့်ပေးပါတယ်။
“ခုနတုန်းကတော့ မလှုဘူးဆိုပြီး အခုကျတော့ ဘာစိတ်ကူပေါက်သွားတာလဲ။”
“ငါလဲ မင်းမလှုလိုက်နိုင်သေးလို့ ငါသွေးဆိုရင်ကော ရမလားလို့ပါ။ ပေးပါ ငါဖောင်ငါ ကိုယ်တိုင်ဖြည့်ကြည့်ဦးမယ်။”
ရေချမ်းတစ်ယောက် မဒမ်ချမ်းကိုသာ ပြောနေတယ် သူ့မျက်လုံးများကတော့ အစောက အဝင်ဝမှာ တွေ့ခဲ့တဲ့ မိသားစုကို ရှာဖွေမိသေးတယ်။ သူတို့တွေကော လိုအပ်တဲ့သွေးအိတ် ရသွားကြပြီလားလို့။ သူတို့သုံးယောက် သွေးမရသေးဘူးထင်တယ် အပေါက်ဝလေးမှာ ထိုင်စောင့်နေကြတုန်းပဲ။
ရေချမ်း ဖောင်ဖြည့်တော့ မေးထားတာ အစုံပါပဲ။ အရင်က သွေးလှုဖူးလား။ ဆေးထိုးဖူးလား။ မူးယစ်ဆေးဝါးသုံးစွဲ ဖူးလား။ အပျော်အပါးလိုက်စား ဖူးလား။ ဆေးမှင်ကြောင်ထိုးဖူးလား။ နားကပ်ဖောက် ဖူးလား။ သွေးသွင်း ဖူးလား စသည်ဖြင့် မေးခွန်းပေါင်းများစွာရယ်၊ ကိုယ့်နေရပ်လိပ်စာရယ် ဖြည့်လိုက်ရတယ်။
ဖောင်ဖြည့်ပြီးတာနဲ့ စာရင်းသွင်းတဲ့ နေရာကို ဖောင်လေးယူသွားတော့
“အကို မှတ်ပုံတင်လေး တဆိတ်လောက်”
“ဟိုက်…” ဒုက္ခပဲ။ မှတ်ပုံတင်က အိမ်မှာ ကျန်ခဲ့ပြီ။ အရေးထဲကျမှ အရာပေါ်နေပြီ။ မှတ်ပုံတင်လိုမလို သိမှမသိပဲကို။ အစကတည်းကလည်း မဒမ်ချမ်းပဲ သွေးလှုမှာဆိုတော့……
“ မပါလာဘူး ခင်ဗျာ့။”
“ ရှင်ကလည်း မြန်မာပြည်မှာနေပြီး။ မှတ်ပုံတင်မပါရင် ကားလိုင်စင်ထုတ်ပြ လိုက်လေ။ အတူတူပါပဲ။”
မဒမ်ချမ်းက အနောက်မှ လှမ်းသတိပေးသည်။ ဟုတ်ပါရဲ့။
“ ကားလိုင်စင်ကော ရမလား။”
“ဟုတ်ကဲ့ ရပါတယ်။”
တော်ပါသေးတယ်။ ကျေးဇူးတင်လိုက်မိပါရဲ့ မဒမ်ချမ်း ဖြတ်ထိုးဥာဏ်ကို။
“အစ်ကို ပထမဆုံးသွေးလှုတာလား။”
“ဟုတ်ကဲ့”
စာရင်းသွင်းနေသည့် ကောင်မလေး၏အမေးကို ဖြေလိုက်ရင်း ပထမဆုံး သွေးလှုဖူးတယ်ပြောရတာ ကိုယ်ဘာသာ ရှက်သလိုလို စိတ်မလုံမလဲ ဖြစ်လာသည်။ စာရင်းသွင်းတာကို စောင့်ရင်းနဲ့မှ
“အစ်မ ဟိုလေ…. ဟိုအပေါက်ဝက အမျိုးသမီး နှစ်ယောက်က သူတို့ သွေးဝယ်ဖို့ စောင့်နေကြတယ်ပြောတယ်။ အဲဒါ ကျွန်တော့်သွေးကို သူတို့အတွက် လှုရင်ရမလား။”
“ကျမတို့က စာရင်းလက်ခံတာဆိုတော့ သေချာမသိဘူး။ အစ်ကို သွေးလှုပြီးသွားမှ သွေးထုတ်တဲ့ဌာနမှာ သွားပြီး ပြောပြလိုက်လေ။ သူတို့က အစ်ကို ပြောသလို ဆောင်ရွက်ပေးပါလိမ့်မယ်။ အခု အစ်ကို ဟိုဘက်အခန်းထဲက ဆရာဝန်ကြီးရဲ့ လက်မှတ်ယူလိုက်ပါဦးရှင့်။ ပြီးရင် ကျမတို့ဆီကိုပဲ ပြန်လာခဲ့ပါ။”
သူပြန်ပေးလိုက်တဲ့ ဖောင်လေးကိုယူရင်း သူမညွှန်ပြလိုက်တဲ့ အခန်းဘက်ကို သွားရပါတယ်။ အခန်းအဝရောက်တော့ ဆရာဝန်ကုတ်ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် ထိုင်နေပါတယ်။ ရေချမ်းလဲ ဝင်ခွင့်တောင်းတဲ့ အမူအယာပြရင်း ဆရာဝန်မကြီး စားပွဲဘေးက ခုံမှာ ဝင်ထိုင်လိုက်ပါတယ်။
“အရင်က သွေးလှုဖူးလား။”
“ဟင့်အင်း…. ဒါ… ပထမဆုံးအကြိမ်ပါ”
ဆရာဝန်မကြီးက ရေချမ်းလှမ်းပေလိုက်သော စာရွက်ပေါ်မှ အချက်အလက်များကို သေချာချာဖတ်ကြည့်နေရင်းမှ
“အရင်က အသားဝါဖြစ်ဖူးတယ်လို့ ရေးထားတယ်။ ဘယ်တုန်းကလည်း။ အခုရော ဘာဆေးဝါးတွေများ မှီဝဲနေသလဲ။”
“ငယ်ငယ်တုန်းကပါ။ အတိအကျပြောရရင် ကျွန်တော်မွေးမွေးခြင်းတုန်းက အသားဝါပါလာတာပါ။ အခုကြီးမှတော့ တခါမှပြန်မဖြစ်တော့ပါဘူး။”
“သြော်…. ဒါလား။ အဲဒါဆို မိဘနှစ်ပါးလုံးက အိုသွေးတွေပေါ့။ အဲဒါကြောင့်ပါ။ အခုမရှိရင် သွေးလှုလို့ရပါတယ်။ ကျမတို့ဆိုလိုတာက အသည်းရောင် အသားဝါရောဂါကို ဆိုလိုတာပါ။”
ဆရာဝန်မကြီးက ရေချမ်းကို သွေးပေါင်ချိန်စစ်ဆေးခြင်း ပြုလုပ်ပြီး စာရွက်ပေါ်မှာ လက်မှတ်ထိုးပေးလိုက်ပါတယ်။ ရေချမ်းလဲ ဖောင်ပေါ်မှာ လက်မှတ်လဲရရော စာရင်းလက်ခံတဲ့နေရာကို ပြန်သွားပြီး သူတို့ထုတ်ပေးတဲ့ သွေးထုတ်ဖို့လိုအပ်တဲ့ ပစ္စည်းတွေနဲ့ သွေးလှုမှတ်တမ်းကတ်ပြားလေး ထုတ်ပေးပါတယ်။
“ဒီကတ်ပြားလေးက နောက်တခါလာလှုရင် ယူလာခဲ့ပါ။ ဒီပစ္စည်းတွေ ယူသွားပြီး ဟိုဘေးက အခန်းထဲ ဝင်သွားလိုက်ပါ။”
သူမညွှန်ပြလိုက်တဲ့ အခန်းဝရောက်တော့ အခန်းတံခါးလေးစေ့ထားပါတယ်။ အခန်းဝမှာတော့ သွေးလှုခန်းမလို့ ရေးထားတော့ ရေချမ်းလည်း စိတ်နဲနဲ လှုပ်ရှားသွားပါတယ်။စေ့ထားတဲ့ အခန်းတံခါးကို တွန်းဖွင့်လိုက်တော့ အေးမြရှင်းသန့်နေတဲ့ လေအေးတချို့က ရေချမ်းမျက်နှာကို ဖြတ်သန်းဆီးကြိုလိုက်တယ်။
အထဲမှာတော့ ဆေးရုံကုတင်တွေလို ရှစ်လုံးလောက်ရှိမယ်ထင်တယ်။ နောက်ထူးခြားတာက သွားဆေးခန်းတွေကလို ဆိုဖာနဲ့ ဆုံလည်ကုလားထိုင် တစ်လုံးလည်းတွေ့ရတယ်။ ရေချမ်းဝင်သွားတော့ အနီဝတ် သူနာပြုဆရာမလေး တစ်ယောက်က ရေချမ်းဆီကို လျှောက်လာပြီး ရေချမ်းလက်ထဲမှ သွေးလှုရန်သုံးမည့် သွေးအိတ်အလွတ်ကို လှမ်းယူရင်း နဘေးက ကုတင်အလွတ်ပေါ် လှဲဖို့ အချက်ပြလိုက်ပါသည်။
ရေချမ်းလဲ အတွေ့အကြုံသစ်ကို ရင်ဖိုနေသူမို့ ဘာစကားမှတောင်မပြောနိုင်ပဲ သူနာပြုဆရာမလေး ညွှန်ပြတဲ့ ကုတင်ပေါ် တက်ရင်း ပက်လက်လှန် အိပ်လိုက်ပါတယ်။ ဘယ်ဘက်လက်ဖျံကို ဆန့်ပေးလိုက်ရင်း မျက်လုံးကို အသာမှိတ်ထားလိုက်ပါတယ်။ သူနာပြုဆရာမလေးက လက်မောင်းကို ဂွမ်းစလေးနဲ့ ပွတ်လိုက်တာ၊ လက်မောင်းရင်ကို ရာဘာကြိုးပြော့လေးနဲ့ စီးနှောင်လိုက်တာ၊ အသားထဲကို ဆေးထိုးအပ်ကလေး ထိုးစိုက်ဝင်လာတာတို့ကိုတော့ ရေချမ်း မျက်စိမှိတ်ထားပေမယ့် အတွေ့တို့က သိနေပါတယ်။
ရေချမ်းကိုယ်ထဲက သွေးတွေ ဘယ်လိုအပြင်ကို ရောက်သွားသလဲတော့ မသိ။ (အလွန်ဆုံးရှိမှ ငါးမိနစ်လောက်ပင် ရှိမည်ထင်တယ်) ခဏကြာတော့ ဆရာမလေး ပြန်ရောက်လာပြီး
“ကဲ…. ပြီးသွားပြီ၊ မျက်စိမဖွင့်နဲ့ဦး၊ ငါးမိနစ်လောက် မျက်လုံးမှိတ် အနားယူလိုက်ဦး။ သွေးလှုလှုပြီးခြင်း ရုတ်တရက်ထရင် မူးတတ်လို့။”
“ဆရာမ ဒီတခါလှုပြီးသွားရင် ဘယ်တော့လောက် နောက်တခါ လာလှုလို့ရပြီလဲ။”
“နောက်လေးလလောက်ဆိုရင် လာလှုလို့ရပြီ၊ လူတစ်ယောက်က တစ်နှစ်မှာ သွေးသုံးကြိမ်ကနေ၊ လေးကြိမ်လှုလို့ရတယ်။”
ရေချမ်း မျက်စိလေး အသာပြန်မှိတ်ထားရင်း ရင်ထဲမှာ ဝမ်းသာပီတိ ဖြစ်နေလေရဲ့။ မလှုခင်တုန်းက စိတ်လှုပ်ရှားမှုတွေ ဘယ်ဆီဘယ်ရောက်မှန်း မသိ၊ ကြက်ပျောက်ဌက်ပျောက် ဖြစ်ကုန်သည်။ နောင်လဲ သွေးလာလှုရဦးမယ်ဆိုတဲ့ အသိစိတ်လေးကတော့ သိသိသာသာ ပေါ်လာသည်။ အရင်တုန်းက ဒီလိုလွယ်ကူမယ်၊ ဒီလိုလှုလို့ရတယ်များ သိရင်ခဲ့ရင်လေ ဆိုသောအသိများ၊ မိမိလို သွေးလှုရမှာကို မသိတဲ့သူ၊ စိတ်မဝင်စားတဲ့သူ၊ သိရက်နဲ့ မလှုတန်းတဲသူ၊ သွေးလှုရမှာကို အထင်မှား အမြင်မှားတွေနဲ့ ကြောက်နေသူများကိုပါ သွေးလှုဖို့ အသိလေးရသွားခဲ့ရင် ဆိုတဲ့ စိတ်တွေသာ ရေချမ်းစိတ်မှာ ဆက်တိုက်ဖြစ်ပေါ်နေလေသည်။
နောက်ပြီး ငါ့သွေးနဲ့ တကယ့်ကို သွေးလိုနေတဲ့ ရောဂါသည်တွေ၊  အမျိုးသားသွေးဌာန အဝင်ဝမှာတွေ့ခဲ့တဲ့ မိသားစုလို သွေးအရေးပေါ် လိုနေတဲ့သူတွေ၊ သွေးလွန်တုတ်ကွေးကြောင့် အမှန်တကယ် သွေးသွင်းဖို့လိုအပ်လာတဲ့ အချိန်တွေမှာ အသုံးချနိုင်ခဲ့မယ်ဆိုတဲ့ အတွေးပီတိတွေ ရေချမ်းကိုယ်ထဲ စီးဝင်လာပါတယ်။
 ဒီလိုအခြေအနေတွေ၊ ဒီလိုအချိန်တွေမှာဆိုရင် တကယ့်ကို သွေးလိုအပ်နေသူတွေရဲ့ ဒုက္ခအဖြစ်သနစ်တွေကို နားလည်သဘောပေါက်မိရင် ရေချမ်း အရင်က သွေးမလှုချင်ခဲ့တဲ့ ကိုယ့်စိတ်ကိုကိုယ် နောင်တရ ဝေဖန်နေမိတော့တယ်။
ငါးမိနစ်လောက်ကြာတော့ ရေချမ်းမျက်စိဖွင့်ပြီး ကုတင်ပေါ် ထထိုင်လိုက်ပါတယ်။ ဘေးပတ်ဝန်းကျင်ကို ကြည့်တော့ အရင်က ရေချမ်းဝင်လာခါစက တစ်ယောက်ထဲ အခု ရေချမ်းကုတင် ခပ်လှမ်းလှမ်းမှာ နောက်ထပ် သွေးအလှုရှင် နှစ်ယောက်လောက်ကို ထပ်တွေလိုက်ပါတယ်။
“ခေါင်းမူးလား။ ဘာမှမဖြစ်ဘူးဆိုရင် သွားလို့ရပါပြီ။ နောက်ပြီး ဒီအဆောင်ရဲ့အနောက်မှာ ကန်တင်းရှိတယ်။ အဲဒီမှာ သွေးအလှုရှင်တွေကို အဟာရဖြစ်အောင် ဆေးနဲ့ အစားအသောက်တွေ ကျွေးတယ်။ သွားစားလိုက်ပါဦး။”
ရေချမ်းတစ်ယောက် အစာဆိုတဲ့ အသံကြားလိုက်ရတော့ စိတ်ဝင်စားသွားသည်။ “ဒီကိုလာခဲ့သမျှ ဒီအစီအစဉ်တော့ အကြိုက်ဆုံးပဲ။” စိတ်ထဲမှာလဲ ကန်တင်းဆိုတော့ ရှယ်ပဲနေမှာလို့။ ရေချမ်းခြေလှမ်းများက ပေါ့ပါးသွက်လက်စွာ အစားအသောက် ကျွေးမွေးရာ အဆောင်အနောက်ဘက် ကန်တင်းဆီ ဦးတည်လိုက်ပါသည်။
ရေချမ်းတို့များ အစာဟေ့ဆိုတာနဲ့ ပါရမီဖြည့်ဖက် မဒမ်ချမ်းကိုတောင် မေ့မလိုဖြစ်သွားတယ်။ ဆော်ရီးပါ။ သွေးလှုခန်းက ရေချမ်းထွက်လာတာနဲ့ မဒမ်ချမ်းက
“အို…. မြန်လိုက်တာ။”
“ဟုတ်တယ်။ သွေးထုတ်လိုက်တာ ခဏလေးပဲ။ ဒါတောင် ဆရာမက သွေးလှုလှုပြီးခြင်း ခဏလောက် မှိန်းနေရမယ်ဆိုလို့ လှဲနေတာ။”
“ဟုတ်လား။ သွေးအားကောင်းလို့ထင်တယ် မြန်တာ။ ကျမအရင် သွေးလှုတုန်းကဆို ဆယ်ငါးမိနစ်လောက်တောင်ကြာ သွားတယ်။ ပြီးတော့ အလုပ်ထဲမှာ သွေးလှုပြီးတဲ့သူတွေကို အဟာရပြန်ပြည့်အောင်ဆိုပြီး ဘူဖေးကျွေးသေးတယ်။”
“ဟုတ်တယ်။ ဒီမှာလဲ ကျွေးတယ်ပြောတယ်။ လာ…လာ”
ရေချမ်းလဲ အနောက်ဘက် ကန်တင်းဆီသို့ မဒမ်ချမ်းအားခေါ်ပြီး ဦးတည်လိုက်သည်။
ကန်တင်းတဲ့။ ရေချမ်း ထင်သမျှ ကန်တင်းတကာ့ ကန်တင်းထဲမှာ ဒီကန်တင်းအသေးဆုံး ဖြစ်မည်။ ဆက်တီတစ်စုံသာရှိပြီး ကောင်တာပေါ်မှာလည်း ဘာစားစာရာမျှ မယ်မယ်ရရ မတွေ့။ ကော်ဖီခွက်အလွတ်တချို့သာရှိသည်။ ရေချမ်းလဲ ပြန်လှည့်ရနိုး ထိုင်ရနိုးနဲ့
“သွေးအလှုရှင်လား”
ရေချမ်း ခေါင်းငြိမ့်ပြလိုက်သည်။ ကောင်တာမှ အမျိုးသမီးက သိပ်အလုပ်ရှုပ်နေပုံရသည် ထိုင်ခုံမှ ဖြေးညင်းစွာထပြီး ရေချမ်းကို အရှေ့ဆက်တီမှာ ထိုင်ဆိုတဲ့ သဘောမျိုးနဲ့ ခေါင်းဆတ်ပြလိုက်သည်။ သူပုံကတော့ အဝယ်မလိုက်တဲ့ ဈေးဆိုင်က အရောင်းစာရေးမလိုပါပဲ။ ဝယ်သူလာရင်တောင် သူတို့အတွက် ရှားပါးပစ္စည်း တစ်မျိုးလိုမျိုး။
ကောင်တာမှ အမျိုးသမီးက ကော်ဖီတစ်ခွက်ရယ်၊ ကိတ်မုန့်တစ်ချပ်ရယ်၊ ကြက်ဥ အစိမ်းတစ်လုံးရယ်၊ နောက် မဒမ်ချမ်းရခဲ့တဲ့ ဖျုရာမင်းဘီစီလို သွေးကောင်းဆေးတစ်ထုပ်ရယ် လာချပေးသည်။ ရေချမ်းလဲ လာချပေးသမျှ အားတောင့်အားနားစွာနဲ့ အပြတ်စားလိုက်ရင်း။ 
“ဒီမှာ သွေးလာလှုတဲ့လူ များလား အဒေါ်”
“တခါတလေလဲများတယ်။ အမြဲတမ်းသွေးအလှုရှင်တွေ၊ အဖွဲလိုက် သွေးလာလှုတဲ့သူတွေ လာရင်တော့ များပါတယ်။ ကျန်အချိန်တွေမှာတော့ အခုလို မနက်အစောပိုင်းဆို သွေးအလှုရှင် သိပ်မရှိတတ်ဘူး။”
“ကျွန်တော် စာစောင်တွေ သတင်းစာတွေမှာတော့ သွေးအလှုရှင်တွေ အများကြီးတွေ့တွေ့နေတာပဲ။”
“ဒီလိုမောင်ရင်တွေတာ များပေမယ့်လည်း တကယ်သွေးအလှုရှင်စာရင်းက သိပ်များတာမဟုတ်ဘူး။ တစ်နိုင်ငံလုံး လူဦးရေနဲ့ တွက်ကြည့်မှ ငါးရာခိုင်နှုန်း လောက်ပဲရှိတာ။”
“သြော်… ဒါဆို အတော်နဲသေးတာပေါ့နော်။”
“ဟုတ်တယ်။ ဒီ အမျိုးသားသွေးဌာနကလည်း မကြာမကြာ နယ်တွေ၊ ရုံးတွေ၊ အဖွဲ့အစည်းတွေမှာ လိုက်ပြီး သွေးအလှုခံရတယ်။ ဒီမှာ လာလှုကြတာတွေကတော့ သိတဲ့လူတွေပဲများပါတယ်။ တချို့တွေက သိရက်နဲ့ လာမလှုနိုင်တာတွေ၊ လာလှုခွင့်မရှိတာတွေ၊ လာလှုရက်နဲ့ သွေးက လက်ခံလို့မရတာတွေ၊ အခြေအနေ အမျိုးမျိုးပေါ် မူတည်တာပေါ့လေ။”
-----------------------------------
ရေချမ်းလည်း  အမျိုးသားသွေးဌာန အပေါက်ဝရောက်လာတော့ ခုနကစောင့်နေတဲ့ မိသားစုကို မတွေ့တော့ပါဘူး။ ရေချမ်းစိတ်ထင် သူတို့လိုတဲ့သွေး ရသွားပြီထင်တယ်။ သေချာအောင် သွေးထုတ်ပေးတဲ့ ဌာနထဲသွားပြီး မေးတော့ သူတို့လိုတဲ့သွေး တခြားမှာရလို့ သွားထုတ်ကြတယ်တဲ့။ ရေချမ်းက ခုနက သူလှုခဲ့တဲ့သွေးကို သူတို့အတွက် လှုမယ်ဆိုရင်ကောဆိုတော့
“သွေးကို ကျမတိုဌာနက သေချာအောင် ဓာတ်ခွဲစမ်းသပ်ပါသေးတယ်။ ရှင်တို့လှုထားတဲ့သွေးတွေ တဆင့်ပြန်လှုလို့ရပြီဆိုတော့မှ ကျမတို့ဆီက ပြန်ထုတ်ပေးပါတယ်။”
ဘာပဲဖြစ်ဖြစ်လေ ရေချမ်းတစ်ယောက်  အမျိုးသားသွေးဌာနလေးမှအထွက် သွေးလိုလို့စောင့်နေတဲ့ မိသားစု သွေးရသွားလို့ စိတ်ပျော်သွားသလို၊ လာတုန်းက မလှုချင်ပေမယ့်လဲ သူတို့မိသားစု ဖြစ်အင်လေးကို အမှတ်တမဲ့ သိရှိလိုက်ရာမှ သွေးလှုချင်စိတ်တွေ ဖြစ်ပေါ်လာပြီး ကြိုတင်စီစဉ်မှု မရှိထားတဲ့ကြားက မွန်မြတ်တဲ့ အလှုတစ်ခုကို ကမ်းဆင့်လှမ်းလင့်လိုက်ရလို့ ထိုမိသားစုလေးကိုရော၊  အမျိုးသားသွေးဌာနကို လမ်းပြခေါ်ဆောင်လာတဲ့ မဒမ်ချမ်းကိုရော ဤစာစုလေးနဲ့ ကျေးဇူးတင်ပါတယ်။
ချမ်းလင်းနေ
www.chanlinnay.blogspot.com

Friday, October 14, 2011

အော်ပရေးရှင်း

အချစ်ဆိုတာ...
ထက်ရှတဲ့ဓါးတစ်လက်ပေါ့။
ကောင်မလေးရယ်
မင်းရဲ့သိမ်မွေ့တဲ့လက်တွေနဲ့
ဓါးထက်ထက်ကိုင်ရင်း
ကြေကွဲနေတဲ့နှလုံးသားပိုင်ရှင်
ဒီလူကို
ခွဲစိတ်လို့ပြုပြင်
ကုသလို့ပြင်ဆင်ပါတော့...
ခွဲစိတ်ရင်း... စိတ်ခွဲရင်း...
နောက်ဆုံးမှာတော့
သြော်...ဘရူးတပ်(စ်)... မင်းလည်းပါတာကိုး...
 
