Thursday, December 27, 2012

ကမ္ဘာ့ငြိမ်းချမ်းရေးမှသည် မြန်မာ့ငြိမ်းချမ်းရေးထာဝရငြိမ်းချမ်းရေးဆီသို့


“ကမ္ဘာ့ငြိမ်းချမ်းရေးမှသည် မြန်မာ့ငြိမ်းချမ်းရေးထာဝရငြိမ်းချမ်းရေးဆီသို့ ”

-သဘောထားခြင်းတူညီကြတဲ့ ရင်ဘတ်ချင်းနီးကြတဲ့ လူငယ်တွေစုပေါင်းအင်အားနဲ့ ကိုယ့်အင်ကိုယ့်အားလေးနဲ့နိုင်သလောက် တနိုင်တပိုင် ကိုယ်ကျတဲ့နေရာလေးကနေ လက်တွဲပြီးလုပ်တာဒီနှစ်နဲ့ဆို ၃ကြိမ်ရှိလာပါပြီ။ သက်ဆိုင်ရာကခွင့်မပြုလည်း ဆက်လုပ်သွားမှာပါ။ ငြိမ်းချမ်းရေး၊ဒီမိုကရေစီရေး၊လူ့အခွင့်ရေး တို့အတွက် အနစ်နာခံခဲ့သူတွေ ၊ဦးဆောင်ဦးရွက်ပြုပြီးလှုပ်ရှားနေကြသူတွေနဲ့အဖွဲ့အစည်းတွေ၊ စာပေနဲ့ အနုပညာရှင်တွေ လည်းဖိတ်သွားပါ့မယ်။ အထူး စိတ်မကောင်း
ဖြစ်မိတာ ခုချိန်ထိ ထောင်ထဲမှာ ဒီမိုကရေစီအင်အားစုတွေ ကိုအကြောင်း အမျိုးမျိုးခေါင်းစဉ်တွေနဲ့ ဖမ်းထားတာ ကျန်နေသေးလို့ လူစုံတက်စုံနဲ့ဒီ ငြိမ်းချမ်းရေးပွဲလေးကိုတပျော်တပါးမနွှဲနိုင်ကြသေးလို့ပါ။ ဒီနှစ်လဲ အဖမ်းဆီခံ ဒီမိုကရေစီ အင်အားစုတွေ လွှတ်ပေးရေးနဲ့ ၊ အခြားသောငြိမ်းချမ်းရေး ၊ လူ့အခွင့်အရေးနဲ့ပတ်သက်တဲ့တောင်းဆိုမှုတွေကိုလည်း ထည့်သွင်းတောင်းဆိုသွားပါ့မယ်။ နိုင်ငံတော်သမ္မတနဲ့ပါလီမာန်ကို တရားဝင်စာတွေတင်သွားမှာပါ။

- လောလောဆယ်တော့ ဒီပွဲနဲ့ပတ်သက်လို့ ဖိတ်စာရိုက်တုန်းရှိပါသေး တယ်။ သက်ဆိုင်ရာကဖက်ကတော့ လူ ၂၀၀ ပဲ ခွင့်ပြူတယ်လို့ပြောတယ်။ အခုထိတော့ ပြေလည်မှုမရသေးဘူး. နောက်ပြီး သတင်းစာမှာပါတဲ့အတိုင်း ကြွရောက် မိန့်ခွန်းပြောမယ့် လူကြီးတွေ ရဲ့ ကိုယ်ရေးရာဇ၀င်တွေလည်း အသေးစိတ်ကိုစုံစမ်းမေးမြန်းတောင်းခံနေတယ်။

- ကျနော်တို့ဖက်ကလည်း အဲလောက်ထိ ခရေစေ့တွင်းကျကတော့ မဖြစ်နိုင်ကြောင်း ဖြစ်နိုင်တာကိုပူပေါင်းဆောင်ရွက်နေကြောင်း အကြော င်းပြန်ထားပါတယ်။ဘဘဦးဝင်းတင်ကအခမ်းအနားကိုတက်မယ်ဆိုပေသည့် ဒီလိုစစ်လားဆေးလားတောင်းလားရမ်းလားတွေလုပ်နေရင် စကားမပြောဘူးလို့ပြောပါတယ်။ ကျနော်တို့ကဖက်တော့ အလုံမြို့နယ် ရဲတပ်ဖွဲ့မှုးကို ကျွန်တော်က အခုလုပ်မယ့်ပွဲဟာဆိုရင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ. ဖြစ်လို့ မြန်မာပြည်သူတွေတင်မကပဲ ကမ္ဘာသူကမ္ဘာသား အားလုံးနဲ့သက်ဆိုင်တယ် စိတ်ဝင်စားသူတွေတက်ရောက်မယ် ဆိုရင်တော့ လူဦးရေကအတိမ်းအစောင်းဖြစ်သွားနိုင်ကြောင်း စာပို့ထားတယ် ။ ခုထိသက်ဆိုင်ရာဖက်ကအကြောင်းပြန်ခြင်းမရှိသေးဘူး။ကျနော်တို့ လူငယ်တွေကတော့ လုပ်စရာရှိတာ ဆက်လုပ်သွားမှာပါ။

- ဒီမိုကရေစီကိုဦးတည်သွားနေတယ် ဒီမိုကရေစီလမ်းကြောင်းေ ပ်ါလျှောက်ေ နတယ်ဆိုတဲ့ နိုင်ငံတခု အစိုးရတရပ်ရှိတဲ့မြန်မာနိုင်ငံမှာ အခုလို ဒီမိုကရေစီ အင်အားစုတွေထောင်ထဲမှာရှိနေတာ။ ဒီမိုကရေစီအစိုးရရဲ့
ဂုဏ်သိက္ခာတရားနဲ့ မညီညွတ်ပါဘူး။ ဒါဟာပြည့်ဝတဲ့ဒီမိုကရေစီလို့လည်း မဆိုအပ်ပါဘူး ။ ပြီးခဲ့တဲ့နှစ်ကတော့ ဖမ်းဆီခံ ဒီမိုကရေစီ အင်အားစုများကိစ္စ၊ဧရာဝတီမြစ်စုံကိစ္စ၊တိုင်းရင်းလက်နက်ကိုင်များအရေးကိစ္စ နဲ့ပတ်သတ်လို့စစ်မှန်သော ဒီမိုကရေစီ အစိုးရမှန်လျှင် ပြည်သူတွေရဲ့အသံကိုနားထောင်ပြီး အကောင်းဆုံးဆောင်ရွက်ပေးဖို့ (ကိုလူမော်) မှမေတ္တာရပ်ခံခဲ့ပါတယ်။ ဘဘဦးတင်ဦးကိုယ်တိုင်ကလည်း တက်ကြွစွာနဲ့ ဖမ်းဆီးခံ ဒီမိုကရေစီအင်အားစုတွေလွှတ်ပေးရေးတောင်း ဆိုခဲ့ ပါတယ်။ ငြိမ်းချမ်းရေး ဂျိုးငှက်များလဲလွှတ်ပေးခဲ့ပါတယ်။ ဒီနှစ်လဲ ထာဝရငြိမ်းချမ်းရေးကိုဦးတည်မယ့်အပြုသဘောလဲဆောင်မယ့် တောင်းဆိုချက်တွေ ပါပါ့မယ်။ “ မြန်မာ့ငြိမ်းချမ်းရေးမှ သည် ကမ္ဘာ့ငြိမ်းချမ်းရေး ထာဝရငြိမ်းချမ်းရေး သို့ဦးတည်တဲ့ ” လှုပ်ရှားမှုတခုဖြစ်တဲ့ ဒီအပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့လေးကို အားလုံးသောညီအကိုမောင်နှမတွေတက်ရောက်ဖို့… ငြိမ်းချမ်းရေး၊ဒီမိုကရေစီရေး၊
လူ့အခွင့်ရေးလိုလားသူများနဲ့ ပူးပေါင်းဆောင်ရွက်လိုသူများ အားလုံးကိုဒီနေရာကနေပြီး အကြမ်းမဖက်အမျိုးသားလှုပ်ရှား သူများကိုယ်စား ကျွန်တော် (ကိုလူမော်လတ်) မှဖိတ်ခေါ်ပါတယ်။
အားလုံပေါ်မေတ္တာဖြင့်။

ကိုလူမော်လတ်

ဆက်သွယ်ရန် blue.peaceforu@gmail.com
phone 09421063210 (ကိုလူမော်လတ်)

Tuesday, December 25, 2012

ဇာဂနာ၏ နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန် စာပေဟောပြောပွဲ

၂၁.၁၂.၂၀၁၂ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ဩဘာလမ်း စာပေဟောပြောပွဲတွင် ဇာဂနာ ပြောကြားသော-

"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၁)

"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၂)

"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၃)

 "နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၄)

"နိုင်ငံသားတို့၏ ရပိုင်ခွင့်နှင့်တာဝန်" (၅)

Thursday, December 13, 2012

သွေးသစ္စာ(အရေးကြီးပြီ)

NLD ပညာရေးကွန်ရက် ၂နှစ်ပြည့် ရံပုံငွေပွဲတော် ဖွင့်ပွဲ

ပညာရေး ရံပုံငွေ ပွဲတော်မှာ မိန့်ခွန်း ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဓာတ်ပုံ- ဂျေပိုင်/ဧရာဝတီ ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့တွင်ကျင်းပပြုလုပ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပညာရေးကွန်ရက် ၂နှစ်ပြည့် ရံပုံငွေပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက် ဖွင့် လှစ် ပေးခဲ့ပါတယ်။

Tuesday, December 11, 2012

ဒေါင်းယောင်ဆောင်သောကျီးကန်းများ

စစ်အာဏာရှင်တွေနဲ့ချုပ်ဆိုတဲ့စီမံကိန်းစာချုပ်တွေဟာနိုင်ငံတကာစီးပွားရေးဆိုင်ရာနည်းဥပဒေတွေမှာတရားဝင်မှုမရှိဘူးဆိုတာဒေါ်အောင်းဆန်းစုကြည်သိပုံမရဘူး။ကိစ္စပြေလည်ဖို့အဓိကထားပြီး၊လူမှုရေးနဲစီးပွားရေးအရတရားမျှတမှုရှိဖို့ဆိုတဲ့အချက်ကိုမျက်ကွယ်ပြုရင်၊ဒါဟာမတရားတဲ့ဥပဒေတွေကိုအကာအကွယ်ပေးတာနဲ့အတူတူပဲ။လူထုခေါင်းဆောင်ဆိုတာ လူထုရဲ့ဆန္ဒတွေနဲ့နစ်နာမှုတွေအပေါ်မှာအခြေခံပြီးစဉ်းစားရမယ်။လူထုဆိုတဲ့အမည်ကိုသုံးပြီးမတရားမှုတွေအတွက်၊တကိုယ်ကောင်းဆန်မှုတွေအတွက်သုံးတယ်ဆိုရင်တော့တရားမျှတမှုဆိုတဲ့ပေတံနဲ့ဆုံးဖြတ်ရမှာပေါ.။ဒီနေ့လက်ပံတန်းတောင်းကိစ္စဟာလူမှုရေးအရကော၊စီးပွားရေးအရကော၊နိုင်ငံ့အကျိုးစီးပွားနဲ့လုံခြုံရေးပိုင်းအရကောတရားမျှတမှုမရှိဘူး။လူထုခေါင်းဆောင်ဆိုတာလူထုနဲ့ အမှန်တရားဖက်မှာရပ်တည်ရမယ်။ဒီအခြေအနေတွေကိုသိရက်သားနဲ့အလယ်မှာရပ်တယ်ဆိုတာကြားပွဲစားအဆင့်ပဲရှိတယ်။နိုင်ငံရေးအာဏာရမယ့်အခြေအနေတောင်မကျိန်းသေသေးဖူး၊ဖက်ပြောင်းတဲ့လေသံတွေဟာ၁၉၉၀ခုနှစ်ရွေးကောက်ရလဒ်ကိုအလွယ်တကူအမှိုက်ခြင်းထဲလွင့်ပစ်လိုက်တဲ့စိတ်အခြေခံကိုသက်သေပြုနေတာပဲ။ရလိုက်တဲ့သင်ခန်းစာကတော့လျှာအရိုးမရှိတိုင်းကြုံသလိုပြောနေတာတွေအပေါ်မှာ အညှာမခံရဖို့ပြည်သူလူထုကြီးတရပ်လုံးသတိထားရမယ်ဆိုတဲ့အချက်ပဲ။စစ်အစိုးရပဲဖြစ်ဖြစ်၊ဒီမိုကရေစီအရေးလုပ်တယ်ဆိုတဲ့သူတွေပဲဖြစ်ဖြစ်၊တိုင်းပြည်အတွက်၊ပြည်သူအတွက်ဆိုပြီးပြောဆိုလုပ်ဆောင်နေကြတာပဲ။သူတို့အပြောတွေဟာဘယ်လောက်ကြာ ကြာခံသလဲ၊ပြောထားတဲ့အတိုင်းလုပ်ရဲ့လား။အပြောနဲ့အလုပ်နဲ့ညီရဲ့လားဆိုတာတွေဟာလူ့ကျင့်ဝတ်၊ကိုယ်ကျင့်သိက္ခာတွေကိုဖော်ညွန်းနေတာပဲ။ဒီမိုကရေစီစနစ်တည်ဆောက်ဖို့ဆိုရင်ဒီလူ့ကျင့်ဝတ်၊ ကိုယ်ကျင့်သိက္ခာတွေရှိအောင်ပထမအဆင့်စလုပ်ရမယ့်ကိစ္စဖြစ်တယ်။လူထုကြီးသေသေချာကြည့်ပါ။ဒေါင်းယောင်ဆောင်သောကျီးတွေရှိနေတယ်။ အညာမခံရအောင်ကြိုးစားကြ။ရွှေရည်စိမ်ဒီမိုကရေစီမဟုတ်ပဲ၊ဒီမိုကရေစီနိုင်ငံရေးမူစစ်စစ်ရ အောင်ကြိုးစားကြ။လူထုစုပေါင်းလှုပ်ရှားမှုနဲ့အနာဂတ်ဒီမိုကရေစီနိုင်ငံသစ်တရပ်ကိုတည်ဆောက်ကြ။
ရဲထွဋ်
နယူးယောက်မြို့
အမေရိကန်
ဒီဇင်ဘာ၁၄ရက်၊ ၂၀၁၂ခုနှစ်

