Tuesday, April 30, 2013

ကိုရဲမင်းဦး လွတ်မြောက်ရေးဆုတောင်းပွဲ

ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၅၃ ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဖြစ်မြောက်ရေးကော်မတီ)မှ အထွေထွေ အတွင်းရေးမှူး ကိုရဲမင်းဦး ပြန်လည်လွတ်မြောက်ရန်အတွက် ဆုတောင်းပွဲတခုကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် အောင်မြေ၌် ၂၀၁၃ခုနှစ် ဧပြီလ ၃၀ရက်နေ့ ညနေ ၆း၀၀ အချိန်တွင် သံဃာတော်များ၊ ကျောင်းသားများ စုဝေးပြုလုပ်ခဲ့ပါသည်။ ဆုတောင်းပွဲကို ကိုရဲမင်းဦး ပြန်လည်လွတ်မြောက်ရေး ဆုတောင်းပွဲ စာရွက်များကိုင်ဆောင်၍ ရွှေတိဂုံဘုရားအား လက်ယာရစ် လှည့်လည်ဆန္ဒပြခဲ့ပြီး အောင်မြေ၌ မောရသုတ် ရွတ်ဆို၍ ဆီမီး ထွန်းညှိဆုတောင်းခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါဆုတောင်းပွဲသို့ အစိုးရ အာဏာပိုင်(SB)များမှ သံဃာတော်များ ခေါ်ဆောင်လာ၍ တားမြစ်ခဲ့ကြောင်း သိရှိရပါသည်။

AUNG SAN SUU KYI SPEECH Geremek Award MONGOLIA

MONGOLIA Geremek Award ဒေါ်အောင်ဆန်းစုကြည်၏ Geremek Award ဆုယူပွဲ မိန့်ခွန်း (29-4-2013)

Sunday, April 21, 2013

လူလိမ် အောင်မင်းအဖွဲ့ သိန်းစိန်ကိုယ်စား ငြိမ်းချမ်းရေးဆု လက်ခံပွဲ နယူးယောက် နိုင်ငံရေးသမားများမှ ငြိမ်းချမ်းစွာ ဆန္ဒပြ

အမေရိကန် နယူးယောက်မြို့ International Crisis Group မှ လူလိမ် အောင်မင်းဦးဆောင်သည့် အဖွဲ့ကို သိန်းစိန်ကိုယ်စား ငြိမ်းချမ်းရေးဆု ပေးအပ်ညစာစားပွဲတွင် လူလိမ်အောင်မင်း လာရောက်လက်ခံယူနေစဉ် နယူးယောက်မှ မြန်မာနိုင်ငံသားများက မြန်မာနိုင်ငံမှ အကြမ်းဖက်ခံနေရသော မြန်မာနိုင်ငံသားများ ကိုယ်စား ငြိမ်းချမ်းစွာဖြင့် ဆန္ဒပြုထုတ်ဖော်နေစဉ်  စစ်မှန်သော ဒီမိုကရေစီ အမြန်ရရှိနိုင်ပါစေ......။
ဆက်လက်ကြိုးစားပါဦးမည်။
ချမ်းလင်းနေ

Saturday, April 20, 2013

နယူးယောက်ရှိ နိုင်ငံရေးလှုပ်ရှားသူများက လိမ်ညာနေသော ရွှေရည်စိမ် ဒီမိုကရေစီကို ဆန့်ကျင်ဆန္ဒပြပွဲ

သိုးရည်ခြုံထားသော လူလိမ်မြန်မာအစိုးရအဖွဲ့မှ လူလိမ်အောင်မင်းနှင့်အဖွဲ့ နယူးယောက်မြို့ရှိ UN Center တွင် ဧပြီလ ၂၁ ရက် ၂၀၁၃ ခုနှစ် တနင်္ဂနွေနေ့ တွင် မြန်မာနိုင်ငံအတွင်းရှိ လိမ်ညာလျက်ရှိနေသော ရွှေရည်စိမ် ဒီမိုကရေစီအရေးနှင့် လက်တလော   မြန်မာနိုင်ငံအခြေအနေအမှန်များကို ဖုံးအုပ်လိမ်ညာမှုများကို နယူးယောက် မြန်မာပြည်သူပြည်သားများက မြန်မာနိုင်ငံသားများကိုယ်စား ငြိမ်းချမ်းစွာ ဆန္ဒပြထုတ်ဖော်နေစဉ်။
 

 
ဆက်လက်ကြိုးစားပါဦးမည်။
ချမ်းလင်းနေ

Thursday, April 18, 2013

ASEAN 100 Oration by Daw Aung San Suu Kyi

The ASEAN 100 Leadership Forum is a unique high-level meeting of next-wave leaders in business, government and civil society who will shape the future of ASEAN. The ASEAN 100 Oration is a special address delivered by a highly distinguished Southeast Asian. The 2012 ASEAN 100 Oration was delivered by Daw Aung San Suu Kyi, Nobel Laureate and Chairperson of the National League for Democracy. Find out more at www.asean100forum.com.
Related Posts Plugin for WordPress, Blogger...