Poe Si

ပိုစ့်တွေမတင်ဖြစ်တာကြာတော့ ကဗျာလေးတစ်ပုဒ် တင်လိုက်ပါတယ်။

Wednesday, October 5, 2011

Friday, September 30, 2011

ထလော့ မြစ်မင်းဧရာ


မြပင်လယ်မှရေတွေ ဘယ်ရောက်နေပြီလဲ
မလိခမှ ရေခဲပွင့်တွေ ဘယ်ရောက်နေပြီလဲ
ရှမ်းရဋ္ဌမှ စိမ့်စမ်းရေတွေ ဘယ်ရောက်နေပြီလဲ
ထင်းရှူးတောင်မှ မွှေးမြရီဝေတွေ ဘယ်ရောက်နေပြီလဲ
မြစ်မင်းဧရာဝတီ   ထလော့   လှလော့   ကလော့
ထလော့ ဧရာဝတီ ရေတွေစီးလော့
ဒဂုန်တာရာ
၁၀-၅-၂၀၁၁
ပိတောက်ပွင့်သစ် စာပေ အနုပညာ မဂ္ဂဇင်း
အမှတ် (၄၀) ဇွန်လ ၂၀၁၁ ခုနှစ်

Wednesday, August 17, 2011

ရေကာတာဖြစ်တော့မည့် မြစ်ဧရာဝတီ



Chinese companies are funding a multi-billion dollar project to dam the Irrawaddy river in Myanmar.

The river, the longest one left undammed in southeast Asia, is important to the Kachin people, and millions of people up and down its length would be affected by the changes, experts say.

When it is dammed, it will leave an area the size of New York City submerged.

There are now concerns over who is to benefit from the river's riches.

Al Jazeera's special correspondent in Myanmar, who we cannot name for security reasons, filed this exclusive report.

Wednesday, May 18, 2011

နှုတ်ဆက်ချိန်

အလင်းကို စမြင်ဖူးကတည်းက
ကျနော်တို့ ဆုံခဲ့ကြတယ်
အခု မျက်စိတွေ မမှိတ်ကြသေးပါဘူး
လက်တွေကတော့ အကြိမ်ကြိမ်ပြခဲ့ရပြီ။

ရင်ဘတ်ချင်းတွေ တူညီကြလို့
ကျနော်တို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်
အကြောင်းတရားတွေကြားမှာ
အကျိုးတရားကို ကျနော်တို့ အတူဖွာရှိုက်ခဲ့ကြတယ်
မထင်ပါဘူး မေမေရယ်
လျှောက်နေတဲ့ လမ်းတွေ မတူညီရုံနဲ့
ဝေးကြရပြန်ပြီ... တဲ့။

တစ်ယောက်လဲမဟုတ် နှစ်ယောက်လဲမဟုတ်
လမ်းတွေကို ချဲ့ထွင်ရင်းနဲ့ နှုတ်ဆက်ရဖန်များလာတော့
နေ့တွေက အရင်လို မချိုမြိန်ကြတော့ဘူး မေမေ
ဝမ်းသာပါတယ်
ငြိမ်းချမ်းစွာသွားပါ .... လို့
ပြုံးပြီးပြောရတဲ့ အဖြစ်ကို ကျနော်စက်ဆုပ်တယ်။

ကျနော့်ကို ထားသွားတဲ့သူတွေနဲ့
ကျနော်က ထားခဲ့ရမယ့်သူတွေ
တကယ်ပါ မေမေ
စိုစွတ်နေတဲ့ ကျနော့်မျက်ဝန်းတွေ ခြောက်သွေ့ဖို့
သံယောဇဉ်ကို ကျနော်ထင်းစိုက်ချင်တယ်
တွေ့ဆုံကြုံကွဲဆိုတဲ့ ဝေါဟာရကို အကျအနထုပ်ပိုး
ကျနော် မမြင်နိုင်တဲ့ စကြာဝဠာအမှိုက်ပုံးထဲ
သွားလေရော့ဟယ်ဆိုပြီး ပစ်လိုက်ချင်တယ်။

ဟန်ဆောင်ငွေ့တွေ အူနေတဲ့
နှုတ်ဆက် မီးခိုးတွေကြား
ကျနော် ခေါင်းမူးတယ် မေမေ
နဂိုကတည်းက ပူတတ်လွန်းတဲ့ နွေရာသီမှာ
ဒီနေ့အပူဆုံးမို့
ကျနော် မပြုံးချင်တော့ဘူး
ကံကြမ္မာကို ရိုးမယ်ဖွဲ့ဖို့ကျတော့လဲ
ကျနော်က ဘာကောင်မှမဟုတ်ခဲ့တော့
မေမေရယ်
ကျနော့်နာရီကလေးက ကျနော့်ကိုပြောတယ်
နောက်ဆုံးတော့
မင်းနဲ့ငါသာ လက်တွဲမဖြုတ်တာပါကွာ ... တဲ့။


ဇော်။
(ကျွန်တော်တို့အိမ်)
www.latlatzaw.blogspot.com

( ဤကဗျာကို အကိုကြီး ကိုချမ်း ( ဘလော့ဂါ ချမ်းလင်းနေ) နှင့် အမပွင့် တို့အတွက် အမှတ်တရအဖြစ်
မေလ ၁၃ရက် ၂၀၁၁၊ သောကြာနေ့ (ဒူဘိုင်းစံတော်ချိန်) နံနက် ၆နာရီ တွင် ကျနော် ရေးဖွဲ့ခဲ့ပါသည်။)

ဒီကဗျာလေးကို ကျွန်တော်ညီ.... ကဗျာဆရာမလေး ဇော်က ကျွန်တော့်အတွက် အမှတ်တရ ကဗျာလေးတစ်ပုဒ်ကို အေဖိုးစာမျက်နှာဖြူလွှလွှလေးမှာ သူ့လက်ရေး ဝိုင်းစက်စက်လေးတွေနဲ့ရေးပြီး စာအိတ်နဲ့အသေအချာပိတ် သူကိုယ်တိုင် ကျွန်တော်လက်ထဲကို အသေအချာထည့်ပေးပြီးမှ ကျွန်တော်အတွက် နှုတ်ဆက်တဲ့ကဗျာလေးပါ။ ဒီကဗျာလေးကို ဖတ်ကြည့်ရင်းနဲ့ပဲ ရင်ထဲမှာ စိတ်မကောင်းခြင်း တဖွားဖွားပါပဲ။ 

နှုတ်ဆက်ချိန်ရောက်လာတော့လည်း လက်ပြနှုတ်ဆက်ရတာပေါ့လေ။ ဒါပေမယ့်လည်း ရင်ဘတ်ထဲကိုတော့ သံမှိုထက်တောင် ခိုင်မြဲတဲ့ အမှတ်ရခြင်းများစွာနဲ့ အမှတ်တမဲ့ကနေ အမှတ်တရအသွင် ပျော်ဝင်ခဲ့တာပါ။

ကိုပီတာလင်းကြယ်ဖြူကိုဟန်ကိုဗျတ်ဇလီယိုမနှင်းဇော်မငုံအိန်ကျယ် (ခ)ဖြူစင်ကြယ်ကောင်းကင်သမီးပျို၊ ဘလောက်မရေးပေမယ့် တကယ့်ကို စာအရေးကောင်းတဲ့ ဘကြီးမိုး၊ အေးဆေးနေတတ်တဲ့ စာရေးဆရာ ကိုဧကံဖြိုး၊ ဘလောက်တွေမှာ စာတွေလိုက်ဖတ်ပြီး အားပေးတတ်တဲ့ ကိုသာယာ တို့နဲ့အတူတူ ဒဒွေးမြေမှာ ရင်ဘတ်ခြင်းတွေတူလို့ စာတွေရေး မိတ်တွေဖွဲ့ရင်း ဆုံတွေခဲ့ရတာလေးတွေ အမှတ်ရနေဆဲပါလေ။ 

ဟန်ဆောင်မှုကင်း ရိုးသားခြင်းတွေနဲ့ တစ်ဦးပေါ်တစ်ဦး တကယ် မိတ်ရင်းဆွေရင်း ညီအစ်ကိုမောင်နှမ အရင်းတွေလို ချစ်ခင်လေးစားခဲ့ကြတဲ့ ဒဒွေးမြေမှ ဘလောဂါမောင်နှမတွေကို ကျွန်တော် အမြဲသတိရနေမှာပါ။ ဒဒွေးမြေမှ ခွဲရပေမယ့်လည်း ကျွန်တော်တတ်နိုင်သ၍ ဘလော့ဂ်ကိုတော့ အသက်ဆက်သွားဦးမှာပါ။

နောက် ကျွန်တော်ဘလောက်ပေါ် ခြေလှမ်းစရာမှ ယခုအထိ အပြင်မှာ မမြင်ဖူးပေမယ့် သိကျွမ်းရင်းနှီးခဲ့ရတဲ့ ဘလောဂါမောင်နှမတွေအားလုံးကိုလည်း လေးစားခင်မင်စွာဖြင့် မှတ်မှတ်ရရရှိနေမှာပါ။ ကျွန်တော်တင်သမျှပိုစ့်လေးတွေကို ဖတ်မှတ်အားပေးခဲ့သောသူများ၊ ဝင်ရောက်လေ့လာသူများ၊ ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ဗျာ။ 

ကျွန်တော်ဘလောက်လေးကို ရန်ကုန်မှ ဝင်ရောက်ဖတ်ရှုနိုင်အောင် host ပြောင်းပေးတဲ့ Mandalay Blogger အဖွဲ့မှ ညီညီ အိုင်တီ(မန်း) ကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ။ သူ့ကျေးဇူးကြောင့် ကျွန်တော် ရန်ကုန်ရောက်တော့ ကျွန်တော့် ဘလောက်လေးကို ကျော်ခွစရာမလိုပဲ ဖတ်လို့ရလို့ဗျာ။

ကျွန်တော် ဒဒွေးမြေကသာ အပြီးတိုင် နှုတ်ဆက်ထွက်ခွာမှာပါ။ ဘလောက်လောကကိုတော့ ခြေလှမ်းကြဲရုံလောက်ပဲ ရှိမှာပါ။ ဆက်လက်ပြီး ကျွန်တော်တတ်နိုင်သ၍ ပိုစ့်တွေ တင်နေဦးမှာပါ။

ဘလောက်တွေ အရင်ကလောက် ခြေမချနိုင်ရင်လည်း သူငယ်ချင်းတို့ရေ..... ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်ဗျာ။ 

့ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Tuesday, April 19, 2011

မျက်လုံးနှင့်ရှင်သန်သူများ...

လောကမှာနှာခေါင်းနဲ့အသက်မရှုပဲ
တစ်ယောက်နဲ့တစ်ယောက်
တစ်ယောက်ကဘာလုပ်နေတယ်ဆိုတာကိုကြည့်ပြီး
တစ်ယောက်ကဝေဖန်ရင်း
မျက်လုံးတွေနဲ့အသက်ရှုကြတယ်...

အဟာရပြည့်တဲ့နို့တစ်ခွက်အစား
အမြင်ကောင်းအောင်လုပ်ထားတဲ့
အမှိုက်သာသာမုန့်ပဲသရေစာတွေနဲ့တင်းတိမ်လို့
ပသာဒနဲ့အဟာရလဲလှယ်ကြတယ်...

မူလီတစ်လုံးလောက်တောင်မှ
အသုံးမဝင်တဲ့သတ္ထုတွေကို
လည်ပင်းမှာဆွဲပြီး
ခေါင်းမငြိမ့်တတ်တော့လောက်အောင်ကို
မျက်လုံးတွေနဲ့တန်ဖိုးသတ်မှတ်ကြတယ်...

အားနည်းတဲ့လက်တစ်စုံကိုငြင်းပယ်လို့
အရေပြားတစ်ထောက်စာအလှအတွက်
ဘဝကိုအရောင်းအဝယ်လုပ်လို့
မျက်လုံးကိုအစာကျွေးတတ်ကြတယ်...

ကဗျာတစ်ပုဒ်ဖတ်ဖို့ထက်
မဲပြာပုဆိုးခိုးခိုးခစ်ခစ်ကိုမှ
ရင်ခုန်အောင်ကြည့်ပြီးအလွမ်းတွေဝေနေအောင်ခံစားရင်း
မျက်လုံးကိုမျက်ရည်ကျခိုင်းတတ်ကြတယ်...

ခုန်နေတဲ့နှလုံးသားရဲ့အသံကိုနားထောင်ဖို့ထက်
သော့တွဲနဲ့နတ်ရုပ်တွေကိုပဲရှာဖွေရင်းနဲ့
တစ်ချို့တစ်ချို့တွေက
မျက်လုံးတွေနဲ့မြင်ရင်း...
အကြည့်တွေနဲ့ရင်ဆိုင်ရင်း...
အသက်ရှင်တယ်....။

Poe C
5.7.2010(9:57 PM)

Tuesday, April 5, 2011

နဖူးမှာမတို့လိုက်တဲ့ ပြာတစ်တို့ရဲ့ နောက်ကွယ်

(၁)
အရာအားလုံးပြီးသွားပေမယ်လို့ တစ်ချို့က အခုမှစတယ်။ သွားနှင့်တဲ့သူကို အကောင်း ဆုံး လိုက်ပါပို့ဆောင်လို့ ပြန်လာတဲ့သူတွေက ပြန်လာကြတယ်။ တစ်ချို့အတွက်တော့ ဇာတ်လမ်းက အခုမှစတယ်။

(၂)
မဒေါနတစ်ယောက် အလုပ်တွေရှုပ်နေတယ်။ အိပ်လို့တောင်မပျော်ဘူး။ နက်ဖြန်ခါကျရင် ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားရင်း နဖူးပေါ်လက်တင်တော့ ပက်လက်၊ လက် ပေါ်နဖူးတင်တော့ မှောက်ရက်ဖြစ်လို့နေတယ်။ အစီအစဉ်တွေလည်း ခေါင်းထဲမှာ ပြည့် နှက်လို့နေတယ်။ နောက်ဆုံးမျက်စိကိုစုံမှိတ်ပြီး စိတ်နှလုံးဒုံးဒုံးချလို့ ငါကကောင်းစေချင် တဲ့စေတနာနဲ့ လုပ်တာပဲလို့ တွေးရင်းနဲ့ပဲ ညတစ်ညကို ကုန်ဆုံးစေလိုက်တယ်။

မနက်မိုးလင်းချိန်မှာတော့ မဒေါနက သူ့လုပ်ငန်းစဉ်ကို စတင်တယ်။ လူနိုင်ဖြစ်တဲ့ အစ်မလတ်ရဲ့ယောက်ျားခဲအို ကိုမောင်နိုင်နဲ့ တူအငယ်ကောင်ခေါ်ပြီး သေလို့မှရက်မ လည်သေးတဲ့ အစ်မကြီးအိမ်ကို သွားတယ်။ အိမ်လည်းရောက်ရော၊ တံခါးခေါက်ကြည့် တော့ အတော်ပဲဖြစ်သွားတယ်။ လောလောလတ်လတ် မုဆိုးဖိုဖြစ်နေတဲ့ အစ်မကြီးရဲ့ ယောက်ျားက အိမ်မှာရှိမနေဘူး။ တူအကြီးကောင်ကပဲ တံခါးလာဖွင့်ပေးတယ်။ တူတွေ ကတော့ အကြီးကောင်ကကိုးတန်း၊ အငယ်ကောင်က ခုနှစ်တန်းပဲရှိသေးလို့ သူပြောသမျှနာခံရမှာပဲ။ ဒီလိုနဲ့ ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောရင်နဲ့ပဲ မဒေါနက သူ့အလုပ်ကိုသူစတယ်။

ပထမဦးဆုံးအိပ်ခန်းထဲဝင်တယ်။ သော့ခတ်ထားတဲ့ဗီဒိုကို တူအကြီးကောင်ဆီက သော့ယူပြီးဖွင့်တယ်။
ထမိန်တွေတွေ့တော့။ သားတို့မိန်းမယူရင်ဝတ်ဖို့ အဒေါ်ကြီးသိမ်း ထားပေးမယ်ဆိုပြီး ယူလာတဲ့ ဆာလာအိတ်ထဲထည့်တယ်။


“ဖိနပ်တွေကော။”

“သားတို့ မိန်းမယူရင်ပြန်ပေးမယ်။”

“ခြေထောက်က တစ်ယောက်တစ်ယောက် ဆိုဒ်မှမတူတာ။”

“ဪငါတူတွေနဲ့ တုံးလိုက်တာ ခြေထောက်ကကြီးနေတော့ ခြေထောက်ကို လှီးပေါ့၊ ဖိနပ်ကကြီးတော့လည်း ဖိနပ်ပေါ့။ ဒါများဘာခက်တာလိုက်လို့။”

“ဒါက သြကြီး(သေသွားတဲ့အစ်မကြီးနဲ့ မဒေါနတို့ရဲ့မောင် အငယ်ဆုံး) မင်္ဂလာဆောင်တုန်းက အဖွားက သူ့သမီးလေးယောက်ဝတ်ဖို့ဆိုပြီး တစ်ယောက်တစ်ထည် ဆင်တူ ဝယ်ပေးတဲ့ ချိတ်လုံချည်တွေမှတ်လား။”

“အေးလေ။ နင်တို့၊ ဖိုးစည်(အစ်မလတ်နဲ့ အခုခေါ်လာတဲ့ ကိုမောင်နိုင်တို့ရဲ့သား)တို့ မိန်းမယူရင် ပြန်ပေးမှာပေါ့။ ကိုယ့်အဒေါ်က မတရားလုပ်ပါ့မလား။ နောက် အိသဲ(မဒေါ နရဲ့ နောက်ထပ်အစ်မလတ်တစ်ယောက်က မွေးတဲ့သမီး) ကြီးလာရင်လည်း တစ် ထည်ပေးရဦးမှာ။”

“ပုသိမ်ထီး၊ ပုသိမ်ထီး။ ဒါကရော ကျွန်တော်တို့မိန်းမအတွက်ပဲလား။ ကျွန်တော်တို့ မိန်း မတွေက ပုသိမ်ထီးတော့ ဘယ်ဆောင်းမှာတုန်း။”

“ဟဲ့… ဒါက အိသဲအတွက်ဟဲ့။”

“ဟင်… အိသဲက အခုပဲ ၆တန်း၊ ၇တန်းရောက်နေပြီ။ နောက်ပြီးတော့ ဒေါ်ကြီးတူမက ပဲကလည်း ခပ်များများနဲ့။ ဒါကြီးဆောင်းပါတော့မလား။ အိမ်မှာတောင် ဘယ်သူမှမ ဆောင်းလို့ ဒီအတိုင်းအလှထား ထားတာကို။”

“ဆောင်းဆောင်းမဆောင်းဆောင်း သိမ်းတာတော့ သိမ်းထားရမှာပဲ။”

“မိတ်ကပ်ဘူးတို့၊ ရေမွှေးတို့၊ အလှပြင်ပစ္စည်းတို့ဗျာ။”

“ဒါလည်းနင်မိန်းမ ယူရင်ပြန်ပေးမှာပေါ့။”

“အင်္ကျီတွေကရော၊ မိန်းမယူရင်ပဲလား။”

“ဟုတ်တယ်၊ အနွေးထည်တွေကောပဲ။”

“နာရီတို့၊ မျက်မှန်တို့ကော။”

“အဲဒါတွေလည်းပါတယ်။”

“တခြားလက်ဝတ် လက်စားတွေကတော့ ထားပါတော့။ အမေဆေးကုတာနဲ့ပဲ ကုန်သ လောက်ရှိနေပါပြီ။ ဒါပေမယ့် အမေသေတုန်းက ဝတ်ထားလို့ ပါရဂူဆေးခန်းမှာ အ လောင်းကနေ ချွတ်ပေးလိုက်ရတဲ့ နားကပ်ကော။ အဲဒီတုန်းက အဖေကြီးတို့တောင် ပူ ထူနေပြီး သတိမရကြလို့ ဆေးခန်းက နပ်စ်မကလေးက ချွတ်ပြီးပေးလိုက်တာလေ။”

“အဲဒါလည်း ငါကနင်တို့အဖွားအိမ်မှာ သိမ်းပေးထားတယ်။ နင်တို့မိန်းမယူရင် နင်တို့ မိန်းမတွေကို ပေးမှာပဲ။”

“ဒါပေမယ့် နားကပ်က တစ်ရံတည်းလေ။ တစ်ယောက်တစ်ဖက်ဆီ ပန်လို့မှမရတာ။”

“အေးလေ ရောင်းပြီး နင်တို့ညီအစ်ကိုနှစ်ယောက် ပြန်ခွဲပေါ့။”

“ဟောဗျာ ကျွန်တော်တို့က နားကပ်တစ်ရံအတွက်နဲ့ မယူမနေရမိန်းမယူရမလို ဖြစ်နေ ပြီ။”

“မရဘူး နင်တို့မိန်းမယူမှ ငါကပြန်ပေးမှာ။ အခု ငါသိမ်းထားမယ်။”

ဒီလိုနဲ့ပဲ ညနေလည်းစောင်းရော ဆာလာအိတ်သုံးအိတ်အပြည့် အဝတ်အစားတွေနဲ့ တိုလီမုတ်စတွေ ပြည့်သွားပါတယ်။ အဲဒါတွေကိုသယ်ပြီး ဘတ်စ်ကားစီးပြီးတော့ အိမ် ပြန်လာကြတယ်။ ပစ္စည်းတွေကိုတော့ ကိုမောင်နိုင်ကထမ်းပေါ့။ ည၈နာရီ၊ ၉နာရီလည်း ရောက်ရော၊ တူအကြီးကောင်က အိမ်ကိုပေါက်ချလာတယ်။ အိမ်အပေါ်ထပ် ထပ်ခိုးကို ဝုန်းဝုန်းဒိုင်းဒိုင်းနဲ့ပဲ တစ်ခါတည်းတန်းပြီးတော့ တက်သွားတယ်။ အဖွားအိမ်ပဲ။ သူက လည်းဒီလိုပဲလာနေကြမို့လို့ လူကြီးတွေက သိပ်တောင်ဂရုမစိုက်မိကြဘူး။ နောက်မှ ထပ်ခိုးပေါ်ကနေ တဟီးဟီးနဲ့ငိုသံကြားလို့ အိမ်မှာရှိတဲ့သူအားလုံးက ထပ်ခိုးပေါ်ကို လိုက်တက်သွားကြတယ်။ အပေါ်ထပ်ရောက်လို့ ကြည့်လိုက်တော့ အကြီးကောင်ကြီး က တရှုံ့ရှုံနဲ့ငိုနေတာတွေလို့ မဒေါနမောင်အငယ်ဆုံးကပဲ၊