Sunday, December 2, 2012

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၏ နောက်ကွယ် အပိုင်း (၂)


လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၏ နောက်ကွယ် အပိုင်း (၁)

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းရဲ့နောက်ကွယ်အကြောင်း ရေးသားပြီးတော့ ကျွန်တော် ... သုံးသပ်ခဲ့ပါတယ်....။ ဒီကိစ္စဟာ လမ်းပေါ်ထွက်တာတစ်ခုတည်းနဲ့ မရဘူးလို့ ပြောခဲ့ပါတယ်..။ တစ်ဖက်က တင်းခံကြမယ်လို့လည်း သတိပေးခဲ့ဖူးပါတယ်..။

သုံးသပ်ထားတဲ့အတိုင်းပါပဲ...။ ဒေါသထွက်ကြေကွဲစရာအဖြစ် ..သံဃာတွေခမျာ မီးလောင်ဒဏ်ရာတွေ သေရာပါရခဲ့ကြပါတယ်..။ တစ်ဖက်က လုံးဝ မလျှော့ခဲ့တာ တွေ့ရပါတယ်..။ တော်တော်လည်း စိတ်မကောင်းဖြစ်မိပါတယ်..။ ကျွန်တော်တို့နိုင်ငံမှာ ဒီလို မတရားတဲ့ ကိစ္စမျိုးတွေကို ဆန့်ကျင်ဖို့၊ ဖိအားပေးဖို့၊ ထောက်ပြပြီး ပျက်ပြယ်စေဖို့က အမာလိုင်း(တော်လှန်ရေး/သပိတ်) တစ်ခုတည်းနဲ့ မရဘူးဆိုတာ သင်ခန်းစာပဲဖြစ်ပါတယ်..။ အခြေအနေနဲ့ အချိန်အခါကို မူတည်ပြီး တုန့်ပြန်သင့်တဲ့အနေအထားကနေ တုန့်ပြန်ရပါ့မယ်..။

တော်လှန်ရေး/တို့ သပိတ် တို့ဟာ နိုင်ငံတစ်ခုပြောင်းလဲဖို့အတွက် ဖိအားတစ်ခုဖြစ်ပေမယ့် .. တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေ အကင်းမသေသေးတဲ့ ကျွန်တော်တို့နိုင်ငံမှာ အားလုံးကိုမြေလှန်တော်လှန်ချင်ရင် တပ်မတော်ကို တစ်ယောက်မကျန် စည်းရုံးနိုင်မှရပါမယ်..။ တစ်ဝက်ကိုပဲစည်းရုံးနိုင်ရင် ကျန်တဲ့တစ်ဝက်နဲ့ တိုက်ပွဲ (ပဋိပက္ခ) ဖြစ်ပါလိမ့်မယ်.။ ခံယူချက၊် အင်အား၊ အမိန့်၊ ဆိုတာတွေရဲ့အောက်မှာ ကိုယ့်တိုင်းရင်းသားအချင်းချင်း နှစ်ရှည်တိုက်ပွဲဖြစ်နေတာကို ကြည့်ကောင်းနေမယ့် နယ်နိမိတ်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေရှိပါတယ်....။ ကမ္ဘာမှာ အာဏာရှင်စနစ်ကို တော်လှန်ပြောင်းလဲဖို့ကြိုးစားတဲ့နိုင်ငံတွေတောင်မှ နိုင်ငံတကာက ဘယ်လောက် ကူညီပါစေ ..။ စစ်တပ်(တပ်မတော်) ကို တစ်ယောက်မကျန်မစည်းရုံးနိုင်လို့ အခုထက်ထိ တိုက်ပွဲများနဲ့ နာလံမထူသေးတာ အားလုံးအတွေ့ပဲဖြစ်ပါတယ်..။

အဲဒါကြောင့် .. အဲဒီလောက်အထိ မလိုအပ်သေးတဲ့ ... အခုအချိန်ဟာ .. ဆန္ဒပြ/အထွေထွေသပိတ်/တော်လှန်ရေး အဆင့်ဆင့်ပြောင်းလဲခြင်းကို လုံးဝ လက်ခံနိုင်စရာအခြေအနေမရှိသေးပါ..။ ဒါပေမယ့်... လက်ပံတောင်းတောင်ကိစ္စမှာ အစိုးရရဲ့ ရပ်တည်ချက်ကို ခေါင်းငုံ့ခံရမယ်လို့ မဆိုလိုပါ..။ မြစ်ဆုံလို ... ဘက်စုံထောင့်စုံက အနုနည်းနဲ့ဖြေရှင်းရမယ်လို့ ဆိုလိုခြင်းပါ။ တနည်းအားဖြင့်ပြောရရင် မြစ်ဆုံတုန်းက ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှုပါ.. ။ လက်ပံတောင်းတောင်က မဟာဗျူဟာ၊ စစ်ရေးနဲ့ အခြား Undertable အရ ရင်းနှီးမြုပ်နှံခဲ့တာပါ..။ အခြေအနေနှစ်ခုတော့မတူပါဘူး..။ မြစ်ဆုံထက် အဆပေါင်းများစွာ နက်နဲသိမ်မွေ့ပြီး အထိမခံဘူးဆိုတာ အားလုံး သိတားသင့်တယ်လို့ ထင်ပါတယ်..။

အဲဒါနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့ ပထမ Note မှာ ဖော်ပြထားပြီးဖြစ်လို့ ထပ်မရှင်းလိုတော့ပါ..။

အဲဒီတော့ အခု ထပ်မံဖော်ပြမှာက အရင်တုန်းက ရှိနေတဲ့ အမြစ်ကြီးကို  သမ္မတက ဖွဲ့စည်းလိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က တူးဖြိုနိုင်မှာလားဆိုတာကို လေ့လာရေးသားခြင်းဖြစ်ပါတယ်..။ တကယ်တမ်းဆိုရရင် လက်ပံတောင်းတောင်ကိစ္စအပါအ၀င် Wanbao, Norinco တို့ရဲ့ ပါဝင်ပတ်သက်သမျှဟာ ဒီတစ်ခုတည်းမဟုတ်ပါဘူး.။ မွေတောင်နီကယ်နဲ့ အခြား နည်းပညာဆိုင်ရာ၊ စက်မှုလက်မှုဆိုင်ရာတွေ များစွာရှိပါတယ်.။




လုပ်ပိုင်ခွင့်အာဏာ ..။
၂၀၁၀ ဇွန်လမှာ ၀မ်ကြားပေါင် မြန်မာပြည်လာပါတယ်..။ အဲဒီအချိန်မှာ Document ၁၅ ခုကို လက်‌မှတ်ထိုးခဲ့တယ်လို့ ဆင်ဟွာအပါအ၀င် တရုတ်ပိုင် သတင်းဌာနတွေက ရေးသားပါတယ်..။ သဘာဝဓာတ်ငွေ့၊ ရေအားလျှပ်စစ် အပါအ၀င် အခြားစီမံကိန်းတွေပါ..။ လက်မှတ်ထိုးပုံက ..အထက်ပါပုံအတိုင်းပါ..။ သတင်းတွေကို လေ့လာချင်ရင် အောက်ပါလင့်တွေမှာရှိပါတယ်.။ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ရေးထားခြင်းမဟုတ်ပါ။ ပုံကိုတော့ ဆင်ဟွာသတင်းဌာနနဲ့ သတင်းကို တရုတ်ကွန်မြူနစ်ပါတီ website က ယူပါတယ်...။
ဝမ်ကြားပေါင်လာတဲ့အချိန် Norinco နဲ့ မုံရွာကြေးနီကိစ္စ သဘောတူစာချုပ်ချုပ်ဆိုတာကို သိချင်တယ်ဆိုရင်တော့ Norinco ဆိုက်နဲ့၊ Wall Street, Bloomberg တို့မှာ လေ့လာကြည့်ရင် အလွယ်တကူတွေ့ရသဖြင့် မဖော်ပြတော့ပါ..။

http://english.cpc.people.com.cn/66102/7011258.html

ယခင် မြန်မာစစ်အစိုးရနဲ့ ဆက်ဆံနေတဲ့ Wanbao သတ္တုရှာဖွေရေးကုမဏီဟာ  ကမ္ဘာ့နာမည်ကြီး တရုတ်စစ်လက်နက် ကုမဏီ Norinco, China North Industries Corp; ရဲ့ ကုမဏီခွဲ  ဖြစ်တယ်ဆိုတာ ရှင်းပြထားပြီးသားပါ..။ Norinco ကုမဏီဟာ လွတ်လပ်တဲ့ ပုဂ္ဂလိက ကုမဏီတစ်ခုမဟုတ်ပဲ တရုတ်အစိုးရ သစ္စာခံကုမဏီဆိုတာလည်း ပြောပြထားပြီးသားပါ..။ Crony (ပေါင်းစား) နဲ့ သစ္စာခံကုမဏီ မတူတာက အထူးသဖြင့် သစ္စာခံဆိုတာ  ကွန်မြူနစ်တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီရဲ့ နိုင်ငံခြားရေး/မဟာဗျူဟာ ပေါ်လစီကိုလုံးဝလိုက်နာပြီး အစိုးရရဲ့ ချေးငွေအပါအ၀င် ထောက်ပံ့ ငွေကြေးနဲ့အရင်းအနှီးသုံးပြီး ကမ္ဘာကို ၀င်ဆန့်အောင် ပုဂ္ဂလိက ပုံစံဖွဲ့စည်းထားတဲ့ကုမဏီလို့ ဆိုလိုခြင်းပါ..။ ပေါ့သေးသေးမဟုတ်ပါ..။

အဲဒါကြောင့် ၀မ်ကြားပေါင်နဲ့အတူပါလာပြီး ၄င်းတို့အကျိုးအမြတ်ရှိသလို .. လည်သလောက် စာချုပ်များချုပ်ဆိုခြင်းဖြစ်ပါတယ်..။ တနည်းအားဖြင့်ပြောရရင်တရုတ်အစိုးရရဲ့ မဟာဗျူဟာ၊ စီးပွားရေးအရလွှမ်းမိုးမှု အစရှိတဲ့ အရောင်တွေ ပါဝင်ပြီးသားလို့ ပြောလို့ရပါတယ်။

နောက်တစ်ချက်က ကျွန်တော်တို့ဆီက အစိုးရမင်းများကလည်း  စီးပွားရေးဆိုင်ရာ knowledge နားမလည်၊ အကြံပေးကလည်းမရှိတော့ ခရိုနီပြောသမျှ.၊ ကြားပွဲစားပြောသမျှ၊ အောက်က (undertable) ယူထားသူ ပြောသမျှ။ မိမိအတွက်လည်း ပို့ဆွမ်း . မျိုးမျိုးမျက်မျက် ရသဖြင့် စီမံကိန်းစာချုပ်များ ဖောဖောသီသီချုပ်ဆို လက်မှတ်ထိုးခဲ့ကြသည်ကို သမိုင်းမှာ ငြင်းမရပါ..။

ဒါက လက်ပံတောင်းတောင်တစ်ခုတည်းမဟုတ်သလို.. ဘက်စုံ ကဏ္ဍစုံကို အားလုံးကို ခြုံငုံပြီး လေ့လာဖော်ပြခြင်းဖြစ်ပါတယ်.။ မြစ်ဆုံအပါအ၀င် တရုတ်စီးပွားရေးသမားများနဲ့ ချုပ်ဆိုသော စီမံကိန်းအများစုတွင် ကြားပွဲစား စီးပွားရေးသမားများ၊ ပြည်တွင်းက စီမံကိန်းချပေးရန်အခွင့်အာဏာရှိသူ အစိုးရတာဝန်ရှိသူများ မျိုးမျိုးမျက်မျက်ရသွားလေ့ရှိသည်မှာ ထုံးစံဖြစ်နေပါပြီ..။

အဲဒါကို ဘာ့ကြောင့်ဖော်ပြနေရသလဲဟုဆိုသော် အခု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ရဲ့ ဆောင်ရွက်နိုင်ခွင့်နဲ့ လုပ်ပိုင်ခွင့်အာဏာတွေအတွက်ပါ။ သမ္မတဦးသိန်းစိန်ရဲ့ ဖွဲ့စည်းပေးခဲ့တဲ့ စုံစမ်းရေးကော်မရှင်ဟာ ဒီစီမံကိန်းကို အကောင်အထည် ဖော်ရာမှာ

-ပတ်ဝန်းကျင် မထိခိုက်အောင် စနစ်တကျ လေ့လာမှုတွေရှိ - မရှိ၊
- ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိ - မရှိ၊ တိုင်းပြည်အတွက် အကျိုးရှိ - မရှိ
- နဲ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်ရတဲ့ အကြောင်းရင်း
- ဆန္ဒပြပွဲတွေကို နှိမ်နင်းရာမှာ သံဃာတော်တွေ ထိခိုက် ဒဏ်ရာတွေရခဲ့တဲ့အကြောင်းအရင်း
- ဖြစ်စဉ်နဲ့ စီမံကိန်းကို ဆက်လက် ဆောင်ရွက်သင့် - မသင့်

အစရှိတာတွေကို တင်ပြရမှာပါ။

အဲဒီမှာ ပြဿနာတစ်ခုရှိတာက လုပ်ပိုင်ခွင့်အာဏာပါ..။ ဘယ်လောက်အတိုင်းအတာအထိလုပ်ပိုင်ခွင့် ပေးထားတယ်ဆိုတာ မဖော်ပြထားပါဘူး။ သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေမှာ သက်ဆိုင်ရာပညာရှင်တွေ၊ အဖွဲ့အစည်းတွေရဲ့ ဆန္ဒအတိုင်း  စစ်ဆေးလို့ရပေမယ့် တိုင်းပြည်အတွက် အကျိုးရှိ-မရှိ ဆိုတဲ့ကိစ္စက အရေးအကြီးဆုံးဖြစ်သလို ဆန္ဒပြတဲ့ အကြောင်းအရင်းခံတွေထဲက တစ်ခုလည်းဖြစ်ပါတယ်..။


တိုင်းပြည်အတွက် အကျိုးရှိ-မရှိ

စီမံကိန်းဟာ တိုင်းပြည်အတွက် အကျိုးရှိမရှိကို ခွဲခြမ်းလေ့လာရရင်

(၁)လက်‌ပံတောင်းတောင်‌ ကြေးနီစီမံကိန်းစာချုပ်ချုပ်ခဲ့တာ ဦးပိုင်နဲ့လား အဲဒီတုန်းက တပ်မတော်ကိုယ်စားပြု စစ်အရာရှိကြီးတွေနဲ့လား... သတ္တုတွင်းဝန်ကြီးဌာနနဲ့လား၊ ဒါမှမဟုတ်ရင် အစိုးရ ကိုယ်စားပြု တစ်ဦးတစ်ယောက်နဲ့လား..။ အဲဒီစာချုပ်ချုပ်သူတွေက ဘယ်သူတွေကို သက်သေထားခဲ့ကြသလဲ..။

(၂) ကာကွယ်ရေးဝန်ကြီးအဆင့်လောက်က လွှတ်တော်မှာ တုန့်ပြန်ဆွေးနွေးခဲ့တဲ့အထိ မြန်မာ့စီးပွားရေးဦးပိုင်က နိုင်ငံအတွက်၊ တပ်မတော်အတွက်၊ ပြည်သူ့အတွက် အကျိုးပြု၊ အရေးပါခဲ့သလား..။

(၃) ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က စက်ရုံတွေကို ပုဂ္ဂလိကပိုင်အနေနဲ့ သတ်မှတ်ရောင်းချတုန်းက .. ဦးပိုင်ဟာ ပုဂ္ဂလိကလုပ်ငန်းတစ်ခုအဖြစ် ဈေးပေးဝယ်ယူခဲ့ပါတယ်..။ ဒါကကော ဒီမိုကရေစီစနစ် ဈေးကွက်စီးပွားရေးစနစ်မှာ တရားပါသလား။ မြန်မာနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေးလုပ်ငန်းစုကြီးက  နှစ်ပေါင်းနှစ်ဆယ်ကျော် အခွန်ရှောင်နေခဲ့တဲ့အတွက် ပြည်သူနဲ့ တပ်မတော်အတွက် ဘယ်လောက်အထိ အကျိုးရှိသွားသလဲ..။

(၄) အကျိုးအမြတ် (အစိုးရ၊ ဦးပိုင်၊ တရုတ်) ဘယ်လောက်ဆီ တိတိကျကျ စာချုပ်ထဲမှာ ချုပ်ဆိုခဲ့သလဲ..။

(၅) အဲဒီစာချုပ်တွေရဲ့နောက်ကွယ်က အခြား မည်သည့် အပေးအယူကိစ္စတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့သလဲ။ ကြားခံ အဖွဲ့အစည်း/ပွဲစား ဘယ်သူရှိသလဲ...။

(၆) အဲဒီတုန်းက လက်မှတ်ရေးထိုးခဲ့သူတွေထဲကအချို့ အခုအချိန်မှာ ဘယ်ရာထူးတွေနဲ့ ဘာတာဝန်တွေဆောင်ရွက်နေကြသလဲ..။




အဲဒါကြောင့် ..လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအပါအ၀င် ဦးပိုင်ရဲ့ မြန်မာ့အကြီးမားဆုံးသော စီးပွားရေးလုပ်ငန်းစုကြီးဟာ ၊ တပ်မတော်သားတွေကိုကော ပြည်သူကိုပါ အကျိုးပြုနေတယ်/အကျိုးပြုမပြု ဆိုတာကိုပါ တိတိကျကျ သိဖို့လိုလာပါတယ်.။ တပ်မတော်ကို အကျိုးပြုရင် တိုင်းပြည်ကို အကျိုးရှိတယ်လို့ လိုရာဆွဲယူဆစရာတွေရှိသလို ... မဟာဗျူဟာပိုင်းတွေ၊ စစ်ရေးဆိုင်ရာတွေ ပါလာနိုင်ပါတယ်။

အဲဒီလိုသိဖို့အတွက် ထိပ်ဆုံးက စပြီး အောက်ဆုံးအထိ စုံစမ်းမေးမြန်းဖို့လိုပါတယ်။ ရာထူးလက်ရှိကော ရာထူးလက်မဲ့တွေကောပါ။ ငွေစာရင်းနဲ့ပတ်သက်ရင်လည်း ယခင် လွှတ်တော်မှာ ဦးပိုင်ကသွင်းရမယ့်ငွေကို ၀မ်ပေါင်ရဲ့ ငွေစာရင်းက သွင်းခဲ့တဲ့ ဒေါ်လာသန်းတစ်ရာကိစ္စမျိုးတွေကိုပါ အစဆွဲထုတ်ဖို့လိုပါတယ်.။ ဒါတွေဟာ တိုင်းပြည်အတွက် နိုင်ငံအတွက် အရေးပါတဲ့ ငွေစာရင်းဆိုင်ရာကိစ္စတွေပါ။ အဲဒီအတွက် ယခင် စာရင်းစစ်ချုပ်ကော အခု ထူးထူးခြားခြား သတ္တုတွင်းဝန်ကြီးကနေ စာရင်းစစ်ချုပ်ဖြစ်သွားသူတွေကိုကော မေးမြန်းစုံစမ်းဖို့လိုပါတယ်..။

ဒါပေမယ့် .. စုံစမ်းရေးကော်မရှင်ဟာ အဲဒီလို ..... လုပ်ပိုင်ခွင့်အာဏာ ..ရနိုင်ပါသလား..။ မဖြစ်နိုင်ဘူးလို့ထင်ပါတယ်..။ ညောင်မြစ်တူးရင် ပုတ်သင်ဥပေါ်မယ့်ကိစ္စတွေ အများကြီးရှိပါတယ်..။ တချို့က အဖွဲ့အစည်းအတွက် ပုတ်သင်ဥပေါ်မှာစိုးသလို တချို့ကလည်း ကိုယ့်အိပ်ထဲရောက်နေတဲ့ ပုတ်သင်ဥ ပေါ်မှာ စိုးကြပါတယ်..။ undertable တွေပေါ့..။

အဲဒါကြောင့် စာဖတ်သူကြီးလက်ထက်က အထုပ်အရှုပ်ပေါင်းစုံကို ထမ်းထားရတဲ့ သမ္မတကိုယ်တိုင်လည်း ကြံရာမရတဲ့အဆုံး စုံစမ်းရေးကော်မရှင်ကို ဖွဲ့စေပြီး တည်ပေးလိုက်တယ်လို့ ယူဆပါတယ်..။ တနည်းအားဖြင့်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည် အားကိုးတယ်လို့လည်း ယူဆလို့ရသလို ခေါင်းတည်ပေးလိုက်တယ်လို့လည်း သုံးသပ်စရာရှိပါတယ်..။  ဒေါ်အောင်ဆန်းစုကြည်အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုကြီးပါပဲ. ...။ ၈၈ မျိုးဆက်ကျောင်းသားများ အနေနဲ့လည်း စုံစမ်းရေးကော်မရှင် ကိစ္စကို တော်တော်အလေးထား ဆုံးဖြတ်ရမယ့် အနေအထားဖြစ်လာပါတယ်..။

ဒေါ်စုအနေနဲ့  ပြည်သူကိုချပြလို့မရတဲ့ ကိစ္စတချို့ကို တိတိကျကျ သိခွင့်ရှိခဲ့လို့ ဒီစီမံကိန်းကြီးဟာ ဆက်လက်လုပ်ကိုင်သင့်တယ်ဆိုရင်လည်း ... ပြည်သူ့ရဲ့အငြိုအငြင်ကို ခံရမှာဖြစ်သလို ဒီစီမံကိန်းကြီးကို ရပ်ဆိုင်းသင့်တယ်လို့ ပွင့်လင်းစွာစုံစမ်းဖော်ထုတ်နိုင်ပြန်ရင်လည်း undertable ကိစ္စများ၊ နောက်ပြန်လှည့်ချင်သူများရဲ့ ကြီးမားတဲ့ဖိအား/တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်..။ သေချာတာကတော့ အဲဒီသူတွေရဲ့နောက်ကွယ်မှာ အခြေခံဥပဒေဆိုတာကြီးက ရှိနေသလို မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်အဖွဲ့အစည်းကြီးကလည်း အခြေခံဥပဒေကို ကာကွယ်ထားတယ်ဆိုတာ.............။
အားလုံးသဘောပေါက်ကြရင်ဖြင့် .......

ဒေါ်အောင်ဆန်းစုကြည်ကို ၀န်းရံကြပြီး အခြေအနေကို ..စောင့်ကြည့်ကြပါစို့..........။

Saturday, October 6, 2012

အဲသည်လောက်ကြီးလဲ မဖားကြနဲ့ ဦးလေ.......

အဲသည်လောက်ကြီးလဲ မဖားကြနဲ့ ဦးလေ။
လေးစားကြပါ။ စစ်တပ်ထဲကနေ သည်လိုလူမျိုး
ထွက်လာဖို့ ခက်ခဲလို့  - ဒါပေမဲ့ ကချင်ကစစ်ပွဲတွေ
ခရိုနီတွေလယ်သိမ်းတာတွေ ဘင်္ဂလီကျူးကျော်မူကို
သမတကြီး ပြတ်ပြတ်သားသားရှင်းဖို့  ခွန်အားထပ်ပေး
ဖို့ လိုနေပါသေးတယ် -

မြန်မာတွေကလည်း ဗိုလ်ချုပ်ပြောသလို သိပ်ပြီးတော့
တက်ထောင်ချင်တယ်။ ဖားနေတာလားကြောက်လို.ကြိုတာလား မကောင်းတတ်လိုကြိုနေတာလား စဉ်းစားစရာများတယ်ကွာ (လှည်.ကွက်တွေ ။မာယာတေ၊ွအပိုတွေ၊အိုဗာတွေ၊ွပရိယာယ်တွေ)အကွက်ရိုးတွေပါ...။

ကချင်ကစစ်ပွဲတွေ.......၊ ခရိုနီတွေလယ်သိမ်းတာတွေ....၊ ဘင်္ဂလီကျူးကျော်မူကို သမတကြီး ပြတ်ပြတ်သားသားရှင်းဖို့  ခွန်အားထပ် ပေးကိုပေးရမယ်။ မလုပ်ပေးရင် တစ်နိုင်ငံလုံး ဆန္ဒပြသင့်တယ် .......။

'စစ်အစိုးရလက်ထက်က နှစ်ဦးသဘောတူ ကြိတ်ပြီးတော့ ရေးခဲ့တဲ့ စာရွတ်ပေါ်က သဘောတူညီချက်တွေကို ကျွန်တော်ကို တိုင်းသူပြည်သားများက မျက်စိမှိတ်ပြီးတော့ သဘောတူလက်ခံမှာ မဟုတ်ဘူးဆိုတာ အားလုံးကိုရှင်း ရှင်းလင်းလင်း ပြောထားခဲ့ပါမယ်။ ဖွံ့ဖြိုးမှုကို မငြင်းပယ်ပါဘူး။ သို့သော် အဲဒီဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ ဘာတွေ ပေးဆပ်ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရင် အကြောင်းအရာ တစ်ခုချင်းစီအလိုက် စီမံကိန်း တစ်ခုချင်းစီအလိုက် ရွေးချယ်ခွင့် ရှိရပါမယ်။ အဲဒီဒေသခံပြည်သူတွေရဲ့ သဘောထားတွေ သူတို့ဆန္ဒတွေ၊ ဘ၀တွေကို မထိခိုက်အောင် ကာကွယ်ပေးနိုင်တဲ့ စီမံကိန်းမျိုးတွေ ဖြစ်ရပါမယ်။ ပြည်သူ့အတွက် ဘယ်လောက်ရမှာလဲဆိုတာကအစ သဘာဝပတ်ဝန်း ကျင်ဘယ်လောက် ထိခိုက်မှာလဲ နောက်မျိုးဆက်တွေအတွက် ဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာကို အားလုံးကို ပွင့်ပွင့်လင်းလင်း သိဖို့ စပြီးတော့ နားထောင်ရတော့မယ်။ တစ်ဘက်ကလဲ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ချေပချင်တာ ရှင်းလင်းချင်တာရှိရင် ရှင်း။ ကျွန်တော်တို့ လိုချင်တာက ပွင့်လင်းမြင်သာမှုကို လိုချင်တာ။ အဲဒီကျမှ အထုပ်တွေပြေသွားပြီးတော့ ကိုယ့်ဟာကိုယ် မရှင်းနိုင်ရင်တော့ ခင်ဗျားတို့ ကိစ္စပေါ့ဗျာ။ အရင်က လုပ် ထားကိုင်ထားတာတွေ သိရတော့ ကျွန်တော်တို့ အမြတ်ထွက်တာပေါ့။ ဒါကြောင့် ဒီလက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ စိုးရိမ်ပူပန်သူတွေ အားလုံးရဲ့အသံတွေ၊ အရုပ်တွေကို စပြီးထုတ်ပေးလိုက်ပြီး ဒါကြောင့် ချေပချင်တဲ့သူတွေ ဒီစီမံကိန်းကြီး ဘယ်လောက်အကျိုးရှိကြောင်း ပြောချင်တဲ့သူတွေပြောပါ။ အားလုံးကလည်း နားထောင်လိုက်ပါ။ ဒါမှလည်းမျှတမယ်'' - (ကိုမင်းကိုနိုင် )

သမ္မတကြီးပြောတာတော့ နားလည်ပေးလိုက်ပါ ဦးပိုင်မှာသူ့ အစုရှယ်ယာပါတယ်လေ ဗိုလ်ချုပ်တွေတွက်လုပ်ထားတဲ့ MEC ပါနိုင်ငံအတွက် အသက်ပေးသွားတဲ့ ရဲဘော်လေးတွေ ခြေပြတ်လက်ပြတ် ဖြစ် သွားတဲ့ ရဲဘော်လေးတွေအတွက်မပါပါဘူး နောက်ဒါကတပ်လေ လုံအောင် ကာမထားရင်ကာလုံ နဲ့တွေ့သွားမယ်လေ။

 ဘီဘီစီနဲ့ အင်တာဗျူးမှာ..ဒေါ်အောင်ဆန်းစုကြည်ကလည်း..သူယုံကြည်ရာ သူလုပ်တာ..ကျနော်တို့ ကလည်း..ကျနော်တို့ ယုံကြည်ရာကို လုပ်ခဲ့တာပါလို့  ဖြေသွားသေးတယ်...အနှစ် ၂၀ ကျော် စစ်တပ်က အာဏာသိမ်း...၉၀ ရလာဒ်အနိုင်ကျင့်လုယူ အာဏာမလွှဲပေးဘဲ အခုချိန်ထိနေခဲ့တာဟာ...လက်ရှိ သမ္မတ တစ်ယောက်ရဲ့  ယုံကြည်ချက်လား...?? အဲဒီလိုတွေ တွေ့ ကရလျှောက်ပြောနေတာကိုလည်း...မျက်စိမှိတ် ထောက်ခံ ချီးမွန်းနေကြသေးတယ်...အံ့ ရောဗျာ...ကျနော်တို့  ပြည်သူတွေ ဘယ်လောက်ထိ ရိုးအ ပြီး လည်စဉ်းခံကြဦးမလည်း မသိဘူး....။

Monday, October 1, 2012

သမ္မတ အား ဟိမ၀န္တာ ချီးကျုးခန်းဖွင့်နေသူများ ဖတ်ဖို့ .........