“သားကြီးရေချမ်း၊ ဘာဖြစ်တာလဲ၊ သြကြီးကိုပြော”
လို့ မေးပေမယ့်လို့ ဘာမှပြန်မဖြေဘူး။ ငိုပဲငိုနေတယ်။ နောက်ဆုံးတော့ ဖွားအေလုပ်တဲ့သူကပါ မနေနိုင်လို့ ဝင်မေး တော့မှ

“မနက်ကအဒေါ်ကြီးက အိမ်ကအမေ့ပစ္စည်းတွေကို ယူချသွားတယ်။ အဖေကြီးလည်း ပြန်ရောက်လာရော၊ မင်းတို့အမေပစ္စည်းတွေဘယ်ရောက်ကုန်လဲလို့ မေးတော့ အဒေါ် ကြီးယူသွားတယ်လို့ သားတို့ကပြန်ဖြေတာကို အဖေကြီးက ကျန်တဲ့ပစ္စည်းတွေကို သူနဲ့ ဘာမှမဆိုင်ပဲနဲ့ ယူသွားပေမယ့်လို့ ငါခွင့်လွှတ်တယ်၊ ဒါပေမယ့် အမေကြီးကိုင်နေကြ ဆလင်းဘတ်အိတ်ကို ယူသွားတာတော့ အမေကြီးမသေခင်က တမြတ်တနိုးသုံးခဲ့တဲ့ပစ္စည်းမို့လို့ မကျေနပ်ဘူး။ ယူတဲ့သူကို ငါသတ်မယ်လို့ ဓါးကြိမ်းကြိမ်းပြီး ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ကို ဆူနေလို့ ကျွန်တော်အိမ်ကနေ ထွက်လာတာ”လို့ ဖြေရှာတယ်။ 

ဒါနဲ့ပဲ မဒေါနရဲ့မောင်က မဒေါနကိုဆူပါလေရော။

“အပျိုကြီးရယ်၊ နင်ကလည်း ဦးဏှောက်မရှိတာ၊ သူ့မိန်းမပစ္စည်း သူ့မိန်းမသေရင် ယောက်ျားလုပ်တဲ့သူက ပိုင်တာပဲ။ သူ့စိတ်တိုင်းကျ သူ့ဖာသာသူစီစဉ်မှာပေါ့။ နင်က မမေးမမြန်းပဲနဲ့လုပ်တာကို။ သွားပြန်ပေးလိုက်။”

မဒေါနကတော့ မျက်လုံးကလေး ကလယ်ကလယ်နဲ့ ငြိမ်ပြီး နားထောင်နေရတယ်ပေါ့လေ။ သူကလည်း အမှားလုပ်ထားတာကိုး။ ဒါပေမယ့်လည်း ပစ္စည်းတွေကတော့ ပပထူတာတောင် မထချင်တဲ့ပုံနဲ့ နေရာမရွေ့ပဲ မဒေါနရဲ့ဗီဒိုထဲမှာ ခန့်ခန့်ကြီးနဲ့ဆန့်ဆန့် ကြီး နေနေကြတော့တယ်။

(၃)
မောင်နှမငါးယောက်ထဲမှာ အကြီးဆုံးဖြစ်လို့ အစ်မကြီးအမိရာနဲ့ စောင့်ရှောက်ခဲ့တဲ့သူ လည်းဖြစ်၊ ဆွေတွေမျိုးတွေကြားထဲမှာလည်း သမာသမတ်မျှတတဲ့ ဦးစီးဦးဆောင် ကောင်းတစ်ယောက်ဖြစ်တဲ့အပြင် အားလုံးကချစ်ခင်လေးစားကြတဲ့ အစ်မကြီး ကွယ်လွန်သွားခြင်း လေးနှစ်ပြည့်တဲ့အတွက် အစ်မကြီးအတွက် ရည်စူးပြီး ဆွမ်းကျွေးအလှူ လုပ်ကြတယ်။ ကိုယ့်အိမ်ရှိ မိသားစုတွေနဲ့ပဲ နည်းနည်းနဲ့ကျဲကျဲ ဝိုင်းလိုက်ကြတယ်။ အဲဒီ အလှူကို အစ်မလတ်နဲ့ သူ့အမျိုးသားကိုမောင်နိုင်တို့လည်း လာတယ်။ ဆွမ်းကျွေးပြီးတော့ လူတွေအလှည့်ပေါ့။ အားလုံးလည်း စားပြီးသောက်ပြီးရော ပြန်တဲ့သူတွေက ပြန် ကုန်ကြတယ်။ ပန်းကန်တွေ၊ ခွက်တွေဆေးရင်းကြောရင်းနဲ့ ကျန်ခဲ့တဲ့အစ်မလတ်ကိုတော့ သူ့အမျိုးသားက စောင့်ကျန်နေခဲ့တယ်။ အဲဒီအချိန်မှာပဲ မုဆိုးဖိုဖြစ်နေတဲ့ ဦးချစ်ကပဲ အိမ်ရှေ့ဝရံတာကို ခေါ်သွားပြီးတိုင်ပင်တယ်။

“မောင်နိုင်ရာ၊ ငါလည်းပဲ။ အသက်မငယ်တော့ဘူး။ မင်းတို့အစ်မကြီးလည်း ဆုံးတာ လေးနှစ်လောက်ရှိပြီ။ ငါ့မှာလည်း ဆေးပေးမီးယူ အဖော်တစ်ယောက်တော့ လိုတယ်ကွာ။ ကလေးတွေလည်း မအေမရှိတော့ အနည်းအများဆိုသလို စိတ်လေပြီး ပျက်စီးတာတော့ရှိတာပဲ။ အိမ်မှာလည်း ငါတို့သားအဖတွေအတွက် ချက်ဖို့ပြုတ်ဖို့၊ လျှော်တာ ဖွတ်တာလုပ်ဖို့ ကူဖော်လောင်ဖက် မိန်းမသားတစ်ယောက်တော့လိုတယ်ကွာ။ အဲဒါနဲ့ ငါလည်း မယားညီအစ်ကိုဖြစ်ရုံတင်မက၊ မင်းတို့အစ်မကြီးရှိတုန်းကတည်းက ညီအစ်ကိုလိုဖြစ်နေလို့ မင်းကိုထုတ်ပြီး တိုင်ပင်တာပါ။”

“အင်း......ဟုတ်တာပေါ့၊ ဦးချစ်ရာ။ ဦးချစ်နောက်အိမ်ထောင်ပြုမယ်ဆိုလည်း အပြစ်ပြောစရာ ကျွန်တော့်အနေနဲ့တော့ မရှိဘူး။ နောက်ဦးချစ် အစ်မကြီးရှိစဉ်က အိမ်ထောင်ဦးစီး တာဝန်ကို ပြည့်ပြည့်ဝဝထမ်းဆောင်ခဲ့တာပဲ။ ကျွန်တော်မှတ်မိတယ်။ အစ်မကြီးနဲ့ ကလေးတွေက ရုပ်ရှင်ကြည့်ချင်တယ်ဆိုလို့ လိုက်ပြတာ၊ ကလေးတွေက ရုပ်ရှင်ကြည့်နေပေမယ့်၊ ဦးချစ်က ခုံပေါ်မှာထိုင်ရက်ကြီး အိပ်ပျော်ရင်းနဲ့ ဟောက်နေတယ်။ အဲဒီလောက်အထိ မိန်းမနဲ့ကလေးတွေကို အပင်ပန်းခံပြီး ရှာဖွေကျွေးမွေးလာခဲ့တာပဲ။ နောက်တစ်ခုက အခု ဦးချစ်နောက်အိမ်ထောင်ပြုမယ်ဆိုရင်လည်း ဒါဖောက်ပြန်တာမှ မဟုတ်တာ။ တစ်ပင်လဲလို့တစ်ပင်ထူတာပဲ။ ကျွန်တော်တော့ အပြစ်ပြောစရာမရှိပါဘူး။ ဦးချစ် တွေ့ထားတာရှိလို့လား။”

“ငါတော့ မျက်စိထဲ မဒေါနကို မြင်မိတာပဲ။ မောင်နိုင် မင်းကော ဘယ်လိုထင်သလဲ။”

“အဲဒါတော့ ဦးချစ်နဲ့ ကျွန်တော်နဲ့ အမြင်ခြင်းတူတယ်။ ဟုတ်တယ်၊ ကျွန်တော်လည်း မဒေါနကို ဦးချစ်နဲ့သဘောတူတယ်။ ဦးချစ်အနေနဲ့လည်း အဆင်ပြေပြေ ကိုယ့်လူရင်းထဲကပဲ အိမ်ထောင်ဖက်ရမယ်။ သူစိမ်းဆို သူ့အကြောင်း ကိုယ့်အကြောင်း မသိတာနဲ့။ နောက်ကျွန်တော်တို့ ယောက္ခမကြီးဆုံးရင်လည်း အမွေကိစ္စတွေဘာတွေမှာ ဦးချစ်နဲ့ ကလေးတွေအတွက် အခက်အခဲမရှိတော့ဘူး။ ညီအစ်မအချင်းချင်းကိုး။ နောက်ကလေးတွေအတွက်လည်း သူစိမ်းမိထွေးဆိုတာထက်စာရင် အမေညီအစ်မအရင်း၊ ကိုယ့် အဒေါ်အရင်းပဲ။ သူစိမ်းထက်တော့ သာမှာပါ။ သူတို့ချင်းလည်း ပိုရင်းနှီးတာပေါ့။ နောက်ဦးချစ်သေရင်လည်း ကလေးတွေ အမွေကိစ္စတို့ဘာတို့က ပိုစိတ်ချရမယ်။ သူစိမ်းဆိုရင်တော့ ကလေးတွေရဖို့က မသေချာတော့ဘူး။ မဒေါနဖက်က ကြည့်ရင်လည်း ဦးချစ်က မုဆိုးဖိုဆိုပေမယ့် မိသားစုအပေါ်ကောင်းတဲ့သူ၊ လင်ကောင်းသားကောင်းလို့ ပြောလို့ရပါတယ်။ ပစ္စည်းဥစ္စာလည်း အသင့်အတင့်ရှိတဲ့ သူပဲ။ ကျန်မိသားစုဖက်က ကြည့်တော့လည်း ကိုယ့်လူအချင်းချင်းဆိုတော့ သူစိမ်းဝင်မပါတော့ဘူးပေါ့။ အသိုက်အမြုံလည်း မပျက်တော့ဘူး။ ပတ်ဝန်းကျင်အပြောအဆိုလည်း သူစိမ်းကိုယူတာထက် စာရင်တော့ နည်းတာပေါ့။ ဘာလို့လည်းဆိုတော့ ဒီလိုအစ်မသေလို့ ညီမကိုဆက်ယူ တာတွေလည်း အများကြီးကို။ အားလုံးအဆင်ပြေမယ့်ကိစ္စပဲ ကျွန်တော်တော့ အားပေးပါတယ်။”

“အေးကွာ၊ ငါလည်း မဒေါနကိုတော့ ဆောင်းပါးရိပ်ခြေပြောထားတယ်။ ဘယ်လိုတုံ့ပြန် မယ်တော့မသိသေးဘူး”

“အဆင်ပြေမယ်ဆိုရင်တော့ ကောင်းတာပေါ့၊ ဦးချစ်ရယ်။”

(၄)
မဒေါနတစ်ယောက် အလုပ်တွေရှုပ်နေတယ်။ အိပ်လို့တောင်မပျော်ဘူး။ နက်ဖြန်ခါကျရင် ဘာလုပ်ရမယ်ဆိုတာကို စဉ်းစားရင်း နဖူးပေါ်လက်တင်တော့ ပက်လက်၊ လက်ပေါ်နဖူးတင်တော့ မှောက်ရက်ဖြစ်လို့နေတယ်။ အစီအစဉ်တွေလည်း ခေါင်းထဲမှာ ပြည့်နှက်လို့နေတယ်။ နောက်ဆုံး မျက်စိကိုစုံမှိတ်ပြီး စိတ်နှလုံးဒုံးဒုံးချလို့ ငါကကောင်းစေချင်တဲ့စေတနာနဲ့ လုပ်တာပဲလို့ တွေးရင်းနဲ့ပဲ ညတစ်ညကို ကုန်ဆုံးစေလိုက်တယ်။

                             ********

မနက်လည်းရောက်ကော မဒေါနက သူ့အမေကို ပြောတယ်။

“အမေ ဒီနေ့နေ့လည်ကျရင် ဦးချစ်မောင်အိမ်ကိုလာလိမ့်မယ်။ အမေသိတယ်မှတ်လား ဘာလို့လာတယ်ဆိုတာကို။ သူနဲ့ယူလိုက်ရင်၊ ကလေးတွေက သမီးကို မိထွေးခေါ်ကြမှာပေါ့။ သမီးအတွက်လည်း မကောင်းဘူး၊ ကလေးတွေအတွက်လည်း မကောင်းဘူး၊ ပတ်ဝန်းကျင်ကလည်း သမီးတို့ကို ဘယ်လိုပြောမလဲ။ အဲဒီတော့ အမေက ဦးချစ်မောင်လာလို့ သမီးကိုမေးရင် သမီးမရှိဘူးလို့ပြောလိုက်၊ သမီးက အပေါ်ထပ်မှာပုန်းနေမယ်။”

(၅)
ဒီလိုနဲ့နှစ်တွေကြာပြီးတဲ့နောက်မှာ ကိုရေချမ်းနဲ့ သူ့အမျိုးသမီးတို့ ကျွန်တော့်အိမ်ကို လာကြပါတယ်။ ဟိုအကြောင်းပြော၊ ဒီအကြောင်းပြောကြရင်းနဲ့ ကျွန်တော့်အိမ်မှာရှိတဲ့ အမေစိုက်ထားတဲ့ ဒန်းစင်းလေဒီပန်းအိုးကိုတွေ့တာနဲ့ ကျွန်တော်က......


“ဒါအစ်ကိုကြီးအမေက အမေ့ကိုမျိုးခွဲပေးလိုက်တဲ့အပင်တွေလေ။ အသက်တွေသိပ် ကြီးလို့ ပန်းတောင်မပွင့်နိုင်တော့ဘူး။ ဒါပေမယ့်အမေက ငါ့အစ်မကြီးပေးသွားတဲ့အပင် တွေဆိုပြီး အမြတ်တနိုးနဲ့ ရေလောင်းပေးနေတုန်း”လို့ ပြောရင်းသူတို့ကို ပြရတယ်။

အစ်မက “ငါနဲ့နင့်အစ်ကို ရန်ဖြစ်ကြသေးတယ်”လို့ ပြောလို့ ကျွန်တော်က သူတို့ကိုပျော် စေချင်တာနဲ့ စပါတယ်။

“အစ်မကလည်း ဖြစ်မှာပေါ့။ အစ်ကိုကြီးက အစ်မကို ချစ်လို့ယူတာမှ မဟုတ်တာ။ အ ဒေါ်ကြီးဗီဒိုထဲက သူ့အမေပစ္စည်းတစ်ခုတွေ့လိုက်ရင်း အဒေါ်ကြီးက နင်တို့ညီအစ်ကို မိန်းမယူရင် နင်တို့မိန်းမတွေကို ပေးမယ်လို့ ပြောလိုက်ရင်းနဲ့။ အဲဒီလိုဆိုတော့ အစ်ကို ကြီးက အဒေါ်ကြီးဆီက အမွေကိုလိုချင်တာနဲ့ မိန်းမရပြီးရောကွာဆိုပြီးတော့ အစ်မကို ယူလိုက်တာ”လို့ စဖြစ်ပါတယ်။ တကယ်ထင်သွားမှာစိုးလို့လည်း “စတာနော်အစ်မ”လို့ ကိုယ့်စကား ကိုယ်ပြန်ဖာရသေးတယ်။

“အေးကွာ၊ အမေ့ပစ္စည်းတွေမှာ ကျန်တာတော့မမက်ပါဘူး။ အမေ့နားကပ်ကလေးပဲ။” လို့ ကိုရေချမ်းက နှမြောတသသနဲ့ ပြောပါတယ်။ ဒီတော့မှအစ်မက အလန့်တကြားနဲ့

“အမလေး၊ မောင်ရယ်၊ နင့်အဒေါ်ပစ္စည်းတွေတော့ မယူပါရစေနဲ့။ တော်ကြာသူသေရင် မကျွတ်ပဲနဲ့။ ငါတို့ကို လာခြောက်နေပါဦးမယ်။”

အစ်မက သတ္တိခဲပါ။ အိပ်ရင်တောင် တစ်ယောက်ယောက်ရဲ့အသားနဲ့ ထိမနေရင် မ အိပ်တတ်ပါဘူး။ ဗန္ဓုလသွေးပါတာပေါ့။

“ဒီလိုဆိုရင် အစ်ကိုကြီးရာ၊ ကြီးမေနားကပ် အဒေါ်ကြီးဆီမှာရှိသေးလားလို့ အဒေါ်ကြီး ကိုမေးလိုက်၊ မရှိရင်လည်းဆုံးပေါ့။ ရှိသေးတယ်ဆိုရင်တော့လည်း၊ အဲဒီနားကပ်ကို ရောင်းပြီး သုံးလိုက်တော့၊ သားတို့ညီအစ်ကိုက ကြီးမေအတွက်ရည်စူးပြီး အဒေါ်ကြီး ကိုလှူတယ်လို့ ပြောလိုက်။ သူလည်းအခုအဖွားလည်းမရှိတော့ အပျိုကြီးတစ်ယောက် တည်းနေနေရတာ။ တော်တော်လေး ငွေရေးကြေးရေးကျပ်တည်း နေတယ်ဆိုတော့။ သူသုံးချင်ရင်လည်းသုံးပေါ့။ မသုံးပဲနဲ့ ငါလှူမယ်ဆိုလည်း၊ အဒေါ်ကြီးအိမ်မှာပဲ ကြီးမေကိုရည်စူးပြီး ဘုန်းကြီးဆွမ်းကပ်လိုက်တာပေါ့။ နားကပ်ကလည်း မက်လောက်စရာမှမရှိတာ။ ကျောက်တွေဘာတွေထုတ်ပြီး ပြန်ရောက်လိုက်ရင်၊ အခုရွှေဈေးနဲ့ သုံးသိန်း ကျော်ကျော်ပေါ့။ ဘာတန်တာမှတ်လို့။ မဟုတ်ရင်သူလည်း သူများပစ္စည်း ခိုးတယ် တော့မဟုတ်ဘူးပေါ့လေ ဒါပေမယ့်လည်း ပိုင်ရှင်သဘောမတူပဲနဲ့ ယူတာဆိုတော့လည်း။ သူလည်း အကုသိုလ်ဖြစ်မယ်။ အဲဒီတော့ဘာမဟုတ်တာနဲ့ ဇယားအရှုပ်မခံပဲနဲ့ အခုတည်းက ရှင်းလိုက်တာကောင်းတယ်။”လို့ ကျွန်တော်ကဝင်ပြီး ဆရာလုပ်တာနဲ့

“အေးကွာ၊ မင်းပြောတာမဆိုးပါဘူး၊ ငါကြည့်ပြီးစီစဉ်လိုက်ပါမယ်။ အဒေါ်ကြီးနဲ့အဖေနဲ့ ကိစ္စအဆင်ပြေသွားခဲ့ရင်လည်း ကောင်းသားကွာ။ ငါတို့လည်း သားအဖတွေ အခုလို တကွဲတပြားမဖြစ်တော့ဘူး။ တစ်ယောက်နဲ့တစ်ယောက်လည်း သားအဖအချင်းချင်း  စိတ်ဆိုးရတာ၊ ဒေါသထွက်ရတာတွေ မရှိတော့ဘူး။ အဖေလည်း ဟိုမိန်းမနှိပ်စက်တာ တွေ၊ အဲဒီမိန်းမနဲ့ရတဲ့ ပုစုခရုတွေကြောင့် စိတ်ညစ်ရတာတွေမရှိတော့ဘူး။ အခုကြတော့ ငါတို့အဖေလည်း အသက်ကြီးမှ ဒုက္ခရောက်နေရတယ်။ အခုဆို စံရိပ်ငြိမ်ကအိမ်လည်း ရောင်းလိုက်တော့ အမေနဲ့လက်ထပ်ပွားဆိုတာ မရှိတော့ပဲနဲ့ ငါတို့အတွက် မိဘအမွေအနှစ်ဆိုတာ မကျန်တော့ဘူး။ အဖွားဆုံးတုန်းကလည်း ငါတို့အတွက် ဘာမှမယ် မယ်ရရ မရလိုက်ဘူး။”လို့ အစ်ကိုကြီးကိုရေချမ်းက ငြီးငြီးငြူငြူနဲ့ပြောပါတယ်။

“ဒါတော့အစ်ကိုကြီးရယ် အဒေါ်ကြီးအနေနဲ့က ပြာလောက်ကိုတော့ နဖူးမှာဘယ်တို့ ထားချင်ပါ့မလဲ။”

Poe C
04 March 2011

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Thursday, March 31, 2011

တော်လဲသံ

(ကက)
အစက
အောက်တိုဘာ
ဇန်နဝါရီ အဆုံး
မီးတောက်သီအိုရီကို
နှင်းဖုံးခဲ့လေရဲ့...။

ကြွေကျလုဆဲ ရင်ခုန်ရာသီမှာ
ဘာမီတွန်ချည်း ဖိသောက်
ဆောင်းကြောက်လွန်ရောဂါ
ငါနဲ့... အခါခါ
ပြဿနာတက်ရမယ်။

ခေါင်းကိုက်ပျောက်ဆေးပြားနဲ့
လိင်ကိစ္စသာ မရှိခဲ့ရင်
ကမ္ဘာကြီးမှာ နေရထိုင်ရခက်
အသက်ရှု ခပ်ကြပ်ကြပ်နဲ့
နာဖျားခြင်း ဖြစ်လောက်ရဲ့။

(ခခ)
လူကို လူက.... ကြောက်ရ
စစ်နဲ့ အချစ်ကို.... ကြောက်ရ
နူကလီးယားကို.... ကြောက်ရ
အိုဇုန်းလွှာပေါက်မှာ.... ကြောက်ရ
ငလျှင်တုန် မြေပျိုမှာ.... ကြောက်ရ
ရေကြီး လေမီးရန်ကို.... ကြောက်ရ
ကဲ... နောက်ဆုံးတော့
ငါသောက်နေတဲ့ ကော်ဖီတစ်ခွက်တောင်
နှလုံးရောဂါ...ဟဲ့ ဆိုပြီး
ငါ... ပြန်ကြောက်နေရ။

(ဂဂ)
လေပြေကို ငါတို့...စိုက်ပျိုးခဲ့လို
မုန်တိုင်းကို ရိတ်သိမ်းနေရတာပေါ့။

အစကတည်းက...
လေနီကြမ်းတွေသာ
ငါတို့ စိုက်ခဲ့ရင်......

လေးဘက်လေးတန်မှာ
အင်္ဂတေ အုတ်ဖြူဖြူတွေ
မြင်ရမှာ မဟုတ်ဘူး။

ဟိုတစ်စ ဒီတစ်စ ကိုယ်အင်္ဂါများနဲ့
သွေးနီရောင် မြေသားတွေ
မြင်ရမှာ မဟုတ်ဘူး။

အိုးမဲ့အိမ်မဲ့ ဆုံးရှုံးမှု
သိန်းရာထောင်တွေ
မြင်ရမှာ မဟုတ်ဘူး။

ကယ်ပါ..... ယူပါ....
တစာစာနဲ့
အော်ဟစ်တောင်းခံသံတွေ
ကြားရမှာ မဟုတ်ဘူး။

ဆာလောင် ငတ်မွတ်မှု ဒွန်တွဲ
အနာဂတ်မဲ့ ကလေးငိုသံတွေ
ကြားရမှာ မဟုတ်ဘူး။

နရီစည်းချက်နဲ့
ကမ္ဘာမြေ တော်လဲသံ
မင်းရော...
ငါရော...
ဘယ်သူမှရော...
ကြားရမှာ မဟုတ်ဘူး။

ငြိမ်းဇော် & ချမ်းဧအိမ်

ပထမအပိုဒ် သူငယ်ချင်းငြိမ်းဇော်ရဲ့ ကဗျာနဲ့ ကျွန်တော်ကဗျာ နှစ်ပုဒ်ကို Fusion ထားတာပါ။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Thursday, March 24, 2011

ယူအေအီးနိုင်ငံ ပထမအကြိမ်စာပေဟောပြောပွဲ

ယူအေအီးနိုင်ငံရှိ ကန္တာရဝဿ လူမှု့ရှေ့ဆောင်အသင်းမှ ကြီးမှုးကျင်းပပြုလုပ်သော ပထမအကြိမ် စာပေဟောပြောပွဲကို ၂၂.၀၃.၂၀၁၁ ခုနှစ် အင်္ဂါနေ့ ညနေ (၆)နာရီမှ ည(၁၀)နာရီအထိ ဒူဘိုင်းမြို့ Al Noor Training Center မှာ ပြုလုပ်ကျင်းပ ပြီးစီးခဲ့ပါသည်။ ကန္တာရမြေပေါ်တွင် မြန်မာတို့၏ စာသံပေသံ လက်ခုပ်သြဘာသံများ မိုးလုံးညံ့အောင် ယူအေအီး ပြည်ထောင်အသီးသီးမှ စာပေချစ်မြတ်နိုးသူ မြန်မာတိုင်းရင်းသား ညီအကိုမောင်နှမများက မအားလပ်သည့် ကြားကပင် ကြိုးစာပမ်းစား ကူညီတက်ရောက် အားပေးခဲ့ကြသဖြင့် ကန္ထာရတိုင်းပေါ်တွင် မြန်မာစာပေဟောပြောပွဲကို အောင်မြင်စွာ မှတ်တိုင်စိုက်ထူနိုင်ခဲ့ပေသည်။

ဆရာအောပီကျယ်နှင့် ဆရာချစ်ဦးညိုတို့ကလည်း မြန်မာပြည်မှ ဝေးကွာလှသော ယူအေအီးနိုင်ငံရှိ မြန်မာစာပေ ချစ်မြတ်နိုးသူ မြန်မာများအတွက် အခက်အခဲလေးတွေ ရှိလျှက်ကြားကပင် မဖြစ်မနေ ရောက်ရှိလာကြပြီး စာပေရသ ဗဟုသုတများကို ချီးမြှင့်ဟောပြောသွားတဲ့အတွက်လည်း ယူအေအီးမှ ကန္တာရဝဿ လူမှု့ရှေ့ဆောင်အသင်းနှင့် စာပေချစ်မြတ်နိုးသူ မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမများကိုယ်စား ကျွန်တော်ချမ်းလင်းနေမှ ဆရာအော်ပီကျယ်နှင့် ဆရာချစ်ဦးညိုတို့ကို အထူးပင် ဝမ်းသာကြည်နူးမှုများစွာဖြင့် ကျေးဇူးတင်ရှိပါသည်။

ဆရာအော်ပီကျယ် - ပျော်ရာမှာမနေ တော်ရာမှာနေ


(Download)

ဆရာချစ်ဦးညို - အမျိုးသားရေးမို့ ကြိုးပမ်းကြပါ တို့ဗမာ


(Download)

ဒီအသံဖိုင်များကို ဒူဘိုင်း အဖြူရောင်သံစဉ် ရေဒီယိုမှ ရွှေပု၊ သံလုံး၊ TY3 တို့က မေတ္တာဖြင့်ကူညီ အသံဖမ်းယူထားပြီး စာပေဟောပြောနေစဉ်မှာ တကမ္ဘာလုံးမှ မြန်မာများ နားဆင်နိုင်အောင် အဖြူရောင်သံစဉ် ရေဒီယိုမှနေ တိုက်ရိုက်လွှင့်တင်ပေးခဲ့ပါသည်။

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Wednesday, March 23, 2011

စိတ်ကူးမှချီ အလှုဆီသို့

ဆရာအော်ပီကျယ်၏ စိတ်ကူး

စိတ်ကူးတွေမှချီ တက်ညီလက်ညီနှင့် ရည်မှန်းချက် နေ့တစ်နေ့သို့ အမှန်တကယ် ရောက်ခဲ့ကြလေသည်။ ထို့နေ့လေးသည်ကား ကန္တာရတိုင်းမှ ကန္တာရဝဿ (ဝါ) ကန္တာရမိုးစက်မိုးပေါက်တွေ စုစည်းရာမှနေ ကန္တာရထဲမှာ စာသံပေသံ ငတ်မွတ်တောင်းတနေကြတဲ့ ရွှေမြန်မာညီအစ်ကိုမောင်နှတွေရဲ့ ဆန္ဒလေးတွေ အမှန်တကယ်ကို ပြည့်ဝလာသည့်နေ့လေး ဖြစ်ပေသည်။ အမိမြေမှ အဝေးတစ်နေရာ ယူအေအီးရောက် မြန်မာညီအစ်ကိုမောင်နှမများ အနေနဲ့လည်း အနေတွေ ဝေးကြပေမယ့် နှလုံးသားတွေ နီးကြပါတယ်။ အသွင်တွေ ကွဲပေမယ့်လဲ့ စိတ်သဘောထားတွေ ထပ်တူညီပါတယ်။ အယူတွေ လွဲပေမယ့်လည်း ရည်မှန်းချက် ပန်းတိုင်တွေ တူခဲ့ကြပါတယ် ဆိုတာကို ဒီနေ့လေးက ပြသလှုံဆော်လိုက်ပါတယ်။

ယခင်ကလည်း ယူအေအီးတွင် ဘာသာတရားတွေအတွက် ဘာသာရေးတရားပွဲများကိုလည်း တတပ်တအား ကြိုးပန်းခဲ့ကြသလို စာပေရေးရာမှာလည်း အားထုတ်စွမ်းဆောင်မှု မနည်းခဲ့ကြဘူးဆိုတာကိုလည်း ဒီနေ့လေးကပဲ ဖော်လှစ်ပြလိုက်ပါတယ်။ နှမ်းတစ်စေ့မှသည် နှမ်းစေ့ပေါင်းများစွာ စုပေါင်းခဲ့ကြသောကြောင့်  မြန်မာ့စာပေ အဆီအနှစ်များကို ကန္တာရတိုင်းမှ မြန်မာတို့ နှစ်သက်ချိုမြိန်စွာ စားသုံးခဲ့ရပေသည်။ အမိမြေနဲ့ ဝေးကွာနေကြပေမယ့်လည်း ဘာသာရေး၊ သာသနာရေး၊ စာပေဗဟုသုတ အနုသုခုမပညာများကို နှလုံးသားတွေထဲမှာ နီးနေကြသေးကြောင်းကိုလည်း ကန္တာရတိုင်းမှ ရွှေမြန်မာ ညီအစ်ကိုမောင်နှမများက စုပေါင်း၍ ပြသနိုင်ခဲ့ကြလေပြီ။

ထိုနေ့သည်ကား ကျွန်တော်လက်ရှိနေထိုင်သည့် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့လေးရှိ ယူအေအီး ကန္တာရဝဿ လူမှုရှေ့ဆောင်အသင်းမှ စီစဉ်၍ မည်သည့်အထောက်အပံ့မျှမပါဝင်ပဲ ကိုယ်ထူကိုယ်ထ စိတ်ကူးရည်မှန်းချက်များဖြင့် ယူအေအီးမှ မြန်မာညီအစ်ကိုမောင်နှမများ၏ အုတ်တစ်ချပ်၊ သဲတစ်ပွင့် ရွှေရောင်လွှမ်းနေသော စိတ်ဓာတ်များဖြင့် ကူညီအားပေးမှုကြောင့် ယူအေအီးနိုင်ငံ ပထမဆုံးအကြိမ် စာပေဟောပြောပွဲကို ခမ်းနားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် နေ့တစ်နေ့ဖြစ်ပေသည်။

***********

ကျွန်တော်ဆီကို လွန်ခဲ့တဲ့ သုံးလေးလလောက်ကတည်းက မနှင်း(နှင်းနဲ့မယာ)က ဖုန်းနှင့်တသွယ်၊ မေးလ်ဖြင့်တစ်မျိုး ယူအေအီးမှာ စာပေဟောပြောပွဲလေး ကျင်းပမယ်လို့ အကြောင်းကြားလာပါတယ်။ နောက်တစ်ယောက်ကတော့ ကိုကြီးပီတာ(ကိုပီတာ၏ အတွေးပုံရိပ်များ) ကလည်း ထပ်မံသတင်းမျှဝေလာပါတယ်။ ညီမဇော်ကလည်း စာပေဟောပြောပွဲလုပ်ဖြစ်ကြောင်း သံချောင်းခေါက်  အသိပေးလာပြန်တော့ ဒါဆိုရင် ယူအေအီးမှာ စာပေဟောပြောပွဲလေး ဖြစ်မြောက်လာဖို့ သေချာသလောက်ရှိလာပြီပေါ့။ သူတို့ဆီက ဒီသတင်းတွေကို ကြားမိကတည်းက ကျွန်တော့်ရင်ထဲမှာ စာပေဟောပြောပွဲကို ဒူဘိုင်းမှာ ရောက်နေတုန်း နားထောင်ခွင့် ရပြန်ပြီပေါ့လို့ တွေးမိပါသေးတယ်။ 

စာပေဟောပြောပွဲဆိုတာ ဘာသာရေးတရားပွဲတွေလိုတော့ မဟုတ်ဘူး။ ဘာသာရေးဆိုရင် ငါက ဟိုဘာသာ၊ ဒီဘာသာဆိုပြီး အယူအဆလေးတွေ ကွဲလွဲသူတွေ ရှိချင်ရှိနေဦးမည်။ဒါပေမယ့် နောက်ဆုံးလုပ်ခဲ့တဲ့ ယူအေအီးတရားဟောပြောပွဲမှာ  လူထောင့်သုံးရာကျော်တက်ရောက်တာတွေ့ရတယ်။ ဒီကြားမှာ ငါ့ဘာသာ၊ သူ့ဘာသာမခွဲခြားပဲ တို့ရွှေမြန်မာများ ဆုံဆည်းတွေကြတာပဲ ဆိုပြီး ဗုဒ္ဓဘာသာတရားဟောပြောပွဲ တက်ရောက်လာခဲ့သူတွေလည်း တွေ့ခဲ့ရပြန်တော့လည်း တယ်ဟုတ်တဲ့ မြန်မာတို့၏ ရိုးသားတဲ့ ဗမာ့စိတ်ဓာတ်ပါလား ဆိုတဲ့အတွေးလေးနဲ့ စိတ်ထဲ ချီးကျူးမိပါတယ်။ စာပေဟောပြောပွဲကျတော့ လူမျိုးဘာသာမရွေး စားသုံးနိုင်သည့် လွတ်လပ်ခြင်း အနှစ်သာရတွေပါရှိသည်။
ဆရာအောင်သင်းပြောသလို စာရူးပေရူးတွေ ယူအေအီးမှာ အများကြီးကို ရှိနေကြပါပြီ။ တစ်ချို့က မိမိတို့ စာပေအရေးအသား အတွေးအခေါ်တွေကို အင်တာနက်တွေပေါ်က ချပြသူတွေ၊ တစ်ချို့က စိတ်ကူးအတွေးတွေနဲ့ အုံပုန်းရေးသားသူတွေ၊ တစ်ချိုက  စာရေးခြင်းထက် စာဖတ်ခြင်းကို အားသန်သူတွေ ရှိနေကြရာက များပြားလာပါပြီ။ ကျွန်တော်ရောက်စ လွန်ခဲ့သော ရှစ်နှစ်လောက်တုန်းကလိုတော့ မဟုတ်တော့ဘူးပေါ့။ 

ဒါပေမယ့် ယူအေအီးရှိတဲ့ မြန်မာတွေ အားလုံးလိုလို ကိုယ့်ဝမ်းစာ၊ မိသားစုဝမ်းရေး ကာမိဖို့ ငွေအတွက် အလုပ်နဲ့ နပန်းလုံးနေကြတဲ့သူတွေ ချည်းပါပဲ။ ကျောင်းတက်သူ၊ မှီခိုသူ ဆိုတာ အတော်လေး နည်းပါသေးတယ်။ ယူအေအီးက လူတိုင်းဟာ မနက်နဲ့ ညကြား On Duty၊ Overtime၊ Extend Hours၊ Double Duty စတဲ့ ဝေါဟာရတွေနဲ့ပဲ နပန်းလုံးနေကြရတာပါ။ တစ်ခါတစ်လေဆို တစ်ခန်းထဲ အတူနေကြတဲ့ လုပ်ဖော်ကိုင်ဖက် အချင်းချင်းတောင် တစ်ယောက်နဲ့တစ်ယောက် အခန်းမှာ ပြန်တွေ့ဖို့ ခဲယဉ်းပါသေးတယ်။ တစ်မိုးထဲ၊ တစ်ဝန်းထဲ၊ တစ်ကုမ္ပဏီထဲ၊ တစ်မြို့ထဲ စသည်ဖြင့် နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာလူမျိုး အချင်းချင်းတောင် တွေဆုံဖို့ ခဲပါသေးတယ်။ ကျွန်တော်ဆို တစ်မြို့ထဲနေတဲ့ ညီနဲ့ တစ်လတစ်ခါတောင် ပုံမှန်တွေ့တောင်မတွေ့ဖြစ်ဘူး။ တစ်ခါတစ်လေလဲ မတွေ့ချင်လို့ မတွေ့မိတာတွေ ရှိပေမယ့်လည်း တွေ့ချင်လျှက်သားနဲ့ မတွေ့နိုင်တာတွေလည်း ရှိပါသေးတယ်။ ဒီလို ဘာသာရေးပွဲတွေ ဟိုပွဲဒီပွဲလေးတွေ ရှိတော့မှပဲ တွေ့ဖြစ်ကြပါတယ်။

တကယ်တမ်းတော့ ကျွန်တော်က စိတ်ကူးကြည်နူးမိရုံသာရှိတာ တကယ်တမ်း ဒီစာပေဟောပြောပွဲ ဖြစ်မြောက်ရေးအတွက်တော့ ဘာမှ မကူညီနိုင်ခဲ့ဘူး။ ကျွန်တော်ကတော့ ငယ်ငယ်တုန်းက ကျောင်းမှာ၊ ပဏ္ဏိတာရာမ ရွှေတောင်ကုန်းသာသနာ့ရိပ်သာ ဆရာတော်ဘုရားကြီး၏ ကျေးဇူးကြောင့် ရွှေတောင်ကုန်း ဘာသာရေးယဉ်ကျေးမှုသင်တန်းမှာ နားထောင်ခဲ့ဖူးတဲ့ စာပေဟောပြောပွဲတွေကြောင့် စာပေဟောပြောပွဲတွေရဲ့ အနှစ်သာရကို သိရှိခဲ့ရပါတယ်။ ဒါကြောင့်လည်း အွန်လိုင်းကွန်ယက်ပေါ်မှ စာပေဟောပြောပွဲတွေကို တတ်နိုင်သမျှ စုဆောင်းနားထောင်လေ့ရှိခဲ့ပါတယ်။ နားထောင်ရုံတင်မက အသံဖိုင်တွေကိုလည်း သိမ်းထားမိတယ်။ အချိန်ရတိုင်းလဲ ပြန်နားထောင်လေ့ရှိတယ်။ ဒီလိုစာပေဟောပြောပွဲတွေ နားထောင်ပြီး စာရေးဆရာများရဲ့ ဟောပြောတဲ့စကားတွေဟာ ကျွန်တော်အတွက်တော့ ဗဟုသုတရော၊ စိတ်အင်အားတွေကိုပါ ပြန်လည်ဖြည့်တင်းပေးသလို ဖြစ်ခဲ့ပါတယ်။ ဒူဘိုင်းမှာ စာပေဟောပြောပွဲ ဖြစ်လာမယ်၊ ဆရာချစ်ဦးညို၊ ဆရာအော်ပီကျယ်တို့၏ စာပေဟောပြောမှုတွေ နားထောင်ခွင့်ရလာမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။

ဒီသတင်းလေးကို ကျွန်တော်လည်း ပထမတော့ ကိုယ်တတ်နိုင်သလောက် လက်ဆင့်ကမ်းဖြန့်ရင်းမှ သိရှိလာခဲ့တဲ့ အချက်တစ်ချက် ရှိပါသေးတယ်။ ဒါက ဘာလဲဆိုတော့ စာပေဟောပြောပွဲဆိုတာ ဘာလဲ၊ ဘာတွေ ပြောမှာလဲ ဆိုတာကို အရှင်းမသိသေးတဲ့ သူတွေ တွေ့လာခဲ့ရပါတယ်။ အများဆုံးကတော့ ခေတ်လူငယ်လေးတွေပါပဲ။ ခေတ်လူငယ်ဆိုတာ နောင်တစ်ချိန် နိုင်ငံအတွက် အားထားစရာဆိုတာ ဆရာအောင်သင်း ဟောပြောခဲ့လို့ သိခဲ့ဖူးပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာက ခေတ်စနစ်တိုးတက်မှုအောက်မှာ ယနေ့ခေတ်လူငယ်လေးတွေဟာ တိုးတက်လာတာလား၊ ဆုတ်ယုတ်လာတာလား။ တစ်ခုခုတော့ တစ်ခုခုနေမှာ။ စာပေဟောပြောပွဲဆိုတာ အသာထားဦး စာဖတ်ဖို့တောင် အတော့်ကို ပျင်းလာကြပါပြီ။

ယနေ့ခေတ်ရေစီးကြောင်းထဲမှာ စာပေဆိုတာ နောက်ဆုံးတန်း စာရင်းဝင်နေပါပြီ။ အွန်လိုင်းတက် ချက်တင်ထိုင်၊ ပလေးစတေရှင်လို ဂိမ်းမျိုးတွေကစား၊ ဘောလုံးပွဲအကြောင်းသိမှ ခေတ်မှီနေတဲ့ခေတ်၊ ရသမဲ့  ပေါတောတော သုံးရက်နဲ့တစ်ကား၊ သုံးယောက်နဲ့တစ်ကား ဖြစ်နေတဲ့ ဇာတ်ကားတွေကြည့်၊ အောက်ပိုင်းစကားတွေနဲ့ ပျက်လုံးထုတ်နေတဲ့ ဟာသကားတွေကိုကြည့် ဂလိထိုးရီရနေကြတဲ့ ရေစီးကြောင်းထဲမြော၊ ကိုးရီးယားဇာတ်လမ်းတွဲတွေ ကြည့်မှ ရုပ်ရှင်ဆိုတာမျိုး၊ မိဘကတတ်နိုင်လား မတတ်နိုင်လားမသိ ကိုရီးယားက မင်းသားမင်းသမီးလို ဖက်ရှင်တွေကို အားကျလိုက်ဝတ်၊ ကိုရီးယား မြန်မာ ဖက်စပ်အလှတွေနဲ့ လိမ်းချယ်သနေလိုက်ကျတာ လှတာကတော့ အမှန်ပါ။ ညစာကျပြန်တော့ ခေါက်ဆွဲပြုတ်တွေနဲ့ အဆုံးသတ် အဟာရပြီးနေတဲ့ခေတ်။ ဒါတွေ မျက်စိရှေ့မှောက် ကျလာတော့လဲ မြင်ရပေမယ့် အပြစ်တော့ မတင်ပါဘူး။ သူတို့ခေတ်ရဲ့ ရေစီးကြောင်းတွေမို့ သူတို့ ကမ္ဘာမှာ သူတို့ပျော်တာပဲလေလို့ပဲ ကောက်ချက်ချမိပါတယ်။

ယနေ့ခေတ်လူငယ်တွေ အားလုံး သိမ်းကြုံးပြောတာတော့ မဟုတ်ပါဘူး။ အသိရှိတဲ့ လူငယ်တွေ၊ အခွင့်အလမ်းကို မိမိရရ ကိုင်ဆုတ်နိုင်တဲ့ လူငယ်လေးတွေလည်း အများကြီး ရှိပါသေးတယ်။ ဒီမှာတင် ကျွန်တော် စိတ်ကူးလေးတစ်ခု ပေါ်လာပြီး ကျွန်တော့် ဘလောက်မှာ တင်လိုက်တာကတော့ အွန်လိုင်းပေါ်မှာ ရှိသမျှ စာပေဟောပြောပွဲတွေ၊ ကျွန်တော် အရင်ကတည်းက နားထောင်သိမ်းထားခဲ့တဲ့ စာပေဟောပြောပွဲတွေကို ကျွန်တော် တတ်နိုင်သမျှ၊ ရနိုင်သမျှ လိုက်လံစုဆောင်းပြီး ကျွန်တော်ဘလောက်ကနေတစ်ဆင့် ပြန်လည်ဝေမျှဖို့ပါပဲ။ ဒါကတော့ အွန်လိုင်းပေါ်ကနေ စာပေဟောပြောပွဲဆိုတာ ဘာလဲ၊ စာရေးဆရာတွေက ဘာတွေဟောပြောတာကြတာလဲဆိုတာ သိအောင်၊ နားထောင်နိုင်အောင် မျှဝေတာပါ။