ဦးဝင်းမျိုးသူက ''နိုင်ငံတော်သမ္မတကြီးက ဒီကြေးနီစီမံကိန်းကို မြစ်ဆုံဆည်ကိစ္စုလို ရပ်မှာမဟုတ်ဘူးလို့ နယူးယောက်မှာ သတင်းထောက်တွေရဲ့ မေးခွန်းကို ပြန်ဖြေသွားတယ်။  ပြီးတော့သမ္မတကြီးက အချို့ ရွာသားတွေဟာ ပယောဂကြောင့် ဒီလိုမျိုးဖြစ်နေတာပါလို့ ဖြေသွားတယ်။ ကျွန်တော် စိတ်မကောင်းဘူး။ ဘာလို့လည်းဆိုတော့ ပြည်သူဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပြောနေတဲ့ သမ္မတကြီးက ပြည်သူတွေကို နားမလည်ပဲနဲ့ပြောနေလားလို့ စဉ်းစားမိတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ ဒီအခန်းထဲကို ရောက်လာတာ နိုင်ငံသားတစ်ယောက်အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေ တရားမျှတမှုရှိဖို့တွေအတွက် မတိုင်ပင်ဘဲနဲ့ ရောက်လာတဲ့သူချည်းပါပဲ။ သမ္မတကြီးအနေနဲ့ ပယောဂလို့ပြောတာကို ပြန်ရုတ်သိမ်း ပေးစေချင်ပါတယ်။ ဒီနေ့ဖြစ်နေတဲ့ ကြေးနီတောင်ပြဿနာက တရုတ်ကုမ္ပဏီလာလုပ်လို့ ဆိုတာထက် ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ရေးရာ ဆက်စပ်ဖြစ်တည်နေတဲ့ အခြေခံတွေ အားနည်းချက်တွေ စီမံခန့်ခွဲမှုအားနည်း ချက်တွေကြောင့် ဖြစ်နေတာ။ ဒါတွေကို အရင်ဖြေရှင်းနိုင်မှ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ''ဟု ဆက်လက်ပြောကြားခဲ့ပါသည်။
ယင်းလက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ ဒေသခံတောင် သူများကလည်း ၎င်းတို့အနေဖြင့် လက်ရှိအချိန်တွင် လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ ပညာရေးနှင့် စားဝတ်နေရေးဆိုင်ရာတို့တွင် အခွင့်အရေးများ ဆုံးရှုံးနေရမှုနှင့် အာဏာပိုင်အဖွဲ့တို့မှ ဒေသခံ ပြည်သူများထက် အဆိုပါစီမံကိန်းဆောင်ရွက်နေသော ပြည်တွင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့အပေါ်တွင်သာ အကူအညီအကာအကွယ်ပေးနေမှုများနှင့် ပတ်သက်၍ များစွာဝမ်းနည်းရကြောင်း ပြောပြခဲ့ပါသည်။"



လက်ပတောင်းတောင်နှင့် ချင်းတွင်းအလှသဘာဝ နှီးနှောဖလှယ်ပွဲတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန် နယ်ပယ်အသီးသီးမှ ပညာရှင်များ၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များက တောင်းဆိုခဲ့ကြသည်။
အဆိုပါ နှီးနှောဖလှယ်ပွဲကို စက်တင်ဘာလ ၃၀ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များ၊ တရားရေးနယ်ပယ်မှ ထင် ရှားသူများ၊ နိုင်ငံရေးပါတီများမှ လူပုဂ္ဂိုလ်များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းအသီးသီးမှ လူပုဂ္ဂိုလ်များ၊ နိုင်ငံကျော် အနုပညာရှင်များ၊ လက်ပံတောင်းတောင် စီမံကိန်းဒေသမှ ဒေသခံများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။
၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ လယ်သမားရေးရာ တာဝန်ခံ ကိုထွန်းမြင့်အောင်က ''ကျွန်တော်တို့ငယ်ငယ်က ပထ၀ီဝင်ဖတ်စာထဲမှာ ကြေးစင်တောင်၊ စပယ်တောင် လက်ပံတောင်းတောင် ရှိတယ်ဆိုပြီး ဖတ်ခဲ့ရတယ်။ အခုကြေးစင်တောင်နဲ့၊ စ ပယ်တောင်တွေ မရှိတော့ဘူး။ နိုင်ငံတော်အစိုးရအနေနဲ့ စီမံကိန်းတွေ လုပ်ဆောင်ရာမှာ သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေမယ့် ဒေသခံပြည်သူတွေရဲ့ လက်ငင်းဘ၀ကို ပျက်ယွင်းစေမယ့် စီမံကိန်းမျိုးကို မလုပ်ဆောင်သင့်ပါဘူး အဲဒီလို စီမံကိန်းမျိုး လုပ်ဆောင်တယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလို့ ပြောလို့မရပါဘူး။ ဒါဟာ ဖွံ့ဖြိုးရေးဟန်ဆောင်ထားတဲ့ ပျက်သုဉ်းရေး စီမံကိန်းတွေပဲ ဖြစ်ပါလိမ့်မယ်''ဟု ပြောပြခဲ့ပါသည်။
အဆိုပါ ဆွေးနွေးနှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာကြသည့် ပညာရှင်များက လက်ပံတောင်း တောင်စီမံကိန်းနှင့် ပတ်သက်၍ ပေါ်ပေါက်နေသော ပြဿနာများမှာ နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှု အားနည်းသောကြောင့်သာဖြစ်ကြောင်း အဆိုပါစီမံကိန်းကြီးများ လုပ်ဆောင်ရာတွင် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲပြဿနာများကို ထည်သွင်းစဉ်းစားခြင်းမပြုဘဲ ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်ကြခြင်းတို့ကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်းတို့ကို ဥပဒေရေးရာ အချက်အလက်များ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ ထောက်ပြ၍ ဝေဖန်ပြောကြားခဲ့ကြသည်။
သဘာဝပတ်ဝန်းကျင်ပညာ ရှင်ဦးဝင်းမျိုးသူက''လယ်ယာ မြေတွေနဲ့ ကျေးရွာတွေကို နိုင်ငံတော်လိုအပ်ချက်အရ သိမ်းမယ်ဆိုပြီး သိမ်းတယ်။ နိုင်ငံတော်စီမံကိန်းဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျွန်တော်တို့တစ်တွေဟာ ခံလိုက်ရတယ်။ စီးပွား ရေးဖွံ့ဖြိုးမှုတွေ လုပ်တဲ့အခါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုလည်း တန်းတူလုပ်ဆောင်ရမယ်လို့ ဆိုပေမယ့် ပတ်ဝန်းကျင်သိမ်းသိန်းရေးကို ဘယ်တော့မှ အလေးမထားဘူး။ ပြီးတော့အခု တင်ပြသွားတဲ့ ဒေသခံတွေရဲ့ စကားအရ ဥပဒေကို ကိုင်တွယ် ကျင့်သုံးတဲ့ ပုဂ္ဂိုလ်တွေပြောတာဆိုတာတွေဟာ ပြည်သူ့ဆက်ဆံရေးမတက်သလိုမျိုး ကျွန်တော်ခံစားရပါတယ်။ ပြည်သူ့ဝန်ထမ်းတွေကို ပြည်သူ့ဆက်ဆံရေး သင်တန်းတွေပေးဖို့ လိုနေပြီလို့ ကျွန်တော်ပြောချင်ပါတယ်''ဟု ပြောကြားခဲ့ပါသည်။
ဦးဝင်းမျိုးသူက ''နိုင်ငံတော်သမ္မတကြီးက ဒီကြေးနီစီမံကိန်းကို မြစ်ဆုံဆည်ကိစ္စုလို ရပ်မှာမဟုတ်ဘူးလို့ နယူးယောက်မှာ သတင်းထောက်တွေရဲ့ မေးခွန်းကို ပြန်ဖြေသွားတယ်။  ပြီးတော့သမ္မတကြီးက အချို့ ရွာသားတွေဟာ ပယောဂကြောင့် ဒီလိုမျိုးဖြစ်နေတာပါလို့ ဖြေသွားတယ်။ ကျွန်တော် စိတ်မကောင်းဘူး။ ဘာလို့လည်းဆိုတော့ ပြည်သူဗဟိုပြုတဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပြောနေတဲ့ သမ္မတကြီးက ပြည်သူတွေကို နားမလည်ပဲနဲ့ပြောနေလားလို့ စဉ်းစားမိတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ ဒီအခန်းထဲကို ရောက်လာတာ နိုင်ငံသားတစ်ယောက်အနေနဲ့ ဖြစ်သင့်ဖြစ်ထိုက်တာတွေ တရားမျှတမှုရှိဖို့တွေအတွက် မတိုင်ပင်ဘဲနဲ့ ရောက်လာတဲ့သူချည်းပါပဲ။ သမ္မတကြီးအနေနဲ့ ပယောဂလို့ပြောတာကို ပြန်ရုတ်သိမ်း ပေးစေချင်ပါတယ်။ ဒီနေ့ဖြစ်နေတဲ့ ကြေးနီတောင်ပြဿနာက တရုတ်ကုမ္ပဏီလာလုပ်လို့ ဆိုတာထက် ကျွန်တော်တို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ရေးရာ ဆက်စပ်ဖြစ်တည်နေတဲ့ အခြေခံတွေ အားနည်းချက်တွေ စီမံခန့်ခွဲမှုအားနည်း ချက်တွေကြောင့် ဖြစ်နေတာ။ ဒါတွေကို အရင်ဖြေရှင်းနိုင်မှ ဒီပြဿနာတွေကို ဖြေရှင်းနိုင်မှာပါ''ဟု ဆက်လက်ပြောကြားခဲ့ပါသည်။
ယင်းလက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးရှိ ဒေသခံတောင် သူများကလည်း ၎င်းတို့အနေဖြင့် လက်ရှိအချိန်တွင် လူမှုရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ ပညာရေးနှင့် စားဝတ်နေရေးဆိုင်ရာတို့တွင် အခွင့်အရေးများ ဆုံးရှုံးနေရမှုနှင့် အာဏာပိုင်အဖွဲ့တို့မှ ဒေသခံ ပြည်သူများထက် အဆိုပါစီမံကိန်းဆောင်ရွက်နေသော ပြည်တွင်းကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီတို့အပေါ်တွင်သာ အကူအညီအကာအကွယ်ပေးနေမှုများနှင့် ပတ်သက်၍ များစွာဝမ်းနည်းရကြောင်း ပြောပြခဲ့ပါသည်။
မုံရွာမြို့မှ ကဗျာဆရာကြီးဦးအံ့မောင်က ''ကျွန်တော်တို့ဒေသမှာရှိတဲ့ လက်ပန်းတောင်းတောင်ကြီးကို အတင်းအဓမ္မ ဖြိုဖျက်နေတာကို ခုခံဖို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ အင်အားတွေနဲ့ ၀ိုင်းဝန်းလာကြတာမြင်တော့ ကျွန်တော်အားတက်ပါ တယ်။ ကျွန်တောတို့ အခုတောင်းဆို ဆန္ဒပြကြတာဟာ ယာမြေတွေ၊ ကျေးရွာတွေ ထိခိုက်နစ်နာတဲ့အတွက် လျော်ကြေးတောင်းတာ မဟုတ်ပါဘူး။ ဒီကြေးနီလုပ်ငန်းကြီးဟာ ဒီဒေသနဲ့တကွ နိုင်ငံတော်ကြီးတစ်ခုလုံးအတွက် အစားထိုးလို့မရတဲ့ ပြင် မရတဲ့ အဆုံးရှုံးကြီးတွေ ဖြစ်မှာကြောင့် ဒီကြေးနီလုပ်ငန်းကြီးကို အပြီးအပိုင်ဖျက်သိမ်းပေးပါလို့ တောင်းဆိုရခြင်းဖြစ်ပါတယ်'' ဟုပြောပြပါသည်။
တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကလည်း ''ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ နိုင်ငံတစ်နိုင်ငံဟာ ဥပဒေစိုးမိုးမှုရှိရမယ်။ ဥပဒေစိုးမိုးမှု မရှိရင် ဒီမိုကရေစီလည်း တည်ဆောက်လို့မရဘူးဆိုတာကို ကျွန်တော်အလေးအနက် ထောက်ခံပါတယ်။ ကျွန်တော်တို့မှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သတ်လို့ ဥပဒေတွေမှာ တော်တော်ကြီးကို ကောင်းအောင် ရေးထားတာတွေ့ရပေမယ့် မလိုက်နာကြပါဘူး။ အကာအကွယ်ပေးမယ့် ဥပဒေတွေ ရှိခဲ့သော်လည်း အစိုးရအဆက်ဆက်သည် အထူးသဖြင့် စစ်အစိုးရတွေက လိုက်နာခြင်းမရှိကြပါဘူး။ အခုဖြစ်ပေါ်နေသော လက်ပံတောင်းတောင်ကိစ္စမှာ အုပ်ချုပ်သူတို့က ဥပဒေကို လိုက်နာရန် ပျက်ကွက်ရာမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း ၀မ်းနည်းစွာ တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံ ရှေ့နေများ ကွန် ယက်အနေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ ပြဌာန်းဥပဒေတွေကို လိုက်နာရန် တိုက်တွန်းပါတယ်''ဟု ပြောကြားခဲ့ပါသည်။
၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က''ဒီကနေ့ပွဲကို တက်ရောက်လာတဲ့ အင်အားကိုကြည့်ရင်တော့ ကျွန်တော်တို့ဘက်က နောက်ဆုံးရလာဒ် မထွက်သေးခင်မှာဘဲ စပြီး အားသာသွားတယ်လို့ သေချာပေါက်ပြောနိုင်ပါ တယ်။ ဒီထက်ပိုပြီး အနှစ်သာရကျစေတာက ပညာရှင်တွေရဲ့ အခန်းကဏ္ဍပဲ ဖြစ်တယ်။ ပညာရှင်အားလုံးကလည်း အချက်အလက်နဲ့တကွ ပိုင်ပိုင်နိုင်နိုင် တင်ပြခဲ့တာကို တွေ့ရပါတယ်။ ပြီးတော့ဒီနေ့မှာ တရားမျှတမှု ကို လိုလားတဲ့လူတွေ လာစုတာပါ။ တစ်ချို့ဒေသတွေက ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ ဆိုင်းဘုတ်အောက်မှာ ကိုယ်စီကိုယ်စီရဲ့ အမှတ်သရုပ်တွေ ဘ၀တွေပျက်စီးသွားမှာ အင်မတန် စိုးရိမ်ပါတယ်။ ပြဿနာက လက်ပံတောင်းတောင် စီမံကိန်းတစ်ခုတည်း မကပါဘူး။ ဒါတွေ လိုက်ရှင်းနေရတာနဲ့ တကယ်အရေးကြီးတဲ့ အပြောင်းအလဲကို အာရုံလစ်ဟင်းသွားမှာ စိုးရိမ်ပါတယ်''ဟု ပြောကြားခဲ့ပါသည်။
''စစ်အစိုးရလက်ထက်က နှစ်ဦးသဘောတူ ကြိတ်ပြီးတော့ ရေးခဲ့တဲ့ စာရွတ်ပေါ်က သဘောတူညီချက်တွေကို ကျွန်တော်ကို တိုင်းသူပြည်သားများက မျက်စိမှိတ်ပြီးတော့ သဘောတူလက်ခံမှာ မဟုတ်ဘူးဆိုတာ အားလုံးကိုရှင်း ရှင်းလင်းလင်း ပြောထားခဲ့ပါမယ်။ ဖွံ့ဖြိုးမှုကို မငြင်းပယ်ပါဘူး။ သို့သော် အဲဒီဖွံ့ဖြိုးဖို့အတွက် ကျွန်တော်တို့ ဘာတွေ ပေးဆပ်ရမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိရင် အကြောင်းအရာ တစ်ခုချင်းစီအလိုက် စီမံကိန်း တစ်ခုချင်းစီအလိုက် ရွေးချယ်ခွင့် ရှိရပါမယ်။ အဲဒီဒေသခံပြည်သူတွေရဲ့ သဘောထားတွေ သူတို့ဆန္ဒတွေ၊ ဘ၀တွေကို မထိခိုက်အောင် ကာကွယ်ပေးနိုင်တဲ့  စီမံကိန်းမျိုးတွေ ဖြစ်ရပါမယ်။ ပြည်သူ့အတွက် ဘယ်လောက်ရမှာလဲဆိုတာကအစ သဘာဝပတ်ဝန်း ကျင်ဘယ်လောက် ထိခိုက်မှာလဲ နောက်မျိုးဆက်တွေအတွက် ဘယ်လောက် ထိခိုက်နိုင်သလဲဆိုတာကို အားလုံးကို ပွင့်ပွင့်လင်းလင်း သိဖို့ စပြီးတော့ နားထောင်ရတော့မယ်။ တစ်ဘက်ကလဲ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ချေပချင်တာ ရှင်းလင်းချင်တာရှိရင် ရှင်း။ ကျွန်တော်တို့ လိုချင်တာက ပွင့်လင်းမြင်သာမှုကို လိုချင်တာ။ အဲဒီကျမှ အထုပ်တွေပြေသွားပြီးတော့ ကိုယ့်ဟာကိုယ် မရှင်းနိုင်ရင်တော့ ခင်ဗျားတို့ ကိစ္စပေါ့ဗျာ။ အရင်က လုပ် ထားကိုင်ထားတာတွေ သိရတော့ ကျွန်တော်တို့ အမြတ်ထွက်တာပေါ့။ ဒါကြောင့် ဒီလက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သတ်ပြီးတော့ စိုးရိမ်ပူပန်သူတွေ အားလုံးရဲ့အသံတွေ၊ အရုပ်တွေကို စပြီးထုတ်ပေးလိုက်ပြီး ဒါကြောင့် ချေပချင်တဲ့သူတွေ ဒီစီမံကိန်းကြီး ဘယ်လောက်အကျိုးရှိကြောင်း ပြောချင်တဲ့သူတွေပြောပါ။ အားလုံးကလည်း နားထောင်လိုက်ပါ။ ဒါမှလည်းမျှတမယ်''ဟု ကိုမင်းကိုနိုင်က ဆက်လက်ပြောကြားခဲ့ပါသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို မြန်မာနိုင်ငံမှ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်နိုင်ငံမှ မြန်မာဝမ်ဘိုကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းဖြစ်ပြီး လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် ယာမြေဧက ၇၈၀၀ ကျော် သိမ်းဆည်းခဲ့ရာ သိမ်းဆည်းခံရသည့် ကျေးရွာပေါင်း ၂၆ ရွာမှ ရွာသူ၊ ရွာသားများက ၂၀၁၂ ခုနှစ် ဇွန်လ ၂ ရက်နေ့မှ စတင်ပြီး ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