အဲ့ဒီအပြင် ကျွန်တော်ရောက်ရှိနေတဲ့နေရာမှာလည်း တစ်ချို့တွေဆို စာပေဟောပြောပွဲတွေ နားထောင်ရတာ ဝါသနာပါတယ်။ ဒါပေမယ့် အွန်လိုင်းတက် နားမထောင်နိုင်ဘူး။ နားထောင်ဖို့ အချိန်လည်း မပေးနိုင်ဘူး။ နောက် အွန်လိုင်းတက်ပေမယ့်လည်း ဒီလို စာပေဟောပြောပွဲတွေ ဘယ်ကနေဘယ်လို နားထောင်ရမယ်ဆိုတာ ရှာမတတ်တဲ့သူတွေ၊ စာပေဟောပြောပွဲကို တစ်ခါဘူးမျှ မနားထောင်ဖူးသူတွေ၊ စတဲ့ မိတ်ဆွေသူငယ်ချင်းတွေအတွက်လည်း နားထောင်နိုင်ရအောင်၊ ယူအေအီး စာပေဟောပြောပွဲအတွက်လည်း စာပေဟောပြောပွဲ ဘာလဲဆိုတာ သိရအောင် ဆိုပြီး ကျွန်တော်ဆီမှာရှိတဲ့ စာပေဟောပြောပွဲ အသံဖိုင်တွေ၊ ဗီဒီယိုဖိုင်တွေကို အသံဖိုင် ဖြစ်အောင်ပြန်ပြောင်းပြီး mp3 စီဒီအခွေလေးတစ်ခွေ လုပ်မယ်လို့ အကြံရမိပါတယ်။ ဒီအသံဖိုင် စီဒီအခွေလေးကို ယူအေအီးစာပေဟောပြောပွဲမတိုင်မှီ ထုတ်ပြီး ဝေမျှဖို့ ကျွန်တော် တတ်နိုင်သလောက် စီဒီအခွေ ၁၀၀ လောက်ထုတ်ဖို့ စိတ်ကူးမိပါတယ်။ တကယ်တမ်း ကျွန်တော်ဆီမှာ ရှိတဲ့ စာပေဟောပြောပွဲတွေကတော့ စီဒီသုံးချပ်စာလောက်ကို ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်က သုံးချပ်စာလောက်တော့ မထုတ်နိုင်တာနဲ့ စီဒီတစ်ခွေစာလောက်ပဲ ထုတ်ခဲ့ပါတယ်။

နောက်စိတ်ကူး တစ်ခုရလာတာကတော့ ဒီစီဒီတွေကို မူလက အလကား ဝေမလို့ပါ။ အလကားဆိုရင် အလကားပဲဖြစ်သွားမှာမို့လို့ ကျွန်တော်က ကျွန်တော်တို့ဆီက သုံးတဲ့ငွေ ငါးဒါရမ်း (မြန်မာငွေ တစ်ထောင်စွန်းစွန်း) နဲ့ ရောင်းပြီး ရောင်းရတဲ့ငွေများကို မြန်မာနိုင်ငံရှိ ချို့တဲ့နေကြတဲ့ စာရေးဆရာတွေကို လှုမယ်လို့ အကြံရပါတယ်။ ဒီအကြံကို ကန္ထရဝဿလူမှု့ရှေ့ဆောင်အသင်းက ကိုမိုးဇော်လွင်နဲ့ တိုင်ပင်တော့ သူက သဘောတူပါတယ်။


ကျွန်တော်က စီဒီအခွေတစ်ရာ တစ်ဘူးရယ်၊ ထည့်မည့်အိတ် ၁၀၀ရယ် ကျွန်တော်ဘာသာ ဝယ်ပြီး ကျွန်တော့်ရဲ့ Extarnal Writer အားကိုးနဲ့ သုံးရက်အတွင်းမှာပဲ အပြီးကူးလိုက်တယ်။ ခွေတစ်ရာဝယ်တာ အခွေတွေကလည်း ပျက်တဲ့အခွေရယ်၊ ဒီဇိုင်းမထုတ်ရသေးပဲ အခွေအချပ်ကြီးပဲ သူငယ်ချင်းမိတ်ဆွေတွေ ဖရီးပေးတာအချို့ရယ်နဲ့ နောက်ဆုံး ကျွန်တော်ဆီမှာ လက်ကျန် ၇၅ ခွေပဲ ကျန်ရှိပါတယ်။ ကိုယ်ဘာသာပဲ အခွေကာဘာကို ဒီဇိုင်းဆွဲတယ်။ ကျွန်တော်က အလုပ်ထဲမှာလည်း သယ်ပြီး အချိန်ပိုရင်ပိုသလို အားရင်အားသလို အခွေအတွက် ကာဗာစာရွက်ကို ပရင့်ထုတ်တယ်။ ကိုယ့် စိတ်ကူးနဲ့ကိုယ် ကိုယ်ပိုင်ခရီးရေးရှင်းနဲ့  ကွန်ယက်ပေါ်မှ စာပေဟောပြောပွဲများ ဆိုပြီး အခွေကို ကင်မွန်းတပ်တယ်။

အဲဒီလို အခွေမထုတ်ခင်တုန်းက ကျွန်တော် စိတ်ပူမိတဲ့အချက်တစ်ချက်လဲ ရှိသေးတယ်။ အဲဒါကတော့ ကျွန်တော်က အွန်လိုင်းပေါ်မှာ ဖရီးမျှဝေထားတဲ့ စာပေဟောပြောပွဲ အသံဖိုင်တွေကို ကူးပြီး ကျွန်တော်ဆိုက်မှာလဲ ပြန်တင်ထားသေးတယ် (တတ်နိုင်သမျှတော့ စာပေဟောပြောပွဲအသံဖိုင် ဗီဒီယိုတင်ထားတဲ့ ပိုင်ရှင်တွေဆီကလည်း ခွင့်တောင်းနိုင်သလောက်ကို ခွင့်တောင်းယူထားတယ်။ မူရင်း Souce နေရာတွေကိုလည်း ကျွန်တော်ဆီမှာ ပြန်ဖော်ပြပေးထားပါတယ်။) အခုလဲ အခွေထုတ်ပြီး ရောင်းစားတယ်လို့ ထင်မြင်ယူဆကြမှာ စိုးရိမ်လို့ ယူအေအီး စာပေဟောပြောပွဲ ပြီးရင်တော့ ကျွန်တော်ရဲ့ မူလရည်ရွယ်ချက် ဖြစ်တဲ့ မြန်မာပြည်မှ ချို့တဲ့သော စာရေးဆရာများကို လှုဒါန်းရန်ဆိုတဲ့ ရည်ရွယ်ချက်ကလေးကို လူအများပြန်သိနိုင်ရန် ပိုစ့်တင်မယ်လို့ စိတ်ကူးခဲ့ပါတယ်။ ကျွန်တော့်ရဲ့  စီဒီထုတ်ရတဲ့ စိတ်ကူးလေးနဲ့ အလှုကိုလည်း ဆရာချစ်ဦးညိုကိုလည်း တိုင်ပင်ခဲ့ပါတယ်။ ဆရာကနေတစ်ဆင့် မြန်မာပြည်က စာရေးဆရာတွေလက်ထဲ အရောက်လှုပေးမယ်။ ဒါမှလည်း ကျွန်တော်ရဲ့ စိတ်ကူးတွေမှ ဖြစ်လာတဲ့အလှုဟာ တကယ်လက်တွေ့ ထိရောက်တဲ့ အလှုဖြစ်လာမှာပါ။

စာပေဟောပြောပွဲနေ့မှာတော့ ဆရာချစ်ဦးညို ရန်ကုန်မှ သယ်လာခဲ့တဲ့ ဆရာရဲ့ စာအုပ်များ၊ ယူအေအီးရောက် စာရေးဆရာ ဧကံဖြိုးရေးသားတဲ့ ကိုယ်ပိုင်ခံစားချက် စာအုပ်နှင့် ကျွန်တော်ထုတ်ထားတဲ့ ကွန်ယက်ပေါ်မှ စာပေဟောပြောပွဲများ အမ်ပီသရီးစီဒီတွေရယ် ရောင်းချတဲ့နေရာမှာ ကျွန်တော်ကူညီရောင်းချပေးခဲ့ပါတယ်။ ဆရာချစ်ဦးညိုကလည်း သူယူလာခဲ့တဲ့ ဆရာ့စာအုပ်တွေမှ အမြတ်ရယ်။ ကိုဧကံဖြိုးကလည်း သူစာအုပ် အုပ်၂၀ စလုံးရောင်းရငွေရယ်။ ကျွန်တော့် စီဒီရောင်းချရငွေတွေ အားလုံးစုပေါင်းပြီး ရသမျှငွေကို မြန်မာနိုင်ငံရှိ ချို့တဲ့သော စာရေးဆရာများကို လှုရန်အတွက် ဆရာချစ်ဦးညိုက ရန်ကုန်က စီးတီးစတားဟော်တယ်မှာ စာရေးဆရာများကို ဖိတ်ကြားပြီး အလှုငွေ(ရှစ်သိန်းကျော်ရသည်ဟု စာရေးဆရာ ဧကံဖြိုးဆီမှ သိရှိရသည်)များကို ပြန်လည်လှုတန်းမှာ ဖြစ်ပါသည်။ ကျွန်တော် ဖန်တီးခဲ့တဲ့ စီဒီအခွေ(ရ၅)ခွေမှ ရောင်းရငွေကတော့ မြန်မာငွေ ရှစ်သောင်းရှစ်ထောင်ရရှိပြီး ကျွန်တော်မှ သောင်းနှစ်ထောင်ထပ်ဖြည့်ပြီး မြန်မာငွေ တစ်သိန်းတိတိ(အခွေဖိုး၊ ကာဘာဖိုးများ အပါအဝင်) ဖြစ်ပါတယ်။

ဆရာချစ်ဦးညိုဆီမှ အားဆေးတစ်ခွက်

ကျွန်တော်စိတ်ကူးထားခဲ့တဲ့ အလှူကို လက်တွေ့အကောင်အထည်ဖော်ပေးခဲ့တဲ့ ဆရာချစ်ဦးညို၊ ဆရာအော်ပီကျယ်၊ ကန္တာရဝဿလူမှုရှေ့ဆောင်အသင်းကြီး၊ ကျွန်တော်နဲ့အတူ စာပေကို လွတ်လပ်စွာ ရင်ခုန်နေကြတဲ့ ဒူဘိုင်းမှ ဘလောက်ဂါ မောင်နှမတွေဖြစ်တဲ့ ကိုကြီးပီတာ၊ မနှင်း၊ ဇော် တို့ရယ်၊ ကျွန်တော့်ဝါသနာကို တစ်ဘက်တလမ်းမှ အားပေးတဲ့ ကျွန်တော့် ဘဝလက်တွဲဖော်၊ အခွေကို ဝယ်ယူခဲ့ကြသော ယူအေအီးမှ ညီအစ်ကိုမောင်နှမ မိတ်ဆွေများ နှင့် ကျေးဇူးတင်သင့် တင်ထိုက်သူအပေါင်းကို ကျွန်တော့်ရင်ထဲမှ လွတ်လပ်စွာလာသော ကျေးဇူးတင်ခြင်းများဖြင့် ကျေးဇူးတင်ရှိပါသည်။

ပထမအကြိမ် ယူအေအီး စာပေဟောပြောပွဲကတော့ ကန္တာရဝဿလူမှုရှေ့ဆောင်အသင်းကြီးမှ ကြီးမှုကျင်းပပြီး ယူအေအီးမှ မြန်မာစာပေချစ်မြတ်နိုးသူ မြန်မာညီအစ်ကိုမောင်နှမများ ပံပိုးကူညီမှုဖြင့် ၂၀၁၁ မတ်လ ၂၂ရက်နေ့မှာ အောင်မြင်စွာနဲ့ ကျင်းပပြီးစီးခဲ့ပါပြီ။ ထိုနေ့လေးကိုတော့ ကျွန်တော်ရင်မှာ မမေ့ကောင်းနိုင်တဲ့ နေ့တစ်နေ့အဖြစ် ခိုအောင်းသွားပါပြီ။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ စည်းလုံးညီညာမှု ပြရုပ်တစ်ခုအနေဖြင့် ယခင် ဘာသာရေးတရားဟောပြောပွဲများလို ကန္တာရမြေပေါ်မှာ အုတ်မြစ်ချနိုင်ခဲ့ပါသည်။ ထိုမှအစပြု၍ နောင်တွင်လည်း ယခုပထမအကြိမ် စာပေဟောပြောပွဲမှသည်  မြန်မာတွေ စုစည်းညီညွှတ်မှုများဖြင့် ရတုအဆက်ဆက်၊ နှစ်အကြိမ်ကြိမ် ဆက်လက်ပြီး စာပေဟောပြောပွဲတွေ၊ ဘာသာရေးတရားပွဲတွေ၊ မြန်မာရိုးရာပျော်ပွဲရွှင်ပွဲတွေ ထပ်ရှိလာနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း မျှော်လင့်နေမိပါသည်။
ချမ်းလင်းနေ
ညနေ ၁၁း၃၀
၂၃.၀၃.၂၀၁၁


ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Monday, March 21, 2011

အွန်လိုင်းပေါ်မှ တိုက်ရိုက်နားဆင် ပထမဆုံးအကြိမ် ယူအေအီး စာပေဟောပြောပွဲ

မနက်ဖြန် မတ်လ ၂၂ ရက်နေ့မှာ ယူအေအီးနိုင်ငံမှာ ကျင်းပမယ့် ပထမဆုံးအကြိမ် စာပေဟောပြောပွဲလေးအတွက် ကျွန်တော်တို့ ကန္တာရဝဿလူမှုရှေ့ဆောင်အသင်းလေးရဲ့ ပွဲစီစဉ်မှု အခြေအနေလေးကို သတင်းပေးရင်း ယူအေအီးရောက်မြန်မာများ အတွက် ထပ်မံအသိပေး နှိုးဆော်ပါရစေ။

စာပေဟောပြောပွဲမှာ အဖိုးတန်တဲ့ စာစကား၊ ပေစကားများကို ချီးမြှင့်ပေးမယ့် ဆရာချစ်ဦးညိုနဲ့ ဆရာအော်ပီကျယ်တို့ဟာ ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ကို အဆင်ပြေ ချောမွေ့စွာ ရောက်ရှိနေပြီဖြစ်ပါတယ်။
ကန္တာရဝဿလူမှုရှေ့ဆောင် အသင်းအနေနဲ့လဲ ပထမဆုံးအကြိမ်စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုများကို တာဝန်ခွဲဝေပြင်ဆင်ဆောင်ရွက်လျှက်ရှိပါတယ်။ 
 
ယနေ့နောက်ဆုံးအချိန်အထိ လက်မှတ်ရောင်းချမှု မှတ်တမ်းများအရ စာပေဟောပြောပွဲကို တက်ရောက်ဖို့ လက်မှတ်ဝယ်ယူထားသူအရေအတွက် ခုနစ်ရာကျော်ခန့် ရှိနေတာမို့ စည်ကားအောင်မြင်တဲ့ စာပေဟောပြောပွဲလေး တစ်ခု ဖြစ်လာလိမ့်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။

မြို့(၇) မြို့နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တာမို့ လက်မှတ်ဝယ်ယူဖို့ အလှမ်းဝေးတဲ့ အခြားမြို့များမှ စာချစ်သူမြန်မာ မိတ်ဆွေများအနေနဲ့ စာပေဟောပြောပွဲ ကျင်းပမယ့် Al Noor Training Centre မှာ ပွဲမစတင်ခင်  လက်မှတ်များကို ဝယ်ယူကာတက်ရောက်အားပေးနိုင်ပါတယ်။

ယူအေးအီးနိုင်ငံပြင်ပမှ မြန်မာစာပေချစ်မြတ်နိုးသူများ အနေနဲ့လဲ အဖြူရောင်သံစဉ် (http://www.apytz.net/main/index.php ) အွန်လိုင်းရေဒီယိုအစီအစဉ်မှ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်ကို စောင့်မျှော် နားထောင်နိုင်ပါတယ်။ စာပေဟောပြောပွဲစတင်မယ့် အချိန်က ဒူဘိုင်းစံတော်ချိန် ညနေ ငါးနာရီခွဲ ဖြစ်တာမို့ စာချစ်သူများအားလုံး အဖြူရောင်သံစဉ်ကို စောင့်မျှော် နားဆင်နိုင်ကြပါတယ်။  ယူအေအီးနိုင်ငံရဲ့ စံတော်ချိန်ကတော့ (GMT/UTC +4 Hr) ဖြစ်ပါတယ်။

စာပေဟောပြောပွဲလာ မြန်မာများအနေနဲ့ ဆရာချစ်ဦးညိုရေးသားခဲ့တဲ့ စာအုပ်များ၊ ယူအေအီးရောက် စာရေးဆရာ ဧကံဖြိုးရေးသားတဲ့ စာအုပ်များနှင့် ကွန်ယက်ပေါ်မှ စာပေဟောပြောပွဲများ အမ်ပီသရီးစီဒီ တို့ကို အားပေးဝယ်ယူခြင်းဖြင့် ကန္တာရဝဿလူမှုရှေ့ဆောင်အသင်းရဲ့ ကုသိုလ်ဖြစ် ပရဟိတ လုပ်ငန်းတွေမှာ ကုသိုလ်ပါဝင်နိုင်ကြပါတယ်။

ပထမဆုံးအကြိမ် ကျင်းပတဲ့ စာပေဟောပြောပွဲလေး ဖြစ်မြောက်ရေးအတွက် ကန္တာရဝဿ လူမှုရှေ့ဆောင် အသင်းနဲ့အတူ ခေတ္တယူအေအီးရောက် ဘလော့ဂါများဖြစ်တဲ့  ကိုပီတာ၊ ကိုချမ်းလင်းနေ၊ ကိုဟန်၊ ဇော် ၊ မယ်မဒီ၊ အမရာ နှင့် နှင်းနဲ့မာယာတို့မှ တဘက်တလမ်းမှအားဖြည့် ကူညီလျှက်ရှိပါတယ်။

ယူအေအီး စာပေဟောပြောပွဲလေးမှာ ခေတ္တ အဝေးရောက် မြန်မာများ ချစ်ခင်ပျော်ရွှင်စွာ ဆုံတွေ့ကြပါစို့။

( မှတ်ချက် ။     ။ ကန္တာရဝဿ ဆိုတဲ့ အမည်ကို အနက်ဖွင့်ရမယ်ဆိုရင်တော့ ကန္တာရဆိုတာ ပူပြင်းခြောက်သွေတဲ့ဒေသ ဖြစ်ပြီး ဝဿဆိုတာကတော့ ဝဿန္တကဆင်းသက်လာတဲ့ ပါဠိစကား မိုးစက် မိုးပေါက်ပဲ ဖြစ်ပါတယ်။ ကန္တာရဝဿကို တိုက်ရိုက်အနက်ပြန်ရင်တော့ ကန္တာရဒေသမှာ ရွာသွန်းတဲ့ မြန်မာလူမျိုးတွေရဲ့ စေတနာ၊မေတ္တာမိုးလို့ ပြောလို့ရပါတယ်။ ယူအေအီး ကန္တာရဝဿလူမှုရှေ့ဆောင် အသင်းလေးဟာ မြန်မာပြည်တွင်းမှာ လိုအပ်နေတဲ့ လူမှုရေး ကွက်လပ်လေးတွေကို တတ်အားသရွေ့ ဖြည့်ဆည်းပေးနေတဲ့ အသင်းလေးတစ်သင်းလဲ ဖြစ်ပါတယ်။)

မနှင်း (ဝါ) နှင်းနဲ့ မာယာရဲ့ ပို့ စ်လေးကို စာပေဟောပြောပွဲအကြို၊နောက်ဆုံးသတင်းအဖြစ်တင်ပြပါတယ်။

Thursday, March 10, 2011

ကိုယ်ပိုင်ပြက်လုံး



ဒီသီချင်းကို မူရင်း Bee Gees - I Started a Joke နားထောင်းမိကတည်းက မက်မောစွာနဲ့ နစ်ချိုက်ခဲ့ဖူးရဲ့။ ကိုဌက်က သူ့ဆိုဟန်နဲ့ ပြန်ဆိုပြတော့လည်း ဒီသီချင်းရဲ့ သံစဉ်ကိုရော၊ ကိုစောခူဆဲ စကားလုံးတွေရော၊ ကိုဌက်ရဲ့ ဆိုဟန်တွေကရော ကျွန်တော်ကို သိမ်းပိုက်သွားခဲ့သည်။

ကျွန်တော်သူငယ်ချင်း ကဗျာဆရာ လင်းသင် နဲ့လည်း ဒီသီချင်းအပေါ် ရင်ခုန်မှု ထပ်တူခဲ့ကြလို့ ဂီတာတီးကြတိုင်း ဆိုဖြစ်နေခဲ့တဲ့ ကိုဌက်သီချင်းတွေထဲက သီချင်းတစ်ပုဒ်ပေါ့။ ကိုယ်တိုင် Edit လုပ်ပြီး ဖန်တီးထားတာပါ။ အရင်သုံးနေကြ Adobe Premiere နဲ့မသုံးပဲ။ Window Movie Maker နဲ့ပဲ လုပ်ထားတာပါ။ ချာလီချက်ပလင် ဇာတ်ကားတွေ ပြန်ကြည့်ရင်းနဲ့မှ ဒီသီချင်းလေးကို သတိရသွားလို့ .. ရန်ကုန်မှာ ဗီဒီယိုတစ်ကားကို Edit လုပ်ရင် တစ်ကား သုံးသောင်း ရတာထက် စာရင်တော့ ကိုယ်ပိုင်ဖန်တီးမှုလေးတွေကို ဖန်တီးရင်း ချပြရတဲ့ အနုပညာတစ်ရပ်အနေနဲ့တော့ ကျေနပ်မိနေဆဲပါပဲ။ သေချာတာကတော့ ရွှေစင်ရုပ် ခြောက်ဆုရထားတဲ့ ဓာတ်ပုံပညာရှင် ဘကြီးလက်ရာကိုတော့ ခြေဖျားမမှီသေးပါဘူးဗျာ။

ကိုယ်ပိုင်ပြက်လုံး
ရေးး စောခူဆဲ
ဆိုး ထူးအိမ်သင်
Intro : |F Am Bb C|x2

F............Am.........Bb.............C.......F Am
ငါ့ရယ်စရာတစ်ခုကို ဒီကမ္ဘာမြေဟာ ခံစားငိုညည်း

...Bb..........C.....F...Am.......Bb......E F Am Bb C
ငါ့ကိုယ်ပိုင်ပြက်လုံးတွေ ငါ့ကို ပြန်ရယ်နေဆဲ (အိုး...နိုး...)

F............Am.........Bb...C..............F Am
ငါ့ငိုသံကြားချိန် ဒီကမ္ဘာမြေဟာ ရယ်မောလေပြီ

...Bb.......C......F..Am...Bb...C...F
ငါ့ကိုယ်ငါ ပြန်သိနေ ငါ့ရယ်စရာ ငါပဲလေ

Dm......Am................Bb..........................F
အဝေး...ငါကြည့်ငေးဆဲ...တုန်နေတဲ့လက်...အမြင်ကိုဖုံးကွယ်

.........Am......................Dm..............Bb....G....C
တစ်ယောက်ထဲ...ငါပြိုလဲခဲ့...ငါနာကျည်းခဲ့...ရယ်စရာဒီအဖြစ်ရယ်

F..............................Am..Bb............C......F Am
နောက်ဆုံးငါသေလွန်သည့်တိုင်...ဒီကမ္ဘာမြေဟာတည်ရှိနေမယ်...

Bb.........C........F Am..Bb...........C......F
ငါ့ကိုယ်ပိုင်ပြက်လုံးတွေ....အိုး....ငါ့ကိုပြန်ရယ်မောနေ

Bb C |F Am Bb C|x4

ဆက်လက်ကြိုးစားပါဦးမည်။
© ချမ်းလင်းနေ

Sunday, March 6, 2011

ကကြီးခခွေးအိုင်တီ ( IT for Kids)

စာမရေးတာ အတော်လေး ကြာသွားပါပြီ။ ကျန်းမာရေး သိပ်မကောင်းဘူး။ အာရုံကြောတွေ သိသိသာသာ အားနည်းနေတယ်။ ဒါပေမယ့် စာရေးတဲ့သူ တစ်ယောက်အနေနဲ့ စာမရေးဖြစ်တာက စိတ်ကို ပိုပင်ပန်းစေတယ်။ " စာရေးချင်တယ်၊ ရေးစရာအကြောင်းအရာတွေ ပုံနေတယ်" ဆိုပြီး အလုပ်ကြွေးတွေ ပိနေတဲ့သူ တစ်ယောက်လိုမျိုး ခံစားရတဲ့ ခံစားချက်က တော်တော်ဆိုးတယ်။ ကိုယ့်ကို ဘယ်သူကမှလည်း အတင်းအကျပ် ရေးရမယ်ဆိုပြီး ခိုင်းနေတာမျိုးလည်း မဟုတ်။ ရေးလက်စ ဝတ္ထုတိုတွေက ပုံနေတယ်။ ဘာသာပြန်နေတာ နှစ်အုပ်၊ သုံးအုပ်ရှိတယ်။

ကလေးတွေအတွက်လည်း ပုံပြသိပ္ပံစွယ်စုံကျမ်းလေး တစ်တွဲလည်း လုပ်ချင်တယ်။ ကျွန်တော်ငယ်ငယ်က ဖတ်ဖူးခဲ့တဲ့ "သုတရတနာသိုက်" လိုမျိုးပေါ့။ လူကြီးတွေအတွက်လည်း နောက်ဆုံးပေါ်ကမ္ဘာမှာ စိတ်ဝင်စားနေကြတဲ့ ရာသီဥတုပြောင်းလဲမှုတို့၊ ကမ္ဘာ့စီးပွားပျက်ကပ်အကြောင်းတို့လို့ Topic တွေကို အခြေခံအကျဆုံး Level နဲ့ ရှင်းပြထားတဲ့ စာအုပ်မျိုးလေးတွေလည်း ရေးချင်တယ်။ 

ဒါမှကမ္ဘာကြီး ပူနွေးလာတာ ငါတို့နဲ့မဆိုင်လောက်ပါဘူး။ ငါတို့လုပ်ပေးနိုင်တာ ဘာမှမရှိပါဘူးဆိုတဲ့အတွေးတွေ၊ ကမ္ဘာ့စီးပွားပျက်ကပ် ဆိုတာက သူဌေးလှေနစ်တာပါ၊ ငါတို့လို အရမ်း isolated ဖြစ်တဲ့နိုင်ငံမျိုးကိုတော့ ထိခိုက်လိမ့်မယ် မထင်ပါဘူးဆိုတဲ့ အတွေးအခေါ်မှားတွေကို လူထုကြားကနေ ဖျောက်ဖျက်ပစ်နိုင်မယ်ထင်လို့ပါ။ စာအရမ်းဖတ်တဲ့ သူတစ်ယောက်ရဲ့ ဘေးထွက်ဆိုးကျိုးတွေပေါ့။ ထားပါတော့။ ကိုယ့်ဘဝနဲ့ ကိုယ်ရှိပါစေတော့။

ဒီနေ့တော့ ဇက်ကြောတွေ အရမ်းထိုးနေတယ်။ ညာဖက်က ဦးလွဲသလိုမျိုးကြီး နာနေတယ်။ မျက်စိတွေလည်း ကိုက်လို့။ ဘယ်လောက်ပဲအိပ်အိပ် လူကအိပ်ရေးမဝတဲ့ပုံဖြစ်ပြီး မောင်သက်ပန်းက သန်းတဝေဝေ ဆိုတာမျိုးဖြစ်နေတယ်။ မျက်စိလည်း စမ်းရဦးမယ်။ ကွန်ပျူတာကြည့်ရင် Screen ရဲ့အလယ်ကောင်တည့်တည့်က စာတွေဆိုကြည့်လို့ကောင်းတယ်၊ ဘေးဖက်ကိုရောက်သွားတာနဲ့ တဖြေးဖြေးဝါးလာရော။ ရှိစေတော့။

အဲဒီတော့ ဒီနေ့တော့ စာဟုတ်တိပတ်တိ မရေးနိုင်မယ့်အတူတူ၊ ပူနွေးခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီ ဖြစ်ပါသဖြင့် အိမ်မှာအားယားနေတော့မယ့် မှင်စာလေးများကို သင်တန်းအသီးသီးသို့ပို့မယ့် မိဘတွေအတွက် ကလေးငယ်တွေအတွက် ကွန်ပျူတာသင်ကြားခြင်း အကြောင်းလေး ရေးချင်ပါတယ်။

အခုအချိန်မှာ ကျွန်တော်က ပျမ်းမျှလူတော်တော် များများထက် ကွန်ပျူတာကို ပိုသုံးနိုင်တယ်။ ကွန်ပျူတာအကြောင်းကို ပိုနားလည်တယ်။ ဒါပေမယ့် အခွင့်အရေးများရှိမယ်ဆိုရင် ကျွန်တော့်အသက်ကို ကျွန်တော် ကွန်ပျူတာလောကထဲ စပြီးတော့ ထဲထဲဝင်ဝင်လေ့လာခဲ့တဲ့ လွန်ခဲ့တဲ့ရှစ်နှစ်လောက်ကို ပြန်ငယ်သွားချင်တယ်။ အဲဒါမှ ဟိုးအစကနေ ပြန်ပြီးတော့ လေ့လာလို့ရမှာ။ (ကိုဌက် ဆိုခဲ့သလို ငါတည်ဆောက်ခဲ့ရသမျှ ပြန်ပြီးဖြိုချ၊ ငါသင်ကြားခဲ့ရသမျှ မေ့ဖို့ကြိုးစား ဆိုသလိုပေါ့။ ဒါမှ အသစ်က ပြန်စနိုင်မှာလေ။ )

ကျွန်တော်တို့ ကွန်ပျူတာစသုံးတော့ အင်တာနက်ဆိုတာကြီးက ပေါ်ကာစပဲရှိသေးတယ်။ ၁နာရီကို ၁၅၀၀ပေးပြီး သုံးခဲ့ရတာ။ ဆိုင်တွေကလည်း အရမ်းရှားတယ်။ တစ်ခါတစ်လေများ တစ်ခါမှ မမြင်ဖူး မတွေ့ဖူးတဲ့သူနှစ်ယောက် ပေါင်းပြီးတော့ စက်တစ်လုံးထဲကို သုံးခဲ့ရတာတွေဖြစ်ဖူးတယ်။ ပိုက်ဆံကြတော့လည်း တစ်ယောက်ဆီက ၁၅၀၀ပဲယူတာပဲ။ Demand က အရမ်းများပြီး ဆိုင်ကနည်းနေတာ။ ဒါပေမယ့် အဲဒီခေတ်က ကွန်နက်ရှင်က ဒီနေ့ခေတ်ထက် အများကြီးသာတယ်လို့ ပြောလို့ရတယ်။ အွန်လိုင်းပေါ်မှာ ခင်မင်တဲ့သူ အချင်းအချင်းလည်း အရမ်းခင်ကြတယ်။ ဒီနေ့ခေတ်လို မဟုတ်ဘူး။ အခုက အဖွဲ့တွေမျိုးစုံဖွဲ့ နာမည်တွေမှည့်ပြီး နေနေကြတာ။ အကုန်ဆရာကြီးတွေချည်းပဲ။ ဟိုတုန်းကတော့ သူလည်းလူသစ်၊ ငါလည်းလူသစ်ပဲ။

ဘယ်သူမှဘယ်ဟာက ဘာဆိုတာကို တိတိပပ သိတဲ့သူသိပ်မရှိဘူး။ အဲဒီအကြောင်းတွေကို ကျွန်တော်ပြောပြတာထက်စာရင် တကယ်လုပ်ခဲ့တဲ့ ကိုညီလင်းဆက်တို့ကိုမေးကြည့်။ သူတို့ပိုသိတယ်။ သူတို့က ပလန်းနက်ခေတ်ကတည်းက တကယ့်ဆရာ့ဆရာကြီးတွေ။ ဇော်ဂျီဆိုတာက သူတို့လုပ်ပေးလို့ ယူနီကုတ်နာမည်ခံလို့ရနေတာ။ CD တွေ ရောင်းတဲ့ဆိုင်ဆိုတာက ရှာမှရှား။ နှစ်ဆိုင်လား သုံးဆိုင်လားမသိဘူး။ အင်တာနက် ဆိုင်တစ်ဆိုင်ရဲ့ကြေငြာမှာဆို P4 စက်တွေသုံးနိုင်တာလောက်ကို တခမ်းတနား ထည့်ကြေငြာထားတာ ဖတ်ခဲ့ရဖူးတယ်။ အခုအချိန်မှာတော့ ကိုယ်တွေကိုယ်နှိုက်က CPU ဆို Core ၂ခုလောက်ဆိုရင်တောင် သိပ်မကြိုက်တော့ဘူး။

ပြောချင်တာက ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ရတဲ့ အိုင်တီခရီးက အခုခေတ် လူငယ်တွေထက်စာရင် ပိုကြမ်းတမ်းတယ်။ အကြောင်းအရာတစ်ခုခု သိချင်ရင် ဘယ်ကဘယ်လို စရမှန်းမသိဘူး။ သုံးရတဲ့ကွန်ပျူတာတွေကလည်း အဲဒီအချိန်က Laptop အသစ်ကျပ်ချွတ်ဆိုတာ ရွှေလိုရှားတယ်။ ပိုက်ဆံရှိရင်တောင် ဝယ်လို့မလွယ်ဘူး။ အဟောင်းတွေပဲများတယ်။ ဘယ်သူ့မှလည်း မေးလို့စမ်းလို့မရဘူး။ ဘာလို့လည်းဆိုတော့ အားလုံးက မြေစမ်းခရမ်းပျိုးနေတဲ့ အဆင့်ပဲရှိသေးတယ်။ "တစ်ခုခုဆို ငါတို့ဝိုင်းလုပ်ကြမယ်။ အဖြေတစ်ခုထွက်တဲ့အထိ.... "ဆိုတာမျိုးပဲ။ (အရမ်းချစ်ဖို့ကောင်းတဲ့ မြန်မာတွေရဲ့ ကနဦးအစ စုပေါင်းလုပ်ဆောင်တတ်တဲ့စိတ်ပေါ့ဗျာ။ အောင်မြင်သွားမှသာ သူကြောင့် ငါ့ကြောင့် ဖြစ်လာကြတာ။)

တစ်ယောက်ယောက်က နိုင်နိုင်နင်းနင်းနဲ့ ရှင်းပြနိုင်တာမျိုးမရှိဘူး။ အဲဒီလိုဆိုတော့ ကျွန်တော်သာ အသက်တွေ ပြန်ငယ်ရမယ်ဆိုရင် အဲဒီလွန်ခဲ့တဲ့ရှစ်နှစ်က စမ်းတဝါးဝါးတွေကို ဖယ်ပြီးတော့ အခုခေတ်လို အရာရာ အသင့်နီးပါးဖြစ်နေချိန်မှာ အစကနေပြန်ပြီး ရှစ်နှစ်စာဇောက်ချ လုပ်လိုက်ချင်တာတွေရှိတယ်။ အခုဆို Facebook လိုဟာမျိုးတစ်ခုကို ကျွန်တော်ကိုယ်တိုင်တစ်ယောက်တည်းနဲ့ Code တွေ ရေးပြီး တည်ဆောက်နိုင်တယ်။ သူတို့အခုသုံးနေတဲ့ PHP ဆိုတာကို ကျွန်တော်လည်း လွန်ခဲ့တဲ့ရှစ်နှစ်ကတည်းက လေ့လာခဲ့တာပဲ။ ဒါဆို ဘာလို့မလုပ်လဲ.....????

ပြဿနာက ကိုယ့်ကိုကိုယ်ဖော်မသူတော် သိပ်လုပ်ချင်နေကြတဲ့ User တွေရဲ့ Profile တွေ၊ ကိုယ်ရေးအချက်အလက်တွေကို ဒီလောက်များတဲ့ မတစ်ထောင်သား ဟက်ကာတွေရဲ့ကြားမှာ ထိန်းသိမ်းထားဖို့ဆိုတာက တကယ့်စိမ်ခေါ်မှုပဲ။ Application ဆိုတာက Framework တွေ၊ Smarty လိုမျိုး Template manager တွေ jQueryလိုမျိုးတွေ YahooUI လိုမျိုးတွေ သုံးပြီးရေးရင် အခုရေးအခုပြီးတယ်။ စောစောကပြောတဲ့ လုံခြုံရေးတို့၊ တစ်နေ့တစ်နေ့ကို သန်းနဲ့ချီတဲ့ User တွေက ဆက်သွယ်တာကို လက်ခံနိုင်ဖို့ လုံလောက်တဲ့ bandwith တို့၊ traffic management တို့ဆိုတာတွေက တကယ့်စိမ်ခေါ်မှု။ ဒီလိုမျိုး နည်းပညာတွေကို ကျွမ်းကျင်လာခြင်းရဲ့ တခြားတစ်ဖက်မှာ ကျွန်တော်တို့ ပေးဆက်လိုက် ရတာတွေလည်း တစ်ပုံတစ်ပင်ပဲ။ အဓိကကတော့ "မျက်ကန်းတောတိုး စမ်းတဝါးဝါး"တွေပဲ။

ပြန်စဉ်းစားမယ်ဆိုရင် တွေးမိတာတစ်ခုက ငါတို့ဆင်ကန်းတောတိုးသမားတွေတောင် စမ်းတဝါးဝါးနဲ့ လုပ်ရင်းကိုင်ရင်းကနေ ဒီနေ့ ဒီလိုမျိုးအနေအထားတစ်ခု ရလာကြရင်။ ငါတို့က သေချာဂိုက်လိုင်းချပေးလိုက်တဲ့သူတွေ၊ ငါတို့လို စမ်းတဝါးဝါးမဟုတ်ပဲနဲ့ ဘာပြီးရင်ဘာ၊ ဘယ်အဆင့်ကို အရင်လုပ်၊ အဲဒါပြီးမှ ဘာကိုလေ့လာလို့ တစ်ယောက်ယောက်က ဂိုက်လိုင်းချပေးတဲ့အတိုင်း Step by Step လျှောက်လာတဲ့သူတွေ၊ Block by block တည်ဆောက်လာခဲ့တဲ့သူတွေဆိုရင် ဒီရှစ်နှစ်အတွင်းမှာ ဘယ်အဆင့်အထိရောက်သွားမလဲ။ အဲဒါကို သွားတွေးမိတယ်။ ကျွန်တော်တို့ စမ်းတဝါးဝါးလုပ်ခဲ့ရတဲ့ ကိုယ်တွေ့အဖြစ်ကလေးတစ်ခု ပြောပြမယ်။ ရယ်စရာပါ။ ရယ်ယုံပဲရယ်ပါ။

ကျွန်တော် Web Developing လိုင်းကို စလိုက်တော့၊ Web Developing နဲ့ပတ်သက်လို့ ဗမာလိုရေးထားတဲ့ စာအုပ်စာတမ်းဆိုတာ တစ်ခုမှမရှိဘူး။ အဲဒီလိုပဲ မီးကျိုးမောင်းပျက် English လေးနဲ့ ဟိုစာအုပ်ဖတ်၊ ဒီစာအုပ်ဖတ်ပဲ။ တစ်နေ့တော့ ဘာသွားတွေ့လည်းဆိုတော့ Web Developing မှာ အရမ်းအရေးကြီးတဲ့ JavaScript အကြောင်းသွားတွေ့တယ်။ အဲဒါနဲ့ ဒီကောင်မိုက်တယ်၊ ငါတတ်ထားရင်ကောင်းမှာပဲဆိုပြီးတော့ CD ဆိုင်ကိုသွားတယ်။ မှတ်မှတ်ရရ National CD ဆိုင်။

အဲ့ဒါနဲ့ ကိုယ်က အဲဒီအချိန်မှာ VB6 ကို လေ့လာနေတဲ့အချိန်။ နောက်တစ်ခါ JavaScript ဆိုတာ Java ကနေလာတဲ့ ဟာပဲဖြစ်မယ်။ ဘာလို့လဲဆိုတော့ VB မှာက VBScript ဆိုတာလည်း ရှိသေးတာကိုး။ အဲဒါနဲ့ JavaScript အတွက် Compiler CD တစ်ချပ်ပေးပါဆိုပြီး တောင်းလိုက်ကော။ ဘယ်နှယ့်ရှိစ... ကိုယ့်လူတို့။ IT သမားတွေဆိုရင်တော့ ဒီနေရာမှာတင် ရင်ဘတ်နောက်ကကျောဖြစ်နေလောက်ပြီ။ ဟုတ်ကဲ့ ဇာတ်လမ်းက အဲဒီနေရာမှာတင် ဆုံးမသွားဘူးခင်ဗျ။ CD ရောင်းတဲ့ဆိုင်က အစ်မကြီးတစ်ယောက်က ကျွန်တော့်ကို CD တစ်ချပ်ထုတ်ပေးလိုက်လို့ ၅၀၀နဲ့ ဝယ်လာခဲ့ရပါသေးတယ်။

အဲဒီအချိန်က HTML ဆိုတာတောင် ဘာမှန်းမသိသေးဘူး။ မောင်စည်သူတို့ အလှမ်းကျယ် အလယ်လတ်တာပေါ့ဗျာ။ အခုအချိန်အထိ ဘာရယ်စရာပါလို့ ငါတို့က ရယ်ရမှာလည်းလို့ ဇဝေဇဝါဖြစ်နေသူများအတွက် နည်းနည်းလောက်ရှင်းပြချင်ပါတယ်။

Programming language တွေမှာ စက်ကနားလည်တဲ့ ဘာသာစကားကို တိုက်ရိုက်ထုတ်ပြီးတော့ တိုက်ရိုက် run ယူလို့ရတဲ့ C တို့ C++ တို့လိုမျိုး Language တွေရှိတယ်။ သူတို့ကို Compiled Language တွေလို့ခေါ်တယ်။ နောက်တစ်ခါ Intermediate language လို့ခေါ်တဲ့ သက်ဆိုင်ရာ Runtime လိုအပ်တဲ့ language တွေလည်းရှိတယ်။ ဥပမာ Java ဆိုရင် သူ့ရဲ့ dot Java file ကို dot class ဖိုင်အဖြစ် compile လုပ်ပေးရတယ်။ အဲဒီ class ဖိုင်မှာ ဘာတွေပါသလဲဆိုတော့ Java byte code တွေပါတယ်။ dot java file ကိုတော့ programming တတ်တဲ့သူက ဖတ်ရင်နားလည်တယ်။ လူနားလည်တဲ့အဆင့်ပေါ့။

Java byte code တွေကိုတော့ လူကနားမလည်တော့ဘူး။ လူကနားမလည်ဘူးဆိုလို့ စက်ကကော နားလည်သလား ဆိုတော့လည်း စက်ကလည်း နားမလည်ဘူး။ စက်နားလည်အောင်ပြန်ပြောတဲ့ Runtime ဆိုတာ လိုလာတယ်။ အဲဒါကြောင့် ကျွန်တော်တို့ စက်တွေမှာ Java Runtime ဆိုတာလိုလာတာ။ ဒါဆို ဘာလို့အဲဒါကြီးက ပါလာရတာလဲလို့မေးရင် (သေချာပြောမယ် တရားသေမမှတ်ပါနဲ့ ကွန်ပျူတာလောကမှ ဘယ်တော့မှ လှေနားဓါးထစ်မမှတ်ပါနဲ့ ) အသိသာ အထင်ရှားဆုံးအကြောင်းက Portable ဖြစ်သွားတယ်။

စက်တစ်လုံးမှာ ရေးထားပြီး Java byte code အဖြစ်အသွင်ပြောင်းလိုက်ရင် ကမ္ဘာပေါ်မှာရှိတဲ့ ကြိုက်တဲ့စက်မှာ သူ့သက်ဆိုင်ရာ Java Runtime နဲ့ပြန် run သီအိုရီအရ (ကျွန်တော်ပြောတယ်နော် သီအိုရီအရလို့ လက်တွေ့မှာ တကယ်မဖြစ်တာတွေရှိတယ်) run လို့ရရမယ်။ ဥပမာ- ကျွန်တော်က Windows စက်ပေါ်မှာ ရေးထားတဲ့ code တွေကို Java byte code အဖြစ်ပြောင်းလိုက်တယ်။ အဲဒါဆိုရင် Mac OS ပေါ်က Java Runtime က လိုအပ်သလို adjust လုပ်ပေးပြီးတော့ အဲဒီcode ကို Mac ပေါ်မှာ run လို့ရအောင်လုပ်ပေးလိုက်တယ်။ ဆိုလိုတာက OS ကို လိုက်ပြီးတော့ သူ့ OS နဲ့ဆီလျောတဲ့ Runtime ကိုပြောင်းပေးလိုက်ရုံနဲ့ Code တွေကို ပလက်ဖောင်းအမျိုးမျိုးပေါ်မှာ run လို့ရသွားတယ်။

နောက်တစ်ခါ ဘာသာစကားအမျိုးမျိုးပြောင်းလို့ရတယ်။ ဥပမာ dot net တွေကို ကြည့်၊ VB.net နဲ့ပဲရေးရေး Visual C++ နဲ့ပဲရေးရေး၊ C# နဲ့ပဲရေးရေး ရေးသမျှ code အားလုံးဟာ နောက်ဆုံးမှာ intermediate language အဖြစ်အသွင်ပြောင်းသွားတယ်။ အဲဒီလိုအသွင်ပြောင်းပြီးသွားရင် ဘာ language နဲ့ပဲရေးခဲ့ရေးခဲ့ နောက်ဆုံးမှာ .net Framework ရှိတဲ့ စက်အားလုံးမှာ run လို့ရသွားတယ်။ ပြောချင်တာက VB နဲ့ပဲရေးရေး၊ C# နဲ့ပဲရေးရေး OS က ဘာ language ဆိုတာကို ဂရုစိုက်စရာမလိုပဲနဲ့ Language တစ်ခုထဲက ထုတ်လုပ်လိုက်တဲ့ Code အမျိုးအစားတစ်မျိုးထဲအနေနဲ့ နားလည်သွားတယ်။