Win Thaw Nyein 

Saturday, September 29, 2012

အမေစု၏ ဆန်ဖရန်စစ္စကို မိန့်ခွန်း

Harvard University by Daw Aung San Suu Kyi 29 9 2012

The Edwin L. Godkin Lecture Constituency မြန်မာနိုင်ငံ၏ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က Harvard တက္ကသိုလ်တွင် ကြာသပတေးနေ့ကပြောကြားသော မိန့်ခွန်း၌ မြန်မာနိုင်ငံသားများအနေဖြင့် လွတလပ်သောလူ့အဖွဲ့အစည်းအတွက် တာဝန်ယူမှုရှိသော နိုင်ငံသားများဖြစ်ရေးပြင်ဆင်ရန် ထည့်သွင်းပြောကြားခဲ့ သည်။ Introduction by Drew Gilpin Faust President, Harvard University Moderated by David T. Ellwood Dean, Harvard Kennedy School

Friday, September 28, 2012

၂၀၁၂ ဒီမိုကရေစီဆုပေးပွဲ နှင့် သတင်းဓာတ်ပုံများ


ယခု အပတ်အတွင်း အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ မြို့  ရဲ့  လမ်းတွေပေါ်၊ ရထားတွေ ပေါ်မှာ ဗမာဝတ်စုံ(ဒါမှမဟုတ်) တိုင်းရင်းသားဝတ်စုံတွေ နဲ့  အမေရိကရောက်မြန်မာများ ကို လှုပ်လှုပ်ရှားရှားမြင်တွေ့ နေရပါတယ်။ အပြည်ပြည်ဆိုင်ရာ သတင်းစာတွေ၊ ရုပ်မြင်သံကြားသတင်းတွေ မှာလည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့် ခွန်းတွေ၊ ၂၀၁၂ ဒီမိုကရေစီ ဆုရှင်များရဲ့ ဆွေးနွေးမှုတွေ က ဝေေ၀ဆာဆာ နေရာယူလို့ နေပါတယ်။


ပုံ ၁ မှ ၄ အထိ ။ စက်တာဘာလ ၁၉ ရက်နေ့ ၊ National Endowment for Democracy (NED) မှ ကျင်းပတဲ့  Advancing Democracy in Burma: New opportunities and Challenges ဆွေးနွေးပွဲမှ)


ပုံ-၁
စက်တာဘာလ ၁၉ ရက်နေ့  မနက်ပိုင်းမှာ၊ ၂၀၁၂ ဒီမိုကရေစီ ဆုရှင်များဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၊ US Campaign for Burma မှ ကိုအောင်ဒင်၊ မယ်တော်ဆေးခန်းမှ ဒေါက်တာစင်ဒီယာမောင်၊ နာရေးကူညီမှု အသင်း မှ ကိုကျော်သူ တို့   က လက်ရှိမြန်မာ့နိုင်ငံရေး။လူမှုရေး တိုးတက်ပြောင်းလဲမှုများ နဲ့  ဆက်လက်လုပ်ကိုင်ရန် လိုအပ်ချက်များ ကို ဆွေးနွေးကြပြီး၊ မေးခွန်းများကို လက်ခံဖြေကြားခဲ့ပါတယ်။ (နောက်ထပ်ဆုရှင် တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကတော့ ဆုပေးပွဲ ကို မတက်ရောက်ခဲ့ပါဘူး)

ပုံ-၂  ဒေါက်တာစင်ဒီယာမောင် နှင့် ကိုကျော်သူ
 "အစိုးရဘက်က နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အတွက်  နိင်ငံရေးပါတီတွေ နဲ့ ညှိုနှိုင်းဆွေးနွေးတာတွေ၊ ပူးပေါင်းဆောင်ရွက်နေတာတွေ ကို ကြိုဆိုပါတယ်။ အလားတူပဲ အခြေခံလူထုတွေ ရဲ့  ကျန်းမာရေးနဲ့ ပညာရေးဆို်င်ရာ ဖွ့ံဖြိုးတိုးတက်မှု လုပ်ငန်းတွေ မှာ အစိုးရဘက်က လက်တွဲဆောက်ရွက်မှုတွေ ကို မြင်တွေ့ လိုပါတယ်"......."နယ်စပ်ဒေသမှာ မိဘမဲ့၊ မှတ်ပုံတင်မဲ့ ကလေးတွေ အမြောက်အများ ရှိနေပါတယ်၊ သူတို့ တွေ အတွက် အကူညီတွေ လိုအပ်နေပါတယ်"  လို့ ဆိုတဲ့ ဒေါက်တာစင်ဒီယာမောင်။

လူမှုရေးလုပ်ငန်းနဲ့  ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ အတားအဆီးတွေ နဲ့  ပတ်သက်လို့  ကိုကျော်သူ က ....
သုခဆေးခန်းရဲ့  မျက်စိဆေးခန်း ကို အခမဲ့ ခွဲစိပ်ကုသပေးဖို့ အတွက် ပြင်ဆင်ထားတာ ၂ နှစ်ရှိနေပေမယ့်  ဖွင့်ခွင့် မရသေးလို့  လူနာတွေ ကို အခုထိ ကုသမှု မပေးနိုင်သေးတဲ့ အကြောင်း၊ ကချင်ပြည်နယ်ဒေသအချို့ မှာ နယ်မြေ မငြိမ်သက်မှုတွေ ကြောင့် သွားလာခွင့်ပိတ်ပင်ထားလို့  တရုတ်ပြည်ဘက်ကနေ ပတ်ပြီး သွားရောက်ကူညီနေကြတာကို ကြားသိနေရတဲ့ အကြောင်း၊ အောက်ခြေလူထု ကို ဒီထက်ပိုမို ထိထိရောက်ရောက် ကူညီသွားနိုင်ဖို့  အစိုးရဘက်က ပိုမို ပူးပေါင်းပါဝင်မှု လိုအပ်နေကြောင်း ပြောဆိုသွားပါတယ်။
 
ပုံ- ၃  ဦးခွန်ထွန်းဦး နှင့် ကိုအောင်ဒင်
 တိုင်းရင်းသားဒေသတွေမှာ အပစ်အခပ်ရပ်စဲရေး သဘောတူညီမှုတွေလုပ်ပြီးတဲ့ ကြားက ဆက်လက်ပြီး စစ်ပွဲတွေ ဖြစ်ပွားနေတယ်၊ ကချင်ပြည်နယ်က စစ်ပွဲတွေ၊ ရခိုင်ပြည်နယ်က အရေးအခင်းတွေ ဟာ တိုင်းပြည်ရဲ့  တည်ငြိမ်အေးချမ်းမှု အတွက် ဖြေရှင်းဖို့ လိုနေတဲ့ အခြေအနေတွေ ဖြစ်တယ် လို့  ဆို တဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး။

မြန်မာပြည်တွင်း မှာ ပြောင်းလဲမှု အချို့ ကို မြင်တွေ့ နေရပြီ ဆိုပေမယ့် .....(၁) တရားဥပဒေစိုးမိုးရေး (၂) စီးပွားရေး နယ်ပယ်မှာ လုပ်ငန်းရှင် တစ်စု က ပဲ ချုပ်ကိုင်ထားနေတာ မြင်တွေ့ နေရဆဲ (၃) တိုင်းရင်းသားဒေသတွေ မှာ ထိုးစစ်ဆင်နေဆဲ ဖြစ်နေတာမို့  အဲဒီ သုံးနေရာမှာ မပြောင်းလဲသေးဘူးလို့  မြင်တဲ့ အကြောင်း ပြောဆိုသွားတဲ့ ကိုအောင်ဒင်။

ပုံ- ၎

***********************************************************************************
ပုံ ၅ မှ ၈ (၂၀၁၂ ဒီမိုကရေစီ ဆုပေးပွဲ အခမ်းအနား၊ စက်တင်ဘာ ၂၀ရက်)

ပုံ - ၅ (၂၀၁၂ ဒီမိုကရေစီ ဆုပေးပွဲ ကျင်းပတဲ့ နေရာ ၊ ၀ါရှင်တန်ဒီစီ Capitol )

ပုံ - ၈ (နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး လုပ်ငန်းများအတွက် ရဲရဲ ၀ံ့ဝံ့ စွန့် လွတ် အနစ်ခံမှု များကို ၀ိုင်းဝန်းအသိမှတ်ပြုခြင်းခံရပြီ)

ပုံ ၆ ( ၂၀၁၂ ဒီမိုကရေစီ ဆု ကို ပူးတွဲ လက်ခံယူကြစဉ်၊ စက်တင်ဘာ ၂၀ ရက်)
 

 ပုံ ၇ (US Capitol မှာ အခုလို တိုင်းရင်းသား ၀တ်စုံ တွေ နဲ့  ၊ အပြုံးတွေ ဝေဆာလို့ ) 
၂၀၁၂ ဒီမိုကရေစီ ဆုပေးပွဲအခမ်းအနား ကို   မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က တက်ရောက် အမှာစကား ပြောကြားခဲ့ပါတယ်။ 
ကျွန်မ လေးစားကြည်ညို ရတဲ့ နိုင်ငံရေး၊ လူမှုရေး နယ်ပယ် အသီးသီးက ခေါင်းဆောင်တွေ အားလုံး ကို အခုလို တစုတစည်းတည်း ဆုံတွေ့ ရလိမ့်မယ် လို့  အိပ်မက်တောင် မမက်ခဲ့ဖူးပါဘူး။ ဂျွန်မက်ကိန်းအပါအ၀င် အမေရိကန်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ က အကြီးအကဲတွေ၊ အခမ်းအနားတက်ရောက်လာသူတွေ ရဲ့ မျက်ဝန်းတွေ မှာ  လေးစားတဲ့ အရိပ်အယောင်တွေ နဲ့  အပျော်အပြုံးတွေ ကူးစက်လို့  နေခဲ့ပါတယ်။
 မစုဥာဏ်

(NED အကြောင်း အကျဉ်းချုပ်။ ။ ၁၉၈၃ ခု တွင် စတင် ဖွဲ့ စည်းခဲ့သည့် NED အဲန်ဂျီအို အဖွဲ့ သည် US Congress (အမေရိကန်လွှတ်တော်) ငွေကြေးထောက်ပံ့မှုဖြင့် ရပ်တည်နေသည့် အဖွဲ့  ဖြစ်ပြီး၊ နိုင်ငံပေါင်း ၉၀ ကျော် တွင် ရုံးခွဲများဖွင့်လှစ်ထားရှိကာ နှစ်စဉ် အဖွဲ့ ပေါင်း ၁၀၀၀ ကျော်အတွက် ငွေကြေးထောက်ပံ့ခြင်း၊ ဒီမိုကရေစီ စာစောင်များထုတ်ဝေခြင်း၊ သင်တန်းများပေးခြင်း အပါအ၀င် လှုပ်ငန်းပေါင်းများစွာ ဖြင့် ကမ္ဘာအရပ်ရပ်မှ ဒီမိုကရေစီ လှုပ်ရှားမှုများကို ကူညီပံ့ပိုးပေးနေသည့် အဖွဲ့ ကြီးဖြစ်သည်။ အဲန်ဂျီအို အဖွဲ့ အနေဖြင့် လှုပ်ရှားဆောင်ရွက်နေသော်လည်း၊ US State Department  အစိတ်အပိုင်းတစ်ခုဖြစ်သည့် USAID ( U.S.agency for Development Assistance) မှ နှစ်စဉ် အသုံးစားရိတ်များ ခွဲဝေ ပေးခြင်းခံရသည့် အဖွဲ့ ဖြစ်သည်။၂၀၁၁ ဒီမိုကရေစီ ဆု ကို ဒူနီးရှီးယန်း နှင့် အီဂျစ်နိုင်ငံမှ နိုင်ငံရေးလှုပ်ရှားသူ များ အား ပေးအပ်ခဲ့သည်။) 

Yale University speech 27 9 2012 USA

အမေရိကန် ပြည်ထောင်စု ယေးတက္ကသိုလ်မှာ မြန်မာ့ဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးကြီးတဲ့ ဒီပဲယင်းအစစ်ခံထွက်ဆိုချက်များ ။