နောက်ဆုံးတစ်ခုက Scripting language ဆိုတာရှိတယ်။ သူကကြတော့ လုံးဝ Compile လုပ်စရာမလိုဘူး။ Source ဖိုင်ကနေ တိုက်ရိုက် run ယူတယ်။ ပြုပြင်ဖို့အရမ်းလွယ်တယ်၊ မကောင်းဘူးလား။ မကောင်းဘူး။ ဘာလို့လည်းဆိုတော့ Program ကို run ရင်အဆင့်တွေအရမ်းများတယ်။ program တစ်ပုဒ်ကို run ချင်ရင် အရင်ဆုံး intermediate ကိုရောက်အောင် လုပ်ရသေးတယ်။ portable ဖြစ်အောင်လို့။ ပြီးမှ mechine level ဖြစ်အောင်လို့ တစ်ခါပြန် compile လုပ်ရသေးတယ်။

အဲဒါကြောင့်မို့လို့ C လိုမျိုး တိုက်ရိုက် compile လုပ်ပြီးမှ run ရတဲ့ Language မျိုးနဲ့ယှဉ်လိုက်ရင် သိသိသာသာနှေးသွားတယ်။ နောက်တစ်ခါ Memory management တွေ လုံးဝမပါတော့ဘူး။ ပြီးတော့ Source code ကနေ တိုက်ရိုက် run ယူတာဖြစ်တဲ့အတွက် commercial application တွေမှာ အသုံးနည်းတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ scripting တွေက ပိုပြီးအသုံးများလာတယ်။ ဘာဖြစ်လို့လို့ထင်လဲ။ CPU တွေ အရမ်းမြန်လာလို့။

စောစောကပြောတဲ့ intermediate ပြောင်း၊ ပြီးမှပြန် run ဆိုတဲ့ Process တွေကို လုပ်တဲ့နေရာမှာ CPU တွေက အရမ်းမြန်မြန်ဆန်ဆန် လုပ်နိုင်တဲ့အတွက် Compiled တွေနဲ့ ယှဉ်ရင် သိပ်မကွာတော့ဘူး။ နောက်...ရေးရတာ သင်ယူရတာပိုမြန်တယ်။ ဟိုကောင်တွေက အရမ်းခက်တယ်။ Scripting ကျတော့ လွယ်လွယ်ကူကူနဲ့နားလည်နိုင်တယ်။ အဲဒီတော့ ပြောရရင် ကျွန်တော်သင်ချင်ခဲ့တဲ့ JavaScript သည် Compiler လုံးဝမလိုတဲ့ Scripting Language တစ်ခု ဖြစ်ပါတယ်။ Mozilla Firefox လိုမျိုး Web Browser ရှိရင်ကိုပဲ အလုပ်ဖြစ်ပါတယ်။ JavaScript သည် Java ဆိုတဲ့ Programming Language နဲ့ ဘာဆိုဘာမှမဆိုင်ပါဘူး။ (Programming Language သင်ကြားလိုသူများ ဥုံခံပြီး သုံးကြိမ်ရွတ်ပါ။)

အဲဒါကို ကျွန်တော်ချစ်သော CD ဆိုင်ကမမက စေတနာဗရဗွနဲ့ အိတ်ထဲကအသပြာငါးရာကြွအောင်လို့ CD တစ်ချပ်မစလိုက်တာပါ။ ကဲ...အဲဒါဆို ဘာလို့ရယ်စရာကောင်းတယ်ဆိုတာ သိပြီမှတ်လား။ စောစောက ပြောခဲ့တဲ့ Programming Language စစ်စစ်သုံးမျိုးအပြင်၊ Programming Language မဟုတ်ပေမယ့်လို့ Programming Language လိုမျိုးအသုံးချနေတဲ့ ဖားတစ်ပိုင်းငါးတစ်ပိုင်း MarkUp Language တွေရှိသေးတယ်။ JavaScript ကလည်း အဲဒီဖားတစ်ပိုင်းငါးတစ်ပိုင်းတွေထဲမှာပါတယ်။ သူလည်း Programming Language အစစ်ကြီးတော့ မဟုတ်ဘူး။ ထားတော့။ ပြောချင်တာက HTML တောင်မသိသေးတဲ့ကောင်က JavaScript တွေ ဘာတွေနဲ့ ကြီးကြီးကျယ်ကျယ်သွားလုပ်လို့ ခံလာရတဲ့အကြောင်းပါ။

အဲဒီလိုမျိုး ခံရတာတွေများလာတော့မှ ဒီနေ့အခြေအနေကို ရောက်လာတာပါ။ အဲဒီတော့ ကွန်ပျူတာလောကမှာ မသိတဲ့အကြောင်းအရာဆိုတာ ရှားတယ်။ ဟိုနားလည်း နည်းနည်းသိ၊ ဒီနားလည်း မဆိုစလောက်ပေါ့။ ဒါပေမယ့်လက်တွေ့မှာ လုပ်ငန်းခွင်ဝင်ရင် တစ်ခုခုကို ဇောက်ချလုပ်ထားဖို့လိုတယ်။ အလုပ်ထဲမှာ ကိုယ်တာဝန်ယူရတဲ့ အစိတ်အပိုင်းအားလုံးကို စလုံးရေစကနေ စပြီးကို သိနေဖို့လိုတယ်။ အဲဒီအခါကြတော့ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်းတွေက သုံးမရတော့ဘူး။ လုံးဝအဖိုးမတန်တာတော့ မဟုတ်ဘူး။ သိထားရင်တော့ ကောင်းတော့ကောင်းတယ်။ ဒါပေမယ့် ကိုယ်နဲ့ဆိုင်တာကိုတော့ လက်တစ်ဆုံး နှိုက်မိနေဖို့လိုတယ်။

အဲဒီတော့ ကလေးတွေကို စာသင်တော့မယ်ဆိုရင် သူတို့ကို စမ်းတဝါးဝါးဖြစ်နေရမယ့် အဖြစ်မျိုး၊ စောစောကကျွန်တော့်လို့ အဆင့်တွေကျော်ကုန်တာမျိုး မဖြစ်စေချင်ဘူး။ ကျွန်တော်တို့ကတော့ ထားတော့ ဟိုးတုန်းက နည်းပညာမဖွင့်ဖြိုးသေးတာရော၊ မသိလို့ မတတ်လို့ မေးချင်ရင်တောင် ဘယ်သူ့ကို မေးလို့မေးရမှန်း မသိတဲ့အခြေအနေမျိုးမှာဆိုတော့။ အခုကလေးတွေက ကျွန်တော်ရဲ့ အတွေ့အကြုံတွေကိုယူပြီး ကျွန်တော်တို့အမှားတွေကို သူတို့ဆီကို ဆက်မမှားဖို့ကောင်းပြီ။ အဲဒါနဲ့ ဒီနေ့.... ဒီဆောင်းပါးကို ရေးပါတယ်။

ကျွန်တော်ရဲရဲကြီး အာမခံနိုင်တာရှိတယ်။ ကျွန်တော်တို့အမှားတွေလိုမျိုးသာ မမှားကြရင် ဒီနေ့ခေတ်ကလေးတွေက ကျွန်တော်ရောက်နေတဲ့အဆင့်မျိုးကို ကျွန်တော်ရှစ်နှစ်လောက် အပင်ပန်းခံခဲ့ရတဲ့ခရီးကို သုံးနှစ်လောက်နဲ့ ရောက်သွားနိုင်တယ်။ မိဘတွေကိုပြောချင်တာက သားသမီးကို ကိုယ်ဖြစ်စေချင်သလို အတင်းအကျပ်ပုံစံမျိုး မဟုတ်ပဲနဲ့ သူတို့ကို တဖြေးဖြေးပုံသွင်းယူတဲ့ပုံစံမျိုး၊ ကိုယ်ဖြစ်ချင်တာနဲ့ သူတို့ဖြစ်ချင်တာနှစ်ခု ယှဉ်လာရင် သူတို့လေးတွေ ပိုစိတ်ဝင်စားမယ့် အနေအထားမျိုးကို ဦးစားပေးတတ်စေဖို့ကို တိုက်တွန်းချင်တယ်။

ဒီဆောင်းပါအတွက် ရွေးချယ်ထားတဲ့ အသက်အပိုင်းအခြားက အသက်ဆယ့်သုံးနှစ်ကနေ ဆယ့်ခုနှစ်နှစ်အထိပေါ့။ ဒီအသက်အပိုင်းအခြားဟာ ကွန်ပျူတာသင်ဖို့ အကောင်းဆုံးအရွယ်ပဲ။ ဆယ့်သုံးနဲ့နီးလေလေ သင်ဖို့ကောင်းလေလေ၊ ဆယ့်ခုနှစ်နဲ့နီးလာလေလေ သင်ဖို့ခက်လာလေလေပဲ။ ဒါက... ယေဘုယျပြောတာပါ။ ကောင်းပြီ။ အဲဒီတော့ ဘယ်လိုသင်မလဲ။

ကွန်ပျူတာကို လူတွေက လေးမျိုးလေးစား ခွဲပြီးသုံးတယ်။ ကျွန်တော်တို့ Application တွေ ရေးရင်လည်း အဲဒီလေးမျိုးထဲက တစ်မျိုးမျိုးနဲ့ အကျုံးဝင်အောင်ရေးတယ်။ ကလေးတွေကိုသင်တော့လည်း ဒီလေးမျိုးကိုပဲ သင်ရမယ်။ ဘာတွေလည်းဆိုတော့.....

ပထမတစ်ခုက ပညာရှင်လို သဘောထားပြီး သုံးတယ်။ Dictionary တွေ၊ စွယ်စုံကျမ်းတွေ စသဖြင့်ပေါ့။ နောက်တစ်ခုက လုပ်ဖော်ကိုင်ဖက်လို သဘောထားပြီးသုံးတယ်။ Word Processing တွေ၊ Photoshop လိုမျိုးတွေပေါ့။ နောက်တစ်ခါ သူငယ်ချင်းလို သဘောထားပြီးသုံးတယ်။ MediaPlayer တွေ၊ Game တွေပေါ့။ နောက်ဆုံးတစ်ခု ကိုယ့်ရဲ့ကိုယ်ပွားလိုသဘောထားပြီးသုံးတယ်။ ဥပမာ Java လိုမျိုးတွေ၊ Visual Studio လိုမျိုးတွေ၊ DBMS တွေ စတဲ့ programming နဲ့ ဆိုင်တာတွေပေါ့။

ဥပမာ ကိုယ်က အလိုလို Shut Down လုပ်လို့ရတဲ့ program လေး ရေးထားတယ်ပေါ့။ ဘယ်အချိန်ဆိုရင် Shut Down လုပ်ပေးပါဆိုပြီး။ အဲဒါဆိုရင် program က ကိုယ့်ကိုယ်စား Shut Down ချပေးသွားတယ်။ DBMS တွေလည်း အတူတူပဲ ကိုယ်ကတစ်ခုခု မှတ်သားထားစရာရှိတယ်ဆိုရင် DBMS က စနစ်တကျနဲ့ စာရင်းသွင်း မှတ်သားထားပေးမယ်။ အဲဒီလိုမျိုးပေါ့။ ဗမာပြည်မှာတော့ ဖုန်းလိုသုံးနေတာလည်း ရှိတာပဲ။ ရှိပါစေတော့။ အဲဒီတော့ ကလေးတွေကို ဒီလေးမျိုးစလုံးနဲ့ထိတွေ့နေအောင်လုပ်ပေးရမယ်။

ပထမဦးဆုံး မလုပ်မဖြစ်လုပ်ရမယ့် အချက်က အိမ်မှာ computer ဝယ်ရမှာပဲ။ ကွန်ပျူတာ အိမ်မှာ အပိုင်မရှိပဲနဲ့ ကွန်ပျူတာမသင်ပါနဲ့။ ကွန်ပျူတာ အိမ်မှာရှိမယ်ဆိုရင် ဘယ်ကွန်ပျူတာသင်တန်းမှ သွားစရာမလိုပဲနဲ့ ကွန်ပျူတာ သင်လို့ရပါတယ်။ ခင်ဗျားမှန်းကြည့်စမ်း။ ကျွန်တော့်မှာ ကွန်ပျူတာသင်တန်းတွေက ပေးလိုက်တဲ့လက်မှတ်တွေ ဘယ်နှယ့်ခုရှိမယ်ထင်လဲ။ တစ်ခုမှမရှိဘူး။ ဟိုးအသက် ဆယ်နှစ်သားလောက်က CE font တွေထွင်တဲ့ CE computer ကပေးတဲ့ နွေရာသီ ကွန်ပျူတာသင်တန်း လက်မှတ်ကလေးကို ထည့်တွက်ရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် တကယ့်လောက်လောက်လားလား ကွန်ပျူတာသင်တန်းဆင်းလက်မှတ်ရယ်လို့ တစ်ခုမှမရှိဘူး။

စောစောက ပြောခဲ့တဲ့လက်မှတ်က ပထမဦးဆုံးနဲ့ နောက်ဆုံးရခဲ့တဲ့လက်မှတ်ပဲ။ အမေ့ကျေးဇူး ဒီနေရာ ဆပ်မကုန်ဘူး။ ကွန်ပျူတာအစုတ်ကလေး တစ်လုံး ဝယ်ပေးတယ်။ ဘာမှလုပ်လို့မရဘူး။ HDD က စုစုပေါင်းမှ 4GB ပဲပါတယ်။ Windows XP တင်လိုက်ရုံနဲ့ 1.5GB ကကုန်သွားပြီ။ အဲဒါနဲ့ ဟို software တင်လိုက်၊ ဒီ software တင်လိုက်။ နောက်တော့ format ရိုက် Windows ပြန်တင်လိုက်နဲ့။ အခုဆို Windows XP ကို မျက်စိမှိတ်ပြီး တင်လို့ရတယ်။ အဲဒီလိုနဲ့စခဲ့တာ။

သင်တန်းအခုတစ်ရာလောက် တက်ထားတဲ့သူတွေတောင်မှ မသိတဲ့ Windows သုံးပုံသုံးနည်းတွေကို အဲဒီ computer နဲ့ ဟိုကလိဒီကလိရင်းနဲ့ သိသွားတာ။ အဲဒီလိုပြောလို့ သင်တန်းမလိုဘူး ပြောချင်တာမဟုတ်ဘူး။ ကွန်ပျူတာအပိုင်တစ်ခု မရှိမဖြစ်လိုတယ် ဆိုတာပြောချင်တာ။ သင်တန်းဆိုတာကတော့ ဘယ်အကုန်သင်နိုင်မလဲ။ ကိုယ့်ဟာကိုယ် ရှာဖွေရတာတွေ အများကြီးပေါ့။

ဥပမာဗျာ အင်တာနက် သုံးနည်းသင်တန်းမှာ တစ်ခုခုသိချင်ရင် Google မှာရှာရတယ်ဆိုတာလောက်တော့ ပြောမှာပေါ့။ ဒါပေမယ့် result တွေ ပိုတိကျဖို့ ဗိုလီယမ်တွေ ဘယ်လိုသုံးရတယ် ဆိုတာတော့ ဘယ်သင်ပေးနိုင်မလဲ။ အိမ်မှာ ကွန်ပျူတာအပိုင်မရှိရင်တော့ သင်တန်းသွားတက်လည်း သင်ပြီးသားတွေက ပြန်မေ့သွားမှာပဲ။ မထူးပါဘူး။ ကွန်ပျူတာဆိုတာက အမြဲမပြတ်ထိတွေ့ပေးနေဖို့လိုတယ်။

ဒုတိယတစ်ခုက ကလေးတွေကို စနစ်တကျ Mouse နဲ့ Keybord သုံးတတ်အောင် သင်ဖို့လိုတယ်။ အခုခေတ်ကလေးတွေက ဒါတွေမသုံးတတ်စရာမရှိပါဘူးလို့ ထင်မယ်။ အဲ့ဒါမှားတယ်။ မသုံးတတ်ကျဘူး။ ကွန်ပျူတာသုံးတဲ့သူ တစ်ရာမှာကိုးဆယ်က Keybord နဲ့ Mouse ကို မှန်အောင်၊ မှန်နေရင်းလည်း မြန်အောင် မသုံးတတ်သေးဘူး။ အဲဒီအတွက် Mouse ကို ကျကျနနသုံးတတ်အောင် သင်ရမယ်။ Typing တွေ မှန်အောင်သင်ပေးရမယ်။

တစ်ခါတုန်းကပေါ့ဗျာ ဇာတ်လမ်းလေးတွေရှိတယ်ပေါ့။ UCSY က ကျောင်းဆင်းကြီးတစ်ယောက်ပါ။ ဗမာလိုမရိုက်တတ်ဘူး။ အခုအချိန်အထိ ဗမာလိုရိုက်ဖို့ ခက်နေတုန်းပဲ။ အဲဒါကြောင့်ပြောတာ Typing ကို ဗမာ၊ အင်္ဂလိပ်မှန်မှန်နဲ့ မြန်မြန်ရိုက်နိုင်ဖို့ ကြိုးစားပြီးသင်သင့်တယ်။ ပထမတော့ မှန်ဖို့ပေါ့။ နောက်တော့ တဖြေးဖြေးမြန်လာမယ်။ Typing အမြန်ရိုက်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းကို ပြောပြမယ်။ ကြိုပြောထားမယ် ကိုယ့်ဟာကို ချိန်ပြီးလုပ်။ တစ်ခုခုဆိုတာဝန်မယူ။

Typing အမြန်ဆုံးရိုက်နိုင်စေရန်အတွက် အကောင်းဆုံးနည်းလမ်းမှာ ရည်းစားထားခြင်းဖြစ်ပါသည်။ ဆက်မမေးနဲ့တော့ ဘာကိုမှဆက်မမေးနဲ့တော့။ မောင်စည်သူတို့ A4 သုံးမျက်နှာလောက်ကို ဘာလို့နာရီဝက်အတွင်း အပြီးရိုက်နိုင်သလဲဆိုတာက အဲဒါ အဖြေပဲ။ ဒါကလူကြီးတွေအတွက် ပြောတာ။ ၁၈နှစ် မပြည့်သေးတဲ့ကလေးတွေနဲ့ မဆိုင်ဘူး။ ပဲကြီးလှော်ဝင်မနှိုက်ကြနဲ့ ကလေးတွေ။ နောက်တစ်ခုက Short Cut တွေကိုလည်း လေ့လာထားသင့်တယ်။

တတိယက Hardware ကို ပိုင်ပိုင်နိုင်နိုင်သိဖို့လိုတယ်။ ကျွန်တော်တို့ဗမာတွေမှာ မကောင်းတဲ့အကျင့်ရှိတယ်။ လူသုံးကုန်ပစ္စည်းတွေကို ကိုးကွယ်တာ။ TV တို့ဘာတို့ကို မှန်ပုံးကြီးတွေ၊ မှန်ဗီဒိုကြီးတွေထဲ ထည့်ထားကြတဲ့ခေတ်ကို မှတ်မိလား။ ပစ္စည်းပျက်မှာကို အရမ်းစိုးရိမ်တယ်။ ကလေးတွေကို ဟိုဟာမကိုင်နဲ့ ပျက်မယ်၊ ဒီဟာမကိုင်နဲ့ပျက်မယ်။ ပျက်သွားရင်အသစ်ဝယ်ဖို့က လွယ်တာမဟုတ်ဘူး စသဖြင့်ခြိမ်းခြောက်တတ်တယ်။

အဲဒါ...... မှားတယ်။ သူတို့ကို ပျက်မယ်မကိုင်နဲ့လို့ ပြောမယ့်အစား၊ ဒီဟာကို ဒီလိုလုပ်ရင် ဒီလိုဖြစ်မယ်။ အဲဒီလိုဖြစ်သွားရင် သူ့ရဲ့အကျိုးဆက်က ဘာဆိုတာကို ကလေးနားလည်သည်အထိ ရှင်းပြရမယ်။ ပြောသာပြောရတယ် ကိုယ့်မှင်စာတွေအကြောင်းလည်း ကိုယ်သိတယ်။ တော်ကြာ ခင်သန်းမြင့်ရေ...ကလေးတွေကို သကြားလုံးကျွေးလိုက်ပါ ဆိုတာမျိုး လုပ်နေရဦးမယ်။

အဲဒီတော့ ပြောချင်တာက သူတို့သာ ကွန်ပျူတာမှာပါတဲ့ အစိတ်အပိုင်းတွေအကြောင်း သိထားမယ်ဆိုရင် ဘယ်လိုကိုင်တွယ်ရမယ်၊ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကိုသိပြီး မသုံးနဲ့ ပျက်တတ်ဆိုတဲ့အတွေးအစား၊ ကွန်ပျူတာဆိုတာ သုံးရတယ်။ သုံးတယ်ဆိုရင် ပျက်မှာပဲ၊ ပျက်ရင် ဘယ်လိုလုပ်မယ်။ အပျက်သက်သာအောင် ဘယ်လိုသတိထားမယ်။ ဆောင်ရန်ရှောင်ရန်တွေကို ဘယ်လိုလုပ်မယ်ဆိုတဲ့ အတွေးဝင်သွားမယ်။

နောက်တစ်ခုက ကွန်ပျူတာဆိုတာက hardware ချည်းသက်သက်မဟုတ်ဘူး။ software ပါပါတယ်။ အဲဒီတော့ ပြုပြင်ထိန်းသိမ်းတဲ့အခါမှာလည်း hardware ချည်းတင်လုပ်ရတာမဟုတ်ဘူး software ပိုင်းကိုပါ ကိုင်ရတယ်။ Defrag လုပ်တာမျိုးပေါ့။ ဗိုင်းရစ်သတ်တာမျိုးပေါ့။ အဲဒါတွေကိုလည်း ဘာလို့လုပ်ဖို့လိုအပ်တယ်၊ ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို သူတို့ကိုယ်တိုင်သိသွားမယ်။ အဲဒီတော့ ကွန်ပျူတာသုံးရမှာကို ကြောက်မနေတော့ဘူး။

ကျွန်တော်အရင်က သင်တန်းပေးတုန်းကဆို ကလေးတွေကို သင်တန်းစစချင်း Mouse ကို တစ်ဖက်က ကိုင်ခိုင်းတယ်၊ တစ်ဖက်က Keybord ကို ကိုင်ခိုင်းပြီးတော့ ဟဲ့နွားလို့ အော်ခိုင်းတယ်။ ကလေးတွေကို ပျော်စေချင်တာရယ်၊ သူတို့နဲ့ ကွန်ပျုတာကို ရင်းနှီးမှု လုပ်ချင်တာရယ်။ နောက်ပြီးတော့ စက်တွေကို ရဲရဲတင်းတင်း ကိုင်စေချင်တာရယ်ကြောင့်မို့လို့။

အဲဒီအတွက် အကောင်းဆုံးဖြေရှင်းနည်းရှိတယ်။ အဲဒါက ဘာလဲဆိုတော့ ဆရာကိုဇော်လင်း(youth) ရေးတဲ့ A+ ဆိုတဲ့စာအုပ်နဲ့ beyond A+ ဆိုတဲ့စာအုပ် နှစ်အုပ်ကို ပေးဖတ်လိုက်တာပဲ။ ကျွန်တော်တောင် အဲဒီစာအုပ်ကို ဝတ္ထုဖတ်သလိုမျိုးကို တခုတ်တရ အကြိမ်ပေါင်းများစွာ ဖတ်ခဲ့တယ်။ အခုအချိန်အထိလည်း ဖတ်တုန်းပဲ။ တွေ့တဲ့သူတိုင်းကိုလည်း ညွှန်းတယ်။ အရေးအသားလည်း ပြေပစ်တယ်။ ဆရာကိုဇော်လင်းခင်ဗျား ကြေငြာခလက်ဖက်ရည်တိုက်ပါ။ စတာပါ။

နောက်တစ်ခုကတော့ သင်တန်းတစ်ခုခု တက်စေတာပါ။ သင်တန်းက တကယ်သင်တဲ့ သင်တန်းဖြစ်ဖို့တော့ လိုတယ်ပေါ့။ တကယ်သင်တဲ့သင်တန်း ဘယ်ဟာလည်းသိချင်ရင် အခုခင်ဗျားတို့ ခေါင်းထဲမှာ တွေးမိတဲ့ နာမည်ကြီး သင်တန်းကြီးများရဲ့နာမည်ကို ဖြုတ်လိုက်ရင် စာရင်းကတော်တော်သန့်သွားမယ်။

စတုတ္ထအချက်က အခုစာဖတ်သူ လူကြီးမင်းက လူကြီးမင်းရဲ့ကလေးကို သင်စေချင်တဲ့ application များကို ခေါင်းထဲက မောင်းထုတ်လိုက်ပါ။ ဥပမာဆိုကြပါဆို့။ ငါ့သားလေးတော့ စာစီစာရိုက်တတ်စေချင်တယ်။ pagemaker သင်ပေးထားရင်ကောင်းမှာပဲလို့ တွေးတယ်ပေါ့။ အခု Adobe က Pagemaker ကို version 7 ထဲက ဆက်မထုတ်တော့တာ လူကြီးမင်း သတိထားမိပါသလား။ အဲဒါဆိုရင် လူကြီးမင်းကလေးက အရွယ်လည်းရောက်ရော၊ သူသင်ထားတဲ့ pagemaker က သူ့အတွက် အသုံးမဝင်ဖြစ်သွားပါပြီ။ ဒီလိုပါပဲ Microsoft office တွေလည်း အတူတူပဲ။

အဲဒီတော့ ဘယ်ဟာကို သင်ရမလဲမေးရင် Wordpad ကိုသင်ပါ။ Copy နဲ့ Paste လုပ်တာတွေ၊ select မှတ်တာတွေ၊ ဖိုင် save လုပ်တာတွေ စသဖြင့် Application တွေရဲ့ အခြေခံအသုံးတွေနဲ့ command တွေ တော်တော်များများကို Wordpad နဲ့သင်လို့ရပါတယ်။ ကျွန်တော်လည်း အဲဒီလိုပဲသင်တယ်။ style တွေ၊ template တွေနဲ့ ကလေးတွေကို ခေါင်းခြောက်မသွားစေချင်လို့။ သူတို့သိဖို့က အဓိကလိုအပ်တဲ့ Application ရဲ့ အသုံးတွေကိုပဲ ပြည့်စုံအောင် သင်ပေးလိုက်တယ်။ Toolbar တွေ၊ menu bar တွေကိုနဲ့ အဲဒါတွေ ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကိုပဲ သိအောင်သင်ပေးလိုက်တယ်။ အဲဒါကိုနားလည်ရင် Application အားလုံးနည်းပါကိုနားလည်နိုင်သွားပါပြီ။ ဒါက application နဲ့ပတ်သတ်လို့ပါ။

နောက်တစ်ခုက OS နဲ့ပတ်သက်လို့။ File တွေ၊ Directory တွေ(Windows မှာတော့ Folder တွေလို့ခေါ်တယ်)၊ shortcut တွေ၊ စသဖြင့်ပေါ့။ ဒါတွေကို ကျွမ်းကျင်ပါစေ။ နောက်တစ်ခါ Directory တွေရဲ့ သိမ်းဆည်းပုံတွေ၊ ဥပမာ Windows folder ဆိုရင် System နဲ့ဆိုင်သမျှ ဖိုင်တွေသိမ်းတယ်။ Program files ဆိုရင် application တွေရဲ့ ဖိုင်တွေသိမ်းတယ်။ user ဆိုရင်တော့ user တွေနဲ့ဆိုင်တဲ့ဟာတွေ သိမ်းတယ်ပေါ့။

ရီဂျစ်စတီကို နားလည်ပါစေ။ ရီဂျစ်စတီဟာ ပြောပြရရင် အများကြီးပဲ။ ဒါပေမယ့် သူတို့ကိုတော့ ရီဂျစ်စတီက သုံးတတ်ရင် အသုံးဝင်သလောက်၊ မသုံးတတ်ရင် အန္တရာယ်ဖြစ်နိုင်တယ် ဆိုတာလောက်တော့ ရှင်းပြထားသင့်တယ်။ နောက်တစ်ခါ ဖိုင်အမျိုးအစားတွေ၊ temp ဖိုင်တို့၊ junk ဖိုင်တို့တွေ၊ memory dump တွေ၊ BSD တွေ၊ ဒါတွေကို သူတို့ကို သိစေရမယ်။ BSD ဘာကြောင့်ပေါ်လာသလဲ။ ပေါ်လာရင်ဘာလုပ်ရမလဲ။

ကျွန်တော့်အတွေ့အကြုံအရ Blue Screen of Death သည် Memory card တွေရဲ့ error ကြောင့် အဓိကပေါ်လာတတ်တယ်။ ဒါမျိုးလေးတွေသိရမယ်။ အပေါ်က Hardware ကို ကျွမ်းကျင်ရမယ်ဆိုတာမှာလည်း ဒါတွေပါလာမှာပဲ။ Bios ကပေးတဲ့ တီတီဆိုတဲ့ အသံမျိုးတွေပေါ့။

နောက်တစ်ခုက Programming ဆိုရင်လည်း VB၊ Java၊ Python၊ Ruby၊ PHP စသဖြင့် မသင်စေချင်ဘူး။ အဲဒီလို Language တွေအစား ပရိုစီဂျာရယ်ဆိုတာဘာလဲ၊ Object oriented ဆိုတာဘာလဲ။ အခုကျွန်တော့်တို့ နေ့စဉ်လောကမှ ဆယ်လီစိတ်စနစ်သုံးတယ်။ ကွန်ပျူတာမှာရှစ်လီစိတ်သုံးတယ်။ ဘာလို့သုံးတာလဲ။ ရှစ်လီစိတ်ဆိုတာဘာလဲ။ ဗိုလီယမ်လော့ဂျစ်တွေ စသဖြင့်စသဖြင့်ပေါ့ အဲဒါမျိုးတွေကို နားလည်ပါစေ။

ကျွန်တော့်ကတော့ အဲဒီလိုအခြေခံတွေအတွက် Python ကိုသုံးပါတယ်။ Python ကို သုံးတယ်ဆိုတဲ့နေရာမှာ String တွေ၊ ဗရယ်ဗဲတွေက ဘာတွေဆိုတာမျိုး။ ဖန်ရှင်နဲ့ ရိုးရိုးဗရယ်ဗဲ ဘာကွာသလဲဆိုတာမျိုး(ဥပမာ print နဲ့ echo ဘာကွာသလဲ)တွေကို သင်တာမဟုတ်ပါဘူး။ စောစောက ပြောခဲ့တဲ့အခြေခံအချက်တွေကိုပဲ သင်တာပါ။ ပရိုဂရမ်မင်းကို မသင်ပဲနဲ့ ပရိုဂရမ်းမင်းရဲ့သဘောတရားတွေကို သင်ပါတယ်။ နည်းနည်းလေးအရှိန်ရလာမှ C ကို ပြောင်းပေးပါတယ်။

စတုတ္ထအချက်မှာ အရေးအကြီးဆုံးအချက်က application ကို မသင်ပါနဲ့ application ရဲ့ နောက်ကွယ်က အကြောင်းတွေကို သင်ပါ။ ဒါမှ သီအိုရီကိုသိပြီး လက်တွေ့မှာ ကြိုက်တဲ့ application လာ၊ ကြိုက်တဲ့ Programming language လာ။ အလွယ်တကူ လေ့လာနိုင်ပါတယ်။ လူတစ်ယောက်ရှိတယ်။ အသက်က ၂၀ကျော်ရုံပဲ။ Programming Language ၁၁မျိုးလောက်တတ်တယ်။ ဘယ်လိုသင်ခဲ့တယ်ထင်သလဲ။ အပေါ်ကနည်းနဲ့ပဲ သင်တာပါ။ နောက်ကွယ်က သီအိုရီနဲ့ ဒီ Language တွေကို ဖွဲ့စည်းထားတဲ့ ရှစ်လီစိတ်တို့၊ ASCII ကုဒ်တို့၊ ဗိုလီယမ်တို့ကိုသိရင် ဘယ်လို language မဆိုအလွယ်လေးပဲ။

ပဉ္စမအချက်ကတော့ အပေါ်မှာပြောခဲ့တဲ့ ကွန်ပျူတာအသုံးပြုပုံလေးမျိုးကို မျှတအောင်လုပ်ပေးပါ။ ကွန်ပျူတာကို ဆရာကြီးပဲ ငါတို့သိချင်တာ အားလုံးသိခွင့်ရနိုင်တဲ့ပစ္စည်းကြီးလို့ တရားသေကြီးလည်း စွဲမသွားစေပါနဲ့။ ဂိမ်းချည်းပဲ တစ်ချိန်လုံးဆော့နေတာမျိုးလည်း မဖြစ်ပါစေနဲ့။ သူတို့ရဲ့အသက်ကငယ်သေးလို့ စောစောက အသုံးပြုပုံလေးမျိုးထဲက တစ်မျိုးမျိုးမှာ အားသာနေတာမျိုး ရှိနေနိုင်ပါတယ်။ အဲဒါကို ပြင်ပေးပါ။

ဥပမာ ကျွန်တော်ဆို Programming ဖက်မှာ အရမ်းအားသာသွားတယ်။ Programming မှ Programming ပဲ။  အဲဒီတော့ ဘာဖြစ်လာလည်းဆိုတော့ ကိုယ့်အသက်နဲ့ ကိုယ့်ဥာဏ်ရည်နဲ့ မတန်တဲ့အရာတွေကို ဇွတ်တရွတ်လေ့လာဖြစ်သွားတယ်။ စောစောက JavaScript လိုမျိုးပေါ့။ အဲဒီတော့ ဘာဖြစ်လဲ။ ဘာဖြစ်လဲဆိုတော့ အဲဒီအချိန်ကတော့ သိတော့သိသွားတယ်။ ဒါပေမယ့် စေ့စေငှငှမသိဘူး ဖြစ်သွားတယ်။ နောက်ပိုင်းမှာ အများကြီး ပြန်လေ့လာယူရတယ်။ ပိုလည်းခက်ခဲသွားတယ်။

အဲဒီတော့ တစ်ခုခုဆို သူ့ဟာနဲ့သူ သူ့အဆင့်နဲ့သူ သွားတာအကောင်းဆုံးပဲ။ ကိုယ့်အတွက် ပညာရှင်တစ်ယောက်လိုလည်း အသုံးပြုပါ။ ကိုယ့်အလုပ်တွေကို  မြန်ဆန်အောင် ဆောင်ရွက်ပေးမယ့် လုပ်ဖော်ကိုင်ဖက်လိုလည်း သဘောထားပါ။ ကိုယ့်အတွက် ဖျော်ဖြေရေးဖြစ်စေမယ့် အရာတစ်ခုလို့လည်း မြင်ပါ။ ကိုယ့်ရဲ့စိတ်ကူးတွေ၊ အိုင်ဒီယာတွေကို ပုံဖော်နိုင်တဲ့ အရာတစ်ခုအဖြစ်လည်း မြင်ကြည့်တတ်ပါစေ။

နောက်ဆုံးတစ်ခုကို ပြောပါမယ်။ ပျော်ပါစေ စိတ်မပျက်ပါနဲ့ လူတိုင်း ဒီလိုပါပဲ ဇွဲရှိပါ။ အမြဲတမ်း ကျွန်တော့်ဆီမှာ စာသင်တဲ့သူတွေကို ပြောဖူးတဲ့ ကိုယ်တွေ့လေးကို ပြောချင်ပါတယ်။ ကျွန်တော် Java ကို စသင်တော့ စာအုပ်တစ်အုပ်ဝယ်ဖတ်တယ်။ Java 2 in 21 Days ဆိုတာ။ အဲဒီအထဲမှာ Lession ဖိုင်တွေပါတယ်။ CD နဲ့လာတယ်။ အဲဒီ CD ထဲက ပထမဦးဆုံးပရိုဂရမ်ဖြစ်တဲ့ Hello World program လေးကို run ကြည့်တယ်။ ရသွားတယ်။

Hello World program ဆိုတာ Programming Language အသစ်တစ်ခုကို စသင်ရင် Old School နည်းစနစ်အရ ပထမဦးဆုံးစပြီးသင်ရတဲ့ Program ပဲ။ beginner level Programming စာအုပ်တော်တော်များများကို ဖတ်ကြည့်ရင် Hello World နဲ့စတာများတယ်။ ကျွန်တော့်အနေနဲ့ အဲဒီစနစ်ကို မကြိုက်ဖူး။ ဒါပေမယ့်လည်း မတတ်နိုင်ဘူး ကျွန်တော်ကိုယ်တိုင် သူများတွေ ပြန်သင်ပေးတော့လည်း ဒီနည်းပဲသုံးရတယ်။ programming language တစ်ခုရဲ့ ခက်ခဲနက်နဲမှုကို တိုင်းချင်ရင်လည်း ဒီ program နဲ့ပဲတိုင်းရတယ်။ အတိအကျတော့မမှန်ဘူးပေါ့။ ဒါပေမယ့်လည်း အလွယ်ဆုံးက ဒါပဲရှိတာကိုး။ နောက်ပြီးတော့ programming language တစ်ခုရဲ့ နမူနာကို ပြချင်ရင်လည်းသူနဲ့ပဲပြပေးတယ်။ ထားတော့။

အဲဒါနဲ့ ကျွန်တော်လည်း စာအုပ်ကိုဖတ်ပြီးတော့ notepad ထဲမှာ ကိုယ့်ဟာကိုယ် သူ့စာအုပ်မှာရေးထားတဲ့အတိုင်း ပြန်ကူးပြီး ရိုက်တယ်။ Program ကို run တယ်။ မရဘူး။ error ချည်းပဲတတ်လာနေတယ်။ တစ်နေကုန် အဲဒီတစ်ခုထဲပဲ လုပ်တယ်။ ပြန်ဖျက်ပြန်ရိုက်နဲ့။ သူ့CD ကဟာကို run တော့ရတယ်။ ကိုယ့်ဟာကိုယ် ပြန်ရိုက်တော့မရဘူး။ အဲဒီမှာ programmer ရဲ့ ဥာဉ်ပေါ်လာတယ်။ စစဉ်းစားတယ်။ သူ့ဟာကို run တော့ရတယ်။ အဲဒါဆိုရင် အမှားက တိုက်ပိုပဲ။ စာလုံးပေါင်းအမှားပဲ ဖြစ်ရတော့မယ်။ ဘယ်စာလုံးပေါင်းမှားနေလဲ။ program က အလွတ်နီးပါးရနေပြီ ရိုက်ရလွန်းလို့။

အဲဒီမှာ ဘာသွားတွေ့လည်းဆိုတော့ system.println ဆိုတာသွားတွေ့တယ်။ typewritter font မှာ စာလုံးအကြီး I နဲ့ စာလုံးအသေး l နဲ့က တော်တော်ဆင်တယ်။ ကျွန်တော်က တစ်ချိန်လုံး အိုင်အန် ဆိုပြီးတော့ရိုက်နေတာ။ system ထဲကို input လုပ်ရမယ်ထင်ပြီးတော့။ အမှန်က လိုင်းအသစ်တစ်ခုပြပေးပါဆိုပြီးတော့ system.println ဆိုပြီး Line ရဲ့အတိုကောက် အယ်လ်အန်ဆိုပြီး ရေးရမှာ အဲဒီတော့မှ အမှားကို ရှာတွေ့ပြီး ပြင် run လိုက်တော့မှ ဘာမှမဟုတ်ဘူးဗျာ command prompt မှာ Hello World ဆိုပြီး စာလုံးလေးပေါ်လာတယ်။

ပျော်လိုက်တာဗျာ။ ဒီနေ့အထိမမေ့ဘူး အဲဒီ....အပျော်ကို။ အဲဒီအပျော်ကပဲ ရှစ်နှစ်လုံးလုံး ပိုက်ဆံတစ်ပြားမှ မရတာတောင်မှ ပရိုဂရမ်းမင်းကို ချစ်ခင်ဆဲပဲဖြစ်နေအောင် တွန်းအားပေးထားတာ။ ဆရာတစ်ယောက်ယောက်က ပြင်ပေးတာမျိုးမဟုတ်ဘူး။ တကယ့်ပရိုဂရမ်မာစစ်တွေလိုမျိုး ယုတ...္တိကိုစဉ်းစားတယ်။ ပြီးတော့ အမှားရှာတယ်။ ပြင်တယ်။ အဲဒီအဆင့်ဟာ ပရိုဂရမ်မာတစ်ယောက်မှာ မရှိမဖြစ်အရည်အချင်းပဲ။ တစ်နေ့ကုန်ပင်ပန်းရတာ တကယ်တန်တယ်။

program run သွားတာက အပျော်မဟုတ်ဘူး။ မ run run အောင်လုပ်လို့ရတယ်။ အဲဒီအမှားကို ဇွဲရှိရှိနဲ့ ယုတ္တိကျကျ စဉ်းစားပြီး တွေ့အောင်ရှာတာ ပညာပဲ။ အဲဒါကြောင့်မို့လို့ ဒီနောက်ဆုံးအချက်ရဲ့ အရေးအကြီးဆုံး point က၊ ဇွဲရှိပါ၊ စိတ်မပျက်ပါနဲ့။ နောက်ဆုံး အောင်မြင်သွားတဲ့အချိန်မှာ ကိုယ်တိုင်ကြိုးစားပြီး ကျော်လွှားခဲ့တဲ့ အခက်အခဲအတွက် ဂုဏ်ယူတတ်ပါစေဆိုတာပါ။

ပရိုဂရမ်မာဘဝမှာ အမှားတွေက ကမ္ဘာပေါ်မှာရှိရှိသမျှလူတွေရဲ့ ပျမ်းမျှအမှားတွေထက် ဘယ်တော့မဆိုပိုတယ်။ ပရိုဂရမ်မာတွေဟာ အမှားတွေကို အလုပ်တတ်ဆုံးသူတွေပဲ။ ပရိုဂရမ်းမင်းသမားတစ်ယောက်ရဲ့ ပထမဦးဆုံး ၆လလောက်က အဲဒီလိုအမှားတွေနဲ့ (အထူးသဖြင့်တော့ စာလုံးပေါင်းတွေပေါ့ Compiler တွေက ကျောင်းက ဂရမ်မာဆရာလိုပဲ အမှားနည်းနည်းလေးမှ သည်းမခံဘူး) နပန်းလုံးနေရတာပဲ။ နောက်တော့တဖြည်းဖြည်းနဲ့ ပရိုဂရမ်တစ်ပိုဒ်ကို မြင်လိုက်ရင် complier မလိုဘူး စိတ်တွက်နဲ့တင် အဖြေထွက်အောင်တွက်တတ်သွားမယ်။

အဲဒီလိုဖြစ်ဖို့က သုံးနှစ်လောက်အချိန်ယူတယ်။ တကယ့် ပရိုဖြစ်ဖို့က အနှစ်နှစ်ဆယ်လောက်အချိန်ယူတယ်။ အဲဒီတော့မှပဲ ပရိုအဆင့်ပရိုဂရမ်မာဖြစ်နိုင်တာ။ အဲဒါကြောင့် စိတ်ရှည်ပါ။ မိဘတွေအနေနဲ့ရော ကလေးတွေအနေနဲ့ပါ စိတ်ရှည်ဖို့လိုတယ်။ မက်အန်ဒါဆင်းလိုလူမျိုး( internet explorer ရဲ့ ဖခင်ကြီးပါ) ဆိုရင် သုံးရက်လောက်မအိပ်တမ်း ကုဒ်တွေထိုင်ရေးတတ်တဲ့သူလို့ကြားဖူးပါတယ်။

IT ပညာရှင်တွေ လျှောက်ခဲ့တဲ့ ခရီးကြမ်းကြီးက အရှည်ကြီးပါ။ ကျွန်တော်တို့က သူတို့တွေဖြစ်ပြီးတော့မှ မြင်ရလို့ အားကျရတာပါ။ တကယ်ဆိုသူတို့ရဲ့ ဇွဲလုံ့လက မသေးပါဘူး။ ကဲ...မိဘတွေအနေနဲ့က ကိုယ့်သားသမီးကို IT ပညာရှင်တွေဖြစ်စေချင်တယ်၊ ဒါမှမဟုတ် IT ကို အသုံးချပြီး သူတို့လေးတွေရဲ့ ဘဝကို အောင်မြင်စေချင်တယ်ဆိုရင် အချိန်ပေးရမယ်၊ စိတ်ရှည်ရမယ်၊ ကိုယ်ဖြစ်စေချင်သလို လုပ်လို့မရဘူး၊ တဖြေးဖြေးချင်း တိုးတက်မှုတွေဖြစ်လာအောင် လုပ်ယူရမယ်၊ သင်တန်းတွေ၊ ကျောင်းတွေကိုချည်းပဲ အားကိုးနေလို့မရဘူးဆိုတဲ့ အခက်အခဲတွေကို ကျော်လွှားရမယ်ဆိုတာကို သဘောပေါက်ပြီနဲ့တူပါတယ်။ ဒါပေမယ့် အဲဒါတွေကလည်း တန်ပါတယ်။ Hello World လို့ မြင်လိုက်ရတဲ့အချိန်မှာ ရတဲ့အပျော်တစ်ခုနဲ့တင်တန်ပါတယ်။

Source: Poe C
23 February 2011 at 11:22

ပရိုဂရမ်မာတစ်ယောက်ဖြစ်တဲ့ ကျွန်တော်ညီ Poe C ရဲ့ဆောင်းပါးလေးပါ။ IT For Kids လို့သာ ခေါင်းစဉ်ပေးထားပေမယ့် ကွန်ပျုတာကို စိတ်ဝင်စားသူတွေအတွက် သင့်တော်မည့် ဆောင်းပါးတစ်ပုဒ်လို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော်တို့ ကွန်ပျူတာကို ချစ်သူထက်တောင် ပိုမိုချစ်မြတ်နိုးလွန်းလို့ မအိပ်မစား နေ့စဉ်နဲ့အမျှ ကွန်ပျူတာရှေ့ထိုင်ပြီး ပရိုဂရမ်တွေနဲ့ ဖက်တွယ်နဗန်းလုံးနေကြတာပါ။ အကျိုးအမြတ်ကြောင့်မဟုတ်ပဲ ရလာဒ်ကိုသာ မက်မောဖက်တွယ်နေတာပါ။ လိုချင်တတ်ချင်တဲ့ စိတ်တစ်ခုထဲမွေးမြူရင်း မြန်မာအိုင်တီလောကကြီးပေါ်မှာ အကျိုးပြု အိုင်တီသားကောင်လေးတွေ ဖြစ်ကြပါစေလို့......

Related Posts Plugin for WordPress, Blogger...