Thursday, September 20, 2012

ဂုဏ်ပြုထိုက်သူ မြန်ပြည်သူ

တိုင်းပြည်တိုင်း လူမျိုးတိုင်းတွင် တိုင်းပြည်အလိုက်၊ဘာသာအလိုက် ထူးချွန်စွာဆောင်ရွက်ခဲ့သူများ
အားချီးကျူးဂုဏ်ပြုကြပါသည်။ လူမျိုးမရွေး၊ဘာသာမရွေး၊အသက်ကြီးငယ်မရွေး ထူးချွန်စွာဆောင်ရွက်ခဲ့ပါက
တနည်းနည်းဖြင့် ဂုဏ်ပြုချီးမြှင့်ကြသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ ဆောင်ရွက်မှုအတိုင်းအတာအပေါ်မူတည်ပြီး
ပြည်တွင်းပြည်ပမှ အဖွဲ့အစည်းများက ဂုဏ်ပြုတတ်ကြပါသည်။ လူမျိုးတမျိုးအတွက်ငှင်း၊ဘာသာတခုအတွက်
ငှင်း၊တနိုင်ငံအတွက်ငှင်း ကျယ်ကျယ်ပြန့်ပြန့်အကျိုးပြုသူများအား ကမ္ဘာ့အမြင့်ဆုံးဆုကိုချီးမြှင့်တတ်ပါသည်။
ထိုသို့ကမ္ဘာ့အဖွဲ့အစည်းများကပေးသည့်ဆုများအနက် မပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးဆုသည် အမြင့်ဆုံးဆုဖြစ်ပါသည်။ ကမ္ဘာတွင်အမြင့်ဆုံးငြိမ်းချမ်းရေးဆုချီးမြှင့်သည့် အဖွဲ့အစည်း(၂)ခုရှိပါသည်။ အရှေ့အုပ်စုမှ နိုင်ငံတကာ စတာလင်ငြိမ်းချမ်းရေးအဖွဲ့ နှင့် နိုဘယ်လ်ငြိမ်းချမ်းရေးဆုအဖွဲ့ တို့ဖြစ်ပါသည်။ဤ အနောက်အုပ်စုမှinternational Peace,Physics,Chemistry,Physiology or Medicine,literature ဖြစ်ပြီး
Economic Science ဆုသည်၁၉၆၉ မှစတင်ချီးမြှင့်ခဲ့ပါသည်။
          အဆိုပါ အမြင့်ဆုံးငြိမ်းချမ်းရးဆုကြီးများကို နှစ်စဉ်ချီးမြှင့်ပါသည်။ တနှစ်လျှင် အထူးချွန်ဆုံးပုဂ္ဂိုလ်တဦး၊
တခါတရံ(၂)ဦးပူးတွဲ၍၊တခါတရံ အဖွဲ့လိုက် ဆုချီးမြှင့်လေ့ရှိပါသည်။ အဆိုပါဆုအတွက် အမည်စာရင်းကို ကာယကံရှင်ကိုယ်တိုင်က တင်သွင်းခွင့်မရှိပါ။ တင်သွင်းသည့် အမည်စာရင်းကို ရွေးချယ်ရေးကော်မတီက ရွေးချယ်ရပါသည်။ နှစ်စဉ် အမည်စာရင်းကို ကာယကံရှင်ကိုယ်တိုင်က တင်သွင်းခွင့်မရှိပါ။ တင်သွင်းသည့်
အမည်စာရင်းကို ရွေးချယ်ရေးကော်မတီက ရွေးချယ်ရပါသည် နှစ်စဉ်အမည်စာရင်းတင်သွင်းသူ အလွန်များပါသည် တခါတရံအယောက်၁၀၀ကျော်အထိရှိပါသည် ထိုအမြင့်ဆုံးငြိမ်းချမ်းရေးဆုရရှိရန် အလွန်ခက်ခဲလှပါသည် ထိုသို့အလွန်ခက်ခဲလှသည့် ငြိမ်းချမ်းရေးဆုကို မြန်မာမှနှစ်ဦးရရှိထားပါသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အရှေ့အုပ်စုမှချီးမြှင့်သည့် အပြည်ပြည်ဆိုင်ရာ စတာလင်ငြိမ်းချမ်းရေးဆု
(International Stalin Peace Prize)ကို ၁၉၅၅ တွင်ရရှိသကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်သည်လည် အနောက်အုပ်စုမှ ချီးမြှင့်သည့် နိုဘယ်ငြိမ်းချမ်းရေးဆု (Nobel Peace Prize) ကို ၁၉၉၁ တွင်ရရှိခဲ့ကြပါသည် ဆရာမှိုင်းငြိမ်းချမ်းရေးဆုဆွတ်ခူးချိန်တွင် အသက်၇၉နှစ်ရှိပြီဖြစ်၍ အရှေ့အုပ်စုမှရရှိသည့် ဆုရှင်များအနက် အသက်အကြီးဆုံးဖြစ်သော်လည်း ဒေါ်စုဆုရရှိချိန်မှာ အသက်၄၆နှစ်သာရှိသေးပြီး အနောက်အုပ်စု မှနိုဘယ်ဆုရှင်များအနက် Guatemala မှ Rigoberta Menchu ပြီးလျှင်ဒုတိယ အသက်အငယ်ဆုံးဆုရှင် ဖြစ်သည် ငြိမ်းချမ်းရေးဆုရရှိကြသည့် ဆရာမှိုင်းနှင့်ဒေါ်အောင်ဆန်းစုကြည်တို့သည် မြန်မာပြည်၏ကျက်သရေ
ဆောင်ပုဂ္ဂိုလ်ကြီးများဖြစ်ကြ၍ မြန်မာနိုင်ငံအတွက်ရောမြန်မာနိုင်ငံသားများအတွက်ပါ ဂုဏ်ယူစရာ၊ချီးကျူးစရာ၊
အတုယူစရာ၊စံနမူနာ ဖြစ်ပါသည် ဆုရှင်ကြီးနှစ်ဦးအား တကမ္ဘာလုံးကချီးကျူးကြ၊ ထောမနာပြုကြ၊ ဂုဏ်ပြုကြ
သည်မှာနှစ်ထောင်းအားရဖွယ် ဖြစ်ပါသည်။ ငြိမ်းချမ်းရေးဆုစွတ်ခူးခြင်းတူသော်လည်း အချိန်ကာလနှင့်တိုင်း ပြည်အခြေအနေကွာခြားမှူကြောင့် ဆရာမှိုင်းအတွက် နှစ်ထောင်းအားရ ။ ဝမ်းသာရသော်လည်း ဒေါ်အောင်ဆန်းစုကြည်အတွက်မူ ဝမ်းသာမှူ ဝမ်းနည်းမှူနှင့်အတူ ရောရှက်လျှက်ရှိပါသည်။ အကြောင်းမှာ ဆရာမှိုင်းခောတ်အခြေအနေမှာ တိုင်းပြည်အေးချမ်းသာယာပြီး ဒီမိုကရေစီစနစ် နှင့်ပြည်သူ့အစိုးရ စနစ် ဖြစ်နေ ၍ လည်းကောင်း ဆရာမှိုင်းမှာအသက်ကြီးနေ၍လည်းကောင်း အပြည်ပြည်ဆိုင်ရာ စတာလင်ငြိမ်းချမ်းရေးဆု ကော်မရှင် ဥက္ကဋ္ဌ Nikolay Tikhonow မြန်မာနိုင်ငံသို့သွားရောက်ပြီး ၎င်းကိုယ်တိုင်ချီးမြှင့်သည့်ငြိမ်းချမ်းရေးဆု ကို ဆရာမှိုင်းကိုယ်တိုင် လက်ခံရယူနိုင်ခွင့်ရှိ ခဲံပါသည်။ သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ စစ်အာဏာ ရှင်စန်စဆိုးနှင့် အာဏာရမက်ငန်းငန်းတက်နေသည့် စစ်အာဏာရှင်များ ဗိုလ်ကျစိုးမိုးနေချိန်ဖြစ်၍၎င်း၊ စစ်အာဏာရှူးများ၏ အိမ်းတွင်းအချုပ်ချယ်ခံ(house arrest) နေရ၍၎င်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်ခံရယူနိုင်စွမ်းမရှိခဲ့ပါ။ မြန်မာတိုင်းရင်းသား အားလုံးနည်းတူ ကမ္ဘာ့ပြည်သူပြည်သားများကလည်း ဒေါ်အောင်ဆန်းစုကြည် အတွက် စိတ်မကောင်းဖြစ်ခဲ့ကြရပါသည်။
          တိုင်းသူပြည်သားများက ဆရာကြီးအတွက် ဂုဏ်ယူဝမ်းသာကြသကဲ့သို့ ဆရာကြီးကလည်း အလားတူ
ဝမ်းသာချမ်းသာစွာဖြင့် ငြိမ်းချမ်းရေးဆုကို ငြိမ်းငြိမ်းချမ်းချမ်း လက်ခံယူနိုင်ခဲ့သော်လည်းဒေါ်အောင်ဆန်းစုကြည်
ခမျာမှာ ၎င်းရရှိသည့် ငြိမ်းချမ်းရေးဆုကို အိမ်မက်ပမာ ဖြစ်ခဲ့ရရှာသည်။ တိုင်းသူပြည်သားများကပင် ထိုသို့စိတ်
မကောင်းဖြစ်ကြပါလျှင် ကာယကံရှင်ဒေါ်စုကိုယ်တိုင် မည်သို့ခံစားရမည်ကို စာရေးသူ ကိုယ်ချင်းစာမိပါသည်။
          လူဆိုးလူယုတ်မာ တသိုက်က မည်သို့ပင် အကျဉ်းသားအဖြစ် ချုပ်ချယ်ထားစေကာမူ ဒေါ်စုအတွက် ဂုဏ်ယူရမည်ဖြစ်ပါသည်။ အကြောင်းမှာ-၁)နှစ်ပေါင်း(၁၀၀)အတွင်း တဦးချင်း အမျိုးသမီးနိုဘယ်ဆုရှင် (၃) ဦး
အနက် တဦးသည် မြန်မာပြည်မှ ဒေါ်စု (မှတ်ချက်-အိန္ဒိယမှ Mother Teresa သည် ပထမ၊ ဒေါ်စုနှင့် Rioberta Menchu တတိယ)၊ ၂]အာရှတိုက်မှ အမျိုးသမီးနိုဘယ်ဆုရှင်(၂) ဦးအနက် တဦးသည် မြန်မာပြည်မှ ဒေါ်စု [မှတ်ချက်-အိန္ဒိယမှ Mother Teresa] ၊၃) မြန်မာ့သမိုင်းတလျှောက်လုံး တဦးတည်းသော အမျိုးသမီး နိုဘယ်လ်ဆုရှင်သည်လည်း ဒေါ်စုပင်ဖြစ်သောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့်ဤမျှလောက်ထူးချွန်နေသည့် ဒေါ်စုအား ပြည်သူများနှင့်အတူ စာရေးသူကလည်း ချီးမကျူး၍မနေနိုင်၊ဂုဏ်မပြု၍မနေနိုင်ပါ။ တိုင်းပြည်ဖျက်နေသည့် လူယုတ်မာစစ်အာဏာရူးတသိုက်ကလွဲလျှင် တိုင်းသူပြည်သားအားလုံးက ဒေါ်စုအား ချစ်မြတ်နိုးကြသည်၊လေးစားကြသည်၊ကောင်းချီးသြဘာထောပနာပြုဝကြသည်မှာလည်း ယနေ့အထိပါ။ ကမ္ဘာ သူ ကမ္ဘာသားအားလုံးက ဒေါ်စု ကျန်းမာချမ်းသာစေကြောင်း၊မင်းယုတ်မင်းဆိုးတို့၏ ချုပ်ချယ်မှုမှ လွတ်မြောက်စေကြောင်းဆုတောင်းမေတ္တာပို့သကြသည်မှာလည်း ယနေ့တိုင်ဖြစ်ပါသည်။
          မြန်မာလူမျိုးများနှင့်အတူကမ္ဘာပြည်သူတရပ်လုံးကပါ အဘယ့်ကြောင့်ဒေါ်စုအားထိုသို့ကြည်ညိုလေး
စားကြသနည်း၊ချီးကျူးဂုဏ်ပြုထောပနာပြုနေကြသနည်း ဟု ဆန်းစစ်ကြည့်သည့်အခါ ဒေါ်အောင်ဆန်းစုကြည် သည်၁)ထက်မြက်ထူးချွန်သည့် မိဘမျိုးရိုးမှဆင်းသက်လာသူဖြစ်ခြင်း၊၂)သူမကိုယ်တိုင်က ဥာဏ်ပညာကြီးခြင်း
၃)တွေးခေါ်မျှော်မြင်ဆင်ခြင်တတ်ခြင်း၊၄)ကိုယ်ကျိုးစွန့်အနစ်နာခံခြင်း၊၅)သူတပါးအပေါ်သနားညှာတာ ကိုယ်ချင်းစာတတ်ခြင်း၊၆)ရိုးသားဖြောင့်မတ်ခြင်း၊၇)စိတ်ထားမြင့်မြတ်ခြင်း စသည့်ကောင်းမြတ်သောကြန်အင် လဏ္ခာများနှင့် ပြည့်စုံသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်စုသည်ဖခင်ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ ပဉ္စမမြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်မည့် ပုဂ္ဂိုလ်ကြီးဖြစ်လာမည်ဟု စာရေးသူအနေဖြင့် ယုံကြည်ထားပါ
သည်။(မှတ်ချက်-ဗိုလ်ချုပ်အောင်ဆန်းသည်စတုတ္ထ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်ခဲ့သည်။
          ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံသားဖြစ်၍ မြန်မာလူမျိုးများက ကြည်ညိုလေးစားသည်မှာ
အဆန်းမဟုတ်သော်လည်း ကမ္ဘာပေါ်ရှိ ယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်းနှင့်တကွ ကမ္ဘာ့နိုင်ငံကြီးငယ်များ၏ ခေါင်းဆောင်များ၊ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Koffi Annan အပါအဝင် ကမ္ဘာ့အဖွဲ့အစည်းများ
ကပါ ဒေါ်စုအား မြန်မာ့ခေါင်းဆောင်ကောင်းတဦးအဖြစ် ကြည်ညိုလေးစားကြပြီး ယနေ့အထိ ချီးကျူးဂုဏ်ပြုကြ
ဆဲပါ။ [မှတ်ချက်-၂၀၀၁ ခုတွင် ကုဖီအာနန်သည် ကုလသမဂ္ဂရုံးဝန်ထမ်းများနှင့်အတူ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုကို ရရှိသည်။ စာရေးသူကိုယ်တိုင် မြန်မာနိုင်ငံသားတဦးအနေနှင့် ဒေါ်စုအားကြည်ညိုပြီး လှိုက်လှိုက်လှဲလှဲ ချီးကျူးလျှက်၊ ဂုဏ်ယူလျှက်ရှိပါသည်။
          နိုဘယ်ငြိမ်းချမ်းရေးဆုကို ၁၉၀၁မှစ၍ ချီးမြှင့်ခဲ့ရာ ယခုနှစ်(၂၀၀၁)ပါဆိုလျှင် အနှစ်(၁၀၀)ပြည့်သွားပြီ
ဖြစ်၍ နှစ်၁၀၀ပြည့် အထိမ်းမှတ်အဖြစ် ထူးထူးခြားခြား ခမ်းခမ်းနားနား ကျင်းပသွားမည်ဟုသိရပါသည်။ ထူးခြားမှုမှာ နှစ်၁၀၀ပြည့်အထိမ်းအမှတ် အခမ်းအနားနှင့်အတူ ဒေါ်စုငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိသည့်(၁၀) နှစ်ပြည့် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို တပါတည်းကျင်းပသွားမည်ဖြစ်၍ ဒေါ်စုအတွက်ချီးကျူး စရာ၊ဂုဏ်ယူစရာဖြစ်နေပါသည်။၎င်းအပြင် နော်ဝေ ဝန်ကြီးချုပ် ဘိုနာဗစ်၊အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟောင်း မက်ဒလင်းအောဘရိုက်၊ဖိလစ်ပိုင်သမတဟောင်း ကိုရာဇန်အကီနို၊ နိုဘယ်လ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူး တို့ဦးဆောင်၍ ဒီဇင်ဘာ(၈) ရက်နေ့တွင် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်များပါဝင်သည့်
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှူတရပ်ကို နော်ဝေနိုင်ငံအော်စလိုမြို့တွင် ကျင်းပသွားရန် စီစဉ်ထားကြောင်းသိရှိရသ ဖြင့် ဒေါ်စုနှင့် ဒေါ်စုဦးဆောင်သည့် ဒီမိုကရေစီလှုပ်ရှားသူများ အတွက်ပါ ပို၍ဂုဏ်ယူရမည်ဖြစ်ပါသည်။
          နှစ်စဉ်ဒီဇင်ဘာလ(၁၀)ရက်နေ့တွင် ကျင်းပမြဲဖြစ်သည့် ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြှင့်ပွဲနှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုထောက်ခံပွဲများကို တပြိုင်တည်းကျင်းပသွားမည်ဖြစ်ကြောင်းလည်း သိရှိရပါသည်။
ထိုအခမ်းအနားသို့ နိုဘယ်ဆုရှင်Dalai Lama,Mikhail Gorbachev အပါအဝင် နိုဘယ်ဆုရှင်(၃၄)ဦးကိုယ်တိုင်
တက်ရောက်မည်ဟု သိရှိရပါသည်။ တချိန်တည်းမှာပင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုထောက်ခံပွဲများကို နော်ဝေ နိုင်ငံအပြင် အမေရိကန်၊ကနေဒါ၊ဂျာမနီ၊ဖိလစ်ပိုင် အပါအဝင် နိုင်ငံပေါင်း(၂၅)နိုင်ငံတို့ကပါ တပြိုင်တည်း ကျင်းပသွားမည်ဖြစ်ကြောင်းလည်း သရှိရပါသည်။
          ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်သည့် နှစ်၁၀၀ပြည့်အထိမ်းအမှတ်၊ ဒေါ်စုငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိ သည့်(၁၀)နှစ်ပြည့်အထိမ်းအမှတ်နှင့် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုထောက်ခံပွဲ အခမ်းအနားများကို ဂျပန်နိုင်ငံ
တွင်လည်းဒီဇင်ဘာ(၈)ရက်နှင့်(၉)ရက်များတွင် ကျင်းပမည်ဖြစ်ပြီး ငြိမ်းချမ်းရေး၊လူ့အခွင့်အရေး၊နိုဘယ်လ်ဆု နှင့်ပတ်သက်၍လည်း ဟောပြောပွဲများ၊ ဆုတောင်းပွဲများ၊အဆိုအကဖျော်ဖြေပွဲများဖြင့် ခမ်းခမ်းနားနားကျင်းပ သွားမည်ဖြစ်ကြောင်းပါ သိရှိရပါသည်။
          ယခုကဲ့သို့ နိုင်ငံတကာမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်စုအား ချီးကျူးကြမည့် ဂုဏ်ပြုကြမည့်အ ပြင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုများကိုပါ အပြည့်အဝထောက်ခံကြမည့်သတင်းကို ကြားသိရသည့်အခါ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီစနစ်ကိုမြတ်နိုးသည့် မြန်မာတိုင်းရင်းသားအားလုံးက ဝမ်းသာကြမည်၊ကြည်နှူးကြ မည်၊ဂုဏ်ယူကြမည်မှာ ဧကံမလွဲပါ။ သို့ရာတွင် ထိုသို့သော ထူးခြားခမ်းနားသည့်၊ကျက်သရေမင်္ဂံလာအပေါင်း နှင့်ပြည့်စုံသည့်၊ ဂုဏ်ယူစရာအတိဖြစ်သည့် အခမ်းအနားမျိုးကို ဒေါ်စုကိုယ်တိုင်တက် ရောက်ခွင့်မရှိသည့်အ တွက်အလွန်ဝမ်းနည်းမိပါသည်။ အလွန်ရင်ထုမနာဖြစ်မိပါသည်။ ကာယကံရှင်ဒေါ်စုအနေနှင့်လည်း မည်သို့ ဖြေသိမ့်နိုင်လိမ့်မည်ကိုလည်း ကိုယ်ချင်းစာမိပါသည်။ မြန်မာတိုင်းရင်းသားအားလုံးနှင့် လူ့အခွင့်အရေးကို လေးစားပြီး ဒီမိုကရေစီစနစ်ကို မြတ်နိုးသည့် နိုင်ငံတကာမှ ပုဂ္ဂိုလ်များလည်း စာရေးသူနှင့်အတူ စိတ်မချမ်းသာ
ဖြစ်ကြမည်ဟု ယုံကြည်ပါသည်။
          မည်သို့ပင်ဖြစ်စေကာမူ တိုင်းပြည်နှင့်လူမျိုးကောင်းကျိုးအတွက် တကယ်ကိုယ်ကျိုးစွန့်အနစ်နာခံသူ ဒေါ်စုအားယုံကြည်လေးစားပြီး ချီးကျူးကြမည့်၊ ဂုဏ်ပြုကြမည့်၊မြန့်မာ့ဒီမိုကရေစီလှုပ်ရှားမှု ကိုထောက်ခံကြ မည့်သူများအားစာရေးသူအနေဖြင့် အထူးကျေးဇူး တင်ရှိပါကြောင်း နှင့် တချိန်တည်းမှာပင် ဒေါ်စုလွတ်မြောက် ရေး၊မြန်မာနိုင်ငံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီစနစ် ပြန်လည်ထွန်းကားရေး အတွက် အဖက်ဖက်မှ ဆက်လက် ဆောင်ရွက်ပေးကြပါရန် စာရေးသူအနေဖြင့် အနူးအညွတ် မေတ္တာရပ်ခံပါကြောင်း။
ရွှေပြည်စိုး

Aung San Suu Kyi's Address to U.S. Congress

Nobel Laureate and Burmese Opposition leader, Aung San Suu Kyi received the Congressional Gold Medal for her commitment to democracy, peace and human rights on Wednesday. The medal is the U.S. Congress' highest honor. Suu Kyi is on a 17-day U.S. tour and met with Secretary of State Hillary Clinton at the State Department on Tuesday. In 1991, she was under house arrest when awarded the Nobel Peace prize. She accepted the award in person June 16, 2012 in Oslo, Norway. Full Version

Wednesday, September 19, 2012

အမေစု အာရှအဖွဲ့အစည်း ဝါရှင်တန်မှာ ပြောကြားသောမိန့်ခွန်း

Aung San Suu Kyi Addresses Asia Society in Washington D.C

WASHINGTON, September 18, 2012 — In her first visit to the U.S. in more than 40 years, Myanmar democracy icon and parliamentarian Aung San Suu Kyi discusses the progress of reform in her country and calls for an easing of U.S. sanctions. Introduced by U.S. Secretary of State Hillary Clinton.

Monday, September 10, 2012

တာရာမင်းဝေ - ငါသည်သာပန်းဖြစ်၍ နောက်တစ်ကြိမ်ပြန်ပန်ခွင့်ရခဲ့သော်...

https://docs.google.com/open?id=0B_tDQldqWQvgZ0F1LXF0VjVTdlU

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ နောက်ကွယ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ အကြောင်းအရာတွေ ပတ်သက်မယ်လို့တော့  ထင်မိသား..။ အင်တာနက်မှာ ဟိုလှန် ဒီလှောကြည့်ရင်းနဲ့ ၂၀၁၀ တုန်းက  The Wall Street Journal မှာပါဝင်တဲ့ သတင်းလေးတစ်ခုက အံ့အားသင့်သွားစေပါတယ်..။

အဲဒီသတင်းက
Chinese Weapons Maker Signs Myanmar Deal
BY CHUIN-WEI YAP

China North Industries Corp., a leading Chinese weapons manufacturer, signed a cooperation pact with the government of Myanmar to develop a copper mining project, the latest sign of growing commercial ties between the reclusive Southeast Asian nation and its giant neighbor.

The Monywa Copper Mine Project Cooperation Contract was signed during Premier Wen Jiabao's visit to Myanmar in early June, China North Industries, or Norinco, said in a statement on its website. The statement was posted on the company's website Wednesday, but dated June 10. It didn't disclose financial terms.
The deal underlines how the isolated military rulers of Myanmar are increasingly turning to the country's most important political and economic ally for support—and how China continues to seek natural resources from its southwestern neighbor to feed its industrialization.

The Norinco statement said Monywa is "abundant in copper mine resources with excellent mineral quality, which is of great significance to strengthening the strategic reserves of copper resources in our country, and to enhancing the influence of our country in Myanmar."
ဆိုတဲ့ သတင်းလေးပါ..။
မူရင်းလင့်ကိုလေ့လာကြည့်ပါ။
The World Street Journal
ဖတ်လို့မရရင် အောက်ပါ လင့်ကို ကော်ပီကူးပြီး သုံးပါ..။
http://online.wsj.com/article/SB10001424052748703900004575324420133952674.html


ဆိုလိုရင်းက အားလုံးသိကြတဲ့ မုံရွာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ယခင် နအဖအစိုးရဟောင်းလက်ထက် June  မှာ တရုတ်ခေါင်းဆောင် ၀မ်ကြားပေါင် လာရောက်စဉ်မှာ သဘောတူညီခဲ့ကြတယ် ဆိုတာပါ.။ တူညီခဲ့တဲ့ ကုမ္ပဏီက Norinco (China North Industries Corp)  လို့ခေါ်တဲ့ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကုမဏီတွေထဲက တစ်ခုပါ..။ ထူးခြားတာက အဲဒီကုမဏီဟာ စစ်လက်နက်ပစ္စည်းတွေကို မြန်မာအပါအ၀င် ကမ္ဘာကို တင်ပို့ရောင်းချနေတဲ့ ကုမဏီကြီးတစ်ခုပါပဲ..။ နအဖ စစ်ဗိုလ်ချုပ်များနဲ့ Norinco ကုမဏီတို့ဟာ စာချွန်လွှာရေးထိုးပွဲတွေ အများအပြားလုပ်ခဲ့ကြပါတယ်..။ မုံရွာ လက်ပံတောင်းတောင်စီမံကိန်းဟာ အဲဒီအထဲက အစိတ်အပိုင်းလေးတစ်ခုပါ..။

အဲဒါတွေနဲ့ ဆက်စပ်ရင်းနဲ့  the voice ဂျာနယ်ကို သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲတဲ့ ကိစ္စမှာ ပါတဲ့ အချက်တွေကို သတိထားမိပြန်ပါတယ်..။ အဲဒီအချက်တွေထဲမှာ ယခင် မုံရွာမှာ ကြေးနီတူးဖော်ရေးလုပ်ငန်းလုပ်ခဲ့တဲ့ ကိစ္စ ပါဝင်ပတ်သက်နေတယ်ဆိုတာ သတိရမိတော့ the voice နဲ့ Eleven က သတင်းတွေကို  ပြန်လေ့လာကြည့်မိပါတယ်.။

အဲဒီ သတင်းတွေထဲမှာ ..။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင် လွှတ်တော်မှာ တင်ပြခဲ့တာက ..။ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ အရေးကြီးသော စစ်ဆေးတွေ့ရှိ ချက်များကို စာအမှတ်စဆ/ ၂၂၁ (၆/၂၀၁၂)နှင့်စဆ- ၃/၆၀၃၅ (၈၂/၂၀၁၂) ပြည်သူ့လွှတ်တော်ကို အစီရင်ခံခဲ့ရာမှာ  မုံရွာ ကြေးနီးသတ္တုတူးဖော်ရေးလုပ်ငန်းမှာ ယခင်မြန်မာ့အိုင်ဗင်ဟို ကြေးနီကုမ္ပဏီ လီမိတက်၏ အစုရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေးဦးပိုင် လီမိတက်သို့ ရောင်းချခဲ့ကြောင်း၊ အစုရှယ်ယာ လွှဲပြောင်း ၀ယ်ယူမှုအတွက် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမိတက် မှ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းထံ အမေရိကန်ဒေါ်လာသန်း ၁၀၀ ကျော် ပေးချေခဲ့သော်လည်း အဆိုပါ ပေးချေမှုမှာ ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင်လီမိတက်မှ ပေးချေခြင်း မဟုတ်ဘဲ ဟောင်ကောင်မှ Wanbao Mining Copper Limited မှ ပေးပို့ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ လို့ ဖော်ပြထားပါတယ်..။ အလွယ်ခေါ်ရင်ဝမ်ပေါင် ပေါ့ဗျာ..။

တနည်းအားဖြင့်ပြောရရင် ဦးပိုင်က ၀မ်ပေါင်းကို လက်လွှဲ ရောင်းလိုက်ခြင်းဖြစ်ပါတယ်။ အများအမြင်မှာ ဦးပိုင်က ၀ယ်ယူထားပြီး ၀မ်ပေါင်က ငွေချေခဲ့တာပါ..။ ၀မ်ပေါင် ဆိုတာကလည်း Norinco ရဲ့ လက်အောက်ခံကုမဏီပါ။

အဲဒီကိစ္စကို The Voice ဂျာနယ်က ”၀န်ကြီးဌာနတချို့၏ ကျပ်သိန်းထောင်ချီအလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ” ဆိုတဲ့ ခေါင်းစဉ်သတင်းနဲ့ ဖော်ပြခဲ့တဲ့အတွက် သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့ခြင်းဖြစ်ပါတယ်..။



the voice journal တရားစွဲခံရသော သတင်း


ပြည်ထောင်စုစာရင်းစစ်ချုပ်က လွှတ်တော်ကို တင်ပြခဲ့တဲ့ သတင်းဖော်ပြပုံကို  သတ္တုတွင်းဝန်ကြီးဌာနက တရားစွဲခဲ့တာပါ။
Eleven Media Group ရဲ့ မူရင်းသတင်းအပြည့်အစုံကို  အောက်ပါလင့်မှာ  ပြန်လည်ဖတ်နိုင်ပါတယ်။
Eleven Media Group
ဖတ်လို့မရရင် အောက်ပါလင့်ကို ကော်ပီကူးပြီး သုံးပါ..။
http://www.weeklyeleven.com/index.php?option=com_content&view=article&id=12736:2012-03-11-06-46-05&catid=42:2009-11-10-07-36-59&Itemid=167

ဒီအစီရင်ခံစာကို တင်ခဲ့တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဗိုလ်ချုပ်လွန်းမောင်လည်း လည်း အများသိကြတဲ့ အတိုင်းပါပဲ..။ REFORM ထဲ ပါသွားပြီး ပြုတ်သွားရှာပါတယ်.။
the voice ကို တရားစွဲခဲ့တဲ့ သတ္တုတွင်းဝန်ကြီးလည်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဖြစ်သွားပါတယ်..။




လက်ပံတောင်းတောင် စီမံကိန်းသစ် အုတ်မြစ်ချ အခမ်းအနား။

 အခု လက်ပံတောင်းတောင်စီမံကိန်းကိုတော့ Norinco ရဲ့ လက်အောက်ခံဖြစ်တဲ့ ဦးပိုင်က တစ်ဆင့်ပြန်ရောင်းခဲ့တဲ့  အဲဒီ Wanbao Mining Industry Co., Ltd. က ၂၀၁၂ မတ်လ (၂၉) မှာ အုတ်မြစ်ချ အခမ်းအနားလုပ်ခဲ့ပါတယ်။
အဲဒီ ၀မ်ပေါင်ကုမဏီဟာ မြန်မာနိုင်ငံရဲ့ မွေတောင်အပါအ၀င် သတ္တုတူးဖော်ရေးလုပ်ငန်း တော်တော်များများမှာ ပါဝင်ရင်းနှီးမြုပ်နှံထားသလို မဟာဗျူဟာနဲ့ တရုတ်သြဇာလွှမ်းမိုးရေးအတွက်လည်း တရုတ်အစိုးရကို အများကြီး အထောက်အကူဖြစ်စေတဲ့ ကုမဏီတွေထဲက တစ်ခုဖြစ်ပါတယ်..။

အောက်ပါလင့်မှာ လေ့လာနိုင်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အုတ်မြစ်ချ အခမ်းအနား။
ဖတ်လို့မရရင်အောက်ပါလင့်ကို ကော်ပီကူးပြီ သုံးပါ..။
http://chinamcc8.com/en/disp.asp?id=169&fid=&lid=22

သုံးသပ်ချက်.။
အဲဒီတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ လက်ရှိအချိန်မှာ  သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ဒုက္ခပေးနေသလို ဒေသခံလယ်သမားလူတန်းစားတွေရဲ့ ဘ၀ရပ်တည်မှု၊ ကျန်းမာရေးနဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကို ဆိုးကျိုးပဲဖြစ်စေပါတယ်.။.
အဲဒါကြောင့် ဆန္ဒဖော်ထုတ်ရင်း ဖမ်းဆီးခံနေရသူတွေ၊ သတိပေးခံရသူတွေရှိပါတယ်..။ အခု လေ့လာတွေ့ရှိချက်များကို အခြေခံလိုက်ရင် ဦးသန်းရွှေလက်ထက်က မဟာဗျူဟာအရ၊ စစ်ရေးအရပါ ရောထွေးပတ်သက်ဆက်စပ်ခဲ့တဲ့ အကျိုးစီးပွားလုပ်ငန်းကြီးတစ်ခုကို ကျွန်တော်တို့ လမ်းပေါ်ထွက်ရုံနဲ့ ဖြေရှင်းနိုင်ဖို့ မလွယ်ပါဘူး။ ၀မ်ပေါင်းကုမဏီရဲ့ မိခင်ကုမဏီ Norinco China North Industries Corp က ထုတ်လုပ်တဲ့ MBT2000 တင့်ကားတွေဟာ မြန်မာ့တပ်မတော်မှာ စတင်အသုံးပြုနေပြီလို့ သိရပါတယ်။



Norinco's VT1A MBT 2000, Main Battle Tank


Rule Of Law ဟာ အောက်မှာရှိနေတုန်းပါပဲ..။ ဥပဒေနဲ့ မညီတဲ့ တစ်ဆင့်ပြန်လည်ရောင်းချမှုကြီး မပေါ်လွင်ခဲ့သလို အခုအချိန်မှာလည်း လယ်သမားပြည်သူတွေ ဒုက္ခရောက်နေပါတယ်..။ သမ္မတလည်း ဒီကိစ္စဟာ သာမန် အကျိုးတူ ရင်းနှီးမြုပ်နှံမှု တစ်ခု မဟုတ်တဲ့အတွက် ကိုင်တွယ်ရ ခက်ခဲနေမယ်လို့ ထင်ပါတယ်.။ တကယ့် ကျဉ်းထဲကြပ်ထဲပါပဲ..။ မြစ်ဆုံကိစ္စတုန်းကဆုံးဖြတ်ခဲ့သလို  အမိန့်တစ်ခုတည်းနဲ့ ပြီးသွားဖို့မလွယ်ပါဘူး.။ အဲဒါကြောင့် အစိုးရက ဒီအချိန်အထိ မတုန့်ပြန်သေးတာလို့ ယူဆပါတယ်။

အဲဒါကြောင့် ဆန္ဒပြသူတွေနဲ့ ကူညီအားပေးသူ ဗကသအပါအ၀င် လှုပ်ရှားသူများကို တိုက်တွန်းချင်တာက ဒီထက် သိမ်မွေ့တဲ့နည်းလမ်းကို သုံးပြီး ဖြေရှင်းကြဖို့ အကြံပြုချင်ပါတယ်.။ သာမာန် သဘာဝပတ်ဝန်းကျင် ကိစ္စ၊ စီးပွားရေးလက်ဝါးကြီးအုပ်မှုကိစ္စမဟုတ်ဘဲ ဒီထက် ကြီးကျယ်တဲ့ ကိစ္စကြီးတစ်ခု နောက်ကွယ်မှာရှိနေတယ်လို့ သုံးသပ်ပါတယ်။ အခုအချိန်မှာ တစ်ဖက်က တင်းခံနေစရာ အကြောင်းအရာတွေ ခိုင်ခိုင်မာမာ ရှိနေတာကို ဖြေလျော့ဖို့ လိုပါတယ်။ အဲဒါကြောင့် မီဒီယာအားလုံးကကော သက်ဆိုင်ရာ နယ်ပယ်အသီးသီးကပညာရှင်များ၊ ၈၈ မျိုးဆက်ကျောင်းသားများအပါအ၀င် လွှတ်တော်အတွင်း/အပြင် နိုင်ငံရေးအဖွဲ့အစည်းအသီးသီးကပါ ၀ိုင်းဝန် အဖြေရှာကြစေချင်ပါတယ်လို့ ဆန္ဒပြုပါတယ်..။ 

သေချာတာကတော့ ပွင့်လင်းမြင်သာပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေးကောင်းတဲ့ အချိန်မှာတောင် တရုတ်က ဂုတ်ကိုကိုင်ပြီး ဆွဲမ ထားတာကို အစိုးရအပါအ၀င် ကျွန်တော်တို့တွေ ခံနေရတာပါပဲ..။ သွားလေသူကြီးရဲ့ ... ကျေးဇူးတရားတွေပေါ့ဗျာ..။

မည်သူမဆို share နိုင်ပါသည်..။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၏ နောက်ကွယ် အပိုင်း (၂)


Related Posts Plugin for WordPress, Blogger...